chapter(158)
Vol. 12 Ch. 158
အသန့်စင်ဆုံးစနစ် အခန်း(158)
ချောင်ဖုန်းတို့သည် ငရဲဘုံကိုးထပ်မျှော်စင်ရဲ့ အဝေးတစ်နေရာကို ရောက်ရှိလာခဲ့၏။ ထိုချိန်မှ စနစ်ရဲ့အသံကို ချောင်ဖုန်းကြားလိုက်ရသည်။ "နတ်ဘုရားသန့်စင်ခြင်းစနစ် စတင်အသက်ဝင်ပါပြီ ၊ ဆုရရှိရန်အတွက် စတင်လှုပ်ရှားပါ"
စနစ်မှ ရုတ်တရက် အသိပေး အသံထွက်ပေါ်လာတဲ့အတွက် ချောင်ဖုန်း ကြောင်အသွားကာ ရေရွတ်လိုက်သည်။ "ဘယ်လိုဖြစ်ပြီး နတ်ဘုရားသန့်စင်ခြင်းစနစ်က အသက်ပြန်ဝင်လာတာလဲ "
ချောင်ဖုန်းသည် နောက်နဲ့ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပင်မယ့် အားလုံးရဲ့ကျင့်ကြံမှုအဆင့်မှာ အစိမ်းရောင်စကားလုံးများဖြင့် ဖော်ပြထားသည်။စနစ်က တစ်စုံတစ်ရာချို့ယွင်းသွားတာလား ဟု ထင်လိုက်လေသည်။
ထိုချိန်မှ ချောင်ဖုန်းတို့ ရှေ့ကို ဝတ်ရုံနီဂိုဏ်းမှ လူမှ ထပ်မံရောက်ရှိလာခဲ့၏။ ထိုအဖွဲ့ထဲမှ လူတစ်ယောက်သည် ဝိညဥ်နယ်ပယ်အထွဋ်အထိပ်အဆင့် စွမ်းအား အရှိန်အဝါကို ထုတ်လွှင့်လိုက်လေသည်။ထို့နောက် လက်ခုပ်တီးရင်း ပြောလိုက်သည်။
"မင်းတို့လို ပုရွက်ဆိတ်လေးတွေက......ငါ့လက်အောက်ကနေ လွတ်မြောက်မယ်ထင်နေတာလား....."
ဝတ်ရုံနီဂိုဏ်းသည် ဝိညဥ်နယ်ပယ်အထွဋ်အထိပ်အဆင့်တိုက်ခိုက်ရေးသမားတစ်ယောက်ကိုတောင် စေခိုင်းလိုက်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ချေ။ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲများသည် ချောင်ဖုန်းနဲ့ ရွယ်ချင်းရှေ့ကို ရောက်လာကြပြီး "သခင်ငယ်.......ကျေးဇူးပြုပြီး ရေခဲသူတော်စင်နတ်သမီးကို ဒီနေရာက ခေါ်ထုတ်သွားပေးပါ " ဟု ပြောလိုက်၏။
ထိုအခါ ချောင်ဖုန်းသည် စနစ်မှ ဆုရရှိမည် ဖြစ်သောကြောင့် "ဒီလောက်တော့ ကျွန်တော်ဖြေရှင်းနိုင်ပါသေးတယ် " လို့ပြောကာ ရီချုံအား တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။ချောင်ဖုန်းတို့ ရှေ့တွင် ရှိနေသော ဝတ်ရုံနီဂိုဏ်းမှ လူများသည် မကြာသေးခင်ကမှ အဆင့်တက်ထားသော သူများ ဖြစ်သောကြောင့် တိုက်ခိုက်မှု စွမ်းအားမှာ ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့် စွမ်းအားပင်ရှိ၏။
ရီချုံသည် ချောင်ဖုန်းခန္ဓာကိုယ်အတွင်းမှ ငှက်ပေါက်စလေးအသွင်ဖြင့် ထွက်လာပြီး လျင်မြန်သောအရှိန်နှုန်းဖြင့် ဝတ်ရုံနီဂိုဏ်းမှ လူများအားလုံးကို တိုက်ခိုက်လေသည်။
စက္ကန့်ပိုင်းအတွင်းတွင် ဝတ်ရုံနီဂိုဏ်းမှ လူများသည် ငှက်ပေါက်စလေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဟု ဘယ်သူမှ မထင်ထားကြပေ။ ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲများသည် တံတွေးပင် မျိုချလိုက်ပြီး "ကြည့်ရတာ သခင်ငယ်ရဲ့ စွမ်းအားထက် သူရဲ့စီးနင်းဖော် သားရဲက ပိုကြောက်ဖို့ ကောင်းတာပဲ" လို့ တီတိုးပြောဆိုနေလေ၏။
ဝတ်ရုံနီဂိုဏ်းမှ လူများသေဆုံးသွားတဲ့အခါ စနစ်မှ "နတ်ဘုရားသန့်စင်ခြင်းစနစ်၏ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခြင်းအတွက် စကြာဝဋ္ဌာအစီအရင် မှော်ရတနာအား ဆုချီးမြှင့်ပါမည် "ဟု အသံလေး ထွက်ပေါ်လာလေသည်။
ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းလက်စွပ်ကို စစ်ဆေးကြည့်ကာ ပြုံး၍ နေလေသည်။ထိုချိန်မှာ ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း.......ရွယ်ချင်းတို့ ဒီနေရာကနေ အမြန်ထွက်ခွာရအောင်" ဟု စိုးရိမ်နေသည့်ပုံဖြင့် ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းတို့သည် ဧရာမလိပ်ပျံကြီးဖြင့် ရေခဲသူတော်စင်ဂိုဏ်းကို လျင်မြန်စွာ ပျံသန်းလာခဲ့ကြသည်။လမ်းတစ်လမ်းလုံးတွင် ရေခဲသူတော်စင်ဂိုဏ်းမှ လူများသည် ချောင်ဖုန်းအကြောင်းကို တီတိုးပြောဆိုနေခဲ့ကြ၏။
ရေခဲသူတော်စင်ဂိုဏ်းကို ရောက်တဲ့အခါ ခမ်းနားထည်ဝါသော ပွဲခန်းမကြီး ပြင်ဆင်ထားတဲ့အတွက် ချောင်ဖုန်းနဲ့ရွယ်ချင်းသည် အံ့အားသင့်သွား၏။ ချောင်ဖုန်းနဲ့ရွယ်ချင်းတို့သည် ဧရာမလိပ်သားကြီးပေါ်မှ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
လွင်ကုံသွေသည် ရေခဲသူတော်စင် ဂိုဏ်းပြင်သို့ ထွက်လာပြီး ချောင်ဖုန်းတို့ မြေပြင်ဆင်းသက်လာတာနဲ့ ကြိုဆိုလိုက်သည်။ရွယ်ချင်းသည် အံ့အားသင့်နေသည့်ပုံဖြင့် "အဖေ......ဒါတွေက ဘာတွေလဲ" ဟု မေးလိုက်သည်။
ထိုအခါ လွင်ကုံသွေသည် သူပြောထားတဲ့ဂတိအတိုင်း ချောင်ဖုန်းနဲ့ရွယ်ချင်းကို စေ့စပ်ပေးမယ့်ကိစ္စကို အကောင်အထည် ဖော်ပေးဖို့ပင် ဖြစ်ကြောင်း ပြောလိုက်သည်။ ချောင်ဖုန်းတို့ ထွက်သွားပြီးတဲ့နောက် ရေခဲသူတော်စင်မြတ်နန်းတော်ရဲ့ တာဝန်ရှိ အကြီးအကဲသည် လွင်ကုံသွေထံသို့ ရောက်ရှိလာခဲ့၏။
ထိုအကြီးအကဲ၏ စကားကြောင့် လွင်ကုံသွေသည် အတိုင်းမသိဝမ်းသာသွားခဲ့၏။ သူရဲ့သမီးနဲ့သမက်သည် ရေခဲသူတော်စင်မြတ်နန်းတော်၏ ခေါင်းဆောင်ရာထူးကို ရာထူးကို အမှန်တကယ် ရရှိလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
ချောင်ဖုန်းသည် သူရဲ့ စေ့စပ်ထိမ်းမြားရမည့်အချိန်မှာ သူရဲ့မိဘများကို ပြန်ခေါ်ဖို့ တွေးလိုက်၏။ ထိုချိန်မှာ ဆုမို ၊ လုပင်းနဲ့ လုယွဲ့တို့သည် ရေခဲသူတော်စင်ဂိုဏ်းအတွင်းမှ ထွက်လာလေသည်။
ချောင်ဖုန်းသည် ဝမ်းသာအားရဖြင့် သူမိဘနှစ်ယောက်ကို ပြေးဖက်လိုက်လေသည်။ရွယ်ချင်းသည် မျက်ရည်လေးများဝဲကာ သူ့မွေးစားအမေဖြစ်သော လုယွဲ့ကို ပြေးဖက်လိုက်သည်။
လုပင်းသည် လက်နှစ်ဖက်ဆုပ်ကာ လွင်ကုံသွေအား ကျေးဇူးတင်လိုက်၏။ လွင်ကုံသွေသည် ပြုံးစိစိဖြင့် သူ့အားကျေးဇူးတင်ဖို့ မလိုတဲ့အကြောင်း ပြောပြလိုက်သည်။ ချောင်ဖုန်းသည် လုပင်းတို့ရဲ့ မျက်နှာများမှာ မကောင်းသဖြင့် တစ်ခုခုမူမမှန်တာကို သိရှိလိုက်၏။
ချောင်ဖုန်းသည် ဝေ့ဝိုက်မနေဘဲ အားလုံးရဲ့ ရှေ့တွင် လုပင်းအားမေးမြန်လိုက်သည်။ ထိုအခါ လုပင်းသည် အားလုံးကို တချက်ကြည့်လိုက်ပြီး အထဲရောက်မှ အေးဆေးပြောပြမယ် လို့ ပြောလိုက်သည်။
စေ့စပ်ထိမ်းမြားပွဲသည် မနက်ဖြန်မှ ကျင်းပမည် ဖြစ်သည့်အတွက် ရေခဲသူတော်စင်ဂိုဏ်းတွင် ရေခဲသူတော်စင်ဂိုဏ်းသားများသည် ဂိုဏ်းတစ်ခုလုံးအား အနီရောင်ခန်းဝင် ပစ္စည်းများဖြင့် ဝေဝေဆာဆာ ပြင်ဆင်နေကြ၏ ။
ချောင်ဖုန်းတို့ ဂိုဏ်းထဲကို ဝင်လာတာနဲ့ ပြင်ဆင်နေသော ဂိုဏ်းသားများမှာ လုပ်နေတာများကို ရပ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုကြလေသည်။ချောင်ဖုန်းသည် အားလုံးကို ပြုံးပြပြီး အထဲသို့ ဝင်လာခဲ့၏ ။
ရေခဲသူတော်စင်ဂိုဏ်း၏ အခန်းတစ်ခန်းထဲတွင် ချောင်ဖုန်းတို့ အားလုံးသည် ကိုယ်စီထိုင်ခုံများဖြင့် ထိုင်နေလေသည်။လွင်ကုံသွေကတော့ စီစဥ်စရာ ရှိတဲ့အတွက် ချောင်ဖုန်းတို့နဲ့အတူ ရှိမနေခဲ့ပေ။
ချောင်ဖုန်းသည် သူ့အဖေအား နောက်ထပ်တစ်ကြိမ် မေးမြန်းလိုက်၏။ လုပင်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ အားလုံးကို ရှင်းပြပါတော့သည်။ ဝူတိုင်းပြည်၏ ဧကရာဇ်ဘုရင်သစ်သည် သူ့ခမည်းတော် သေဆုံးသွားခြင်းတဲ့အတွက် ထီးနန်းကို ဆက်ခံယူခဲ့၏။
သို့သော် ဝူတိုင်းပြည်အတွင်းရှိ အင်အားကြီးသော ဂိုဏ်းများမှာ ထိုဘုရင်သစ်ကို မထောက်ခံကြပေ။ ယန်အစီအရင်ဂိုဏ်း ၊ မသေမျိူနတ်သမီးဂိုဏ်းနဲ့ တခြား အင်အားကြီးသော ဂိုဏ်းများစွာလဲ ပါဝင်နေခဲ့သည်။တရက်မှာ ဝူဘုရင်သစ်သည် ဂိုဏ်းအားလုံးနဲ့ ဆွေးနွေးဖို့ နန်းတော်ကို ဖိတ်ခေါ်ခဲ့သည်။
အင်အားကြီးသော ဂိုဏ်းများသည် လုံးဝ မထင်မှတ်ထားတာကို ဝူနန်းတော်တွင် ကြုံတွေ့လိုက်ရ၏။ အဲ့တာကတော့ ဝူဘုရင်သစ်ရဲ့ နောက်ခံတွင် ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူ များပင် ရှိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းအားလုံးသည် ဝူဘုရင်သစ်အား ရန်မမူလိုတဲ့အတွက် အလိုက်သင့်နေထိုင်ခဲ့ကြ၏။ ဒါပေမယ့် ဝူဘုရင်သစ်သည် သူ့အမိန့်နာမခံသည့် ဂိုဏ်းများကို စတင်၍ တိတ်တဆိတ် လှုပ်ရှားကာ သတ်ဖြတ်ပါတော့သည်။
ထို့အပြင် ဝူဘုရင်သစ်သည် ယန်အစီအရင်ဂိုဏ်းနဲ့မသေမျိူးနတ်သမီး ဂိုဏ်းကို မလှုပ်ရှားနိုင်အောင် ဖိအားပေး တိုက်ခိုက်နေခဲ့သည်။ အချိန်တွေ အတော်အတန် ကြာပြီးနောက် ဝူတိုင်းပြည်အတွင်းရှိ အင်အားကြီးသော ဂိုဏ်းများမှာ ငြိမ်သက်သွားခဲ့၏။
ထိုအချိန်သို့ ရောက်လာတဲ့အခါ ဝူနန်းတော်ရှိ နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည် ရီအိမ်တော်ကို ဦးတည်၍ တိုက်ခိုက်လာခဲ့သည်။သို့သော သူတို့အားလုံးသည် အကာအကွယ်အစီအရင်အား ဖျက်ဆီးရန် ရက်အတော်ကြာ ကြိုးစားလိုက်ရသည်။
ထိုအချိန်မှာ ရေခဲသူတော်စင်ဂိုဏ်း၏ ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူများရောက်ရှိလာခဲ့သဖြင့် ရီအိမ်တော်ရှိလူများရဲ့အသက်ဘေး
သည် လွတ်မြောက် ခဲ့ရသည်။လွင်ကုံသွေနဲ့ ချောင်ဖုန်းနဲ့ရွယ်ချင်းကို တရားဝင်စေ့စပ်ထိမ်းမြားပေးချင်တဲ့အတွက် ချောင်ဖုန်း၏ မိဘများကို ခေါ်ဆောင်စေလွှတ်ခဲ့၏။
ရီအိမ်တော်၏ မျိူးနွယ်စုများသည်လည်း ရေခဲသူတော်စင်ဂိုဏ်းရဲ့
အကာအကွယ်ဖြင့် ရီအိမ်တော်မှာ ကျန်ရစ်ခဲ့ကြောင်း ပြောပြလိုက်သည်။လက်ရှိမှာတော့ ဝူနန်းတော်မှာ ထပ်လှုပ်ရှားခြင်း မရှိသေးပေ။
ချောင်ဖုန်းသည် လက်သီးဆုပ်လိုက်ပြီး "ငါမိသားစုကို ထိခိုက်အောင်ကြိုးစားခဲ့တဲ့အတွက်.......မင်းတို့အားလုံး တန်ရာတန်ကြေးပေးဆပ်ရမည် " ဟု ကြိမ်ဝါးလိုက်၏။ လုပင်းသည် ရန်သူရဲ့ အင်အားကို သေချာမစုံစမ်းရသေးဘဲ မတိုက်ခိုက်ဖို့ သတိပေးလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ကို စိတ်မပူဖို့ ပြောလိုက်၏။ ဆုမိုကတော့ သူ့သားအတွက် ဂုဏ်ယူ၍ မဆုံးဖြစ်နေလေသည်။ရွယ်ချင်းရဲ့ နောက်ခံအင်အားသည် ကြောက်စရာကောင်းမှန်း သိသွားတဲ့အခါ ချောင်ဖုန်းနဲ့ မဖြစ်နိုင်တော့ဘူးဟု တွေးနေခဲ့သည်။
ရွယ်ချင်း၏ အဖေအရင်းဖြစ်သော လွင်ကုံသွေကိုယ်တိုင်သည် ကလေးတွေဖို့ စေ့စပ်ထိမ်းမြှားပေးဖို့အတွက် ရေခဲသူတော်စင်ဂိုဏ်းကို လာဖို့ ဖိတ်ကြားတဲ့အခါ ဆုမိုသည် ချောင်ဖုန်းအတွက်
စိတ်ချမ်းသာသွားသည်။