chapter(157)
Vol. 12 Ch. 157
အသန့်စင်ဆုံးစနစ် စာစဥ်(12) အခန်း(157)
ရီချုံသည် ချောင်ဖုန်း၏ ကိုယ်ခန္ဓာနဲ့ ပေါင်းစပ်သွားပြီ ဖြစ်သောကြောင့် ချောင်ဖုန်းသည် ဘာမှမသိသလိုပင် နေခဲ၏။ ရှောင်လုံသည် ကုလားထိုင်တွင် အိပ်မောကျနေရာမှ ပျောက်သွားသဖြင့် အားလုံးမှာ ထူးဆန်းသလို ဖြစ်နေခဲ့သည်။
ငရဲဘုံကိုးထပ်မျှော်စင်၏ ဒုတိယအထပ်တွင် အစီအရင်များနဲ့ ပက်သက်သော စာအုပ်များသာရှိ၍ ဟိုင်ကျစ်ရှန်သည် တတိယအထပ်ကို ဖွင့်ဖို့ ကြိုးစားနေခဲ့သည်။ ချောင်ဖုန်းတို့သည် ဒုတိယအထပ်ကို ရောက်ရှိလာစဥ်ကတည်းက နတ်ဘုရားအရှိန်အဝါ စွမ်းအားနဲ့ နီးကပ်လာသလို ခံစားနေရ၏။
ဟိုင်ကျစ်ရှန်သည် တတိယအထပ် အစီအရင်တံခါးကို ဖွင့်နိုင်သွားတဲ့အခါ တံခါးပွင့်သွားတာနဲ့ တောက်ပနေသော ဝိညဥ်စွမ်းအင်လက်နက် အစုံအလင်ကို တွေ့လိုက်ရသည်။ သို့သော် ထိုဝိညဥ်စွမ်းအင်လက်နက်များကို မြွေနတ်ဆိုးဘုရင်အစီအရင် ဖြင့် ကာကွယ်ထားတဲ့အတွက် စိတ်ညစ်သွားကြ၏။
ထိုအခါ အားလုံးသည် လေးထပ်မြောက် အစီအရင် တံခါးကို ဖွင့်ပေးဖို့ ဟိုင်ကျစ်ရှန်အား တောင်းဆိုလိုက်ကြ၏။ ဟိုင်ကျစ်ရှန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး လေးထပ်မြောက် အစီအရင်တံခါးကို ဖွင့်ဖို့ စတင်ကြိုးစားလိုက်သည်။
လေးထပ်မြောက် အစီအရင် တံခါးမှာတော့ ဟိုင်ကျစ်ရှန်သည် ချွေးသီးချွေးပေါက်များ ကျကာ ဖွင့်ရခက်နေခဲ့၏။ သို့သော် အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ လေးထပ်မြောက် အစီအရင် တံခါးသည်လည်း ပွင့်သွားခဲ့သည်။
လေးထပ်မြောက် တံခါးပွင့်သွားတာနဲ့ အားလုံးသည် တရှိန်ထိုး ပြေးဝင်သွားကြ၏။ သို့သော် အထဲရောက်သွားတဲ့အခါ ရတနာများ မရှိဘဲ အရိုးစုများစွာနဲ့ အခေါင်းလောင်းများစွာကို တွေ့တဲ့အခါ အားလုံးသည် ရပ်တန့်သွားကြသည်။
ထိုချိန်မှာ အခေါင်းများစွာမှ အဖုံးများသည် ပွင့်သွားကြပြီး အထဲမှ အဆင့်ကိုးနတ်ဆိုးသားရဲများ ထွက်ပေါ်၍ လာပါတော့သည်။ထို့အပြင် လေဟာနယ်အက်ကွဲကြောင်းထဲက ဝတ်ရုံနီဂိုဏ်းမှ လူများ ထွက်ပေါ်လာခဲ့၏။
အားလုံးသည် တုန်လှုပ်ခြောက်ခြား ဖြစ်နေချိန်မှာ ဟိုင်ကျစ်ရှန်တို့ တစ်ဖွဲ့လုံးသည် အခေါင်းများနောက်ကို ခုန်သွားပြီး ရယ်ကာမောကာဖြင့် " ဟားဟားဟား......မင်းတို့အားလုံးရဲ့ သင်္ချိူင်းမြေက ဒီငရဲဘုံကိုးထပ်မျှော်စင်ပဲ ဖြစ်ရမယ် " ဟု ပြောလိုက်၏။
လျှပ်စီးမိုးကြိုးဂိုဏ်းသည် ဝတ်ရုံနီဂိုဏ်းနဲ့ ပူပေါင်း၍ သူတို့ကို လုပ်ကြံလိုက်မည်ဟု ဘယ်သူမှ ထင်မထားချေ။ ချောင်ဖုန်းသည် ရွယ်ချင်း ပင်လယ်ကိုးဖြာလက်အိတ်ကို သန့်စင်ဖို့ ပြောလိုက်သည်။
သို့သော် စနစ်မှ နဂိုလို ဘာအသံမှ မထွက်လာခြင်းအတွက် ချောင်ဖုန်းသည် အံ့အားသင့်သွားခဲ့သည်။ထိုချိန်မှာ "စနစ်ရှင်ရဲ့ သန့်စင်ခွင့် အကြိမ်များ အားလုံးကို နှုတ်ယူသွားပါပြီး ထိုအတွက် နတ်ဘုရားသန့်စင်ခြင်းစနစ်ကို စတင်၍ အသက်သွင်းနေပါပြီ" ဟု သော အသံကို ချောင်ဖုန်းကြားလိုက်ရ၏။
ချောင်ဖုန်းသည် နတ်ဘုရားသန့်စင်ခြင်းစနစ်ဆိုတာ ဘယ်လိုမျိုးမှန်း သိချင်သွားခဲ့သည်။ ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲများသည် ချောင်ဖုန်းနဲ့ ရွယ်ချင်း အနားကို ဘယ်သူမှ မကပ်နိုင်အောင် တိုက်ထုတ်နေခဲ့၏။
မိနစ်အနည်းငယ်ကြာတဲ့အခါ "ဂုဏ်ယူပါတယ်....... နတ်ဘုရားသန့်စင်ခြင်းစနစ်ကို စတင်၍ အသုံးပြုနိုင်ပါပြီ စတင်အသုံးပြုမယ်ဆို အသက်သွင်းဖို့ လိုအပ်ပါသည်" ဟု စနစ်မှ မိန်းကလေးတစ်ယောက်အသံ ထွက်ပေါ်လာခဲ့သည်။ နတ်ဘုရားသန့်စင်ခြင်း စနစ်သည် တစ်စုံတစ်ရာကို သန့်စင်ဖို့ အတွက် စနစ်မှ ပေးအပ်သော တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း စနစ်မှ ရှင်းပြလိုက်၏။
ချောင်ဖုန်းသည် မျက်လုံးမှိတ်လိုက်ပြီး " နတ်ဘုရားစနစ်သန့်စင်ခြင်းကို အသက်သွင်းမယ်" လို့ ရေရွတ်လိုက်တဲ့အခါ သူမြင်ကွင်းထဲရှိ လူများနဲ့ နတ်ဆိုးသားရဲများ၏ ကျင့်ကြံမှုအဆင့်များသည် သူတို့ရဲ့ ခေါင်းပေါ်တွင် အလိုအလျောက် ထွက်ပေါ်လာလေသည်။
ထိုချိန်မှာ "စနစ်ရှင်အား မုန်တီးသတ်ဖြတ်လိုသူများကို သတ်ဖြတ်ခြင်းဖြင့် အလိုအလျောက် သန့်စင်ခြင်းနဲ့ စနစ်မှ ထိုက်တန်သော ဆုကို ချီးမြှင့်မည် ဖြစ်သည်" ဟု ချိုသာစွာအသံလေးကို ချောင်ဖုန်းကြားလိုက်ရသည်။
နတ်ဆိုးသားရဲများနဲ့ ဝတ်ရုံနီဂုဏ်းမှ လူများ၏ သိုင်းကျင့်ကြံမှုအဆင့်ကို အနီရောင် စကားလုံးများဖြင့် ဖော်ပြထားတဲ့အတွက် ချောင်ဖုန်းသည် သူ့အား သတ်ဖြတ်လိုသူများကို ခွဲခြားသွားနိုင်ခဲ့သည်။
ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများ၏ တိုက်ခိုက်မှုဒဏ်ကြောင့် နာရီဝက်အတွင်းမှာပဲ ငရဲဘုံကိုးထပ်မျှော်စင်ရဲ့ လေးထပ်မြောက် အခန်းသည် ပျက်စီးသွားပြီး အားလုံးသည် မျှော်စင်အပြင်ကို ရောက်ရှိလာကြသည်။
ချောင်ဖုန်းသည် ရီဟန်ကို ထုတ်လိုက်ပြီး ရွယ်ချင်းကို စောင့်ရှောက်ခိုင်းလိုက်ပြီး ဝတ်ရုံနီဂိုဏ်းမှ လူများရှေ့သို့ ပျံသန်းသွားလိုက်၏။ ဝတ်ရုံနီ ဂိုဏ်းမှ လူများရဲ့ သိုင်းကျင့်ကြံမှုအဆင့်မှာ ဝိညဥ်နယ်ပယ်အစောပိုင်းအဆင့်သာ ရှိသေးသည်။
ဝတ်ရုံနီဂိုဏ်းမှ လူများသည် တိုက်ခိုက်စရာမလိုသေးသည့်အတွက် နတ်ဆိုးသားရဲများတိုက်ခိုက်နေသည်ကို လေပေါ်မှ ရပ်ကြည့်နေချိန်တွင် ချောင်ဖုန်းသည် သူတို့အဖွဲ့ရှေ့ကို လျှပ်တစ်ပြက် ရောက်ရှိလာတာကို တွေ့လိုက်ကြ၍ ထူးဆန်းစွာ ရယ်လိုက်ကြသည်။
အန်တျောင်ဟုခေါ်သော ဝတ်ရုံနီဂိုဏ်းမှ လူသည် "ဒီကောင်က လမ်းမှားပြီး ငါတို့ရှေ့ကို တည့်တည့်ရောက်လာတာပဲ ဟားဟားဟား " ရယ်မောရင်းမှ ရပ်တန့်လိုက်ပြီး ချောင်ဖုန်းလည်ပင်းကို ညှစ်ဖို့ လက်ဖြင့် လှမ်းဖမ်းလိုက်သည်။
သို့သော် အန်တျောင်သည် ချောင်ဖုန်းအနားကို မရောက်လိုက်ခင်မှာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ထိုအခါ ကျန်ရှိသော ငါးယောက်သည် တံတွေးများပင် မျိုချလိုက်ပြီး "မဖြစ်နိုင်တာ.........နတ်ဘုရားပလ္လင်အလင်းတန်းလား....."ဟု ပြောလိုက်သည်။
ထိုငါးယောက်လုံးသည် ပြောပြီးတာနဲ့ တစ်ပြိုင်နက် ထွက်ပြေးဖို့ ကြိုးစားလိုက်၏။ သို့သော် တစ်ဖွဲ့လုံးမှာ ခြေလှမ်းအနည်းငယ်အတွင်းပဲ ပေါက်ကွဲထွက်သွားပြီး ပြာမှုန့်များအဖြစ်ပြောင်းလဲသွား၏။
ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားငါးယောက်လုံးမှာ လေထဲမှာပင် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားတဲ့အခါ အားလုံးသည် ချောင်ဖုန်းကို လှမ်းကြည့်လိုက်ကြ၏။
ချောင်ဖုန်း၏ ရွှေဝါရောင်စက်ကွက်းနှစ်ကွင်း ထွက်ပေါ်နေတာကို တွေ့လိုက်ရတဲ့အခါ လူတွေသည် လုံးဝမယုံနိုင်ဖြစ်သွားကြသည်။ နတ်ဘုရားပလ္လင်အလင်တန်းစွမ်းအားသည် အနိူင်းမဲ့နယ်ပယ်အဆင့်ကျင့်ကြံသူတွေတောင် ရဖို့ခဲယှဥ်းသော စွမ်းအင်တစ်ခုပင်ဖြစ်၏။
ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲများသည် နတ်ဆိုးသားရဲများကို ရင်ဆိုင်နေချိန်မှာ လီဝမ်ရီသည် ရွယ်ချင်းအနားကို လျှပ်စီးအရှိန်နူန်းဖြင့် သွားလိုက်သည်။ သို့သော် လီဝမ်ရီသည် လမ်းခုလတ်မှာတင် ပေါက်ကွဲကာ သေဆုံးသွားလေသည်။
လီဝမ်ရီရဲ့ ခေါင်းပေါ်တွင် အနီရောင်စကားလုံးဖြင့် သိုင်းကျင့်ကြံမှုအဆင့်ကို ဖော်ပြထားတာကြောင့် ချောင်ဖုန်းသည် သတ်ပစ်လိုက်ခြင်းဖြစ်၏။ ထို့နောက် ချောင်ဖုန်းသည် နတ်ဘုရားပလ္လင်းအလင်းတန်းစွမ်းအင်ဖြင့် အဆင့်၈ အဆင့်၉ နတ်ဆိုသားရဲများ
အားလုံးကို သတ်ပစ်လိုက်လေသည်။
ထိုအခါ ငရဲဘုံကိုးထပ်မျှော်စင်၏ ဘေးပတ်ပတ်ရှိ နတ်ဆိုးသားရဲများသည် နတ်ဘုရားပလ္လင်အလင်းတန်းစွမ်းအင် အောက်မှာ
ပေါက်ကွဲကာ ပြာမှုန့်များဖြစ်ပြီး အားလုံးသေဆုံးသွားကြလေသည်။
ထိုချိန်မှာ မိုးကြိုးလျှပ်စီးဂိုဏ်းမှ ဟိုင်ကျစ်ရှန်သည် ချောင်ဖုန်းကို ဒူးထောက်၍ တောင်းပန်ပါတော့သည်။သို့သော် မိုးကြိုးလျှပ်စီးဂိုဏ်းတစ်ဖွဲ့လုံးမှာ ပေါက်ကွဲထွက်ကာ သေဆုံးသွားကြသည်။
တခြားဂိုဏ်းမှ လူများသည် ချောင်ဖုန်းရဲ့ သိုင်းကျင့်ကြံမှု အဆင့်သည် သူတို့တွေ အားလုံးထက်သာလွန်နေတဲ့အပြင် ခုလောက်ထိ ကြောက်စရာ ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
အားလုံးသည် ချောင်ဖုန်းကို ကြောက်လန့်နေကြပင်မယ့် ဝိညဥ်နတ်ဘုရားဂိုဏ်းမှ အကြီးအကဲများသည် လီဝမ်ရီရဲ့ သေဆုံးမှုအတွက် တရားမျှတမှု ပြန်လာယူမယ်လို့ ဒေါသထွက်စွာကြိမ်မောင်းလိုက်သည်။
ထို့နောက် ထိုအကြီးအကဲများသည် လေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပြေးဖို့ ကြံစဥ်လိုက်၏။ သို့သော် ချောင်ဖုန်းသည် အေးစက်သော လေသံဖြင့် "မင်းတို့ကို ဘယ်သူက အသက်ရှင်ခွင့်ပေးမယ်လို့ ပြောမိလိုက်လဲ"ဟု ပြောပြီး တစ်ဖွဲ့လုံးကို သတ်ပစ်လိုက်၏။
ဝိညဥ်နတ်ဘုရားဂိုဏ်းမှ အကြီးအကဲများသည် ပြန်ပြောချိန်တောင် မရလိုက်ဘဲ သေဆုံးသွားကြရသည်။
အားလုံးသေဆုံးသွားတဲ့အခါ "နတ်ဘုရားသန့်စင်ခြင်းစနစ်ရဲ့ တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ခြင်းကြောင့် စနစ်ရှင်အတွက် ပထမဆုအနေ သန့်စင်နတ်သမီးဝတ်စုံကို ချီးမြှင့်ပါမယ် " ဟု အသံလေး ထွက်ပေါ်လာလေသည်။
သန့်စင်နတ်သမီးဝတ်စုံ လို့ ကြားလိုက်တဲ့အခါ ချောင်းဖုန်းသည် မိန်းကလေးဝတ်စုံဖြစ်နေတဲ့အတွက် ဆွံ့အသွားလေသည်။ စနစ်မှ သူ့အား နောက်ပြောင်နေသလားဟု ချောင်ဖုန်းသည် တွေးလိုက်သည်။ ထို့နောက် စနစ်မှ "ဒုတိယဆုအနေနဲ့ စနစ်ရှင်အတွက် ချီကျင့်ကြံမှုစွမ်းအားကို ချီးမြှင့်မှာ ဖြစ်ပြီး တတိယဆုအနေနှင့် စနစ်ရှင်ရဲ့ သိုလှောင်ကွင်းထဲမှ အရာများအားလုံးကို နတ်ဘုရားသန့်စင်ခြင်း စနစ်ဖြင့် သန့်စင်ပြီးပါပြီ " ဟု သောအသံနဲ့အတူ ပျောက်ကွယ်သွားသည်။
ချောင်ဖုန်းရဲ့ သိုလှောင်ကွင်းထဲသို့ ရောက်ရှိလာသော သန့်စင်နတ်သမီးဝတ်စုံရဲ့ စွမ်းအားအရင်းမြစ်ကို ချက်ချင်းပင် ရှာဖွေစစ်ဆေးကြည့်လိုက်၏။ သန့်စင်နတ်သမီးဝတ်စုံသည် မိန်းကလေးဝတ်စုံတစ်ခုဖြစ်ပြီး ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်မှုဒဏ်ကို သုံးကြိမ်တိုင်အောင် ကာကွယ်နိုင်တဲ့ စွမ်းအားမျိုးရှိတာကို ချောင်ဖုန်းသည် သိရှိသွားခဲ့၏။
ထို့နောက် အသစ်အတိုင်းပင် တောက်ပနေသော ပင်လယ်ကိုးဖြာလက်အိတ်နဲ့အတူ မူလထက် စွမ်းအင်အား ပိုကောင်းလာသည့် ရတနာလက်နက်များကို တွေ့လိုက်ရတဲ့အခါ ချောင်ဖုန်းသည် ဝမ်းသာသွားခဲ့၏။
ထို့နောက် ချောင်ဖုန်းသည် သူ့စွမ်းအားအရှိန်အဝါများကို ရုတ်သိမ်းလိုက်ပြီး ငရဲဘုံကိုးထပ်မျှော်စင်မှ ထပ်နေဖို့ မသင့်တော်တဲ့အတွက် အားလုံးနဲ့အတူ ပျံသန်း၍ ထွက်ခွာလာပါတော့သည်။