← Chapters

ကောင်းကင်လူသားဂိုဏ်း၏ ရုပ်တု

Vol. 75 Ch. 1035

ကောင်းကင်လူသားဂိုဏ်း၏ ရုပ်တု

Vol. 75 Ch. 1035

ကူးသန်းအဆောင်က ချူယို့အား နတ်ဘုရားဂူသင်္ချိုင်းတောင်ကြား အပြင်ဘက်အထိ ခေါ်ဆောင်လာသည်။ သူမ ဆင်းသက်လိုက်သည့် နေရာမှာ ကျတ်တီးခေါင်မြေ ဖြစ်နေသည်။

ချူယို့က  စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည်။ သူမ ရှေ့ရှိ မိုင်ပေါင်းတစ်ထောင်လောက်မှာ စိတ်စွမ်းအားကို ကန့်သတ်ထားသော တောင်ကြား ဖြစ်နေသည်။ တောင်ကြား အဝင်ဝကို မြူခိုးများဖြင့် ကာရံဖုံးလွှမ်းထားပေသည်။ ထိုမြူခိုးများက မမြင်ရသည့် လက်များဖြင့် နေရာချထားသည့်အလား တည်ရှိနေသည်။ တောင်ကြားအဝင်ဝ၌သာ ဝေ့နေပြီး ပျောက်ကွယ်သွားမည့်ပုံ မပေါ်ပေ။

ချူယို့က သူမသာ တောင်ကြားထဲ ဝင်သွားခဲ့လျှင် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ ရောက်သွားမည် ဖြစ်ကြောင်း သိထားသည်။

သူမက ခေါင်းမော့ကာ ကြည်လင်နေသော ကောင်းကင်ပြာကြီးကို ကြည့်လိုက်သည်။ သူမ မျက်ဝန်းများ၌ ငြိမ်သက်မှုများသာ ကြီးစိုးထား၏။ ဤတစ်ကြိမ်၌ သူမတွင် စိတ်ဆန္ဒလည်း မရှိသလို တောင်းဆိုချက်လည်း မရှိတော့ချေ။ သူမက တိတ်ဆိတ်ငြိမ်သက်မှုသာ လိုချင်မိ၏။

သူမက တောင်ကြားအဝင်ဝသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။ သူမ စိတ်အခြေအနေမှာ သူမ၏ ခြေလှမ်းများကဲ့သို့ စိတ်ပူပင်မှု ကင်းမဲ့လျက် ရှိ၏။

“ ချူယို့ …. တောင်ကြားထဲ ဝင်တဲ့သူတိုင်း သေကြရတယ်။ မိုဝူကျိက မင်းဘဝမှာ ဖြတ်သွားဖြတ်လာ သူစိမ်းတစ်ယောက်ပဲလေ။ ပြီးတော့ မင်းက ကောင်းကင်ဘုံရဲ့ ချီးမြင့်မှုကို ခံထားရတဲ့ ကလေး တစ်ယောက် ….. မင်း အဲဒီအချက်ကို နားမလည်နိုင်ရင် မင်း ကျင့်ကြံရေးအပေါ်မှာ အလကားသပ်သပ် အချိန်ဖြုန်းခဲ့မိတာပဲ ” နတ်ဘုရားဘုရင် ယင်မု၏ အသံက ကွက်တိ ထွက်ပေါ်လာကာ ချူယို့အား ရပ်တန့်သွားစေ၏။

ချူယို့က နတ်ဘုရားဘုရင် ယင်မုသည်လည်း အဆောင်ဖြင့် ကူးသန်းရောက်ရှိလာကြောင်း သိပေသည်။ သူမက ဖြည်းဖြည်းချင်း လှည့်ကြည့်ကာ ဦးညွှတ်လိုက်ပြီး  “ အရှင်တို့ … ဒီတပည့်က ဝူကျိဆီ သွားပြီး ဂါရဝပြုချင်ရုံလေးပါ။ မဟုတ်ရင် ဒီတပည့်ရဲ့ စိတ်နှလုံးသားက ငြိမ်းချမ်းမှာ မဟုတ်ဘူး ”

နတ်ဘုရားဘုရင် ယင်မုက ချူယို့၏ စကားများကို ကြားလိုက်သည့်အခါ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်  “ ရတယ်လေ … အဝင်ဝ မြူတွေထဲကနေ ဆယ်မီတာ မကျော်စေနဲ့နော် ”

နတ်ဘုရားဘုရင် ယင်မုက ချူယို့သည် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ ဝင်ကာ သတ်သေဖို့ ရွေးချယ်လိမ့်မည်ဟု မထင်ထားမိပေ။ ချူယို့၏ အရည်အချင်းနှင့် သူမ၏ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်တို့ဖြင့် သူမသည် နတ်ဘုရားဘုရင်အဆင့် သေချာပေါက် ရောက်ရှိလိမ့်မည်။ ဤသို့အလားအလာနှင့် ကျင့်ကြံသူတစ်ယောက်က သူ့အသက်ကို စွန့်လွှတ်ဖို့ ရွေးချယ်လိမ့်မည်ဟု မည်သူကမှ တွေးမိကြမည် မဟုတ်ချေ။

ကျင့်ကြံသူများက မဟာတာအိုကို ကျင့်ကြံကြသည်။ အချစ်မှာ တာအို၏ အစိတ်အပိုင်း အသေးအမွှားလေး တစ်ခုမျှသာ ဖြစ်၏။ အဆင့်တစ်ခုသို့ ရောက်သွားနိုင်သည့် ကျင့်ကြံသူများက အချစ်အကြောင်း ဂရုမစိုက်ကြပေ။ အကယ်၍ သူတို့က ဤသို့ လေးနက်သည့် ခံစားချက်မျိုး မရှိလျှင်ပင် သူတို့အနေနှင့် နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်ရှိဖို့ရာ အလွန်ခက်ခဲလှပေသည်။ တစ်ဖက်တွင် ချူယို့ နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်ရှိဖို့ရာ အချိန်များစွာ မလိုအပ်လိုက်ပေ။

ကျန်ရှိနေသော နတ်ဘုရားဘုရင်များကလည်း မတွေးမိကြပေ။ သူတို့အတွေးများကလည်း နတ်ဘုရားဘုရင် ယင်မုနှင့် ထပ်တူညီပေ၏။ ချူယို့သည် ပါရမီရှင် ကျင့်ကြံသူတစ်ဦး ဖြစ်လေရာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းထားသေးသည် မဟုတ်ပါလော။ အကယ်၍ သူမက သတ်သေမည်ဟု ပြောလျှင်ပင် အားလုံးက ဟာသပြက်လုံးတစ်ခုအဖြစ်သာ ထင်ကြလိမ့်မည်။

ချူယို့က ပြန်လှည့်သွားပြီး နတ်ဘုရားဂူသင်္ချိုုင်းတောင်ကြားထဲသို့ ဆက်ဝင်သွားတော့သည်။

“ တာအိုရောင်းရင်း ယင်မု ပြောလိုက်တာ သူမရဲ့ တာအိုလက်တွဲဖော်ရဲ့ နာမည်က မိုဝူကျိလားလို့ ” ကျင့်ကြံသူ အစုအရုံးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ရှုဖျင်က ရုတ်ချည်း ထမေးလိုက်သည်။

ရှုဖျင်တင် မကဘဲ ကြယ်ဖုံးတောင်၏ အကြီးအကဲ ယောင်ရှီးကလည်း နတ်ဘုရားဘုရင် ယင်မုအား လှည့်ကြည့်လိုက်သည်။

ထိုစဉ် ချူယို့၏ ခြေလှမ်းများက ပိုမြန်ဆန်လာ၏။ မကြာခင် သူမက တောင်ကြား အဝင်ဝသို့ ရောက်ရှိသွားတော့သည်။ ချူယို့က အဝင်ဝ၌ ရပ်တန့်လိုက်သည်ကို မြင်၍ ယောင်ရှီးနှင့် ရှုဖျင်တို့က သူမအား ဆက်မကြည့်နေတော့ပေ။ ထို့အစား သူတို့နှစ်ယောက်လုံးက နတ်ဘုရားဘုရင် ယင်မုဆီသာ အာရုံစိုက်ထားလိုက်ကြသည်။ ထို “ မိုဝူကျိ” ဟူသော နာမည်မှာ သူတို့နှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပေသည်။

ထျဲ့လန်ရှန်းပင် နတ်ဘုရားဘုရင် ယင်မုအား လှည့်ကြည့်လိုက်၏။ သူကလည်း မိုဝူကျိ နာမည်ကို အကြိမ်များစွာ ကြားဖူးနေသည်။ သို့သော်လည်း သူက မိုဝူကျိကို များစွာ နားမလည်ပေ။

“ ဟုတ်တယ်လေ … သူ့နာမည်က မိုဝူကျိတဲ့။ တာအိုရောင်းရင်းတို့လည်း သူ့အကြောင်း ကြားဖူးကြမှာပါ။ အဲဒီလူက လုပ်ရဲကိုင်ရဲပြီးတော့ သတ္တိလည်း ကောင်းတယ်။ သူက ထိပ်တန်းဂိုဏ်းရဲ့ တပည့်ဆယ်ချီပြီးတော့ကို သတ်ပစ်ခဲ့တာ ….” နတ်ဘုရားဘုရင် ယင်မုက ခေါင်းတစ်ညိတ်ညိတ်ဖြင့် ရှင်းပြလိုက်သည်။ မိုဝူကျိက နတ်ဘုရားနယ်မြေ၌ နာမည်ဆိုးဖြင့် ကျော်ကြားပေသည်။ နတ်ဘုရားကုန်းမြေမှ လူများ  ကြားဖူးနေသည်မှာ မထူးဆန်းလှပေ။

ယောင်ရှီးက လေထဲတွင် ပုံတူတစ်ခု ရေးဆွဲပြလိုက်ပြီး  “ တာအိုရောင်းရင်း ယင်မု … ဒီလူကို ပြောတာများလား ”

ယောင်ရှီးက မိုဝူကျိ၏ ပုံတူ ဆွဲပြပြီးသည့်နောက်တွင် နတ်ဘုရားဘုရင် ယင်မုက သတိပြုမိဟန် မပေါ်ဘဲ ပြောလိုက်သည်  “ ဟုတ်တယ် အဲဒီလူပဲ ”

မိုဝူကျိတွင် ရတနာများစွာ ရှိပေသည်။ နတ်ဘုရားကုန်းမြေရှိ လူများက သူ့အား အာရုံစိုက်နေသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်၏။

ယောင်ရှီးက အေးစက်စွာ ပြောလိုက်သည် “ အဲလိုဆိုရင် နတ်ဘုရားဘုရင် ယင်မုရဲ့ မိုဝူကျိ သေပြီလို့ ပြောတာ အလိမ်အညာကြီးလား ”

နတ်ဘုရားဘုရင် ယင်မုက မြန်မြန် လက်နှစ်ဖက် ယှက်ကာ  “ တောင်းပန်ပါတယ်ဗျာ … ကျုပ်တို့ဂိုဏ်းရဲ့ ချူယို့က ခေါင်းမာတယ်လေ။ ကျုပ်သာ မိုဝူကျိ သေပြီလို့ ပြောမထားရင် သူမက ဆက်တိုက် စောင့်နေဦးမှာ  … အဲဒါကြောင့်မလို့ သူမရဲ့ မျှော်လင့်ချက် ပျက်သွားစေဖို့ ဆုံးဖြတ်ပြီး ပြောလိုက်တာပါ။ ပြီးတော့ မိုဝူကျိ အဖမ်းခံရပြီးတော့ ဒီထဲ အပို့ခံရတယ်ဆိုတာလည်း အမှန်ပါ။ အဲကိစ္စက ကြာမြင့်နေတာပဲ ရှိတာပါ ”

တစ်ဖက်တွင် နတ်ဘုရားဘုရင် မော့ဟိုင်က ယောင်ရှီး စကားများကို ထိုးဖောက်မြင်ဟန် ရှိ၏။ သူက မြန်မြန် မေးလိုက်သည်  “ တာအိုရောင်းရင်း ယောင်ရှီးက မိုဝူကျိကို မြင်ဖူးတာလား ”

ကျင့်ကြံသူ အစုအရုံးအဖွဲ့၏ ရှုဖျင်က ဝင်ပြောလိုက်သည် “ မိုဝူကျိက နတ်ဘုရားကုန်းမြေ ရောက်နေတာ ကြာလှပြီ။ နတ်ဘုရားကုန်းမြေမှာ ပိုတောင်ဆိုးသေးတယ်။ လျို့ဝှက်နယ်မြေထဲမှာ သူက ဂိုဏ်းပေါင်းစုံက တပည့်တွေကို သတ်ပစ်ခဲ့တယ်။ သူက ကျုပ်တို့ဂိုဏ်းရဲ့ နတ်ဘုရားအုပ်စိုးသူအဆင့် တက်ခါစ လီဝူကျန်းကိုတောင် သတ်ပစ်ခဲ့တာ … ”

“ဘယ်လို ..” ဤတစ်ကြိမ်၌ နတ်ဘုရားဘုရင် ယင်မုနှင့် မော့ဟိုင်တို့ နှစ်ယောက်လုံး တအံ့တဩ ဖြစ်သွားကြသည်။ ယခင် မိုဝူကျိ နတ်ဘုရားနယ်မြေမှ ထွက်သွားစဉ်အခါက ကနဦး နတ်ဘုရားအဆင့်သာ ရှိနေသေး၏။ ဤမျှ အချိန်တိုလေးအတွင်း သူက နတ်ဘုရားအုပ်စိုးသူအဆင့်ကို မည်သို့ သတ်နိုင်သွားသနည်း။

“ တာအိုရောင်းရင်းရှုက အပိုပြောနေတာ မဟုတ်ပါဘူး။ မိုဝူကျိက ကျင့်ကြံသူအစုအရုံးအဖွဲ့ရဲ့ လီဝူကျန်းကို သတ်ခဲ့ရုံတင် မကဘူး။ အပြန်သီးသန့်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင် တပည့် ကိုင်ကျိကိုလည်း သတ်ပစ်ပြီးတော့ ကျုပ်ရဲ့ ကြယ်ဖုံးတောင်ရဲ့ ကျူရှန်းဆီကနေလည်း အရင်းအမြစ်တွေ လုယူခဲ့သေးတယ်။ သူသာ ဆက်ပုန်းနေမယ်ဆိုရင် ကျုပ်တို့က ဒီအတိုင်း ထားလိုက်ရတော့မယ်ဆိုပေမဲ့ သူ ထွက်လာတာနဲ့ သူ့အသက်က သူ့လက်ထဲမှာ  မရှိလောက်တော့ဘူး ”

နတ်ဘုရားဘုရင် ယင်မုနှင့် မော့ဟိုင်လည်း လေအေးများ မှုတ်ထုတ်လိုက်ကြသည်။ ဤမိုဝူကျိက မည်သို့ ပြဿနာ ရှာရမည်ကို ကောင်းကောင်း သိနေခြင်းများလား။ သူတို့ပင် ကျင့်ကြံသူအစုအရုံး၊ ကြယ်ဖုံးတောင်တို့ မည်မျှ အားကောင်းသည်ကို သိကြပေသည်။ အပြန်သီးသန့် နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ဖန်းချီလင်ကလည်း ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်ပေသည်။

မိုဝူကျိက ဘာတွေ စားပြီး ဒီလောက် သတ္တိကောင်းနေရတာလဲ ….

အပြန်အလှန်အားဖြင့် ပြောရလျှင် သူ ဇာမဏီ ပရဝဏ်နှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ တပည့်များကို သတ်ခဲ့သည့် ကိစ္စကား သေးငယ်သွားလေ၏။

“ သူက နတ်ဘုရားကုန်းမြေကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ကူးသန်းအစီအရင်က ပြီးတာ သိပ်မကြာသေးဘူးလားလို့ ” နတ်ဘုရားဘုရင် ယင်မုက သူ့ဘာသာ ရေရွတ်လိုက်သည်။

ယောင်ရှီးက မျက်မှောင်ကျုတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏  “ အဲဒီလူက တခြားနည်းလမ်းကို သုံးလိုက်တာ နေမှာပေါ့။ သူက ကူးသန်းအစီအရင် မပြီးခင်ကတည်းက နတ်ဘုရားကုန်းမြေ ရောက်နေတာ … ပြီးတော့ အဲဒီ ကူးသန်းအစီအရင် ပြီးတာ ကြာပြီဆိုရင်တောင် သူ့အနေနဲ့ အစီအရင်ကို အသုံးပြုခွင့် ရှိမှာ မဟုတ်ဘူး ”

“ အဲဒီလူက နတ်ဘုရားနယ်မြေထဲက အင်အားကြီးဂိုဏ်း တော်တော်များများကို ရန်စခဲ့တယ်။ အခု သူ့နေရာ သိသွားပြီဆိုတော့ အရင်လို လွတ်လွတ်လပ်လပ် မနေနိုင်လောက်တော့ဘူး ” ယင်မုက ပြောလိုက်သည်။

ယောင်ရှီးက ခေါင်းခါကာ  “ အဲဒါက စိတ်ကူးသပ်သပ်ပဲ ဖြစ်နေလိမ့်မယ်ဗျို့ … မိုဝူကျိက နတ်ဘုရားကုန်းမြေမှာ ပညာရှင်များစွာကို ရန်စထားတာတောင် အဆင်ပြေပြေ နေနေတုန်းပဲ … အားလုံးက သူ့နေရာကို သိကြပေမဲ့ ဘယ်သူမှ မထိရဲကြဘူး ”

“ ဘာလို့လဲ ” ယင်မုက မယုံကြည်နိုင်စွာ မေးလိုက်သည်။

နတ်ဘုရားဘုရင် မော့ဟိုင်ပင် ယောင်ရှီးအား နားမလည်စွာ ကြည့်လိုက်သည်။ မိုဝူကျိ၏ ကျင့်ကြံဆင့်က အားကောင်းနေလျှင်ပင် ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် သို့မဟုတ် နတ်ဘုရားအုပ်စိုးသူအဆင့်ထက် မပိုနိုင်ချေ။

ထိုအရာက အလွန်အံ့ဩဖို့ ကောင်းနေပြီလား … သူက နတ်ဘုရားဘုရင်များကို ရန်စထားပြီး မည်သူကမှ သူ့ကို မထိရဲကြဘူးတဲ့လား ….

“ သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှာ နေနေတာလေ။ သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ သေမျိုးနယ်မြေရဲ့ တာဝန်ရှိသူလေ ” ယောင်ရှီးက အေးစက်စက် ပြန်ဖြေပေးလိုက်သည်။

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ အရင်းအမြစ်တိုက်ပွဲ မတိုင်ခင် မိုဝူကျိက ကျောင်းတော်၏ အပြင်စည်း တပည့်တစ်ယောက်မျှသာ ရှိသေးသည်။ သေမျိုးနယ်မြေတွင် နေထိုင်ခြင်းက သူ့ဘဝသူ ဖြုန်းတီးနေခြင်းနှင့် တူညီပေသည်။ သို့သော်လည်း တိုက်ပွဲအပြီးတွင် မိုဝူကျိက ပထမနေရာ ရရှိသွားပြီး အားလုံး လိုချင်မက်မောနေသည့် ကျင့်ကြံရေး အရင်းအမြစ်များစွာ ရရှိလိုက်သည်။

သေမျိုးနယ်မြေ၏ စည်းမျည်းများမှာ မပြီးပြည့်စုံသောကြောင့် ကျင့်ကြံသူအများစုအနေနှင့် ကျင့်ကြံဖို့ရာ မသင့်တော်ပေ။ သို့သော်လည်း အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံကြသော ကျင့်ကြံသူများမှာ သေမျိုးနယ်မြေ၌ ကျင့်ကြံသည့်အခါ  ရေထဲက ငါးအလား ဖြစ်၏။

နတ်ဘုရားဘုရင် ယင်မုနှင့် မော့ဟိုင်တို့က တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ သူတို့က စိတ်တွင်း၌ သက်ပြင်းသာ ချလိုက်ကြ၏။ ကြည့်ရသည်မှာ မိုဝူကျိက သူ သွားသည့်နေရာတိုင်း၌ ထိပ်ဆုံးသို့ အရောက်သွားနိုင်စွမ်း ရှိဟန် ပေါ်သည်။

မိုဝူကျိ တစ်ယောက် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လူသားဂိုဏ်းတွင် ရှိစဉ်အခါက မိုဝူကျိသည် ကျင့်ကြံဆင့် နိမ့်သော်ငြား နေရာဝင်ခွင့်ကို အရယူနိုင်ခဲ့သည်။ ယခု သူ နတ်ဘုရားကုန်းမြေသို့ ရောက်ရှိသွားသည့်အခါတွင်လည်း ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသေး၏။ တစ်ခုတည်းသော ခြားနားချက်မှာ ယခုအခါ မည်သည့်ဂိုဏ်းကမှ သူ့အား ဘာမှလုပ်ရဲကြတော့ပေ။

သူတို့က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သို့ ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးသော်လည်း ဇာတ်လမ်းများစွာ ကြားဖူးထား၏။

ထိုစဉ် နတ်ဘုရားဘုရင် ယင်မုနှင့် မော့ဟိုင်တို့ နှစ်ယောက်လုံး  မိုဝူကျိသည် ချူယို့ကြောင့် သူတို့ ဝမ်ချွမ်းတာအိုကျောင်းဆီ ရောက်လာမည်လားဟု တွေးမိသွားသည်။

သူတို့က ထိုအကြောင်း တွေးမိသွားသည့်အခါ စိတ်ခံစားချက် အခြေအနေမှာ ချက်ချင်းဆိုသလို မကြည်မသာ ဖြစ်သွားကြတော့သည်။

“ အာ ” ဝမ်ယွင်ချန်း၏ ရုတ်တရက် အော်လိုက်သံအပြီးတွင် မြေပြင်ပေါ်သို့ ဗုန်းခနဲ လဲကျသွားသည်။

ထျဲ့လန်ရှန်းက သက်ပြင်းချလိုက်၏။ သူက ဝမ်ယွင်ချန်းအား ထူပေးပြီးနောက်  “ အရမ်းနောက်ကျလွန်းသွားပြီ … လာလာ ဂိုဏ်းကို ပြန်ကြစို့ ”

အားလုံးက ရှင်းရှင်းလင်းလင်း မြင်လိုက်ရကြသည်။ အဝင်ဝ၌ ရပ်နေသည့် ချူယို့က ရုတ်ချည်းဆိုသလို နတ်ဘုရားဂူသင်္ချိုင်းထဲ ပြေးဝင်သွားသည်။

ထိုအချိန် နတ်ဘုရားဘုရင်များကို မဆိုထားနှင့် သဟဇာတ နတ်ဘုရားပင် ချူယို့အား ရပ်တန့်နိုင်မည် မဟုတ်ပေ။

……………

အရိုးဖြူတောင်တန်းအပြီးတွင် ချိန်စုယင်၏ သတင်းကို ထပ်မကြားရတော့ပေ။ ကံကောင်းစွာဖြင့် အင်မော်တယ် ဧကရီ ဝမ်လန်က ချိန်စုယင်ဘေးတွင် ရှိနေသည်။ ဤအချက်က  မိုဝူကျိအား အနည်းငယ် စိတ်အေးသွားစေ၏။

မည်သည့်နေရာမှ သွားစရာမရှိသည့်အတွက် မိုဝူကျိက ကောင်းကင်လူသားဂိုဏ်းဆီ ပြန်လာလိုက်သည်။

ထိုနှစ်များဆီက ကောင်းကင်လူသားဂိုဏ်းသည် ကျရှုံးသွားခဲ့သော်လည်း ဆက်လက် ရှင်သန်နေသေး၏။

သို့သော် ယခုတွင် ရေညှိများနှင့် ပေါင်းပင်များက ကောင်းကင်လူသားဂိုဏ်းတစ်ဝှက် ရှိနေပြီး နတ်ဝိညာဉ်စွမ်းအား စိုးစဉ်းမျှ မရှိတော့ပေ။

မိုဝူကျိက ကောင်းကင်လူသားဂိုဏ်း၏ အပြင်ဘက် ရင်ပြင်ဆီ လျှောက်လှမ်းသွားလိုက်သည်။ ပေါင်းပင်များနှင့် ပြည့်နှက်နေပေ၏။ တစ်ချိန်တည်းဆိုသလို ပေါင်းပင်များကြား၌ မြောက်များစွာသော အရိုးစုများလည်း ထွက်ပေါ်နေတတ်သည်။ ဤသည်မှာ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

မိုဝူကျိက မီးခိုးရောင် သစ်သားပြားလေးကို ကောက်ယူလိုက်သည်။ ထိုသစ်သားပြားလေးကို တွေဝေစွာ ကြည့်နေမိသည်။ အကြောင်းမှာ သစ်သားပြားပေါ်ရှိ စားများမှာ ကောင်းကင်လူသားဂိုဏ်းဆီ ဂါရဝပြုထားခြင်း ဖြစ်၏။ သစ်သားပြားက ပျက်စီးနေသော်လည်း စာလုံးများကို မြင်နိုင်သေးသည်။

ကောင်းကင်လူသားဂိုဏ်းမှာ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းနှင့် ဇာမဏီ ပရဝဏ်တို့ကြောင့် ပျက်သုန်းခဲ့ရသည်။ ထိုဂိုဏ်းများက ဤနေရာတွင် ရှိနေသော လူအားလုံးကို သတ်ပစ်ခဲ့လောက်သည်။

သို့သော် ဘယ်သူလဲ …. ဘယ်သူက အသက်ရှင်နေပြီးတော့ ဂါရဝပြုထားတာလဲ …..

မိုဝူကျိက ထိုသစ်သားပြားလေးကို သိုလှောင်လက်စွပ်အတွင်း ထည့်လိုက်ပြီးနောက် ဂိုဏ်းထဲ မြန်မြန် ဝင်လိုက်သည်။

ယခင် တောင်ခြေ၌ ဧရာမ ရုပ်တုကြီးကား အနည်းငယ် ရာသီဥတုဒဏ် ခံထားခဲ့ရသည်။ သို့သော် ယခုတွင် လုံးဝ အထီးကျန်လှသည့်နှယ် ပေါ်နေသည်။

ထိုရုပ်တုကို ကြည့်ကာ မိုဝူကျိ၏ စိတ်ထဲ၌ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ ဝမ်းနည်လာမိသည်။ သူက အလွန်စိတ်ရှုပ်ထွေးမိသွားသည်။ ယခင် သူ ကောင်းကင်လူသားဂိုဏ်းဆီ ရောက်လာစဉ်အခါက ယင်းလင်းသည် ထိုရုပ်တုသည် သူနှင့် တူကြောင်း ပြောခဲ့ဖူးသည်။ လက်တွေ့၌ သူသည်လည်း ထိုရုပ်တု၏ မျက်ဝန်းများသည် သူနှင့် တူကြောင်း ခံစားမိ၏။ ထိုစဉ် သူက ရုတ်ချည်း ဝမ်းနည်းလာမိသည်။

ဒီရုပ်တုနဲ့ သူက တစ်ခုခု ဆက်နွယ်နေသည်များလား ….

***

All Chapters