← Chapters

chapter(149)

Vol. 11 Ch. 149

chapter(149)

Vol. 11 Ch. 149

အသန့်စင်ဆုံးစနစ် အခန်း(149)

ချောင်ဖုန်းသည် သူသာ ဝမ်မူကို ပျောက်အောင် ကုသနိုင်ရင် ရတနာသေတ္တာဘူးကို ရရှိနိုင်မလားဟု မေးလိုက်၏။ ထိုအခါ ဝမ်ဖန်သည် "ဂျူနီယာညီလေး.......မင်းကြောင့် နတ်ဆိုးသတ်ဓားတောင် ငါ့လက်ထဲရောက်ရှိလာခဲ့တာပဲ ၊ ဒီသုံးမရတဲ့ရတနာသေတ္တာကို မင်းလိုချင်ရင် ငါငြင်းနေမှာမဟုတ်ဘူး "လို့ ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် သူရဲ့မှင်စုတ်တံ တစ်ချောင်းကို ထုတ်လိုက်ကာ လေဟာနယ်တွင် ရှုပ်ထွေးသော အစီအရင်ကွက်ကို ရေးဆွဲလိုက်၏။ ထို့နောက် မှင်စုတ်တံကို ပြန်သိမ်း၍ သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ အစီအရင်စက်ဝိုင်းလေးသည် ရတနာသေတ္တာဘူးလေးအတွင်းသို့ ဝင်သွားသည်။

ထိုအခါ ရတနာသေတ္တာဘူးလေးရဲ့ သံကြေးကိုက်နေသော အရာများသည် ကြွေကျသွားပြီး တောက်ပနေသော သေတ္တာဘူးအဖြစ်သို့ ပြောင်းလဲသွားသည်။ချောင်ဖုန်းသည် လက်ဖျောက်တစ်ချက်တီးလိုက်တဲ့အခါ သေတ္တာဘူးလေးရဲ့ သေးမျှင်သော အပေါက်လေးအတွင်းမှ အပ်ပေါင်းများစွာသည် တစ်ချောင်းချင်း ထွက်ရှိလာပြီး ချောင်ဖုန်းရဲ့ လက်ဖဝါးပေါ်သို့ ရောက်ရှိလာလေသည်။

ထိုအရာကို မြင်နေရသော ဝမ်ဖန်နဲ့ဝမ်မူ မောင်နှမ နှစ်ယောက်ကတော့ မျက်တောင်မခတ်ဘဲ မှင်သက်စွာ ကြည့်နေမိလေသည်။ထိုချိန်မှာ ချောင်ဖုန်းသည် "စီနီယာအမ.......နင်နည်းနည်းတော့ သီးခံရမယ်နော်" လို့ ပြောလိုက်သည်။

ထိုအခါ ဝမ်မူသည် " ဂျူနီယာမောင်လေး.......ငါအရင်လိုသာ ပြန်ကောင်းလာမယ်ဆို ငါသေလောက်အောင်နာကျင်နေလဲ သည်းခံပါ့မယ်" ဟု ပြောလိုက်သည်။ဝမ်မူသည် သူ့ကို ရက်ပေါင်းများစွာ ကုသရန် လိုအပ်သည်လို ထင်နေခဲ့သည်။

ချောင်ဖုန်းသည် သူ့လက်ဖဝါးမှ သဘာဝမီးတောက်ကို ထုတ်လိုက်ပြီး အပ်ချောင်းလေးများကို အပူပေးလိုက်၏။ ဝမ်မူ နဲ့ဝမ်ဖန်သည် တံတွေးများပင် မျိုချလိုက်ပြီး ချောင်ဖုန်းမှာ မည်သည့်လို့ဝှက်ထားတဲ့အရာများ ရှိနေအုံးမလဲ လို့ တွေးနေကြလေသည်။

ချောင်ဖုန်းသည် အပ်ချောင်းလေးများကို ဝမ်မူရဲ့ ပျက်စီးနေသော သွေးကြောများရဲ့ ပင်မ နေရာစိုက်ချလိုက်သည်။ထို့နောက် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ သွေးကြောမျှင်လေးများ ထွက်ပေါ်လာပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားလေသည်။

ထိုအခါ ချောင်းဖုန်းသည် အပ်များကို အပြင် ပြန်ထုတ်ကာ သူလက်ဖဝါးပေါ်မှာပဲ သဘာဝမီးတောက်ဖြင့် သန့်စင်လိုက်ပြီး သေတ္တာဘူးလေးထဲသို့ ပြန်သိမ်းပြီး သိုလှောင်ကွင်း လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။

ချောင်ဖုန်းသည် "စီနီယာအမ......နင်ရဲ့ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ ဘာလို့ မကြိုးစားကြည့်တာလဲ " လို့ တည်ငြိမ်စွာပင် ပြောလိုက်သည်။ ထိုအခါ ဝမ်မူသည် ပထမဦးဆုံး သူရဲ့လက်ချောင်း ခြေချောင်းလေးများကို လှုပ်ရှားကြည့်လိုက်သည်။

ခန္ဓာကိုယ်အကြောများ လှုပ်ရှားလို့ ရသွားတဲ့အခါ ဝမ်မူသည် ထထိုင်လိုက်ပြီး " ငါလက်တွေ ငါခြေထောက်တွေ တကယ်ပြန်ကောင်းသွားပြီပဲ" ဟု ပြောက ရယ်မောရင်း ကုတင်ပေါ်က ဆင်းကာ ဝမ်ဖန်ကို ပြေးဖက်လိုက်သည်။

ဝမ်ဖန်လည်း သူ့အမ ပြန်ကောင်းသွားတဲ့အတွက် သူ့ရင်ထဲတွင် ပျော်ရွင်၍ သွားလေသည်။ထို့နောက် ဝမ်မှုနဲ့ဝမ်ဖန်သည် ချောင်ဖုန်းကို ဒူးထောက်လိုက်ကြပြီး "ဂျူနီယာမောင်လေး.......နင်က ငါရဲ့ဘဝကို ပြန်အသက်ရှင်နိုင်အောင်လုပ်ပေးတဲ့အတွက် နောက်ဆို ငါ့အသက်ပေးပြီး ကာကွယ်ပေးပါ့မယ် " ဟု လက်နှစ်ဖက်ဆုပ်ရင်း ပြောလိုက်သည်။

ဝမ်ဖန်သည်လည်း "အမဝမ်မူ​.....ပြောတာ မှန်တယ် မင်းက ငါ့တို့မောင်နှမနှစ်ယောက်ရဲ့ စိတ်ဆင်းရဲနေတာကို ဖြေဖျောက်ပေးတဲ့လူပဲ ၊ မင်းကြိုက်တာခိုင်းပါ ငါ့အကုန်လုပ်ပေးပါ့မယ်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် နှစ်ယောက်လုံးကို ဆွဲထူလိုက်ပြီး "ကျွန်တော်တို့က နတ်ဆိုးသားရဲသတ်ဖြတ်ရေးအဖွဲ့၂၁ရဲ့ အဖွဲ့ဝင်တွေလေ အဲ့ဒီအတွက် စီနီယာတို့ စိတ်ထဲမထားပါနဲ့ " ဟု ပြောလိုက်ပြီး မနက်ဖြန်ကြရင် ဒဏ်ရာအကုန်ပြန်ကောင်းစေဖို့ ဆေးပုလင်း သူရှိက လာယူပါ လို့ ပြောကာ ထွက်ခွာလာပါတော့သည်။

ရီဟန်သည် သူခိုင်းခဲ့တဲ့အတိုင်း ရွယ်ချင်းအခန်းရှေ့တွင် ရပ်စောင့်နေတာကို တွေ့လိုက်၏။ ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအင်ဖြင့် အခန်းအတွင်းကို ထိုးဖောက် ကြည့်လိုက်တဲ့အခါ ရွယ်ချင်းသည် ကျင့်ကြံနေတဲ့အတွက် မနှောက်ယှက်တော့ဘဲ သူ့အခန်းကို ဝင်လိုက်ပြီး ဝမ်မူအတွက် သွေးကြောအားဖြည့်ပေးသော အဆင့်လေးဆေးလုံးကို ဖော်စပ်လိုက်၏။

ချောင်ဖုန်းသည် ဆေးလုံးဖော်စပ်ပြီးတဲ့နောက် လျူချွန်ရဲ့ ကျင့်ကြံမှုစွမ်းအားကို သူရဲ့ ဒန်တျန်အတွင်းသို့ စုပ်ယူသန့်စင်လိုက်လေသည်။လျူချွန်သည် ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိနေသောကြောင့် ချောင်ဖုန်းရဲ့ ကျင့်ကြံရေးစွမ်းအားများသည် သိသိသာသာ ထိုးတက်လာလေသည်။

ချောင်ဖုန်းသည် ရန်ယိုအကြောင်း ရီချုံကို မေးမြန်းကြည့်သော်လည်း အိပ်စက်နေတုန်းပင် ပြောသောကြောင့် တစ်စုံတစ်ရာများ ဖြစ်နေသလားလို့ တွေးလိုက်သည်။ချောင်ဖုန်းသည် မကြာခင် အန္တရာယ်ကျရောက်လာနိုင်တဲ့အတွက် ကျန်ရှိသေးသော အစီအရင် စာရွက်များကို အင်အားကောင်းသော တိုက်ခိုက်ရေး အစီအရင်စာရွက်များရေးဆွဲထားလိုက်၏။

ချောင်ဖုန်းသည် ဟိုကျွမ်ရှို့ ရှိမှ ရရှိထားသ​ော သဘာဝရေခဲစွမ်းအင်ရဲ့ စွမ်းအားကို စိတ်ဝိညဥ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်၏။ သဘာဝရေခဲစွမ်းအင်သည် သဘာဝမီးတောက်ကဲ့သို့ပင် သဘာဝမှ အလိုအလျောက်ထွက်ပေါ်လာသော စွမ်းအင်ဖြစ်ပြီး သဘာဝမီးတောက်ကဲ့သို့ပင် စွမ်းအားအရှိန်အဝါ မှာ ကြောက်စရာကောင်းလှသည်။

ချောင်ဖုန်းသည် ဝမ်းသာပျော်ရွင်စွာနဲ့ပင် သဘာဝရေခဲစွမ်းအားကို သန့်စင်စုပ်ယူပါတော့သည်။ချောင်ဖုန်း၏ ခန္ဓာကိုယ်ထဲတွင် သဘာဝမီးတောက်ရှိနေတဲ့အတွက် သဘာဝရေခဲသည် အစပိုင်းတွင် တွန်းကန်နေခဲ့သော်လည်း နောက်ပိုင်းမှာတော့ ချောင်ဖုန်း၏ ဒန်တျန်နားတွင် သဘာဝမီးတောက်နဲ့ သဘာဝရေခဲစွမ်းအင်သည် ပူးကပ်၍ သွားလေသည်။

မနက်မိုးလင်းတဲ့အခါမှာတော့ တံခါးခေါက်သံနဲ့ အတူ ရွယ်ချင်းသည် ချောင်ဖုန်း အခန်းထဲဝင်လာလေသည်။ထိုချိန်မှာ ရွယ်ချင်းသည် ရုတ်တရက် ချောင်ဖုန်းရဲ့ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး ကုတင်ပေါ်သို့ ရောက်ရှိသွားလေသည်။

ချောင်ဖုန်းသည် ကုတင်ကို လက်တစ်ဖက်ထောက်ကာ ရွယ်ချင်းကို ထသွားလို့ မရအောင် ကာထားလိုက်သည်။ရွယ်ချင်းသည် ချောင်ဖုန်းကို မကြည့်ဘဲ " ကိုကိုချောင်ဖုန်း......ရွယ်ချင်းကို ဖယ်ပေးပါ " ဟု ​မျက်နှာလွဲထား၍ ပြောလိုက်၏။

ထိုအခါ ချောင်ဖုန်းသည် ရွယ်ချင်းရဲ့ မျက်နှာလေးကို သူ့ဘက်လှည့်လိုက်ပြီး နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ရွယ်ချင်းသည် စိတ်လှုပ်ရှားနေသဖြင့် ငြိမ်သက်၍ နေလေသည်။

ချောင်ဖုန်းသည် ရုတ်တရက် ရပ်လိုက်ပြီး ပြုံးလိုက်ကာ "စိတ်မပူပါနဲ့........မင်းကို အားလုံးရှေ့မှာ လက်ထပ်ထိမ်းမြှားပြီးမှသာ ကိုယ့်ရဲ့ဇနီးလောင်းအဖြစ် အပိုင်သိမ်းမှာပါ" ဟု ပြောလိုက်ပြီး လက်ဆွဲကာ အခန်းအပြင်သို့ ထွက်ခွာလာခဲ့သည်။

ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် အခန်းတစ်ခန်းထဲမှ အတူလက်တွဲ ၍ ထွက်လာတာမြင်သောအခါ ကျူနန်သည် ချောင်ဖုန်းတို့ကို အမိန့်တံဆိပ်ပြားပြုလုပ်မည့် နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

ချောင်ဖုန်းတို့သည် အမိန့်တံဆိပ်ပြား ပြုလုပ်မယ့်နေရာကို မရောက်ခင်မှာ လူတစ်ယောက်သည် ချောင်ဖုန်းကို တားလိုက်ပြီး "မင်းကို ငါတို့စီနီယာအကိုက တိုက်ခိုက်ဖို့ လောင်ရှန်းစင်ပေါ်မှာ ထိုင်စောင့်နေတယ် ၊ မင်းကြောက်တယ်ဆိုရင်တော့ အဲ့ဒီကို မသွားလို့ရတယ် " လို့ လှောင်ပြောင်ကာ ပြောလိုက်သည်။

လောင်ရှန်းစင်ပေါ်တွင် တိုက်ခိုက်သူနှစ်ယောက်သည် သူတို့ရဲ့ ညီမျှသော ရတနာပစ္စည်းတစ်ခုခုကို လောင်းကြေးထပ်ပြီး ပြိုင်ရသောပွဲဖြစ်၏။ထို့အပြင် ရှုံးသွားသောသူသည် လောင်းကြေးထပ်ထားသော ပစ္စည်းကို ဆုံးရှုံးရတာတင် မကဘဲ အနိုင်ရရှိသူရဲ့ ခိုင်းစေတာကို သုံးရက်တိတိ လုပ်ဆောင်ပေးရသည်။တနည်းအားဖြင့် အစေခံ၃ရက် လုပ်ဆောင်ပေးရခြင်းပင်ဖြစ်သည်။

ကျူနန်သည် မတိုက်ခိုက်ဖို့ ပြောမယ့်ချိန်မှာ ချောင်ဖုန်းက စိတ်မဝင်စားဘူးဟု ပြောဆိုပြီး တံဆိပ်ပြုလုပ်သော နေရာကိုသာ လှမ်းခဲ့ကြသည်။သို့သော် ချောင်ဖုန်းတို့သည် လမ်းခုလတ်မှာတင် "ဟားဟား.......ကောင်စုတ်လေး နင်က ဒီမှာ တကယ်ပဲ ရှိနေတာပဲ" လို့ပြောကာ မိန်းမတစ်ယောက်သည် ရယ်မောကာ နေလေသည်။

ထို့နောက် ထိုမိန်းမရဲ့ အနောက်တွင် အဆင့် ၇နတ်ဆိုး သားရဲပေါင်းများစွာသည် လေထဲမှ ပေါ်ထွက်လာပါတော့သည်။ထိုအချိန်မှာ လျင်မြန်သော အရှိန်နှုန်းမှ ရေခဲသူတော်စင်မြတ်နန်းတော်မှ အကြီးအကဲများသည် ချက်ချင်းရောက်ရှိလာကြ၏။

ချောင်ဖုန်းအား ပြောလိုက်သော မိန်းမသည် တခြားသောသူမဟုတ်ဘဲ ပါးရှန်းဂိုဏ်းရဲ့ ကျင့်ကြံရေးအခန်းမှ လွတ်မြောက်သွားသော အဆင့်၁၀ မြေခွေးမနတ်ဆိုးသားရဲတစ်ကောင်ဖြစ်သော ဟွမ်ရှို့လင်းပင် ဖြစ်သည်။နတ်ဆိုးသားရဲအဆင့်၈ ၊ အဆင့်၉ နဲ့ အဆင့်၁၀ နတ်ဆိုးသားရဲမျိုးကို နောက်တစ်မျိုး နတ်ဆိုးသားရဲ စစ်သည်တော် ဟုလဲ ခေါ်ကြသေး၏။

နတ်ဆိုးစစ်သည်တော်များ၏ စွမ်းအားသည် ဝိညဥ်နယ်ပယ်အစောပိုင်းအဆင့်နဲ့ အလယ်အလတ်အဆင့်ကို ရောက်ရှိနေတက်ကြသည်။ထိုချိန်မှာ ရီချုံသည် သူစွမ်းအားများပြန်မရခင်က အနိုင်ကျင့်တာကို ခံထားရတဲ့အတွက် ဟွမ်ရှို့လင်းအား သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေခဲ့သည်။

ဟွမ်ရှို့လင်းသည် သူ့နှုတ်ခမ်းလေးကို လက်ညိုးဖြင်း ကိုင်နေရင်း"အကြီးအကဲတို့.......သခင်က ငါ့ကို ဒီကောင်လေးကို ဖမ်းခေါ်ခိုင်းလိုက်တဲ့အတွက် နင်တို့ အားလုံး ဘေးဖယ်ပေးလို့ ရမလား"လို့ ရယ်ရယ်မောမော ပြောလိုက်သည်။

ထိုအခါ ဟိုကျွမ်ရှို့သည် "မိစ္ဆာမ နင်ကသေချင်လို့ ရေခဲသူတော်စင်မြတ် နန်းတော်မှာ ပေါ်လာရဲတာပဲ" လို့ ပြောလိုက်၏။ ဟွမ်ရှို့လင်းသည် သူ့ကို မိစ္ဆာမဟု ခေါ်လိုက်တဲ့အတွက် ချက်ချင်းပင် ဒေါသထွက်နေသော မျက်နှာ အဖြစ်သို့ ပြောင်းလဲသွားပြီး "သူတို့ကို သတ်ပစ်လိုက်ကြစမ်း" ဟု စေခိုင်းလိုက်သည်။

All Chapters