chapter(150)
Vol. 11 Ch. 150
အသန့်စင်ဆုံးစနစ် အခန်း(150)
ဟွမ်ရှို့လင်းစေခိုင်းလိုက်တာနဲ့ အဆင့်၇ နတ်ဆိုးသားရဲ ၁၅ကောင်အပြင် ပျောက်ကွယ်နေသော အဆင့်၈ နတ်ဆိုးသားရဲ ငါးကောင်ပင် ပေါ်လာခဲ့သည်။ဟိုကျွမ်ရှို့သည် "ကြည့်ရတာ......သူတို့က တကယ် အင်အားအပြည့်အဝနဲ့ရောက်ရှိလာတာပဲ " လို့ ပြောလိုက်ပြီး ရေခဲသူတော်စင်မြတ်နန်းတော်ရှိ ကာကွယ်စောင့်ရှောက်သူ အဖွဲ့ပေါင်း၂၀ နဲ့ အစီအရင်အဖွဲ့ပေါင်း ၂၀ ကို စတင်
တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။
ကာကွယ်စောင့်ရှောက်သူအဖွဲ့သည် နတ်ဆိုးသားရဲများနဲ့ နီးကပ်နေသော အဆင့်နိမ့် နတ်ဆိုးသားရဲသတ်ဖြတ်သူများကို သူတို့ရဲ့ စီးနင်းဖော်သားရဲများဖြင့် လျင်မြန်စွာ သယ်ယူခေါ်ဆောင်သွားကြ၏။
ချောင်ဖုန်းသည် တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တဲ့အတွက် ရွယ်ချင်းနဲ့ ကျူနန်ကို အဝေးသို့ ပြန်လွှတ်လိုက်သည်။ကာကွယ်သူအဖွဲ့၏ တာဝန်ပြီးသွားတဲ့နောက် ငါးယောက် တစ်ဖွဲ့ဖြစ်သော အစီအရင်အဖွဲ့၂၀သည် သူတို့ရဲ့ လက်ချောင်းများကို တူညီစွာ လှုပ်ရှားလိုက်တဲ့အခါ မြေကြီးများထဲမှ ဧရာမနတ်ဆိုးသားရဲ ရုပ်သေးရုပ်များ ထွက်ပေါ်လာလေသည်။
ထို ဧရာမရုပ်သေးရုပ်များသည် မြေကြီးထဲက ထွက်ပေါ်လာတာနဲ့ တရှိန်ထိုး ပြေးဝင်လာသော နတ်ဆိုးသားရဲများကို ဧရာမလက်ဝါးကြီးဖြင့် စတင် တိုက်ခိုက်ကြလေသည်။
အကြီးအကဲများသည် အဆင့်၈ နတ်ဆိုးသားရဲများနဲ့ တိုက်ခိုက်နေစဥ်မှာ ဟွမ်ရှို့လင်းသည် လျှပ်တစ်ပြက်အတွင်း ချောင်ဖုန်းနားကို ရောက်ရှိသွားကာ "ကောင်စုတ်လေး.......ငါနင့်ကို ဒီနေ့ မရရအောင် သခင်ဆီကို ဖမ်းခေါ်သွားပြမယ်" လို့ ကြိမ်းဝါးလိုက်သည်။
ချောင်ဖုန်းသည် ဟွမ်ရှို့လင်း သူ့အနားကို ရောက်ရှိလာသည်နဲ့ တစ်ပြိုင်နက် ထိုနေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး နတ်အထွဋ်အထိပ် စွမ်းအား အရှိန်နှုန်းဖြင့် ပျံသန်းထွက်ပြေးသွားလေသည်။အကြီးအကဲများသည် အဆင့်၈ နတ်ဆိုးများနဲ့ အင်အားချင်း တူနေတဲ့အတွက် ချောင်ဖုန်းကို ကူညီရန် နတ်ဆိုးသတ်ဖြတ်ရေး အဖွဲ့ကို အမိန့်ပေးလိုက်သည်။
သို့သော် နတ်ဆိုးသတ်ဖြတ်ရေးအဖွဲ့များမှ အင်အားကောင်းသော သတ်ဖြတ်ရေးအဖွဲ့အနည်းသာ ချောင်ဖုန်းတို့ ပျံသန်းသွားသော နောက်ကို လိုက်ရဲကြ၏။သို့သော် သူတို့အားလုံးသည် ချောင်ဖုန်းတို့ရဲ့ အရှိန်ကို မမှီတဲ့အခါ လမ်းစပျောက်သွားကြ၍ ရပ်တန့်သွားခဲ့ကြသည်။
ချောင်ဖုန်းသည် အားလုံးနဲ့ အလှမ်းဝေးတဲ့နေရာကို ရောက်ရှိသွားတာနဲ့ "မီးတောက်ပင်လယ်လှိုင်း" လို့ ရေရွတ်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ သူ့ရဲ့ နောက်တွင်မီးတောက်လှိုင်းကြီးသည် ရေလှိုင်းကြီး တစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး နောက်မှလိုက်နေသော ဟွမ်ရှို့လင်းရှိ ဦးတည်သွားလေသည်။
ဟွမ်ရှို့လင်းသည် "ပန်းသားရဲသခင်ရဲ့ ချိုမြိန်ခြင်း" လို့ ပြောပြီး သူလက်ဖဝါးဖြင့် မီးတောက်လှိုင်းကို တိုက်ခိုက်လိုက်တဲ့အခါ ဟွမ်ရှို့လင်း၏ ဘေးတွင် ပန်းရောင် နှင်းဆီပန်းများစွာ ထွက်ပေါ်လာခဲ့ပြီး မီးတောက်များ ရှိသို့ ပြေးဝင်သွားကြ၏။
ထိုနှင်းဆီးပန်းများသည် ပေါက်ကွဲတက်သော စွမ်းအားများရှိတဲ့အတွက် ဟွမ်ရှို့လင်းသည် ပင်လယ်မီးတောက်လှိုင်းကို ဖျက်စီးလို့ရမည်ဟု ထင်၍ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။သို့သော်လည်း သူ့ရဲ့နှင်းဆီပန်းပွင့်များသည် ပင်လယ်မီးတောက်လှိုင်း၏ တိုက်စားခြင်းခံလိုက်ရပြီး ပေါက်ကွဲခြင်း မရှိတော့ပေ။
ထိုအခါ ဟွမ်ရှို့လင်းသည် "မဖြစ်နိုင်တာ.......နင်ရဲ့ မီးတောက်က ငါ့ရဲ့ငရဲဘုံပန်းထက် ဘယ်လိုလုပ်စွမ်းအားကြီးနေတာလဲ " ဟု မယုံကြည်နိုင်စွာဖြင့် မီးတောက်ပင်လှိုင်း၏ တခြားတစ်ဖက်တွင် ချောင်ဖုန်းကို ပြောလိုက်သည်။
ချောင်ဖုန်းသည် သူလက်ဖဝါးမှ အပြာနုရောင် မီးတောက်လေးအား စွမ်းအင်အရှိန်တင်လိုက်တဲ့ မီးတောက်လှိုင်းကြီးသည်
ဟွမ်ရှို့လင်းရဲ့ အနီးကပ်သို့ ပိုရောက်ရှိသွားလေသည်။
ဟွမ်ရှို့လင်းသည် သူရဲ့လက်ဖဝါးထဲမှ ငရဲဘုံပန်း၏ စွမ်အားအကုန်ထုတ်သုံးကာ မီးတောက်လှိုင်းကြီးအား ခုခံနေရသည်။ထိုချိန်မှာ ဟွမ်ရှို့လင်းသည် နောက်မှ အရှိန်ဝါတစ်ခု ပြေးဝင်လာတာကို ခံစားလိုက်ရတဲ့အတွက် ကျန်ရှိသော လက်တစ်ဖက်ဖြင့် လျင်မြန်စွာ တုံပြန်လိုက်လေသည်။
သို့သော် ဟွမ်ရှို့လင်းသည် ချောင်ဖုန်းရဲ့ မီးတောက်ကို ခုခံနေရတဲ့အတွက် ကောင်းမွန်စွာ မခုခံနိုင်ဘဲ ရီဟန်ရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအား အောက်မှာ ဒဏ်ရာရရှိသွားပြီး လက်မောင်းပေါ်မှ သွေးများစီးဆင်းကြလာပြီး ပါးစပ်ထဲမှ သွေးများလဲ အန်လိုက်ရသည်။
ဟွမ်ရှို့လင်းသည် ချောင်ဖုန်းကို တိတ်တဆိတ် ကာကွယ်ပေးမယ့်သူ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ချေ။သူရဲ့ အစီအစဥ် မအောင်မြင်သောကြောင့် လေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပြေးဖို့ ကြံစည်လိုက်သည်။
သို့သော် ရုတ်တရက် သူရဲ့စွမ်းအားများရဲ့ ချိတ်ပိတ်ကာ ခံလိုက်ရပြီး "ခုချိန်မှ ထွက်ပြေးဖို့ စဥ်းစားနေတာလား " ဟု အသံနဲ့အတူ မဲနက်နေသော ဧရာမနဂါးတစ်ကောင်သည် သူ့ရှေ့ကို ရောက်ရှိလာတဲ့အတွက် ဟွမ်ရှို့လင်းသည် သေမင်းကို မြင်နေရသလိုပင် ဖြစ်သွားလေသည်။
ဟွမ်ရှို့လင်းသည် ရီချုံကို ကြည့်ကာ "ကောင်းကင်နတ်ဆိုးသားရဲသခင်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကောင်းကင်နတ်ဆိုးသားရဲသခင် လူသားတွေရဲ့ လက်အောက်မှာ သေဆုံးသွားပြီမဟုတ်ဘူးလား " ဟု ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။
ဟွမ်ရှို့လင်းရဲ့ မြေခွေးဘိုးဘေးများသည် ကောင်းကင်နတ်ဆိုးညီနောင်နှစ်ပါးရဲ့ လက်ပါးစေများဖြစ်တဲ့အတွက် ကောင်းကင်နတ်ဆိုးသားရဲညီနှောင်နှစ်ပါးရဲ့ အကြောင်းကို သူ့မိဘတွေမှ အမြဲဂုဏ်ယူဝင့်ကြွားစွာ ခနခန ပြောပြနေ၍ ဟွမ်ရှို့လင်းသည်
လက်တွေ့မြင်ရတဲ့အခါ လုံးဝမယုံနိုင်ဖြစ်နေလေသည်။
ရီချုံသည် သူ့ကို ပါးရှန်းဂိုဏ်းရဲ့ ကျင့်ကြံရေးခန်းမထဲတွင် တိုက်ခိုက်ခဲ့တာကို မှတ်မိလားလို့ ပြောလိုက်၏။ ချောင်ဖုန်းကို ကာကွယ် စောင့်ရှောက်နေသော နတ်ဆိုးသားရဲသည် နတ်ဆိုးသားရဲများရဲ့အရှင်သခင်ဖြစ်ခဲ့ဖူးသော ကောင်းကင်နတ်ဆိုးသားရဲနဂါးဖြစ်နေလိမ့်မယ်လို့ဟု ဟွမ်ရှို့လင်းသည် ထင်မထားခဲ့ချေ။
ဟွမ်ရှို့လင်းသည် ဒူးနှစ်ဖက်ထောက်လိုက်ပြီး ဖြစ်ကြောင်း အကုန်ရှင်းပြပါတော့သည်။ပါးရှန်းဂိုဏ်းမှာ တိုက်ခိုက်ခဲ့ခြင်းသည် သူ့အား လိမ်ညာဖမ်းဆီးခဲ့သောကြောင့် ပါးရှန်းဂိုဏ်းကို ကလဲ့စားချေချင်လို့ ဖြစ်သည်။
ဟွမ်ရှို့လင်းသည် ပါးရှန်းဂိုဏ်းကို ဖျက်စီးဖို့ နတ်ဆိုးသခင်ကို တင်ပြခဲ့တဲ့အခါ ချောင်ဖုန်းကို ဖမ်းဆီးခေါ်လာနိုင်မှသာ ပါးရှန်းဂိုဏ်းကို ဖျက်စီးပေးမယ်ဟု ပြောသောကြောင့် လာရောက်ဖမ်းခေါ်ခြင်းဖြစ်သည်။
ရီချုံသည် ဟွမ်ရှို့လင်းရဲ့ စွမ်းအားကို စစ်ဆေးလိုက်တဲ့အခါ "လတ်စသတ်တော့ မင်းက သူ့ရဲ့မျိုးဆက်ကို ဒါပေမယ့် သူနဲ့ယှဥ်မယ်ဆိုရင် မင်းက မိုးနဲ့ မြေလို ကွာခြားသေးတယ်" ဟု ပြောလိုက်သည်။
ကောင်းကင်နတ်ဆိုးသားရဲညီနောင်နှစ်ပါး သေဆုံးသွားပြီဆိုသော သတင်းသည် သူလက်အောက်တွင် ရှိနေသော ကောင်းကင်နတ်ဆိုးသားရဲများကို တုန်လှုပ်၍ သွားစေသည်။
ကောင်းကင်နတ်ဆိုးသားရဲညီနောင်နှစ်ပါးသည် အနိူင်းမဲ့နယ်ပယ်အဆင့်ရဲ့ အထွဋ်အထိပ်အဆင့်ကို ရောက်ရှိခဲ့ကြပြီး နတ်ဆိုးသားရဲနတ်ဘုရားအဆင့်ကို တက်လှမ်းကြဖို့ ကပ်ဘေးရင်ဆိုင်နေချိန်မှာ တိုက်ခိုက်သံများကြားလိုက်ရသည်။
နာကျင်စွာ အော်ဟစ်နေသော အသံပေါင်းများစွားကို ကြားရပြီးတဲ့နောက် ကပ်ဘေးရင်ဆိုင်တာကို ရပ်လိုက်တဲ့အခါ ဒဏ်ရာအကြီးအကျယ်ရရှိကာ သိုင်းအဆင့်များပင် ကျသွားခဲ့သည်။သူတို့ ထွက်လာတဲ့အခါမှာတော့ ကောင်းကင်နတ်ဆိုးသားရဲပေါင်းများစွာမှာ သေဆုံးနေကြပြီ ဖြစ်လေသည်။
သူရဲ့စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်တဲ့အခါ အနိူင်းမဲ့နယ်ပယ်အဆင့်ကို ရောက်ရှိနေသော လူသားတစ်ယောက်မှ သတ်ဖြတ်သွားသည်ဆိုတာ သိလိုက်ရ၏။ နှစ်ပေါင်းအနည်းငယ်ကြာတဲ့အခါ လူသားနယ်မြေကို ကလဲ့စားချေရန် ထွက်ခွာသွားသော သူတို့ရဲ့ သခင်ဖြစ်သည့် ကောင်းကင်နတ်ဆိုးနဂါးသည် သေဆုံးသွားပြီဆိုသော သတင်းသည် နတ်ဆိုးသားရဲလောက ကို ထိပ်လန့်တုန်လှုပ်သွားစေခဲ့သည်။
အားလုံးသည် အစပိုင်းတွင် ယုံကြည်မှုမရှိပေမယ့် ကောင်းကင်နတ်ဆိုးနဂါးသည် လူသားနယ်မြေ ပြန်လည်ထွက်ပေါ်လာခြင်း မရှိတာကြောင့် ယုံကြည်လိုက်ကြရသည်။ထိုအခါ သူတို့ရဲ့ နတ်ဆိုးသားရဲ သခင်သေဆုံးသွားတဲ့အတွက် လူသားတွေနဲ့ နတ်ဆိုးသားရဲ တွေရဲ့ ရန်ငြိုးသည် စတင်ဖြစ်ပေါ်လာခြင်း ပင်ဖြစ်သည်။
ဟွမ်ရှို့လင်းရဲ့ပြောပြမှုကြောင့် ချောင်ဖုန်းသည် တော်တော်များများကို နားလည်သွားခဲ့ပြီး အားလုံးရဲ့တရားခံသည် တစ်ယောက်ထဲပင် ဖြစ်တာကို သိရှိလိုက်ရသည်။လူသားမျိုးနွယ်နဲ့ နတ်ဆိုးသားရဲမျိုးနွယ်ကို ရန်တိုက်ပေးတဲ့လူသည် ခုချိန်ထိအသက်ရှင် မရှင်ဆိုတာ ချောင်ဖုန်းသည် သိချင်နေခဲ့သည်။
ချောင်ဖုန်းသည် ဟွမ်ရှို့လင်းပြောတာတွေသည် အမှန်တွေ ဖြစ်တဲ့အတွက် စွမ်းအားကို ပြန်ရုတ်သိမ်းဖို့ ပြောလိုက်သည်။ရီချုံသည် နဂါးစွမ်းအင်အမှတ်အသားတစ်ခုကို ဟွမ်ရှို့လင်းကိုယ်အတွင်းသို့ ထည့်ပေးလိုက်ပြီး သူစေခိုင်းတဲ့အချိန် ရောက်လာဖို့ ပြောလိုက်ပြီး နတ်ဆိုးသားရဲမျိုးနွယ်ကို လက်ရှိစေခိုင်းနေသူ များရဲ့ သတင်းအချက်ကို စုံစမ်းခိုင်းလိုက်သည်။
ဟွမ်ရှို့လင်းသည် ဝမ်းသာအားရစွာဖြင့် "သခင်စိတ်ချပါ.......ကျွန်မ အသက်ဆုံးရှုံးရရင်တောင် သခင့်ကို သစ္စာဖောက်မှာ မဟုတ်ဘူး" ဟု ပြောကာ လေဟာနယ်ထဲ ဝင်သွားပြီး ပျောက်ကွယ်သွားလေသည်။ရီချုံသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားတာနဲ့ ချောင်ဖုန်းသည် ရေခဲသူတော်စင်မြတ်နန်းတော်ရှိသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။
ထိုနေရာကို ရောက်တဲ့အရာ လေဟာနယ်အက်ကွဲကြောင်းကနေ ထွက်ပြေးနေသော နတ်ဆိုးသားရဲများနဲ့ သေနေသော နတ်ဆိုးသားရဲများကို တွေ့လိုက်ရ၏။ချောင်ဖုန်းနဲ့ရီဟန်ကို ပြန်တွေ့ရှိလိုက်ရတဲ့ ရွယ်ချင်းသည် ချောင်ဖုန်းရှိ ပြေးဝင်လိုက်ပြီး ခန္ဓာကိုယ်ကို သေချာကြည့်လိုက်ပြီး " ကိုကိုချောင်ဖုန်း.......ရှင်ထိခိုက်မိတာတွေ ရှိသေးလား " ဟု စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။