← Chapters

chapter(145)

Vol. 11 Ch. 145

chapter(145)

Vol. 11 Ch. 145

အသန့်စင်ဆုံးစနစ် အခန်း(145)

သို့သော် သူ့အကိုဟု ပြောသောလူသည် မယုံကြည်ရင် လုယွဲ့ကို မေးမြန်းကြည့်နိုင်တယ်လို့ ပြောလိုက်သည်။ထိုအခါ ရွယ်ချင်းသည် ထိုလူနဲ့အတူ ရီအိမ်တော်သို့သွားကာ မေးမြန်းခဲ့တဲ့အခါ ထိုလူပြောတဲ့အတိုင်းပဲ အရာရာတိုင်းက အမှန်အတိုင်းပင် ဖြစ်နေတဲ့အတွက် ဝမ်းနည်းသွားလေသည်။

ရွယ်ချင်း ပြောပြပြီးတဲ့နောက်မှာ ချောင်ဖုန်းသည် ရွယ်ချင်းပြောနေသော လူသည် လွင်ကျန့်ချွင် ဖြစ်ကြောင်းသိရှိသွားခဲ့သည်။

ထို့နောက် ချောင်ဖုန်းနဲ့ရွယ်ချင်းသည် လက်ချင်းချိတ်ကာ ရှန်းကမ္ဘာငယ်ရတနာထဲမှ ထွက်ခွာလာခဲ့၏။

ရွယ်ချင်းသည် အပြင်သို့ရောက်တဲ့အခါ ချောင်ဖုန်းကို သူနဲ့စေ့စပ်ပေးဖို့ ပြောလိုက်လေသည်။ထိုအခါ အားလုံးသည် မကျေမနပ်ဖြစ်နေကြပြီး ဝမ်ရှီးဖုန်းသည် "ဂိုဏ်းချုပ်ကုံသွေက ......ကျွန်တော်တို့ကို ပြပွဲကြည့်ဖို့ ဖိတ်ခေါ်ထားတာပဲ"လို့ ရွဲ့ကာ ပြောလိုက်သည်။

ရွယ်ချင်းသည် သူ့ကို အနိုင်ရရှိတဲ့ သူကို ရွေးချယ်မည်ပြောထားသော်လည်း ချောင်ဖုန်းနဲ့ တိုက်ခိုက်ခြင်းမရှိဘဲ အဆင်ပြေသွားတာကြောင့် လွင်ကုံသွေသည် ဖြေရှင်းဖို့ ခက်ခဲသွားလေသည်။

ထိုချိန်မှာ ချောင်ဖုန်းသည် မကျေနပ်တဲ့ လူရှိရင် သူကို တိုက်ခိုက်ဖို့ စိန်ခေါ်လို့ ရတဲ့အကြောင်းပြောလိုက်သည်။ထိုအခါ အခန်းထဲမှ လူများ အားလုံးသည် ချောင်ဖုန်းကို တိုက်ခိုက်မည်ဖြစ်ကြောင်း အော်ဟစ်လိုက်ကြလေသည်။

လွင်ကုံသွေသည် ချောင်ဖုန်းရှိမှ စွမ်းအားအငွေ့အသက်ကို မခံစားရတဲ့အတွက် သူ့သမီး နဲ့ ထိုက်တန်ပါ့မလားလို့ တွေဝေနေချိန်မှာ ချောင်ဖုန်းပြောလိုက်တဲ့စကားကြောင့် ချောင်ဖုန်းမှာ ထူးဆန်းစွမ်းအင်များ ရှိနေသလား မျှော်လင့်နေလေ၏။

ချောင်ဖုန်းသည် တချက် ​ပြုံးလိုက်ပြီး "မင်းတို့ရဲ့ အရည်အချင်းတွေနဲ့ ငါ့ကိုတိုက်ခိုက်ဖို့ ဘယ်လိုလုပ်သတ္တိတွေရှိနေတာလဲ " လို့ ပြောလိုက်ရင်း နတ်ဆိုးတစ​္ဆေစွမ်းအရှိန်အဝါကို ထုတ်လွှင့်လိုက်တဲ့အခါ တစ်ယောက်ပြီးတစ်စုံ ခြေစုံဒူးထောက်ကျသွားကြလေသည်။

ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေစွမ်းအားကို ၅၀ရာခိုင်နှုန်းသာ ထုတ်ထားပေမယ့် နဂိုကထက် အဆပါင်းများစွာ သာလွန်လာကြောင်း ခံစားလိုက်ရ၏။ ဝိညဥ်နယ်ပယ် အထွဋ်အထိပ် ရောက်ရှိနေသော လွင်ကုံသွေတောင်ပင် ချောင်ဖုန်းရဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါကို ခံစားနေရသည်။

လွင်ကုံသွေသည် အားလုံးကို ပြန်လွှတ်ပေးဖို့ ပြောလိုက်တဲ့အခါမှသာ ချောင်ဖုန်းသည် သူရဲ့စွမ်းအင်များကို ပြန်ရုတ်သိမ်းလိုက်တဲ့အခါ အနက်ရောင်အခိုးအငွေ့များသည် ချောင်ဖုန်းခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားလေသည်။

လွင်ကုံသ​ွေသည် ချောင်ဖုန်းကို ကြည့်လိုက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဆိုးတစ္ဆေစွမ်းအားကို ပိုင်ဆိုင်နေသောကြောင့် မကောင်းဆိုးဝါးတစ်ကောင်အလားဟု တွေးလိုက်လေသည်။

အားလုံးသည် ဒူးထောက်နေရာမှ ထလိုက်ပြီး ချောင်ဖုန်းကို မျက်နှာချင်းဆိုင်ဖို့တောင် ကြောက်လန့်သွားကြသည်။သို့သော်ယအဆင့်ခြောက်မှော်ဆေးဆရာတစ်ယောက်ဖြစ်သော လန်ရှောက်ချင်သည် "ကောင်လေး......မင်းက ကျင့်ကြံမှုအဆင့်မြင့်တာနဲ့ ငါ့လို့ မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တစ်ယောက်ကို စော်ကားတဲ့ မင်းကို အပြစ်ပေးရလိမ့်မယ်" ဟု ပြောလိုက်သည်။

မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်လို့ ပြောလိုက်တဲ့အခါ သိရှိသောသူများသည် လန်ရှောက်လန်ချင်အား အရိုအသေပေးလိုက်ကြသည်။သို့သော် ချောင်ဖုန်းသည် ဂရုမစိုက်သည့်ဟန်ဖြင့် လန်ရှောက်ချင် အပေါ်သို့ နတ်ဆိုးတစ္ဆေစွမ်းအား အရှိန်အဝါကို အသုံးချလိုက်တဲ့ လန်ရှောင်ချင်သည် နောက်ထပ်တစ်ကြိမ် ဒူးထောက်လိုက်ရလေသည်။

ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေစွမ်းအား အရှိန်အဝါကို ပြန်ဖျောက်ပေးလိုက်တဲ့အခါ လန်ရှောက်ချင်သည် ပြန်ထလာပြီး နောက်ထပ်ဘာမှ မပြောရဲတော့ပေ။ထို့နောက် ချောင်ဖုန်းသည် ရွယ်ချင်း လက်ကို ကိုင်ကာ"ဂိုဏ်းချုပ်ကုံသွေ......ကျွန်တော်တို့ နှစ်ယောက် လို့ဝှက်နယ်မြေကို ဝင်လို့ရပြီလား....." လို့ ​မေးလိုက်သည်။

လွင်ကုံသွေသည် တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်ပြီး "ဒီခရီးက အန္တာရာယ်ရှိတဲ့အတွက် ရှန်းအာကို မင်းပိုဂရုစိုက်ပါ" လို့ပြောလိုက်သည်။ထို့နောက် ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် ချောင်ဖုန်းတို့ကို လို့ဝှက်နယ်မြေရဲ့ဝင်ပေါက်တစ်ခုကို ခေါ်ဆောင်သွားခဲ့သည်။

အပြာရောင်လျှပ်စီးစွမ်းအင်များ လည်ပတ်လျက် ရှိနေသော တံခါးဝသို့ ရောက်တဲ့အခါ အကြီးအကဲသည် လွင်ကုံသွေ ပေးလိုက်သော တံဆိပ်ပြားကို ဂရုတစိုက် သိမ်းထားဖို့ ပြောပြီး လျှပ်စီးများ လည်ပတ်နေသော တံခါးအတွင်းသို့ ဝင်ခိုင်းလိုက်သည်။

ထိုအခါ ချောင်ဖုန်း ၊ ရွယ်ချင်း နဲ့ ရီဟန်သည် ထိုလျှပ်စီးတံခါးပေါ်သို့ ဝင်လာခဲ့တဲ့အခါ ရေခဲသူတော်စင်ဂိုဏ်း ရှာဖွေတွေ့ရှိထားသော လို့ဝှက်နယ်မြေကို ရောက်ရှိလာလေသည်။

ချောင်ဖုန်းတို့သည် တောတစ်ခုအပေါ်မှ လျင်မြန်စွာ ပျံသန်းသွားလာနေခဲ့၏။ ထိုချိန်မှာ ရုတ်တရက်မှ ဧရာမ လက်ဖဝါးကြီးရဲ့ ရိုက်ခတ်ခြင်းနဲ့အတူ " ငါရဲ့ နတ်ဆိုးပိုင်နက်ထဲကို ဘယ်သူတွေ ဝင်လာရဲတာလဲ " ဟုသော သားရဲကောင်ကြီးရဲ့ အသံကို ကြားလိုက်ရသည်။

လက်ဖဝါးကြီး ထွက်ပေါ်လာတဲ့အခါ ရီဟန်သည် ရှေ့သို့တက်လိုက်ပြီး ခံစားချက်မဲ့ဖြင့် သေခြင်းတရာကျင့်စဥ်ဖြင့် လက်ဖဝါးကြီးကို တိုက်ခိုက်လိုက်သည်။ထိုအခါ လက်ဖဝါးကြီးသည် အောက်သို့ ပြန်ကျလာပြီး ဧရာမလူသားအသွင် နတ်ဆိုးကြီးသည် တောနက်ထဲမှ ကုန်းကာ ထလာပြီး သူ့ရင်ဘတ်ကို ထုချလိုက်သည်။

ထို့နောက် နတ်ဆိုးသရဲကြီးသည် ချောင်ဖုန်းတို့သုံးယောက်ကို ကြည့်လိုက်ပြီး "လူသားတို့ မင်းတို့ လာရာလမ်း လှည့်ပြန်သွားပါ ၊ ငါမင်းတို့ကို ဆော့ကစားဖို့ မအားသေးဘူး" လို့ ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "အဲ့လောက်နဲ့ ငါ့ကို လှည့်စားချင်နေတာလား " လို့ ပြောပြီး ယန်အစီအရင် ရတနာကို ထုတ်လိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ အလံတိုင်ခြောက်ခုသည် လူသားအသွင် နတ်ဆိုးသားရဲကို ပတ်လည်ဝိုင်းထားလိုက်သည်။

ချောင်ဖုန်းသည် သူရဲ့လက်ချောင်းများကို ထပ်မံလှုပ်ရှားလိုက်တဲ့အခါ အလံတိုင်ခြောက်ခုမှ ထွက်လာသော ရွှေဝါရောင်အလင်းတန်းစွမ်းအားများသည် ဧရာမလူသားအသွင် နတ်ဆိုးသားရဲကြီးပေါ်သို့ ကျရောက်သွားလေသည်။

ထိုအခါ ဧရာမနတ်ဆိုးသားရဲကြီးသည် ပစ်လဲကျသွားပြီး ဘာမှ မရှိတော့သလို ​ပျောက်ကွယ်သွားလေသည်။စွမ်းအားအရှိန်အဝါများပြင်းထန်နေသော တောင်ထိပ်တစ်ခု၏ အစီအရင်စက်ဝိုင်းအတွင်းတွင် ရှိနေသော လူခြောက်လုံးသည် သွေးများအန်လိုက်ရပြီး ထိုထဲမှ မိန်းကလေးတစ်ယောက်သည် " သေစမ်း......အစီအရင်ရုပ်သေးရုပ် ပျက်စီးသွားပြီ " ဟု ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။

ချောင်ဖုန်းသည် ယန်အစီအရင်ရတနာကို ထည့်သိမ်းလိုက်ပြီး ရှေ့ကို ပျံသန်းတော့မယ့်ချိန်မှာ ရွယ်ချင်းသည် ချောင်ဖုန်းလက်ကို ဆွဲကိုင်လိုက်ပြီး "ကိုကိုချောင်ဖုန်း......ရှင်ဘာလို့ ခုချိန်ထိ မျက်နှာကို ဖုံးကွယ် ထားရတာလဲ "ဟု ပြောပြီး ချောင်ဖုန်းရဲ့ အကြောင်းများကို မေးမြန်းပါတော့သည်။

ထိုအခါ ချောင်ဖုန်းသည် သူဖြစ်ပျက်ခဲ့သော အကြောင်းအရာများ အားလုံးကို ရှင်းပြလိုက်လေသည်။ထိုအခါမှာ ရီဟန်သည် ရုပ်သေးရုပ်တစ်ရုပ်ဖြစ်မှန်း ရွယ်ချင်းသည် သိရှိသွားလေသည်။

ချောင်ဖုန်းသည် လူဖန်တီးထားသော နတ်ဆိုးရုပ်သေးရုပ် ရှိနေသောကြောင့် အနီးတဝိုက် တွင် လူများ ရှိနေလိမ့်မယ်လို့ ခန့်မှန်းလိုက်သည်။ချောင်ဖုန်းတို့သည် ရှေ့ဆက်ပျံသန်းလာပြီးတဲ့နောက် နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမား ၁၀ယောက်ရဲ့ အရှိန်အဝါကို ခံစားလိုက်တဲ့အတွက် အရှိန်ကို လျော့လိုက်ကြကာ မြေပြင်ပေါ့်သို့ ဆင်းသက်လိုက်ကြသည်။

လူ၁၀ယောက်သည် သူတို့ရဲ့စွမ်းအားများကို သုံးကာ ဆေးအမယ်တစ်မျိုးကို ရယူဖို့ ကြိုးစားနေကြ၏။ သို့သော် ထိုဆေးပင်သည်

အနည်းငယ်တောင် လှုပ်ရှားမှုမရှိပေ။ ချောင်ဖုန်းသည် ထိုဆေးပင်အများအပြားကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်သွားလေသည်။

ထိုဆေးပင်များသည် အဆင့်ကိုးဆေးလုံးများဖော်စပ်ရာတွင် အသုံးဝင်ဆုံးဆေးလုံးဖြစ်ပြီး နတ်ဘုရားဆေးမြစ်ပင်ဟုသော အမည်ကို ရရှိထား၏။ထိုချိန်မှာ လူဆယ်ယောက်ထဲမှ တစ်ယောက်သည် "ဘယ်သူလဲ.......ထွက်ခဲ့စမ်း" လို့ ချောင်ဖုန်းတို့ ရှိနေသော သစ်ပင်နောက်ကွယ်ကို ကြည့်ကာပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းတို့သည် ရှေ့ကို ထွက်လာကြပြီး သူတို့လမ်းမှား၍ ဒီနေရာကို ရောက်လာတဲ့အကြောင်းပြောပြလိုက်တဲ့အခါ အားလုံးသည် ချောင်ဖုန်းကို ရယ်မောကြလိုက်လေသည်။ထိုထဲမှ ကျူနန်လို့ခေါ်သော မိန်းကလေးသည် " ရှင်ကျွန်မတို့ကို လာနောက်နေတာလား......ဒီနေရာက ရေခဲသူတော်စင်ဂိုဏ်းရဲ့ ဘိုးဘေးတွေ ဖန်တီးထားတဲ့နယ်မြေတစ်ခုပဲ ၊ ရေခဲသူတော်စင်ဂိုဏ်းက လူမဟုတ်ဘဲ ဒီနေရာကို ဘယ်သူမှ ဝင်လာလို့ရမှာ မဟုတ်ဘူး" လို့ ပြောလိုက်သည်။

ရေခဲသူတော်စင်ဂိုဏ်းရဲ့ ဘိုးဘေးများသည် ကိုယ်ပိုင်နယ်မြေတစ်ခုကိုတောင် ဖန်တီးနိုင်ထားတဲ့အတွက် ချောင်ဖုန်းသည် အထင်ကြီးသွားလေသည်။

ထိုအခါ ချောင်ဖုန်းလဲ မညာဘဲ အမှန်အတိုင်း ဖွင့်ပြောလိုက်၏။ ထိုအခါမှသာ ကျူနန်သည် သူရဲ့မြင်းပျံသားရဲကို ထုတ်ကာချောင်ဖုန်းတို့ကို နေရာတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။

ရေခဲသူတော်စင်မြတ်နန်းတော်ဟု ခေါ်သာ နေရာသည် ကျင့်ကြံဖို့အတွက် အကောင်းဆုံးနေရာဖြစ်ပြီး နတ်ဆိုးသားရဲများ ပေါ်များသော နေရာတစ်ခုဖြစ်သည်။ကျူနန်သည် မြင်းပျံဖြင့် နေရာတစ်ခုကို ဆင်းသက်လိုက်တဲ့အခါ မြေပြင်တွင် ရှိနေသော

လူများသည် "စီနီယာအမကျူနန်နဲ့ ပါလာတဲ့ မိန်းကလေးက အတော်ချောတာပဲ "ဟု ပြောလိုက်သည်။

All Chapters