← Chapters

အပိုင်း(၅၀၂)

Vol. 34 Ch. 502

အပိုင်း(၅၀၂)

Vol. 34 Ch. 502

“ဒါပေမဲ့”

ရှစ်ဖုန့်က   သူတောင်းစား တစ်ယောက်နှင့်တူနေသော ရှန်းယွမ်အားကြည့်၍ပြောလိုက်သည်။

“ဒီသခင်လေးကမင်းပစ်လိုက်တဲ့

ဒီသခင်လေးရဲ့ ကျားဖြူကို ဒူးထောက်ပြီးတော့ တောင်းပန်ရမယ်လို့ပြောခဲ့တယ်”

“မင်းဒီသခင်လေးရဲ့မိတ်ဆွေကိုစော်ကားခဲ့တဲ့အတွက်  မင်းရဲ့လျှာကိုဖြတ်ပစ်ရမယ်”

“အား.ငါ့ရဲ့လျှာကိုဖြတ်ပစ်ရမယ်..ဟင့်အင်း. မင်းလုပ်လို့မရဘူး”

ရှန်းယွမ်ကသူ၏ဦးခေါင်းအား ပြင်းပြင်းထန်ထန်ခါ၍ ငြင်းဆိုသည်။

“ငါသာငါ့ရဲ့လျှာကိုဖြတ်လိုက်ရင် ဆွံ့အတဲ့ဒုက္ခိတတစ်ယောက်ငါဖြစ်သွား

မှာမဟုတ်ဖူးလား. ငါကအဲ့တာကိုဘယ်လိုလုပ်နိုင်မှာလဲ.. ငါကငါ့အဖေရဲ့တစ်ဦးတည်းသောသားပဲ. အကယ်၍မင်းသားငါ့လျှာကိုဖြတ်ပစ်လိုက်ရင်ငါ့အဖေကမင်းကိုလွှတ်ပေးမှာမဟုတ်ဖူး”

ရှစ်ဖုန့်ကသူ့အား သူ၏ဖခင်ဖြစ်သူရှန်းအောင်ရှင်းကြောင့် မသတ်ဟုယုံကြည်သည်။

ရှန်းယွမ်မှတ်မိတတ်စအရွယ်ကတည်းက  သူ့ဖခင်ဖြစ်သူကသူ့အားတုန်နေအောင်ချစ်သည်ဟုသာတွေးခဲသည်ဖြစ်သည်။ သူ၏ဖခင်သာရှိနေလျှင်မိုး

ကောင်းကင်ကြီးပြိုကျလာလျှင်တောင် ထိုဒေါင်မြင့်မြင့်ပုံရိပ်က သူ့အတွက်၎င်းအား မထားလိမ့်မည်ဖြစ်၏။

ဤအချိန်တွင် ရှစ်ဖုန့်၏ခြိမ်းခြောက်မှုအားခံနေရသောရှန်းယွမ်မှာ ထိုလူအားအရမ်းတွေ့ချင်လာသည်။

“ကျွန်တော်ဒူးထောက်ပါတယ်..

ကျွန်တော်ဒူးထောက်ပါတယ်အကိုကျား ..အကိုကျားကိုကျွန်တော်မပစ်ခဲ့သင့်ပါဘူး. ကျေးဇူးပြုပြီးကျွန်တော့်ကိုခွင့်လွှတ်ပေးပါ..”

ရှန်းယွမ်ကသနားညှာတာပေးရန်တောင်းပန်၍ရှစ်ဖုန့်၏ရှေ့၌ဒူးထောက်ချလိုက်သည်။ သူ၏မျက်နှာကညစ်ပေရေနေပြီး  သူ၏ဆံပင်များကရှုပ်ပွနေသည်။သူ၏ပုံစက အရမ်းသနားဖို့ကောင်းနေ၏။

“မလုံလောက်သေးဘူး. မင်းရဲ့လျှာကိုမင်းဖြတ်ရမယ်”

ရှစ်ဖုန့် ရှန်းယွမ်အားကြည့်၍အေးစက်စွာ

ပြောလိုက်သည်။

“ရှစ်လေး.. ဘာလို့..ငါတို့….ဒါကိုခွင့်လွှတ်မပေးနိုင်ရမှာလဲ. သူကအခုအရမ်းသနားဖို့ကောင်းနေပါပြီ”

ရှစ်ဖုန့်၏ဘေးတွင်ကျိမို့က ရှန်းယွမ်အားကြည့်၍ပြောလိုက်သည်။

“ဟုတ်ပါတယ်..ဟုတ်ပါတယ် ..ကျွန်တော်မှားပါတယ်ဗျ.. ကျွန်တော်တကယ့်ကိုမှားသွားခဲ့ပါတယ်.. ကျေးဇူးပြုပြီးကျွန်တော့်ကိုလွှတ်ပေးပါ”

ကျိမို့၏ စကားတို့အားကြားပြီးနောက်  ရှန်းယွန်ကထပ်မံလျှင်မြန်စွာ ဦးတိုက်ဂါရဝပြုလိုက်ပြီး သနားညှာတာပေးပါရန်ထပ်မံတောင်းပန်သည်။

“သနားဖို့ကောင်းတယ်လား”

ရှစ်ဖုန်က ထိုလူအားကြည့်၍ အေးစက်စွာပြောလိုက်သည်။

“သနားဖို့ကောင်းတဲ့လူတစ်ယောက်ဆီမှာမုန်းဖို့ကောင်းတဲ့အချက်ဆိုတာမရှိဘူး. မင်းမေ့သွားပြီလား..ခုဏကသူက

မင်းကိုသူရဲ့ညစ်ညမ်းတဲ့ပါးစပ်နဲ့စော်ကားခဲ့တာ..ပြီးတော့အဲ့တာကလည်းဒီသခင်လေးမှာသူတို့ကိုအနိုင်ယူနိုင်တဲ့စွမ်းအားမျိုးရှိနေခဲ့လို့. အကယ်၍များ  ဒီသခင်လေးမှာသာ လုံလောင်တဲ့ စွမ်းအားမျိုးရှိမနေခဲ့ရင်  ဒီသခင်လေးတို့ရဲ့အဖြူလေးကိုသူကသေအောင်ပစ်ရုံတင်မကဘူး. ဒီသခင်လေးတို့ကိုနှိပ်စက်ဖို့အတွက် ရက်စက်တဲ့နည်းလမ်းအချို့

ကိုလည်းသုံးလိမ့်မယ်”

“ခုဏတုံးကသူပြောခဲ့သလိုပဲ..သူက ဒီသခင်လေးတို့ကို  အရမ်းအရမ်းကို ဆိုးဆိုးဝါးဝါးနဲ့သေစေချင်တာ”

“ဒါက..ဟုတ်တယ်..ဒီလိုမျိုးကဒီလိုမျိုး ကိစ္စတွေကို  သေချာပေါက်လုပ်မဲ့သူပဲ…”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်  ကျိမို့ကခေါင်ညိမ့်ထောက်ခံလိုက်သည်။ ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက်၌ ကျိမို့ပင်လျှင်   ဤကဲ့သို့သောလူစားမျိုးက သူ၏ ကြင်နားသနားမှုနှင့်ထိုက်တန်မှု

မရှိဟုခံစားရသည်။

“အား”

ရှစ်ဖုန့်နှင့်ကျိမို့တို့ကြားမှာစကားသံအားကြားလိုက်ရပြီး  ရှစ်ဖုန့်၏ပြက်သားသော မျက်နှထားအားမြင်တွေ့လိုက်ရသောအခါတွင် ရှန်းယွမ်၏နှလုံးသားထဲ၌ အနည်းငယ်မြှင့်တက်လာခဲ့သော မျှော်လင့်ချက်တို့ ရုတ်ခြည်းအငွေ့ပျံသွားရသည်။

“မင်းသာငါ့ကို ဒုက္ခိတဖြစ်အောင်မလုပ်ဖူးဆိုရင်.မင်းလိုချင်တာမှန်သမျှငါလုပ်ပေးမယ်..ငါမင်းကိုလျော်ကြေးပေးမယ်..ငါမင်းကို လျော်ကြေးပေးချင်ပါတယ်..မင်းဘာကိုပဲလိုချင်သည်ဖြစ်စေ ငါမင်းကိုလျော်ကြေးပေးမယ်. ငါ့အဖေရှန်းအောင်ရှင်း က ရှန်းဟွေ့မြို့ရဲ့ အရှင်သခင်ပဲ. မိသားစု ချမ်းသာကြွယ်ဝမှုအရ မရေတွက်နိုင်တဲ့ ကမ္ဘာဦးကျောက်တုံးတွေနဲ့ရတနာတွေရှိတယ်”

ရှန်းယွမ်က ရှစ်ဖုန့်အားဆက်လက်အသနား

ခံနေဆဲဖြစ်သည်။

“မဟာသူတော်စင်အဆင်ယွမ်ဆေးလုံး. ငါ့အဖေ လွန်ခဲ့တဲ့အချိန်အချို့တုံးကမဟာသူတော်စင်အဆင့်ယွမ်ဆေးလုံးကိုရခဲ့တယ်..အဲ့ထဲမှာ ကောင်းကင်နဲ့မြေကြီးရဲခမ်းနားတဲ့ အသက်ဓာတ်တွေပါရှိတယ်.. ငါ့အဖေက ဒီဆေးလုံးကိုအစတုံးက အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲမှာ ဆက်သချင်ခဲ့တာ”

“မင်းသာငါ့ကိုလွှတ်ပေးတာနဲ့ ငါအဖေဆီကနေ  မဟာသူတော်စင်ယွမ်ဆေးလုံးကို မင်းကိုပေးဖို့အတွက်ငါတောင်းပေးနိုင်တယ်.. ငါ့အဖေမှာသားကငါတစ်ယောက်တည်းရှိတာ. ဒီတော့သူသေချာပေါက်မင်းကိုပေးမှာပဲ..”

ရှန်းယွမ်က သူ့အား ရှန်းအောင်ရှင်း၏ ကြွယ်ဝမှုများအကြောင်းပြောသောအခါ၌ ရှစ်ဖုန့်၏နှလုံးသားကလှုပ်ရှားခြင်းမှရှိပေ။ထို့နောက်ရှန်းယွမ်က  သူ့ဖခင်၏လက်ထဲမှ မဟာသူတော်စင်ယွမ်ဆေးလုံးအား သတိရသွားသည်။

ထို့အပြင်သူပြောနေသာ အရှင်မင်းကြီးဆိုသည်ကား ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်ဖြစ်သူအကြောင်းအား

ပြောနေခြင်းဖြစ်သည်။

“အိုး..မဟာသူတော်စင်ယွမ်ဆေးလုံးလား”

“မဟာသူတော်စင်ယွမ်ဆေးလုံး”ဟူသောစကားအား ကြားလိုက်ရသောအခါတွင်   ရှစ်ဖုန့်၏အမူအယာအနည်းငယ်ပြောင်းလဲသွားသည်။မဟာသူတော်စင်ယွမ်ဆေးလုံးက အဆင့်ရှစ်အဆင့်ဆေးဖြစ်သည်ကိုသူကောင်းစွာသိသည်ဖြစ်၏။ ၎င်းအဆင့်ရှစ်ဆေးအား အဆင့်ရှစ်အဆင့်ဆေးအမယ်များနှင့် အဆင့်ရှစ်အဆင့်သန့်စင်သူက

သန့်စင်ရသည်ဖြစ်သည်။မဟာသူတော်စင်ယွမ်ဆေးလုံး၏ ချီက ပေါကြွယ်ဝပြီးသန့်စင်ကာ  ခမ်းနားသည်ဖြစ်၏။

ရှစ်ဖုန့်၏ဒန်တန်က ပုံမှန်မဟုတ်သောအရာဖြစ်သည်။ သူသည်များပြားလှသောစွမ်းအင်ပမဏတို့ကိုလိုအပ်၏။ မဟာသူတော်စင်ဆေးလုံး၏ ချီကိုတို့သာသူဝါးမျိုလိုက်ပြီး  ကောင်းကင်နှင့်မြေကြီး၏အသက်ဓာတ်တို့အားစုပ်ယူလိုက်လျှင်   နောက်ထပ်အဆင့်တစ်ခုသို့သူ

တက်လှမ်းနိုင်စွမ်းရှိလိမ့်မည်ဖြစ်ကာ  ကြယ်ခြောက်ပွင့် သူတော်စင်နယ်ပယ်အဆင့်သို့ဝင်

ရောက်သွားလိမ့်မည်ဖြစ်သည်။

“မဟာသူတော်စင်ဆေးလုံး”

ရှစ်ဖုန့်ကသူ၏ပါးစပ်အားဖြည်းညှင်းစွာဖွင့်ဟ၍  ရှန်းယွမ်ထံသို့ကြည့်လိုက်သည်။

“မဟာသူတော်စင်ဆေးလုံးက  မင်းရဲ့ အသုံးမကျတဲ့လျှာကို လဲလှယ်ဖို့အတွက်လုံလောက်တယ်. “

စကားပြောရင်း ရှစ်ဖုန့်၏ညာလက်က လက်သည်းအဖြစ်ပြောင်းသွားကာ ရုတ်တရက် အမှိုက်ထံသို့စုပ်ယူလိုက်သည်။

“အား..အား..အား..အား..အား”

ရှန်းယွမ်မှာ ရုတ်ခြည်းငယ်သံပါအောင်အော်တော့၏။ သူ၏ကိုယ်ကသူ၏ထိန်းချုပ်မှုအောက်၌လုံးဝမရှိတော့ဘဲ  ရှစ်ဖုန့်ထံသို့ပျံသန်းနေသည်ကို သူသဘောပေါက်လိုက်သည်။

ရှစ်ဖုန့်၏ရှေ့သို့ ရှန်းယွမ်၏ကိုယ်ပျံသန်းရောက်ရှိ

လာသောအခါတွင်  ရှစ်ဖုန့်က  ရှန်းယွမ်၏ဆံပင်တို့အားသူ၏ညာလက်သည်းတို့ဖြင့် သာမန်ကာလျှံကာ ဆုပ်ကိုင်လိုက်သည်။

“အား..အား.အား..အုချ်.အုချ်…အုချ်”

ဆံပင်မွှေးတို့အားရှစ်ဖုန့်၏ ဆုပ်ကိုင်ခြင်းခံထားရသောရှန်းယွမ်မှာ   သူ၏ ဦးရေက  ဆုပ်ပြဲတော့မည်သကဲ့သို့ခံစားရသည်။  နာကျင်စွာဖြင့်ခပ်မြန်မြန်အော်ဟစ်လိုက်သည်။ ဤအချိန်တွင်  ရှန်းယွမ်၏မျက်နှာထက်၌ မောက်မာမှုနှင့်အထင်သေးမှုတို့လုံး

ဝရှိမနေတော့ပေ။ သခင်လေး၏ဟန်ပန်မျိုးလည်း

ထပ်ပြီးရှိမနေတော့ချေ။

“ရှန်းဟွေ့မြို့က ဘယ်ဘက်မှာရှိတာလဲ”

ရှစ်ဖုန့်က အမှိုက်ကောင်အားမေးလိုက်သည်။

“အား..အား. အနောက်ဘက်မှာ..ငါတို့အနောက်ဘက်ကိုဆက်ပြီးသွားတာနဲ့ ရှန်းဟွေ့မြို့ကို မကြာခင်မြင်တွေ့ရလိမ့်မယ်..အား.အား. အုချ်..အုချ်.. ငါမင်းကိုတောင်းပန်ပါတယ်.. ငါ့ကိုဒီလိုမျိုးမဆွဲထားပါနဲ့..နာလို့ပါ”

ရှန်းယွမ်က အော်၍ ပြန်ဖြေသည်။

“ဟမ့်”

အဆက်မပြတ်ငယ်သံပါအောင်အော်နေသော အမှိုက်ကောင်ကိုကြည့်၍  ရှစ်ဖုန့်အေးစက်စွာနှာမှုတ်လိုက်သည်။ ယခု ရှန်းဟွေ့မြို့၏ဦးတည်ချက်အား

သူသိပြီဖြစ်သောကြောင့်  အမှိုက်ကောင်အားသူထပ်မံ

ဂရုမစိုက်တော့ချေ။ သူက သူ့အောက်ရှိကျားဖြူအားပြောလိုက်သည်။

“အဖြူလေး. ရှန်းဟွေ့မြို့ရှိတဲ့ အနောက်ဘက်ကိုဆက်ပျံလိုက်”

“ဝေါင်း”

ကျယ်လောင်သောဟိန်းသံနှင့်အတူကျားဖြူက ကောင်းကင်ထဲ၌ဒုန်းဆိုင်းပြေးလိုက်သည်။

“ရှစ်ဖုန့်လေး.. ဒါကတကယ်ပဲ အဆင်ပြေပါ့မလား..သူတို့က ငါတို့ထျန်းလျန်အင်ပါယာရဲ့ ဧကရာဇ်မင်းကို မဟာသူတော်စင်ဆေးလုံးဆက်သကြမှာ…

အဲ့တာက အရှင်မင်းတရားကြီးဖြစ်တဲ့ဧကရာဇ်နဲ့

သက်ဆိုင်တဲ့အရာပဲ”

ရှစ်ဖုန့်၏နောက်၌ရှိနေသောကျိမို့က အံ့အားသင့်စွာပြောသည်။

“ဒီသခင်လေးမှ ဧကရာဇ်ကိုမသိတာ . ဘာကို သူ့ပစ္စည်းကိုယူလို့ထိခိုက်မှာလဲ"

ကျိမို့၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။ ထို့‌နောက် ရှစ်ဖုန့်ကပြောသည်။

“ဘာလဲမင်းက အရမ်းသစ္စာရှိပြီး မျိုးချစ်ကြီးမလို့  ဒီသခင်လေးကအဲ့တာကိုမပြောနိုင်ဘူးလား”

“ငါ…ငါ”

ကျိမို့က အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောသည်။

“ဒါပေါ့..ငါက ထျန်းလျန်အင်ပါယာရဲ့ နိုင်ငံသားပဲဟာ.ဒါပေါ့. ငါက သစ္စာရှိတဲ့မျိုးချစ်ကြီးပဲ”

“မင်းကအရမ်းသစ္စာရှိပြီး မျိုးချစ်လွန်းလို့ သူတို့ရဲ့ ဗိုလ်ချုပ် ကျိရှောင်းနဲ့ နဂါးဆင်စီးနင်းတပ်က မင်းကို လိုက်ဖမ်းနေတာပေါ့”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ငါ..ငါ”

ကျိမို့ထပ်မံအထစ်ထစ်အငေါ့ငေါ့ဖြစ်

သွားပြန်သည်။ ထို့နော်ကသူမကခေါင်းစဉ်ကိုပြောင်း

လဲပြောလိုက်သည်။

“ငါရုတ်တရက်နည်းနည်းပင်ပန်း

လာသလိုခံစားရတယ်.. ငါထိုင်ပြီးတော့ခဏလောက်အနား

ယူလိုက်အုံးမယ်”

ကျိမို့ကကျားဖြူ၏ကျောထက်၌

ထိုင်ချလိုက်သည်။ ထိုနောက် သူ ၏ညာလက်ပေါ်နဖူးတင်၍ မျက်လုံးတို့အားအနည်းငယ်မှိတ်ထားလိုက်၏။

ကျားဖြူက ကောင်းကင်ထဲ၌အကွာအဝေး

တစ်ခုရောက်သည်အထိခဏကြာ

ပြေးသွားပြီးနောက်   ရှစ်ဖုန့်ကသူ့အားဘာမှမေးခြင်းမရှိသည်ကိုကျိမို့သဘောပေါက်လိုက်သည်။ သူ၏မျက်လုံးအားဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး  ခေါင်းကိုအနည်းငယ်မော့၍ အနက်ရောင်ပုံရိပ်အားထပ်မံကြည့်လိုက်၏။ သူ၏ဆံပင်တို့နှင့် အနက်ရောင်ဝတ်ရုံတို့က လေထဲ၌တဖျပ်ဖျပ်လူးလွန့်နေသည်ဖြစ်သည်။

“ဒီသခင်လေးမှ ဧကရာဇ်ကိုမသိတာ . ဘာကို သူ့ပစ္စည်းကိုယူလို့ထိခိုက်မှာလဲ"

ရှစ်ဖုန့်၏စကားတို့က ကျိမို့၏စိတ်ထဲ၌ ရုတ်တရက်ပေါ်လာသည်။ ပုံရိပ်အားစိုက်ကြည့်ရင်း ကျိမို့တီးတိုးရေရွတ်လိုက်သည်။

“ဒီလူက တကယ် မောက်မာ အတ္တကြီးပြီးတော့ ကြီးစိုးတယ်.. သူကဧကရာဇ်ပစ္စည်းကိုတောင်ယူရဲတယ်. သူကတကယ်ကို အကြောက်တရားကင်းမဲ့တာပဲ”

“ဟီးဟီး..ဧကရာဇ်”

“ဧကရာဇ်”

“ဧကရာဇ်..ဟီးဟီးဟီး”

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters