chapter(153)
Vol. 11 Ch. 153
အသန့်စင်ဆုံးစနစ် အခန်း(153)
ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ကိုင်လိုက်ပြီး သူတို့နှစ်ယောက်သည် လို့ဝှက်နယ်မြေမှ ပြန်ထွက်ခွာတော့မည် ဖြစ်ကြောင်း ပြောပြကာ နှုတ်ဆက်လိုက်လေသည်။
ထိုအခါ အာလုံးမှာ စိတ်မကောင်းဖြစ်သွားပြီး ကျူနန်သည် "ဂျူနီယာမောင်လေးနဲ့ညီမလေး.......နင်တို့ နတ်ဆိုးသားရဲသတ်ဖြတ်ရေး အဖွဲ့၂၁ကို ဘယ်ချိန်ဖြစ်ဖြစ် ငါတို့တွေ အမြဲကြိုဆိုနေမှာပါ " ဟု ဝမ်းနည်းသော လေသံဖြင့် ပြောလိုက်၏။
ထို့နောက် ချောင်ဖုန်းသည်ရွယ်ချင်းလက်ကို တွဲကာ ရီဟန်အပါအဝင် သုံးယောက်သည် သူတို့လာခဲ့သော ဝင်ပေါက်ဝသို့ပြန်လည် ပျံသန်းလာခဲ့၏။
တောတစ်ခုကို ဖြတ်သန်းပြီးတဲ့နောက် မှာတော့ ချောင်ဖုန်းသည် အနက်ရောင်အပေါ်ထပ်ဝတ်ရုံကို ပြန်ဝတ်လိုက်ပြီး အပြာရောင်လျှပ်စီးများလည်ပတ်နေသော တံခါးအပေါက်အတွင်းကို ပျံသန်းရင်း ဝင်သွားလိုက်သည်။
ချောင်ဖုန်းတို့သည် ပြန်ထွက်လာတာနဲ့ ရပ်စောင့်နေသော အကြီးအကဲတစ်ယောက်ကို တွေ့လိုက်ရသည်။ထိုအကြီးအကဲသည် ချောင်ဖုန်းတို့ကို တွေ့တာနဲ့ "နောက်ဆုံးတော့ မင်းတို့ အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာပြီပဲ ၊ ဂိုဏ်းချုပ်က မင်းတို့ ပြန်ထွက်လာတာနဲ့ သူရှိခေါ်လာဖို့ ငါ့ကို အမိန့်ပေးထားတယ် " ဟု ပြောကာ လွင်ကုံသွေ ရှိနေသော အခန်းတစ်ခုကို ခေါ်ဆောင်လာခဲ့၏။
လွင်ကုံသွေသည် ရွယ်ချင်းကို မြင်တာနဲ့ ဝမ်းသာသွားပြီး "မင်းတို့နှစ်ယောက်ဘာမှ မဖြစ်ဘူးမလား....."ဟု မေးလိုက်သည်။ချောင်ဖုန်းသည် လွင်ကုံသွေကြောင့် အကျိုးအမြတ် တော်တော်ရရှိလိုက်တဲ့အတွက် လွင်ကုံသွေ၏ အမိန့်တံဆိပ်ပြားကို ထုတ်ပေးလိုက်ပြီး လွင်ကုံသွေကို ကျေးဇူးတင်လိုက်၏။
လွင်ကုံသွေသည် သူတံဆိပ်ပြားကို ယူကာ သိုလှောင်ကွင်းလက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီး "မင်းတို့နှစ်ယောက် ဒီတံဆိပ်ပြားကို အသုံးပြုခဲ့သေးလား......"လို့ မေးလိုက်သည်။
လွင်ကုံသွေသည် သူ့ရဲ့အမိန့်တံဆိပ်ပြားကို ချောင်ဖုန်းတို့ ရေခဲသူတော်စင်မြတ်နန်းတော်တွင် အန္တရာယ်ကြုံရင် ထုတ်သုံးဖို့အတွက် ထည့်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ရေခဲသူတော်စင်မြတ်နန်းတော်ရှိ အကြီးအကဲများအားလုံးသည် သူတို့ အမိန့်တံဆိပ်ပြားကို ဂိုဏ်းချုပ်နေရသော ခန်းမတွင် အသုံးပြုလို့ရသည်ကို ဘယ်သူမှ မသိရှိချေ။
ချောင်ဖုန်းသည် ကိစ္စမရှိတဲ့အတွက် အမိန့်တံဆိပ်ပြားကို အသုံးမပြုခဲ့ဘူးလို့ ညာပြောလိုက်၏။လွင်ကုံသွေသည် သူတံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာလဲ ဘာမှ ထူးဆန်းတာ မရှိသဖြင့် ချောင်ဖုန်းပြောတာကို ယုံလိုက်သည်။
လင်ကုံသွေသည် ချောင်ဖုန်းရဲ့ ရုပ်အသွင်အပြင်ကို မမြင်ရဘဲ ရွယ်ချင်းက ဘာလို့ သဘောကျသွားလဲ ဆိုတာ သိချင်နေခဲ့သည်။
ချောင်ဖုန်းသည် ယွီရှန်ဟွာ ထည့်သွင်းပေးထားသော စွမ်းအားကို သန့်စင်စုပ်ယူဖို့အတွက် သူ့အတွက် အခန်းတစ်ခန်းလောက်
စီစဥ်ပေးလို့ရမလား ဟု ရိုသေစွာဖြင့် လွင်ကုံသွေအား မေးလိုက်၏။
ထိုအခါ ရွယ်ချင်းသည် သူ့အတွက်လဲ တစ်ခန်းစီစဥ်ပေးဖို့ ပြောလိုက်သည်။လွင်ကုံသွေသည် မျက်လုံးတစ်ချက်မှိတ်လိုက်တာနဲ့
လေဟာနယ်မှ အက်ကွဲကြောင်းရာကြီး ပေါ်ထွက်လာလေသည်။ထို့နောက် လွင်ကုံသွေသည် လေဟာနယ် အက်ကွဲကြောင်းအတွင်းမှတဆင့် ကျင့်ကြံသောအခန်းရှေ့သို့ ချောင်ဖုန်းတို့ကို ခေါ်လာခဲ့၏။
ထို့နောက် လွင်ကုံသွေသည် လေဟာနယ် အက်ကွဲကြောင်းမှ တဆင့် ပြန်ထွက်သွားလေသည်။ ချောင်ဖုန်းသည် အခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ ရွယ်ချင်းသည် နောက်ကလိုက်ဝင်လာ၏။
ချောင်ဖုန်းသည် သူ့ကို ပြန်လှည့်ကြည့်တဲ့အခါ ရွယ်ချင်းသည် စိတ်ဆိုးသည့်ဟန်ဖြင့် "ဘာလဲရွယ်ချင်းက ကိုကိုချောင်ဖုန်းနဲ့အတူ တစ်ခန်းထဲ လေ့ကျင့်လို့ မရဘူးလား" ဟု ခပ်သွက်သွက် ပြောကာ ရန်တွေ့လိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "အရူးမလေး......."ဟု ပြောကာ ဆွဲဖက်လိုက်ရင်း ရွယ်ချင်းရဲ့ နဖူးကို အနမ်းတစ်ချက် ခြွေလိုက်၏။
ရွယ်ချင်းသည် ချောင်ဖုန်းကိုယ်ထဲမှ ချက်ချင်း ရုန်းထွက်ပြီး "ကိုကိုချောင်ဖုန်းကလဲ....." ဟု ရှက်ရှက်ဖြင့် ပြောကာ ချောင်ဖုန်းအနားမှ နောက်ဆုတ်၍ ထိုင်လိုက်ပြီး ခန္ဓာကိုယ်အတွင်းမှာ ရှိနေသော စွမ်းအင်များကို စတင်သန့်စင်၍ စုပ်ယူပါတော့သည်။
ချောင်ဖုန်းသည် ရယ်လိုက်ပြီး သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ချီစွမ်းအား တိုးမြှင့်ပေးတဲ့အပြင် စွမ်းအင်အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်သော အစီအရင်ရတနာများကို ထုတ်ကာ အသက်သွင်းလိုက်သည်။
မီးနဂါးကိုးကောင်အစီအရင်စက်ဝိုင်းကြီး တစ်ခန်းလုံးကို အုပ်ဆိုင်းကာ ပေါ်ထွက်လာတာနဲ့ ချောင်ဖုန်းသည် ယွီရှန်ဟွာရှိမှ ရရှိထားသော ချီစွမ်းအင်လုံးအားစတင် သန့်စင် စုပ်ယူပါတော့သည်။
ရီဟန်ကတော့ ကျင့်ကြံရေး အခန်းရှေ့တွင် ချောင်ဖုန်းတို့ကို ကာကွယ်ဖို့ စောင့်နေခဲ့လေသည်။ရက်ပေါင်းအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ရွှေဝါရောင်အလင်းတန်းကြီးသည် ချောင်ဖုန်း ခန္ဓာကိုယ်မှ ထွက်ပေါ်၍ လာလေသည်။
ထို့နောက် ချောင်ဖုန်းသည် လေနဲ့ တစ်ထပ်ထဲကျသလို ခံစားလိုက်ရပြီး သွေးကြောများအားလုံးမှာ ကြောက်စရာကောင်းသော အရှိန်အဝါအဖြစ်သို့ ပြောင်းလဲသွားကြောင်း သိလိုက်ရ၏။
ချောင်ဖုန်းသည် မီးနဂါးကိုးကောင်အစီအရင်သာကို မဖန်တီးခဲ့ရင် ထိုရွှေဝါရောင် အလင်းတန်းကြီးမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားမှာ သေချာ၏။
ဒီတစ်ခေါက်မှာတော့ ချောင်ဖုန်းသည် ဝိညဥ်နယ်ပယ်အစောပိုင်းအဆင့်ကို ရောက်ရှိယုံတင်မကဘဲ နတ်ဘုရားပလ္လင်အလင်းတန်စွမ်းအားကို ရောက်ရှိသွားတဲ့အတွက် ဝိညဥ်နယ်ပယ်အစောပိုင်အဆင့် တိုက်ခိုက်ရေးသမားကို သတ်ဖြတ်ဖို့ မခက်ခဲတော့ပေ။
ချောင်ဖုန်းသည် သူစွမ်းအားများ အားလုံးကို တည်ငြိမ်အောင် လုပ်လိုက်ပြီး စွမ်းအားအရှိန်အဝါကိုလဲ ဖျောက်ထားလိုက်သည်။
ထိုချိန်မှာပဲ ရွယ်ချင်းသည်လည်း နယ်နယ်ပယ်အစောပိုင်းအဆင့်ကို ထိုးဖောက်ကာ နတ်နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိသွားခဲ့၏။
ရွယ်ချင်းသည် သူနားတွင် ထိုင်စောင့်နေသော ချောင်ဖုန်းကို တွေ့တဲ့အခါ ပြေးဖက်လိုက်ပြီး "ကိုကိုချောင်ဖုန်း......ရွယ်ချင်းကို စောင့်နေတာကြာပြီလား "ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ပြုံး၍ ခေါင်းခါလိုက်ပြီး သူရဲ့အစီအရင် ရတနာများကို အရင်ပြန်သိမ်းလိုက်၏။ထို့နောက် ရွယ်ချင်းရဲ့ လက်ကိုဆွဲကာ အခန်းအပြင်သို့ ပြန်လည်ထွက်ခွာလာတဲ့အခါ ရီဟန်သည် အခန်းရှေ့တွင် ဟိုကြည့်ဒီကြည့်လုပ်နေတာကို တွေ့လိုက်ရ၏။
ချောင်ဖုန်းသည် အခန်းအပြင်သို့ ရောက်တဲ့အခါ မလှုပ်ရှားဘဲ မျက်လုံးမှိတ်သွားပြီး ရပ်တန့်နေသောကြောင့် တစ်ခုခုဖြစ်လို့လားဟု ရွယ်ချင်းသည် စိုးရိမ်သွားခဲ့၏။ထိုချိန်မှာ ချောင်ဖုန်းသည် မျက်လုံးပြန်ဖွင့်လာပြီး သူစွမ်းအားဖြင့် လေဟာနယ်ကို ထိုးဖောက်လိုက်တဲ့အခါ လေဟာနယ်ကြီးမှာ ဖန်အက်ကွဲကြောင်းရာကြီးပုံစံ ထွက်ပေါ်လာလေသည်။
ချောင်ဖုန်းသည် ဝိညဥ်နယ်ပယ်အဆင့်ကိုတောင် ရောက်ရှိနေလိမ့်ဟု ရွယ်ချင်းသည် မထင်ထားခဲ့ချေ။ထိုချိန်မှာပဲ ချောင်ဖုန်းသည် ရွယ်ချင်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ရီဟန်နဲ့အတူ လေဟာနယ်အက်ကွဲကြောင်းမှ တဆင့် လွင်ကုံသွေ ရှိနေသော အခန်းကို ပြန်လည်ရောက်ရှိလာလေသည်။
လွင်ကုံသွေသည် လေဟာနယ်အက်ကွဲကြောင်းရာထဲမှ ထွက်ပေါ်လာသော ချောင်ဖုန်းတို့ကို မြင်တဲ့အခါ "မဖြစ်နိုင်တာ ငါပဲမျက်စိအမြင် မှားနေတာလား" ဟု ရေရွတ်လိုက်သည်။ထိုချိန်မှာပဲ ချောင်ဖုန်းတို့သည် လွင်ကုံသွေအား နှုတ်ဆက်ကာ အရိုအသေပေးလိုက်၏။
လွင်ကုံသွေသည် နတ်နယ်ပယ်အဆင့်မှ ဝိညဥ်နယ်ပယ်အဆင့်ကို ရောက်ရန် အနှစ် ၅၀နီးပါးကျင့်ကြံခဲ့ရသောကြောင့် သူ့မျက်စိရှေ့တွင် ရှိနေသော သမက်လောင်းလေးက အသက်၂၀ကျော်နဲ့ ဝိညဥ်နယ်ပယ်အဆင့် ရောက်ရှိနေတဲ့အတွက် လုံးဝမယုံကြည်နိုင်ပင် ဖြစ်နေလေသည်။
လွင်ကုံသွေသည် "ကောင်လေး.......မင်းက ဒီအသက်အရွယ်နဲ့ ဝိညဥ်နယ်ပယ်အဆင့်ရောက်ရှိနေတယ်ဆိုတာ တခြားလူသာ လာပြောရင် အဲ့လူရူးနေတာလို့ ငါထင်မိမှာ သေချာတယ် " ဟု ပြောလိုက်ပြီးနောက် ချောင်ဖုန်းကို ချီးကျူးစကား များ ဆက်လက်ပြောလိုက်သည်။
လွင်ကုံသွေသည် ငယ်ငယ်ရွယ်ရွယ်နဲ့ ဝိညဥ်နယ်ပယ်အဆင့်ကို ရောက်ရှိနေသော သားမက်ကို ရရှိထားတဲ့အတွက် အလွန်ဂုဏ်ယူနေခဲ့၏။
ထို့နောက် လွင်ကုံသွေသည် သောင်းကျန်းနေသော ဝတ်ရုံနီဂိုဏ်းနဲ့ နတ်ဆိုးသားရဲမျိုးနွယ်ကို ရှင်းထုတ် တိုက်ခိုက်ဖို့အတွက် အင်ပါယာတိုင်းပြည် ၇ ခုမှ ဆွေးနွေးမယ့်ပွဲကို အင်ပါယာတိုင်းပြည်အတွင်းရှိ တော်ဝင်မိသားစုများနဲ့ ဂိုဏ်းအသီးသီးကို တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့အတွက် ချောင်ဖုန်းကို ပြောပြလိုက်သည်။
လွင်ကုံသွေသည် ထိုနေရာသို့ သူ့ကို သွားစေချင်မှန်း ချောင်းဖုန်းသည် သိရှိလိုက်ရ၏။ ထို့အပြင် အင်ပါယာတိုင်းပြည်၇ခု စုစည်းမယ့် နယ်မြေမှာ ရှေးဟောင်းနတ်ဆိုးသားရဲမြို့တော်လို့ ဖြစ်ကြောင်း ပြောပြလိုက်သည်။
ရှေးဟောင်းနတ်ဆိုးသရဲမြို့တော်သည် နတ်ဆိုးစစ်သည်တော်နဲ့ နတ်ဆိုးသခင်များ အုပ်စိုးခဲ့သောနယ်မြေပင်ဖြစ်၏။သို့သော် ထိုနေရာသို့ နတ်ဘုရားတစ်ပါးဆင်းသက်လာကာ နတ်ဆိုးသားရဲများအားလုံးကို ရှင်လင်းသွားသောကြောင့် ထိုချိန်မှ စပြီး ရှေးဟောင်းနတ်ဆိုးသားရဲမြို့တော်မှာ နတ်ဆိုးသားရဲများသည် ပေါ်ထွက်မလာရဲတော့ပေ။
ထို့အပြင် နတ်ဘုရားသည် သူ့ရဲ့စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ထိုနယ်မြေထဲတွင် ချန်ထားခဲ့သည်ဟုသော သတင်းသည် မကြာသေးခင်က ပေါ်ထွက်လာခဲ့၏။
ထိုအခါ နတ်ဆိုးသားရဲမျိုးနွယ်သည် နတ်ဘုရားရဲ့စွမ်းအင်အစိတ်အပိုင်းကို ဖျက်စီးရန် ထိုနယ်မြေတွင် ပြန်လည်ထွက်ပေါ်လာမည် ဆိုး၍ အင်ပါယာ တိုင်းပြည်၇ခုမှ ထိုကိစ္စကို ဆွေးနွေးဖို့ ခေါ်ဆောင်ခြင်းပင် ဖြစ်ကြောင်း လွင်ကုံသွေသည် ချောင်ဖုန်းအား ရှင်းပြလိုက်လေသည်။