← Chapters

chapter(147)

Vol. 11 Ch. 147

chapter(147)

Vol. 11 Ch. 147

အသန့်စင်ဆုံးစနစ် အခန်း(147)

ချောင်ဖုန်းသည် နောက်ထပ် အဆင့်ခြောက်နတ်ဆိုးသားရဲများနဲ့ အဆင့်ခုနှစ်နတ်ဆိုးသားရဲများကို သတ်ဖြတ်ပြီးတဲ့နောက် ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးတစ္ဆေစွမ်းအားအရှိန်အဝါများဖြစ်သော အနက်ရောင်စွမ်းအင်အငွေ့အသက်များသည် နတ်ဘုရားအရှိန်အဝါဖြစ်သော ရွှေဝါရောင်စွမ်းအင်အင​ွေ့အသက်များသို့ ​ တဖြည်းဖြည်းစတင်ပြောင်းလဲနေပြီဖြစ်သည်။

ချောင်ဖုန်းသည် များစွာသောနတ်ဆိုးသားရဲများကို သတ်ဖြတ်ပြီးတဲ့အခါ "ဂုဏ်ယူပါတယ်......စနစ်ရှင်အတွက် သန့်စင်ခွင့်အကြိမ်ရေ ၂၅၀ကျော် ထည့်သွင်းပြီးပါပြီ စုစုပေါင်း သန့်စင်ခွင့်မှာ ၃၅၀ဖြစ်ပါသည် "ဟု စနစ်မှ အသံလေးတစ်ခု ထွက်ပေါ်လာလေသည်။

ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် နတ်ဆိုးသားရဲအမြူတေများ လိုက်လံသိမ်းဆည်းနေချိန်မှာ အစီအရင်အလင်းတန်းကြီး ပေါ်ထွက်လာလေသည်။ထိုအခါချောင်ဖုန်းတို့သည် ချိန်းဆိုထားသော တောင်ထိပ်ပေါ်သို့ ပြန်လည် ပျံသန်းထွက်ခွာလာလေသည်။

ချောင်ဖုန်းတို့သည် တောင်ထိပ်ပေါ်တွင် ပြန်လည် ရောက်ရှိနေသော ဟီရှဲတို့ ၆ယောက် တို့ကို တွေ့လိုက်ရ၏။ချောင်ဖုန်းတို့ ရောက်ရှိလာတဲ့နဲ့ ဟီရှဲတို့သည် ရေခဲသူတော်စင်မြတ်နန်းတော်၏ နတ်ဆိုးသားရဲသတ်ဖြတ်ရေးအဖွဲ့ စုစည်းနေသော နေရာကို ပျံသန်းလာခဲ့သည်။

ချောင်ဖုန်းသည် ထိုနေရာကို ရောက်တဲ့အခါ ဝတ်ရုံမတူညီသော အဖွဲ့အများကြီးကို တွေ့လိုက်ရ၏။ ထိုချိန်မှာ ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံရေးသမား ၈ယောက်သည် သူတို့ရှေ့ကို ပျံသန်းလာလေသည်။

ထိုထဲမှ ဟိုကျွမ်ရှို့လိုခေါ်သော အသက်၄၀ခန့် ရှိသော အမျိုးသမီးသည် ချိုမြိန်သော အသံဖြင့်"အားလုံးပဲ မင်္ဂလာပါ......ငါနာမည်က ဟိုကျွမ်ရှို့ပါ ၊ ငါက ဒီနေ့ မင်တို့ထဲက ပထမအဆင့်ရရှိသူအဖွဲ့နဲ့ နတ်ဆိုးသားရဲ အများဆုံး သတ်ဖြတ်သူကို ဆုချပေးဖို့ ရောက်ရှိလာတာပဲ" ဟု ပြောလိုက်သည်။

ထိုအခါ အဆင့်တစ်အမြဲရရှိနေသော အဖွဲ့ ၄၅ သည် သူတို့အဖွဲ့ကသာ ပထမအဆင့်ကို ရရှိပြီး ဆုနှစ်ခုလုံးကို ရရှိဖို့ မျှော်လင်ပနေကြ၏။ ဟိုကျွမ်ရှို့သည် သူတွင် ရှိသော ဆန်းကြယ်သောရတနာနှစ်မျိုးကို ထုတ်ပြလိုက်လေသည်။

ထိုရတနာနှစ်မျိုးတွင် တစ်မျိုးသည် အနီရောင်သွေးအငွေ့အသက်များ ဖုံးလွှမ်းနေသော ဓားတစ်ချောင်းဖြစ်နေခဲ့သည်။ရေခဲသူတော်စင်မြတ်နန်းတော်၏ အကြီးအကဲသည် နတ်ဆိုးသားရဲနန်းတော်အထိ ရောက်ရှိခဲ့ပြီး ထိုနေရာမှ ဓားတစ်လက်ကို ရရှိလာခဲ့သည်။

ထိုဓားသည် နတ်ဆိုးသားရဲများကို သတ်ဖြတ်ဖို့ အနိူင်းမဲ့အဆင့်ကျင့်ကြံသူတစ်ဦးမှ ဖန်တီးခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ နတ်ဆိုးသားရဲများကို အုပ်စိုးနေသော နတ်ဆိုးသခင်ရဲ့ လက်ထဲကို ရောက်ရှိသွားခဲ့၏။

ဒါပေမယ် ရေခဲသူတော်စင်မြတ်နန်းတော်၏ ဘိုးဘေးသည် အရှင်လျူဖုန်းနဲ့ အတူ နတ်ဆိုးနန်းတော်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နတ်ဆိုးသတ်ဓားကို ပြန်လည်ရယူနိုင်ခဲ့သည်။

နောက်ထပ် ရတနာတစ်ခုကတော့ ရေခဲနတ်ဘုရားတစ်ပါးအသုံးပြုခဲ့သော ရေခဲစွမ်းအင်အမြူတေပင် ဖြစ်သည်။ထိုရေခဲစွမ်းအင်အမြူတေသည် ရေခဲနတ်ဘုရား အနိူင်းမဲ့အဆင့်ရောက်သောအချိန်အထိ အသုံးပြုခဲ့သည်ဟု ဒဏ္ဍာရီထဲတွင် တည်ရှိခဲ့၏။

ယခုခေတ်သို့ ရောက်လာတဲ့အခါ ကျင့်ကြံသူတွေသည် အနိူင်းမဲ့အဆင့်ထိသာ ကျင့်ကြံနိုင်သောကြောင့် နှစ်ပေါင်းသန်းချီစွာ ကြာမြှင့်လာခဲ့သော်လည်း နတ်ဘုရားဆိုတာ ပေါ်ထွက်မလာတော့ပေ။

ထိုရတနာ နှစ်မျိုးကို မြင်တွေ့လိုက်ရတဲ့အခါ အဖွဲ့များ အားလုံးသည် လိုချင်ရမက်များ ဖြစ်လာကြလေသည်။ယခုတစ်ခေါက်ပေးသော ဆုသည် နဂိုအရင်ကဆုများနဲ့ မတူ တမူထူးခြားနေသော်ကြောင့် နတ်ဆိုးသားရဲသတ်ဖြတ်ရေးအဖွဲ့ နံပါတ်၄၅ရဲ့ ခေါင်ဆောင်ဖြစ်သော ဟန်ကုန်းမင်သည် သူရရှိမယ်ဟု ထင်ကာ ဝမ်းသာနေလေသည်။

ထိုချိန်မှာ ဟိုကျွမ်ရှို့သည် "အဖွဲ့ နံပါတ် ၂၁ ရှေ့ကို ထွက်လာပေးပါ" လို့ ပြောလိုက်တဲ့အခါ ဟီရှဲတို့သည် အံ့အားသင့်သွားလေသည်။ထိုအခါ အခြားအဖွဲ့မှ လူများထဲမှ "ဟားဟားဟား.......သူတို့အဖွဲ့ သာ ဆုရရှိမယ်ဆိုရင် ငါဒီတစ်ခေါက်ရမယ့် ဆုကို မယူတော့ဘူး " လို့ ဆိုသော အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

ချောင်ဖုန်းတို့အဖွဲ့၂၁ ထွက်လာတဲ့အခါ အသင်းသား သုံးယောက်ကို တွေ့လိုက်ရတဲ့အတွက် ဟန်ကုန်းမင်သည် "ဘယ်ချိန်က ဟီရှဲအဖွဲ့ထဲကို အသင်းသားအသစ်တွေ ရောက်လာတာလဲ " လို့ ပြောလိုက်သည်။

ထိုအခါ ဟန်ကုန်းမင်တို့ အဖွဲ့နံပါတ်၄၅ရဲ့ အဖွဲ့ဝင်ဖြစ်သော ယဲ့ဝေသည် "ခေါင်းဆောင်.....သူတို့သုံးယောက်က ဒီနေ့မှ ရေခဲသူတော်စင်မြတ်နန်းတော်ကို ရောက်ရှိလာတာပါ ကြည့်ရတာ ကျူနန်က သူတို့အဖွဲ့ထဲကို ခေါ်လိုက်တာနဲ့ တူတယ် " လို့ ပြောလိုက်သည်။

ထိုအခါ ဟန်ကုန်းမင်သည် နားလည်ကြောင်း ယဲ့ဝေအား ခေါင်းပြန်ငြိမ့်ပြလိုက်သည်။နတ်ဆိုးသားရဲ သတ်ဖြတ်ရေးအဖွဲ့ဖြစ်သော နံပါတ်၂၁အဖွဲ့ရဲ့ခေါင်းဆောင် ဟီရှဲသည် " မင်္ဂလာပါ.......အကြီးအကဲကျွမ့်ရှို့ ၊ ကျွန်မက အဖွဲ့၂၁ရဲ့ ခေါင်းဆောင်ဟီရှဲပါ "ဟု ပြောကာ နှုတ်ဆက်အရိုအသေ ပေးလိုက်သည်။

ထိုအခါ ဟိုကျွမ်ရှို့သည် အဖွဲ့နံပါတ်၂၁မှာ ရှိတဲ့အသင်းသားတွေကို ကြည့်လိုက်ပြီး ချောင်ဖုန်းကို တွေ့တဲ့အခါ စွမ်းအားအငွေ့အသက်သို့ စစ်ဆေးကြည့်လိုက်သည်။သို့သော် ချောင်ဖုန်းခန္ဓာကိုယ်မှ စွမ်းအားအငွေ့အသက်များကို ခံစားလို့ မရတဲ့အတွက် ဟိုကျွမ်ရှို့သည် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရ၏။

ဟိုကျွမ်ရှို့သည် ချောင်ဖုန်းအနားကို လမ်းလျှောက်လိုက်ပြီး ဖောက်ထွင်းမမြင်နိုင်သော အကာအကွယ်အစီအရင် တစ်ခုကို သုံးလိုက်ပြီး ရည်ရည်မွန်မွန်ဖြင့် "ကျေးဇူးပြုပြီး......မင်းရဲ့စွမ်းအားအရှိန်အဝါကို ပြပေးလို့ ရမလား"လို့ ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် သူရဲ့ နတ်နယ်ပယ်အထွဋ်အထိပ်စွမ်းအားအရှိန်အဝါကို ထုတ်လွင့်ပြလိုက်၏။ ဟိုကျွမ်ရှို့သည် အစီအရင်အထဲမှ ထွက်လာပြီး " အားလုံးပဲ ဒီတစ်ခေါက် နတ်ဆိုးသားရဲသတ်ဖြတ်ခြင်း ပြိုင်ပွဲမှာ ပထမအဆင့်ကို ဗိုလ်ဆွဲသွားတဲ့အဖွဲ့က အဖွဲ့နံပါတ် ၂၁ဖြစ်ပြီး နတ်ဆိုးသားရဲပေါင်း တစ်ရာကျော်ကို သတ်ဖြတ်နိုင်တဲ့လူက လဲ အဖွဲ့၂၁ရဲ့ အသင်းသားတစ်ယောက်ပဲ" လို့ ကြေညာလိုက်လေသည်။

ထိုအခါ အဖွဲ့ ၅၀လုံးသည် ဟိုကျွမ်ရှို့စကားကြောင့် ရူးခါသွားကြ၏။သူတို့စိတ်ထဲတွင် ဟီရှဲတို့ အဖွဲ့မှ အနိုင်ရရှိသွားတာကို လုံးဝအယုံအကြည် မရှိကြပေ။ဟန်ကုန်းမင်သည် ရှေ့သို့ ထွက်လာပြီး "အကြီးအကဲကျွမ်းရှို့.......အမှတ်ပေးရေခဲတံဆိပ်ပြားက တစ်ခုခုများ ချို့ယွင်းနေသလား" ဟု မေးလိုက်သည်။

ထိုအခါ ဟိုကျွမ်ရှို့သည် ချောင်ဖုန်းရှိမှ အဖွဲ့သားတံဆိပ်ပြားကို တောင်းလိုက်ပြီး သူ့စွမ်းအားကို ထည့်သင်းလိုက်တဲ့အခါ နတ်ဆိုးသားရဲသတ်ဖြတ်ခြင်း အဖွဲ့၂၁၏ အသင်းသား ၊ သတ်ဖြတ်ထားသော နတ်ဆိုးသားရဲပေါင်း အကောင်တစ်ရာကျော်ဟု တံဆိပ်ပြားပေါ်တွင် ဖော်ပြထားတာကို အားလုံးသည် တွေ့လိုက်ရလေသည်။

ထို့နောက် ဟိုကျွမ်ရှို့သည် "ဘယ်သူမကျေနပ်တာ ရှိသေးလဲ....." လို့ မေးလိုက်တဲ့အခါ အသံများ ထွက်ပေါ်မလာတော့ပေ။

ထိုအခါ ဟိုကျွမ်ရှို့သည် နတ်ဆိုးသတ်ဓားကို အဖွဲ့ခေါင်းဆောင်ဖြစ်သော ဟီရှဲကို ပေးအပ်လိုက်ပြီး ရေခဲစွမ်းအင်အမြူတေကိုတော့ ချောင်ဖုန်းကို ပေးအပ်လိုက်၏။

ထိုအခါ အဖွဲ့၄၅ရဲ့ အသင်းသားများရဲ့ မျက်နှာများမှာ လုံးဝရှုံမဲ့နေကြလေသည်။သူတို့ရရှိထားမယ်လို့ မျှော်လင့်ထားသော အရာသည် တခြားအဖွဲ့မှ ရရှိသွားတဲ့အတွက် သူတို့ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေလေသည်။

ချောင်ဖုန်းသည် ရေခဲစွမ်းအင်အမြူတေကို ရရှိသွားတဲ့အတွက် အတိုင်းမသိ ဝမ်းသာနေခဲ့၏။ ဟီရှဲတို့ကတော့ သူတို့လုံးဝမထင်မှတ်ထားသော နံပါတ်တစ်နေရာကို ရရှိခဲ့တာကြောင့် ချောင်ဖုန်းကို ကျေးဇူးတင်မိနေလေသည်။

ထို့နောက် နတ်ဆိုးသားရဲသတ်ဖြတ်သူ အဖွဲ့တိုင်းကို ထိုက်သင့်သော ဆုများကို ပေးအပ်လိုက်ကြပြီးနောက် အားလုံးကို လူခွဲ၍ နေစရာအဆောင်များကို ပြန်ဖို့ ပြောလိုက်သည်။

ကျူနန်တို့အဖွဲ့သည် ပျော်ရွင်စွာနဲ့ပဲ ရေခဲသူတော်စင်မြတ်နန်းတော်ရဲ့ နေစရာအခန်းများရှိရာသို့ ဦးတည်လာခဲ့၏။ ရေခဲသူတော်စင်မြတ် နန်းတော်တွင် ကျားမ ဟု၍ နေစရာများကို မခွဲခြားထားဘဲ အဖွဲ့လိုက်နေရန် အခန်းများကို စုစည်းပေးထားပြီး သီးသန့်ဆွေးနေရာကိုလဲ ဖန်တီးပေးထားသေးသည်။

ကျူနန်တို့သည် ထိုဆွေးနွေးသော စားပွဲဝိုင်းနေရာမှာ ထိုင်လိုက်ကြပြီး ဟီရှဲသည် တည်ငြိမ်ပြတ်သားသောအသံဖြင့် "နင့်ရဲ့အသက်က ငါ့ထက်ငယ်ပေမယ့် နင်ရဲ့အစွမ်းအစက အတော်ကြောက်စရာကောင်းတဲ့အတွက် ငါတို့ အဖွဲ့ရဲ့ခေါင်းဆောင်နေရာကို နင်ရသင့်တယ်ထင်လို့ " ပြောလိုက်သည်။

ချောင်ဖုန်းသည် သူစိတ်တိုင်းကြ လုပ်ချင်ရာလုပ်မိတဲ့အတွက် ခေါင်းဆောင်လုပ်ဖို့ စိတ်ကူးမရှိဘူးလို့ ပြောလိုက်၏။ ထိုအခါ ဟီရှဲသည် နတ်ဆိုးသတ်ဓားကို သိုလှောင်ကွင်းထဲမှ ထုတ်လိုက်ပြီး "ဒီနတ်ဆိုးသတ်ဓားကလဲ နင်ကြောင့် ရရှိတယ်ဆိုတော့ နင်ပဲပိုင်ဆိုင်သင့်တယ်" လို့ ပြောကာ ဓားကို ထုတ်ပေးလိုက်သည်။

ချောင်ဖုန်းသည် သူသည် ဓားပညာမလေ့လာဖူးဘူးလို့ လိမ်ညာလိုက်ပြီး ဓားကို ပြန်ရှေ့တိုးပေးကာ ငြင်းဆိုလိုက်လေသည်။

ထိုအခါ ဟီရှဲသည် အဖွဲ့ထဲမှ ဝမ်ဖန်လို့ခေါ်သော တစ်ယောက်အား ထိုဓားကို ပေးလိုက်လေသည်။

ဝမ်ဖန်သည် လုံးဝမယုံကြည်နိုင်စွာဖြင့် ဓားကို ကိုင်လိုက်ပြီး "ခေါင်းဆောင်.......နင်တကယ်ပဲ ငါ့ကို ပေးတာလား....."ဟု ပြောလိုက်သည်။ထိုအခါ ဟီရှဲသည် "ဒီဓားကို ဘယ်သူပဲကိုင်ကိုင် ငါတို့အဖွဲ့အင်အားကို ပိုတောင့်တင်းစေတာပဲ မဟုတ်ဘူးလား" လို့ မေးလိုက်သည်။

All Chapters