← Chapters

ကျောင်းအသစ်

Vol. 7 Ch. Chapter 1

ကျောင်းအသစ်

Vol. 7 Ch. Chapter 1

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 1 - ကျောင်းအသစ်

ကျောင်းဝတ်စုံ ဝတ်ပြီးတဲ့နောက်မှ အီဗန်ပိုပြီး ယုံကြည်မှုရှိလာသလိုပဲ။ အခန်းထဲက ကိုယ်လုံးပေါ် မှန်ရှေ့မှာ ရပ်ရင်း စတိုင်တောင်ထုတ်နေမိသေးတာ။ ကျောင်းကပြောလိုက်တာတော့ ဒီဝတ်စုံတွေက တိုက်ပွဲဝင် ဝတ်စုံတွေလောက်ကို အကြမ်းခံတာတဲ့။ အီဗန်စမ်းကြည့်တော့လည်း တကယ်ဖြစ်နေခဲ့တယ်လေ။

"ဒီဇိုင်းက အတော်လေးမိုက်သားပဲ၊ ဘော့စတွန်က ကောင်တွေတောင် ဒီလောက်ကောင်းတဲ့ ဝတ်စုံမျိုးမရှိတာသေချာတယ်။"

အီဗန်က မှန်ထဲက သူ့ပုံရိပ်သူကြည့်ရင်း ခေါင်းညိတ်လိုက်တယ်။ သူ့အခန်းအပြင်ဘက် လှေကားကနေ သူ့အမေ လမ်းလျှောက်တက်လာတဲ့အသံကြားမှ သူသတိဝင်လာပြီး အသင့်ဖြစ်နေတဲ့ လွယ်အိတ်ကို ကောက်လွယ်လိုက်တယ်။

"အမေရေ၊ ကျွန်တော်အသင့်ဖြစ်ပြီ။" အီဗန်ရဲ့အမေကတော့ ကျောင်းသွားဖို့ ဘာမှပြောစရာမလိုသေးဘဲ ကျောင်းသွားဖို့အသင့်ဖြစ်နေပြီဖြစ်တဲ့ သူ့သားကိုကြည့်လိုက်ရင်း စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တယ်။

"နောက်ဆုံးတော့ သားကျောင်းသွားချင်စိတ် ပြန်ပေါ်လာပြန်ပြီပေါ့။ ဟိုရောက်မှ သားထင်ထားတာနဲ့ မလွှဲပါစေနဲ့လို့ မျှော်လင့်ရတာပဲ။"

အီဗန်ရဲ့အမေပ အီဗန်ရဲ့အခန်းထဲက ဗီရိုတစ်လုံးပေါ်ကို လှမ်းကြည့်ရင်း ပြောလိုက်တယ်။ အဲဲဒီဗီရိုပေါ်မှာ အီဗန်ငယ်ငယ်က ရခဲ့တဲ့ ထူးချွန်ဆုတွေအများကြီးပဲ။ ကင်းထောက်ဝတ်စုံနဲ့တံဆိပ်တွေတောင် ရှိသေးတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ အဲဒီဆုတွေအားလုံးက အများကြီးပိုငယ်တဲ့ အီဗန်ရဲ့ပစ္စည်းတွေ။ဆယ်ကျော်သက်အီဗန်ရဲ့ပုံစံနဲ့ ဆုတွေတစ်ခုမှာမပါဘူး။

"သားကျောင်းနောက်ကျတော့မယ်။" အမေလုပ်တဲ့သူက အခန်းတံခါးဝမှာပိတ်ရပ်နေလို့ ရွပိုးထိုးနေတဲ့

အီဗန်က ပြောလိုက်တယ်။ အီဗန့်မေမေက သူ့သားကို နောက်ကနေပြေးလိုက်ရင်း တစ်နေ့တာပြင်ဆင်ဖို့ လိုအပ်တာတွေကို မှာနေရတယ်။

"မနက်စာယူသွားဖို့မမေ့နဲ့ဦး၊ စားပွဲပေါ်မှာတင်ထားတယ်။ ပြီးတော့ သွေးအိတ်အပိုတွေယူသွား၊ နေရောင်သိပ်မခံနဲ့။"

....

ကျောင်းရှေ့ရောက်လာတော့ အီဗန်စကိတ်ပေါ်ကနေ ဆင်းပြီး ခြောက်ကပ်နေတဲ့ ကျောင်းတံခါးဝကြီးကို ငေးကြည့်နေမိတယ်။ သူ့ရှေ့ကနေ ကျောင်းသား နှစ်ယောက် တစ်ဝက်ဟထားတဲ့ တံခါးကို ဖြတ်သွားကြပေမဲ့ တိတ်ဆိတ်ပြီး သရဲခြောက်တဲ့စံအိမ်ကြီးလို ခံစားနေရတာတော့ အမှန်ပါပဲ။ ပြီးတော့ လုံခြုံရေးဆိုလို့ တံမြက်စည်းလှည်းနေတဲ့ အဖိုးကြီးတစ်ယောက်ပဲရှိတာ။

သူရပ်ကြည့်နေမိတုန်း သူ့ဘေးနားကို တခြားတစ်ယောက်ရောက်လာတယ်။ လှည့်ကြည့်လိုက်တော့ အပြီးမသတ်ရသေးတဲ့ စက်ရုပ်ဆိုင်ကယ်ကြီးနဲ့နျူရေဖြစ်နေတာ တွေ့လိုက်ရတယ်။

"လူနည်းလွန်းလို့ မယုံနိုင်ဖြစ်နေတာလား၊ ဒီကျောင်းက အရင်နှစ်တုန်းက ​ဗီလိန်တိုက်တာခံရပြီး နာမည်ပျက်နေတာလေ။ ငါမနေ့က အင်တာနက်မှာရှာကြည့်တော့ ဒီနှစ်ကျောင်းသား အယောက်ခြောက်ဆယ်ပဲရှိတာတဲ့။ ကျောင်းဖွင့်ဖို့ လိုအပ်ချက်ပြည့်မီရုံလေးပဲ။"

အခုနျူရေက ကျောင်းကထုတ်ပေးတဲ့ စကတ်တိုတိုလေးကို စတော့ကင်အနက်နဲ့တွဲဝတ်ထားတယ်။ သူ့ရဲ့ခပ်ညိုညိုအသားအရေနဲ့ အတော်လေးလိုက်တယ်။ပြီးတော့ မနက်စောပိုင်းဖြစ်ပေမဲ့ တုတ်ထိုးသကြားလုံးကို ပါးစပ်ထဲထည့်ထားသေးတယ်။ သူက ခနလောက် သကြားလုံးကို အရသာခံစားပြီးမှ တုတ်ကနေ ပြန်ဆွဲထုတ်လိုက်ပြီး စကားဆက်ပြောတယ်။

"ဒါပေမဲ့ ငါတို့ကို ဒီလိုကျောင်းမျိုးကပဲ လက်ခံချင်စိတ်ရှိတာဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ။"

အီဗန်လည်း ပခုံးတွန့်ပြလိုက်ပြီး "ဘာပဲဖြစ်ဖြစ် ဆာဆေးဗားနိုက်က ထောက်ခံပေးထားတဲ့ကျောင်းပဲဥစ္စာထင်သလောက်တော့ မဆိုးလောက်ပါဘူး။"

အဲဒီစကားနဲ့အတူ အီဗန်က ကျောင်းတံခါးဆီကို ခြေတစ်လှမ်းတိုးလိုက်တယ်။ နျူရေကလည်း သူနဲ့ဘေးချင်းကပ်လျက် လိုက်လာရင်း ပြောတယ်။

"အင်း၊ တကယ်တော့လေ... နင့်ဆေးဗားနိုက်က ဒီကျောင်းအတွက် တာဝန်မကင်းသလိုခံစားရလို့ မြူတန့်ကလေးမှန်သမျှကို စာရွက်လိုက်ဝေပေးနေတာဖြစ်ရင်ဖြစ်မှာ။ ဘာလို့ဆို သူက ဒီဟီးရိုးကျောင်းကိုဝယ်ကယ်ရင်း ကျောင်းတစ်ခုလုံးနီးပါးကို ဖျက်ဆီးမိခဲ့တာကိုး။"

ဒါပေမဲ့ နျူရေတစ်ယောက် အဲဒီစကားကို ပြောမိပြီးပြီးချင်းမှာပဲ နောင်တရသွားတယ်။ အီဗန်က သူ့ကို သွေးလိုနီရဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေပြီလေ။

"ဘာပြောတယ်၊ ပြန်ပြောစမ်း။"

"....." နျူရေက ကြောင်ရှေ့ရောက်သွားတဲ့ ကြွက်လေးလိုမျိုး အမြီးကုပ်သွားပြီး ကျောင်းဝင်းထဲကို ခပ်သုတ်သုတ်လျှောက်သွားလိုက်တယ်။ အီဗန်လည်း နောက်ကလိုက်ရတာပေါ့။

ကျောင်းခန်းထဲရောက်တော့ လူသိပ်မရှိဘူး။ ဆယ့်နှစ်ယောက်လောက်ပဲရှိတာ။ ရှိတဲ့ကျောင်းသားခြောက်ဆယ်ကို ငါးခန်းခွဲထားပုံပဲ။ သူတို့အခန်းထဲကို ဆရာမရောက်သေးဘူး။ ကျောင်းပထမဆုံးနေ့မလို့ ကျောင်းစာမသင်သေးတာလည်း ဖြစ်နိုင်တာပဲလေ။

ပြတင်းပေါက်နဲ့ကပ်လျက် အခန်းထောင့်ကခုံမှာ ပစ္စည်းတွေကို နေရာတကျထားပြီးတဲ့နောက် အီဗန်က အခန်းထဲကို မျက်စိကစားကြည့်လိုက်တယ်။ ရှေ့ဆုံးတန်းမှာထိုင်ပြီး ပါးစပ်နဲ့အစားကို မပြတ်အောင် ကြိုးစားစားနေတဲ့ ဝဝလူမည်းကောင်မလေးတစ်ယောက်နဲ့ နည်းနည်းအပုံပေါ်တဲ့ ဆံပင်အညိုရောင်နဲ့ကောင်လေးကလွဲရင် ကျန်တဲ့ကျောင်းသားတွေက သာမန်သူလိုကိုယ်လိုပဲ။ ပိုဆိုးတာက နျူရေက သူနဲ့အခန်းတူပုံမရဘူး။

ဆံပင်အညိုနဲ့ကောင်လေးက သူ့ဘေးခုံမှာထိုင်နေတာဖြစ်ပြီး သူနဲ့ချက်ချင်းမျက်နှာချင်းဆုံမိသွားတယ်။ ကောင်မလေးက သူ့ကို ထူပိန်းပိန်းပုံစံနဲ့ ပြန်ပြုံးပြပြီးနှုတ်ဆက်တယ်။

"ဂျိုနသန် ဂျွန်ဆင်ပါ။ အစွမ်းကတော့ တိရစ္ဆာန်စကားနားလည်တာ။ ထောက်ပံရေးဟီးရိုးအဖြစ် အလုပ်ဝင်ဖို့ မျှော်မှန်းထားပါတယ်။"

ဂျိုနသန်က သူ့ကိုယ်သူ အလုပ်ခွင်သစ်မှာ ဝန်ထမ်းအချင်းချင်း မိတ်ဆက်သလိုမျိုး မိတ်ဆက်လိုက်တဲ့အတွက် အီဗန်သိပ်ပြီး အသားမကျသလိုခံစားရပေမဲ့ ပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်တယ်။

"အီဗန် ဘလက်ပါ၊ ကျွန်တော်က ဗန်ပိုင်းယားအစွမ်းရှိတယ်။"

ဗန်ပိုင်းယားအစွမ်းဆိုတာကြားတာနဲ့ ဂျိုနသင်ရဲ့မျက်လုံးက ပြူးကျယ်သွားတယ်။ "ဗန်ပိုင်းယား..."

သူ့အသံက ကျယ်လွန်းလို့ ကျောင်းသားတွေအကုန်လုံး အီဗန်ကို သတိထားမိကုန်ကြပြီ။

"မင်းတို့မျိုးနွယ်က နေနဲ့ထိတာနဲ့တင် ပြာကျတယ်ဆို။ မင်းကျတော့ ပြတင်းပေါက်ဘေးမှာ ထိုင်နေပါ့လား။"

"အဲ... ငါက ဗန်ပိုင်းယားနဲ့တူတဲ့ မြူတန့်စွမ်းအားရထားရုံပါပဲ။ သွေးသောက်လိုက်ရင် ခွန်အားကြီးလာတယ်၊ နေရောင်နဲ့တိုက်ရိုက်ထိရင် ဓာတ်မ​တည့်ဖြစ်တယ်။ ပြီးတော့ ဒီပြတင်းပေါက်အပြင်မှာ သစ်ပင်တွေအများကြီးပဲလေ။ အစွမ်းနာမည်ကတော့ ဆရာဝန်ပေးလိုက်တာ။"

ဒါပေမဲ့ အီဗန့်အစွမ်းရဲ့ခပ်မိုက်မိုက်နာမည် အကျိုးသက်​ရောက်မှုက အခန်းထဲမှာ တော်ရုံမဟုတ်တဲ့ပုံပဲ။ ခနနေတော့ အခန်းထဲကလူတွေတစ်ယောက်ပြီးတစ်ယောက် သူ့ကိုလာနှုတ်ဆက်ကြတယ်။

"ဟိုင်း၊ အီဗန်။ ကျွန်တော်က ဂိုးလ် တင်မော်တီပါ။ ကျွန်တော့်လက်မောင်းကို အကြီးကြီးဖြစ်အောင်လုပ်လို့ရတယ်လေ။"

"ဟိုင်း၊ အီဗန်။ ကျွန်မကတော့ ဘဲလ်လာ ဂိုးစတိန်းပါ။ ကျွန်မထိလိုက်တဲ့အရာမှန်သမျှကို ခရစ်စတယ်အဖြစ် ပြောင်းပစ်လို့ရတယ်။"

တဖြည်းဖြည်းနဲ့ လာနှုတ်ဆက်ကြတာ မိန်းကလေးဝဝအလှည့်မှာ လူစေ့သွားတယ်။ "ဟယ်လို၊ ကျွန်မက အန်ဘာပါ။ သာမန်လူတွေမစားနိုင်တဲ့ စားစရာတွေကို စားပစ်နိုင်တယ်။"

"....." ဒါပဲ။ အီဗန် မျက်တောင်ခတ်လိုက်တယ်။ သူ့အစွမ်းက ဒီအခန်းထဲမှာ အင်အားအကြီးဆုံးပဲ။ ကျန်တဲ့သူတွေအစွမ်းက ကျောင်းတက်ဖို့အဆင့်မီရုံပဲ။ ပြီးတော့ မြူတန့်အစွမ်းအကုန်လုံးနီးပါးက ထောက်ပံရေးဟီးရိုးတွေသက်သက်ပဲလုပ်လို့ရတာ။ ဒီတော့မှ ဒီကလူတွေ ဘာလို့သူ့ကို အထင်တကြီးဆက်ဆံနေတာလည်းဆိုတာ သတိထားမိလာတာ။

သူတို့အချင်းချင်း နှုတ်ဆက်လို့ပြီးသွားတော့ ဟီးရိုးဝတ်စုံဝတ်ထားတဲ့ အသက်တော်တော်ကြီးနေတဲ့ ဆရာမဝင်လာပြီး သူတို့ကို မျက်လုံးမှေးပြီး ကြည့်လိုက်တယ်။

"ဟုတ်ပြီ၊ လူစုံပြီလို့ ယူဆရတာပဲ။ ဒီတော့ တစ်ခါတည်း ပြောလိုက်တော့မယ်။"

အသက်ကြီးကြီးဆရာမက အသက်ကို ဝဝရှုလိုက်ပြီး လူတိုင်းကြားနိုင်တဲ့အသံနဲ့ ပြောလိုက်ပါတယ်။ "ပထမဆုံးအနေနဲ့ နယူးယောက်ဟီးရိုးကျောင်းရဲ့စည်းကမ်းတွေကို ပြောမယ်။ စာသင်နေချိန်မှာ ဖုန်းမသုံးရဘူး၊ ကျောင်းသားတွေအနေနဲ့ ကျောင်းပြင်ပမှာဖြစ်ဖြစ် ကျောင်းတွင်းမှာဖြစ်ဖြစ် မူးယစ်ဆေးနဲ့မပတ်သက်ရဘူး။ ကျောင်းသားအချင်းချင်း ရန်မဖြစ်ရဘူး....။"

ကျောင်းစည်းကမ်းတွေကို ငါးမိနစ်လောက်ကြာအောင် အသေးစိတ်ဆက်ပြောနေပြီးမှ ဆရာမက စကားပြောနေတာကို ရပ်လိုက်တယ်။ အဲဒီနောက်တော့

"ဒီနေ့က ကျောင်းပထမဆုံးနေ့ဖြစ်လို့ စာမသင်သေးဘူး။ ဒါပေမဲ့ ခနနေရင် ကျောင်းအုပ်က မင်းတို့တွေကို ကျောင်းဖွင့်မိန့်ခွန်းပြောလိမ့်မယ်။ ကျောင်းသားတိုင်း တိုက်ပွဲခန်းမကိုသွားပြီး မဖြစ်မနေနားထောင်ရမယ်။ ဒါပြီးရင်တော့ ကျောင်းအနှံလိုက်ကြည့်လို့ရမယ်။"

....

ဟီးရိုးတစ်ယောက်ကနေ ဟီးရိုးကျောင်းတစ်ခုရဲ့ကျောင်းအုပ်ဖြစ်လာရတဲ့ အတွေ့အကြုံက ဘယ်လိုများဖြစ်မလဲ။ အခုလိုမေးလာတဲ့သူရှိရင် မက်ဒါနာပြောချင်တာကတော့ အလုပ်ရှုပ်တယ်ဆိုတာပဲ။ ဖြစ်နိုင်ရင် ကျိန်ပါကျိန်ဆဲပစ်လိုက်ချင်တာ။

"အေမီရေ၊ ငါဝတ်နေကျ ဗိုလ်ကြီးမမအဝတ်အစားတွေ ဘယ်ရောက်နေတာတုန်း။"

မနက်မိုးလင်းလို့ ရေမိုးချိုးပြီးတာနဲ့ ကျောင်းဝတ်စုံရှာရတာက တစ်ဒုက္ခပါ။ အခုလည်း မက်ဒါနာက ရေချိုးခန်းသုံးပုဝါလေးကို ခန္ဓာကိုယ်အထက်ပိုင်းမှာ ခြုံထားရင်း အဝတ်ဗီရိုကို ထိုးဖွပြီးရှာနေတယ်။

ပိုးကောင်လူသားတွေနဲ့တိုက်ပွဲပြီးကတည်းက မက်ဒါနာက လုံခြုံရေးအကြောင်းပြချက်ကြောင့် ဟီးရိုးကျောင်းက ဝန်ထမ်းအဆောင်မှာ ပြောင်းနေရတယ်။ ကံကောင်းတာက ဒီအဆောင်မှာ ပရိဘောဂအပြည့်အစုံရှိနေတယ်။ မက်ဒါနာတို့အပြင် ပိုးဟပ်ဘဏ္ဍာစိုးတွေနဲ့ ဖရက်လည်း အဆောင်မှာအတူလာနေတယ်။ ဖရက်ကို မက်ဒါနာက ဟိုတယ်မှာဆက်နေစေချင်ပေမဲ့ ဘဏ္ဍာစိုးပိုးဟပ်တွေကို စိတ်မချလို့ဆိုပြီး လိုက်လာနေတာ။

"ဝတ်စုံသစ်တွေ ဝတ်ဖို့အသင့်မရှိတဲ့အတွက် စိတ်မကောင်းပါဘူး၊ မမလေး။ မနေ့က ကျွန်မကင်းလှည့်သွားနေတုန်း မိုးသည်းကြီးမည်းကြီး ရွာခဲ့ပုံပါပဲ။ ဝတ်စုံတွေက အချိန်မီခြောက်ဖို့ ကျဆုံးခဲ့ပါတယ်။ သခင်မလေးစိတ်တိုင်းမကျရင် အဝတ်တွေကို ဖျက်ဆီးပေးပါ့မယ်။"

အေမီက မက်ဒါနာအခန်းထဲကိုဝင်လာပြီး ရေစိုအဝတ်တွေနဲ့အတူ ဦးညွှတ်လိုက်တယ်။ မက်ဒါနာရှေ့မှာတင်ပဲ အဝတ်အစားတွေကို ချက်ချင်းမီးပုံရှို့တော့မယ့်အကြည့်နဲ့ ကြည့်နေပြီ။

"အရူးမ၊ အဲဒါတွေကို အခုချက်ချင်းချထားပြီး ငါဝတ်လို့ရမယ့်ဟာရှာဟဲ့။ နင်ပေါက်ကရပရိုဂရမ်တွေခိုးဒေါင်းထားပြန်ပြီလား။"

အေမီရဲ့ဉာဏ်ရည်တုစွမ်းဆောင်ရည်က အကောင်းဘက်ကို ပြန်ရောက်လာပေမဲ့ သာမန်အခြေအနေလို့ ပြောလို့မရဘူး။ အရင်ဖြစ်ခဲ့တာတွေနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်မရှိသလို ခံစားချက်ကင်းမဲ့နေတဲ့ ပုံစံမျိုးမှာပဲ ရှိသေးတာပါ။

ခနေနေတော့ အေမီက အဝတ်အစားသစ်တချို့နဲ့အတူ ပြန်ရောက်လာပြီး မက်ဒါနာကို အဝတ်အစားတွေ ဖြန့်ပြလိုက်ပါတယ်။ အဖြူရောင်အောက်ခံနဲ့ အပြာရောင်အစင်းကြားပါတဲ့ One piece ဂါဝန်လေး။ ဆုဗာနာကနေအပြန် မေမေသီတာက သူ့သမီးလေးဝတ်ဖို့ဆိုပြီး ရွေးပေးလိုက်တာပေမဲ့ တခြားချစ်ဖို့ကောင်းနေတာနဲ့ မဝတ်ရဲဘဲ ​ပစ်ထားခဲ့မိတာ။

မက်ဒါနာရဲ့မျက်နှာလေး ချယ်ရီသီးလိုနီမြန်းသွားပြီးခေါင်းကို တစ်ဖက်လှည့်ထားကာ ပြောလိုက်လေရဲ့။ "အေမီ၊ အဲဒါလေးက တအားတိုလွန်းတယ်ဟဲ့။ ငါနေရတဲ့အတိုင်းဆိုရင် ပေါင်တစ်ဝက်လောက်ပဲဖုံးမှာ။"

အေမီက မက်ဒါနာရှေ့မှာပဲ ခါးကိုကိုင်းပြီး ဦးညွှတ်တောင်းပန်ပြန်တယ်။ "စိုးရွံမိပါတယ် မမလေးရှင့်၊ ဒါက မမလေးဝတ်လို့ရမယ့် တစ်ခုတည်းသောဝတ်စုံပါ။ အရင်က ပြောခဲ့တဲ့အတိုင်းပဲ အဝတ်အစားတွေ မိုးမိ..."

"ဟူး.... အရင်ကတည်းက အခြောက်ခံစက်ဝယ်ဖို့ကိုငါလုပ်ခဲ့သင့်တာ။ အလကားနေရင်း ကပ်စေးနည်းမိခဲ့တော့။" မက်ဒါနာတစ်ယောက် သူ့ခေါင်းက ဆံပင်တွေကို ထိုးဖွရင်း ပြောလိုက်မိတယ်။

"ဟုတ်ပါပြီ၊ ငါ့ကို ဝတ်ပေး။ ရုပ်ပါကူဖျက်ပေးဦး။"

ခနေနေတော့ အိမ်စေမလေး အလှပဆုံးဖြစ်အောင် လက်စွမ်းပြခံထားရတဲ့ ပေါ်လီယာလေး အဆောင်ခန်းထဲကနေ ထွက်လာတယ်။ တံခါးဖွင့်ဖွင့်ခြင်း မက်ဒါနာမြင်လိုက်ရတာက ဘဏ္ဍာစိုးဝတ်စုံဝတ်ထားတဲ့ ပုံစံတူယောက်ျားလေး လေးယောက် သူ့ကိုစောင့်ကြိုပြီး ဦးညွှတ်နေတာကိုပါ။

"ကောင်းသောနံနက်ခင်းပါ၊ သခင်မလေး။"

မက်ဒါနာမျက်စိလည်သွားပြီး သူတို့တစ်ယောက်ဆီကို လက်ညိုးထိုးပြီး ရေကြည့်လိုက်တယ်။ "မက်၊ လယ်ရီ၊ မိုး... ဟုတ်ပြီ။ နင်တို့သုံးယောက်က ပုံမှန်ပဲ။ ဒါပေမဲ့ ဘာလို့ဒီတစ်ယောက်က ပိုနေရတာလဲ။"

မက်ဒါနာက ဘဏ္ဍာစိုးဝတ်စုံဝတ်ထားတဲ့ ဖရက်ကို အံ့ဩတကြီးကြည့်လိုက်တယိ။ ဖရက်က သူ့ကို တတ်နိုင်သလောက် အစွမ်းကုန်အလိုလိုက်ဖို့ကြိုးစားနေပေမဲ့ ဒီကောင်က ဘဏ္ဍာစိုးဝတ်စုံဝတ်ဖို့အထိတော့ မရူးသေးဘူးလေ။

"စက်တော်ခေါ်လို့ ပျော်ပါရဲ့လား မင်းသမီးလေး။ ညက ဒီသုံးကောင် မင်းသမီးလေးကို ဘဏ္ဍာစိုးပုံစံနဲ့ ကပ်ဖားလျက်ဖားလုပ်ဖို့ ကြံနေတယ်ကြားတာနဲ့ ကိုယ်တိုင် ဘဏ္ဍာစိုးဝတ်စုံဝယ်ပြီး အပြေးလာခဲ့တာပါ။"

မက်ဒါနာက ဘဏ္ဍာစိုးဝတ်စုံနဲ့ ကြည့်လို့အတော်လေး အချိုးမပြေဖြစ်နေတဲ့ ဖရက်ကိုကြည့်ပြီး သက်ပြင်းရှည်ကြီးချလိုက်တယ်။ "နင်ပျော်ရင် ကမ္ဘာကြီးအေးချမ်းတာပါပဲလေ။"

အရူးလေးကောင်နဲ့စကားပြောနေတုန်း ကျောင်းသားတွေကို ကျောင်းအုပ်မိန့်ခွန်းအကြောင်း လှည့်ပြောလို့ပြီးတဲ့ ဆရာမဟဲရိုးက ကျောင်းဝန်ထမ်းအဆောင်ကို ရောက်လာပါတယ်။

"ကျောင်းအုပ်၊ ကျွန်မကျောင်းသားတွေအားလုံးကို ကျောင်းဖွင့်ပွဲမိန့်ခွန်းအကြောင်း ပြောပြီးပါပြီ။ မိန့်ခွန်းရော အသင့်ဖြစ်ပါပြီလား။"

မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး အေမီကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်တယ်။ "အေမီ၊ ငါနင့်ကို မမေ့က ရေးခိုင်းထားတဲ့ မိန့်ခွန်းရော။"

အေမီက သူ့အင်္ကျီလက်အိုးထဲမှာ သေချာဝှက်ထားတဲ့ အေဖိုးစာရွက်လေးတစ်ရွက်ကို ဆရာမဟဲရိုးဆီ ထုတ်ပြလိုက်တယ်။ ဆရာမဟဲရိုးက တစ်ချက်ဖတ်ကြည့်ပြီး ခေါင်းခါလိုက်တယ်။

"ဉာဏ်ရည်တုရေးထားမှန်း သိပ်သိသာတယ်။ ကျွန်မရေးထားတာကိုသုံး။" ဆရာမဟဲရိုးက အေမီရေးထားတဲ့စာရွက်ကို ဖြဲပစ်လိုက်ပြီး မက်ဒါနာလက်ထဲကို တခြားစာရွက်တစ်ရွက် ထိုးထည့်ပေးလိုက်တယ်။ ပြီးတော့ သူ့အကြည့်က 'နင်မရေးတတ်တာ ငါသိသားပဲ။' ဆိုတဲ့အကြည့်မျိုး။ မက်ဒါနာလည်း ပြန်ပြုံးပြလိုက်မိတယ်။ သူကိုယ်တိုင်ရေးရင် ငွေရောင်စစ်သည်တော်လေသံပေါက်နေမှာကိုး။

"ကျောင်းအုပ်ကြီး၊ ဟောပြောစင်မြင့်မှာ တခြားဆရာတွေအားလုံးရောက်နေပါပြီ။ တအားကြီးနောက်မကျရင်ကောင်းမယ်။"

မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး အားလုံးကို ခေါင်းညိတ်ပြလိုက်တယ်။ "ဖရက်၊ အေမီ။ နင်တို့လည်း ဆရာတွေနော်။ ဟိုသုံးကောင်လည်း လိုက်ခဲ့။ နင်တို့က လုံခြုံရေးတာဝန်ခံနေရာမှာနေကြ။" အဲဒီနောက်တော့ ကျောင်းအုပ်နဲ့ဝန်ထမ်းအပေါင်းအပါတွေ ဟောပြောပွဲလုပ်ဖို့စီစဥ်ထားတဲ့ တိုက်ပွဲကွင်းပြင်ဆီကို ချီတက်ကြတယ်။

တိုက်ပွဲခန်းမကိုရောက်တော့ ဆရာမဟဲရိုးပြောသလိုပဲ ခန်းမအတွင်းမှာ ကျောင်းသားတွေ နေရာယူပြီးနေကြပြီ။ ဆရာအသာနဲ့ဆရာမဘရီစာတို့ကတော့ သူတို့ကို အခန်းအပြင်မှာ စောင့်နေကြတယ်။ ပညာရေးဝန်ထမ်းအဖွဲ့က အတူဝင်ရမှာပါ။

ဆရာတွေအကုန်လုံး စုံပြီဆိုခါမှ ဆရာအာသာက ခေါင်းညိတ်လိုက်ပြီး အခန်းတံခါးကိုဖွင့်ကာ အားလုံးကို တိတ်တိတ်နေခိုင်းလိုက်တယ်။ နောက်တော့ လုံခြုံရေးတာဝန်ယူထားတဲ့ ဘဏ္ဍာစိုးသုံးကောင်က ရှေ့ကနေ ရှေ့တော်ပြေးအဖြစ်ဝင်ပြီး ဟောပြောစင်မြင့်ရှေ့မှာ လက်နောက်ပစ်ရပ်ကာ နေရာယူလိုက်ကြတယ်။

အေမီက နောက်ကနေ မက်ဒါနာရဲ့ဝှီးချဲကိုတွန်းတယ်။ ကျောင်းသားတွေက သူနဲ့လက်တစ်ကမ်းမှာဆိုတာ သတိထားမိတော့ မက်ဒါနာက ထိုင်နေရင်းကနေ သူ့လက်ကလေးနှစ်ဖက်ကို ပေါင်လုံးလေးနှစ်လုံးပေါ် တင်ထားလိုက်တယ်။ သူဝတ်ထားတာက တအားတိုနေတာကိုး။

ကျောင်းသားအုပ်ကိုဖြတ်ပြီးလို့ ဟောပြောစင်မြင့်နားကိုရောက်မှ မက်ဒါနာတစ်ယောက် စိတ်ထဲမှာ ခိုးပြီး သက်ပြင်းချလိုက်မိတယ်။ ပြဿနာတစ်ဝက်က ပြီးသွားပြီလေ။ စင်မြင့်ပေါ်တက်ပြီးတာနဲ့ အားလုံးပြီးသွားတော့မှာ။

မက်ဒါနာက သူ့ရှေ့က သစ်သားနဲ့လုပ်ထားတဲ့ ယာယီစင်မြင့်ကို ကြည့်လိုက်တယ်။ သစ်သားလှေကားထစ်တွေပေါ်မှာ အထပ်သားပြားခင်းပြီး သူ့ဝှီးချဲတက်လို့ရအောင် ပြင်ဆင်ပေးထားတယ်။ သေချာလုပ်ထားသားပဲလို့ သူ့စိတ်ထဲမှာတွေးပြီး ခေါင်းညိတ်လိုက်သေးတယ်။

ကျန်တဲ့ဆရာတွေအားလုံး စင်မြင့်ပေါ်ကို တက်လို့ပြီးသွားမှ အေမီက မက်ဒါနာကို ဟောပြောစင်မြင့်ပေါ် စတွန်းတင်ပေးတယ်။

တစ်လှမ်း... နှစ်လှမ်း....

အစပိုင်းတော့ ဘာမှမထူးခြားသလိုပဲ။ မက်ဒါနာရဲ့ဝှီးချဲက လှေကားထစ်တွေရဲ့အလယ်နားကိုရောက်နေပြီ။ နောက်တော့ အေမီက အထပ်သားပြားပေါ်ကိုခြေချနင်းလိုက်တယ်။ သစ်သားပြားက အေမီရဲ့ဇက်သတ္တုအ​ရိုးအလေးချိန်ကြောင့် ချက်ချင်းညွှတ်ကျသွားလေရဲ့။

ချွတ်....

ရုတ်တရက် တစ်ခုခုကျိုးပဲ့သွားသံနဲ့အတူ မက်ဒါနာရဲ့အမြင်က ဇောက်ထိုးမိုးမျှော်ဖြစ်သွားတယ်။ အဲဒီနောက်တော့ သူ့ဝှီးချဲက ကိုးဆယ်ဒီဂရီစောင်းသွားပြီး ကျောင်းသားအုပ်ထဲကို ထိုးဆင်းသွားတယ်။ လေအဝေ့နဲ့အတူ ဂါဝန်လေးကလည်း ဟောင်းခနဲဖြစ်သွားတာပေါ့။

"သောက်ကျိုးနည်း...."

မက်ဒါနာ ရုတ်တရက်ရင်ထိတ်သွားပြီး လက်နှစ်ဖက်နဲ့ မီးပုန်းပျံကြီးလို ဖောင်းကြွလာတဲ့ ဂါဝန်အနားစကို လက်နဲ့လှမ်းဖိဖို့ကြိုးစားပေမဲ့ နောက်ကျသွားပါပြီ။ သူမော့ကြည့်လိုက်တော့ စိတ်အားတက်ကြွစွာနဲ့ ရှေ့ဆုံးမှာထိုင်နေတဲ့ အီဗန်လေးရဲ့မျက်နှာက ကျောက်ရုပ်လိုမျိုး အေးခဲနေတယ်။ နောက်တော့ သူ့နှာခေါင်းကနေ သွေးတွေစီးကျလာတယ်။

"ဇာ... ဇာပန်းရောင်လေး...."

ဖူး....။

အဲဒီနောက်တော့ ကျောင်းသားတွေရဲ့ရယ်သံကြားထဲမှာပဲ ကောင်လေးအီဗန် တစ်ခါတည်းသွေးတွေဆောင့်တက်ပြီး သတိလစ်သွားတယ်။ ဖရက်ကတော့ ဒေါသထွက်လွန်းလို့ မျက်နှာကြီးခရမ်းရောင်​ပြောင်းသွားပြီး မက်ဒါနာရဲ့ဝှီးချဲကို တွန်းကာ ခန်းမထဲကနေ ခေါ်ထုတ်သွားတယ်။ မက်ဒါနာကတော့ မျက်နှာကိုလက်ဝါးနဲ့အုပ်ရင်း ငိုကြွေးနေလေရဲ့။

"ငါ့ရဲ့မရှိမဲ့ရှိမဲ့သိက္ခာလေးတွေတော့...."

https://mmxianxia.com/wp-content/uploads/2023/09/received_1328493981410753-300x175.webp

[caption id="attachment_378501" align="alignnone" width="300"] Sikver Knight Cerberus Booster[/caption]

All Chapters