သတ္တကမ္ဘာ
Vol. 75 Ch. 1046
မိုဝူကျိက သူ့လူသားကမ္ဘာမှ ထွက်လာပြီးနောက် ဆက်လက် ကျင့်ကြံလိုစိတ် မရှိတော့ပေ။ သူက ထိုင်ချလိုက်သည်နှင့် အပြင်ဘက်က ရုတ်ရုတ်သည်းသည်းဖြစ်မှုကို ကြားလိုက်ရသည်။
မိုဝူကျိက တွေဝေသွားပြီး စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ နိဗာန တည်းခိုဆောင် အပြင်ဘက်၌ ရုတ်ရုတ်သည်းသည်း ဖြစ်နေကြောင်း မြင်လိုက်ရသည်။ အားလုံးကလည်း အံ့ဩတုန်လှုပ်နေကြဟန် ပေါ်၏။
ဘာတွေ ဖြစ်နေတာလဲ ….
မိုဝူကျိက အခန်းမှထွက်၍ သွားကြည့်တော့မည့်ဆဲဆဲတွင် ခွန်းယွင်က ဝင်လာသည်။
“ ခွန်းယွင် … ခင်ဗျားက အစီအရင်တာအိုမှာ ထူးချွန်တာ သိတယ်။ ဒါပေမဲ့ အခန်းထဲ ဝင်မလာခင် တံခါးခေါက်လို့ မရဘူးလား ” မိုဝူကျိက မကျေနပ်စွာ ပြောလိုက်သည်။
“ ဟူး …. မင်းနဲ့ကတော့ ခက်တယ်။ မင်းက အရည်အချင်းများများစားစား မရှိဘဲနဲ့ စည်းမျည်းတွေ အပုံလိုက် ထုတ်နေတော့တာပဲ ” ခွန်းယွင်က ပြောလိုက်ရင်း အခန်းအပြင် ပြန်ထွက်ကာ တံခါးပေါ်က အတားအဆီးကို ခေါက်လိုက်ရင်း “ အထဲဝင်လာလို့ ရမလား ”
ခွန်းယွင်က ပြုံးဖြီးကာ ထိုင်ချလိုက်သည် “ အပြင်က ကိစ္စတွေကို မြင်တယ်မလား ”
“အင်း ဘာတွေ ဖြစ်နေတာလဲ ” မိုဝူကျိက အနည်းငယ် မသေမချာ ဖြစ်သွားသည်။
“ အဲဒါက နတ်ဘုရားမျိုးနွယ်ရဲ့ သဟဇာတ နတ်ဘုရားတစ်ပါးက ပညာရပ်တစ်ခုအပေါ် ဉာဏ်အလင်းပွင့်သွားလို့လေ။ သူက အဲဒီပညာရပ်ကို သုံးပြီး နတ်ဘုရားသိုက်မြုံမှာ နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေကို တစ်ခါတည်းနဲ့ သိန်းနဲ့ချီပြီးတော့ သတ်ပစ်ခဲ့တယ်။ အဲဒီအထဲမှာ နတ်ဘုရားဘုရင် တစ်ယောက်တောင် ပါသေးတယ် … ”
“ ဘယ်လို ” မိုဝူကျိက ထိုအရာကို ကြားပြီး ထရပ်မိသွားသည်။ ဤသတင်းက သူ့အား ကြောင်အမ်းသွားစေသည်။
နတ်ဘုရားနယ်မြေ ကျင့်ကြံသူ သိန်းချီကို တစ်ခါတည်းဖြင့် သတ်ပစ်နိုင်သည့် တိုက်ကွက်လား … ဘယ်လို တိုက်ကွက်မျိုးပါ့လိမ့်် …
အကယ်၍ နတ်ဘုရားမျိုးနွယ် ပညာရှင်တစ်ချို့က အဆင့်နိမ့်ကမ္ဘာများကို တိုက်ခိုက်ပြီး ကျင့်ကြံသူ သန်းသောင်းချီ သတ်ပစ်လိုက်လျှင် မိုးမြေစည်းမျည်းများကို လျစ်လျူရှုထားသော ကျင့်ကြံသူတစ်ဦးအနေနှင့် မိုဝူကျိက ထိုကိစ္စကို ဂရုစိုက်မိမည် မဟုတ်ပေ။
သို့သော်လည်း နတ်ဘုရားနယ်မြေထဲ၌ မိုးမြေစည်းမျည်းများသည် အလွန်ခိုင်မာသောကြောင့် ပညာရပ်တစ်ခုက မည်မျှပင် အားကောင်းစေကာမူ ကန့်သတ်ချက် ရှိပေသည်။ ထိုကန့်သတ်ချက်အပြင်ဘက်၌ စည်းမျည်းများကို ဖျက်စီးပစ်နိုင်လိမ့်မည်။ ဆိုလိုသည်မှာ မည်မျှပင် အားကောင်းနေစေကာမူ သူ့ဘေးပတ်လည်၌ ကန့်သတ်ချက် နယ်ပယ်အဖြစ် သက်ရောက်ခံနိုင်သည်။ သဟဇာတ နတ်ဘုရားက နတ်ဘုရားဘုရင်ထက် အဆင့်တစ်ဆင့်မျှ ပိုမြင့်ပေရာ ဤမျှ အားကောင်းနေသည်လား။
“ ငါ ညာနေတာ မဟုတ်ဘူး။ အပြင်ဘက်မှာ ကြားလာတာ။ အဲဒီပညာရပ်ကို ကြားပြီး ငါလည်း အရင်ဆုံး ပြန်လာဖို့က လွဲပြီး ရွေးချယ်စရာ မရှိလို့ ” ခွန်းယွင်က မပြောင်းမလဲ ပြောလိုက်သည်။
“ ဘယ်လို ပညာရပ်မျိုးလဲ ” မိုဝူကျိက မေးလိုက်ပြီး အနည်းငယ်လည်း စိုးရိမ်မိနေသည်။
လူသိန်းချီ သတ်နိုင်သည့် တိုက်ကွက်မျိုးမှာ ဆက်တိုက် အသုံးပြုပါက နတ်ဘုရားနယ်မြေကို မဆိုထားနှင့် နတ်ဘုရားကုန်းမြေပင် ရှင်းထုတ်ခံလိုက်ရပေမည်။
ခွန်းယွင်က မိုဝူကျိ တွေးနေသည့်အရာကို သိသည့်အလား ထပ်ပြောလိုက်သည်
“ စိတ်ပူနေဖို့ မလိုဘူး။ အဲဒီလူက ပညာရပ်အပေါ် ဉာဏ်အလင်းပွင့်ထားပေမဲ့ တစ်ခါသုံးဖို့ အတော်လေး အားထုတ်ရတယ်။ သူ့မှာ ဆက်တိုက် သုံးနိုင်စွမ်း မရှိဘူး။ ဒါပေမဲ့ အဲလိုတိုက်ကွက်ရှိထားတာဆိုတော့ နတ်ဘုရားမျိုးနွယ်နဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲမှာ နတ်ဘုရားနယ်မြေဘက်က အရေးနိမ့်တာတော့ အသေအချာပဲ ”
“ ဘယ်လို ပညာရပ်လဲဆိုတာ မပြောရသေးဘူး ” မိုဝူကျိက ခွန်းယွင်အား စိုက်ကြည့်လိုက်သည်။ သူက ထိုတိုက်ကွက်နှင့် ပတ်သတ်၍ အတော်လေး အာရုံစိုက်နေမိသည်။
“ ကျိန်စာ ပညာရပ်တဲ့လေ .. အဲဒီပညာရပ်က အစတုန်းက နတ်ဘုရားမျိုးနွယ်တွေရဲ့ ထိပ်တန်း လျို့ဝှက်ပညာရပ်တစ်ခုပေါ့ ဒါပေမဲ့ …. ”
“ မဟာ ကျိန်စာပညာရပ်လား ” မိုဝူကျိက ခွန်းယွင်အား အလန့်တကြား ဝင်ဖြတ်ပြောလိုက်သည်။ သူက ထိုပညာရပ်အကြောင်း ကြားထားဖူးသည်။
ခွန်းယွင်က အေးစက်စက် ရယ်မောကာ “ မဟာကျိန်စာ ပညာရပ်လား …. အိပ်မက် မက်မနေစမ်းပါနဲကွာ။ ဒါက အသေးအမွှား ကျိန်စာပညာရပ်လေးပဲ။ ဘာမှအံ့ဩနေစရာ မလိုဘူး ”
“ အသေးအမွှား ကျိန်စာပညာရပ်တောင် ဒီလောက် အံ့ဩဖို့ ကောင်းနေပြီ …. မဟာကျိန်စာ ပညာရပ်ဆိုရင် …” မိုဝူကျိက စကားတစ်ဝက်တစ်ပျက်ဖြင့် ဆက်မစဉ်းစားရဲတော့ပေ။
မဟာကျိန်စာ ပညာရပ်က နတ်ဘုရားလောက တစ်ခုလုံးကို ဖျက်စီးပစ်နိုင်စွမ်း ရှိနေမလား …
ခွန်းယွင်က ရယ်မောကာ “ မင်း ဘာတွေစိတ်ပူနေတယ်ဆိုတာ ငါ သိပါတယ်ကွာ။ အဲလောက် စိတ်ပူစရာ မလိုပါဘူး။ ဒီစည်းမျည်းအဆင့်လောက်နဲ့ နတ်ဘုရားမျိုးနွယ်တွေက အသေးအမွှား ကျိန်စာပညာရပ် ဉာဏ်အလင်းပွင့်တာတောင် တော်တော် ကံကောင်းနေပြီ။ အဲဒီလူက ပါရမီရှင်ပဲ ဖြစ်လိမ့်မယ်။ မဟာကျိန်စာ ပညာရပ်အပေါ် ဉာဏ်အလင်းပွင့်လာဖို့ကတော့ မဖြစ်နိုင်ဘူး ”
“ ကျိန်စာပညာရပ်တွေက စကြဝဠာကြီးထဲမှာ နံပါတ်တစ် ပညာရပ်လား ” မိုဝူကျိက ခွန်းယွင် စကားကို ကြားပြီး အနည်းငယ် စိတ်အေးမိသွားသည်။
ခွန်းယွင်က နောက်တစ်ခါ ရယ်မောလိုက်ကာ “ နံပါတ်တစ် ပညာရပ်တဲ့လား …. လျှောက်တွေးမနေစမ်းပါနဲ့။ ပညာရပ် အမျိုးအစားပေါင်းစုံထဲမှာ နတ်ဘုရားမျိုးနွယ်က မဟာကျိန်စာ ပညာရပ်ကို တန်ဖိုးထားတာက သူတို့မှာ အဲထက် ကောင်းတဲ့ ပညာရပ်မျိုး မရှိလို့လေ ”
“ ခွန်းယွင် … ကျုပ်ကို တခြားလျို့ဝှက်ပညာရပ်တွေ အကြောင်း ပြောပြနိုင်လား ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။ သူက ခွန်းယွင်ကို တစ်ခုခု မေးမည့်အခါတိုင်း ရည်ရည်မွန်မွန် ဖြစ်လာသည်။
သူက ခွန်းယွင်နှင့် ဆွေးနွေးနေသော်လည်း စိတ်ထဲ၌ သတ္တကမ္ဘာ လက်ချောင်းပညာရပ်အကြောင်း တွေးနေမိသည်။
ဤသည်ကိုရော မဟာ လျို့ဝှက်ပညာရပ်အဖြစ် သတ်မှတ်၍ ရမည်လား …
ခွန်းယွင်က မိုဝူကျိကို ပြန်ဖြေမပေးဘဲ သူ့အား စိုက်ကြည့်လိုက်၏။ သူက နည်းနည်း စိတ်ထွေပြားနေသည်ကို မြင်၍ ခွန်းယွင်က ပြုံးရယ်ကာ “ တကယ်လို့ ငါတို့တွေ မဟာလျို့ဝှက်ပညာရပ်တွေ အကြောင်း ပြောနေတာဆိုရင် မင်းဆီမှာလည်း တချို့တော့ ရှိထားပုံပါပဲ ”
“ ကျုပ်က မဟာ လျို့ဝှက်ပညာရပ်တွေကို သိနေတာလား ” မိုဝူကျိက ကြောင်အမ်းမိသွားသည်။ သူက စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်၊ ပုဆိန်လှံရှည် တိုက်ကွက်လေးမျိုး၊ အာကာပြင် ချုပ်နှောင်မှု၊ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းတို့ကို မဟာလျို့ဝှက်ပညာရပ်အဖြစ် မယူဆကြောင်း ကောင်းကောင်း သိပေသည်။ သတ္တကမ္ဘာလက်ချောင်းပညာရပ်အတွက်မူ အင်အားပြင်းပြင်း ပိုင်ဆိုင်ထားသော်လည်း အသေးအမွှား ကျိန်စာပညာရပ်နှင့် ယှဉ်လျှင် ဖျော့တော့နေသေး၏။
ခွန်းယွင်က ရှင်းပြပေးလိုက်သည် “ ငါတို့ နတ်ဘုရားနယ်မြေ မြို့အသစ်ထဲမှာ ရှိနေတုန်း မင်းရဲ့ လက်ချောင်းပညာရပ်ကို မြင်လိုက်ရတယ်။ အဲဒါက ဘာမှထွေထွေထူးထူး ပြောစရာ မရှိပေမဲ့ မူလ ကမ္ဘာတစ်ခုရဲ့ အရှိန်အဝါတွေ ရောနှောနေတယ် ”
ခွန်းယွင်ရှေ့တွင် ဆက်လက် လျို့ဝှက်ထားရန် မဖြစ်နိုင်မှန်း သိ၍ မိုဝူကျိက ဝန်ခံလိုက်သည် “ ဟုတ်တယ် … အဲဒါက ကျုပ်ရဲ့ အားအပြင်းဆုံး ပညာရပ် သက်ရှိလောကတိုက်ကွက်ပဲ ”
“ သက်ရှိလောက ” ခွန်းယွင်က သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် ပြန်ဖြေပေးလိုက်သည် “ မဆိုးပါဘူး … နာမည်ကောင်းလေးပဲ။ သတ္တကမ္ဘာနဲ့ လိုက်ဖက်တာပေါ့ ”
မိုဝူကျိက စိတ်ထဲ၌ အံ့ဩတုန်လှုပ်သွားသည်။ ဤလူက သတ္တကမ္ဘာလက်ချောင်း ပညာရပ်အား အမှန်တကယ် သိနေသည်။
ခွန်းယွင်က ဆက်ပြောလိုက်သည် “ မင်း လောကခုနှစ်ခုကို ဖြတ်လာတဲ့ လျို့ဝှက်ပညာရပ်ကို ရဖို့ အခွင့်အရေးကောင်း ရခဲ့တာပဲ။ ငါ့အမြင်တော့ သတ္တကမ္ဘာ ပညာရပ်က ကျိန်စာပညာရပ်တွေထက် ပိုသာတယ်။ မင်းက ထိပ်ဆုံးကို မရောက်သေးရုံလေးပဲ ”
မိုဝူကျိက မကျေမနပ် ပြောလိုက်သည် “ ကျုပ်က သတ္တကမ္ဘာလက်ချောင်း ပညာရပ်မှာ တတိယမြောက် တိုက်ကွက်အထိ သုံးနိုင်ပြီ။ ဘယ်လိုလုပ် ထိပ်ဆုံးအထိ မရောက်သေးတာလဲ ”
“ သတ္တကမ္ဘာ လက်ချောင်း ပညာရပ်လို့ မင်း နာမည် ပေးထားတာလား။ မဆိုးပါဘူး ” ခွန်းယွင်က သိုဝှက်မထားဘဲ ပြောချလိုက်သည် “ မင်း ဒီလက်ချောင်းကို အသုံးပြုနိုင်တဲ့ အကြောင်းအရင်းက မင်းက လူသားတာအိုကို ကျင့်ကြံလို့ပဲ။ မဟုတ်ရင် ပထမလက်ချောင်း တိုက်ကွက်တောင် ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။ သတ္တကမ္ဘာ လျို့ဝှက်ပညာရပ် အစစ်အမှန်က တကယ်ကို ကန့်သတ်ချက်မဲ့တယ်။ လက်တစ်ဖက် ဆန့်ထုတ်လိုက်ရုံနဲ့ မိုးမြေကိုတောင် ပြောင်းပြန် လှန်ပစ်နိုင်စွမ်း ရှိပြီးတော့ စကြဝဠာကြီးကိုလည်း စုတ်ဖြဲပစ်နိုင်တယ်။ ကြယ်တာရာတွေဆိုတာကလည်း လက်တစ်ဆုပ်အတွင်းမှာပဲ … မင်းရော လုပ်နိုင်လား ”
ဤသည်က မိုဝူကျိအား တိတ်ဆိတ်သွားစေသည်။ ခွန်းယွင်က အမှန်အတိုင်း ပြောပြနေကြောင်း သိပေသည်။ သူ့အား လိမ်ညာနေစရာ အကြောင်းလည်း မရှိပေ။ မကြာခင် သူက မတ်တတ်ရပ်လိုက်ပြီးနောက် ခွန်းယွင်အား လေးလေးစားစား ဦးညွှတ်ကာ “ အစ်ကိုခွန်းကပဲ ကျုပ်ကို သင်ပြပေးနိုင်မလား ”
ခွန်းယွင်က ရယ်မောရင်း မိုဝူကျိအား လက်ညိုးထိုးကာ “ မင်းက အရမ်းဖားလွန်းသွားပြီ။ ငါက မင်းစီနီယာမှန်း သိရက်နဲ့ နာမည်ပဲ ခေါ်ပြီးတော့ အခု အကြံဉာဏ်လိုတော့မှ အစ်ကိုခွန်း လာခေါ်နေတယ်။ မင်းကို ဘာအကြံမှ မပေးဘူး ”
မိုဝူကျိက သူ မျက်နှာသာပေးသည့်အချိန် ခွန်းယွင်သည် မောက်မောက်မာမာ ပြူမူလိမ့်မည်ဟု မထင်ထားသောကြောင့် အေးစက်စက်သာ ပြန်ဖြေလိုက်သည် “ ဘာအကြံမှ မပေးရင်လည်း ထွက်သွားတော့ …. ကျုပ်ကျင့်ကြံတော့မယ် ”
ခွန်းယွင်က နှာခေါင်းကို ပွတ်ကာ မိုဝူကျိအား အမူအယာကင်းမဲ့စွာ ပြန်ကြည့်လိုက်ပြီး “ မင်းက ကိုယ့်စကားကို ပြန်ရုတ်သိမ်းချင်နေတာ မဟုတ်ပါဘူးနော့ ”
“ ကျုပ်စကားကို ဘာလို့ ပြန်ရုတ်သိမ်းရမှာလဲ။ အခုထိ ဆယ်နှစ်မှ မပြည့်သေးတာ … အခု ကျုပ် ကျင့်ကြံဖို့ လိုအပ်တယ် ”
“ကောင်းပြီလေ မင်းကို နည်းနည်း ထောက်ပြပေးလိုက်မယ်။ မင်းရဲ့ သတ္တကမ္ဘာက ဘယ်ကနေ ဆင်းသက်လာမှန်း မသိပေမဲ့ ပုံသဏ္ဍာန်ပဲ ရှိတယ်။ အစစ်အမှန် စည်းမျည်းတွေ မရှိဘူး။ မင်းက လူသားတာအိုကို မင်းစည်းမျည်းအတွက် ဌားသုံးနေတာပဲ။ မင်းရဲ့ လူသားတာအိုက မပြီးပြည့်စုံသေးခင် မင်းအနေနဲ့ သတ္တကမ္ဘာကို အသုံးပြုမယ်ဆိုရင် သိပ်အရေးပါမှာ မဟုတ်သေးဘူး။ အဲဒါကြောင့် မင်းက ကောင်းကောင်း နားမလည်ဘဲ သတ္တကမ္ဘာ လက်ချောင်းပညာရပ်ကို လေ့ကျင့်နေတယ်လို့ ပြောတာ ” ခွန်းယွင်က မိုဝူကျိတစ်ယောက် သူ့စကား ပြန်ရုတ်သိမ်းသွားမည်ကို စိုးရိမ်မိသည်။ သူက နှစ်များစွာ အချိန်ပေး၍ ဤလူကို လိုက်ရှာထားရသည် မဟုတ်ပါလော။
“ အဲဆို ကျုပ်ရဲ့ သတ္တကမ္ဘာလက်ချောင်း ပညာရပ်ရဲ့ အစစ်အမှန် အင်အား ရလာအောင် ဘယ်လိုလုပ်ရမလဲ ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။ သူ လက်လျော့နိုင်သည့် အခွင့်အရေး မဟုတ်ပေ။
ခွန်းယွင်က လေထုထဲ ညွှန်ပြကာ “ တကယ်လို့ မင်း တစ်ရက်ကျ သတ္တကမ္ဘာကျောက်တုံးကို ရှာတွေ့ခဲ့မယ်ဆိုရင် အဲကနေ အသိအမြင် ရရှိလာလိမ့်မယ်။ အဲဆို သတ္တကမ္ဘာ လက်ချောင်းပညာရပ်ရဲ့ အစစ်အမှန် အင်အားကို အဓိပ္ပါယ်ပေါက်လာနိုင်မဲ့ အခွင့်အရေးတချို့ ရလာလိမ့်မယ် ”
“သတ္တကမ္ဘာ ကျောက်တုံးလား ” မိုဝူကျိက သတ္တကမ္ဘာ ကျောက်တုံးဆီ နှစ်ကြိမ် ရောက်ဖူးထားသည်။
ခွန်းယွင်က ခေါင်းညိတ်ကာ “ ဟုတ်တယ် … သတ္တကမ္ဘာ ကျောက်တုံး။ အဲဒါက ဘယ်နေရာမှာလဲလို့တော့ လာမမေးနဲ့ ။ ငါ သိရင်တောင် မင်းကို မပြောပြဘူး ”
“ ကျုပ် သိပါပြီ။ အဲဆို သတ္တကမ္ဘာကျောက်တုံးအကြောင်း ပြောပြပေးနိုင်မလား ” မိုဝူကျိက တည်တည်ငြိငြိမ်ဖြစ်အောင် ထိန်းလိုက်သည်။ သူက သတ္တကမ္ဘာကျောက်တုံးအကြောင်း သိထားသော်လည်း ခွန်းယွင်ရှေ့၌ ပေါ်သွား၍ မဖြစ်ပေ။
မိုဝူကျိအား ဝေ့ကြည့်လိုက်ပြီးနောက် ခွန်းယွင်က ပြောလိုက်သည် “ မင်းက ငါ့နောက်လိုက်ပြီး ပေါပေါများများ သိနေတာပဲ။ မင်းကို ပြောပြလိုက်လို့ ဘာမှ မထူးပါဘူး။ သူတို့က သက်ရှိလောက၊ မြေအောက်လောက၊ အင်မော်တယ်လောက၊ နတ်ဘုရားလောက၊ အမှောင်ထု လောကနဲ့ ကံကြမ္မာ လောကတို့ပဲ ”
“ခြောက်ခုပြ ရှိသေးတယ် ” မိုဝူကျိက ပြောလိုက်၏။
“ အခုနှစ်ခု ရှိတယ်။ မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်နေလွန်းလို့ ခြောက်ခုပဲ မြင်ရတာ … မင်းဆီမှာ အသိအမြင် လုံလုံလောက်လောက် မရှိသေးဘူး။ မင်းရဲ့ ကျင့်ကြံဆင့်က လုံလောက်သွားပြီဆိုရင် ငါက ခုနှစ်လောကအကြောင်း ပြောပြခဲ့တာ သိလိမ့်မယ် ”
မိုဝူကျိ၏ စိတ်အတွင်း၌ သိပ်မယုံပေ “ ခင်ဗျား မသိရင်လည်း ထပ်မမေးတော့ပါဘူး။ ဒါပေမဲ့ မိစ္ဆာ၊ နတ်ဆိုး၊ ဝိညာဉ်၊ ငရဲနဲ့ တခြားလောကတွေ ဘာလို့မပါတာလဲ ”
မိုဝူကျိက ကမ္ဘာမြေမှ ဖြစ်သောကြောင့် လောကခုနှစ်ခုသည် ခွန်းယွင် ပြောသည့် လောကခုနှစ်ခု မဟုတ်ကြောင်း သိထား၏။
“ အဲဒါကြောင့် မင်းရဲ့ ကျင့်ကြံဆင့်က မလုံလောက်သေးဘူးလို့ ပြောတာလေ။ မဟာတာအိုက ကန့်သတ်ချက် ကင်းမဲ့တယ်။ မင်းရဲ့ လမ်းစဉ်အဆုံးထိ ရောက်သွားတာနဲ့ မိစ္ဆာ၊ နတ်ဆိုးနဲ့ တခြားမျိုုးနွယ်စုတွေကြားမှာ ဘယ်လိုကွဲပြားနေလဲဆိုတာ သိလာလိမ့်မယ် ” ခွန်းယွင်က လက်ဝေ့ပြကာ မိုဝူကျိ၏ မေးခွန်းကို ဖြတ်ပြောလိုက်သည်။
“မင်းမှာ မေးစရာ ရှိသေးလား ” မိုဝူကျိက တိတ်ဆိတ်သွားသည်ကို မြင်၍ ခွန်းယွင်က ပျော်ပျော်ရွှင်ရွှင်ဖြင့် နောက်မေးခွန်း မေးလိုက်သည်။
မိုဝူကျိက ခေါင်းခါကာ “ မရှိတော့ဘူး ”
တချို့မေးခွန်းများက လက်ရှိခွန်းယွင်ကို မေးဖို့ရာ မသင့်တော်ပေ။ နမူနာအားဖြင့် သူက အင်မော်တယ်လောကသို့ ပြန်သွားနိုင်သည့် နည်းလမ်း သို့မဟုတ် သူ ရောက်လာသော နတ်ဘုရားနယ်မြေနှင့် ခွန်းယွင်၏ အသိစိတ်ပင်လယ်ကြားရှိ ဆက်သွယ်ချက်တို့ကို မေးမြန်းလိုသော်လည်း စောင့်ဆိုင်းရဦးမည် ဖြစ်၏။
“ မင်းမှာ ထပ်မေးစရာ မရှိတော့ရင် စကျင့်ကြံကြတာပေါ့။ ငါက ကမ္ဘာဦး စိတ်ဝိညာဉ်စွမ်းအားတွေ ရှိနေတဲ့ နေရာကို တွေ့ထားတယ်။ ဟီးဟီး …. ကြည့်ရတာ ဆယ်နှစ်က နည်းနည်းတောင် ရှည်သွားသလိုပဲ ” ခွန်းယွင်က ရယ်မောရင်း ထရပ်လိုက်သည်။
မိုဝူကျိက လှုပ်ရှားသွားခြင်းမရှိဘဲ အေးအေးဆေးဆေး ပြန််ပြောလိုက်သည် “ နတ်ဘုရားမျိုးနွယ်က ကျိန်စာပညာရပ်ကို သုံးနိုင်တယ်။ ခင်ဗျားမှာ ခုခံဖို့ နည်းလမ်း ရှိရင် ရှိပေမဲ့ ကျုပ်ဆီမှာ မရှိဘူး ”
ခွန်းယွင်က ထေ့ငေါ့ပြောလိုက်သည် “ နတ်ဘုရားမျိုးနွယ်ရဲ ကျိန်စာပညာရပ် သုံးနိုင်တဲ့ ပညာရှင်က နတ်ဘုရားနယ်မြေက လူတွေကို မောင်းထုတ်ခဲ့တာက အဲဒီနေရာက ကျင့်ကြံရေး အရင်းအမြစ်တွေကို နတ်ဘုရားမျိုးနွယ်ဝင်တွေ ရအောင်လို့လေ။ တကယ်လို့ မင်းက ဒီလိုမျိုးကို ကြောက်နေရင်တော့ မင်းနဲ့ အလုပ်တွဲလုပ်မိတာ မှားတာပဲ … ပြီးတော့ မင်း သုံးလိုက်တဲ့ ကျင့်ကြံရေး အရင်းအမြစ်ဆိုတာ ပမာဏနည်းနည်းလေးပဲ … အဲအစား ဘာလို့ ငါနဲ့ အတူတူ မလိုက်တာလဲ ”
အစပိုင်းတွင် မိုဝူကျိက ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးနှင့် မိုးမြေ မီးပြင်းဖိုရှိ စွမ်းအားကို အသုံးပြုလိုပေသည်။ သို့သော် ခွန်းယွင်၏ နောက်ဆုံးစကားကြောင့် လှုပ်ရှားမိသွားသည်။ ထို့ကြောင့် သူက ပုံမှန်အတိုင်းသာ မေးလိုက်၏ “ ကျုပ်တို့တွေ ဘယ်နေရာ သွားမှာလဲ ”
“ အရွှက်မဲ့ တောအုပ် ” ခွန်းယွင် ပါးစပ်မှ ထိုစကားသံ ထွက်ပေါ်လာသည်။
***