အပိုင်း(၅၀၁)
Vol. 34 Ch. 501
ရှစ်ဖုန့်ကသူ့ကိုယ်သူ သခင်လေးဟုခေါ်သူအား ဂရုမစိုက်ဟန်ဖြင့်ကြည့်လိုက်သည်။ကျိမို့က အရပ်မြင့်မြင့်၊ကျယ်ပြန့်သော ပခုံးနှင့်အနက်ရောင်ပုံရိပ်အား ကြက်သေသေစွာကြည့်နေသည်။
အစောက အခြားသူက သူ့အား အနိုင်ကျင့်စော်ကားသည့်အခါတွင် ဤလူက သူ၏ရှေ့၌ရပ်တည်ပေးခဲ့သည်။
ရှစ်ဖုန့်က ကြမ်းကြုတ်ခက်ထန်နေသာ ရှန်းယွမ်အားကြည့်၍ အမိန့်ပေးသောလေသံဖြင့်အေး
စက်စွာပြောလိုက်သည်။
“အရင်ဆံဒး..ဒီသခင်လေးရဲ့ကျားကို မင်းက မင်းရဲ့လေးနဲ့ပစ်တယ်.. အခု ဒူးထောက်ပြီးတော့ ဒိသခင်လေးရဲ့ကျားကိုတောင်းပန်စမ်း.ဒုတိယအနေနဲ့ ခုဏက မင်းဒီသခင်လေးရဲ့ မိတ်ဆွေကိုစော်ကားခဲ့တယ်..မင်းရဲ့လျှာကိုဖြတ်ပစ်လိုက်စမ်း”
“ဒူးထောက်ရမယ်.ငါ့လျှာကိုဖြတ်ပစ်ရမယ်ဟုတ်လား. မင်းညီကိုပဲသွားဖြတ်ပါလား”
ရှန်းယွမ်က သူ့ကိုယ်အတွင်းရှိအားအကုန်သုံး၍ အော်ဟစ်လိုက်သည်။ထို့နောက် ဒေါသအိုးပေါက်ကွဲသောသားရဲရိုင်းတစ်ကောင်ကဲ့သို့ဖြစ်ကာ စိတ်လွတ်သွားပုံပေါ်သည်။ ဤအချိန်တွင် ရှန်းယွမ်၏လက်သည်းတို့မှ အစိမ်းရောင်လျှပ်စီးတို့ပေါက်ကွဲထွက်
ပေါ်လာ၏။ လျှပ်စီးကြောင်းကလက်သည်းပတ်လည်တွင်စီးဆင်းနေပြီး အက်ကွဲသောအသံများကိုထုတ်လွှတ်နေသည်။
“သခင်လေး.သတ်ပစ်”
သူတို့၏သခင်လေးဖြစ်သူက တစ်ဟုန်ထိုးဖြစ်နေသည်ကို မြင်သောအခါ သူ့နောက်ရှိတုတ်ခိုင်သောလူသုံးယောက်ကလည်း ပျံသန်းလာပြီး ရှစ်ဖုန့်ထံသို့ တိုးဝင်လိုက်သည်။ သန်မာသောလူများထဲမှတစ်ယောက်က သူ၏ညာလက်သီးကိုဆုပ်ထားပြီး လက်သီးတစ်လုံးပစ်သွင်းလိုက်၏။ဧရာမလက်သီးရိပ်ကြီးတစ်ခုပေါ်လာပြီးပြင်းထန်စွာဖြင့်ရှစ်ဖုန့်ထံပေါက်ကွဲဦးတည်လာသည်။
အခြားသန်မာသောလူတစ်ယောက်၏လက်တို့၌ မီးလုံးနှစ်ခုကပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက်သူ၏လက်တို့အားသူ့ရင်ဘက်ရှေ့သို့ အတူတကွပူးပက်ရိုက်လိုက်သည်။
မီးတောက်များကအပေါ်သို့ထိုးတက်သွားပြီး ဧရာမမီးတောက်ဓားကြီးအဖြစ်ပြောင်းသွားကာ ရှစ်ဖုန့်ထံသို့ခုတ်ပိုင်းကျဆင်းလာသည်။
နောက်ဆုံးသောတုတ်ခိုင်သည့်လူက ပျံသန်းနေရင်း သူ၏ခြေထောက်တို့အားအဆက်မပြတ်ကန်နေသည်။ သူ၏ကန်ချက်မှ တစ်ဆင့်လေစီးကြောင်းမှ သိပ်သည်းဖြစ်တည်လာသော မရေတွက်နိုင်သော လေဓားများထွက်ပေါ်လာသည်။၎င်းတို့ကရှစ်ဖုန့်၏ကိုယ်အား အပိုင်းပိုင်း ပိုင်းဖြတ်ပစ်ချင်နေသည့်ပုံပေါ်၏။
“ဟမ့်”
ဘိုးဘေးနယ်ပယ်တုတ်ခိုင်သော
လူသုံးယောက်က အရင်ဆုံးတိုက်ခိုက်သည်ကိုမြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။ထို့နောက်သူ၏တတိယ တိုက်စားခြင်းနတ်ဆိုးမျက်လုံးအား ဖွင်လိုက်ပြီး တိုက်စားခြင်းအနက်ရောင်မြူများပန်းထွက်လာကာ လေထဲသို့တလိပ်လိပ်ဦးတည်သွားသည်။
ဘိုးဘေးနယ်ပယ် တုတ်ခိုင်သောလူသုံးယောက်၏တိုက်ခိုက်မှုမှာ ရှစ်ဖုန့်၏ တလိပ်လိပ်ထနေသော တိုက်စားခြင်းအနက်ရောင်မြူတို့အောက်၌ ရုတ်ခြည်းဝါးမျိုခံလိုက်ရသည်။ ဘိုးဘေးနယ်ပယ်တုတ်ခိုင်သန်မာ
သောလူသုံးယောက်၏ မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုများ
ဖြင့်ပြည့်နှက်နေသည်။
ထို့နောက်ရှစ်ဖုန့်ကြောင့်ထွက်ပေါ်လာသော တိုက်စားခြင်းအနက်ရောင်မြူခိုးများက ဧရာမအနက်ရောင်မြူခိုးဓားသုံးစင်းအဖြစ် သိပ်သည်းဖွဲ့စည်းသွားသည်။ အနက်ကရောင်တိုင်လုံးကြီးသုံးလုံးကဲ့သို့ အနက်ရောင်မြူဓားများက သန်မာသော လူသုံးယောက်ထံသို့ ဦးတည်သွား၏။
“ဒါက”
တုတ်ခိုင်သန်မာသောလူသုံးယောက်မှာ သူတို့ထံသို့ ပျံသန်းဦးတည်လာနေသည့် ထူးဆန်းပြီး ဆန်းကြယ်သော အနက်ရောင်မြူဓားသုံးစင်းအား ကြည့်နေသည်။ မျက်စိတစ်မှိတ်အတွင်း
၎င်းက တုတ်ခိုင်သောလူသုံးယောက်
ရှေသို့ရောက်ရှိလာ၏။ သူတို့ထိတ်လန့်တုန်လှုပ်စွာဖြင့်
အော်ဟစ်လိုက်ကြသည်။
“မဟုတ်ဖူး”
စကားမဆုံးခင် မြူဓားသုံးစင်းက တုတ်ခိုင်သန်မာသောလူသုံးယောက် ၏ခန္ဓာကိုယ်အားထွင်းဖောက်သွားပြီး သူတို့၏တစ်ကိုယ်လုံးနီးပါးအား ဝါးမျိုသွားသည်။ သူတို့၏မျက်လုံးများကပြူးကျယ်နေပြီး ထိတ်လန့်ကြောက်ရွံ့နေသော
အမူအယာများဖြင့် ဦးခေါင်းတို့သာ ထွက်ပေါ်နေသည်။
သို့သော် အချိန်တို့က ရပ်တန့်သွားပုံပေါ်၏။ ဦးခေါင်းသုံးလုံး၏မျက်နှာထက်ရှိ ထိတ်လန့်ကြောက်ရွံ့နေသော
အမူအယာများက ထပ်မံလှုပ်ရှားခြင်းမရှိတော့ချေ။ ထို့နောက်အနက်ရောင်မြူဓားသုံးစင်းက သွေးနီရောင်အတန်းရှည်သုံးခုအဖြစ်ပြောင်းလဲသွားပြီး ရှစ်ဖုန့်ထံသို့ပျံသန်းလာသည်။
သူတို့က ရှစ်ဖုန့်၏လက်ဖဝါးအတွင်းပျံ
သန်းဝင်ရောက်လာပြီး ရှစ်ဖုန့်၏ ဝါးမျိုခြင်းကိုခံလိုက်ရသည်။
မြင်သာစွာထွက်ပေါ်နေသော ဦးခေါင်းသုံးလုံးမှာမူ ရေဓာတ်များဆုံးရှုံးသွားရသကဲ့
သို့လျှင်မြန်စွာခြောက်သွေ့ရှုံ့တွသွားသည်။
ရှစ်ဖုန့်က ဘိုးဘေးနယ်ပယ်တုတ်ခိုင်သန်မာ
သောလူသုံးယောက်အားသတ်
ပစ်ခဲ့သည်ဖြစ်သည်။ ၎င်းအားဖော်ပြရန်အချိန်ကြာ
မြင့်လှသော်လည်း တကယ်တမ်းဖြစ်ပျက်သွားသည်ကား ရုတ်ခြည်းဆန်သည်ဖြစ်၏။ ရူးသွပ်သွားသော သခင်လေးဖြစ်သူ ရှန်းယွမ်ပင် သူ၏လက်အောက်ငယ်သားများနှင့်
သူ၏အနောက်ဘက်ရှိကြီးစွာသော
ပြောင်းလဲမှုများကြုံသွားရခြင်းကို သဘောပေါက်လိုက်ပေ။ သူရှစ်ဖုန့်ထံသို့သားရဲရိုင်းတစ်ကောင်ကဲ့သို့ ဆက်လက်ချီတက်လာပြီး သူ၏လက်သည်းများ၌ အစိမ်းရောင်လျှပ်စီးများလင်းလက်နေသည်။
“ဖြန်း”
ရုတ်တရက်ကြွပ်ဆက်သောအသံတစ်ခုကတောင်ထိပ်ပေါ်၌ ထပ်မံထွက်ပေါ်လာ၏။သခင်လေးရှန်းယွမ် ရှစ်ဖုန့်အနားသို့ရောက်ခါနီးတွင် ရှန်းယွမ်ဘယ်ဘက်မျက်နှာ၏ လေထုဘေး၌ အဖြူရောင်လက်ဝါးရိပ်တစ်ခုပေါ်လာသည်။ထို့နောက် ၎င်းက ရှန်းယွမ်၏ဘယ်ဘက်မျက်နှာအား ပြင်းထန်စွာ ဖြတ်ရိုက်ချလိုက်သည်။
“အား”
ရှန်းယွမ်တစ်ယောက်နာကျင်စွာဖြင့်ထပ်မံအော်ဟစ်လိုက်သည်။ ပါးရိုက်ချက်ကြောင့် ရှန်းယွမ်၏ကိုယ်ကနောက်တစ်ကြိမ်နောက်သို့ လွင့်ထွက်သွားပြန်သည်။ သူ၏ဘယ်ဘက်မျက်နှာပြင်ပေါ်တွင် အစောပို်ငးက ညာဘက်ခြမ်းမျက်နှာပြင်မှာကဲ့သို့ နီရဲသောလက်ဝါးရာတစ်ခုရှိနေ၏။
သို့သော် ဤတစ်ကြိမ်တွင် ရှန်းယွမ်မှာယခင်ကကဲ့သို့ ကံမကောင်းချေ။ နောက်သို့လွင့်ထွက်သွားပြီးနောက် သူ၏ငယ်သားများကသူ့အားမဖမ်းခဲ့ပေ။ “ဘန်း” ဟူသောအသံနှင့်အတူ ရှန်းယွမ်၏ကိုယ်မှာ မြေပြင်ပေါ်သို့ပြင်းထန်စွာပြုတ်ကျသွားသည်။
“အား”
အလိုလိုက်ထားသဖြင့်ဆိုးချင်တိုင်းဆိုးနေသော သခင်လေးရှန်းယွမ်မှာနောက်ထပ်တစ်ကြိမ် နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။ ထို့နောက်သူ၏ပြုတ်ကျသွားသောကိုယ်က မြေပြင်ပေါ်၌ ဖုန်မှုများကို ထသွားစေသည်။
“အဟွတ်..အဟွတ်.အဟွတ်..အဟွတ်..အဟွတ်..အဟွတ်.”
ဖုန်ထုအလယ်တွင် ရှန်းယွမ်၏ ပြင်းထန်သောချောင်းဆိုးသံများနှင့် အော့အန်သံတို့အား ကြားရသည်ဖြစ်သည်။
တောင်ထိပ်ပေါ်၌အေးစက်သော
လေပြင်းတစ်ချက်တိုက်ခတ်လာကာ ဖုန်မှုန်တို့အား
အဝေးသို့ လွင့်ပြယ်သွားစေပြီး မြေပြင်ပေါ်၌လဲနေသည့် ဖုန်အလူးလူးနှင့် ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။
“အဟွတ်..အဟွတ်..အဟွတ်..အဟွတ်..ဝေါ့”
ရှန်းယွမ်မှာ မြေပြင်ထက်၌လဲနေပြီး မရပ်မနားချောင်းဆိုးနေသည်။ထို့နောက်နောက်ထက်သူ၏ပါးစပ်မှပါးစပ်အပြည့် သွေးတစ်ပွက်အန်ထုန်လိုက်ရပြီး သူ၏အစိမ်းရောင်ဝတ်စုံရင်ဘက်နား
တစ်ဝိုက်အား အနီရောင်တို့စွန်းထင်းသွားစေ၏။
ဤအချိန်တွင်သခင်လေးရှန်းယွမ်မှာယခင်ကသဲ့သို့မောက်မာသည့်ဟန်ပန်များရှိမနေတော့ပေ။ ထိုအစား မုဒိန်းကျင့်ခံရသော သူတောင်းစားတစ်ယောက်နှင့်တူ၏။
သို့သော် လက်အောက်ငယ်သားများအားဆုံးရှုံးသွားရပြီး ရူးသွပ်သွားသလိုဖြစ်ခဲ့သော ရှန်းယွမ်မှာ ခန္ဓာကိုယ်ကမြေပြင်ထက်၌လဲနေရင်း သူ၏ခေါင်းအားအနည်းငယ်မော့
လိုက်သည်။လေထဲ၌ဧရာမအနက်ရောင်မြူဓား သုံးစင်းထွက်ပေါ်လာသည်ကို ရှန်းယွမ်တွေ့လိုက်ရ၏။ မြူဓားသုံးစင်း၏ အထက်တွင် ဦးခေါင်းသုံးလုံးကလွင့်မျောနေသည်။
ထို့နောက်၎င်းတို့က အသက်ရှိနေသကဲ့သို့ ဦးခေါင်းသုံးလုံးက အနည်းငယ်လှုပ်ရှားသွားပြီး ဖြည်းညှင်းစွာလည်ပတ်ရင်းရှန်း
ယွမ်ထံသို့ဦးတည်လာ၏။
“အား..အား..အား..အား..ဒါက”
ရှန်းယွမ်၏မျက်နှာမှာ ညစ်ပေနေပြီး ထိတ်လန့်ကြောက်ရွံ့သောအမူအ
ယာတစ်ခုအားပြသနေသည်။ သူထိတ်လန့်စွာဖြင့်အော်ဟစ်လိုက်သည်။ အနက်ရောင်မြူဓားထက်မှဦးခေါင်းသုံးလုံးက လှည့်ပတ်နေသည်ကိုသူမြင်တွေ့လိုက်ရသည်။ ၎င်းတို့က ခြောက်သွေ့သောအလောင်းကောင်
များကဲ့သို့ ရှုံ့တွသောဦးခေါင်းသုံးလုံးဖြစ်သည်။
ရှုံ့တွနေသောဦးခေါင်းသုံးလုံးမှာ သူ၏လက်အောက်ခံဖြစ်သော တုတ်ခိုင်သန်မာသည့်လူသုံး
ယောက်နှင့်ဆက်နွယ်နေသည်မှာသိသာသည်။
“ဘာ…ဘာတွေဖြစ်နေတာလဲ..မင်းတို့ကဘယ်လိုဖြစ်ပြီးတော့ဒီလိုဖြစ်သွားရတာလဲ..မင်း..”
ရှန်းယွမ် ရုတ်တရက်တစ်စုံတစ်ခုအားသဘောပေါက်သွားသည်။ သူ၏အကြည့်တို့အား ရွှေ့လိုက်ပြီး ကျားဖြူထက်ရှိ အနက်ရောင်ပုံရိပ်ထံသို့ကျရောက်သွားသည်။ ၎င်းကအေးစက်ပြီးခြားနားမှုမရှိသောမျက်နှာတစ်ခုဖြစ်သည်။
“ဝေါင်း”
ကျားဖြူကဟိန်းလိုက်သည်။ ထို့နောက်၎င်းက ရှစ်ဖုန့်နှင့်ကျိမို့တို့အားသယ်ဆောင်၍ သခင်လေးရှန်းယွမ်ထံသို့ဦးတည်လာသည်။
“မင်းဘာလုပ်ချင်လို့လဲ”
ရှန်းယွမ်ကသူ့ကိုယ်သူမြေပြင်
ပေါ်၌လက်နှစ်ဖက်ထောက်ကာ ထလိုက်သည်။ ကျားဖြူချဉ်းကပ်လာသည်အား
တွေ့လိုက်ရသောအခါတွင် သူ၏လက်၊ခြေတို့ဖြင့် နောက်ပြန်တွားသွားလိုက်သည်။
“မင်းကြောက်လို့လား”
နောက်သို့ဆုတ်ခွာနေသော ရှန်းယွမ်အားကြည့်၍ ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် အနက်ရောင်မြူဓားသုံးစင်းက လေထဲ၌ ပျောက်ကွယ်သွားသည်။
“ဘန်း..ဘန်း..ဘန်း.”
အသံသုံးခုနှင့်အတူ အနက်ရောင်မြူဓားများ၏ထောက်ပံ့မှုမရှိတော့သောအခါတွင် ရှုံ့တွနေသော ဦးခေါင်းသုံးလုံးမှာ လျှင်မြန်စွာမြေပြင်ပေါ်သို့ပြုတ်ကျလာပြီး အဝေးသို့လှိမ့်ထွက်သွားသည်။
မူလကအသက်ရှိနေသေးသောလည်းယခုအခါ၌ လှိမ့်ထွက်သွားသော ရှုံ့တွနေသည့်ဦးခေါင်းသုံးလုံးသာကျန်ရှိတော့သည့်သူ၏လက်အောက်ငယ်သား
သုံးယောက်အားကြည့်ရင်းရှန်းယွမ် ပါးစပ်အပြည့်တံတွေးတစ်ငုံမြိုချလိုက်သည်။ သူ၏ဦးခေါင်းအား ဖြည်းဖြည်းချင်းမော့လိုက်ပြီး သူ၏အကြည့်တို့အား ထပ်မံရွေ့လျားလိုက်သည်။ ကျားဖြူပေါ်ရှိရှစ်ဖုန့်အား ထပ်မံကြည့်၍ သူကပြောလိုက်သည်။
“အကိုရှစ်ဖုန့်”
“မင်း..မင်းငါ့ကိုသတ်လို့မရဘူး.အကယ်၍မင်းငါ့ကိုသတ်ရင် မင်းအသက်ရှင်နိုင်မှာမဟုတ်ဖူး ..ငါက .ငါ့အဖေ ရှန်းအောင်ရှင်းရဲ့ တစ်ဦးတည်းသောသားပဲ..အကယ်၍မင်းငါ့ကိုသတ်ရင် မင်းကမ္ဘာအဆုံးထိပြေးရင်တောင် ငါ့အဖေကမင်းကိုလွှတ်ပေးမှာမဟုတ်ဖူး”
“ဒီသခင်လေးကမင်းကိုသတ်မယ်
လို့မပြောပါဘူး…မင်းလိုအမှိုက်မျိုးကိုလားဒီသခင်လေးကသတ်ရမှာ..ဒီသခင်လေးက သူ့ရဲ့လက်တွေကို မညစ်စွန်းချင်ဘူး”
ရှစ်ဖုန့်ကလေလွင့်ခွေးတစ်ကောင်
နှင့်မခြားသော ရှန်းယွမ်အားကြည့်၍ အေးစက်စွာပြောလိုက်သည်။
“ဒါပေမဲ့……”
ဆက်ရန်…………
ဘာသာပြန်သူ-ARISE