← Chapters

မိတ်ဆွေနှစ်ယောက်

Vol. 76 Ch. 1048

မိတ်ဆွေနှစ်ယောက်

Vol. 76 Ch. 1048

ဤနေရာတွင် နတ်ဘုရားမျိုးနွယ်၊ နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားနယ်မြေမှ လူများစွာ ရှိနေကြသည်။ မိုဝူကျိအား နားမလည်ဖြစ်သွားစေသည်က နတ်ဘုရားမျိုးနွယ်နှင့် နတ်ဘုရားလောက ကျင့်ကြံသူများသည် ကမ္ဘာမကြေ ရန်သူများ ဖြစ်ကြသော်လည်း မည်သည့်ဘက်ကမှ မလှုပ်ရှားကြသေးပေ။ ကြည့်ရသည်မှာ အားလုံးအတွက် ကျင့်ကြံရေးက အရေးကြီးဆုံး ဖြစ်နေဟန် ပေါ်၏။

ဤနေရာတွင် ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက် အကြီးကြီး ရှိနေပြီး မိုဝူကျိက အားလုံးသည် အစွန်အဖျားတွင် ရပ်နေရင်း ဝင်မသွားကြသည့် အကြောင်းအရင်းကို နားလည်သွားသည်။

ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက် ဦးဆုံး ပေါ်ထွက်လာသည့်အခါ စည်းမျည်းများက ပရမ်းပတာ ရှုပ်ထွေးလျက် ရှိသည်။ တကယ်လို့ အထဲဝင်သွားပါက ကိုယ်ပိုင်တာအိုမှာ အစီအစဉ်မကျ ဖြစ်သွားပြီး အထဲတွင် မကျင့်ကြံရသော်လည်း ကျင့်ကြံခြင်း သွေဖယ်သွားနိုင်သည်။

စည်းမျည်းအမျိုးမျိုး ရှင်းလင်းပြတ်သားလာပြီးသည့်အခါမှ ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများက မည်မျှ ထွက်လာစေကာမူ စည်းမျည်းများ ကြည်လင်သွားသည့် နေရာအဖြစ် ပြောင်းလဲပြီးသည့်နောက်မှ တိုက်ပွဲစဖြစ်ကြမည် ဖြစ်၏။

နတ်ဘုရားမျိုးနွယ်ဝင် နတ်ဘုရားအုပ်စိုးသူ အဆင့် ၇ ကျင့်ကြံသူက ရုတ်ချည်း ထွက်လာကာ ကြေညာလိုက်သည်  “ ဒီနေရာမှာ လူအရမ်းများလွန်းပြီးတော့ နေရာက ကျဉ်းကျဉ်းလေးပဲ ရှိတယ်။ အဲဒါကြောင့် ဒီနေရာကို ငါးပိုင်းအဖြစ် ခွဲကြဖို့ အကြံပြုချင်တယ်။ တစ်ဘက်ချင်းစီက ပြိုင်ဖို့ လူဆယ်ယောက်စီ လွှတ်ကြမယ်။ ထိပ်ဆုံးငါးယောက်က အဲဒီ နေရာငါးခုကို ရလိမ့်မယ် ”

အားလုံးက ထပ်၍ ရှင်းပြစရာ မလိုတော့ဘဲ ဤနတ်ဘုရားအုပ်စိုးသူက နတ်ဘုရားမျိုးနွယ်ရော၊ နတ်ဘုရားလောကကိုပါ ဆိုလိုကြောင်း သိလိုက်ကြတော့သည်။ မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ နတ်ဘုရားလောကရှိ လူများသည် ကျိန်စာပညာရပ်ကြောင့် လူနည်းနည်းသာ ရောက်လာကြောင်း သိလိုက်ရသည်။ လူသုံး၊ လေးထောင်အနက် သုံးထောင်နီးပါးလောက်က နတ်ဘုရားမျိုးနွယ်ဝင် ကျင့်ကြံသူများ ဖြစ်ပြီး လူတစ်ထောင်နီးပါးလောက်က နတ်ဘုရားလောကမှ ဖြစ်ကြသည်။

ကျင့်ကြံဆင့် အမြင့်ဆုံးရှိသည့် နတ်ဘုရားအုပ်စိုးသူ ငါးယောက်အနက် လေးယောက်မှာ နတ်ဘုရားမျိုးနွယ်ဝင်များ ဖြစ်ကြပြီး  နတ်ဘုရားလောက၌ နတ်ဘုရားအုပ်စိုးသူ အဆင့် ၆ တစ်ယောက်သာ ပါရှိသည်။ နတ်ဘုရားလောကနှင့် နတ်ဘုရားမျိုးနွယ်ကြား ကွာဟချက်မှာ သိသာနေသောကြောင့် ရှင်းရှင်းလင်းလင်း သိသာနေသည်။

“ ထူးဆန်းလိုက်တာ …. ဒီနေရာမှာ နတ်ဘုရားမျိုးနွယ်က လူတွေအများကြီး ရှိနေတာကို သူတို့က ဘာလို့ တစ်ခါတည်း ထွက်မလာတာလဲ ” မိုဝူကျိက နားမလည်နိုင် ဖြစ်နေမိသည်။ နတ်ဘုရားမျိုးနွယ်နှင့် နတ်ဘုရားလောကကြားရှိ ရန်ငြိုးပေါ် မူတည်၍ သူတို့က နတ်ဘုရားလောကမှ ကျင့်ကြံသူအားလုံးကို သတ်ပစ်ဖို့ရာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

“ မင်းက အခုမှ အရွက်မဲ့တောအုပ်ကို ရောက်ဖူးတာလား ” အစပိုင်းတွင် မိုဝူကျိ၏ မေးခွန်းက ခွန်းယွင်ကို ဦးတည်၍ မေးလိုက်သော်လည်း အနီးအနားရှိ နတ်ဘုရားလောကမှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်က မေးခွန်းဖြင့် ပြန်တုံ့ပြန်လိုက်သည်။

“ ဟုတ်ပါတယ် … ကျုပ်က အခုမှ ရောက်လာတာပါ ” မိုဝူကျိက ခေါင်းညိတ်ကာ ဖြေလိုက်သည်။

ဤကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်

“ အရွက်မဲ့တောအုပ်ထဲမှာ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ကို တွေ့တာနဲ့ တိုက်ပွဲတွေ ဖြစ်လေ့ရှိတယ်။ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်က ဝိညာဉ်စွမ်းအားတချို့ ရှိတော့  တိုက်ပွဲအတွင်း သတ်ဖြတ်ငွေ့တွေက စည်းမျည်းတွေဆီ စိမ့်ဝင်သွားတယ်လေ။ အဲဒါနဲ့ စည်းမျည်းတွေ နောက်တစ်ဖန် ပြန်လည် ရှင်းလင်းပြတ်သားလာဖို့ ထပ်စောင့်ရရော  … ပြီးတော့ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်က  တိုက်ပွဲအတွင်း နေရာရွေ့ပြောင်းသွားတာမျိုးလည်း ဖြစ်တတ်တယ်

အဲဒါတွေအပြင် ဒီနေရာမှ မပြောဘဲ အလိုလို ရှိနေတဲ့ စည်းမျည်းလဲ ရှိတယ်။ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်အတွက် တိုက်ပွဲကို အပြင်မှာပဲ လုပ်ဖို့လေ။ တိုက်ပွဲအဆုံးသတ်သွားရင် အနိုင်ရသူက ဗဟိုချက်ကို အပိုင်ရမယ်။ တခြားဘယ်သူကမှ သူ ကျင့်ကြံနေတုန်း မနှောင့်ယှက်ရဘူး ”

ဤရှင်းပြချက်က မိုဝူကျိအား အခြေအနေကို ပိုမို နားလည်သွားစေသည်။ ဤပြောစရာမလိုသည့် စည်းမျည်းက အားလုံးအတွက် အကျိုးရှိပေသည်။ မည်သူကမှ ကျင့်ကြံနေစဉ်အတွင်း နှောင့်ယှက်ခံလိုမည် မဟုတ်ပေ။ သို့သော်လည်း ဤစည်းမျည်းက အဖွဲ့လိုက် ပတ်သတ်နေသည့်အခါ၌သာ အသုံးဝင်မည် ဖြစ်၏။ အကယ်၍ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက် ပေါ်လာသည့်အခါ လူနည်းနည်းသာ ရှိနေလျင် တစ်ဖက်က အခြားတစ်ဖက်ကို အမြစ်ဖြတ်အကုန်ရှင်းလင်းပြီး ကျင့်ကြံမည်သာ ဖြစ်ပေသည်။

နတ်ဘုရားမျိုးနွယ်ဝင် ကျင့်ကြံသူ အကြံပြုချက် အဆုံးတွင် မည်သူကမှ မဆန့်ကျင်ကြပေ။ လက်တွေ့၌ နတ်ဘုရားလောကရှိ မည်သူကမှ ဆန့်ကျင်ရလောက်အောင်အထိ အားမကောင်းကြပေ။ နတ်ဘုရားလောကရှိ အားအကောင်းဆုံးသူမှာ နတ်ဘုရားအုပ်စိုးသူအဆင့် ၆ သာ ဖြစ်ပြီး နတ်ဘုရားမျိုးနွယ်တွင် နတ်ဘုရားအုပ်စိုးသူ အဆင့် ၉ နှစ်ယောက်နှင့် နတ်ဘုရားအုပ်စိုးသူ အဆင့် ၈ တစ်ယောက် ရှိ၏။

မည်သူကမှ ထမပြောသည်ကို မြင်သောအခါ နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားအုပ်စိုးသူ အဆင့် ၇ ကျင့်ကြံသူက ဆက်ပြောလိုက်သည်

“ ဒီလိုဆိုရင် မင်းတို့တွေလည်း အပြင်ဘက်အတွက်  လူလေးဆယ့်ငါးယောက်ကို လွှတ်လိုက် …. ”

နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားအုပ်စိုးသူအဆင့် ၇ ကျင့်ကြံသူ စကားမဆုံးခင် ပုံရိပ်တစ်ခုက ဖြတ်ခနဲ ဖြတ်ပြေးသွားသည်။

မိုဝူကျိက ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ဆီ ပြေးသွားသည့် ပုံရိပ်ကို မြင်လိုက်သောအခါ သူလည်း တွေဝေမနေဘဲ လိုက်သွားလိုက်သည်။ ပြေးဝင်သွားသူမှာ ခွန်းယွင်သာ ဖြစ်ပြီး ထိုအခိုက်အတန့်လေး၌ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်၏ စည်းမျည်းများက ကြည်လင်လာသည်။

ခွန်းယွင် လှုပ်ရှားလိုက်သည့် နည်းလမ်းမှာ မိုဝူကျိအတွက် အံ့ဩမသွားစေပေ။ ခွန်းယွင်လို ပညာရှင်တစ်ယောက်အတွက် သူ့ကျင့်ကြံဆင့်မှာ ဆုတ်ယုတ်နေသော်လည်း နတ်ဘုရားမျိုးနွယ်ဝင် ကျင့်ကြံသူများ တားထားနိုင်မည့် အဆင့် မဟုတ်ပေ။ သူက သူ လုပ်ချင်တာကို လုပ်မည် ဖြစ်ပြီး ခွန်းယွင် အမြင်၌ နတ်ဘုရားအုပ်စိုးသူ အဆင့် ၇ ၏ ပြောစကားများက မရှိသည့် လေအလား ဖြစ်နေလိမ့်မည်။

“ မင်းက သေချင်နေတာပဲ …” ခွန်းယွင်က ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ဆီ အပြေးအလွှား ဝင်သွားသည်ကို သတိပြုမိကာ နတ်ဘုရားမျိုးနွယ်ဝင်၏ နတ်ဘုရားအုပ်စိုးသူ သုံးယောက်က ရှေ့တက်လာသည်။ နှစ်ယောက်မှာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၉ ဖြစ်ပြီး တစ်ယောက်မှာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၈ ဖြစ်၏။ သူတို့သုံးယောက်နောက်တွင် နောက်ထပ် နတ်ဘုရားအုပ်စိုးသူ နှစ်ယောက် ပါလာပြီး တစ်ယောက်ကား ပြိုင်ပွဲလုပ်ကာ နေရာခွဲသည့် အစီအစဉ်ကို အကြံပြုခဲ့သည့် နတ်ဘုရားအုပ်စိုးသူ အဆင့် ၇ ဖြစ်ပေသည်။

မိုဝူကျိက ခွန်းယွင်အတွက် ဤနတ်ဘုရားအုပ်စိုးသူများကို ရှင်းပစ်ရသည်မှာ အသေးအမွှား ကိစ္စလေး ဖြစ်ကြောင်း သိ၍ စိတ်မပူပေ။

သူ ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်ထဲ ဝင်လိုက်သည်နှင့် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက ချက်ချင်း အလုပ်ရသွားသည်။ သူက ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်၏ မူလဇာစ်မြစ်နေရာကို အတည်ပြုလိုက်နိုင်၏။

ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်အတွက် အရင်းအမြစ်နှစ်ခု ရှိနေပြီး ဘေးပတ်လည်တွင် အခြားသော စိတ်ဝိညာဉ်ဗဟိုချက် အသေးလေးများ ရှိနေသည်။ အရင်းအမြစ်နှစ်ခုထဲမှ တစ်ခုကို ခွန်းယွင်က အပိုင်စီးထားသည့်အတွက် မိုဝူကျိက နောက်တစ်ခုကို ယူလိုက်သည်။ ထို့နောက် သူက အစီအရင်အလံအမျိုးမျိုးကို ပစ်လွှတ်ကာ မှော်သင်္ကေတများ တစ်ခုပြီး တစ်ခု ရေးထွင်းလိုက်သည်။

သူ ပထမဆုံး ခင်းကျင်းလိုက်သည့် အစီအရင်မှာ ကာကွယ်ရေး အစီအရင် မဟုတ်ဘဲ သေမင်းထောင်ချောက် အစီအရင်သာ ဖြစ်၏။

ခွန်းယွင်က ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ထဲသို့ ဦးဆုံး ဝင်လာသူ ဖြစ်သောကြောင့် ပညာရှင်တချို့က သူ့နောက် လိုက်လာကြသည်။ မိုဝူကျိက ဒုတိယမြောက် ဝင်သူ ဖြစ်သော‌ကြောင့် သူ့နောက်သို့ လိုက်လာသူများ ရှိသည်မှာ မလွဲဧကန်ပင်။ ထို့ကြောင့် သူက သေမင်းထောင်ချောက် အစီအရင် ပြင်ဆင်နေရခြင်း ဖြစ်၏။

မိုဝူကျိ၏ အစီအရင်တာအိုမှာ ခွန်းယွင်ထက် နှိမ့်ကျနေသော်လည်း သူ့စိတ်စွမ်းအား၏ အမြန်နှုန်းနှင့် အင်အားမှာ ပြိုင်ဖက်ကင်း ပေ၏။

နတ်ဘုရားအုပ်စိုးသူ အဆင့် ၅ ကျင့်ကြံသူက သူ့ဦးတည်ရာအတိုင်း ရောက်လာသည့်အခါ သူက ပထမဆုံး အဆင့် ၄ သေမင်းထောင်ချောက် အစီအရင်ကို အပြီးသတ်ပြီးသွားလေပြီ။

နတ်ဘုရားအုပ်စိုးသူ အဆင့် ၅ ကျင့်ကြံသူက မိုဝူကျိ၏ သေမင်းထောင်ချောက်အတွင်း ကျရောက်လာသည်နှင့် မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် လခြမ်းကွေး ပုဆိန်လှံရှည် တစ်ချက်ဖြင့် လေဟုန်ဆန်မြစ် တစ်စင်း ကျရောက်လာကာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၅ ကျင့်ကြံသူ၏ စွမ်းအားစက်ကွင်းအား တစစီ ဖျက်စီးပစ်လိုက်၏။

မိုဝူကျိက သူ့သေမင်းထောင်ချောက် အစီအရင်ကို အသုံးမပြုဘဲ နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားအုပ်စိုးသူ အဆင့် ၅ ကို အင်အားလျော့သွားစေသည်။ ဤနတ်ဘုရားအုပ်စိုးသူက  ဝါရင့် တိုက်ပွဲဆင်နွဲသူတစ်ယောက် ဖြစ်သောကြောင့် မိုဝူကျိ၏ စွမ်းအားစက်ကွင်း သူ့ဆီ ရောက်လာသည့်အခါ မိုဝူကျိအတွက် ပြိုင်ဖက် မဖြစ်နိုင်ကြောင်း သိလိုက်သည်။ ထိုစဉ် သူက မိုဝူကျိနှင့် ရင်ဆိုင်ဖို့ရာ မည်သို့ ဆက်လက် စဉ်းစားနိုင်ဦးမည်နည်း။ သူက တတ်နိုင်သမျှ မြန်မြန်သာ နောက်ဆုတ်ဖို့ ကြိုးပမ်းလိုက်သည်။

သို့သော်လည်း မိုဝူကျိက မည်သို့ ခွင့်ပြုပေးနိုင်မည်နည်း။ နောက်ထပ် အစီအရင်အလံနှစ်ခုကို ထုတ်လိုက်သည့်အခါ အဆင့် ၄ သေမင်းထောင်ချောက် အစီအရင်က လျှပ်စီးချက်များ ကျရောက်လာပြီး နတ်ဘုရားမျိုးနွယ်ဝင် နတ်ဘုရားအုပ်စိုးသူအား ပိတ်လှောင်ထားလိုက်၏။ လခြမ်းကွေး ပုဆိန်လှံရှည်မှ နောက်ထပ် အလင်းတန်းတစ်ချက် ထွက်ပေါ်လာသည့်အခါ ထိုအလင်းတန်းချက်ကြောင့် နတ်ဘုရားအုပ်စိုးသူ အပိုင်းပိုင်း အစစ ပြတ်သွားသောကြောင့် နောက်မဆုတ်နိုင်တော့ပေ။

မိုဝူကျိက လက်စွပ်ကို သိမ်းဆည်းလိုက်ပြီးနောက် နောက်ထပ် အစီအရင်အလံများကို ထပ်ပစ်လိုက်ပြီး အဆင့် ၄ သေမင်းထောင်ချောက် အစီအရင်အား အဆင့် ၅ အဖြစ် ပြောင်းလဲလိုက်သည်။

ထို့နောက် မိုဝူကျိက မရပ်တန့်သေးပေ။ သူက ကာကွယ်ရေး အစီအရင်ကို စတင် ခင်းကျင်းလိုက်သည်။ ကာကွယ်ရေး အစီအရင်နှင့် သေမင်းထောင်ချောက် အစီအရင် ပူးတွဲခင်းကျင်းခြင်းက သူ့အကြံသာ ဖြစ်၏။

ထိုစဉ် သူ့စိတ်စွမ်းအားဖြင့် ခွန်းယွင်ဘက်ကို  အာရုံခံကြည့်လိုက်သည်။ ခွန်းယွင်၏ ကာကွယ်ရေး အစီအရင်က သူ့ထက်ပင် စောစောစီးစီး ပြီးစီးသွားသေး၏။ ခွန်းယွင် ဘေးပတ်လည် မီတာ ၂၀၀ အား အပိုင်သိမ်းထားသည်။ ခွန်းယွင်နောက်မှ လိုက်လာသည့် နတ်ဘုရားအုပ်စိုးသူ ကျင့်ကြံသူတချို့ကား အရိပ်အယောင်ပင် မမြင်ရတော့ပေ။

မိုဝူကျိက ထိုနတ်ဘုရားအုပ်စိုးသူ ကျင့်ကြံသူများသည် ခွန်းယွင် လက်ချက်ဖြင့် ဇိဝန်ချုပ်သွားကြောင်း သိလိုက်၏။ ခွန်းယွင်၏ အစီအရင်တာအိုအရ လက်တစ်ဖက် မြှောက်လိုက်ရုံနှင့် အဆင့် ၆ သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းနိုင်လိမ့်မည်။ ထိုအစီအရင်အတွင်း ဝင်လာသူများသည် ကိုယ့်သေတွင်းကို တူးခြင်းသာ ဖြစ်ကြ၏။

တစ်ဖက်တွင် မိုဝူကျိ၏ ကာကွယ်ရေး အစီအရင်မှာ မီတာငါးရာ ကျယ်ဝန်းပြီး ခွန်းယွင်ထက် နှစ်ဆမက ပိုကြီးမားပေသည်။

ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ဆီ အရင်ဆုံး ပြေးဝင်လာသူ နှစ်ဦးမှာ ခွန်းယွင်နှင့် မိုဝူကျိတို့ ဖြစ်ကြသည်။ ထို့နောက် သူတို့နောက် လိုက်ပါလာသော နတ်ဘုရားအုပ်စိုးသူ ခြောက်ယောက် ဖြစ်ကြသည်။ သို့သော်လည်း အဆုံးသတ်၌ ထိုလူခြောက်ယောက်မှာ အစအနပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားရသည်။

မိုဝူကျိနှင့် ခွန်းယွင်တို့မှာ သွားရှုပ်၍ မရသည့်သူတွေမှန်း အရူးပင် သိလိမ့်မည်။ နှစ်ယောက်လုံးက ကာကွယ်ရေး အစီအရင်၊ သေမင်းထောင်ချောက် အစီအရင် အသီးသီး ခင်းကျင်းပြီးသွားသည့်နောက်တွင် မည်သူကမှ သူတို့ကို ရန်မစရဲကြတော့ပေ။ ကျန်ရှိနေသော ကျင့်ကြံသူထောင်ချီတို့က သူတို့နေရာ ရဖို့ရာအတွက် တိုက်ပွဲ ဖြစ်ကုန်ကြသည်။

ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက် အပြင်ဘက်ရှိ တိုက်ပွဲကိုတော့ မည်သူကမှ ဆက်လက် ဂရုမစိုက်တော့ပေ။

ပိုင်နက်အသေးလေး ရသည့် ကျင့်ကြံသူတိုင်း သူတို့နေရာကို မှတ်သားထားလိုက်ကြပြီး ကာကွယ်ရေး အစီအရင် ခင်းကျင်းလိုက်ကြသည်။

သာမာန်အခြေအနေအောက်၌ မီတာတချို့ ပတ်လည်က လုံလောက်နေလေပြီ။ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်က ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအားများကို နေရာအနှံ့ ပြန့်နှံ့သွားစေမည် မဟုတ်ပါလော။ မိုဝူကျိနှင့် ခွန်းယွင်လိုမျိုး မီတာရာချီ သတ်မှတ်ထားသည့်သူများကိုတော့ အရူးအဖြစ် သတ်မှတ်နေကြသည်။

ပိုင်နက်အကြီးကြီး သတ်မှတ်တော့လည်း ဘာအရေးလဲ …. နတ်ဝိညာဉ်စွမ်းအားတွေက အားလုံး ဝေမျှသုံးရမှာပဲ မဟုတ်ဘူးလား ….

သိပ်မကြာခင် မည်သူကမှ ထိုယုံကြည်ချက်ကို ဆက်လက် စွဲကိုင်မထားတော့ပေ။ မိုဝူကျိ၏ ပိုင်နက်တွင် ဖြစ်စေ သို့မဟုတ် ခွန်းယွင်၏ ပိုင်နက်တွင် ဖြစ်စေ နတ်ဝိညာဉ်စွမ်းအား ဝဲဂယက်များ ဖြစ်ပေါ်လာကြသည်။ ထိုဝဲဂယက်များသည် သူတို့ မှတ်သားထားသည့် နေရာမှ နတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူရုံသာမက ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက် အပြင်ဘက်ရှိ နတ်ဝိညာဉ်စွမ်းအားများကိုလည်း ဆွဲယူနေသည်။

ဤမျှကြောက်ခမန်းလိလိ ကျင့်ကြံရေးတိုးတက်နှုန်းနှင့် မည်သူကမှ မိုဝူကျိနှင့် ခွန်းယွင်တို့အား အရူးဟု မထင်ကြတော့ပေ။

ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက် အရင်းအမြစ်နှစ်ခုကို ထိုလူနှစ်ယောက်က တွေ့ထားသော်လည်း အပြင်ဘက်တွင် စိတ်ဝိညာဉ် ဗဟိုချက် အသေးလေးများ ရှိနေသေး၏။ သူတို့ကြားရှိ တစ်ခုတည်းသော ခြားနားချက်မှာ မိုဝူကျိနှင့် ခွန်းယွင်တို့က သူတို့ ကျင့်ကြံနေစဉ်အတွင်း ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ရှိ အရင်းအမြစ်နှစ်ခုမှ စွမ်းအားများကို စုပ်ယူရုံသာမက အပြင်ဘက်ရှိ နတ်ဝိညာဉ်စွမ်းအားများကိုလည်း စုပ်ယူနေကြသေး၏။

သူတို့ကို ဒေါသထွက်ကြသော်လည်း မည်သူကမှ မကျေမနပ် မလုပ်ရဲကြပေ။

သူတို့ဦးခေါင်းအထက်ရှိ ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအား  ဝဲဂယက်သည် တဖြည်းဖြည်း ကြီးမားလာကာ တချို စိတ်ဝိညာဉ်ဗဟိုချက် အသေးလေးများက ခမ်းခြောက်လာပြီး နောက်ထပ် နတ်ဝိညာဉ်စွမ်းအားကို ထုတ်မပေးနိုင်တော့ပေ။

လူအများစုက ပြန်မထခင် နေ့တစ်ဝက်လောက်သာ ကျင့်ကြံနိုင်လိုက်၏။ သူတို့က မိုဝူကျိနှင့် ခွန်းယွင်တို့၏ ကျင့်ကြံရေး နေရာအား အားကျတကြီး ကြည့်မိလိုက်ကြသည်။ သို့သော်လည်း သူတို့က နောက်ထပ် ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက် ရှာရန် သက်ပြင်းချကာ ထွက်သွားလိုက်ရ၏။

မူလ လူစည်ကားလှသော နေရာတွင်  သွေးကွက်တချို့နှင့် ကမ္ဘာဦး နတ်ဝိညာဉ် ဝဲဂယက်နှစ်ခုသာ ကျန်ရှိနေတော့သည်။

ကျင့်ကြံသူအားလုံးက ထွက်သွားကြပြီ ဖြစ်၏။

အစပိုင်း မသိနားမလည်သော ကျင့်ကြံသူ တစ်ယောက်၊ နှစ်ယောက်က သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအား ဝဲဂယက်ကြောင့် ဆွဲငင်ခံလိုက်ရပြီး တိုးဝင်သွားကြသေးသည်။ သို့သော်လည်း သူတို့ကား နောက်တစ်ဖန် ပြန်လည် ထွက်မလာနိုင်တော့ချေ။

ခွန်းယွင်က ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ထဲ ဝင်သွားစဉ်မှစ၍ မိုဝူကျိအပေါ် အသေးစိတ် စောင့်ကြည့်နေလေ၏။ သူက မိုဝူကျိသည် အချိန်တိုလေးအတွင်း နောက်ထပ် ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ကို ရှာတွေ့သွားကြောင်း သိသွားသည့်အခါ အံ့ဩခြင်းထက် ပို၍ ထိတ်လန့်မိသွားသည်။ သိပ်မကြာခင် သူက မိုဝူကျိ၏ ကျင့်ကြံရေးမှ ရုတ်ရုတ်သည်သည်း ဖြစ်သွားစေခြင်းမှာ သူ့ထက် ကြီးမားနေကြောင်း သတိပြုမိလိုက်၏။ ကမ္ဘာဦး နတ်ဝိညာဉ်စွမ်းအား ဝဲဂယက်ကလည်း သူ့ထက် ပို၍ သိပ်သည်းနေသောကြောင့် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

ကျင့်ကြံရာ၌ သူ့ဘာသာ လေ့လာဖန်တီးထားသော လူတစ်ယောက်က ဤမျှအထိ ရုတ်ရုတ်သည်းသည်း ဖြစ်စေခဲ့သည်။ ကြည့်ရသည်မှာ ခွန်းယွင်၏ ခန့်မှန်းချက်က မှန်ကန်နေပုံ ပေါ်၏။ ဤလူက သူ တွေးထားသည်ထက် ပို၍ အံ့ဩဖို့ ကောင်းနေသေး၏။

မိုဝူကျိ၏ ကြောက်ခမန်းလိလိ ကျင့်ကြံနှုန်းကို တွေးကာ ခွန်းယွင်က သူ့အတွေးများကို ပြန်လည် စုစည်းကာ ကျင့်ကြံနှုန်းကို တိုးမြင့်လိုက်သည်။ သူက မိုဝူကျိ သူ့ထက် ကျင့်ကြံဆင့် ကျော်လွန်သွားဖို့ ခွင့်မပြုနိုင်ပေ။ သူ့အမြင်၌ မိုဝူကျိက အလွယ်တကူ အလုပ်တွဲလုပ်၍ ရသည့်သူ မဟုတ်ပေ။

***

All Chapters