← Chapters

အပိုင်း(၅၀၀)

Vol. 34 Ch. 500

အပိုင်း(၅၀၀)

Vol. 34 Ch. 500

ကျားဖြူကတောင်ထိပ်ပေါ်သို့ဒုန်းဆိုင်း

ပြေးဆင်းလာသည်။တောင်၏ထိပ်နှင့်နီးသည်ထက်နီးကပ်လာသကဲ့သို့  ရှစ်ဖုန့်က ကျားဖြူပေါတွင် တင်ပျဉ်ခွေထိုင်သော ပုံစံမှ ထရပ်လိုက်သည်။တောင်ပေါ်တွင်ရှိနေသော လူလေးယောက်အားငုံ့ကြည့်ရင်း သူ၏မျက်နှာကအေးစက်နေသည်။

တောင်ထိပ်ပေါ်၌ရှိနေသောလူလေး

ယောက်စလုံး၌ လှောင်ပြောင်သောမျက်နှာထားများရှိနေပြီး  ကောင်းကင်ထဲသို့ကြည့်နေကြသည်။  သူတို့၏အမြင်အရဆိုလျှင် ကျားဖြူပေါ်ရှိလူနှစ်ယောက်မှာ တကယ့်ကို သူတို့အားလူသိရှင်ကြားစွတ်စွဲရှုံ့ချရန်အတွက်ဤနေရာသို့ဆင်းလာခြင်းဖြစ်သည်။

သို့သော် ဤလူနှစ်ယောက်က သူတို့၏အကြောင်းများအားသိသွားချိန်၌မည်ကဲ့သို့အမူအယာမျိုးဖြစ်သွားကြမည်ကိုသူ

တို့သိချင်ကြသည်။ အထူးသဖြင့် အစိမ်းရောင်နှင့်လူငယ်လေး၏ သရုပ်မှန်ကို ပင်ဖြစ်သည်။

ဤအကြောင်းအားတွေးမိသောအခါတွင်

ကားလိပ်ဖြေတော့မည့်ပြပွဲအား

ကြည့်ရန်အတွက်စတင်မျှော်လင့်နေကြသည်။ ဆင်းသက်လာသောကျားဖြူနှင့်  ၎င်းပေါ်မှာတစ်ယောက်ကအမည်း

တစ်ယောက်ကအဖြူဖြစ်သော လူနှစ်ယောက်အားကြည့်လိုက်ကြသည်။သူတို၏မျက်နှာများထက်၌ လှောင်ပြောင်သော အပြုံးတို့ကတွဲခိုနေသည်။

“ဝေါင်း”

ကျားဖြူကတောင်ထိပ်ပေါ်ရှိ

လူလေးယောက်ရှေ့သို့ဆင်းဆင်းချင်း  ၎င်းတို့အားခက်ထန်သောဟိန်းဟောက်မှု

တစ်ခုပြုလုပ်လိုက်၏။ ၎င်းမှာသူတို့အား အရှင်လတ်လတ်စွဲဖြဲပစ် ချင်နေသည့်ပုံရသည်။

ရှစ်ဖုန့်ကကျားဖြူပေါ်၌ ဝင့်ကြွားစွာရပ်နေဆဲဖြစ်သည်။

သူကလူလေးယောက်အားကြည့်၍  လုံးပတ်ထူသောမြှားအား လွှဲပေးလိုက်သည်။ သူကအေးစက်စွာမေးလိုက်၏။

“ဒီမြှားကမင်းတို့ဟာလား”

“ဒီသခင်လေး ပစ်ခဲ့တာပဲ..ဘာဖြစ်လို့လဲ”

သူ့အားစကားပြောလိုက်သောသူက ဤလူများ၏ရှေ့တွင်ရှိနေသော အစိမ်းရောင်နှင့်လူငယ်လေးဖြစ်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ သူ့ ၏မျက်နှာထက်၌ မောက်မောသော အသွင်သဏ္ဍန်တစ်ခုရှိပြီး  ရှစ်ဖုန့်အားကြည့်နေကာ သူ၏အကြည့်တို့၌ အေးစက်မှုတို့ပင်ရှိနေ၏။

ဤလူငယ်၏သိုင်းကျင့်ကြံမှုက  ကြယ်သုံးပွင့်ဘုရင်နယ်ပယ်အဆင့်၌

သာရှိသည်ကို  ရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။

ဘယ်လိုဖြစ်ပြီးဤကဲ့သို့အမှိုက်မျိုးကသူ၏ရှေ့၌ အရမ်းမောက်မာပြရဲရပါသနည်း။

ထို့နောက် ရှစ်ဖုန့်က လူငယ်၏နောက်၌ရှိနေသာ လူသုံးယောက်ကိုကြည့်လိုက်သည်။ သူတို့သုံးယောက်စလုံးက ဘိုးဘေးနယ်ပယ်ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့၏အသွင်အပြင်များအား

အကဲဖြတ်ရသလောက် သူတို့ကလူငယ်၏ကိုယ်ရံတော်များ

ဖြစ်လိမ့်မည်ဖြစ်၏။

“ဘိုးဘေးနယ်ပယ်အမှိုက်သုံးယောက်က ကိုယ်ရံတော်ဖြစ်နေတာနဲ့ပဲ မင်းက ဒီသခင်လေး ရှေ့မှာနောက်ခံအချို့ရှိနေတာကြောင့် အရမ်းစိတ်ကြီးဝင်နိုင်တယ်

လို့ထင်နေတာလား..”

ရှစ်ဖန့်က လူငယ်အားကြည့်၍ အေးစက်စွာမေးလိုက်သည်။

“ရဲတင်းလိုက်တာ”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း လူငယ်၏နောက်ရှိ တုန်ခိုင်သောလူထဲမှတစ်ယောက်က ရှစ်ဖုန့်အားလျှင်မြန်စွာလက်ညှိုးထိုး၍  ဒေါသတကြီးအော်ပြောလိုက်သည်။

“ငါတို့ရဲ့သခင်လေးကိုဘယ်လိုတောင်ဒီလိုမျိုးမင်းပြောရဲရတာလဲ.. ငါတို့သခင်လေးက ဘယ်သူလဲဆိုတာကိုမင်းသိလား…

ငါတို့သခင်လေးက ရှန်းဟွေ့မြို့ရဲ့အရှင်သခင် ရှန်းအောင်ရှင်းရဲ့သား …ရှန်းယွမ်ကွ”

တုတ်ခိုင်သောလူက သူတို့သခင်လေး၏သရုပ်မှန်အား

သူတို့သရုပ်မှန်ကဲ့သို့ဝင့်ကြွားစွာဖြင့်ထုတ်ဖော်ကြေငြာသောအခါတွင်  သူကရှစ်ဖုန့်အားလှေင်ပြုံးတစ်ခုဖြင့်ကြည့်လိုက်၏။ သူတင်သာမက အခြားတုတ်ခိုင်သောလူနှစ်ယောက်နှင့်  လူငယ်တို့၏မျက်နှာများထက်၌လည်း လှောင်ပြုံးများရှိနေ၏။

ယင်းမှာသူတို့၏သရုပ်မှန်များအား

ထုတ်ပြောသည့်အခါ၌ တစ်ဖက်တွင်ရှိနေသောလူများ၏ မျက်နှာထက်၌ပေါ်လာမည့်စိတ်လှုပ်ရှား

ဖွယ်မြင်ကွင်းအား မြင်ရရန်အတွက်စောင့်ဆိုင်း

နေကြသကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်၏အံ့အားသင့်သွားမည့်အမူအယာကက သူတို့၏စိတ်ထဲ၌ ရုပ်ရှင်ပြကွက်များကဲ့သို့ ပေါ်လာ၏။ အချို့က သနားညှာတာပေးရန်အတွင်တောင်းပန်ခယမှုများဖြစ်ပြီ အချို့က နောင်တရနေပုံများဖြစ်ကာ အချို့ဆိုလျှင် ရှစ်ဖုန့်က ဒူးထောက်လျက် ဦးတိုက်ဂါဝရပြုနရမှုများအား တွေးနေကြသည်ဖြစ်သည်။

သို့သော် စိတ်ကူးများကသာအမြဲတမ်းလှပသော

အရာများဖြစ်သည်။ ဤအရာအားကြားပြီးနောက်  ရှစ်ဖုန့်၏မျက်နှာကတည်ငြိမ်

နေဆဲဖြစ်ပြီးပြောင်းလဲခြင်းမရှိပေ။ ဖြည်းဖြည်းချင်း  သူ၏မျက်နှာထက်၌ အထင်သေးမှုများပေါ်လာပြီးပြောလိုက်သည်။

“ဘာကို ရှန်းဟွေ့မြို့ရဲ့အရှင်သခင်လဲ.အဲ့တာကဘယ်ကကောင်လဲ”

“ဘာ”

“ဘာကြီး”

“ဘာ”

ရှစ်ဖုန့်ကဤကဲ့သို့ပြောလိုက်သောအခါတွင် လူငယ်၏နောက်ရှိတုတ်ခိုင်သောလူသုံးယောက်မှာ အံ့အားသင့်သွားကြသလို ဒေါသလည်းထွက်သွားကြသည်။ သူတို့ကရှန်းဟွေ့မြို့၌နှစ်ပေါင်းများ

စွာရှိနေခဲ့ကြသူများဖြစ်သော်လည်းဤကဲ့သို့စကားမျိုးအားပြောရဲပြီး မြို့အရှင်သခင်ဖြစ်သူအားရိုင်း

ပျစော်ကားရဲသူမျိုးကို လုံးဝကြားပင်ကြားဖူးခဲ့ခြင်းမရှိချေ။

“ဟားဟား..ဟားဟားဟားဟား”

ဤအချိန်တွင်  ရှန်းဟွေ့မြို့၏သခင်လေးက ရှစ်ဖုန့်၏စကားများအားကြားပြီးနောက်  ဒေါသထွက်ခြင်းမရှိပေ။ ထိုအစား သူက ကျယ်လောင်စွာရယ်မောလိုက်၏။

“ဒီတော့ ဒါက …ရှန်းဟွေ့မြို့ရဲ့ အရှ၍သခင်ကိုတောင်မကြားဖူးတဲ့ နိုင်ငံတစ်ခုက တောသားငနုံလေးတစ်ယောက်ပေါ့”

“ဟားဟား..ဟားဟားဟား”

ရှန်းယွမ်၏ ရယ်မောသံနှင့်စကားများအားကြား

လိုက်ရသောအခါတွင်  သူ့နောက်ရှိတုတ်ခိုင်သောလူလေးယောက်က လည်းရယ်မောလိုက်ကြသည်။

ရှန်းဟွေ့မြို့မှာ  ထျန်းလျန်အင်ပါယာ၏တော်ဝင်မြို့တော်မှလွဲလျှင် အခြားသော မြို့ကြီးများထဲ၌ကြီးမားသောမြို့ကြီး

အဖြစ်တစ်ခုအပါအဝင်ဖြစ်သည်။ထျန်းလျန်အင်ပါယာအတွင်းမည်သူကများ ရှန်းဟွေ့မြို့နှင့် ရှန်းဟွေ့မြို့၏ အရှင်သခင်ဖြစ်သူ   ရှန်းအောင်ရှင်းအား  မကြားပဲရှိပါသနည်း။

“ဒီတော့ ဒါက ဘယ်နေရာကမှန်းမသိပေါ်လာတဲ့

တောကြိုအုံးကြား ကတောသားငနုံလေးတစ်ယောက်ပေါ့”

“ဟမ်”

ဤအချိန်တွင်သခင်လေးရှန်းယွမ်က  သူ၏အကြည့်တို့က ရှစ်ဖုန့်ထံမှနေ၍ ရှစ်ဖုန့်နောက်ရှိ  အဖြူရောင်ပုံရိပ်ပေါ်သို့ကျရောက်သွားသည်။

ဤအချိန်တွင် ကျိမို့က ရှစ်ဖုန့်၏နောက်၌ရပ်နေပြီး  လှပသောမျက်နှာလေးထက်၌ မနှစ်မြို့မှုတို့ဖြင့်ကြည့်နေ၏။

“ကမ္ဘာပေါ်မှာ ဒီလိုမျိုးလှပတဲ့အမျိုးသမီးတစ်

ယောက်တကယ်ရှိတာပဲ”

ကျိမို့၏ မျက်နှာအားမြင်တွေ့လိုက်ရပြီးနောက် ရှန်းယွမ်မှာအံ့အားသင့်သွားသည်။

သူ၏မျက်နှာထက်၌ အရူးအမူးစွဲလမ်းမှု၊ယစ်မူးမှုတို့ဖြင့်

ပြည့်နှက်နေ၏။သူကကျိမို့၏ရှေ့၌ရပ်နေသော ရှစ်ဖုန်ကိုလျစ်လျူရှုလိုက်ပြီး  သူ့ထံသို့ လျှောက်သွားလိုက်သည်။

ရှန်းယွမ်မှာ ရှစ်ဖုန့်နှင့်ကျားဖြူ၏ရှေ့၌ ရပ်လိုက်ပြီး  ကျိမို့၏မျက်နှာနှင့်ကိုယ်အား

အဆက်မပြတ်ကြည့်ရှုစစ်ဆေးလိုက်သည်။ သို့သော် ကျိမို့၏ အဝတ်အစားများ၊ပြားချပ်သောရင်ဘက်နှင့် လည်ပင်းထက်ရှိ လည်စိတို့အားမြင်လိုက်ရသော

အခါတွင်တဏှာအပြည့်နှင့်သူ့မျက်နှာ

ကချက်ချင်းပြောင်းလဲသွားသည်။ သူက ကျိမို့အားလက်ညှိုးထိုး၍ ကျိမို့က ကြီးမားသော ပြစ်မှုတစ်ခုအား ကျူးလွန်ထားသကဲ့သို့ ဒေါသတကြီးအော်ဟစ်လိုက်သည်။

“မင်း..ခွေးမသား.  မင်းကတကယ်တော့ယောက်ျားကြီးပဲ.. ဒီသခင်လေးကိုဘယ်လိုတောင်လှည့်စားရဲတာလဲ. မင်းကတကယ်ပဲဒီသခင်လေး

ကိုစက်ဆုပ်မှုကိုခံစားရစေတယ်..ချီးပဲ..ချီးပဲ. ချီးပဲ.. မင်းကိုခွင့်မလွှတ်နိုင်ဘူး”

“မင်း”

ရှန်းယွင်၏ စကားတို့အားကြားလိုက်ရသောအခါ တွင်  ကျိမို့၏မျက်နှာထက်၌ ဒေါသတို့ဖြင့်ပြည့်နှက်နေပြီး အော်ပြောလိုက်သည်။

“မင်း. ရဲတင်းလိုက်တာ. ငါ့ကိုဘယ်လိုတောင်ဒီလိုမျိုးပြောရဲရတာလဲ”

“ဟမ့်..ငါကမင်းကိုပြောရမှာ”

ရှန်းယွမ်ကဒေါသတကြီးအော်ဟစ်လိုက်သည်။

“ဒီသခင်လေးက မင်းအဝတ်တွေကိုချွတ်ပြီးတော့ အထဲမှာဘာရှိမလဲဆိုတာကို ကြည့်ချင်သေးတယ်”

“မင်း..လူယုတ်မာကောင်”

“ဖြန်း”

ကျိမို့၏အော်သံနှင့်အတူ ကြွပ်ဆပ်သောအသံတစ်ခုကတွဲ

လျှက်လိုက်ပါလာသည်။ ကြွပ်ဆပ်သောအသံက ရှန်းယွမ်၏မျက်နှာမှလာခြင်းဖြစ်သည်။ အစောတုံးကရှစ်ဖုန့်၏ ဘယ်လက်လှုပ်ရှားသွားသည်ဖြစ်သည်။သူက ရှန်းယွမ်၏မျက်နှာအားပြင်း

ထန်စွာဖြတ်ရိုက်လိုက်သည်။

“အား”

နာကျင်မှုအပြည့်အော်ဟစ်သံနှင့်အတူ  ရှစ်ဖုန့်၏ပါးရိုက်ချက်ကြောင့်  ရှန်းယွမ်၏ကိုယ်မှာ လွင့်ပျံထွက်သွားသည်။

“သ..သခင်လေး”

ရှန်းယွမ်အရိုက်ခုံလိုက်ရသည်

အားတွေ့ရသောအခါတွင် ရပ်နေကြသာ သန်မာသည့်လူသုံးယောက်၏အမူအယာများက ပြောင်းလဲသွားသည်။ အလွန်အံ့အားသင့်မှု၊တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှု တို့သူတို့၏မျက်နှာများထက်၌ပေါ်လာ၏။

သူတို့သခင်လေးဖြစ်သူ ရှန်းယွမ် ရှန်းဟွေ့မြို့အရှင်သခင်ရှန်း

အောင်ရှင်း၏သားဖြစ်သူက ရှန်းဟွေ့မြို့အတွင်းအရိုက်ခံခဲ့ရသည်။

“သခင်လေး..”

ရှန်းယွမ် နောက်သို့လွင့်ပျံသွားသည်အား

တွေ့လိုက်ရသောအခါတွင် တုတ်ခိုင်သောလူတစ်ယောက်က အလျှင်အမြန်ရှေ့သို့ပြေးတက်လိုက်ပြီး  နောက်သို့လွင့်ပျံလာသောရှန်းယွမ်

အားဖမ်း၍သူ၏လက်မောင်းအတွင်းဖက်ထားလိုက်သည်။

“သခင်လေး”

အခြားတုတ်ခိုင်သောလူနှစ်ယောက်ကလည်းသူ၏နောက်သို့လိုက်ပါလာသည်။ ရှန်းယွမ်၏မျက်နှာညာဘက်ခြမ်း၌ နီရဲသောလက်ဝါးရာကိုသူတို့မြင်

တွေ့လိုက်ကြရသည်။

“လွှတ်စမ်း..ငါ့ကိုလွှတ်ပေးစမ်း.. သူတောင်းစား. ငါ့ကိုဘယ်လိုတောင်ရိုက်ရဲတာလဲ..

ဘယ်လိုတောင်ရိုက်ရဲတာလဲကွ. အား….”

ရှန်းယွမ်မှာ ရူးသွပ်သွားသကဲ့သို့ လွန်စွာပြင်းထန်သောအခြေအနေတစ်ခုအတွင်းစိုက်ရောက်နေသည်။

“သေစမ်း.ငါမင်းကိုသေစေချင်တယ်.. ငါမင်းကိုဆိုးဆိုးဝါးဝါးနဲ့ကိုသေစေချင်တယ်. ငါမင်းကိုငါ့ခြေဖဝါးအောက်ဒူးထောက်ပြီးတော့ နောင်တရစေချင်တယ်..”

ရှန်းယွမ်၏မျက်လုံးတို့ကနီရဲနေပြီး  ရှစ်ဖုန့်အားသားရဲရိုင်းတစ်ကောင်ကဲ့သို့ အော်ဟစ်နေသည်။

တုတ်ခိုင်သောလူသုံးယောက်က သူတို့သခင်လေးရူးသွပ်သွား

သည်အားစောင့်ကြည့်နေကြ၏။

ပေါ်ပေါက်လာတော့မည်အဖြစ်ဆိုး

အားသူတို့ကြိုတင်မြင်နေ ကြပြီးဖြစ်သည်။ဤ အဆင်အခြင်မဲ့သောသူက သူတို့၏သခင်လေးဖြစ်သူ ရှန်းယွမ်အား ရိုက်နှက်ရဲသည်ဖြစ်၏။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters