Chapter(143)
Vol. 11 Ch. 143
အသန့်စင်ဆုံးစနစ် စာစဥ် (11) အခန်း(143)
ချောင်ဖုန်းသည် အားလုံးထဲတွင် အနက်ရောင်အပေါ်ထပ် ဝတ်ရုံကို ဖုံးကွယ်ထားသောကြောင့် လူတစ်ချို့သည် တီတိုးတီတိုးဖြင့် "အဲ့နှစ်ယောက်က ဘယ်သူလဲ.......ငါသူကို တစ်ခါမှ မမြင်ဖူးဘူး" လို့ ပြောနေခဲ့ကြသည်။
ထိုချိန်မှာ ရေခဲသူတော်စင် နတ်သမီးဟု ဆိုသော မိန်းကလေးသည် ပန်းရောင်ဂါဝန်လေး ဝတ်ဆင်၍ တစ်လှမ်းချင်း လှမ်းကာ ရောက်ရှိလာခဲ့ပြီး သူ့အဖေဖြစ်သော လွင်ကုံသွေအား "ရှန်းအာ........အဖေကို ဂါဝါရပြုပါတယ်" လို့ ပြောလိုက်သည်။
ထိုအခါ အားလုံးသည် ချောမောလှပသော ရေခဲသူတော်စင်နတ်သမီးကို မြင်နေရ၍ လိုချင်တပ်မက်မှုများ ဖြစ်ပေါ်နေကြလေသည်။ထိုနေရာမှာ ပိုင်ရှင်မဲ့ ပစ္စည်းသာဆိုရင် ရေခဲသူတော်စင်နတ်သမီးကို အတင်းအဓမ္မလုယုကြမှာ သေချာလှ၏။
အားလုံးသည် ရေခဲသူတော်စင်နတ်သမီးကို အငမ်းမရကြည့်ရှု့နေချိန်မှာ ချောင်ဖုန်းသည် သူစိတ်ထဲကပဲ ဖြစ်နေတာလားဟု တွေးနေလေသည်။ထိုအရာကတော့ ရေခဲသူတော်စင်နတ်သမီးသည် ရွယ်ချင်းနဲ့ တစ်ပုံစံထဲပင် တူနေလို့ပင် ဖြစ်၏။
ရေခဲသူတော်စင်နတ်သမီးသည် သူ့အဖေ၏ နားရဲ့ ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်ကာ ရောက်ရှိနေသော လူများကို လိုက်ကြည့်လိုက်၏။ထိုချိန်မှာ အနက်ရောင်အပေါ်ထပ် ဝတ်ရုံဝတ်ဆင်ထားသော ချောင်ဖုန်းကို မြင်သွားတဲ့ အခါ ရေခဲသူတော်စင် နတ်သမီးသည် "ငါစိတ်ထဲမှာ ဘာလို့ သူ့ကို ရင်နှီးနေသလို ခံစားနေရတာလဲ " လို့ ရေရွတ်လိုက်သည်။
ရေခဲသူတော်စင် ဂိုဏ်း၏ အကြီးအကဲ တစ်ယောက်သည် "အားလုံးပဲ ခုချိန်ကစပြီး........ရေခဲသူတော်စင်နတ်သမီးကို စေ့စပ်လမ်းကြောင်းလို့ ရပါပြီ" လို့ ပြောလိုက်သည်။ရေခဲသူတော်စင်နတ်သမီးသည် သူ့အဖေရဲ့တောင်းဆိုချက်အရ တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့ ရွေးချယ်ရမည်လို့ စေခိုင်းထားတဲ့အတွက် သူအဖေရဲ့စကားကို မလွန်ဆန်ရဲပေ။
တစ်စုံတစ်ယောက်ကို စေ့စပ်ပြီးတာနဲ့ ရေခဲသူတော်စင်နတ်သမီးသည် အကြီးအကဲရာထူးနဲ့အတူ ဂိုဏ်းရဲ့ လို့ဝှက်နယ်မြေကို သူရွေးချယ်လိုက်သော သူနဲ့ အတူ ဝင်ခွင့်ရရှိမယ်ဖြစ်၏။ ချောင်ဖုန်းသည် ထိုလိုမှန်းသိရင် ရေခဲသူတောင်စင်ဂိုဏ်းသို့ လာရောက်မည် မဟုတ်ပေ။
ခန်းမထဲတွင် ရောက်ရှိနေသော ကျင့်ကြံသူအများအပြားနဲ့ မှော်အဂ္ဂိရတ်ဆေးဆရာ တို့သည် ရေခဲသူတော်စင်နတ်သမီးကို ရရှိယုံတင်မကဘဲ ရေခဲသူတော်စင်ဂိုဏ်းရဲ့ လို့ဝှက်နယ်မြေကို ဝင်ခွင့်ရမှာဖြစ်သောကြောင့် တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် ဖြစ်သွားကြ၏။သို့သော်ထိုချိန်မှာ အကြီးအကဲသည် အသက် ၃၀ကျော်လွန်သော လူများ ပါဝင်ခွင့် မရှိဘူးလို့ ပြောလိုက်တဲ့အခါ လူငယ်အများစုသည် ဝမ်းသာသွားလေသည်။
ပထမဆုံးအနေနဲ့ မဟာအင်ပါယာတိုင်းပြည်မှ အိမ်ရှေ့စံမင်းသား ဝန်လင်းသည် သူသိုလှောင်ကွင်းလက်စွပ်မှ စာလိပ်တစ်လိပ်ကို ထုတ်လိုက်၏။ ထို့နောက် "မိန်းကလေးရှန်းအာ.......ငါနာမည်က ဝန်လင်းပါ "ဟု သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီး အစီအရင်စာလိပ်အား အကြီးအကဲမှတဆင့် ရေခဲသူတော်စင်နတ်သမီးကို ပေးခိုင်းလိုက်သည်။
ဝန်လင်းသည် ရည်ရည်မွန်မွန်ဖြင့် "မိန်းကလေးရှန်းအာ......ငါမင်းကို မြင်မြင်ချင်းချစ်မိသွားတဲ့အတွက် ငါမေတ္တာ လက်ခံပေးပြီး
ထာဝရအတူတူနေသွားကြရအောင် " ဟု ပြောလိုက်သည်။
ထိုအခါ ကျုံးအင်ပါယာမှ အိမ်ရှေ့စံသခင်လေးဖြစ်သော ချန်ရှောင်သည် "ဝန်လင်း........မင်းရဲ့ အဆင့်နှစ်အစီအရင်စာလိပ်က မိန်းကလေးရှန်းအာလို လူမျိုးအတွက် ဘယ်လိုလုပ်ပြီး လိုမှာလဲ "ဟု လှောင်ပြောင်ကာ ပြောလိုက်သည်။
ချန်ရှောင် ထိုင်နေရာမှ ထလိုက်ပြီး ရတနာကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ကာ"မိန်းကလေးရှန်းအာ......ငါက ကျုံးအင်ပါယာတိုင်းပြည်ရဲ့ အိမ်ရှေ့စံတစ်ယောက်ပါ ၊ ဒီကျောက်စိမ်းပြားက ကျင့်စဥ်မှုအရှိန်ကို တိုးမြှင့်ပေးပြီး အဆိပ်တွေကို ကာကွယ်ပေးနိုင်တဲ့အတွက် မိန်းကလေးရှန်းအာ သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ် " လို့ ပြောကာ ကျောက်စိမ်းပြားကို ပေးလိုက်သည်။
ရုတ်တရက်ဆိုသလို လူတစ်ယောက်သည် ချန်ရှောင်ရဲ့ ကျောက်စိမ်းပြားကို ချိုးဖြတ်လိုက်ပြီး "ဟားဟားဟား......ဘာမှ သုံးစားမရတဲ့ ကျောက်စိမ်းပြားကို အဆိပ်ကာကွယ်နိုင်တယ်ဆိုတော့ မင်းက မိန်းကလေးရှန်းအာကို သေဖို့ ကြံစည်နေတာလား " လို့ ပြောလိုက်သည်။
ထိုအခါ ချန်ရှောင်သည် ဒေါသထွက်သွားသော်လည်း လွင်ကုံသွေ ရှိနေသောကြောင့် "မင်းရဲ့အသက်ကို ငါခဏချမ်းသာပေးထားလိမ့်မယ် " လို့ပြောကာ သူနေရာတွင် ပြန်၍ ထိုင်နေလိုက်သည်။
ဝန်လင်းကတော့ ချန်ရှောင်ရဲ့ အဖြစ်ပျက်ကို ကြည့်ကာ လှောင်ပြောင်၍ ရယ်နေလေသည်။ချန်ရှောင်ရဲ့ ကျောက်စိမ်းပြားကို ဖျက်စီးသွားသော သူသည် အရှင်လျူဖုန်းရဲ့ မျိုးဆက်လို့ ခံယူထားသော ဂိုဏ်းတစ်ဂိုဏ်းပင် ဖြစ်၏။
ထိုဂိုဏ်းရဲ့အမည်ကတော့ နတ်ဘုရားဗိမ္မာန်ဂိုဏ်းလို့ ခေါ်ပြီး အရှင်လျူဖုန်း တည်ထောင်ထားသော ဂိုဏ်းတစ်ခုလဲ ဖြစ်သည်။
သို့သော ထိုဂိုဏ်းသည် ပြင်ပလောကနဲ့ သီးသန့်နေသောကြောင့် သူတို့လေ့ကျင့်မှသာ ဂိုဏ်းပြင်ကို ထွက်ကာ နတ်ဆိုးသားရဲများကို သတ်ဖြတ်လေ့ရှိသည်။
ယခုအခါ ရေခဲသူတော်စင်ဂိုဏ်းမှ ဖိတ်ကြားလာတဲ့အတွက် နဂါးဗိမ္မာန်တော်ဂိုဏ်းမှ ဝမ်ရှီးဖုန်သည် ဂိုဏ်းကိုယ်စားအဖြစ် ရောက်လာခြင်းဖြစ်သည်။
ဝမ်ရှီးဖုန်းသည် သိုင်းကျင့်စဥ်စာလိပ်တစ်ခုကို ထုတ်၍ ပေးလိုက်ပြီး "ရှန်းအာမိန်းကလေး......ဒါက ငါတို့ဂိုဏ်းရဲ့ အထွဋ်အမြတ်ကျင့်စဥ်တစ်ခုပဲ "လို့ ပြောလိုက်သည်။ထို့နောက် တစ်ယောက်ပြီးတစ်ယောက် လက်ဆောင်တွေပေးပြီး ရှန်းအာ သဘောကျအောင် ပြောဆိုကြပေမယ့် ရှန်းအာသည် အေးစက်စက်ရေခဲတုံး အလားပင် ဖြစ်နေလေ၏။
အာလုံးပြီးသွားတဲ့နောက်တွင် ချောင်ဖုန်းအလှည့်သာ ကျန်ရှိပါတော့သည်။ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းထဲမှ အဆင့်ခြောက်ဆေးလုံးကို ရီဟန်ကိုသာ ပေးခိုင်းလိုက်သည်။
လွင်ကုံသွေသည် သူ့သမီးဖြစ်သော ရေခဲသူတော်စင်နတ်သမီးမှာ မည်သူ တစ်ဦးတစ်ယောက်ကိုမှ စကားပြန်ပြောခြင်း မရှိတာကြောင့် စိတ်ပျက်၍ နေလေသည်။လွင်ကုံသွေသည် "ရှန်းအာ........မင်းကိုယ်တိုင် မရွေးချယ်ရင် ငါရွေးချယ်တဲ့လူကို မင်းလက်ခံရမယ်" လို့ အမိန့်ပေးအသံဖြင့် ပြောလိုက်သည်။
ထိုအခါ ရေခဲသူတော်စင်နတ်သမီးသည် သူ့ကို တိုက်ခိုက်၍ အနိုင်ရတဲ့သူနဲ့ စေ့စပ်လမ်းကြောင်းမည် ဖြစ်ကြောင်း သူ့အဖေကို ပြောလိုက်သည်။ထိုအခါ လွင်ကုံချွေလဲ သဘောကျသွားပြီး သူသမီးရဲ့စကားကို လက်ခံလိုက်၏။
လွင်ကုံချွေသည် "ကောင်းပြီလေ........" လို့ ပြောလိုက်ပြီး သူ့သိုလှောင်ကွင် ရှန်းကမ္ဘာငယ်လုံး ဟု ခေါ်သော ရတနာ တစ်မျိုးကို ထုတ်လိုက်ပြီး အသက်သွင်းလိုက်သည်။ထိုအခါ အဖြူရောင်စွမ်းအင်လုံးကြီးပေါ်တွင် အနက်ရောင်ကြိုးမျှင်များ ပတ်ပြေးနေသော ရှန်းကမ္ဘာငယ်ရတနာကို တွေ့လိုက်ရတဲ့ အားလုံးသည် အံ့အားသင့်သွားကြရသည်။
ရှန်းကမ္ဘာငယ်ရတနာစွမ်းအင်လုံးသည် ဘေးပတ်ဝန်ကျင်ကို မထိခိုက်နိုင်အောင် ဖန်တီးထားသော တိုက်ခိုက်ရေးနယ်မြေ တစ်ခုပင်ဖြစ်သည်။လွင်ကုံချွေသည် သူ့သမီးရဲ သဘောထားကို ပြောပြလိုက်ပြီး ရှန်းကမ္ဘာငယ်စွမ်းအင်လုံးထဲတွင် တိုက်ခိုက်ရမည် ဖြစ်ကြောင်း ပြောလိုက်၏။
ထိုအခါ နတ်ဘုရားဗိမ္မာန်တော်ဂိုဏ်းမှ ဝမ်ရှီးဖုန်းသည် "ဂိုဏ်းချုပ်ကုံသွေ......အဲ့တာဆို ဘယ်သူကအရင်ဆုံး မိန်းကလေးရှန်းအာနဲ့ တိုက်ခိုက်ရမှာလဲ " လို့ မေးလိုက်သည်။ထိုအခါ ဝမ်ရှီးဖုန်းရဲ့ စကားကို အားလုံးက ထောက်ခံလိုက်ကြသည်။
ထို့အပြင် မှော်ဆေးဆရာတချို့ကလဲ "ဂိုဏ်းချုပ်ကုံသွေ......ငါတို့လဲ သခင်မလေးရှန်းအာရဲ့ အရည်အချင်းကို ကိုယ်တိုင်အတွေ့အကြုံလေး ယူချင်တယ်" လို့ လွင်ကုံသွေကို ဝိုင်းဝန်းပြောဆို လိုက်ကြ၏။
ထိုအခါ လွင်ကုံသွေသည် "အားလုံးစိတ်မပူပါနဲ့.......အဲ့ဒီအတွက် ငါအားလုံးစီစဥ်ထားပြီးသား" လို့ ပြောလိုက်သည်။လွင်ကုံသွေသည် သူ့လက်ဖဝါးကို ဆုပ်လိုက်တဲ့အခါ အားလုံးထိုင်နေသော စားပွဲဝိုင်းလေးများရဲ့ အလယ်တည့်တည့်မှ လက်သီးလုံးလောက်ရှိသော စွမ်းအင်လုံးလေးများ ထွက်လာလေသည်။
ထိုစွမ်းအင်လုံးများတွင် နံပါတ်များပါရှိသောကြောင့် ထိုနံပါတ်အစဥ်လိုက် တိုက်ခိုက်ရမည်ကို အားလုံး သိရှိသွားကြသည်။ရေခဲသူတော်စင်နတ်သမီးသည် ရှန်းကမ္ဘာငယ်အတွင်းသို့ ဝင်သွားလေသည်။ထိုအခါ နံပါတ်တစ်ကို ရရှိထားသော လူသည်လည်း ရှန်းကမ္ဘာငယ်အတွင်းသို့ဝင်လိုက်လေသည်။
ရှန်းကမ္ဘာငယ်အတွင်းတွင် တောင်စွယ်အများအပြားသည် လေပေါ်တွင် တည်ရှိနေလေ၏။ တောင်စွယ်နှစ်ခုပေါ်တွင် မျက်နှာဆိုင်ကာ နတ်နယ်ပယ်အဆင့် စွမ်းအားအရှိန်အဝါများ ထုတ်လွှင့်ထားသော ရေခဲသူတော်စင်နတ်သမီးနဲ့အတူ ခန်းဟုန်သည်
တိုက်ခိုက်ဖို့ အဆင့်သင့်ဖြစ်နေကြပြီ ဖြစ်သည်။
ခန်းဟုန်သည် ကျုံးအင်ပါယာအတွင်းရဲ့ နာမည်အနည်းငယ်သာရှိသော ဂိုဏ်းချုပ်တစ်ယောက်ပင်ဖြစ်သည်။ခန်းဟုန်သည် သူ့ရဲ့ စုတ်တံအား မြွေသားရဲဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ပြီး "မိန်းကလေးရှန်းအာ.......သင်ပြပါအုံး " လို့ပြောလိုက်သည်။
ထို့နောက် ခန်းဟုန်သည် သူ့ရဲ့ စုတ်တံကို လေဟာနယ်တွင် အမဲရောင်စာလုံးများရေးဆွဲလိုက်ပြီး "ထာဝစဥ်တောက်ပခြင်းကျင့်စဥ် " လို့ ရေရွတ်လိုက်ပြီး သူရဲ့စုတ်တံကို အပေါ်အောက်လှုပ်ရှားလိုက်တဲ့အခါ အမဲရောင်စာလုံးများသည် စုစည်းသွားပြီးမြွေသားရဲကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။
ခန်းဟုန်သည် သူ့၏ မြွေသားရဲကို နတ်နယ်ပယ်အထွဋ်အထိပ်က တိုက်ခိုက်ရေးသမားတောင် မခုခံနိုင်တဲ့အတွက် ရေခဲသူတော်စင်နတ်သမီးကို အနိုင်ယူဖို့ ယုံကြည်ချက် အပြည့်ရှိနေလေသည်။