← Chapters

ထျန်းနူ၏ လျှို့ဝှက်ချက်

Vol. 75 Ch. 1045

ထျန်းနူ၏ လျှို့ဝှက်ချက်

Vol. 75 Ch. 1045

“ တော်လောက်ပြီ ” အသံတစ်သံ ပဲ့တင်ထွက်ပေါ်လာကာ မီးခိုးရောင်ဆံပင်နှင့် ကျင့်ကြံသူအား ရပ်တန့်သွားစေသည်။ ထို့နောက် အစိမ်းဖျော့ဖျော့ ဝတ်စုံနှင့် မိန်းမလှလေး တစ်ဦး‌ ပေါ်ထွက်လာသည်။

မီးခိုးရောင်ဆံပင်နှင့် ကျင့်ကြံသူက ထိုအမျိုးသမီးကို မြင်လိုက်သည့်အခါ ဘာမှမလုပ်ရဲတော့ဘဲ သတ်ဖြတ်ငွေ့များအား အမြန်ရုတ်သိမ်းလိုက်ပြီး လေးလေးစားစား ဂါရဝပြုနှုတ်ဆက်လိုက်သည် “ မင်ဖေးအာက စီနီယာကို ဂါရဝပြုပါတယ် ”

မင်ဖေးအာ၏ အတွေ့အကြုံအရ တစ်ချက်တည်းကြည့်ရုံဖြင့် ထိုအမျိုးသမီး၏ ကျင့်ကြံဆင့်မှာ ကောင်းကင်နတ်ဘုရားအဆင့်ထက် ကျော်လွန်နေကြောင်း ပြောနိုင်ပေသည်။ သူမက နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်ရှိနိုင်ခြေ ၉၀ ရာခိုင်နှုန်းလောက် ရှိပေသည်။

အစိမ်းဝတ်နှင့် အမျိုးသမီးသည် မီးခိုးရောင်ဆံပင်နှင့် ကျင့်ကြံသူကို ဂရုမစိုက်ဘဲ လက်တစ်ဖက် ပြတ်နေသည့် လျှော်ဝတ် လူငယ်လေးအား ကြည့်ကာ မေးလိုက်သည် “ မင်းက သူ့အတွက် ပြိုင်ဖက် မဟုတ်ဘူးဆိုတာတော့ သိတယ်မလား။ ဘာလို့များ ကိုယ့်သေတွင်းကို တူးနေရတာလဲ ”

လျှော်ဝတ် လူငယ်လေးက ဆေးလုံးတချို့ မျိုချကာ အတင်းအားပြုကာ မတ်တတ်ရပ်လိုက်သည်။ သူ့အကြည့်များက မီးခိုးရောင် ဆံပင်နှင့် ကျင့်ကြံသူနောက်မှ ထိုအမျိုးသမီးအား ကြည့်လိုက်ကာ  “ အရင် ကျွန်တော်ရဲ့ စီနီယာအစ်ကိုကြီးက လူတစ်ယောက်က ဘဝမှာ ရူးရူးမူးမူး လုပ်ဖူးရတယ်လို့ သင်ပြဖူးပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က အဖွဲ့လိုက်ကြီးနဲ့ ရင်ဆိုင်နေရတဲ့ စီနီယာအစ်ကိုကြီးကို ထားပြီး ထွက်ပြေးခဲ့ရတယ်။ အဲဒီအတွက် အခုအထိ နောင်တရနေမိတုန်းပဲ  … အခု ရှန်းယွီကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး။ တကယ်လို့ ကျွန်တော် သေသွားရမယ်ဆိုရင်တောင် အသေခံလိုက်မယ် ”

“လူတစ်ယောက်က ဘဝမှာ ရူးရူးမူးမူး လုပ်ဖူးရတယ်တဲ့လား … တကယ်လို့ ချူယို့သာ လုပ်နိုင်တယ်ဆိုရင် ငါ ချိန်စုယင်ကရော ဘာလို့ မလုပ်နိုင်ရမှာလဲ …” အစိမးဝတ် အမျိုးသမီးလေးက သူမဘာသာ ရေရွတ်လိုက်ကြသည်။ ခဏအကြာတွင် သူမက လျှော်ဝတ် လူငယ်လေးအား ပြောလိုက်သည်  “ မင်းနာမည် ဘယ်သူလဲ … သူမကရော မင်းအတွက် ဘာလဲ ”

အစိမ်းဝတ် မိန်းမလှလေးမှာ မိုဝူကျိ အသည်းအသန် တွေ့ချင်နေခဲ့သည့် ချိန်စုယင် ဖြစ်ပေသည်။ ယခင် သူမ နတ်ဘုရားသိုက်မြုံထဲ ရောက်စဉ်အခါက သူမသည် အင်မော်တယ် ဧကရီ ဝမ်လန်နှင့် လင်းဂူတို့နှင့်အတူ ရှိနေခဲ့သည်။

ခွန်းယွင် ပြောလိုက်သည့်စကားကြောင့် အင်မော်တယ် ဧကရီ ဝမ်လန်က မိုဝူကျိကို ဆက်လက် ရှာဖွေဖို့ ရပ်တန့်လိုက်ကြပြီး ကျင့်ကြံဖို့ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့သုံးယောက်တွင် ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးများစွာ ရှိနေပေသည်။ တခြားသူများက ဤသို့ရတနာကို အလိုရှိကြသော်လည်း သူတို့သုံးယောက်လုံးက သူတို့ပိုင်ဆိုင်ထားသော ရတနာများဖြင့် နတ်ဘုရားနယ်မြေတစ်ခွင် သွားလာနေခဲ့ကြသည်။

နတ်ဘုရားသိုက်မြုံအစွန်းသို့ ရောက်ရှိပြီးနောက်တွင် သုံးယောက်သား တံခါးပိတ် လေ့ကျင့်နိုင်မည့် နေရာတစ်ခုကို ရှာတွေ့ခဲ့ကြသည်။ ဤနှစ်ထောင်ပိုင်းလေးအတွင်း သူတို့က ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးများကို သုံးကာ ကောင်းကင်နတ်ဘုရားအဆင့်အထိ ရောက်ရှိလာကြသည်။

ထို့နောက် သူတို့သုံးယောက်လုံးက နတ်ဘုရားမျိုးနွယ်နှင့် တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး အကျိုးပြုအမှတ်များ စုဆောင်းကာ ကျင့်ကြံရေး အရင်းအမြစ်များစွာ ရလာခဲ့ကြသည်။ ဤလိုနှင့် နှစ်တစ်ထောင်ကျော် ကြာသွားပြီး သူတို့က နတ်ဘုရားအုပ်စိုးသူအဆင့်ထဲ ရောက်ရှိလာကြ၏။

ထိုစဉ် နတ်ဘုရားသိုက်မြုံအစွန်း၌ နတ်ဘုရားမျိုးနွယ်နှင့် တိုက်ပွဲကား  ရုတ်ရုတ်သည်းသည်း ဖြစ်သွားသောကြောင့် ချိန်စုယင်၊ လင်းဂူနှင့် အင်မော်တယ် ဧကရီ ဝမ်လန်တို့က အချင်းချင်း အဆက်အသွယ် ပြတ်တောက်သွားကြတော့သည်။

ချိန်စုယင်က နှစ်များစွာ လှန်လှောရှာဖွေကာ  နတ်ဘုရားအုပ်စိုးသူအဆင့် ၄ ရောက်လာသော်လည်း လင်းဂူနှင့် ဝမ်လန်တို့အကြောင်း မကြားရသေးပေ။ တစ်ဖက်တွင် သူမက မိုဝူကျိအကြောင်း များစွာ ကြားမိထားသည်။ တချို့က မိုဝူကျိသည် နိဗာနတိတ်ဆိတ်မှု ပင်လယ်ထဲ၌ သေဆုံးသွားပြီဟု ဆိုကြကာ တချို့ကား မိုဝူကျိသည် ချူယို့အား ရှာဖွေဖို့ရာ နတ်ဘုရားဂူသင်္ချိုင်းထဲ ဝင်သွားသည်ဟု ဆိုကြသည်။

ချူယို့က နတ်ဘုရားဂူသင်္ချိုင်းထဲ ဝင်သွားခဲ့သလို သူ့တာအိုလက်တွဲဖော်ကလည်း ဝင်သွားခဲ့သည်။ အချိန်ကုန်လွန်လာသည့်အခါ ချိန်စုယင်က မိုဝူကျိသည် နတ်ဘုရားဂူသင်္ချိုင်းထဲ အမှန်တကယ် ဝင်ရောက်သွားပြီလားဟု သံသယဝင်လာမိသည်။ သူမက တစ်ချက် သွားကြည့်လိုသော်လည်း  သူမ၏ တုံ့ဆိုင်းနေမှုကို အနိုင်မယူနိုင်ပေ။

သူမက သေဆုံးရမည်ကို မကြေက်သော်လည်း မိုဝူကျိက အထဲမရှိဘဲ နတ်ဘုရားဂူသင်္ချိုင်းထဲ ဝင်သွားမည့်အဖြစ်ကို စိုးရိမ်မိခြင်း ဖြစ်သည်။ နတ်ဘုရားကုန်းမြေကိုလည်း မိုဝူကျိက သွားလောက်မည်ဟု မထင်ထားမိပေ။ နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေကြားရှိ ကူးသန်းအစီအရင်မှာ သာမာန်လူများ အသုံးပြုနိုင်သည့်အရာ မဟုတ်ပေ။ အဆင့်နိမ့်ကျင့်ကြံသူများက အသုံးပြု၍ ရသည်ဆိုလျှင်ပင် နတ်ဘုရားကုန်းမြေမှ နတ်ဘုရားနယ်မြေသို့ ရောက်လာသည့်အခါတွင်သာ ဖြစ်၏။

မိုဝူကျိက နတ်ဘုရားကုန်းမြေတွင် မည်မျှကျော်ကြားစေကာမူ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်အတွင်းသာ ဖြစ်၏။ ထို့အပြင် သူက နှစ်တစ်သောင်းလောက် ပျောက်ကွယ်နေသည် ဖြစ်ရာ ကမ္ဘာပေါ်တွင် ထူးချွန်လွန်းသည့် ပါရမီရှင်များစွာ ရှိနေသောကြောင့် လူမည်မျှက သူ့အား မှတ်မိနေမည်နည်း။

“ ဂျုနီယာနာမည်က ဝေရုပါ။ သူမက မုရုန်ရှန်းယွီပါ။ သူမသာ ကျွန်တော်ကို မကယ်ခဲ့ရင် အသတ်ခံရပြီးလောက်ပါပြီ။ အခု သူမကို နောက်မှာ ချန်မထားခဲ့နိုင်ဘူး ” လျှော်ဝတ် လူငယ်လေးက ဦးညွှတ်ရင်း ပြောလိုက်သည်။

မုရုန်ရှန်းယွီလား …..

ထိုနာမည်က ချိန်စုယင်နှင့် အတော် ရင်းနှီးနေဟန် ပေါ်၏။ သူမက ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်တွင် ခွေခွေလေး ဖြစ်နေသော မိန်းကလေးကို ကြည့်လိုက်သော်လည်း သိကျွမ်းနေသည်ဟု မခံစားမိပေ။

“ မင်းရဲ့ စီနီယာအစ်ကိုကြီးက အတော်လေးကို အံ့ဩဖို ကောင်းတဲ့သူပဲ … သူ ပြောတာ မှန်တယ်။ လူတစ်ယောက်က ဘဝမှာ ရူးရူးမိုက်မိုက် လုပ်ဖူးရတယ် ” သူမ စကားအဆုံးတွင် မိုဝူကျိအတွက် ချိန်ဟောင်ယီဆီမှ တိုက်ကွက်ကို တားဆီးပေးလိုက်သည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်လာသည်။ သူမ၏ အသက်စွမ်းအားကို နှိုးဆွ၍ လေလွတ်မြောက်ရေး နည်းစနစ်အား အသုံးချကာ မိုဝူကျိနှင့် ထွက်ပြေးခဲ့သည့် မြင်ကွင်းလည်း တဖန် ပြန်လည် ပေါ်လာသည်။

ဒါတွေက ရူးရူးမိုက်မိုက် အရာတွေ မဟုတ်ဘူးလား ….

သူမက ဘယ်သောအခါမှ နောင်တရမည် မဟုတ်ပေ။ အကယ်၍ သူမအနေနှင့် အချိန်နောက်ပြန်လှည့်နိုင်မည်ဆိုလျှင်လည်း အတူတူသာ လုပ်မိမည် ဖြစ်၏။ သူမက မိုဝူကျိသည် သူမ ရုပ်ခန္ဓာကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်အထိ သယ်ဆောင်လာပေးပြီး သူမအား တစ်ဖန် ပြန်လည် ရှင်သန်လာစေခဲ့ပြီး သူ့ကိုမူ မပြီးပြည့်စုံသည့် ဝိညာဉ်တစ်ခုက ဆွဲချသွားသည်ကို မြင်တွေ့ခဲ့ရ၍ ဖြစ်သည်။ ထို့ကြောင့် သူမက ဘယ်နှစ်ကြိမ် ကြုံတွေ့နေစေကာမူ နောင်တရမည် မဟုတ်ပေ။

မိုဝူကျိတွင် တာအိုလက်တွဲဖော် ရှိနေသည်က အမှန် ဖြစ်သော်လည်း သူက သူမကို ထွက်သွားဖို့ မပြောသရွေ့ သေချာပေါက် ထွက်သွားမည် မဟုတ်ပေ။

“ ဟုတ်တယ် … စီနီယာအစ်ကိုကြီးက ကျွန်တော်အတွက် အရေးကြီးဆုံးလူပဲ …” ချိန်စုယင်က သူ့စီနီယာအစ်ကိုကြီးအကြောင်း ပြောသည်ကို ကြားလိုက်သောအခါ ဝမ်ရုက ကျေကျေနပ်နပ်ဖြင့် ပြန်ဖြေပေးလိုက်သည်။

ချိန်စုယင်က ခေါင်းညိတ်ပြကာ ဝမ်ရုအား ကျောက်စိမ်းပုလင်းလေး ပေးလိုက်၏  “ဒါက မင်းအတွက် … မင်း ဒဏ်ရာတွေကို ကူညီပေးနိုင်မှာပါ ”

ထိုစကားအဆုံးတွင် သူမ၏ အေးစက်စက် အကြည့်က မင်ဖေးအာဆီ ကျရောက်လာကာ  “ ထွက်သွားစမ်း ”

“ ဟုတ်ကဲ့ပါ … ဟုတ်ကဲ့ စီနီယာ ”  ချိန်စုယင်က ထွက်သွားခိုင်းကြောင်း ကြားသောအခါ မင်ဖေးအာက ဆက်မပြောရဲတော့ဘဲ မြန်မြန် နောက်ဆုတ်သွားတော့သည်။ မင်ဖေးအာ ထွက်သွားသည်နှင့် ဒဏ်ရာရနေသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများလည်း လိုက်ပါသွားကြသည်။

ထို့နောက် ချိန်စုယင်က ဝမ်ရုအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

ချိန်စုယင် ပျောက်ကွယ်သွားသည့် ဦးတည်ရာသို့ ဝမ်ရုက ဦးညွှတ်ကာ ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူက မုရုန်ရှန်းယွီအား သယ်ကာ တတ်နိုင်သမျှ မြန်မြန် ထွက်သွားလိုက်သည်။

…………….…

“ ခွန်းယွင် … ခင်ဗျားက ကိုယ့်ဘာသာ ဝိဇ္ဇာဆိုပြီး ပြောနေတော့ သဟဇာတ နတ်ဘုရားအထက်က အဆင့်တွေကို ဝိဇ္ဇာလို့ ခေါ်တာလား ” မိုဝူကျိက ကူးသန်းအစီအရင်မှ ထွက်လာပြီးနောက် မေးလိုက်သည်။

ဆရာမရှိသည့် လူတစ်ယောက်အနေနှင့် မိုဝူကျိ၏ ကျင့်ကြံရေး လမ်းကြောင်းကို ကိုယ်တိုင် ထုဆစ်ခဲ့ရခြင်း ဖြစ်၏။ ခွန်းယွင်က ရိုးရှင်းမည် မဟုတ်သောကြောင့် မိုဝူကျိက ဤလူသည် ရှေးဟောင်းခေတ်အချိန်က ကျန်နေခဲ့သည့် မြေခွေးအိုကြီးထဲက တစ်ယောက်ဟု သံသယဝင်မိသည်။ ခွန်းယွင်သည် နတ်ဘုရားမျှော်စင်တွင် ရှိနေသောသူများထက်ပင် အသက်ပိုကြီးနေနိုင်၏။ အကယ်၍ သူသာ နားမလည်လျှင် ဤလူကို မေးမြန်းခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

ခွန်းယွင်က ရယ်မောလိုက်သည်  “ မင်းရဲ့ ကျင့်ကြံဆင့် နိမ့်နိမ့်လေးနဲ့ သိလို့ ဘာမှအသုံးမဝင်ဘူး။ ပြီးတော့ တကယ်လို့ မင်းသာ တစ်ဘဝလုံး နတ်ဘုရားလောကကနေ ထွက်မသွားနိုင်ရင် အများဆုံး မင်း ရောက်နိုင်တာ သဟဇာတ နတ်ဘုရားအထိပဲ …. အများကြီး တွေးနေဖို့ မလိုဘူး ”

“ တကယ်လို့ မပြောပြချင်ရင်လည်း ဒီအတိုင်း ပြောလိုက်ပါ့လား ” မိုဝူကျိက ထိုစကားကို ပြန်လည် ချေပမနေသော်လည်း စိတ်အတွင်း၌ သိပ်မကျေနပ်မိပေ။ သူ့လူသားတာအိုက သူ့ကိုယ်ပိုင် အသိအမြင်များမှ ပြီးပြည့်စုံလောက်နီးပါး ဖြစ်နေလေပြီ။ ယခု သူ့လူသားကမ္ဘာကြီးတွင်လည်း နတ်ဘုရားနယ်မြေတွင်ပင် မရှိသည့်  ပြီးပြည့်စုံသော စည်းမျည်းများ ရှိနေပြီးဖြစ်ရာ သူ့အနေနှင့် ဆက်လက် ဉာဏ်အလင်းပွင့်လိုလျှင် ခက်ခဲမည် မဟုတ်ပေ။

ခွန်းယွင်က မိုဝူကျိ တွေးနေသည့်အရာများကို သိ၍ ဆက်အစဖော်မပေးတော့ပေ။

မိုဝူကျိက သူ ပထမဆုံး ကြုံတွေ့ခဲ့ရသည့် နတ်ဘုရားသိုက်မြုံနှင့် ယှဉ်လျှင် ယခု နတ်ဘုရားသိုက်မြုံကား အများကြီး ပြောင်းလဲသွားကြောင်း ခံစားမိ၏။

အစပိုင်းတွင် ဤနေရာမှာ လေဟာပြင်ဈေးကြီးတစ်ခုလို ဖြစ်နေပြီး ဘာဆိုဘာမှ မရှိပေ။ သို့သော် ယခုတွင် အဓိက ကျင့်ကြံရေးနတ်မြို့ တစ်မြို့အဖြစ် ပြောင်းလဲသွားသည်။ ဤမြို့တွင် နတ်ဘုရားနယ်မြေ မြို့အသစ်၏ ကြီးကျယ်မှုများ မရှိသော်လည်း ချမ်းသာကြွယ်ဝမှုအရ နတ်ဘုရားနယ်မြေ မြို့အသစ်ထက် အောက်ကျမည် မဟုတ်ပေ။

“ မိုဝူကျိ … မင်း အရင်ဆုံး ဒီမှာနေဖို့ နေရာတစ်ခုလောက် ရှာသင့်တယ်။ ဟုတ်တယ်မလား … ငါ နတ်ဘုရားသိုက်မြုံမှာ ကျင့်ကြံဆင့် အမြင့်ဆုံး မြင့်တင်နိုင်မဲ့ နေရာကို သွားစုံစမ်းကြည့်လိုက်ဦးမယ် ” ခွန်းယွင်က မိုဝူကျိ၏ သဘောထားကို ဂရုမစိုက်သည့်အလား ပုံမှန်အတိုင်း ကြည့်လိုက်သည်။

မိုဝူကျိက စိတ်ထဲ၌ အံ့အားသင့်သွားသည်။ သူက အနားယူဖို့ရာ နေရာရှာရန် ရည်ရွယ်ထားသော်လည်း အဓိကမှာ သူ့ကမ္ဘာလေးအတွင်း ရှိနေသည့် ထျန်းနူအား သွားကြည့်လို၍ ဖြစ်သည်။

ခွန်းယွင်က သူ့လူသားကမ္ဘာကို သိနေတာလား …. ဒါမှမဟုတ် ထျန်းနူကို သိနေတာလား ….

သူ့လေသံနှင့် သဘောထားအရ ဖြစ်နိုင်ခြေ ရှိ၏။

မိုဝူကျိက စိတ်နန်းတော်နှစ်ခုနှင့် အသိစိတ်ပင်လယ် နှစ်ခု ရှိနေသည့်လူတစ်ယောက်အကြောင်းမှာ အံ့ဖွယ် ဖြစ်သောကြောင့်  ခွန်းယွင်အား ထျန်းနူအကြောင်း မပြောပြဖူးပေ။ ဤအခြေအနေမှာ သူ့လူသားတာအို ပိုင်ဆိုင်ထားသလို အနည်းငယ် ထိတ်လန့်ဖို့ ကောင်းလွန်းနေ၏။

“ အဲဆို အရင်သွားနှင့်မယ်။ နောက်နှစ်ရက်ကြာရင်  မင်းကို လာရှာလှည့်မယ်” ခွန်းယွင် နောက်တစ်ဖန် ရယ်မောလိုက်ပြန်သည်။ မိုဝူကျိက မည်မျှ ထိတ်လန့်သွားသည်ကို လျစ်လျူရှုထား၏။ သူက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

………………

နိဗာန တည်းခိုဆောင်

မိုဝူကျိက ထိုနာမည်ကို မြင်လိုက်သည့်အခါ တုံ့ဆိုင်းခြင်းမရှိ အဆောက်အဦးထဲ ဝင်လိုက်သည်။

သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှ ဖြစ်သောကြောင့် ဤနေရာတွင် နိဗာန တည်းခိုဆောင် ရှိနေလေရာ ကျောင်းတော်မှ ဖွင့်ထားခြင်းသာ ဖြစ်ပေမည်။

သူက မည်သူကိုမှ မကြောက်သော်လည်း အမြဲတမ်း သတိကြီးကြီးထားသည်က အကောင်းဆုံး ဖြစ်၏။

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရှိ အရာအားလုံးက အလွန်ဈေးကြီးလှသောကြောင့် ဤနေရာတွင် နေထိုင်မည့် ကျင့်ကြံသူ များများစားစား မရှိပေ။ ရလဒ်အနေနှင့် အခန်းများနှင့် ကျင်ကြံရေးသီးသန့် အိမ်တော်များ ရရှိနိုင်သေး၏။

ခွန်းယွင်အကြောင်း ဂရုမစိုက်တော့ဘဲ မိုဝူကျိက သူ့အတွက်သာ အခန်းယူလိုက်သည်။

သူ အခန်းထဲ ရောက်လာသည်နှင့် လူသားကမ္ဘာအတွင်း မဝင်ခင် အခန်း၌ အတားအဆီးများကို ချလိုက်သည်။

လူသားကမ္ဘာအတွင်း ထျန်းနူက အသက်မဲ့ အခြေအနေအတိုင်း ကျန်ရှိနေသေး၏။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူက တာ့ဟွမ်အား ထျန်းနူအား ဟုန်မုန့်စွမ်းအင်နှင့် အသက်ဓာတ်ဆေးလုံးများ တိုက်ကျွေးရန် မှာကြားခဲ့သော်လည်း ထျန်းနူက သူ့ကမ္ဘာဦး စိတ်ဝိညာဉ် ပြိုကွဲသည့်အထိ နှိပ်စက်ခံထားရသည်။ အကယ်၍ ဤသီးသန့်ပြဿနာကို ဖြေရှင်းပေးမည့် ထိပ်တန်းရတနာ မဟုတ်လျှင် ထျန်းနူအား ကယ်တင်နိုင်တော့မည် မဟုတ်ပေ။

မိုဝူကျိက အသက်ဓာတ်လမ်းကြောင်းကို အသုံးပြုကာ ထျန်းနူအား အားဖြည့်ပေးခဲ့သော်လည်း အခြေအနေက တိုးတက်လာခြင်း မရှိပေ။ မိုဝူကျိက ခေါင်းခါကာ ထရပ်ဖို့ ပြင်လိုက်၏။ ထျန်းနူနှင့် သူက ကံတရားအရ တွေ့ဆုံလာပြီး မိတ်ဆွေ ဖြစ်လာခဲ့ကြသည်။ သို့သော် ယခုတွင် သူ့အကောင်းဆုံး ကြိုးစားထားသော်လည်း ထျန်းနူ၏ အခြေခံအုတ်မြစ်က ပျက်စီးသွားရုံသာမက ကမ္ဘာဦး စိတ်ဝိညာဉ်လည်း ပြိုကွဲနေပြီး အသက်ဓာတ်များလည်း လွှင့်ပါးနေသည်။ ရက်ပိုင်းလေးအတွင်း ထျန်းနူက ဝိညာဉ် ပျက်စီးကာ ဤလောကကြီးမှ ထွက်ခွာသွားရတော့မည် ဖြစ်၏။

ထိုစဉ် ထျန်းနူက မျက်လုံးဖွင့်လာသည်။ သူက မိုဝူကျိကို မြင်လိုက်ရသည့်အခါ  သူကိုယ်တိုင်လည်း အံ့ဩသွား၏။

“ ထျန်းနူ … စိတ်မကောင်းပါဘူးကွာ။ ငါအကောင်းဆုံး ကြိုးစားကြည့်ပြီးပြီ ” မိုဝူကျိက ထျန်းနူသည် မျက်လုံးဖွင့်လာသော်လည်း အသက်ဓာတ်မှာ နည်းပါးလွန်းလှချေသည်။

“ အစ်ကိုမို … ကျွန်တော်ကို မုန်ညှင်းနက် ကုန်သည်အိမ်တော်က ထုတ်လာပြီး …. သက်တောင့်သက်သာ သေခိုင်းတဲ့အတွက် … ကျေးဇူးတင်ပါတယ် … ” ထျန်းနူက မနည်းပြောနေရသည်  “ နတ်ဘုရားဂူသင်္ချိုင်းမှာ လျို့ဝှက်ချက်ကြီး ရှိတယ် …. ကျွန်တော်ဆီမှာ အသိစိတ်ပင်လယ် နှစ်ခု ရှိ …. နတ်ဘုရားဂူသင်္ချိုင်းမှာ … အသက်ရှင်နိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းက …. ဂူ … ”

နောက်ဆုံးတွင် ထျန်းနူကား သူ့လူသားကမ္ဘာအတွင်း၌ သေဆုံးသွားချေပြီ။

မိုဝူကျိ စိတ်အတွင်း၌ ဝမ်းနည်းမှုများ ကြီးစိုးလာလေ၏။

နတ်ဘုရား ဖြစ်လာသည့်အထိ ကျင့်ကြံနိုင်တော့လည်း ဘာဖြစ်လဲ …

အဆုံးသတ်မှာ သေခြင်းတရား ရှိနေသေးသည် မဟုတ်ပါလော။ ထျန်းနူ၏ ကျင့်ကြံဆင့်သည် နတ်ဘုရားနယ်မြေ၏ အောက်ခြေတွင် ရှိနေသော်လည်း အင်မော်တယ်လောက သို့မဟုတ် လူသားလောက၌မူ သူသည် နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။ သို့သော် သူက လူသားတစ်ယောက်ကဲ့သို့ တူညီသော အဆုံးသတ်နှင့်သာ တွေ့ဆုံသွားရသည်။

မိုဝူကျိက ထျန်းနူအား လူသားကမ္ဘာထဲ၌ ကိုယ်တိုင်ကိုယ်ကျ သင်္ဂြိုလ်ပေးပြီးနောက် ထရပ်လိုက်သည်။ သူက အားကောင်းလာရမည်။ ထိုအခါမှ တက်နင်းမခံရမည် ဖြစ်၏။ သူ အားကောင်းလာသည့်အခါမှ ထျန်းနူလိုမျိုး ပြန်ပေးဆွဲခံရကာ သေသည့်အထိ နှိပ်စက်မခံရမည် ဖြစ်၏။

ထျန်းနူ၏ လျို့ဝှက်ချက်မှာ သူ့အသိစိတ်ပင်လယ် နှစ်ခု ရှိခြင်း ဖြစ်သော်လည်း မိုဝူကျိ၏ လျို့ဝှက်ချက်မှာ ဤထက် ပို၍ ကြီးကျယ်ပေသည်။ သူက လူသားတစ်ယောက်အနေနှင့် လူသားတာအိုကို ကျင့်ကြံ၏။ အကယ်၍ ဤအရာကို အကြံအစည်ကြီးသော ပညာရှင်များကသာ တွေ့သွားခဲ့လျှင် ထျန်းနူလိုမျိုး အဆုံးသတ်နှင့် တွေ့သွားနိုင်သည်။ အနည်းဆုံးတော့ ထျန်းနူကို သင်္ဂြိုလ်ပေးမည့် သူ ရှိနေသေး၏။ အကယ်၍ မိုဝူကျိသာ သေဆုံးသွားလျှင် ပြာအဖြစ် အဆုံးသတ်ရမည်သာ ဖြစ်ပေသည်။

***

All Chapters