← Chapters

chapter(146)

Vol. 11 Ch. 146

chapter(146)

Vol. 11 Ch. 146

အသန့်စင်ဆုံးစနစ် အခန်း (146)

ထိုချိန်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်ရောက်ရှိလာကာ ချောင်ဖုန်းတို့ အဖွဲ့ကို ကြည့်လိုက်ပြီး

"ကုသွေ့က ခုချိန်ထိ လက်မလျော့သေးဘူပဲ" လို့ ပြောကာ ထွက်သွားလေသည်။

မြေပြင်ပေါ်သို့ ရောက်တဲ့အခါ ကျူနန်သည် "နင်တို့တွေ ဒီမှာနေဖို့အတွက် အကြီးအကဲတွေဆီမှာ အမိန့်ပြားထုတ်ရမယ် နောက်ပြီးတော့ မင်းတို့က ဘယ်သူတွေပဲ ဖြစ်ဖြစ် ဒီနေရာက လူတွေကို မင်းတို့ရိုရိုသေသေဆက်ဆံရမယ် ငါပြောတာနားလည်လား....." ဟု ပြောလိုက်သည်။

ရွယ်ချင်းသည် " စီနီယာအမကျူနန် ဒါကဘယ်လိုနေရာလဲ......" ဟု မေးလိုက်သည်။ထိုအခါ ကျူနန်သည် "ဒီနေရာက မင်းတို့ရဲ့အရည်အချင်းတွေကို မူတည်ပြီး ဆုတွေထိုက်တန်စွာ ရရှိမယ့်နေရာပဲ " လို့ ပြောပြလိုက်သည်။

ရုတ်တရက် လျင်မြန်စွာ အရှိန်နဲ့အတူ အဖ​ြူရောင်ဝိညဥ်စွမ်းအားလှိုင်းပါသော အရိုးဓားတစ်ချောင်းသည် ချောင်ဖုန်းရှိသို့ ဦးတည်လာလေသည်။ထိုအခါ ရီဟန်သည် အရိုးဓားချောင်းကို ချောင်ဖုန်းရှိ မရောက်ခင်မှာ ကြားမှ တိုက်ခိုက်လေသည်။

ကျူနန်သည် "ယဲ့ဝေ......ဒီနေရာမှာ အချင်းချင်း တိုက်ခိုက်လို့မရဘူးဆိုတာ နင်သိတယ်နော် " ဟု လေသံမာမာဖြင့် ပြောလိုက်သည်။ထိုအခါ ယဲ့ဝေဆိုသော မိန်းကလေသည် သူရဲ့အရိုးဓားကို ပြန်သိမ်းလိုက်ပြီး "ကျူနန်.....နင်က ငါ့ထက် တစ်ဆင့်မြင့်တာနဲ့ ငါ့ကို အမိန့်ပေးလို့ရမယ်ထင်နေတာလား " လို့ မကျေနပ်သော လေသံဖြင့် ပြန်မေးလိုက်သည်။

ထိုချိန်မှာ နားများကွဲမထွက်တက်ပင် ကျယ်လောင်သော အချက်ပေးသံတစ်ခုနဲ့ အတူ အဖြူရောင် အလင်းတန်းကြီးသည် ပေါ်ထွက်လာခဲ့သည်။ထိုအခါ ကျူနန်သည် "အတော်ပဲ နင်တို့ နတ်ဆိုးတွေတော့ သတ်ဖူးတယ်မလား " ဟု ပြောလိုက်သည်။

ချောင်ဖုန်းတို့သည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ကျူနန်တို့ သူနောက်လိုက်ဖို့ ချောင်ဖုန်းတို့ ပြောကာ ပျံသန်းသွား၏။ထိုအခါ ချောင်ဖုန်းတို့လဲ ကျူနန်နောက်တို့ လျင်မြန်စွာ ပျံသန်း၍ လိုက်သွားကြလေသည်။

ကျူနန်သည် တောင်ထိပ်တစ်ခုသို့ ရောက်တဲ့အခါ ဆင်းသက်သွား၍ ချောင်ဖုန်းတို့လဲ လိုက်မံဆင်းသက်လိုက်၏။ ကျုနန်သည် ရေခဲပြာရောင် အပေါ်ထပ် ဝတ်ရုံများ ဝတ်ဆင်ထားသော အဖွဲ့နဲ့စကား ပြောနေတာကို ချောင်ဖုန်းတို့တွေ့လိုက်ရသည်။

ထိုအဖွဲ့ထဲမှ တစ်ယောက်သည် ချောင်ဖုန်းတို့ရှိ ရောက်လာပြီး "မင်းတို့က ဒီကစားပွဲမှာ ပါမှာ သေချာလား....."လို့ မေးလိုက်သည်။ချောင်ဖုန်းတို့ ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ထိုလူသည် သူတို့အဖွဲ့ရဲ့ အပေါ်ထပ်ရေခဲပြာရောင်ဝတ်ရုံ သုံးစုံနဲ့အတူ တံဆိပ်ပြား သုံးခုကို အသက်သွင်းခိုင်းလိုက်သည်။

ရီဟန်တွင် သွေးမရှိတဲ့အတွက် ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ကြောင်း ပြောပြလိုက်သည်။ထိုစကားကို ကြားတဲ့အခါ နောက်က အဖွဲ့များကလူများပါ ရောက်ရှိလာပြီး ရီဟန်ကို သေချာကြည့်လိုက်ကြ၏။

အားလုံးသည် သေချာစစ်ဆေးကြည့်ပြီးမှသာ ရီဟန်သည် ရုပ်သေးရုပ် အမှန်တကယ်ပင် ဖြစ်နေသောကြောင့် အံ့အားသင့်သွားကြလေသည်။ထို့နောက် ဟီရှဲဆိုသော မိန်းကလေးသည် "ငါတို့ဒီကနေ အမြန်ဆုံးထွက်ခွာသင့်တယ် " မဟုတ်ရင် ငါတို့အဖွဲ့ ရှုံးသွားလိမ့်မယ် " လို့ စိတ်မရှည်စွာ ဖြင့်ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းနဲ့ရွယ်ချင်းသည် တံဆိပ်ပြားကို သွေးဖြင့် အသက်သွင်းလိုက်ကာ ချိတ်ဆက်လိုက်ကြ၏။ထိုအခါ တံဆိပ်ပြားပေါ်တွင် နတ်ဆိုးသတ်ဖြတ်ရေး အဖွဲ့ ၂၁၏ အသင်းသားအသစ် ၊ နတ်ဆိုးသားရဲသတ်ဖြတ်ရေး သုည ဟုသော စကားလုံးများပေါ်ထွက်လာလေသည်။ထို့နောက် ဟီရှဲ သည် အစီအရင် အလင်းတန်းပြန်ပေါ်လာတဲ့အချိန်ကြရင် တောင်ထိပ်တွင် ပြန်စုကြဖို့ ​ပြောလိုက်သည်။

ထို့နောက် စုစုပေါင်း လူ ၉ယောက်ရှိသော အဖွဲ့သည် တောင်ထိပ်ပေါ်မှ စတင်ပျံသန်းလာလေသည်။ထို့ချိန်နောက်က အဖွဲ့သည် ချောင်ဖုန်းတို့ကို ကျော်တက်သွားပြီး "မင်းတို့ အဖွဲ့၂၁က ဒီတစ်ခေါက်လဲ ငါတို့ကို ယှဥ်နိုင်မယ် တော်တော်လိုအုံးမယ် ထင်တယ် .......ဟားဟား"လို့ လှောင်ပြောင် ပြောပြီး သူအဖွဲ့နဲ့ အတူ ရယ်မောရင်း ထွက်သွားကြလေသည်။

ထိုအခါ ဟီရှဲဆိုသော မိန်းကလေးသည် ဒေါသထွက်စွာနဲ့ "ဒီတစ်ခေါက် ငါတို့ အဖွဲ့၁၉ ထက်သာလွန်စေရမယ်"လို့ ​ ကြိမ်းဝါးပြောလိုက်လေသည်။ကျူနန်သည် "နောက်ဆုံးတော့ငါတို့ နတ်ဆိုးသားရဲနယ်မြေကို ရောက်ရှိလာပြီ " ဟု ပျော်ရွင်စွာနဲ့ မြေပြင်ကို ဆင်းသက်လိုက်လေသည်။

ကျူနန်တို့ အဖွဲ့တွင် ဟီရှဲသည် ခေါင်းဆောင်ဖြစ်ပြီး နတ်နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။ဟီရှသည် အသက်သေဆ့နိုင်မည့် အန္တရာယ်ကျရောက်မယ်ဆိုရင် အမိန့် တံဆိပ်ပြားကို ဖျက်ဆီးပြီး ထွက်ပြေးနိုင်တဲ့ အကြောင်း ပြောပြလိုက်သည်။

ထို့နောက် သုံးယောက်တစ်ဖွဲ့ ခွဲပြီး နတ်ဆိုးသားရဲများကို ရှာဖွေသတ်ဖြတ်ရန် ခွဲထွက်လာကြလေသည်။ရွယ်ချင်းသည် ပျံသန်းရင်း " ကိုကိုချောင်ဖုန်း......ကိစ္စအားလုံးပြီးသွားရင် ရွယ်ချင်းတို့ ရီအိမ်တော်ကို အတူ ပြန်ကြမယ်နော်" ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းက မကြာခင် ဒီထက်အားကောင်းလာနိုင်တဲ့အတွက် ဝတ်ရုံနီဂိုဏ်းကို အပြီးသတ် ဖျက်ဆီးပြီးမှသာ ရီအိမ်တော်ကို ပြန်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ပြောပြလိုက်သည်။

ထိုချိန်မှာ ချောင်းဖုန်းသည် အဆင့်ခြောက် နတ်ဆိုးသားရဲများရဲ့ အရှိန်အဝါကို ခံစားလိုက်ရတဲ့အတွက် ရီဟန်ကို ဦးစွာတိုက်ခိုက် ခိုင်းလိုက်သည်။ရီဟန်သည် ဝိညဥ်နယ်ပယ်အဆင့်စွမ်းအားရှိနေသော အခါ နတ်ဆိုးသားရဲများသည် ရှောင်ပြေးဖို့ ကြိုးစားပင်မယ့်

ရွယ်ချင်းနဲ့ ချောင်ဖုန်းရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ရီဟန်သည် ဝိညဥ်နယ်ပယ်အဆင့်စွမ်းအားရှိသော ရုပ်သေးရုပ် ဖြစ်နေလိမ့်မယ်လို့ ရွယ်ချင်းသည် ထင်မထားခဲ့ချေ။တံဆပ်ပြားပေါ်တွင် ချောင်ဖုန်းနဲ့ ရွယ်ချင်း၏ နတ်ဆိုးသားရဲသတ်ဖြတ်ခြင်း အကောင်ရေမှာ ၁၀ ကောင်ကို စတင်ရရှိလာပြီဖြစ်သည်။

ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် အဆင့်ခုနှစ် နတ်ဆိုးသားရဲကောင် ၃ကောင်ကို တွေ့ရှိတဲ့အခါ ချောင်ဖုန်းသည် "ရွယ်ချင်း.......ကို့ကို ခန ဒီမှာ စောင့်ပါ" လို့ ပြောပြီး ဖွတ်နတ်ဆိုးသားရဲသုံးကောင်ရှေ့ကို ခုန်ထွက်လာလေသည်။

ထိုအခါ အဆင့်၇ ဖွတ်နတ်ဆိုးသားရဲတစ်ကောင်သည် "ငါတို့ အစားမစားရတာ ရက်ပေါင်း အတော်ကြာနေပြီ ၊ နောက်ဆုံးတော့ ငါတို့စားဖို့ လူသားတစ်ယောက်ရောက်လာပြီပဲ" လို့ ပြောလိုက်သည်။

ထိုချိန်မှာ နောက်ထပ် အဆင့်၇ ဖွတ်နတ်ဆိုးသားရဲသည် ခုနက စကားပြောလိုက်တဲ့ဖွတ်နတ်ဆိုးသားရဲကို သူ့အမြှီးဖြင့် ခေါင်းကို ရိုက်ချလိုက်ပြီး "ဆောက်ရူးကောင် မင်းမနေ့ကမှ စားသေးတယ်လေ ဒီနေ့ ငါတို့နှစ်ယောက်အလှည့်ပဲ" ဟု ပြောပြီး ရှေ့သို့ တက်လာလေသည်။

ချောင်ဖုန်းသည် ရီချုံကို စားမလားလို့ မေးကြည့်တဲ့အခါ ရီချုံသည် "အကိုကြီး အဲ့ကောင်တွေက အသားက စားလို့ကောင်းမယ် မထင်ဘူး" ဟု ပြောကာ ငြင်းလိုက်၏။ ထိုအခါ ချောင်ဖုန်းသည် "မင်းတို့က ငါ့အသားကို စားဖို့ စဥ်စားနေတာလား" လို့ပြောကာ နတ်ဆိုးတစ​္ဆေစွမ်းအားအရှိန်အဝါကို ၈၀ရာခိုင်နှုန်းအထိ ထုတ်လွင့်လိုက်၏။

ထိုအခါ အဆင့်၇ ဖွတ်နတ်ဆိုးသားရဲသည် နတ်ဆိုးတစ္ဆေ စွမ်းအားအရှိန်အဝါသည် သူတို့အပေါ်ကျရောက်လာတဲ့အခါ ကြောက်လန့်သွားကြပြီး "နတ်ဆိုးတစ္ဆေစွမ်းအား အရှိန်အဝါလား.....လူသားတစ်ယောက်မှာ ဘယ်လိုလုပ် နတ်ဆိုးတစ​္ဆေစွမ်းအား အရှိန်အဝါ ရှိနေရတာလဲ" ဟု ​ပြောဆိုရင်း သူတို့ရဲ့ စွမ်းအားများဖြင့် ခုခံနေလေသည်။

ထိုချိန်မှာ ချောင်ဖုန်းသည် အဆင့်၇ ဖွတ်နတ်ဆိုးသားရဲများကို သတ်ဖြတ်ဖို့ ပြောလိုက်၏။ ထိုအခါ ရွယ်ချင်းသည် ချောင်ဖုန်းဘေးကို ရောက်ရှိလာပြီး အမှောင်ထုအဆိပ်စွမ်းအားကို ထုတ်ကာ မဲနက်ရောင် အငွေ့လှိုင်းကြီးဖြင့် ဖွတ်နတ်ဆိုးသားရဲတစ်ကောင်ကို တိုက်ခိုက်လိုက်သည်။

ထိုအခါ အဆင့်၇ ဖွတ်နတ်ဆိုးသားရဲတစ်ကောင်သည် ပေါက်ကွဲကာ သေဆုံးသွားပြီး အဆင့်၇ မှော်သားရဲအမြူတေတစ်ခု ထွက်ပ​ေါ်လာခဲ့သည်။ထိုအခါ ကျန်သော အဆင့်၇ ဖွတ်နတ်ဆိုးသားရဲနှစ်ကောင်သည် ​သူတို့စွမ်းအင်အကုန်ထုတ်သုံးပြီး တ

နတ်ဆိုးတစ​္ဆေစွမ်းအား အရှိန်အဝါအောက်မှ လွတ်မြောက်ဖို့ ကြိုးစားနေပါတော့သည်။

ရွယ်ချင်းသည် " ကိုကိုချောင်ဖုန်း......ရွယ်ချင်းရဲ့ လက်ရှိအစွမ်းအစနဲ့ဆို အဆင့်ခုနှစ် နတ်ဆိုးသားရဲတွေကို ရင်ဆိုင်နိုင်သေးမှာမဟုတ်ဘူး ခုလိုတစ်ကောင်သတ်ရတာတင် ရွယ်ချင်းကျေနပ်ပါပြီ " ဟု ပြောလိုက်ပြီး ကျန်ရှိသော နတ်ဆိုးသားရဲနှစ်ကောင်ကို ချောင်ဖုန်းအားသတ်ဖို့ ပြောလိုက်သည်။

ချောင်ဖုန်းသည် ထိုနတ်အဆင့်ခုနှစ် နတ်ဆိုးသားရဲနှစ်ကောင်ကို သတ်ပြီးရင် သူ့ရဲ့ နတ်ဆိုးတစ​္ဆေစွမ်းအားမှ နတ်ဘုရားပလ္လင်အလင်းတန်းကို ရရှိသွားဖို့ နီးကပ်နေပြီလို့ ခံစားနေရတာကြောင့် သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ချောင်ဖုန်းသည် "သေလိုက်တော့......." ဟုသော စကားနဲ့တစ်ပြိုက်နက် နတ်ဆိုးတစ္ဆေစွမ်းအားအရှိန်အဝါကို ၁၀၀ရာခိုင်နှုန်း တိုးမြှင့်လိုက်တဲ့အခါ အဆင့်၇ ဖွတ်နတ်ဆိုးသားရဲနှစ်ကောင်သည် ပေါက်ကွဲထွက်ကာ သေဆုံးသွားပြီး အဆင့်၇ နတ်ဆိုးသားရဲ အမှော်အမြူတေနှစ်ခု ပေါ်ထွက်လာလေသည်။

ရွယ်ချင်းသည် ချောင်ဖုန်းရဲ့သတ်ဖြတ်ခြင်းအရှိန်အဝါသည် ခုလောက်ထိစွမ်းအားကြီးမယ်လို့ မထင်ထားခဲ့ချေ။ချောင်ဖုန်းတို့သည် ဝိညဥ်အမြူတေများ သိမ်းလိုက်ပြီး နောက်ထပ် နတ်ဆိုးသားရဲများကို လိုက်လံသတ်ဖြတ်ကြလေသည်။

All Chapters