← Chapters

chapter(152)

Vol. 11 Ch. 152

chapter(152)

Vol. 11 Ch. 152

အသန့်စင်ဆုံးစနစ် အခန်း(152)

ချောင်ဖုန်းသည် ရွယ်ချင်းမေးတာကို ပြန်လည်ဖြေကြားဖို့ ရွယ်ချင်းကို ကြည့်လိုက်တဲ့ချိန်တွင် နံရံပေါ်တွင် အမိန့်ပြားတစ်ခု ထည့်ရန် နေရာရှိနေသဖြင့် လွင်ကုံသွေပေးလိုက်သော အမိန့်ကို ထုတ်လိုက်ပြီး ထိုနံရံပေါ်ရှိ နေရာကို ထည့်သွင်းလိုက်၏။

ထိုအခါ နံရွကြီးသည် လေဟာနယ်ပြင်ပေါက်တစ်ခုသို့ ပြောင်းလဲသွား၏။ ထို့နောက် ခန္ဓာကိုယ်ဝိညဥ်စွမ်းအင်တစ်ခုသည် ပေါ်ထွက်လာခဲ့သည်။ထိုလူသည် "မင်းတို့နှစ်ယောက်က ငါ့ရဲ့နေရာကို ဆက်ခံမယ့်လူတွေဆိုတော့ ဒီလေဟာနယ်ပြင်ပေါက်ကို ဝိညဥ်နယ်ပယ် အဆင့်မရောက်မချင်း မဝင်ဖို့ ငါအရင်ဆုံးသတိပေးချင်တယ်" ဟု ရယ်ရယ်မောမော ပြောလိုက်သည်။

ချောင်ဖုန်းတို့ မြင်နေရတ​ဲ့ လူကတော့ ရေခဲသူတော်စင်မြတ်နန်းတော်၏ တည်ထောင်သူဘိုးဘေး ယွီရှန်ဟွာ၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းပင်ဖြစ်၏။ယွီရှန်ဟွာသည် အဝါရောင်ချီစွမ်းအင်လုံး နှစ်ခုကို ချောင်ဖုန်းနဲ့ရွယ်ချင်းရဲ့ ခန္ဓာကိုယ်အတွင်းသို့ ထည့်ပေးလိုက်သည်။

အမည်မသိ အင်အားကြီးမားသောစွမ်းအင်တစ်မျိုးမှာ သူတို့ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည်ကို ချောင်ဖုန်းတို့သည် ခံစားလိုက်ရ၏။ထိုချိန်မှာပဲ ယွီရှန်ဟွာသည် "ဒါက ငါအတက်နိုင်ဆုံးပေးနိုင်တဲ့အရာတစ်ခုပဲ ကျန်တာကတော့ မင်းတို့နှစ်ယောက်ပေါ်မူတည်တယ် " ဟု ပြောလိုက်သည်။

ထို့နောက် ယွီရှန်ဟွာသည် သူ့လက်ကို လှမ်းလိုက်တဲ့အခါ အခန်းတစ်ခန်းထဲ၏ ကုတင်အပေါက်ထဲတွင် ရှိနေသော တံဆိပ်ပြားသည် သူလက်ထဲကို ရောက်ရှိလာလေသည်။လွင်ကုံသွေပေးလိုက်သော အမိန့်တံဆိပ်ပြားသည် ရေခဲသူတော်စင်မြတ်နန်းတော်၏ အကြီးအကဲများ ကိုင်ဆောင်ရသော အမိန့်တံဆိပ်ပြား ဖြစ်သည်။

ယွီရှန်ဟွာသည် အမိန့်ပြားတွင် အမိန့်ပေးနိုင်သော စွမ်းအင်မျိုးကို သူကိုယ်တိုင် ထည့်သွင်းထားခဲ့ပြီး သူ့လက်အောက်ရှိ အကြီးအကဲများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။သို့သော်သူလက်ရှိထဲက အမိန့်တံဆိပ်ပြားကတော့ သူကိုင်ဆောင်ခဲ့သည့် အမိန့်တံဆိပ်ပြားပင် ဖြစ်၏။

ယွီရှန်ဟွာသည် အမိန့်တံဆိပ်ပြားကို သွေးဖြင့် ချိတ်ဆက်ခိုင်းလိုက်ပြီး အမိန့်တံဆိပ်ပြားနဲ့ ပက်သက်သော အကြောင်းအရာများကို ရှင်းပြလိုက်၏။ အမိန့်တံဆိပ်ပြားလေးတစ်ခုသည် ရေခဲသူတော်စင်နန်းတော်မှ ခွဲထုတ်နေသော ဂိုဏ်းများအားလုံး၏ ဂိုဏ်းချုပ်များ ကို အမိန့်ပေးနိုင်သော စွမ်းအင်မျိုးရှိနေလိမ့်ဟု ချောင်ဖုန်းသည် ထင်မထားခဲ့ချေ။

ရွယ်ချင်းကတော့ ချောင်ဖုန်းအတွက် ဝမ်းသာ၍ နေလေပြီး ပြုံးနေခဲ့သည်။ချောင်ဖုန်းသည် နတ်ဆိုးသားရဲနဲ့ဝတ်ရုံနီဂိုဏ်းမေးမြန်းမည့် ချိန်မှာ ယွီရှန်ဟွာ၏ စွမ်းအင်အပိုင်းအစမှာ ပျောက်ကွယ်သွားခဲ့သည်။

ချောင်ဖုန်းသည် အမိန့်တံဆိပ်ပြားကို သူ့သွေးစွမ်းအင်နဲ့ ချိတ်ဆက်လိုက်တဲ့အခါ အစိမ်းရောင်ရှိသော အမိန့်တံဆိပ်ပြားသည် အစိမ်းရောင်အလင်းဓာတ် တောက်ပလာခဲ့ပြီး အရည်စွမ်းအင်ပုံစံအဖြစ်ပြောင်းလဲသွာကာ ချောင်းဖုန်း၏ ညာဖက် လက်ဖဝါးအတွင်းသို့ စီးဆင်းသွားလေသည်။

ချောင်ဖုန်းသည် သူ့ခန္ဓာကိုယ်အားစစ်ဆေးကြည့်လိုက်တဲ့ အခါ အစိမ်းရောင် စွမ်းအင်တစ်မျိုးသည် သူနဖူးတွင် တည်ရှိနေတာကို သိလိုက်၏။ ချောင်ဖုန်းသည် ထိုစွမ်းအင်ကို အသုံးပြုလိုက်တဲ့အခါ နံရံထဲတွင် လွင်ကုံသွေပေးလိုက်သော အမိန့်တံဆိပ်ပြားကို သည် တုန်ခါ၍ လည်ပတ်နေတာကို တွေ့လိုက်ရသည်။

ဝေးလံသော နေရာအသီးသီး လူများသည် သူတို့လက်ထဲတွင် အမိန့်ပြားသည် တုန်ခါ၍ လည်ပတ်လာတဲ့အခါ "ဂိုဏ်းချုပ်စွမ်းအင်......ရေခဲသူတော်စင်မြတ်နန်းတော်မှာ ဂိုဏ်းချုပ် ထွက်ပေါ်လာပြီလား" ဟု ရေရွတ်လိုက်လေသည်။

ချောင်ဖုန်းသည် လွင်ကုံသွေရဲ့ အမိန့်ပြားတံဆိပ်ကို ထည့်သိမ်းလိုက်ပြီး "ကြည့်ရတာ ဒီလို့ဝှက်နယ်မြေမှာ စိတ်ဝင်စားစရာမရှိလောက်တော့ဘူး ကိုတို့ ထွက်ခွာကြရအောင် " လို့ ပြောကာ ရွယ်ချင်းနဲ့အတူ ပျံသန်းထွက်ခွာလာခဲ့သည်။ရီဟန်ကတော့ ချောင်ဖုန်းနဲ့ရွယ်ချင်းနောက်တွင် အစဥ်မပြတ် လိုက်ပါလာခဲ့၏။

ချောင်ဖုန်းနဲ့ရွယ်ချင်းသည် လို့ဝှက်နယ်မြေမှ ပြန်လည်ထွက်ခွာတော့မှာ ဖြစ်တဲ့အတွက် ကျူနန်တို့ကို နှုတ်ဆက်ရန် နတ်ဆိုးသတ်ဖြတ်ရေးအဖွဲ့ ၂၁ထံသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

ချောင်ဖုန်းတို့သည် အထဲကို ရောက်ရှိလာတဲ့အခါ ဟန်ကုန်းမင်တို့ အဖွဲ့၄၅ရှိ အသင်းသားများနဲ့ အဆင့်၆ အဂ္ဂိရတ်ပညာရှင် တံဆိပ်ကို ရင်ဘတ်တွင် တပ်ဆင်ထားသော အဖိုးအိုကို တွေ့လိုက်ရသည်။

ဟန်ကုန်းမင်ရဲ့ နောက်လိုက်တစ်ယောက်သည် ချောင်ဖုန်းတို့ ဝင်လာတာကို တွေ့တဲ့အခါ အလောတကြီးဖြင့် ချောင်ဖုန်းကို လက်ညိုးထိုးကာ "အကြီးအကဲချိန်....အဲ့ကောင်စုတ်ပဲ " ဟု ​ပြောလိုက်သည်။

ထိုအခါ ဝမ်မူ "အကြီးအက​ဲချိန်......ဒီကိစ္စက ဂျူနီယာမောင်လေးနဲ့လုံးဝမသက်ဆိုင်ပါဘူး နောက်ပြီး ကျွန်မမောင်လေး ဝမ်ဖန်ကိုပြန်လွှတ်ပေးပါ " ဟု ဒူးထောက်ကာ တောင်းပန်လိုက်လေသည်။

အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်ဖြစ်သော အကြီးအကဲချိန်ဟု ခေါ်သူ ချိန်ဖူစန်းသည် "ကောင်စုတ်လေး......မင်းက တကယ်ပဲ ဝမ်မူရဲ့ ဒဏ်ရာကို ပျောက်အောင် ကုသပေးတဲ့တစ်ယောက်လား...." ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ကိစ္စအားလုံးကို သေချာမသိရှိပေမယ့် တစ်ဖက်သတ် အနိုင်ကျင့်တာကို သိရှိနေတဲ့အတွက် ဝမ်မူရှေ့မှာ ရပ်လိုက်ပြီး "ဟုတ်တယ်.....ကျွန်တော်ကိုယ်တိုင် ကုတာ ဘာကိစ္စရှိလို့လဲ " ဟု ပြောလိုက်သည်။

ထိုချိန်မှာ ရွယ်ချင်းကတော့ ဝမ်မူကို ထူပေးလိုက်ပြီး စိတ်ပူမနေနဲ့လို့ ပြောလိုက်၏။ ဟန်ကုန်းမင်သည် အားလုံးနောက် မှ ရှေ့ကို

"မင်းကတော့ သေချင်နေပြီထင်တယ် အကြီးအကဲချိန်က အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင်

မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ" လို့ ပြောလိုက်သည်။

ချိန်ဖူစန်းသည် သူ့ရဲ့ သိုလှောင်ကွင်းထဲမှ အမိန့်ပြားတစ်ခုကို ထုတ်ကာ ပြလိုက်ပြီး "ကောင်စုတ်လေး.......မင်းချက်ချင်းငါ့ကို ဒူးထောက်ပြီး တောင်းပန်ရင်တော့ ငါအပြစ်လျော့ပေးမယ် ၊ ဒီနေရာက ရေခဲသူတော်စင်မြတ်နန်းတော်သာ မဟုတ်ရင် မင်းလို ပုရွက်စိတ်အဂ္ဂိရတ်ပညာရှင်လေးက ငါ့ရှေ့မှာ မတ်တပ်တောင် ရပ်နိုင်မှာ မဟုတ်တော့ဘူး" လို့ ပြောလိုက်သည်။

ချောင်းဖုန်းသည် တချက်ပြုံးလိုက်ပြီး "အကြီးအကဲချိန်.....မင်းက လူမှားပြီး ရန်စမိပြီထင်တယ်" လို့ စိတ်ပျက်စွာဖြင့် ခေါင်းတစ်ချက် ခါလိုက်၍ ပြောလိုက်၏။

ထိုအခါ ချိန်ဖူစန်းသည် ဒေါသထွက်သွားပြီး "ကောင်စုတ်လေး မင်းဘာရီ....."လဲဟု ပြောနေချိန်မှာပဲ လူလက်ထဲမှ မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့အမိန့်တံဆိပ်ပြားသည် ကွဲကြေကာ ပျက်စီးသွားလေသည်။

ချိန်ဖူးစန်းသည် ရုတ်တရက် ကွဲကြေသွားသော သူအမိန့်တံဆိပ်ပြား၏ အပိုင်းအစများကို လိုက်ဖမ်းလိုက်ရင်း"ငါ့ ငါ့အမိန့်တံဆိပ်ပြားလေး......"ဟု စိတ်ညစ်သွားကာ ပြောလိုက်သည်။

မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းတွင် ကိုယ့်ထက်အဆင့်မြင့်သော သူကို အပြစ်လုပ်မိမယ်ဆိုရင် အဂ္ဂိရတ်တံဆိပ်ပြားမှာ အီုအလျောက် ကွဲကြေ ပျက်စီးသွားမည်ဖြစ်​၏။သို့သော် ကိုယ့်ထက် အဆင့်မြင့်သူကို ပြန်တောင်းပန်လို့ တစ်ဖက်က ခွင့်လွှတ်မယ်

ဆိုရင် အမိန့်တံဆိပ်ပြားကို ပြန်လည်ရရှိမည် ဖြစ်သည်။

ချိန်ဖူစန်းသည် ချောင်ဖုန်းသည် သူ့ထက် အဆင့်မြင့်သော အဂ္ဂိရိတ်ပညာရှင် တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ချေ။ချိန်ဖူစန်းသည် ရွေးစရာမရှိတဲ့အတွက် ဒူးထောက်ကာ "သခင်လေး.......ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ " လို့ ပြောကာ သူ့ခေါင်းကို မြေကြီးနဲ့ ကပ်ထားလိုက်လေသည်။

ထိုအခါ ကျန်ရှိသော သူများအားလုံးသည် ချိန်ဖူစန်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။ အဆင့်ခြောက် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်က သူ့ရဲ့ သားအသက်လောက်သာ ရှိသော လူငယ်အား အဲ့လောက်ထိ အရိုအသေပေးနေသောကြောင့် မယုံနိုင်ဖြစ်သွားကြသည်။

ဟန်ကုန်းမင်သည် "အကြီးအကဲချိန်.......ဘာဖြစ်တာလဲ " ဟု မေးမြန်းလိုက်တဲ့အခါ ချိန်ဖူစန်းသည် ဒေါသထွက်စွာဖြင့် "မင်းပါးစပ်ကို ပိတ်ထားစမ်း ဒါတွေအားလုံးက မင်းကြောင့် ဖြစ်လာတာ" လို့ အော်ဟစ်ကာ မောင်းထုတ်လိုက်၏။

ထိုအခါ ဟန်ကုန်းမင်သည် ချိန်ဖူစန်းသည် လူအားလုံးရှေ့တွင် အော်ဟစ်ကာ မောင်းထုတ်လိုက်သဖြင့် ဝမ်ဖန်ကို တွန်းထုတ်ကာ ထွက်သွားတော့မယ်ချိန်မှာ ချောင်ဖုန်းသည် "မင်းတို့ကို ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ " ဟု အေးစက်စွာ ပြောလိုက်သည်။

ဟန်ကုန်းမင်သည် သူ့ရဲ့ဒေါသကို ချောင်ဖုန်းကို ပုံချ၍ တိုက်ခိုက်ဖို့ ကြံရွယ်လိုက်တဲ့ချိန်မှာ ရီဟန်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး တစ်ဖွဲ့လုံး လွင့်ထွက်သွားကြ၏။ဟန်ကုန်းမင်တို့ အဖွဲ့သည် ရီဟန်ရဲ့ တိုက်ခိုက်ရေးစွမ်းအားသည် ဝိညဥ်နယ်ပယ်အဆင့် ရောက်ရှိနေတာ သိသော်အခါ ထိုနေရာမှ ထွက်ပြေးသွားပါတော့သည်။

ဟန်ကုန်းမင်တို့ ထွက်သွားပြီးနောက် မှာ ချောင်ဖုန်းသည် ချိန်ဖူစန်းအား တာဝန်တစ်ခုကို ဆောင်ရွက်ပေးမယ်ဆိုရင် ခွင့်လွှတ်ပေးမယ်ဟု ပြောလိုက်၏။ချိန်ဖူစန်းသည် ဘာတာဝန်လဲလို့တောင် မမေးမြန်းတော့ဘဲ ချောင်ဖုန်းရဲ့ တာဝန်ကို လက်ခံ သဘောတူလိုက်လေသည်။

ချိန်ဖူစန်းသည် သူရဲ့မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ အမိန့်ပြားတံဆိပ်ကို ရရှိဖို့အတွက် တခြားဘာမှ ဂရုမစိုက်တော့ပေ။ချောင်ဖုန်းသည် ချိန်ဖူစန်းအား ပေးခဲ့သော တာဝန်ကတော့ နတ်ဆိုးသားရဲသတ်ဖြတ်ရေး အဖွဲ့၂၁ရဲ့ အင်အားကြီးမားလာအောင် မှော်ဆေးလုံးများကို အမြဲပို့ဆောင်ခိုင်းခြင်း ဖြစ်သည်။

ချိန်ဖူစန်းသည် သူအမိန့်ပြားပြန်ရရှိမည်ဖြစ်သောကြောင့် ဝမ်းသာအားရဖြင့် ချောင်ဖုန်းကို အရိုအသေပြုကာ ထိုနေရာမှ ထွက်ခွာသွားခဲ့၏။ ချောင်ဖုန်းသည် အခုကစပြီး နတ်ဆိုးသားရဲသတ်ဖြတ်ရေး အဖွဲ့၂၁ကို ဘယ်သူကမှ အနိုင်မကျင့်ရဲစေရဘူး ဟု ကြိမ်းဝါးလိုက်သည်။

ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲမှ သွေးကြောကို ပြန်လည်အားဖြည့်ပေးသော ဆေးပုလင်းကို ဝမ်မူကို ပေးလိုက်၏။

ထို့နောက် ဟီရှဲသည် "ဂျူနီယာမောင်လေး.......နင်က တိုက်ခိုက်ရေးတင်မဟုတ်ဘဲ အဂ္ဂိရတ်မှာလဲ ခုလောက်ထိ ထူးချွန်လိမ့်မယ်လို့ ငါမထင်ထားမိဘူး" ဟု ပြောလိုက်ကာ ချီးကျူးနေခဲ့သည်။

ဟီရှဲသည် ဟန်ကုန်းမင်ကို ဂရုမစိုက်ပင်မယ့် ချိန်ဖူစန်းကြောင့် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဝမ်ဖန်နဲ့ဝမ်မူကို မကာကွယ်နိုင်မိတဲ့အတွက် တောင်းပန်လိုက်သည်။ဝမ်မူနဲ့ဝမ်ဖန်သည် ခေါင်းငုံနေသော ဟီရှဲကို ပြန်ထူလိုက်ပြီး ဝမ်မူသည်"စီနီယာအမ......နင်ရဲ့ကျေးဇူးတွေက ငါတို့မောင်နှမအပေါ်မှာ မနည်းပါဘူး ၊ နောက်ပြီး ဒီကိစ္စက ငါ့အသုံးမကျလို့ ဖြစ်ရတာပါ " ဟု ပြောလိုက်၏။

All Chapters