← Chapters

chapter(148)

Vol. 11 Ch. 148

chapter(148)

Vol. 11 Ch. 148

အသန့်စင်ဆုံးစနစ် အခန်း(148)

ထိုအခါ ဝမ်ဖန်သည် ဓားကို ပွတ်သတ်လိုက်ပြီး "ကျေးဇူးပါခေါင်းဆောင်.......ငါနဂိုကထက်ပိုကြိုးစားပါ့မယ် " ဟု ပြောကာ လေ့ကျင့်ဖို့ သူ့အခန်းထဲသို့ ဝင်သွားပါတော့သည်။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ထသွားကြပြီး ချောင်ဖုန်းတို့နဲ့ ကျူနန်တို့သာ ကျန်ရှိတော့၏။ ကျူနန်သည် မနက်ဖြန် မနက်ကြရင် ဂိုဏ်းရဲ့ ထောက်ပံရေး တံဆိပ်ပြားကို ထုတ်ယူဖို့ မမေ့နဲ့ အကြောင်းပြောကာ သူ့အခန်းသို့ ပြန်သွားလေသည်။

ဘယ်သူမှ မရှိတော့တဲ့အချိန်တွင် ချောင်ဖုန်းသည် သူ့ကို စိုက်ကြည့်နေသဖြင့် ရွယ်ချင်းသည် မျက်နှာလေးနီရဲစွာဖြင့် " ကိုကိုချောင်ဖုန်း......ရှင်ဘာလို့ ရွယ်ချင်းကို စိုက်ကြည့်နေတာလဲ " လို့ မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ရုတ်တရက် ရွယ်ချင်းကို ပွေ့ဖက်လိုက်ကာ သူပေါင်ပေါ်ဆွဲတင်လိုက်ပြီး "ညီမလေးရွယ်ချင်း.......မင်းက ကိုယ့်ရဲ့စေ့စပ်သတိုးသမီးလောင်းဆိုတာ မေ့သွားပြီလား" ဟု မျက်နှာချင်း တဖြည်းဖြည်း နီးကပ်လာရင်း မေးလိုက်သည်။

ထိုအခါ ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း......ရှင်ရွယ်ချင်းကို တကယ်ပဲချစ်တာလား"ဟု မမေးတရဲဖြင့် မေးလိုက်၏။ ချောင်ဖုန်းသည် ရွယ်ချင်းရဲ့နှုတ်ခမ်လေးကို တချက်နမ်းလိုက်ပြီး "ရွယ်ချင်း.......ကို့ကို မင်းဘဝရဲ့ လမ်းပြကြယ်လေး ဖြစ်ခွင့်ပေးပါလား" ဟု ပြောလိုက်သည်။

ရွယ်ချင်းသည် သူစိတ်ထဲတွင် ဝမ်းသာမှုနဲ့အတူ စိတ်လှုပ်ရှားနေတဲ့အချိန်မှာ "အဟမ်း.....အဟမ်း" ဟုသော အသံနဲ့အတူ ဝမ်ဖန်သည် ပေါ်လာလေသည်။ထိုအခါ ချောင်ဖုန်းနဲ့ရွယ်ချင်းတို့သည် နောက်ပြန်ဆုတ်လိုက်ကြပြီး ဟိုဘက်လှည့် ဒီဘက်လှည့် ဖြစ်သွားကြ၏။

ထို့နောက်ချောင်ဖုန်းသည် ဝမ်ဖန်အား "စီနီယာအကို.......ကိစ္စရှိလို့လား......."ဟု မေးမြန်းလိုက်သည်။ထိုချိန်မှာ ဝမ်ဖန်သည် ရုတ်တရက် ဒူးထောက်လိုက်ပြီး "ဂျူနီယာညီလေး.......ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ " လို့ပြောလိုက်သည်။

ချောင်ဖုန်းသည် ဝမ်ဖန်အား ဆွဲထူလိုက်ပြီး အကျိုးအကြောင်း မေးမြန်ကြည့်လိုက်သည်။ဝမ်ဖန်ရဲ့ စကားကို ကြားတဲ့အခါ ချောင်ဖုန်းသည် ကူညီသင့် မကူညီသင့် စဥ်းစားသွားခဲ့သည်။

ထိုကိစ္စကတော့ ဝမ်ဖန်ရဲ့အမတော်ဖြစ်သော ဝမ်မူမိန်းကလေးသည် အဆင့်၇ ကျားသစ်နတ်ဆိုးသားရဲ၏ တိုက်ခိုက်မှုကြောင့် သွေးကြောများပျက်ဆီးသွားခဲ့သည်။သို့သော် ရေခဲသူတော်စင်မြတ်နန်းတော်သည် ဝမ်ဖူအား မကုသပေးခဲ့ပေ။

အကြောင်းရင်းကတော့ ဝမ်မူမိန်းကလေးသည် ဂိုဏ်းရဲ့တာဝန်ကို ထမ်းဆောင်စဥ်မှာ ထိခိုက်မိတာ မဟုတ်ဘဲနဲ့ ဆေးအမယ်တူးဖော်ရာတွင် ထိခိုက်လာရသောကြောင့် ဖြစ်သည်။

ချောင်ဖုန်းသည် အကောင်းဆုံးစွမ်းဆောင်နိုင်ထားတဲ့အတွက် ချောင်ဖုန်းသာ ကုသပေးဖို့ အကြီးအကဲတွေကို တောင်းဆိုမယ်ဆိုရင် သူ့အမကို ကုသပေးမယ့်သူ ရှိနိုင်လောက်မည်ဟု မျှော်လင့်ထား၍ ဝမ်ဖန်သည် ချောင်ဖုန်းကို ချဥ်းကပ်ရခြင်းဖြစ်၏။

ချောင်ဖုန်းသည် အံ့အားသင့်သွားပြီး "စီနီယာအကို.......ရေခဲသူတော်စင်မြတ်နန်းတော်မှာ ကုသပေးတဲ့ မှော်အဂ္ဂိရတ်ဆေးပညာရှင် မရှိဘူးလား...." လို့မေးလိုက်သည်။

ထိုအခါ ဝမ်ဖန်သည် ရေခဲသူတော်စင်မြတ်နန်းတော်တွင် မှော်အဂ္ဂိရတ်ဆေးပညာရှင် အများအပြားရှိသော်လည်း မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်သော အဂ္ဂိရတ်ဆေးပညာရှင်ရဲ့ အမိန့်ကြောင့် ကျန်သော အဂ္ဂိရတ်ပညာရှင်များသည် ဝမ်မူကို မကုသတော့တဲ့အကြောင်း ချောင်ဖုန်းကို ပြောပြလိုက်သည်။

ထိုချိန်မှာ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး အနီရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ဝိညဥ်စွမ်းအင် ခန္ဓာကိုယ်ကြီးသည် ထိုအခိုးအငွေ့များ ထဲမှ ထွက်ပေါ်လာလေသည်။ထိုဝိညဥ်စွမ်းအင်ကတော့ တခြားလူမဟုတ်ဘဲ လွင်ကျန့်ချွင်ပင် ဖြစ်၏။

လွင်ကျန့်ချွင်ရဲ့ သတ်ဖြတ်ခြင်းစွမ်းအားအရှိန်အဝါအောက်တွင် ဝမ်ဖန်သည် မခံမရပ်နိုင်ဖြစ်ကာ ချက်ချင်းပင် ဒူးထောက်လိုက်ရ၏။လွင်ကျန့်ချွင်သည် ရေခဲသူတော်စင်မြတ်နန်းတော်တွင် ထွက်ပေါ်လာလိမ့်မည်လို့ ချောင်ဖုန်းသည် ထင်မထားခဲ့ချေ။

လွင်ကျန့်ချွင်သည် "မင်းမှာရှိနေတဲ့ ငါရဲ့ သန့်စင်ရေခဲကို မကြာခင် ပြန်အပ်ဖို့ ပြင်ဆင်ထားပါ ၊ မဟုတ်ရင်တော့ မင်းအသက်ကို ရေခဲသူတော်စင်မြတ်နန်းတော်မှာ ထားခဲ့လိုက်တော့ " ဟု အသံနဲ့ ပြန်လည်ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်သည်လည်း ပုံမှန်အနေအထားသို့ ပြန်ဖြစ်သွားလေသည်။

ဝမ်ဖန်သည် ထိုသို့ တစ်ခါမှ မကြုံဖူးတဲ့အတွက် အလွန်ပင် ကြောက်လန့်၍ သွားပြီး ရေခဲသူတော်စင်မြတ်နန်းတော်တွင် လွင်ကျန့်ချွင်ကို မမြင်ဖူးတဲ့အတွက် ဘယ်သူဘယ်ဝါလဲ ဆိုတာ သိချင်သွားခဲ့သည်။

ချောင်ဖုန်းသည် လွင်ကျန့်ချွင်သည် ရေခဲသူတော်စင်မြတ်နန်းတော်ရှိ တစ်နေရာရာတွင် ရှိနေရမယ်လို့ ယူဆလိုက်ပြီး

ရန်ယိုသည်လည်း သန့်စင်ရေခဲမှန်းဆိုတာ သိရှိသွားပြီး ပေါင်းစပ်ဖို့ ကြိုးစားနေလောက်ပြီဟု ယူဆလိုက်သည်။

ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း.......ရှင်သတိထားရမယ်နော် ၊ အဖေပြောပုံအရ.....အကိုကျန့်ချွင်ရဲ့သိုင်းအဆင့်က ဝိညဥ်နယ်ပယ်အဆင့်ကို ကျော်လွန်နေလောက်ပြီ" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် အစီအရင်တစ်ခုကို ဖွဲ့စည်းတည်ဆောက်လိုက်ပြီး အဆင့်ခြောက်ဆေးလုံးပါသော ဆေးပုလင်းကို ရွယ်ချင်းကိုပေးလိုက်ပြီး ဂရုတစိုက်နေခဲ့ဖို့ ပြောလိုက်သည်။

ဝမ်ဖန်သည် အဆင့်ခြောက်ဆေးလုံးနဲ့အစီအရင် သူတို့ခြေထောက်အောက်မှ အစီအရင်စက်ဝိုင်း ထွက်ပေါ်လာတဲ့အခါ အံ့အားသင့်သွားပြီး "ဂျူနီယာညီလေး.......မင်းကအစီအရင်ပါမောက္ခပဲ ၊ ရေခဲသူတော်စင်မြတ်နန်းတော်မှာတောင် အစီအရင်ပါမောက္ခနှစ်ယောက်နဲ့ အစီအရင်ဆရာ၁၀ယောက်ပဲ ရှိတယ်" လို့ ချောင်ဖုန်းကို ပြောလိုက်သည်။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး " စီနီယာအကို.......ငါတို့သွားကြရအောင် "ဟု ပြောလိုက်၏။ထိုအခါ ဝမ်ဖန်သည် "ဂျူနီယာညီလေး .....ဒီချိန်ဆို အကြီးအကဲ ဟိုကျွမ်ရှို့က အနားယူနေလောက်ပြီ " ဟု ပြန်ပြောလိုက်သည်။

ဝမ်ဖန်ရဲ့ စကားကြောင့် ချောင်ဖုန်းသည် အနည်းငယ်ထူးဆန်း၍ သွားပြီး "စီနီယာအကို.......ဒဏ်ရာရတာ စီနီယာအကိုရဲ့ အမ မဟုတ်ဘူးလား အကြီးအကဲကျွမ်ရှို့နဲ့ ဘာဆိုင်လို့လဲ " ဟု ပြန်မေးလိုက်သည်။

ထိုအခါ ဝမ်ဖန်သည် "ဂျူနီယာညီလေး........မင်းက အမဝမ်မူရဲ့ ဒဏ်ရာကို ကုသပေးဖို့ အကြီးအကဲကျွမ်ရှို့ကို တောင်းဆိုမှာမဟုတ်ဘူးလား" လို့ မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "စီနီယာအကို......မင်းအထင်မှားနေပြီထင်တယ် ၊ ကျွန်တော်က စီနီယာအကိုရဲ့ အမကို ကိုယ်တိုင်ကုသပေးမှာပါ "လို့ ပြန်ပြောလိုက်သည်။ဝမ်ဖန်သည် ယုံကြည်နိုင်စရာ ကိစ္စဆိုပေမယ့် သူအမပြန်ကောင်းဖို့သာ အရေးကြီးတဲ့အတွက် ခေါင်းငြိမ့်ပြလိုက်ပြီး ဝမ်မူရှိသို့ အခန်းတစ်ခုထဲသို့ ချောင်ဖုန်းကို ခေါ်ဆောင်သွားခဲ့သည်။

ဝမ်မူသည် သွေးကြောများပျက်ဆီးနေတဲ့အတွက် ကုတင်ပေါ်တွင်သာ လှဲနေရပြီး စကားပြောယုံသာ တက်နိုင်တော့၏။ ချောင်ဖုန်းနဲ့ ဝမ်ဖန်သည် အခန်းအတွင်းသို့ ဝင်လာတဲ့အခါ ဝမ်မူသည် "မောင်လေးဝမ်ဖန်.......နင်ဘယ်က ဧည်သည့်ခေါ်လာတာလဲ ၊ သခင်လေး......ဝမ်မူ ထပြီး နှုတ်မဆက်နိုင်တဲ့အတွက် စိတ်မရှိပါနဲ့" ဟု ပြောလိုက်သည်။

ထိုအခါ ဝမ်ဖန်သည် "အမဝမ်မူ......သူက ဝမ်ဖန်တို့ နတ်ဆိုးသားရဲ သတ်ဖြတ်ရေး အဖွဲ့၂၁ရဲ့ အသင်းသားအသစ်ပဲ နောက်ပြီး သူက အမဝမ်မူကို ကုသပေးမယ်ဆိုလို့ ခေါ်လာတာပါ " လို့ သူ့အမနားတွင် ထိုင်၍ ပြောလိုက်သည်။ထို့နောက် ဝမ်ဖန်သည် "ဂျူနီယာညီလေး......ဒါက ငါရဲ့အမ ဝမ်မူပါ " ဟု ပြောလိုက်၏။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "စီနီယာအမဝမ်မူ.......မင်းသက်သာသလိုနေပါ "လို့ ပြောလိုက်ပြီး သူ့စိတ်ဝိညဥ်စွမ်းအားဖြင့် ဝမ်မူခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်သည်။သွေးကြောအနည်းငယ်သာ ပျက်စီးသွားကို သိရှိသွားတဲ့အတွက် ချောင်ဖုန်းသည် "စီနီယာအကို ဝမ်ဖန်.......ကျွန်တော်ကို အပ်အနည်းငယ် ယူလာပေးလို့ ရမလား" ဟု ပြောလိုက်သည်။

ထိုအခါ ဝမ်မူသည် "မောင်လေးဝမ်ဖန်......ငါသိုလှောင်ကွင်းလက်စွပ်က အသုံးပြုလို့မရသေးတဲ့အတွက် နင့်ရှိမှာ ရှိတာကို ပေးလိုက်ပါ " လို့ပြောလိုက်သည်။

ဝမ်ဖန်သည် "အမဝမ်မူ.....နင်ငါ့ကို နောက်နေတာလား ၊ ဒီ အပ်ထည့်ထားတဲ့ ရတနာသေတ္တာဘူးလေးက ပျက်စီးနေတဲ့အတွက် ဘယ်သူမှ ဖွင့်မရဘူးလေ" ဟု ပြောလိုက်သည်။ထိုအခါ စိုးရိမ်သွားတဲ့မျက်နှာဖြင့် ဝမ်မူသည် "ဘယ်လို........အဲ့ရတနာသေတ္တာဘူးကို နင်ဘယ်ချိန်က ဖွင့်ကြည့်လိုက်တာလဲ " ဟု ပြန်မေးလိုက်သည်။

ဝမ်ဖန်သည် "ဟုတ်တယ်......အမဝမ်မူ ၊ ဒီရတနာသေတ္တာဘူးနဲ့ အလဲအလှယ်လုပ်ပြီး အမဝမ်မူရဲ့ဒဏ်ရာကို ကုသပေးဖို့အတွက် ဝမ်ဖန် အကြီးအကဲတွေကို တောင်းဆိုခဲ့ဖူးတယ် "ဟု ပြောပြလိုက်သည်။

ဒါပေမယ့် ရတနာသေတ္တာဘူးက ပျက်စီးနေတဲ့အတွက် ဖွင့်လို့ မရတဲ့အခါ ဝမ်ဖန်သည် စိတ်ပျက်လက်ပျက်ဖြင့် ထိုနေရာတွင် လွင့်ပစ်ဖို့အတွက် စိတ်ကူးရှိခဲ့ပင်မယ့် မျိူးရိုးစဥ်ဆက်ထိန်းသိမ်းလာရတဲ့ ရတနာဖြစ်၍ ပြန်သိမ်းထားခဲ့တဲ့အကြောင်း ပြောပြလိုက်သည်။

ထိုအခါ ဝမ်မူသည် စိတ်ပျက်၍ သွားချိန်မှာ ချောင်ဖုန်းသည် "စီနီယာအကို......ကျွန်တော်ကို တချက်လောက် ပြလို့ရမလား" ဟု ပြောလိုက်သည်"ထိုအခါ ဝမ်ဖန်လည်း ရှေးဟောင်းသင်္ကေတပုံများစွာရှိနေသော သေတ္တာဘူးလေးကို ထုတ်ပေးလိုက်၏။

ချောင်ဖုန်းသည် ရတနာသေတ္တာဘူးလေးထဲသို့ သူရဲ့စိတ်ဝိညဥ်စွမ်းအင်ကို ထည့်သွင်းစစ်ဆေးကြည့်လိုက်တဲ့အခါ ထူးခြားမီးကျောက်ကို သန့်စင်ပြီးဖန်တီးထားတဲ့ အပ်ချောင်းများကို တွေ့လိုက်ရသည်။

ထူးခြားမီးကျောက်သည် တစ်သက်မှာတစ်ခါ မြင်ရဖို့ ခ​ဲယှဥ်းလှသော ကျောက်အမျိုးအစားဖြစ်ပြီး ထိုကျောက်မျိုးကို တွေ့ရှိရင်တောင် ရယူဖို့အတွက် အသက်ကို စွန့်စားရမည်ဖြစ်သည်။

All Chapters