Chapter(154)
Vol. 11 Ch. 154
အသန့်စင်ဆုံးစနစ် အခန်း(154)
ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းကို သတ်ဖြတ်ရမည် ဖြစ်သောကြောင့် စိတ်ဝင်စားသွားပြီး ထိုနေရာကို သွားဖို့ ဆုံးဖြတ်လိုက်၏။
ထိုအခါ ရွယ်ချင်းသည်လည်း ထိုနေရာကို သူလိုက်မည်ဖြစ်ကြောင်း သူအဖေကို ပြောလိုက်သည်။
လွင်ကုံသွေသည် သူ့သမီးကို စိတ်မချပေမယ့် ချောင်ဖုန်းသည် သူ့အသက်နဲ့ကာကွယ်ပေးမယ်ဆိုတာ သိသောကြောင့် သွားခွင့်ပြုလိုက်၏။ထိုအခါ ရွယ်ချင်းသည် ချောင်ဖုန်းနဲ့ ခရီးအရှည်ကြီး ထွက်ခွာရမည် ဖြစ်သောကြောင့် ဝမ်းသာသွားလေသည်။
ထို့နောက် လွင်ကုံသွေသည် မျက်နှာဖုံးကွယ်ထားမယ်ဆိုရင် ပြသာနာဖြစ်မည်ဆိုး၍ အားလုံးနဲ့တွေ့ဆုံတဲ့အခါ ဝတ်ရုံနက်ကို မတပ်ဆင်ထားဖို့ ပြောလိုက်၏။ ချောင်ဖုန်းသည် လွင်ကုံသွေ ပြောတာကို သဘောတူလိုက်ပြီး ဝတ်ရုံနက်ကို ဖယ်ရှားလိုက်ပြီး သိုလှောင်ကွင်း လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။
လွင်ကုံသွေသည် ချောင်ဖုန်း၏ ရုပ်အမှန်ကို မြင်တဲ့အခါ ခေါင်းငြိမ့်လိုက်ပြီး လက်ဖျောက်တီးလိုက်တဲ့ခါ ဝိညဥ်နယ်ပယ်အဆင့် ၅ယောက်နဲ့ နတ်နယ်ပယ်အဆင့်မှ တိုက်ခိုက်ရေးသမား၁၅ယောက် တို့သည် အခန်းထဲသို့ ရောက်ရှိလာကြလေသည်။
ထိုလူတွေသည် ဒူးတစ်ဖက်စီထောက်လိုက်ပြီး လွင်ကုံသွေကို အရိုအသေပြုပြီးနောက် "ရေခဲသူတော်စင်နတ်သမီးနဲ့ သခင်ငယ်တို့ကို အရိုအသပြုပါတယ် "ဟု နှုတ်ဆက်လိုက်ကြ၏။
ထို့နောက် လွင်ကုံသွေသည် အားလုံးကို ထခိုင်းလိုက်ကာ သူ့သမီးနဲ့သားမက်ကို အသက်ပေးပြီး ကာကွယ်ကြဖို့ အားလုံးကို အမိန့်ပေးလိုက်၏။ထိုအခါ အားလုံးသည် "ကျွန်တော်တို့ရဲ့အသက်နဲ့စတေးပြီး ရေခဲသူတော်စင်နတ်သမီးနဲ့သခင်ငယ်ကို မထိခိုက်အောင်ကာကွယ် ပါ့မယ်"လို့ အော်ဟစ်လိုက်ကြ၏။
ထို့နောက် ချောင်ဖုန်းတို့သည် ဧရာမလိပ်သားရဲကြီးပေါ်တွင် ဆောက်လုပ်ထားသော အခန်းငယ်လေးအတွင်းမှ လိုက်ပါလာခဲ့လေသည်။ချောင်ဖုန်းသည် ရီဟန်ကို သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းထားလိုက်ပြီး အန္တရာယ်ရှိတဲ့အချိန်မှ ဝှက်ဖဲအဖြစ်သုံးရန် ဆုံးဖြတ်လိုက်သည်။ဧရာမလိပ်သားရဲကြီးရဲ့ ပျံသန်းနှုန်းသည် အလွန်ပင်မြန်ဆန်သောကြောင့် မြို့တစ်ခုကို ခဏလေးအတွင်းပဲ ပျံသန်းဖို့ လိုအပ်လေ၏။
ချောင်ဖုန်းတို့သည် သုံးရက်ကြာပြီးတာတောင် ရှေးဟောင်းနတ်ဆိုးသားရဲမြို့တော်ကိုပင် မရောက်ရှိသေးချေ။ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် အခန်းတစ်ခန်းထဲတွင် အရင်အကြောင်းများ ပြန်ပြောနေချိန်မှာ အပြင်ဘက်မှ "သခင်ငယ်......ကျွန်တော်တို့ ရှေးဟောင်းမြို့တော်ရဲ့ ဝင်ပေါက်ဝကို ရောက်ဖို့ အချိန်အနည်းငယ်ပဲ လိုပါတော့တယ် " ဟု အသိပေးပြောဆိုပြီး ပြန်ထွက်သွားလေသည်။
ထိုအခါ ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် အခန်အပြင်မှ အပြင်သို့ ထွက် လာပြီး ရှေးဟောင်းနတ်ဆိုးသားရဲမြို့တော်ကို ကြည့်ရှုလိုက်၏။ချောင်ဖုန်းတို့ ထွက်လာပြီးတဲ့နောက် မှာပဲ ဧရာမလိပ်သားရဲကြီးသည် မြေပြင်သို့ ဆင်းသက်လာခဲ့သည်။
ထိုအခါ ချောင်ဖုန်းတို့သည် ဧရာမလိပ်ကြီးပေါ်မှ မြေပြင်သို့ ပျံသန်း ဆင်းသက်လိုက်ကြ၏။ လူအများအပြားသည် ချောင်ဖုန်းတို့အဖွဲ့ဆင်းသက်လာတာကို ရှေးဟောင်းနတ်ဆိုးသားရဲမြို့ဝတံခါးမှ ကြည့်ရှုနေကြသည်။
ချောင်ဖုန်းတို့ အဖွဲ့ရောက်ရှိလာတာနဲ့ လူတစ်ယောက်သည် လျင်မြန်စွာ ပျံသန်းရောက်ရှိလာပြီး " ငါ့နာမည်က ဟန်ဝမ်ယန်ပါ.......မိတ်ဆွေတို့အဖွဲ့က ဒီမြို့ကို ဆွေးနွေးဖို့ ရောက်ရှိလာတာ ဟုတ်မဟုတ် သိချင်လို့ပါ "ဟု ချောင်ဖုန်းတို့ အဖွဲ့ကို မေးမြန်းလိုက်၏။
ထိုအခါ ရေခဲသူတော်စင်ဂိုဏ်း၏ ဝိညဥ်နယ်ပယ်အဆင့် အကြီးအကဲတစ်ယောက်သည် "ဟုတ်တယ်.......ငါတို့က ကျုံးအင်ပါယာရဲ့ ရေခဲသူတော်စင်ဂိုဏ်းကပဲ "ဟု ပြောလိုက်သည်။
ဟန်ဝမ်ယန်သည် ချောင်ဖုန်းတို့ အဖွဲ့က ရေခဲသူတော်စင်ဂိုဏ်းကဆိုတာ သိသွားတဲ့အခါ "အကြီးအကဲ........ကျွန်တော်က နတ်ဘုရားအင်ပါယာတိုင်းပြည်ရဲ့ လျှပ်စီးမိုးကြိုးဂိုဏ်းကပါ ၊ ကျေးဇူးပြုပြီး ကျွန်တော်နောက်လိုက်လာပေးပါ " ဟု ပြောကာ ပျံသန်းသွားလေသည်။
ထိုအခါ ချောင်ဖုန်းတို့ အဖွဲ့သည်လည်း ဟန်ဝမ်ယန်နောက်ကို ပျံသန်းစွာ လိုက်လာခဲ့ကြ၏။ ထို့နောက် ဟန်ဝမ်ယန်သည် ကျောက်တိုင်တစ်ခုထောင်ထားတဲ့ နေရာရောက်တဲ့အခါ ရပ်တန့်လိုက်သည်။
ထို့နောက် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ကျောက်တိုင်ကြီးပေါ်မှ နေရာကူးပြောင်းအစီအရင်ဖြစ်သော မိုးကြိုးရောင် စက်ဝိုင်းကွင်းကြီး ပေါ်ထွက်၍ လာခဲ့၏။
ထို့နောက် ဟန်ဝမ်ယန်သည် ထိုအစီအရင်စက်ဝိုင်းထဲသို့ အေးဆေးပင် ခုန်ဝင်လိုက်၏။ ထိုအခါ ချောင်ဖုန်းတို့အဖွဲ့သည်လည်း အစီအရင် စက်ဝိုင်းအတွင်းကို ခုန်ဝင်လိုက်လေသည်။
ချောင်ဖုန်းတို့သည် အစီအရင်ကို ဖြတ်လာပြီးတဲ့နောက် တံခါးပိတ်ထားသော ခန်းမကြီး တစ်ခုကို တွေ့လိုက်ရ၏။ ထိုအခါ ဟန်ဝမ်ယန်သည် ဆွေးနွေးဖို့ အတွက် တစ်ဂိုဏ်းလျှင် လူနှစ်ယောက်သာ ဝင်ခွင့်ရှိသည်ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းနဲ့ပက်သက်တဲ့ ကိစ္စဖြစ်သောကြောင့် ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲတွေကို နေခိုင်းခဲ့ပြီး ရွယ်ချင်းလက်ကို တွဲကာ အထဲသို့ ဝင်သွားခဲ့၏။ ချောင်ဖုန်းတို့ အထဲဝင်လာတဲ့အခါ လူအားလုံးသည် ထူးဆန်းသလို ကြည့်လိုက်ကြလေသည်။
ချောင်ဖုန်းတို့သည် ခုံတန်းအလျားအရှည်ကြီးနဲ့ ဆွေးနွေးရန် ထိုင်စောင့်နေသော လူများကို တွေ့လိုက်ရ၏။ ထို့နောက် အားလုံးရဲ့ရှေ့တွင် ဖန်သားဖြင့် ပြုလုပ်ထားသော ဂိုဏ်အမိန့်တံဆိပ်ပြားများ ရှိနေတာကို တွေ့လိုက်ရ၏။
ထိုအခါ ချောင်ဖုန်းတို့သည် ရေခဲသူတောင်စင်ဂိုဏ်းအမိန့် တံဆိပ်ရှိသော ထိုင်ခုံအလွတ်နှစ်ခုတွင် ထိုင်လိုက်ကြ၏။ ချောင်ဖုန်းတို့သည် ရေခဲသူတော်စင်ဂိုဏ်းက လူများသိသွားတဲ့အခါ အင်အားနည်းသော ဂိုဏ်းများမှ လူများသည် သေချာမကြည့်ရဲတော့ပေ။
ထိုချိန်မှာ ရွယ်ချင်းကို သိသော လူတွေသည် ရွယ်ချင်းဘေးမှ ချောင်ဖုန်းကို ကြည့်ကာ မကျေမနပ်များ ဖြစ်နေကြ၏။ထိုသူတွေက ရွယ်ချင်းကို စေ့စပ်ရန် လာခဲ့ကြသော အဖွဲ့ထဲမှ လူတစ်ချို့ပင် ဖြစ်၏။
ထိုချိန်မှာ လူတစ်ချို့သည် ချောင်ဖုန်းကို တွေ့တဲ့အခါ သူတို့ရဲ့ ထိုင်ခုံများမှ ထလိုက်ပြီး ချောင်ဖုန်းအနားကို သွားကာ ဒူးထောက်လိုက်ကြပြီး "ခေါင်းဆောင်ကို ကြိုဆိုပါတယ်......."ဟု ဂါဝါရပေးကာ နှုတ်ဆက်လိုက်သည်။
ဂိုဏ်းနှစ်ဂိုဏ်းမှ ချောင်ဖုန်းအား ခေါင်းဆောင်လို့ခေါ်ကာ ဂါဝါရပြုလိုက်တဲ့အတွက် အားလုံးသည် အံ့အားသင့်သွား၏။ထိုအပြင် ဂိုဏ်းနှစ်ဂိုဏ်းလုံးသည် အင်အားနည်းသော ဂိုဏ်းများမဟုတ်ဘဲ မဟာအင်ပါယာတိုင်းပြည်မှ အသစ်ထွက်ပေါ်လာသော အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်းနဲ့ ကျုံးအင်ပါယာမှ ပြိုင်စံရှားငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော လျူဂိုဏ်းပင် ဖြစ်သောကြောင့် အင်ပါယာတိုင်းပြည်များမှ ဂိုဏ်းအသီးသီးမှ လူများသည် တံတွေးများတီးမတက်ဖြစ်သွား၏။
ချောင်ဖုန်းသည် ရှဲ့ချမ်းနဲ့ လျူချောင်းစုန့်ကို ခေါင်းငြိမ့်ပြလိုက်တဲ့အခါ နှစ်ယောက်လုံးသည် ထသွားပြီး သူတို့ထိုင်ခုံများမှာ ပြန်ထိုင်လိုက်ကြသည်။ထို့နောက် ရှယုသည်လည်း "မင်္ဂလာပါသခင်လေး.....ရှယုတို့ ထပ်ဆုံကြပြန်ပြီနော် " ဟု ပြောကာ နှုတ်ဆက်လိုက်သည်။
ထိုအခါ ကုရှောင်သည်လည်း "သခင်လေး......အားရင် ကုရှောင်တို့ ဂိုဏ်းကို အလည်လာဖို့ဖိတ်ခေါ်ပါတယ်"ဟု ပြောလိုက်သည်။အင်ပါယာတိုင်းပြည် ၇ခုတွင် ကျုံးအင်ပါယာ နဲ့ မဟာအင်ပါယာတို့သည် အင်အားကြီးသော တိုင်းပြည်၃ခုထဲတွင် ပါဝင်၏။
လက်ရှိမှာ ထိုအင်အားကြီးသော အင်ပါယာတိုင်းပြည်နှစ်ခု၏ အင်အားကြီးမားသော ဂိုဏ်းများမှာ ချောင်ဖုန်းကို အရိုအသေပေး နေကြတဲ့အတွက် ကျန်သော အင်ပါယာတိုင်းပြည်ရှိ ဂိုဏ်းငယ်လေးများသည် ချောင်ဖုန်းကို အားကျကာ လေးစားသွားကြ၏။
ထိုအခါ ချောင်ဖုန်းကို မကျေမနပ်ဖြစ်နေသော လူများသည် သူတို့ဒေါသများကို တံတွေးနဲ့အတူ မျိုချလိုက်ရ၏။ ချောင်ဖုန်းသည် အစွမ်းအစရှိယုံတင်မကဘဲ အင်အားကြီးမားသော ဂိုဏ်းနောက်ခံများ ရှိနေခြင်းသည် သူတို့ရဲ့ ခြေဖျားလက်ဖျားများကို အေးစက်သွားစေသည်။
ထိုချိန်မှာပဲ ခန်းမတံခါးကြီး ပွင့်လာပြီး ဆံပင်ဖြူဖွေးစွတ်နေသော အဖိုးအို တစ်ယောက်ရောက်ရှိ၍ လာခဲ့၏။ထို့နောက် အဖိုးအိုသည် သူဟာ လျှပ်စီးမိုးကြိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် တစ်ယောက်ဖြစ်တဲ့အပြင် အစီအရင်ဆရာတစ်ယောက်ဖြစ်ကြောင်း ရှင်းပြလိုက်၏။
လျှပ်စီးမိုးကြိုးဂိုဏ်းချုပ် ဟိုင်ကျစ်ရှန်သည် ရှေးဟောင်းနတ်ဆိုးသားရဲမြို့တော်၏ အနီးအနားတွင် ရှိသော ငရဲဘုံကိုးထပ်မျှော်စင်တွင် နတ်ဘုရာစွမ်းအား အရှိန်အဝ်တစ်မျိုးသည် ပေါ်ထွက်လာခဲ့ကြောင်း အားလုံးကို ပြောပြလိုက်သည်။
ထိုကြောင့် ၎င်းစွမ်းအားသည် နတ်ဘုရားချန်ခဲ့သော စွမ်းအင်ဖြစ်နိုင်တာကြောင့် ထိုစွမ်းအင်ကို နတ်ဆိုးသားရဲတွေ မဖျက်စီးခင်မှာ ကြိုတင် ရယူနိုင်ဖို့ အားလုံးကို ဆွေးနွေးဖို့ ဖိတ်ကြားခြင်းဖြစ်ကြောင်း ပြောပြလိုက်၏။
ထိုအခါ ကျင့်စူးပေါင်ဟု ခေါ်သော လူတစ်ယောက်သည် "အကြီးအကဲကျစ်ရှန်........အဲ့ဒီငရဲဘုံကိုးထပ်မျှော်စင်မှာ နေတဲ့လူရှိတယ်မဟုတ်ဘူးလား....." ဟု မေးမြန်းလိုက်သည်။ဟိုင်ကျစ်ရှန်သည် "မင်းပြောတာ ဓားသွားတစ်ခြမ်းလူတစ်ခြမ်းဂိုဏ်းက ပုဂ္ဂိုလ်ကို ပြောတာထင်တယ်" ဟု ပြောလိုက်၏။
ကျင့်စူးပေါင်သည် ဟိုင်ကျစ်ရှန်ပြောတဲ့လူ မှန်သောကြောင့် ပြန်ခေါင်းငြိမ့်ပြလိုက်၏။ဓားသွားတစ်ခြမ်းလူတစ်ခြမ်းဂိုဏ်းမှ ပုဂ္ဂိုလ်သည် ဓာသွားတစ်ခြမ်းလူတစ်ခြမ်း၏ ဘိုးဘေးတစ်ယောက်ဖြစ်ပြီး မျှော်စင်ကို စောင့်ရှောက်ခဲ့တာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
ငရဲဘုံကိုးထပ်မျှော်စင်သည် ရှေးဟောင်းကျင့်စဥ်များအပြင် ရတနာများစွာရှိသော မျှော်စင်ကြီးပင် ဖြစ်၏။