← Chapters

chapter(144)

Vol. 11 Ch. 144

chapter(144)

Vol. 11 Ch. 144

အသန့်စင်ဆုံးစနစ် အခန်း(144)

အားလုံးသည် ရှန်းကမ္ဘာငယ်ရတနာအတွင်းကို အပြင်ဘက်မှ ကြည့်ကာ မြင်နေရတာကြောင့် မြွေသားရဲကြီးကို ရေခဲသူတော်စင် နတ်သမီးမှ ဘယ်လို တုံပြန်မလဲ ဆိုတာ သိချင်နေကြသည်။

ရေခဲသူတော်စင်နတ်သမီးသည် သူရဲ့လက်ဖဝါးနှစ်ဖက်ကို ဖြန့်လိုက်ပြီး "ဖျက်စီးခြင်းနတ်ဘုရားမ" လို့ ရေရွတ်လိုက်သည်။ထိုအခါ ရေခဲသူတော်စင် နတ်သမီးရဲ့ လက်ဖဝါး နှစ်ဖက်မှ မဲနက်ရောင် အငွေ့လှိုင်းကြီးသည် မြွေကြီးအလားပင် ထွက်လာပြီး သူ့အနားကို ရောက်ရှိတော့မယ့် ခန်းဟုန်ရဲ့ မြေကြီးရှိသို့ တိုးဝင်သွားလေ၏။

ခဏလေးအတွင်းမှာပဲ ရေခဲသူတောင်စင်နတ်သမီးရဲ့ မဲနက်ရောင်အငွေ့လှိုင်းကြီးသည် ခန်းဟုန်ရဲ့ မြွေသားရဲကြီးကို ဝါးမျိုသွားခဲ့၏။ထိုအခါ မဲနက်ရောင်အငွေ့လှိုင်းကြီးမှ မြွှေသားရဲကြီးအသွင်သို့ ပြောင်းလဲသွားပြီး ခန်းဟုန်ရှိသို့ တရှိန်ထိုး ပြေးဝင်လာတဲ့အခါ ခန်းဟူန်သည် "ငါအရှုံးပေးတယ်...."ဟု ရှက်ရှက်နဲ့ ပြောလိုက်ရလေသည်။

ထိုအခါ အပြင်ဘက်ရှိ ရှန်းကမ္ဘာငယ်ရတနာကို ကြည့်နေသ​ော လူများထဲမှ မှော်အဂ္ဂိရတ်ဆေးပညာရှင်တစ်ယောက်သည် "အမှောင်ထုအဆိပ်ခန္ဓာကိုယ်ပိုင်ရှင်လား......" ဟု မယုံကြည်စွာဖြင့် ရုတ်တရက် ပြောလိုက်လေသည်။

ရေခဲသူတော်စင် နတ်သမီးသည် အမှောင်ထိပ်အဆိပ်ကို ထုတ်သုံးလိုက်တဲ့အတွက် မယုံကြည်စွာနိုင်ဖြင့် "သူက ရွယ်ချင်းနဲ့ရုပ်ချင်းဆင်တာမဟုတ်ဘဲ တကယ်ပဲ ရွယ်ချင်းလား " ဟု ​တစ်ယောက်ထဲ တီးတိုးရေရွတ်လိုက်သည်။

ထိုအခါ လူတစ်ချို့သည် တိုက်ခိုက်ဖို့ ​ကြောက်လန့်နေချိန်မှာ ခန်းဟုန်သည် ရှန်းကမ္ဘာငယ်ရတနာထဲမှ အပြင်သို့ ပြန်ထွက်လာလေသည်။ထို့နောက် နံပါတ်အဆင့်နှစ်စားပွဲဝိုင်းမှ ကျင့်ကြံသူသည် ရှန်းကမ္ဘာငယ်ရတနာ အတွင်းသို့ ခုန်ဝင်သွားခဲ့သည်။

သို့သော် ထိုလူသည်လည်း အချိန်အနည်းငယ်အတွင်းမှာ ရေခဲသူတော်စင် နတ်သမီးကို ရှုံးနိမ့်၍ ရှန်းကမ္ဘာငယ်ရတနာ အတွင်းမှ ပြန်ထွက်လာရသည်။ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားပြီးနောက် နံပါတ် ၂၂ ဖြစ်သော ဓားဘုရင်ဂိုဏ်း၏ သခင်လေး တင်းယောင်ထင် အလှည့်သို့ ရောက်ရှိလာ၏။

တင်းယောင်ထင်သည် ရှန်းကမ္ဘာငယ်ရတနာ အတွင်းသို့ ရောက်ရှိသွားတဲ့ ရှုံးနိမ့်သွားသော သူများကဲ့သို့ တိုက်ခိုက်ရေး သိုင်းကျင့်စဥ်ကို အသုံးမပြုရဲတော့ပေ။

တင်းယောင်သည် သူရဲ့ နတ်နယ်ပယ်အစောပိုင်းအဆင့် တိုက်ခိုက်ရေးအရှိန်အဝါကို ထုတ်ကာ လက်သီးတွင် စွမ်းအားများကို စုစည်းကာ "ဓားဘုရင်ရဲ့လေကဲ့သို့အလျင်" သို့ ပြောလိုက်ပြီး ပျောက်ကွယ်သွားလေသည်။

သို့သော် ရေခဲသူတော်စင်နတ်သမီးသည် ပြုံးလိုက်ပြီး အမှောင်ထုအဆိပ်စွမ်းအားကို အသုံးပြုလိုက်တဲ့အခါ အပြင်တွင် ရှိသော လူအများအပြားသည် ရှန်းကမ္ဘာအတွင်းတွင် ဖြစ်နေသော အရာများ အားလုံးကို ဘာမှ မမြင်ရတော့ပေ။

သို့သော် ချောင်ဖုန်းသည် ရှန်းကမ္ဘာငယ် အတွင်း ဖြစ်ပျက်နေသော အရာများ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။

တင်းယောင်ထင်သည် ရေခဲသူတော်စင်နတ်သမီးရဲ့ ဟာကွက်ကို တိုက်ခိုက်ရန် နေရာအနှံမှ ချောင်းနေလေသည်။

ရေခဲသူတော်စင် နတ်သမီးသည် အမှောင်ထုအဆိပ်စွမ်းအားကို ထုတ်လွင့်လိုက်တဲ့အခါ သူ့ရဲ့နောက်တစ်နေရာတွင် တင်းယောင်ထင်ရှိနေတာကို သိရှိသွားလေသည်။

တင်းယောင်ထင်ကတော့ ရေခဲသူတော်စင်နတ်သမီးက သူ့နေရာကို မရှာဖွေနိုင်ဘူးဟုထင်ကာ ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် တိုက်ခိုက်မယ့်ချိန်မှာ မဲနက်ရောင် အခိုးအငွေ့ကြီးသည် သူ့အား ဖမ်းချုပ်သွားပြီး ခြေလက်များပင် လှုပ်လို့မရပင် ဖြစ်သွား၏။

ထိုအခါ တင်းယောင်သည် သူချုပ်နှောင်ခံရတာကို သိရှိသွားပြီး ခေါင်းစိုက်ကာ အရှုံးပေးလိုက်ပါတော့သည်။တဖြည်းဖြည်းနဲ့ လူအယောက်ငါးဆယ်က​ျော်လုံးသည် ရေခဲသူတော်စင် နတ်သမီးရဲ့ လက်အောက်မှာ ရှုံးနိမ့်သွားကြပြီ ဖြစ်လေသည်။

သို့သော်လူတစ်ယောက်သည် သူ့အနိုင်ရရှိမည်ဟုသော ယုံကြည်ချက်အပြည့်ဖြင့် ရှန်းကမ္ဘာငယ်အတွင်းသို့ ခုန်ဝင်သွားလေသည်။ထိုလူကတော့ နတ်ဘုရားဗိမ္မာန်ဂိုဏ်းမှ ဝမ်ရှီးဖုန်ပင် ဖြစ်လေသည်။ဝမ်ရှီးဖုန်သည် ပြုံပြုံးရွင်ရွင်ပင် " မိန်းကလေးရှန်းအာ......မင်းငါ့ကို ညှာတာနေဖို့ မလိုဘူးနော် " ဟု ပြောလိုက်သည် ။

ရေခဲသူတော်စင် နတ်သမီးသည် မြန်မြန်အဆုံးသတ်ချင်သောကြောင့် သူရဲ့အမှောင်ထုအဆိပ်စွမ်းအာဖြင့် ဦးစွာ တိုက်ခိုက်လိုက်လေသည်။ဝမ်ရှီဖုန်းသည် အစကတော့ သူ့ကိုယ်သူ ယုံကြည်ချက်ရှိသောလည်း အမှောင်ထုအဆိပ်စွမ်းအားရဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါကို ခံစားရတဲ့အခါ အနည်းငယ်ကြောက်လန့်မိသွားသည်။

အမှောင်ထု အဆိပ်စွမ်းအားဖြစ်သော မဲနက်ရောင် အငွေ့လှိုင်းကြီးသည် ဝမ်ရှီးဖုန်ရဲ့ အနားကို ရောက်ရှိနေတာတောင် ဝမ်ရှီးဖုန်းသည် မလှုပ်ရှားသေးတဲ့ ကြည့်နေသော လူများသည် ထူဆန်း၍ နေကြလေသည်။

မဲနက်ရောင်အငွေ့လှိုင်းကြီးသည် ဝမ်ရှီဖုန်းရဲ့ ခန္ဓာကိုယ်အား ကျရာက်သွားတဲ့အခါ ဝမ်ရှီးဖုန်းသည် ဘာမှ မဖြစ်သေးတဲ့အတွက် အားလုံးသည် ဝမ်ရှီးဖုန်မှာ ဘယ်လိုလှည့်ကွက်ကို သုံးနေတာလဲ လို့ သိချင်နေကြ၏။

အမှောင်ထုအဆိပ်စွမ်းအားကြောင့် ဝမ်ဖုန်းရှီရဲ့ အပေါ်ပိုင်းအဝတ် ပျက်စီးသွားသော်အခါမှသာ အမှောင်ထုအဆိပ်စွမ်းအားကို ခုခံနေသော ကျောက်သားအသွင်ဖြစ်နေသော ဝမ်ရှီဖုန်းရဲ့ ခန္ဓာကိုယ်ကို တွေ့ရှိလိုက်ရသည်။

ထိုအခါ ကြည့်နေသော သူများသည် အမှောင်ထုအဆိပ်ခန္ဓာကိုယ်နဲ့သံမဏီခန္ဓာကိုယ် နှစ်ယောက်ပိုင်ရှင်ကို သူတို့ဘဝတွင် ပထမဆုံး မြင်ဖူးတာဖြစ်တဲ့အတွက် အထူးအဆန်းဖြင့် ကြည့်ရှုနေပါတော့သည်။

ဝမ်ရှီဖုန်းသည် သူရဲ့သံမဏီခန္ဓာကိုယ်က အမှောင်ထုအဆိပ်စွမ်းအားကို ခုခံနိုင်မယ်ထင်သောလည်း သူထင်ထားလို့ဖြစ်မလာပေ။

ရေခဲသူတောင်စင်နတ်သမီးသည် သူရဲ့အမှောင်ထုအဆိပ်စွမ်းအားကို တိုးမြှင့်လိုက်လေသည်။

မဲနက်ရောင်အငွေ့လှိုင်းကြီးသည် သူရဲ့သံမဏီခန္ဓာကိုယ်ကို စတင်ထိုးဖောက်လာတဲ့အခါ ဝမ်ရှီးဖုန်းသည် ဆပ်လက် ခုခံနေမယ်ဆိုရင် ဒဏ်ရာအကြီးအကျယ် ရရှိလာနိုင်သော်ကြောင့် စိတ်ပျက်စွာနဲ့ အရှုံးပေးလိုက်လေသည်။

သံမဏီခန္ဓာကိုယ်ပိုင်ရှင် ဝမ်ရှီးဖုန်တောင် အရှုံးပေးလိုက်တဲ့အတွက် ကျန်ရှိသော နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားသည်လည်း အမှောင်ထုအဆိပ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သော ရေခဲသူတော်စင်နတ်သမီးကို မတိုက်ခိုက်ရဲတော့ပေ။

မှော်အဂ္ဂိရတ်ဆေးပညာရှင်များသည်လည်း ရေခဲသူတော်စင် နတ်သမီးနဲ့ တိုက်ခိုက်ဖို့ကို တစ်ယောက်ပြီးတစ်ယောက် လက်လျော့လိုက်ကြပြီး နောက်ဆုံးမှာတော့ ချောင်ဖုန်းအလှည့်ကို ရောက်ရှိလာလေသည်။

ချောင်ဖုန်းသည် သူ့စားပွဲဝိုင်းမှ ထလာတဲ့အခါ ဝမ်ရှီးဖုန်သည် "မင်းက ရေခဲသူတော်စင်နတ်သမီးကို အနိုင်ရမယ်လို့ မျှော်လင့်နေသေးတာလား "ဟု လှောင်ပြောင်သလို ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "အရှုံးသမားက ဘာတွေလာပြောနေတာလဲ" ဟု ပြောကာ ရှန်းကမ္ဘာငယ်ရတနာအတွင်းသို့ ခုန်ဝင်သွားလေသည်။

ဝမ်ရှီးဖုန်သည် သူကနတ်ဘုရားဗိမ္မာန်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်တဲ့အပြင် သံမဏီခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေတာတောင်ညသူ့ကို တလးတစားပြန်မပြောတဲ့အတွက် ဝတ်ရုံနက်ခြုံထားသော ချောင်ဖုန်းကို နောက်မှ ကြည့်ကာ "မင်းဘယ်သူပဲဖြစ်ဖြစ်.....ငါကိုဂရုမစိုက်တဲ့အတွက် မကြာခင် မင်းငါ့ကို ခခယယတောင်းပန်စေရမယ် " လို့ ကြိမ်းဝါးလိုက်လေသည်။

ချောင်ဖုန်းသည် ရှန်းကမ္ဘာငယ်အတွင်းသို့ ရောက်သွားတဲ့အခါ ရွယ်ချင်းနဲ့တူသော ရေခဲသူတော်စင်နတ်သမီးသည် အသံလုံးဝ တိတ်ဆိတ်နေခဲ့ပြီး ချောင်ဖုန်းကို တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။

ရေခဲသူတော်စင်နတ်သမီးသည် အပေါ်ထပ်အနက်ရောင်ဝတ်ရုံဖြင့် မျက်နှာကို ဖုံးကွယ်ထားသောလူကို ရင်နှီးသလို ခံစားနေရတဲ့ အတွက် ဘယ်သူဘယ်ဝါမှန်း သိရှိနေချင်၏။ထိုချိန်မှာ ချောင်ဖုန်းသည် "မိန်းကလေးရှန်းအာ......မင်းမှာအမွှာညီမတွေများ ရှိဖူးလား...." လို့ ကောင်းကောင်းမွန်မွန် ​မေးလိုက်သည်။

ထိုအခါ ရေခဲသူတော်စင်နတ်သမီးသည် သူလက်ဖဝါးမှ ထုတ်လွင့်ထားသော အမှောင်ထုအဆိပ်ခန္ဓာကိုယ်သည် ပြေပျောက်သွားပြီး ကလေးဖွယ်ရာ အမူအယာအသံလေးဖြင့် "ကိုကိုချောင်ဖုန်းလား......"ဟု မေးလိုက်လေသည်။

ထိုအခါ ချောင်ဖုန်းသည် ရေခဲသူတော်စင်နတ်သမီးကို ပြေးဖက်လိုက်ပြီး "ရွယ်ချင်း......မင်းကတကယ်ပဲ ကို့ရဲ့ရွယ်ချင်းပဲ " လို့ ပြောကာ ဖက်ထားလိုက်လေသည်။ထိုအခါ အပြင်မှာ ရှိနေသော လူများသည် ချောင်ဖုန်းတို့ကို ကြည့်ကာ ရူးခါသွားကြ၏။

အားလုံးသည် ရေခဲသူတော်စင်နတ်သမီးကို ဖတ်ထားသော ချောင်ဖုန်းကို ကြည့်ကာ မနာလို မုန်းတီးမူများ ဖြစ်နေကြလေသည်။

ချောင်ဖုန်းသည် ဘာတွေဖြစ်ပျက်ခဲ့တာလဲလို့ ရွယ်ချင်းအား မေးမြန်းကြည့်လိုက်သည်။

ရွယ်ချင်းသည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းမှ ရှိနေချိန်မှာ ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည်

နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းမှ အကြီးအကဲတွေလက်ထဲမှ သူ့ကို အတင်းအဓမ္မ ခေါ်ဆောင်လာခဲ့သည်။

ထို့နောက် ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားတွေသည် သူနဲ့ရွယ်တူရှိသော လူတစ်ယောက်ဆီသို့ ခေါ်ဆောင်လာခဲ့၏။ ထိုလူ၏ ပြောပြချက်အရ ရွယ်ချင်းသည် သူ့ဘဝဖြစ်ကြောင်းများကို သိလိုက်ရပြီး မယုံကြည်စွာဖြစ်နေခဲ့သည်။

All Chapters