chapter(155)
Vol. 11 Ch. 155
အသန့်စင်ဆုံးစနစ် (155)
အားလုံးသည် ငရဲဘုံကိုးထပ် မျှော်စင်တွင် ရတနာပေါင်းစုံရှိသောကြောင့် လိုချင်တပ်မက်မှုများ ဖြစ်ပေါ်သွားကြ၏။ငရဲဘုံကိုးထပ်မျှော်စင်တွင် အစီအရင်များစွာ ရှိပြီး ထိုအစီအရင်များသည် လူကို သေစေနိုင်အောင် ပြုလုပ်ထားသော အစီအရင်များစွာ ရှိကြောင်း ဟိုင်ကျစ်ရှန်သည် ရှင်းပြလိုက်သည်။
ထိုချိန်မှာ လူတစ်ယောက်သည် "အကြီးအကဲကျစ်ရှန်....... အဲ့တာဆို ငါတို့က ဘယ်လိုလုပ် အထဲကို ဝင်ရမှာလဲ "ဟု မေးလိုက်သည်။ထိုအခါ ဟိုင်ကျစ်ရှန်သည် "အားလုံးပဲ အဲ့ဒီအတွက် စိတ်မပူပါနဲ့ ၊ ငါရဲ့အရည်အချင်းနဲ့ဆို ငရဲဘုံကိုးထပ်မျှော်စင်ရဲ့ အခန်းတချို့ကို ဝင်လို့ရနိုင်မှာပါ ဒါပေမယ့် အန္တရာယ်ရှိလာရင်တော့ ငါ့ကို အားလုံးက ကာကွယ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် " ဟု ပြောလိုက်သည်။
ထိုအခါ အားလုံးသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဟိုင်ကျစ်ရှန်ပြောတာကို လက်ခံလိုက်ကြ၏။အာလုံးက သဘောတူသဖြင့် ဟိုင်ကျစ်ရှန်သည် အချိန်မဆွဲပဲ ဒီညအတွင်းပဲ သွားရောက်ဖို့ ပြောလိုက်သည်။
နာရီဝက်ကြာတဲ့နောက်မှာတော့ အင်အားကြီးမားသော တပ်ဖွဲ့ကြီးသည် ငရဲဘုံကိုးထပ်မျှော်စင်၏ အနီးအနားကို ရောက်ရှိလာကြ၏။ အားလုံးသည် လေထဲကပင် လှမ်းကြည့်ရင်း နတ်ဘုရား စွမ်းအားအရှိန်အဝါများ ထွက်နေသော ငရဲဘုံကိုးထပ်ကို မြင်တွေ့နေကြသည်။
ချောင်ဖုန်းသည် မကောင်းသော အငွေ့အသက်များ ခံစားနေရတဲ့အတွက် စိတ်ဝိညဥ်စွမ်းအားဖြင့် သူ့လူတွေ အားလုံးကို သတိပေးလိုက်၏။ ငရဲဘုံကိုးထပ်မျှော်စင်ရဲ့ ပထမဆုံးအထပ်၏ တံခါးရှေ့တွင် လူအယောက် နီးပါးသည် အုံခဲနေလေသည်။
ထိုချိန်မှာ ဟိုင်ကျစ်ရှန်သည် သူ့၏ သိုလှောင်ကွင်းလက်စွပ်ထဲမှ လခြမ်းပုံစံအစီအရင် ရတနာကို ထုတ်လိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ထိုအခါ ခရမ်းရောင်၊ အနီရောင် နဲ့ အဝါရောင် ဝိညဥ်ကျောက်တုံး ၃တုံးသည် လခြမ်းပုံစံအစီအရင်ရတနာထဲမှ ထွက်လာပြီး ပထမအထပ်တံခါးနံရံတွင် ကပ်သွားသည်။
ထိုဝိညဥ်တုံး၃ တုံးသည် တံခါးပေါ်သို့ ရောက်ရှိသွားတာနဲ့ အစိမ်းရောင် အကာအကွယ်အစီအရင် တစ်ခုသည် ထွက်ပေါ်လာခဲ့၏။ ထိုအခါ ဟိုင်ကျစ်ရှန်သည် ထပ်မံလှုပ်ရှားလိုက်တဲ့အခါ ဝိညဥ်ကျောက်တုံးသုံးခုလည် လည်ပတ်သွားပြီး မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာ၏။
ထိုမိုးကြိုးလျှပ်စီးများသည် တံခါးပေါ်တွင် ရှိနေသော အစိမ်းရောင်အကာအကွယ်ကို ဖျက်စီးလိုက်တဲ့အခါ ပထမအထပ် တံခါးသည် အလိုအလျောက်ပင် ပွင့်သွားလေသည်။
ထိုအခါ လူအများစုသည် ဟိုင်ကျစ်ရှန်အား ချီးကျုးကြလိုက်၏။ထို့နောက် အင်အားကြီးမားသော ဂိုဏ်းများသည် အရင်ဆုံး ပျံသန်းဝင်သွားခဲ့ကြသည်။ထို့နောက် အင်အားသေးသော ဂိုဏ်းများသည် အစဥ်လိုက် ဝင်လာကြလေသည်။
ငရဲဘုံကိုးထပ်၏ ပထမအထပ်မှာပဲ တန်ဖိုးရှိသော လက်နက်ရတနာပေါင်းများစွာနဲ့ ကျင့်စဥ်စာလိပ်များကို မြင်တွေ့လိုက်ရခြင်း ကြောင့် မျက်လုံးများမှာ တောက်ပသွားကြ၏။ သို့သော် ရတနာလက်နက်တိုင်းမှာ အစီအရင် များ ရှိနိုင်တာကြောင့် တစ်ယောက်မှ မယူရဲကြပေ။ရတနာပစ္စည်းများတွင် အမည်များကို ထည့်သွင်းထားတာကြောင့် အားလုံးသည် လိုက်လံဖတ်ရှု့နေခဲ့သည်။
ချောင်ဖုန်းသည် အရည်အသွေး ပြည့်မှီသည့် အစီအရင်စာရွက် အလွတ်များရှိသော သိုလှောင်ကွင်းလက်စွပ် ဖြစ်ကြောင်း ဖော်ပြထားသော အနီရောင်အစီအရင်စွမ်းအင်လုံး ကို လှမ်းလိုက်၏။ ထိုချိန်မှာ ဟိုင်ကျစ်ရှန်သည် စိုးရိမ်သွားပြီး မယူဖို့ ချောင်ဖုန်းအား လှမ်းအော်လိုက်လေသည်။ ချောင်ဖုန်းရဲ့ လက်သည် အစီအရင်စွမ်းအင်လုံးအနားသို့ ရောက်တဲ့အခါ ဟိုင်ကျစ်ရှန်သည် "သွားပြီ မကောင်းတာတစ်ခုခု ဖြစ်တော့မယ် "လို့ ရေရွတ်လိုက်သည်။
သို့သော် ချောင်ဖုန်းရဲ့ လက်သည် အနီရောင်အစီအရင်စွမ်းအင်လုံးနားသို့ရောက်တဲ့အခါမှာတော့ ဘာမှမဖြစ်သွားဘဲ သိုလှောင်လက်စွပ်ကွင်းကို အသာအယာပင် ယူလိုက်တာကြောင့် ဟိုင်ကျစ်ရှန်သည် ရူးခါသွားလေသည်။
ဟိုင်ကျစ်ရှန်သည် "မဖြစ်နိုင်တာ......သူကအစီအရင်အကြောင်းကို နားလည်နေတာလား....." ဟု တစ်ယောက်ထဲရေရွတ်လိုက်၏။ချောင်ဖုန်း အသုံးပြုလိုက်သော နည်းသည် အစီအရင်ကို မဖျက်စီးဘဲ အထဲမှ အရာကို ရအောင် ယူနိုင်သော နည်းလမ်းတစ်မျိုးပင် ဖြစ်သည်။
ချောင်ဖုန်းသည် အစီအရင်အဆောင် ဖန်တီးလို့ရတဲ့ စာရွက်များ ရှိမရှိ သေချာစစ်ဆေးလိုက်ပြီး သူ့သိုလှောင်ကွင်းထဲသို့ ထည့်လိုက်၏။ ထိုချိန်မှာ ချောင်ဖုန်းနားမှ လူတစ်ယောက်သည် အစီအရင်စွမ်းအင်လုံးထဲမှ ရတနာတစ်ခုကို ယူလိုက်ပြီး "မင်းတစ်ယောက်ထဲ အစီအရင်တက်တယ်ထင်နေတာလား....." ဟု ချောင်ဖုန်းကို ခနဲ့ပြောဆိုလိုက်သည်။
ချောင်ဖုန်းသည် "ဆောက်ရူး......"ဟု ပြောလိုက်ပြီး ရွယ်ချင်းနဲ့ အတူ တခြားရတနာများကို လိုက်လံကြည့်ရှုလိုက်၏။ ထိုအခါ ကျန်ခဲ့သော သူသည် "ကံကြမ္မာက ငါ့ကို မျက်နှာသာ ပေးခဲ့ရင်တော့ မင်းအသက်ကို ငါ မရရအောင် နှုတ်ယူပစ်မယ်" ဟု တီတိုးစွာ ရေရွတ်လိုက်သည်။
ဂိုဏ်းအသီးသီးတွင် အစီအရင်ဆရာများ ပါရှိတာကြောင့် ပထမအထပ်ရှိ ရတနာများနဲ့ ကျင့်စဥ်များသည် တဖြည်းဖြည်း နည်းပါးလာလေ၏။ ထိုချိန်မှာ ပထမထပ်၏ ကြီးမားသော အစီအရင်ဓာတ်လုံးအတွင်းတွင် ပျက်စီးနေသော မိန်းကလေး လက်အိတ် တစ်စုံကို တွေ့လိုက်ရကြသည်။
ထို ပန်းရောင်လက်အိတ်သည် ပျက်စီးနေတာတောင် သူ့ရဲ့ စွမ်းအားမှာ ရတနာလက်နက်များကိုတောင် ဖျက်စီးနိုင်သော ဒဏ္ဍာရီလက်အိတ်ဖြစ်တဲ့ ပယ်လယ်ကိုးဖြာ လက်အိတ်ပင် ဖြစ်၏။
ထိုအခါ အများစုသည် ထိုလက်အိတ်ကိုသာ ရရှိမယ်ဆိုရင် ချောမောလှပသော မိန်းကလေးတစ်ယောက်ကို အလွယ်တကူ ရယူနိုင်မယ်ဟု တွေးလိုက်ကြ၏။
အားလုံးရဲ့ မျက်လုံးများမှာ ထိုပန်းရောင်လက်အိတ်ကို ရောက်ရှိနေသောကြောင့် ဟိုင်ကျစ်ရှန်သည် စိတ်ပျက်တဲ့ပုံဖြင့် ခေါင်းရမ်းလိုက်ပြီး "အဲ့လက်အိတ်က ဒဏ္ဍာရီမှာရှိခဲ့တဲ့ မရဏကျွန်းနတ်သမီးရဲ့လက်နက်တစ်ခုပဲ " ဟု အားလုံးကို ပြောပြလိုက်သည်။
ထိုလက်အိတ်ကို အသုံးပြုထားသော အကာအကွယ်အစီအရင်မှာ မြွေနတ်ဆိုးဘုရင် အစီအရင်ဖြစ်သည်ဟု ပြောပြလိုက်သောအခါ လိုချင်နေသော လူများသည် နှလုံးရပ်မတန့်ပင် ခံစားလိုက်ရလေသည်။
မြွေနတ်ဆိုးဘုရင်အစီအရင်ကို ဖျက်စီးဖို့အတွက် ကျွမ်းကျင်သော အစီအရင်ပါမောက္ခဆရာတစ်ယောက် ဖြစ်နေရင်တောင် တစ်စုံတစ်ရာမှားယွင်းမယ်ဆိုရင် အသက်ပင် သေစေနိုင်တဲ့အတွက် အားလုံးသည် ပယ်လယ်ကိုးဖြာလက်အိတ်ကို ရယူဖို့ စိတ်ပျက်စွာ လက်လျော့လိုက်ကြသည်။
ရွယ်ချင်းသည် ထိုလက်အိတ်ကို ကြည့်နေသဖြင့် ချောင်ဖုန်းသည် အားလုံးရှေ့ကို ထွက်လာလိုက်ပြီး သူရဲ့ မှင်စုတ်တံကို ထုတ်ကာ လက်ချောင်းမှာ တစ်ချက်လှည့်ကစားလိုက်သည်။
ထိုအခါ အားလုံးသည် တီတိုးတီတိုးဖြင့် "ဒီကောင်က တော်တော်မောက်မာတာပဲ ၊ အစီအရင်ပါမောက္ခဆရာတွေတောင် မလှုပ်ရှားရဲတာကို သူ့က မြွေနတ်ဆိုးအစီအရင်ကို တကယ်ပဲ ဖျက်စီးပစ်နိုင်မယ်လို့ သူ့ကိုယ်သူ ထင်နေတာလား " ဟု ချောင်ဖုန်းကို ပြောဆိုနေကြလေသည်။
ချောင်ဖုန်းသည် မှင်စုတ်တံကို ဆော့ကစားပြီးတာနဲ့ လေဟာနယ်တွင် ရှုပ်ထွေးသော အစီအရင်စက်ဝိုင်း သုံးခုကို ရေးဆွဲလိုက်၏။ ထို့နောက် ချောင်ဖုန်းသည် မှင်စုတ်တံကို ပြန်သိမ်းလိုက်ပြီး လက်ချောင်းများကို တစ်ပြိုင်နက် လှုပ်ရှားလိုက်တာနဲ့
လေဟာနယ်တွင် ရှိနေသော အစီအရင်စက်ဝိုင်းသုံးခုသည် မြွေနတ်ဆိုးအစီအရင်ထဲသို့ ဝင်သွားကြသည်။
မြွေနတ်ဆိုးအစီအရင်ကြီးအမှန်တကယ်ပင် ပျောက်ကွယ်သွားတဲ့အခါ အားလုံးမှာ မျက်လုံးပြူးမျက်ဆံပြူးပင် ဖြစ်သွားကြ၏။
ချောင်ဖုန်းသည် မြွေနတ်ဆိုးအစီအရင်ကို အမှန်တကယ်ပင် ဖျက်စီးပစ်နိုင်မည်ဟု ဘယ်သူမှ မထင်ထားပေ။
ထိုချိန်မှာ ချောင်ဖုန်းကို ခနဲ့ ပြောဆိုလိုက်သော သူသည် ပေါက်ကွဲအစီအရင်အဆောင်ဖြင့် ချောင်ဖုန်းရှိသို့ ပစ်သွင်းလိုက်ပြီး"ဟားဟားဟား......ပင်လယ်ကိုးဖြာလက်အိတ်က ငါ့အတွက်ပဲ ဖြစ်ရမယ်" ဟုပြောကာ လက်အိတ်ရှိသို့ ပြေးဝင်သွားလေသည်။