← Chapters

ကောင်းကင်လူသားဂိုဏ်း၏ အသိအကျွမ်းဟောင်း

Vol. 76 Ch. 1056

ကောင်းကင်လူသားဂိုဏ်း၏ အသိအကျွမ်းဟောင်း

Vol. 76 Ch. 1056

ခွန်းယွင်က နတ်ဘုရားကမ္ဘာစည်းမျည်းကို ပြီးပြည့်စုံသွားနိုင်သည့် ဖန်ဆင်းမှု အက်ကြောင်း ပွင့်လာနှုန်းသည် အလွန်တရာ နှေးကွေးကြောင်း ပြောပြခဲ့၏။ သို့သော်လည်း ထိုအက်ကြောင်းမှ သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေသောကြောင့် အနီးအနားတွင် ကျင့်ကြံခြင်းက စည်းမျည်းများကို ကြည်ကြည်လင်လင်နှင့် ဉာဏ်အလင်းပွင့်လာစေနိုင်သည်။

ထိုအကြောင်းအရင်းကြောင့် မျိုးနွယ်မျိုးစုံမှ ကျင့်ကြံသူများစွာက  လူအုပ်လူဝေးအလိုက် ရှိနေပြီး တစ်ယောက်ချင်းစီက ချွင်းချက်မရှိ ကျင့်ကြံနေကြသည်။ မိုဝူကျိက စိတ်ထဲ၌ ခွန်းယွင် အကြံပေးလိုက်သည့်အတိုင်း ဂိုဏ်းတည်ထောင်ဖို့ တွေးနေမိသောကြောင့် ဤနေရာတွင် မကျင့်ကြံလိုပေ။ သူ ကျင့်ကြံရန် လိုအပ်သော အရင်းအမြစ်များဖြင့် အက်ကြောင်းဘေးတွင် နှစ်ရာချီ ကျင့်ကြံလျှင်ပင် သူ့အား နတ်ဘုရားအုပ်စိုးသူ ထိပ်သီးအဆင့်သို့ ရောက်အောင် မကူညီပေးနိုင်ပေ။

ထို့အပြင် ဤသည်က ခွန်းယွင် ပြောထားသည့်အတိုင်း ဖြစ်၏။ ဖန်ဆင်းမှုအက်ကြောင်း ပေါ်လာသော်လည်း တကယ့်ဖြစ်တည်လာဖို့ရာ ဆယ်စုနှစ်မှ ရာစုနှစ်အထိ စောင့်ဆိုင်းရဦးမည် ဖြစ်၏။

ခွန်းယွင်အတွက် မိုဝူကျိက ဤလူသည် ဖန်ဆင်းမှုစည်းမျည်းများ ပြန်လည် ကောင်းမွန်လာသည့် စီးကြောင်းအတိုင်းလိုက်၍ သူ့ဘာသာ ပြင်ဆင်မှု လုပ်နေလောက်ကြောင်း ခန့်မှန်းမိ၏။ သို့သော်လည်း ဤလူက သူ့အား အတူတူ ခေါ်မသွားသောကြောင့် မိုဝူကျိလည်း ဘာမှမတတ်နိုင်ပေ။

မိုဝူကျိ ထွက်သွားတော့မည့်ဆဲဆဲတွင် ရင်းနှီးသော ပုံရိပ်လေးက သူ့ရှေ့ ရောက်လာသည်။

“ဝေရုလား ” မိုဝူကျိက ထိုကျင့်ကြံသူရှေ့ ရောက်သွားပြီး တအံ့တဩဖြင့် ရေရွတ်လိုက်လေ၏။

“ တာ့ရှီရှုန်းလား ”ဝေရုက မိုဝူကျိကို မြင်လိုက်သည့်အခါ ပို၍ပင် အံ့အားသင့်သွားလေ၏။ ထို့ကြောင့် သူက စိတ်လှုပ်ရှားတကြီး အော်ခေါ်လိုက်သည်။ စိတ်လှုပ်ရှားလွန်း၍  သူ့အသံပင် တုန်တုန်ယင်ယင် ဖြစ်နေလေ၏။

“ မင်း အဆင်ပြေနေတာ အရမ်းကောင်းတယ် ” မိုဝူကျိက ဝေရု ပခုံးကို ပုတ်ပေးကာ ရယ်ရယ်မောမော ပြောလိုက်သည်။ ယခင် ကောင်းကင်လူသားဂိုဏ်းဝင်များစွာ သေဆုံးသွားခဲ့ရ၏။ ထို့ကြောင့် ယနေ့ ဝေရုအား ပြန်တွေ့ရမိသောအခါ အလွန်ပျော်ရွှင်ဖွယ် ဖြစ်နေမိသည်။

ခဏအကြာတွင် ဝေရုက တည်ငြိမ်သွားသော်လည်း စိတ်လှုပ်ရှားစွာ  ပြောလိုက်သေး၏  “ တာ့ရှီရှုန်းကို စိတ်ပူနေတာ …. အခု အစ်ကိုကြီးကို တွေ့ရပြီဆိုတော့ ကျွန်တော် သိပ်ပျော်တာပဲ ”

အကယ်၍ ဝေရုသာ သူ အလေးစားဆုံးသူကို ပြပါဆိုလျှင် ယုံမှားဖွယ်မရှိ သူ့တာ့ရှီရှုန်း  မိုဝူကျိသာ ဖြစ်လိမ့်မည်။ သူ့ဘေးတွင် တာ့ရှီရှုန်း ရှိနေသည့် မှတ်ဉာဏ်များမှာ သူ့စိတ်ထဲ၌ လန်းဆန်းနုပျိုနေသေး၏။ “ လူတစ်ယောက်က ဘဝမှာ ရူးရူးမိုက်မိုက် လုပ်ဖူးရတယ် ” ဆိုသည့်အတိုင်း တာ့ရှီရှုန်းက တကယ် လုပ်ခဲ့၏။ သူက ဝေရုအား ထွက်သွားစေခဲ့ပြီး သူ့ဘာသာ ကျင့်ကြံသူ ၄၉ ယောက်ကို ရင်ဆိုင်ဖို့ နေရစ်ခဲ့သည်။

တာ့ရှီရှုန်း ကျော်ဖြတ်ခဲ့ရသည့် ထိုကျင့်ကြံသူ ၄၉ ယောက်နှင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲကို စဉ်းစားမိလိုက်သည်နှင့် ဝေရုစိတ်ထဲ၌ ကူကယ်ရာမဲ့မှုနှင့် ဒေါသတို့ ကြီးစိုးလာသည်။ ထို့အပြင် သူက တာ့ရှီရှုန်းသည် ကျင့်ကြံသူ ၄၉ ယောက်အနက် ၄၇ ကို သတ်ပစ်နိုင်ခဲ့ပြီး တစ်ခြားတစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်ကို ပြန်အမှတ်ရမိသွားသောအခါ သူ့စိတ်ထဲ၌ ဂုဏ်ယူမိသလို ခံစားလာမိသည်။

ထိုရက်မှစ၍ သူ တာ့ရှီရှုန်း၏ သတင်းကို ကြားရသည့်အခါတိုင်း မိုဝူကျိကို သူ့စံပြအဖြစ် မှတ်ယူရန် ပို၍ ယုံကြည်ချက် ရှိလာသည်။

သူ့စိတ်ထဲ၌ တစ်ခုတည်းသော လျိူ့ဝှက်ချက် ရှိပေသည်။ သူသည် တာ့ရှီရှုန်းလို အဆင့်တူ မရောက်သေးခင်အထိ သူ့နောက်ခံကို သေချာပေါက် ဖော်ပြမည် မဟုတ်ပေ။

မိုဝူကျိက ဝေရုတွင် ပြောစရာများစွာ ရှိနေကြောင်း သိ၍ အနီးအနားရှိ ကျင့်ကြံသူအုပ်လိုက်ကြီးကို ဝေ့ကြည့်ကာ ပြောလိုက်သည်

“ အရင်ဆုံး ဒီကနေ ထွက်သွားကြတာပေါ့။ နောက်မှ စကားဆက်ပြောကြမယ်။ ဒါနဲ့ နတ်ဘုရားမျိုးနွယ်နဲ့ နတ်ဘုရားလောက ကျင့်ကြံသူတွေက ဘာလို့ ဒီလောက်တောင် အတိုင်အဖောက်ညီနေရတာလဲ ”

ဝေရုက ဤနေရာသည် စကားပြောဆိုဖို့ နေရာကောင်း မဟုတ်ကြောင်း သိသော်လည်း မိုဝူကျိ၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ အတော်လေး အံ့အားသင့်သွားသည်

“ တာ့ရှီရှုန်းက အခုမှ ရောက်လာတာဆိုတော့ အဖြစ်အပျက်ကို မသိလိုက်တာ နေမယ်။ ကျွန်တော်တို့ နတ်ဘုရားနယ်မြေက ထိပ်သီးပညာရှင်တစ်ဦး ထွက်ပေါ်လာတယ်လေ … အဲဒီ ပညာရှင်က အရွက်မဲ့တောအုပ်ထဲမှာ နတ်ဘုရားမျိုးနွယ်ရဲ့ သဟဇာတ နတ်ဘုရား ဟွမ်းကျီကို သတ်ပစ်လိုက်တာ။

အဲဒါနဲ့ နတ်ဘုရားမျိုးနွယ်ဘက်က စစ်ပြေငြိမ်းဖို့ဆိုပြီး ရောက်လာသေးတယ်။ အခုကျ နတ်ဘုရားသိုက်မြုံနဲ့ နီးတဲ့နေရာတွေမှာ အားလုံးက ကျင့်ကြံရေး အရင်းအမြစ်အတွက် တိုက်ကြပေမဲ့ အကြောင်းပြချက်မရှိဘဲ သတ်လို့ မရတော့ဘူးလေ။ ပြီးတော့ စစ်ပြေငြိမ်းထားတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အတားအဆီးတွေ ဖယ်ပေးလိုက်ကြတော့ ဒီလို နတ်ဝိညာဉ်စွမ်းအားတွေနဲ့ စည်းမျညးတွေ ….  ”

မိုဝူကျိက တစ်ခုခု တွေးမိသွားသည်။

 ဖြစ်နိုင်တာ ဖန်ဆင်းမှု အက်ကြောင်းနဲ့ ဆက်စပ်နေတာလား ….

နတ်ဘုရားမျိုးနွယ်နဲ့ နတ်ဘုရားလောက စစ်ပြေငြိမ်းသွားလို့ အက်ကြောင်း ပေါ်လာတာလား …

အရွက်မဲ့တောအုပ်ထဲ နတ်ဘုရားမျိုးနွယ်၏ သဟဇာတ နတ်ဘုရား  အသတ်ခံခဲ့ရသည့် ကိစ္စမှာ သူနှင့် ခွန်းယွင် အတူတူ သတ်လိုက်သူ ဖြစ်ကြောင်း သေချာ၏။ သူတို့က နတ်ဘုရားလောကကို ကူညီပေးလိုက်သည်ဟု မည်သူကများ ထင်ထားမည်နည်း။

“ ဝေရု … ဒီနား ကောင်းကင်လူသားဂိုဏ်းရဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တွေ့မိသေးလား ” မိုဝူကျိက နောက်တစ်ခု မေးလိုက်သည်။

ဝေရုက ဘာမှသိုဝှက်မထားဘဲ “ အကြီးအကဲ ဝေကျဲကိုတော့ တစ်ခေါက် တွေ့လိုက်သေးတယ် ”

“ ဝေကျဲက မသေသေးဘူးလား ” မိုဝူကျိက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ခပ်ပေါပေါ လူအိုကြီးတစ်ယောက်၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်လာမိသည်။

“အာ .. ပါရမီရှင်လေးပဲ … မင်းလိုမျိုး ထိပ်တန်း ပါရမီရှင်နဲ့ တွေ့ရလိမ့်မယ်လို့ ယုံတောင် မယုံနိုင်ဘူး ”

သူက ဝေကျဲစကားများကို စကြားခါစက တစ်စုံတစ်ယောက်က သူ့အလားအလာကို နောက်ဆုံးတော့ သတိထားမိပြီဟု အနည်းငယ် စိတ်လှုပ်ရှားမိသွားသေးသည်။

နောက်ပိုင်းမှ ဝေကျဲသည် အားလုံးကို လိုက်ပြောနေကြောင်း သိလိုက်ရ၏။ သူ့လိုမျိုး  “ ထိပ်တန်း ပါရမီရှင် ” က ဂိုဏ်းအတွင်းသို့ ဝင်နိုင်ရုံမျှ ဖြစ်ပြီး ကောင်းကင်လူသားဂိုဏ်း၏ အနိမ့်ဆုံးအဆင့်မှာ အတွင်းစည်းတပည့် ဖြစ်၏။ အကြောင်းမှာ အပြင်စည်းတပည့် မရှိ၍ ဖြစ်ပေသည်။ တခြားသော ထိပ်တန်း ပါရမီရှင်များကိုမူ  ဝေကျဲက  ပင်မတပည့်နှင့် တိုက်ရိုက်တပည့်အဖြစ် သတ်မှတ်ပေးခဲ့သည်။

နွေးနွေးထွေးထွေး ကြင်နာဂရုစိုက်တတ်သော လူအိုကြီးကို မေ့၍ မရသေးပေ။ ထို့ကြောင့် သူက ဝေကျဲအား နတ်ဘုရားသိုက်မြုံထဲသို့ ဝင်ခွင့် ပေးခဲ့ခြင်း ဖြစ်၏။

“ ဟုတ်တယ် … အကြီးအကဲဝေကို နတ်ဘုရားသိုက်မြုံထဲမှာ တွေ့လိုက်မိတာ။ အဲတုန်းက ကျွန်တော်ကို ဆေးလုံးတချို့ ပေးပြီးတော့ ပခုံးကို ပုတ်ပေးပြီး ကျွန်တော်ရဲ့ အနာဂတ်က တောက်ပနေတာပဲဆိုပြီး ပြောသွားသေးတယ်။ အဲဒါကြောင့် ကျွန်တော် ပခုံးပေါ်မှာ ကောင်းကင်လူသားဂိုဏ်းရဲ့ အနာဂတ် ရှိနေတယ်တဲ့လေ။ အဲဒါမလို့ သူ့နောက်ကို လိုက်ပြီးတော့ ငယ်ရွယ်မှုတွေကို ဖြုန်းတီးမပစ်သင့်ဘူးတဲ့ …. သူက ကျွန်တော်ကို ကြိုးစားဖို့ ပြောပြီး ထွက်သွားတာပဲ ” ဝေရုက ပြန်လည် ပြောပြလိုက်သည်။

မိုဝူကျိက စိတ်ထဲမှ တိတ်တခိုး ရယ်မောမိလိုက်၏။ ဤလူက နည်းနည်းလေးမှ မပြောင်းလဲသွားချေ။

“ ဝေရု  … ငါက ဂိုဏ်းတည်ထောင်ဖို့ ကြံစည်ထားတယ်။ မင်း ငါနဲ့ အတူတူ လိုက်ချင်ရဲ့လား ” မိုဝူကျိက အချိန်မှာ အလွန်အဖိုးတန်ကြောင်း ခံစားမိ၍ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အခါ ကံကြမ္မာတိုက်ပွဲအတွက် လူသားဂိုဏ်းကို မြန်မြန် တည်ထောင်ရမည် ဖြစ်၏။

မိုဝူကျိ စကားကို ကြားသောအခါ ဝေရုက မေးလိုက်သည်  “ တာ့ရှီရှုန်းနောက်ကို လိုက်ချင်ပါတယ်။ တာ့ရှီရှုန်းက ကောင်းကင်လူသားဂိုဏ်းကို ပြန်တည်ဆောက်မှာလား ”

ဝေရုက ကျင့်ကြံရေးအရင်းအမြစ်များကို ရှာဖွေရင်း နတ်ဘုရားသိုက်မြုံအစွန်းတစ်လျှောက် သွားလာခဲ့သည့် အကြောင်းအရင်းမှာ ဂိုဏ်းကို မဝင်ချင်၍ မဟုတ်ဘဲ ဝင်စရာ ဂိုဏ်း မရှိသေး၍သာ ဖြစ်ပေသည်။ ကောင်းကင်လူသားဂိုဏ်းက ပျောက်ကွယ်သွားပြီး ကောင်းကင်လူသားဂိုဏ်း၏ ရန်သူများစွာ ကျန်ရှိနေသောကြောင့် မည်သည့်ဂိုဏ်းကို ဝင်နိုင်မည်နည်း။

မိုဝူကျိက ခေါင်းခါကာ

“ မဟုတ်ဘူး … ငါ့တာအိုက ကောင်းကင်လူသားဂိုဏ်းနဲ့ မဆိုင်ဘူးလေ။ ငါ့ဘာသာ ဂိုဏ်းတည်ထောင်ဖို့ စီစဉ်ထားတာ … အရင်တုန်းက ငါ့ဆီမှာ အင်မော်တယ်လောကမှာ ကိုယ်ပိုင်ဂိုဏ်း ရှိတယ်။ အခု နတ်ဘုရားလောကမှာလည်း လူသားဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းကို တည်ထောင်ဖို့ စီစဉ်ထားတယ် ”

“ တာ့ရှီရှုန်း ဘယ်နေရာကို သွားသွား ကျွန်တော် လိုက်မယ် ” ဝေရုက တွေဝေမနေဘဲ တန်းပြောလိုက်သည်။

သူ ကောင်းကင်လူသားဂိုဏ်းဝင်ဟု ခံစားမိသည့် အဓိက အကြောင်းအရင်းမှာ မိုဝူကျိက သူ့အား ကျင့်ကြံရေး အရင်းအမြစ်များ ပေးခဲ့ပြီး ထွက်သွားခိုင်းခဲ့စဉ် မိုဝူကျိ တစ်ယောက်တည်း ကျန်ရစ်ပြီး ကနဦး နတ်ဘုရားများနှင့် ကောင်းကင်နတ်ဘုရားများ၏ တိုက်ခိုက်မှုများကို ခံယူခဲ့သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သူက မိုဝူကျိကို စံပြအဖြစ် သတ်မှတ်ထားလေသည်။ ကောင်းကင်လူသားဂိုဏ်းအတွက်ကိုမူ မိုဝူကျိနှင့် ဂိုဏ်းထဲ အတူတူ ဝင်သည်မှာ သိပ်မကြာမြင့်သေးသောကြောင့် ဂိုဏ်းအပေါ် သစ္စာရှိမှုကား သိပ်မနက်ရှိုင်းသေးပေ။

“ကောင်းပြီလေ … အခု ငါတို့ဂိုဏ်းအတွက် နေရာရွေးကြတာပေါ့ ” ဝေရုကို အဖွဲ့ထဲ ထည့်ပေးလိုက်ပြီးနောက် မိုဝူကျိက အတော်လေး စိတ်ကျေနပ်သွားသည်။

ပထမ၌  ကောင်းကင်လူသားဂိုဏ်း၏ မူလတည်နေရာမှာ အသင့်တော်ဆုံး ဖြစ်သော်လည်း မိုဝူကျိက ထိုနေရာကို လူသားဂိုဏ်းအဖြစ် မပြောင်းပစ်လိုပေ။ ဤသည်မှာ သူက လျူရှင်းအပေါ် လေးစား၍ မဟုတ်ဘဲ ဖန်းကျဲအပေါ် လေးစားမိ၍ ဖြစ်သည်။

မည်သည့်ရှုထောင့်မှ ကြည့်စေကာမူ ဖန်းကျဲသည် ကောင်းကင်လူသားဂိုဏ်းအား တခြားဂိုဏ်း နေရာ ဖြစ်လာစေဖို့ ဆန္ဒရှိမည် မဟုတ်ပေ။ သူ့ လူသားဂိုဏ်းသည် ကောင်းကင်လူသားဂိုဏ်းနှင့် လုံးဝကွဲပြားနေသောကြောင့် မတူကွဲပြားသည့်နေရာကို ရွေးချယ်ရပေမည်။

“ တာ့ရှီရှုန်း  …ကျွန်တော် နေရာတစ်ခု သိထားတယ် ” ဝေရုက မြန်မြန် တင်ပြလိုက်သည်  “ အဲဒီနေရာက မြင်ကွင်းလည်း ကောင်းတယ်။ နတ်ဝိညာဉ်စွမ်းအားလည်း လုံလောက်တယ်။ ပြဿနာတစ်ခုက နိဗာနတိတ်ဆိတ်မှု ပင်လယ်နဲ့ အရမ်းနီးကပ်နေတာပဲ … ”

နိဗာန တိတ်ဆိတ်မှုပင်လယ်နှင့် နီးကပ်နေခြင်းမှာ ပျက်စီးစွမ်းအား၏ သက်ရောက်မှုကို ခံရနိင်သည်ဟု ဆိုလိုခြင်း ဖြစ်ရာ ထိုနေရာတွင် တည်ထောင်သည့် ဂိုဏ်းဟူ၍ မရှိပေ။

တကယ်တော့ မိုဝူကျိက တည်နေရာ ရွေးချယ်မှုအကြောင်း များများစားစား ဂရုမစိုက်မိပေ။ သူက နတ်ဘုရားကမ္ဘာ၏ သွင်ပြင်မှာ စည်းမျည်းများ ပြီးပြည့်စုံသွားသည့်အခါ အားလုံးပြောင်းလဲသွားမည် ဖြစ်ကြောင်း သိနေ၍ ဖြစ်သည်။ သူတို့ရွေးချယ်လိုက်သည့် နေရာမှာ ယခု အကောင်းဆုံးဖြစ်နေလျှင်ပင် မကြာခင် ဘေးပတ်ဝန်းကျင် မြေအနေအထားပြောင်းလဲမှု ကမ္ဘာကို လှုပ်ခတ်နိုင်သည့် ငလျှင်မျိုး ခံရနိုင်ပေသည်။ ရလဒ်အနေနှင့် တချို့ဂိုဏ်းကြီးများက ကျဆင်းလာမည် ဖြစ်ကာ ကမ္ဘာတစ်ခုလုံး အသစ်ဖြစ်တည်လာလိမ့်မည်။

သို့သော်လည်း နတ်ဘုရားကမ္ဘာ၏ လူသားဂိုဏ်းကို ဝင်သည့် ပထမဆုံးလူ ဖြစ်နေသည့်အတွက် မိုဝူကျိက ပြန်ဖြေပေးလိုက်သည်

“ ရတယ်လေ … မင်း အကြံပြုတဲ့နေရာဆီ သွားကြရအောင်။ နိဗာန တိတ်ဆိတ်မှုပင်လယ်ကိုတော့ ဘာမှစိုးရိမ်နေစရာ မလိုဘူး။ ငါ ဖြေရှင်းဖို့ နည်းလမ်း ရှိတယ် ”

နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများက ဖန်ဆင်းမှုစည်းမျည်း သက်ရောက်ခံလာရပြီး ပြီးပြည့်စုံလာမည် ဖြစ်၏။ ထို့ကြောင့် နိဗာန တိတ်ဆိတ်မှုပင်လယ်သည်လည်း စည်းမျည်းများဖြင့် တဖန် ပြန်လည် တည်ဆောက်ခံရပြီး ပျက်စီးစွမ်းအားများ ပျက်ပြယ်သွားလိမ့်မည်။ တစ်ချိန်တည်းမှာ ရလဒ်အနေနှင့် အသစ်တည်ဆောက်ထားသော ဂိုဏ်းသစ်သည်လည်း ပျက်စီးသွားနိုင်သည်။

မိုဝူကျိ ဂရုစိုက်သည်က ထိုကိစ္စများ မဟုတ်ဘဲ ဂိုဏ်းကို အရင်ဆုံး တည်ထောင်ရန်သာ ဖြစ်၏။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အခါ ကံကြမ္မာဝေစု ရရှိရန် သူ့ဂိုဏ်းကို တည်ထောင်ပြီးစီးမှု မူတည်နေပေသည်။

သူ့လက်ထဲတွင် ကံကြမ္မာ ရှိနေသည့်အခါ ထိုနေရာပေါ်တွင် ဂိုဏ်းကို ပြန်လည် တည်ဆောက်နိုင်လိမ့်မည်။

“ ဟုတ်ကဲ့ တာ့ရှီရှုန်းကို ခေါ်သွားပေးမယ်။ ဒါနဲ့ ကျွန်တော်ဆီမှာ အဖော်တစ်ယောက် ပါသေးတယ်။ သူမကို ခေါ်လိုက်ရင် သူမလည်း သေချာပေါက် လိုက်လာလိမ့်မယ် ” သူ့စကားအဆုံးတွင် ဝေရုက သတင်းပို့ ဓားပျံတစ်ချောင်းကို ပို့လွှတ်လိုက်သည်။

“ အဲဒါ ဘယ်သူလဲ ” မိုဝူကျိက မေးမြန်းလိုက်သည်။

“ သူမ နာမည်က မုရုန်ရှန်းယွီတဲ့ … သူမကို ကျွန်တော်ကို တစ်ခါ ကယ်ပေးဖူးတယ်။ သူမက အရမ်းကြင်နာတတ်တယ်။ ကျွန်တော်တို့ အရွက်မဲ့တောအုပ်ထဲ ကမ္ဘာဦး စိတ်ဝိညာဉ်ဗဟိုချက်ကို ရှာတွေ့တဲ့အခါ သူမက ကျွန်တော်ကို အရင်ဆုံး ကျင့်ကြံခွင့် ပေးတယ် ” ဝေရုက မုရုန်ရှန်းယွီအကြောင်း ပြောသောအခါ သူ့လေသံ၌ နွေးထွေးသည့် အရိပ်အယောင်တချို ပါဝင်နေသည်။

“ မုရုန်ရှန်းယွီလား ” မိုဝူကျိက အံ့အားသင့်မိသွားသည်။

 အင်မော်တယ်လောကက မုရုန်ရှန်းယွီပဲလား …

သူမက နတ်ဘုရားကမ္ဘာအထိ ရောက်လာတာလား … ကြည့်ရတာ ဒီအမျိုးသမီးက မရိုးရှင်းဘူးပဲ …

သူမက လော့ကျမ်းစာရွက်ထဲမှ အချိန်စည်းမျည်းကို ပဲ့ကိုင်ထားသောကြောင့် သူမ ကျင့်ကြံဆင့်မှာ တခြားသူများထက် သေချာပေါက်  ပိုမို မြင့်မားပေလိမ့်မည်။

သို့သော် မုရုန်ရှန်းယွီ၏ လော့ကျမ်းစာရွက်တွင် ပြဿနာ တစ်ခု ရှိနေပြီး သူမ၏ စာရွက်များက မပြီးပြည့်စုံသေးသောကြောင့် စာအုပ်၏ စည်းမျည်းများကလည်း ပြီးပြည့်စုံမှု မရှိပေ။ အကယ်၍ သူမသာ လော့ကျမ်းစာရွက်၏ မပြီးပြည့်စုံသော စည်းမျည်းများနှင့် ကနဦး နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်သည်ဆိုလျှင် သူမက အခွင့်အခါကောင်းများနှင့် ကြုံတွေ့ခဲ့၍သာ ဖြစ်လိမ့်မည်။

“ သူမ ရုပ်ရည်ကို တစ်ချက်လောက် ပုံဖော်ပြ ” မိုဝူကျိက မပြီးပြည့်စုံသော လော့ကျမ်းစာရွက်များနှင့် မုရုန်ရှန်းယွီသည် နတ်ဘုရားလောက၌ တကယ်ပေါ်လာသည်လားဟု သိချင်မိသည်။

ဝေရုက ပုံဖော်ရေးဆွဲပြလိုက်သည့်အခါ လေထဲ၌ မိန်းမလှလေးတစ်ယောက် ပုံ ပေါ်လာသည်။ သူက မုရုန်ရှုန်းယွီနှင့် သွင်ပြင်နှင့် ရင်းနှီးမှန်း သိသာလှသည်။ သူမ၏ ကြည့်ကောင်းသော ရုပ်ရည်သွင်ပြင် လက္ခဏာတို့ပင် ပုံရိပ်အတွင်း ထင်ဟယ်နေသည်။

မိုဝူကျိက မျက်မှောင်ကျုတ်ကာ လော့ကျမ်းစာရွက် ငါးရွက် ရရှိထားသည့် မုရုန်ရှုန်းယွီ ဖြစ်နေလိမ့်မည်ဟု မတွေးထားမိပေ။

မုရုန်ရှုန်းယွီလို မိန်းမတစ်ယောက်ကို မိုဝူကျိက အရွံ့ရှာဆုံး ဖြစ်၏။ သူ သူမကို သိခဲ့စဉ်အခါက ထိုအမျိုးသမီးသည် ကြင်နာတတ်သေးပြီး ရိုးသားအပြစ်ကင်းသေး၏။ သို့သော် လော့ကျမ်းစာရွက်ကို ပိုင်ဆိုင်ထားသော မုရုန်ရှန်းယွီမှာ အင်မော်တယ်ဘုရင်အထိ တက်လှမ်းသွားပြီး မောက်မာကာ တစ်ကိုယ်ကောင်းဆန်သည့် အမျိုးသမီး ဖြစ်လာသည်။

ယခု သူက သူမ နတ်ဘုရားလောကသို့ မည်သို့ ရောက်လာကြောင်း သိချင်နေမိ၏။ နတ်ဘုရားလောကရှိ မပြီးပြည့်စုံသော စည်းမျည်းများဖြင့် တက်လှမ်းရမည့် လမ်းကြောင်း ပေါ်လာမည် မဟုတ်ပေ။

“ ဝေရု … အဲဒီ မုရုန်ရှန်းယွီနဲ့ ဘယ်လိုလုပ် တွေ့လာတာလဲ ” မိုဝူကျိက မုရုန်ရှုန်းယွီလို အမျိုးသမီးတစ်ယောက်အား လူသားဂိုဏ်း ဝင်ဖို့ ခွင့်မပြုနိုင်ပေ။ တစ်ချိန်တည်းဆိုသလို သူမလိုမျိုး အမျိုးသမီးသည် လူသားဂိုဏ်းဆီ ဝင်ဖို့ ကြိုးစားမည် မဟုတ်ကြောင်း သိနေသည်။

***

All Chapters