← Chapters

အခန်း (၁၀၅၈) ခင်ဗျားက တကယ်ကို အရမ်းကံဆိုးတာပဲ

Vol. 76 Ch. 1058

အခန်း (၁၀၅၈) ခင်ဗျားက တကယ်ကို အရမ်းကံဆိုးတာပဲ

Vol. 76 Ch. 1058

မိုဝူကျိ ထွက်သွားသည့်အခါ မုရုန်ရှန်းယွီက ဒေါသကြောင့် တုန်တုန်ယင်ယင် ဖြစ်လာပြီး ဆက်မထိန်းထားနိုင်တော့သည့်အထိ ဖြစ်သွားသည်။

နတ်ဘုရားသိုက်မြုံအစွန်းတွင် ဉာဏ်အလင်းပွင့်ရန် မျက်လုံးပိတ်လျက် ထိုင်နေသည့် မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားက မျက်လုံးပွင့်လာကာ မုရုန်ရှန်းယွီအား စိုက်ကြည့်လိုက်သည်

“ ရှန်းယွီ … အဲဒီလူက မင်းအတွက် အရမ်းအရေးကြီးတာလား ”

မုရုန်ရှန်းယွီက မျက်လုံးပွတ်ကာ ပြန်ဖြေလိုက်သည်  “ သူက ကျွန်မအပိုင်ကို ယူသွားပြီးတော့ လိမ်ညာခဲ့တယ်။ တကယ်လို့ ကျွန်မသာ ကိုယ်ပိုင်နိယာမသာ မရှိရင် …. ”

သူမအနေနှင့် ထိုမီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်ကြောင်း သိထားပြီး ထိုသူက သူမအား နာမည်အားဖြင့် တပည့်အမည်ခံခေါ်ထားသော်လည်း  ကစားစရာအဖြစ်သာ လိုချင်နေကြောင်း သိပေသည်။ သူက ဘာမှမလုပ်သေးသည့် အကြောင်းအရင်းမှာ သူမတွင် ရတနာတချို့ ရှိနေကြောင်း တွေးမိ၍ ဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ သူမက ရတနာတစ်ခုမှ မဖော်ထုတ်သေးပေ။

မုရုန်ရှန်းယွီ၏ လော့ကျမ်းစာရွက်က သူမ အသိစိတ်ပင်လယ်နှင့် ရောနှောနေသောကြောင့် လောကနတ်ဘုရားကို မဆိုထားနှင့်  သဟဇာတ နတ်ဘုရားပင် သူတို့အား ရှာနိုင်မည် မဟုတ်ပေ။

“ မင်းအတွက် သူ့ကို ရှင်းပေးစေချင်တာလား ” ထိုလူက အသာပြောလိုက်သည်။

“ အာ ..” မုရုန်ရှန်းယွီက ထိုစကားကြောင့် အံ့အားသင့်သွားဟန် ပေါ်သွားလေသည်။

သူမက အံ့အားသင့်သည့်ဟန်ဆောင်နေသော်လည်း စိတ်ထဲ၌ ထိုသူက သူမကို စနောက်နေကြောင်း ကောင်းကောင်း သိပေသည်။ ထိုသူကို မိုဝူကျိနောက် လိုက်စေဖို့ရာကား သူမ စကားတချို့ဖြင့် ပြီးမြောက်နိုင်သည့်အရာ မဟုတ်ပေ။

သူတို့ လော့ကျမ်းစာရွက် တိုက်ခိုက်ခဲ့စဉ်မှစ၍ မိုဝူကျိက အင်မော်တယ်ဂိုဏ်းများ၏ ထိပ်တန်း ပါရမီရှင်တချို့ကို ကျော်တက်သွားခဲ့သည်။ သူမ လေးစားမိသော ကြယ်ရှစ်လုံးအဆင့်  ဂူကျီကျန်းပင် မိုဝူကျိရှေ့၌ အသံမထွက်ရဲပေ။ သူမက အင်မော်တယ်ဘုရင်အဆင့်သို့ အချိန်တိုအတွင်း တက်လှမ်းနိုင်ရန် လော့ကျမ်းစာရွက်၏ အချိန်စည်းမျည်းကို အသုံးချခဲ့ရသော်လည်း မိုဝူကျိ၏ လွှမ်းမိုးမှုကို ခံနေရဆဲ ဖြစ်သည်။

ထိုအဖြစ်အပျက်အပြီးတွင် သူမက မိုဝူကျိအား နောက်တစ်ကြိမ် လျော့မတွက်ရဲတော့ပေ။ ယခု သူမက ကောင်းကင်နတ်ဘုရား အဆင့် ၈ ဖြစ်သော်လည်း မိုဝူကျိအား ရင်ဆိုင်ဖို့ရာ မလုံလောက်သေးပေ။ ဝေရုက ကောင်းကင်နတ်ဘုရားအဆင့် ၅ ဖြစ်သော်လည်း မိုဝူကျိအား ကြည်ညိုလေးစားနေသောကြောင့် သူမ သံသယများကို ပို၍ ခိုင်မာသွားစေသည်။

သူမ မုရုန်ရှန်းယွီက လောကထဲ လျှောက်သွားလာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ မမြင်ဖူးသည့်အရာ ရှိဦးမည်လား။ သူမက မိုဝူကျိဆီမှ လော့ကျမ်းစာရွက်များကို ပြန်လိုချင်နေသော်လည်း တစ်ချိန်တည်းမှာ  မဖြစ်နိုင်ကြောင်း ကောင်းကောင်း သဘောပေါက်ပေသည်။ မိုဝူကျိရှေ့တွင် အမှားနှစ်ကြိမ် လုပ်မိခြင်းက လုံလောက်နေပြီ ဖြစ်ရာ တတိယမြောက်အကြိမ် မမှားလိုတော့ပေ။

ထိုအကြောင်းအရင်းကြောင့် သူမ တွေးမိသည်က လောကနတ်ဘုရားအား မိုဝူကျိနှင့် ရင်ဆိုင်စေရန် ရှိသမျှ နည်းအားလုံ အသုံးပြုဖို့ရာသာ ဖြစ်၏။ အကောင်းဆုံးရလဒ်အနေနှင့် နှစ်ဖက်လုံး အထိနာသွားနိုင်သည်။

မိုဝူကျိက လောကနတ်ဘုရားအား အမွေးတိုင်တစ်တိုင်စာလောက် ကိုင်တွယ်ဖြေရှင်းနိုင်သရွေ့ သူမအနေနှင့် လွတ်မြောက်နိုင်ခြေ ရှိပေသည်။ သူမက စိတ်တိုင်းကျသည့် နေရာကို ရှာတွေ့ထားပြီးသား ဖြစ်သော်လည်း သွားဖို့ရာ အခွင့်အရေး မရသေး၍ ဖြစ်သည်။ သူမက လောကနတ်ဘုရားလက်မှ လွတ်မြောက်သွားသည်နှင့် လော့ကျမ်းစာရွက်ထဲမှ ကမ္ဘာအတွင်း ဝင်ရောက်လိုက်လျှင် သူ သူမအပေါ် ထားထားသည့် စိတ်ဝိညာဉ် အမှတ်အသားကို ဖယ်ရှားနိုင်မည် ဖြစ်ကြောင်း ယုံကြည်ချက်အပြည့် ရှိ၏။

ထိုအမှတ်အသားကို ဖယ်ရှားလိုက်ပြီးသည့်နောက် ဤနေရာသို့ ဘယ်သောအခါမှ ပြန်မလာတော့ပေ။

ဝေရုသာ လောကနတ်ဘုရားလက်အတွင်း သေဆုံးသွားပါက ပိုးကောင်ကို‌တော့ သူမအား ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမည့် နည်းလမ်းတချို့ ရှိပေသည်။ အခွင့်အရေးက တစ်သောင်းပုံ တစ်ပုံရှိလျှင်ပင် ဘာမှမရှိခြင်းထက် ပို၍ သာပေ၏။

“ သူ့နာမည် ဘာလဲ ” လောကနတ်ဘုရားက မျက်လုံးတစ်ဖန် ပြန်မှိတ်ကာ မေးလိုက်သည်။

မုရုန်ရှန်းယွီ မျှော်လင့်ထားသည့်အတိုင်း သူက ထိုသို့ကိစ္စအသေးလေးပေါ်တွင် အချိန်ဖြုန်းမည် မဟုတ်ပေ။ နာမည်ကို ထုတ်မေးခြင်းက သူမကို ဆော့ကစားနေခြင်းသာ ဖြစ်၏။

“ မိုဝူကျိ ” မုရုန်ရှန်းယွီက မိုဝူကျိ နာမည်ကို ထုတ်ပြောလိုက်သည်။ သူမ စိတ်ထဲ၌ မိုဝူကျိ လော့ကျမ်းစာရွက် ပိုင်ဆိုင်ထားကြောင်း ထုတ်ဖော်လိုက်ရမလားဟု လွန်ဆွဲနေမိသည်။

လော့ကျမ်းစာရွက်လို ရတနာမျိုးမှသာ လောကနတ်ဘုရားက မိုဝူကျိကို အလျော့မပေးဘဲ လိုက်မည် ဖြစ်၏။

“ ဘာ … သူ့နာမည်က မိုဝူကျိလား ” လောကနတ်ဘုရားက ရုတ်ချည်း ထရပ်ကာ နာမည်ကို ထပ်မေးလိုက်သည်။

မုရုန်ရှန်းယွီက နားမလည်စွာ ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်ပြလိုက်သည်  “ ဟုတ်ပါတယ်  … သူက မိုဝူကျိတဲ့ ”

သူမ စကားအဆုံးတွင် သူမက တစ်ခုခု မှတ်မိသွားပြီး မိုဝူကျိ၏ ပုံရိပ်ကို ရေးဆွဲပြလိုက်သည်။

မိုဝူကျိ ရှိနေစဉ်အခါက မုရုန်ရှန်းယွီသည် စိတ်စွမ်းအားဖြင့် ထိုလောကနတ်ဘုရားအား လှမ်း၍ အကြောင်းကြားခဲ့သည်။ သို့သော်လည်း ထိုလောကနတ်ဘုရားက မိုဝူကျိနှင့် ဝေရုတို့အား ဂရုမစိုက်ခဲ့ပေ။ သူက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ဖို့ပင် ပျင်းရိနေခဲ့ပြီး အက်ကြောင်းရှိ စည်းမျည်းများအပေါ်သာ အာရုံစိုက်ထားခဲ့သည်။

ယခု သူက မုရုန်ရှန်းယွီ ပြသည့် ပုံရိပ်ကို မြင်လိုက်ရသည့်အခါ စိတ်အားတက်ကြွစွာ မေးလိုက်၏  “ ဘယ်ဘက် ထွက်သွားတာလဲ ”

မုရုန်ရှန်းယွီက လက်ဖြင့် ညွှန်ပြလိုက်ပြီးနောက် လောကနတ်ဘုရားက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

လောကနတ်ဘုရား ပျောက်ကွယ်သွားသည့် နေရာကို စိုက်ကြည့်နေပြီးနောက် မုရုန်ရှန်းယွီက အသိပြန်ကပ်လာသည်။ သူမ ကြိုးစားခဲ့သမျှ လှည့်ကွက်များက အလုပ်မဖြစ်ဘဲ မိုဝူကျိ နာမည်ကို ထုတ်ပြောလိုက်သည်နှင့် လောကနတ်ဘုရားက တန်း၍ လိုက်သွားလေသည်။

သူမက လောကနတ်ဘုရား အမြင်၌  မိုဝူကျိသည် သူမထက် ပို၍ အရေးပါနေကြောင်း သိလိုက်၏။ ထို့ကြောင့် ဤသို့သော အချိန်မျိုး၌ သူက သူမအား နောက်ယောင်ခံလိုက်နိုင်မည် မဟုတ်ပေ။ သူမအနေနှင့် လှုပ်ရှားနိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

မုရုန်ရှန်းယွီက ထိုအကြောင်း တွေးမိလိုက်သည်နှင့် မတူကွဲပြားသည့်နေရာတွင် ပျောက်ကွယ်သွားသည်။ သူမက အရူးအမူး မကျင့်ကြံခင် သူမပေါ်တွင် ထားထားသည့် စိတ်ဝိညာဉ် အမှတ်အသား ဖျက်ပစ်မည့် နေရာကို ရှာဖွေရမည်။

သူမ ခန့်မှန်းထားသည့်အတိုင်း မီးခိုးရောင်ဝတ်ရုံနှင့် လောကနတ်ဘုရားသည် မုရုန်ရှန်းယွီထက် မိုဝူကျိအား အဆတစ်ရာလောက် ပို၍ တန်ဖိုးထားပေသည်။ သူက မုရုန်ရှန်းယွီ ထွက်ပြေးသွားနိုင်ကြောင်း သိထားလျှင်ပင် သူမနောက် လိုက်မလာပေ။ အရင်ဦးစွာ သူမက သူ့ဆီမှ ထွက်ပြေးနိုင်မည် မဟုတ်ကြောင်း သိနေ၍ ဖြစ်သလို ဒုတိယအနေနှင့် သူ့စိတ်ထဲ၌  မိုဝူကျိ တစ်ယောက်တည်းသာ ရှိတော့၍ ဖြစ်သည်။

မိုဝူကျိတွင် အင်မတန် အဖိုးတန်သော ရတနာများ ပိုင်ဆိုင်ထားကြောင်း ကောလဟာလများစွာ ထွက်ဖူးခဲ့သောကြောင့် လောကနတ်ဘုရားက နီးနီးကပ်ကပ် ရှိနေလျက်နှင့် လက်လွတ်လိုက်ရလျှင် ဘဝတစ်လျောက်လုံး နောင်တရနေမိလောက်၏။ လောကနတ်ဘုရားက စိတ်စွမ်းအားသုံး၍ မိုဝူကျိတို့ကို မစစ်ဆေးကြည့်လိုက်မိသည့်အတွက် နောင်တရနေမိသည်။

…………..

မိုဝူကျိက မုရုန်ရှန်းယွီကို လွဲမှား၍ မသုံးသပ်မိပေ။ မုရုန်ရှန်းယွီက သူ့ဆီမှ လော့ကျမ်းစာရွက် လိုချင်နေပြီး နှစ်များစွာ လျှောက်သွားနေပြီးနောက် ယခု မုရုန်ရှန်းယွီကား အတိတ်တုန်းကနှင့် မတူတော့ပေ။ သို့သော် အနည်းဆုံးတော့ သူက သူမ ကျင့်ကြံဆင့် ကောင်းကင်နတ်ဘုရား အဆင့် ၈ လေးဖြင့် သူ့ဆီ လာရဲလိမ့်မည်ဟု မမျှော်လင့်သင့်ပေ။

မိုဝူကျိ မျှော်လင့်မထားမိသည်မှာ မုရုန်ရှန်းယွီနှင့် လောကနတ်ဘုရားကြားရှိ ဆက်ဆံရေး ဖြစ်ပြီး ထိုလောကနတ်ဘုရား ကျင့်ကြံသူက လိုက်ဖမ်းသူ ဖြစ်နေသည့် ကိစ္စကား အပေါ်ယံအမြင်နှင့် မတူပေ။

“ ဟားဟား  …. မင်းကိုး မိုဝူကျိ … ကြည့်ရတာ ငါ့ကံက  မဆိုးသေးဘူးပဲ ” မီးခိုးရောင်ဝတ်ရုံနှင့် လောကနတ်ဘုရားက မိုဝူကျိကို အမွေးတိုင်တစ်တိုင်စာအတွင်း မီလာကာ မိုဝူကျိနှင့် ဝေရုတို့ရှေ့တွင် ပိတ်ရပ်လိုက်၏။

မီးပြင်းကျောက်၊ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် …

ထိုစဉ် လောကနတ်ဘုရား၏ စိတ်အတွင်း မြောက်မာျးစွာ ရတနာတို့ ပေါ်လာသည်။

“ တကယ်တော့ ခင်ဗျားရဲ့ အခုလောက် ကံဆိုးမှာ မဟုတ်ဘူး ” မုရုန်ရှန်းယွီက လောကနတ်ဘုရားနောက် လိုက်မလာသည်ကို မြင်သောအခါ မိုဝူကျိက သက်ပြင်းချကာ ပြောလိုက်သည်။

သူ ကျင့်ကြံနေစဉ် တခြားသူများလည်း မည်သို့ မကျင့်ကြံဘဲ နေမည်နည်း။ ရန်သူ ဖြစ်စေ၊ မိတ်ဆွေ ဖြစ်စေ ဤသဘောတရားကား အတူတူပင် ဖြစ၏။

“ ဝေရု နောက်ဆုတ်နေ … ဒီလိုလူမျိုး ရောက်လာမယ်လို့ မထင်ထားမိဘူး ” မိုဝူကျိက သက်ပြင်းချလိုက်သည်။

အစောပိုင်း လောကနတ်ဘုရား ဖြစ်သောကြောင့် မိုဝူကျိက သူ ပြင်ဆင်ထားသော သေမင်းထောင်ချောက်အား အသုံးပြုဖို့ရာ မလိုအပ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ဤအရာများက မုရုန်ရှန်းယွီနှင့် ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း သူမက လောကနတ်ဘုရားအထက် အားကောင်းနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ မုရုန်ရှန်းယွီတွင် လော့ကျမ်းစာရွက် ပိုင်ဆိုင်ထားသောကြောင့် ဤသို့သော ရတနာမျိုးဖြင့် သူမအား လွတ်မြောက်စေမည့် တခြားနည်းလမ်းရှိနေလျှင် မည်သို့ ဖြစ်မည်နည်း။

“ တာ့ရှီရှုန်း  … အဲဒီလူ နာမည်က ဟွေ့ကောတဲ့ … သူက အရွက်မဲ့တောအုပ်ထဲမှာ နာမည်ကြီးတဲ့ လောကနတ်ဘုရားတစ်ယောက်ပဲ ” ဝေရုက ဟွေ့ကောအား မှတ်မိသွားကာ မြန်မြန်ဆန်ဆန် သတိပေးလိုက်သည်။

မိုဝူကျိ စကားကိုပင် မစောင့်နေတော့ဘဲ ဟွေ့ကောက လက်ဗလာဖြင့် ဦးခေါင်းကို ဆုပ်ကိုင်ဖို့ ပြေးဝင်လာသည်  “ သေစမ်း ”

သူက မိုဝူကျိသည် မည်သို့ ကြမ်းတမ်းကြောင်း ကြားထားဖူး၏။ မိုဝူကျိက အစောပိုင်း ကနဦး နတ်ဘုရားအဆင့် ဖြစ်သော်လည်း ကနဦး နတ်ဘုရား အဆင့် ၄၉ ယောက်အား ရင်ဆိုင်နိုင်ခဲ့သည်။ နှစ်တစ်သောင်းမျှသာ ကြာမြင့်သွားသောကြောင့် မိုဝူကျိက ဖန်ဆင်းမှုနတ်ဘုရား၏ ပြန်လည် မွေးဖွားလာသူ ဖြစ်နေလျှင်ပင် နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်ဦးမည် မဟုတ်လောက်ပေ။ ထို့ကြောင့် လောကနတ်ဘုရား အမြင်၌ မိုဝူကျိသည် ပုရွက်ဆိတ်နှင့်ပင် မယှဉ်နိုင်ချေ။

မိုဝူကျိက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နောက်ကျောရှိ ပုဆိန်လှံရှည်မှ ငွေရောင်မြစ်တစ်စင်း ကျရောက်လာသည်။

လောကနတ်ဘုရား၏ စွမ်းအားစက်ကွင်းသည် ကျိုးပျက်သွားပြီး မိုဝူကျိဆီ ရွယ်ထားသည့် လက်တို့မှာလည်း နှေးကွေးသွား၏။ ထိုစဉ် လောကနတ်ဘုရား ဝန်းကျင်ရှိ တည်နေရာတစ်ခုလုံး ငွေရောင်မြစ်ကြီး၏ ငွေရောင်ကမ္ဘာတစ်ခုအလား ပြောင်းလဲသွားလေသည်။

ဖိအားများစွာ ဝန်းရံခံထားရသော မီးခိုးရောင်ဝတ်ရုံနှင့် လောကနတ်ဘုရားက သူ့စိတ်စွမ်းအားများပင် လေးလံလာလေ၏။

“ မဖြစ်နိုင်ဘူး ” လောကနတ်ဘုရား၏ မျက်ဝန်းများတွင် အကြောက်တရားများ ဖုံးလွှမ်းနေသည်။ မိုဝူကျိ၏ ရိုက်ချက် သူ့အပေါ် ကျရောက်မလာခင် သူက စည်းမျည်းများ၏ ကန့်သတ်ချုပ်နှောင်မှုကို ခံထားရ၏။

ယခု အမှန်ပင် ပုရွက်ဆိတ်တစ်ကောင် ရှိနေပြီး ထိုပုရွတ်ဆိတ်လေးက မိုဝူကျိ မဟုတ်ဘဲ သူကိုယ်တိုင် ဖြစ်နေခြင်း ဖြစ်ပေသည်။

ထိုစဉ် ဟွေ့ကောက အသိပြန်ကပ်လာသည်။ မိုဝူကျိက လောကနတ်ဘုရား ဖြစ်ကြောင်း သေချာသွားပြီး သူ့ကမ္ဘာက သူ့ထက်ပင် လောကစည်းမျည်းများ ပိုမို ပြည့်စုံနေသေး၏။

ဟွေ့ကောက ဗုန်းဗုန်းလဲကျသွားပြီး စိတ်စွမ်းအား လှည့်ပတ်ခြင်းကိုပင် လျစ်လျူရှုမိလုနီးပါး ဖြစ်သွားသည်။

သို့သော် မကြာခင် သူက အဖြစ်အပျက်ကို နားလည်သဘောပေါက်သွားတော့သည်။ သူနှင့် မိုဝူကျိကြားရှိ ကွာဟချက်မှာ ကြီးမားလွန်းနေပြီး သူ့ကမ္ဘာစည်းမျည်းများသည် မိုဝူကျိ၏ ကမ္ဘာရှေ့ ရောက်ရှိသွားသောအခါ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်နေသည့်အလား ဖြစ်၏။

“ ဝုန်း ” ငွေရောင်မြစ်ကြီး ကျဆင်းလာသည့်အခါ ရေပွက်အကြီးကြီး ဖြစ်လာဟန် ပေါ်၏။

“ ဖောင်း ” ကမ္ဘာ စည်းမျည်းများလည်း ကြေမွသွားပြီး စွမ်းအားစက်ကွင်းလည်း ပျက်စီးသွားကာ သွေးမြူများ‌ ပေါက်ကွဲထွက်လာသည်။

ဟွေ့ကောက သွေးသံရဲရဲဖြင့် မြေပြင်ပေါ် ကျရောက်လာသည့်အခါ သူ့ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်သွားပြီ ဖြစ်၏။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ် ထွက်ပေါ်လာစဉ် လျှပ်စီးချက်ဖြင့် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားတော့သည်။

သူက တစ်ဖက်လူ၏ လက်စွပ်ထဲတွင် ဘာမှရှိမည် မဟုတ်ကြောင်း သိသော်လည်း မိုဝူကျိက သိမ်းထားလိုက်သေး၏။

“ တာ့ရှီရှုန်း  ….” ဝေရု မျက်နှာအထက်တွင် အံ့ဩတကြီး ဖြစ်နေသည့် အမူအယာများ ရှိနေသည်။ သူက အရွက်မဲ့တောအုပ်ထဲ၌ ပြိုင်ဖက်ကင်း ဟွေ့ကောသည် မိုဝူကျိရှေ့တွင် တိုက်ကွက်တစ်ခုပင် ပြန်လည် မထုတ်နိုင်ဘဲ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု တစ်ခါမှ မတွေးကြည့်ဖူးပေ။

“ သွားကြစို့ .. အဲဒီ မိန်းမလည်း ထွက်သွားလောက်ပြီ။ သူမက လှည့်ကွက်တချို့ ရှိနေတုန်းပဲ …. လောကနတ်ဘုရားကိုတောင် သေဖို့ လွှတ်လိုက်သေးတယ် ” မိုဝူကျိက ဝေရု ပခုံးကို ပုတ်ပေးကာ ပြောလိုက်၏။

နောက်ဆုံးတွင် ဝေရုက အသိပြန်ကပ်လာကာ ပျော်ရွှင်စွာဖြင့  “ တာ့ရှီရှုန်းက လောကနတ်ဘုရား ဖြစ်နေပြီလား ”

မိုဝူကျိက ခေါင်းခါကာ  “ မရောက်သေးဘူး … ဒါပေမဲ့ မကြာခင် လောကနတ်ဘုရားအဆင့် ရောက်တော့မှာ။ မင်းလည်း နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်လိမ့်မယ်။ ပြီးတော့ လောကနတ်ဘုရားအဆင့်ကိုရောပဲ …. အကြောင်းအရင်းကိုတေ့ာ မင်းကို လမ်းမှာ ရှင်းပြမယ် ”

“ ဟုတ်ကဲ့ ကျွန်တော် တာ့ရှီရှုန်း ပြောသမျှ နားထောင်ပါ့မယ် ” ယခုအချိန် ဝေရု စိတ်ထဲ၌ စိတ်လှုပ်ရှားမှုနှင့် သစ္စာရှိမှုတို့နှင့်သာ ပြည့်နှက်နေသည်။

ဟွေ့ကောလို အားကောင်းသူ တစ်ယောက်က သူ့တာရှီရှုန်း၏ တိုက်ကွက်တစ်ခုကိုပင် ရင်မဆိုင်နိုင်ချေ။

ဘာကိုများ ကြောက်ရွံ့နေရဦးမည်နည်း။

တည်ထောင်သူ ဖန်းကျဲက အလွန်အံ့ဩဖို့ ကောင်းလှသော်လည်း သူ ဖြေရှင်းသည့်နည်းလမ်းက တာ့ရှီရှုန်းနှင့် မတူပေ။ ဝေရု၏ အမြင်အရ တည်ထောင်သူ ဖန်းကျဲသည် သတိကြီးကြီး ထားထားသော်လည်း အဆုံးသတ်၌ နောက်ကျောဓားနှင့် အထိုးခံလိုက်ရသည်။ တစ်ဖက်တွင် သူ့၏ ဂုဏ်ယူဖွယ် တာ့ရှီရှန်းက ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား လုပ်ပြီး ကျေးဇူးတရားကို ကြင်နာမှုနှင့် ပြန်ပေးဆပ်သလို ရန်ငြိုးကိုလည်း လက်စားချေမှုနှင့် ပြန်အဆုံးသတ်သည်။ ဤသို့ စိတ်သဘောထားရှိသူနှင့် အတူတူ တွဲလုပ်ရခြင်းမှာ “ ဘဝတွင် ရူးရူးမိုက်မိုက် လုပ်ဖူးရမယ်” ဟူသော စကားနှင့် ကိုက်ညီသည် မဟုတ်ပါလော။

***

All Chapters