← Chapters

chapter(151)

Vol. 11 Ch. 151

chapter(151)

Vol. 11 Ch. 151

အသန့်စင်ဆုံးစနစ် အခန်း(151)

ချောင်ဖုန်းသည် သူ့အား စိတ်ပူနေသော ရွယ်ချင်း၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး ဒဏ်ရာမရရှိတဲ့အတွက် သူ့ကို စိတ်မပူဖို့ ပြောလိုက်ပြီး ရွယ်ချင်းရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

ဟိုကျွမ်ရှို့သည် ချောင်ဖုန်းပြန်ရောက်ရှိလာတာကို မြင်တဲ့အခါ နတ်ဆိုးစစ်သည်တော် လက်အောက်ကတောင် လွတ်မြောက်လာနိုင်တဲ့အတွက် ချောင်ဖုန်းမှာ ဘယ်လိုလို့ဝှက်ချက်တွေများ ရှိနေမလဲလို့ သိချင်သွားခဲ့၏။

ဟိုကျွမ်ရှို့သည် ချောင်ဖုန်းတို့အနားကို ရောက်ရှိလာကာ "မင်းတို့ နှစ်ယောက် ငါနောက်လိုက်ခဲ့အုံး" ဟု ပြောကာ အဆောက်အဦး တစ်ခုရှိသို့ ခေါ်ဆောင်သွားခဲ့သည်။

အခန်းတစ်ခန်းထဲတွင် လူ ၃ယောက်သည် ချောင်ဖုန်းနဲ့ရွယ်ချင်းကို သေချာကြည့်နေခဲ့ပြီး ထိုထဲမှ ဟွမ်ကျီကျင်းဆိုသော လူသည် "ကျွမ်ရှို့.......နင်တကယ်ပဲ သူတို့နှစ်ယောက်ကို စမ်းသပ်ဖို့ အခွင့်အရေးပေးချင်တာလား" ဟု ပြောလိုက်သည်။ဟွမ်ကျီကျင်းဆိုတာကတော့ ချောင်ဖုန်းတို့ ရောက်ရောက်လာချင်း မြင်သော အဖြူရောင်ဝတ်စုံဖြင့် အကြီးအကဲပင် ဖြစ်သည်။

ဟိုကျွမ်ရှို့သည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ကျန်သော နှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ပြီး ချောင်ဖုန်းတို့ကို အခန်းတစ်ခန်းထဲသို့ ဝင်ခွင့်ပေးလိုက်၏။ရီဟန်ကတော့ ထိုလူသုံးယောက်နဲ့ အတူကျန်နေခဲ့သည်။ ချောင်ဖုန်းတို့သည် အခန်းတစ်ခုန်းထဲသို့ရောက်တဲ့အခါ လူရုပ်ထု နှစ်ရုပ်၏ လက်ထဲတွင် ကျင့်စဥ်စာလိပ်နှစ်ခုကို ရှိနေတာကို တွေ့လိုက်ရသည်။

ထိုရုပ်ထုနှစ်ခုသည် တစ်ဦးက ယောက်ကျာ်းပုံစံဖြစ်ပြီး နောက်တစ်ဦးကတော့ မိန်းမပုံစံ ပင်ဖြစ်သည်။ချောင်ဖုန်းသည် သူတို့ပြောတဲ့စမ်းသပ်ချက်ဆိုတာ ထိုကျင့်စဥ်စာလိပ်နှစ်ခုပင် ဖြစ်နိုင်မည်ဟု ယူဆလိုက်သည်။

ရွယ်ချင်းသည် သူ့အဖေရဲ့ ပြောပြထားမူကြောင့် ထိုကျင့်စဥ်စာလိပ်နှစ်ခုအကြောင်း ပြောပြလိုက်သည်။ထိုကျင့်စဥ်စာလိပ်နှစ်ခုသည် ရေခဲသူတော်စင်မြတ်နန်းတော်၏ ဘိုးဘေးစုံတွဲ နှစ်ယောက်အသုံးပြုခဲ့သော သိုင်းပညာဖြစ်၏။

ကျင့်ကြံသူအများစုသည် လျူဖုန်းတစ်ယောက်ထဲသာ အနိူင်းမဲ့နယ်ပယ်အဆင့်ကို ရောက်ရှိသွားပြီး အထက်နယ်မြေကို တက်သွားသည်ဟု ထင်နေကြလေသည်။သို့သော် ထိုခေတ်အချိန်အခါက အနိူင်းမဲ့အဆင့်ကျင့်ကြံသူ အများအပြား ပေါ်ထွက်ခဲ့ပြီး အထက်နယ်မြေသို့ တိတ်တဆိတ် တက်သွားခဲ့ကြခြင်းပင် ဖြစ်သည်။

ထိုထဲတွင် ရေခဲသူတောင်စင်မြတ်နန်းတော်၏ ဘိုးဘေးစုံတွဲ နှစ်ယောက်သည်လည်း အပါအဝင်ပင်ဖြစ်သည်။သူတို့နှစ်ယောက်သည် အထက်နယ်မြေသို့ မတက်ခင်မှာ ရေခဲသူတောင်စင်နဂါးလို့ ခေါ်သော စုံတွဲကျင့်စဥ်ကို သူ့ရဲ့မျိုးဆက်တွေ အတွက် ချန်ထားခဲ့သည်။

ထိုအချိန်ကစပြီး ရေခဲသူတော်စင်မြတ်နန်းတော်ရဲ့ အကြီးအကဲတွေသည် ရေခဲသူတော်စင်နန်းတော်၏ ထိုကျင့်စဥ်ကို ဆက်ခံစေနိုင်ဖို့ စုံတွဲများကို ကျင့်ကြံခိုင်းခဲ့ကြသည်။သို့သော် ကျင့်ကြံနေစဥ်အတွင်း ရူးသွားသူများနဲ့ သေဆုံးသူများလဲ ရှိခဲ့သည်။

ထို့ကြောင့် အကြီးအကဲတွေသည် ကိုယ်ပိုင်ဂိုဏ်းငယ်များအဖြစ် တည်ထောင်ကာ အရည်အချင်းရှိသော စုံတွဲများကို ရှာဖွေပြီး စတင်ကျင့်ကြံခိုင်းပါတော့သည်။သို့သော် ယနေ့ခေတ်ထိ ကျင့်စဥ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သော စုံတွဲ ထွက်ပေါ်မလာသေးတဲ့ အကြောင်း ရွယ်ချင်းသည် ချောင်ဖုန်းကို ရှင်းပြလိုက်သည်။

ချောင်ဖုန်းသည် စိတ်ဝင်စားသွားပြီး သူစွမ်းအားဖြင့် ကျင့်စဥ်စာလိပ်နှစ်ခုကို စုပ်ယူလိုက်ပြီး ရွယ်ချင်းကို တစ်ခုပေးကာ ထိုင်ကာ အတူကျင့်ကြံခိုင်းလိုက်သည်။ထိုကျင့်စဥ်သည် စုံတွဲကျင့်စဥ်ဆိုသော်လည်း တစ်ယောက်ထဲလဲ တိုက်ခိုက်အသုံးပြုနိုင်သော ကျင့်စဥ်ဖြစ်သည်။

ချောင်ဖုန်းသည် ရေခဲနဲ့ပက်သက်သော ကျင့်စဥ်ဆိုတာ သိရှိသွား၍ ပို၍ပင် ဝမ်းသာသွားခဲ့သည်။ချောင်ဖုန်းတို့သည် သုံးရက်ကြာတဲ့အထိ အခန်းအတွင်းမှ ထွက်ပေါ်မလာတဲ့အတွက် ဟိုကျွမ်ရှို့တို့ ၃ယောက်သည် အခန်းရှေ့မှ စိတ်ပူစွာဖြင့် စောင့်ဆိုင်းနေလေသည်။

သုံးရက်မြောက်ပြီးတဲ့နောက်မှာတော့ ချောင်ဖုန်းသည် ရေခဲသူတော်စင်နဂါးကျင့်စဥ်ကို နားလည်မှုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ရွယ်ချင်းကတော့ အခြေခံ အနည်းငယ်ကိုသာ တက်မြောက်သေး၏။

ချောင်ဖုန်းသည် ရေခဲစွမ်းအင်နဲ့ပက်သက်သော ကျင့်စဥ်တစ်ခု နားလည်မှုအဆင့်ကို တက်မြောက်သွားတဲ့အခါ " သဘာဝရေခဲစွမ်းအင် နဲ့ပက်သက်ဿာ ကျင့်စဥ်မှန်သမျှ သန့်စင်မယ် " ဟု ရေရွတ်လိုက်သည်။

ထိုအခါ စက္ကန့်ပိုင်းအတွင်းမှာပဲ သဘာဝရေခဲစွမ်းအင်နဲ့ ပက်သက်သော ကာကွယ်ရေးကျင့်စဥ် ၊ တိုက်ခိုက်ရေးကျင့်စဥ် ၊ ချုပ်နှောင်ခြင်းကျင့်စဥ်များသည် ချောင်ဖုန်းရဲ့ အသိဉာဏ်စွမ်းအင်ထဲသို့ ဒလဟောစီးဆင်းလာလေသည်။

ထိုအခါ စနစ်မှ "ဂုဏ်ယူပါတယ်.......စနစ်ရှင်သည် သဘာဝရေခဲစွမ်းအင်နဲ့ပက်သက်သော ကျင့်စဥ်မှန်သမျှကို အနိူင်းမဲ့အဆင့်သို့တက်မြှောက်သွားပါပြီး ၊ ထို့အတွက် သန့်စင်ခွင့်အကြိမ်ငါးဆယ်ကို နှုတ်ယူသွားမည် ဖြစ်သော်ကြောင့် သန့်စင်ခွင့်မှာ ၃၀၀နီးပါးသာ ကျန်ရှိပါတော့သည် " ဟုသော အသံလေးထွက်​ပေါ်လာခဲ့သည်။

ချောင်ဖုန်းသည် ရေခဲသူတော်စင်နဂါးကျင့်စဥ်၏ အနိူင်းမဲ့အဆင့်ကို လျင်မြန်စွာ တက်မြောက်စေနိုင်သော နည်းလမ်းကို ရွယ်ချင်း၏ အသိဉာဏ်စွမ်းအင် ထဲသို့ ထည့်သွင်းပေးလိုက်သည်။ရွယ်ချင်းသည် ရေခဲသူတော်စင်နဂါးကျင့်စဥ်နဲ့ ပက်သက်သော အကြောင်းအရာများသည် သူ့အသိဉာဏ်စွမ်းအင်ထဲသို့ ရောက်ရှိလာတဲ့အခါ ချောင်ဖုန်းကြောင့်ဆိုတာ သိရှိသောကြောင့် စိတ်ထဲမှာပဲ ကျေးဇူးတင်လိုက်ပြီး ဘာမှမမေးမြန်းခဲ့ပေ။

ရွယ်ချင်းသည် ချောင်ဖုန်းရဲ့ အကူအညီဖြင့် ရေခဲသူတော်စင်နဂါးကျင့်စဥ်ကို ငါးရက်ကြာတဲ့အခါမှာတော့ ကျွမ်းကျင်မှုအဆင့်ထိတက်မြောက်သွားခဲ့သည်။ရွယ်ချင်းသည် မျက်လုံးများပြန်ပွင့်တဲ့ အခါ ချောင်ဖုန်းသည် ရွယ်ချင်းနဲ့အတူ အခန်းအပြင်သို့ ထွက်ခွာလာလေသည်။

ချောင်ဖုန်းတို့ ထွက်လာတာ မြင်တဲ့အခါ အပြင်မှာ စောင့်နေသော သုံးယောက်သည် ဝမ်းသာသွားကြပြီး "မင်းတို့ နှစ်ယောက်အဆင်ပြေရဲ့လား" ဟု ဟိုကျွမ်ရှို့သည် မေးလိုက်သည်။

ဟိုကျွမ်ရှို့ရဲ့ အဆင်ပြေရဲ့လားဆိုသော စကားသည် ရေခဲသူတော်စင်နဂါးကျင့်စဥ်ကို မေးမြန်းတယ်ဆိုတာ သိသောကြောင့် ချောင်ဖုန်းနဲ့ရွယ်ချင်းသည် လက်ချင်းချိတ်လိုက်ပြီး" ရေခဲသူတော်စင်နဂါးကျင့်စဥ်၏ ပထမအဆင့် ရေခဲနဂါးဟိန်းဟောက်ခြင်း "ဟု ရေရွတ်လိုက်၏။

ထိုအခါ ဆူးချွန်များစွာရှိသော ဧရာမ ရေခဲနဂါးကြီးသည် ချောင်ဖုန်းနဲ့ ရွယ်ချင်းတို့နောက်မှ ထွက်ပေါ်လာပြီး မာန်ဖီဟိန်းဟောက်လိုက်တဲ့အခါ အကြီးအကဲသုံးယောက်သည် ကြောက်စရာကောင်းသော အသံစွမ်းအင်လှိုင်းကြောင့် နားများပိတ်လိုက်ကြပြီး နောက်သို့ အတော်ပင် ဆုတ်သွားလိုက်သည်။

ချောင်ဖုန်းတို့သည် စွမ်းအား ၅၀ရာခိုင်နှုန်းထဲ အသုံးပြုတာတောင် အကြီးအကဲ သုံးယောက်မှာ ခံနိုင်ရည် မရှိကြပေ။ဟိုကျွမ်ရှို့သည် အသံရပ်သွားတဲ့အခါ ချောင်ဖုန်းတို့ကို သေချာပြန်ကြည့်လိုက်ချိန်တွင် ဧရာမရေခဲနဂါးကြီးကို တွေ့မြင်လိုက်တဲ့အတွက်

ဒူးထောက်လိုက်ကြပြီး အရိုအသေပေး လိုက်ကြလေသည်။

ထိုချိန်မှာပဲ ရေခဲသူတော်စင်မြတ်နန်းတော်တွင် ရှိသမျှ အကြီးအကဲများသည် နဂါးဟိန်းဟောက်သံကို ကြားလိုက်ရသဖြင့် ထိုနေရာကို ချက်ချင်းရောက်ရှိလာကြလေသည်။အကြီးအကဲအားလုံးသည် ချောင်ဖုန်းတို့နောက်ရှိ ရေခဲနဂါးကို တွေ့လိုက်ရတဲ့အခါ ဒူးထောက်လိုက်ကြလေသည်။

ချောင်ဖုန်းနဲ့ရွယ်ချင်းသည် ​သူတို့ရဲ့ စုံတွဲကျင့်စဥ် စွမ်းအင်ကို ပြန်လည်ရုတ်သိမ်းလိုက်တာတောင် အကြီးအကဲအားလုံးသည် ဒူးထောက်လျက်ပင် ရှိနေသောကြောင့် ချောင်ဖုန်းနဲ့ရွယ်ချင်းသည် ကြောင်တောင်တောင်ဖြစ်သွား၏။

ချောင်ဖုန်းသည် ဟိုကျွမ်ရှို့ကို ထူလိုက်ပြီး "အကြီးအကဲကျွမ်ရှို့........ဘာလို့ ကျွန်တော်တို့ နှစ်ယောက်ကို ဒူးထောက်နေကြတာလဲ " ဟု မေးမြန်းလိုက်၏။ထိုအခါ ဟိုကျွမ်ရှို့သည် ကျင့်စဥ်နဲ့ ပက်သက်သော အကြောင်းအရာတစ်ခုကို ချောင်ဖုန်းကို ပြောပြလိုက်သည်။

ရေခဲသူတော်စင်နဂါးကျင့်စဥ်သည် ရေခဲသူတော်စင်မြတ်နန်းတော်အား တည်ထောင်သူဘိုးဘေးတို့ ချန်ထားခဲ့သော အမွေအနှစ်ကျင့်စဥ်တစ်ခုဖြစ်ပြီး ထိုကျင့်စဥ်ကို ပထမဆုံးကျင့်ကြံနိုင်သော စုံတွဲသည် သူတို့ရဲ့ နေရာကို ဆက်ခံရရှိမည်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ရေခဲသူတော်စင်မြတ်နန်းတော်တွင် ဂိုဏ်းချုပ်မရှိတာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်ပြီး အကြီးအကဲများစွာကသာ အပြိုင်အဆိုင် ဂိုဏ်းကို တိုးတက်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ချောင်ဖုန်းသည် သူနဲ့ရွယ်ချင်းမှာ ရေခဲသူတော်စင်မြတ်နန်းတော်၏ ဂိုဏ်းချုပ်ရာထူးကို ရရှိသွားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။ထိုအခါ ချောင်ဖုန်းသည် အကြီးအကဲအားလုံးကို ထဖို့ အေးဆေးပင် ​ပြောလိုက်၏။

ရေခဲသူတော်စင်မြတ်နန်းတော်တွင် ဂိုဏ်းချုပ် ထွက်ပေါ်လာပြီဖြစ်​သောကြောင့် အကြီးအကဲတချို့သည် ပြင်ပဂိုဏ်းခွဲများအား အသိပေးဖို့နဲ့ ရေခဲသူတော်စင်မြတ်နန်းတော်တွင် ရှိသော အဖွဲ့များ အားလုံးကို ကြေညာဖို့ ထွက်ခွာသွားကြလေသည်။

ထို့နောက် အရေးပါဆုံး အကြီးအကဲသုံးယောက်သည် ချောင်ဖုန်းတို့ကို ရေခဲသူတော်စင်မြတ်နန်းတော်တွင် ချိတ်ပိတ်ထားသော ခန်းမတစ်ခန်းကို ဖွင့်ကာ လိုက်ပို့ခဲ့ကြ၏။ထိုခန်းမကတော့ ရေခဲသူတော်စင်မြတ်နန်းတော်၏ ဘိုးဘေးတို့ နေခဲ့သောခန်းမတစ်ခုဖြစ်ပြီး ထိုခန်းမထဲကို ဂိုဏ်းချုပ်မှ လွဲ၍ မည်သူမျှ ဝင်ခွင့်မရှိချေ။

ချောင်ဖုန်းနဲ့ရွယ်ချင်းသည် အခန်းငယ်ပေါင်းများစွာရှိသော ခန်းမကြီးကို လိုက်လံကြည့်ရှုလိုက်လေသည်။ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း.....ရေခဲသူတော်စင်မြတ်နန်းတော်မှာ ရွယ်ချင်းတို့က အပြီးနေသွားရမှာလား" ဟု မေးလိုက်သည်။

All Chapters