Chapter(159)
Vol. 12 Ch. 159
အသန့်စင်ဆုံးစနစ် အခန်း(159)
ချောင်ဖုန်းတို့သည် တစ်ညလုံး မအိပ်ဘဲ ရယ်ရယ်မောမော စကားများ ပြောနေခဲ့ကြ၏။ ရွယ်ချင်းကတော့ ချောင်ဖုန်းအား ရှက်၍ အကြည့်ချင်းဆုံတိုင်း ပါးလေးမှာ နီရဲတက်လာခဲ့ပြီး လုယွဲ့တို့ စနောက်မှုကြောင့် မနေတက်မထိုင်တက် ဖြစ်နေလေသည်။
တစ်ရက်ကုန်ဆုံးသွားပြီးနောက် နေထွက်ခန်းနီး အချိန်မှာတော့ အခန်းတစ်ခန်းထဲတွင် လိပ်ပြာဖဲကြိုးလေးများပါသည့် အနီရောင်ဂါဝန်လေးအား ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက်သည် ပန်းရောင်နှုတ်ခမ်းနီစာရွက်လေးကို သူနှုတ်ခမ်းလေးဖြင့် ဖိချလိုက်၏။
ထို့နောက် ထိုင်ခုံမှ ထလိုက်၍ သူ့ခန္ဓာကိုယ်အား လှည့်ပတ်လိုက်ပြီး မှန်ထဲတွင် သူ့ခန္ဓာကိုယ်အား ကြည့်ရှုနေလေသည်။ထိုချိန်မှာ နောက်ကနေ လူတစ်ယောက်ရောက် ရှိလာ၏။ ထို့နောက် မိန်းမပျိုလေး၏ ခါးအား ဖတ်ထားလိုက်ပြီး "ကိုယ်ရဲ့မိန်းကလေးက ဘယ်လိုနေနေ လှနေပြီးသားပါ" ဟု ပြောလိုက်သည်။
ထိုအခါ ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း......တစ်ယောက်ယောက်ဝင်လာရင် ဘယ်လိုလုပ်မလဲ "ဟု ပြောလိုက်ရင်း သူ့အားဖက်ထားသော လက်နှစ်အား ဖြုတ်ချနေခဲ့၏။ ထိုအခါ ချောင်ဖုန်းသည် ရွယ်ချင်းကို သူဖက်သို့ ဆွဲလှည့်လိုက်လိုက်၍ ပန်းရောင်နှုတ်ခမ်းလေးအား အနမ်းခြွေလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် "ကိုယ်မင်းကို စောင့်နေမယ်နော် " လို့ ပြောကာ အပြင်သို့ ထွက်သွား၏။ ရွယ်ချင်းကတော့ သူနှုတ်ခမ်းလေးကို လက်ညိုးနဲ့ကိုင်လိုက်၍ မှန်ကိုကြည့်ရင်း ပြုံးစိစိဖြစ်ကာ အခန်းထဲမှာ ကျန်ခဲ့လေသည်။
ချောင်ဖုန်းနဲ့ရွယ်ချင်းရဲ့ စေ့စပ်ထိမ်းမြှားပွဲတွင် ဂိုဏ်းအသီးသီးမှ
လူများစွာသည် လာရောက်ကာ လွင်ကုံသွေအား ဂုဏ်ပြုနေကြ၏။
အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ ရွယ်ချင်းသည် ပန်းရောင်ဝတ်စုံလေးဖြင့် ထွက်လာပါတော့သည်။
ရွယ်ချင်းသည် ခုလောက်ထိ လူအုပ်ကြီးထဲ မရောက်ဖူးသဖြင့် တုန်လှုပ်နေခဲ့၏။ ထိုချိန်မှာ ချောင်ဖုန်းသည် သူ့နားရောက်ရှိလာပြီး လက်လှမ်းပေးလိုက်သည်။ ရွယ်ချင်းသည် ချောင်ဖုန်းအား ပြုံးပြလိုက်ပြီး လက်ချင်းချိတ်ကာ နှင်းဆီးပန်းရောင်စုံ ခင်ထားသောအနီရောင် ပိတ်စခင်းကြီး ပေါ်သို့ နှစ်ယောက်သား လျှောက်လှမ်းလာခဲ့၏။
ဘေးမှ ကြည့်နေသော လူများသည် ချောင်ဖုန်းတို့ အတွဲအား အားကျကာ မနေနိုင်မထိုင်နိုင် ဖြစ်နေကြသည်။ချောင်ဖုန်းတို့သည် မိဘများရှေ့ကို ရောက်တဲ့အခါ အကြီးအကဲတစ်ယောက်သည် ဂါဝါရပြုဖို့ ကြောညာလိုက်သည်။
အားလုံးကို ဂါဝရပြုပြီးနောက် ချောင်ဖုန်းနဲ့ရွယ်ချင်းသည် အချင်းချင်းအကြည့်စိုက်ကာ ပျော်ရွင်နေခဲ့၏။ ရွယ်ချင်းရဲ့စိတ်ထဲတွင် ချောင်ဖုန်းရဲ့အနားမှာ တစ်သက်လုံး ရှိနေဖို့ တွေးနေလေသည်။
အားလုံးရဲ့ ရှေ့တွင် ချောင်းဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲမှာ ရတနာပစ္စည်း နှစ်ခုကို ထုတ်လိုက်ပြီး ရွယ်ချင်းအား လက်ဆောင်ပေးလိုက်၏။ ထိုလက်ဆောင်နှစ်ခုကို မြင်တဲ့အခါ အားလုံးရဲ့မျက်လုံးတွေသည် မျက်တောင်မခတ်တော့ဘဲ အံ့အားသင့်စွာဖြင့် ကြည့်နေလေသည်။
ရွယ်ချင်းကတော့ ချောင်ဖုန်းပေးလိုက်တဲ့ လက်ဆောင်နှစ်ခုကြောင့် ပျော်ရွင်၍ သွားလေ၏။ ထိုရတနာပစ္စည်း နှစ်ခုကတော့ ပင်လယ်ကိုးဖြာလက်အိတ် နဲ့ သန့်စင်နတ်သမီးဝတ်စုံ ပင် ဖြစ်နေသောကြောင့် ဖြစ်သည်။
ရွယ်ချင်းသည် သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းလိုက်ပြီး ချောင်ဖုန်းရဲ့ ပါးလေးကို နမ်းလိုက်၏။ ထိုမြင်ကွင်းကို မြင်နေရသော လူများသည် အူတွေအသဲတွေယားကာ အရည်ပျော်မတက် ဖြစ်နေကြလေသည်။
ထို့နောက် ဂိုဏ်းအသီးသီးရှိ လူများသည် ရတနာသေတ္တာများဖြင့် ချောင်ဖုန်းတို့အား လာရောက်ဂုဏ်ပြုကြ၏။ ညမိုးချုပ်တဲ့အချိန်ထိ လူများစွာရှိ ရောက်ရှိနေကြတုန်းပင် ဖြစ်သည်။တစ်ရက်ကြာပြီးနောက် ချောင်ဖုန်းသည် ဝူတိုင်းပြည်ကို တန်းထွက်ခွာဖို့ အားလုံးကို နှုတ်ဆက်နေခဲ့သည်။
ရွယ်ချင်းသည် လိုက်ချင်သော်လည်း ချောင်ဖုန်းက ခွင့်မပြုချေ။ လွင်ကုံသွေသည် သူ့လူများထည့်ပေးလိုက်ဖို့ ပြောသော်လည်း ချောင်ဖုန်းသည် ငြင်းဆန်ခဲ့၏။ သို့သော် ချောင်ဖုန်း ထွက်ခွာသွားတဲ့နောက်မှာတော့ လွင်ကုံသွေသည် သူ့လူများကို ချောင်ဖုန်းကို တိတ်တဆိတ်ကာကွယ်ဖို့ စေလွှတ်လိုက်သည်။
ချောင်ဖုန်းသည် အနက်ရောင်အပေါ်ထပ်ဝတ်ရုံကို ဝတ်ဆင်ကာ ရီဟန်နဲ့အတူ လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်သွားလိုက်သည်။ထိုချိန်မှာ ရန်ယိုသည် "ဟီးဟီးဟီး......နောက်ဆုံးတော့ ရန်ယိုလဲ သခင်နဲ့အကိုမုန့်ယိုကို ကာကွယ်ဖို့ စွမ်းအင်မျိူးရှိလာပြီ" ဟု တစ်ယောက်ထဲ ရယ်မောကာ ပြောဆိုနေခဲ့၏။
ချောင်ဖုန်းသည် အချိန်အနည်းငယ်အတွင်းမှာပဲ လေဟာနယ်အက်ကွဲကြောင်းထဲမှ ဝူတိုင်းပြည်သို့ ရောက်ရှိလာခဲ့သည်။ပထမဦးဆုံးအနေနဲ့ ရီအိမ်တော်ကို ဦးစွာသွားကြည့်လိုက်၏။ရီအိမ်တော်တွင် ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲများ ကာကွယ်ပေးနေသဖြင့် ချောင်ဖုန်းသည် လေဟာနယ် အက်ကွဲကြောင်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ရီအိမ်တော်အတွင်းရှိ ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် ရေနွေးကြမ်း မော့သောက်နေရင်း ရပ်တန့်လိုက်လေ၏။ ထိုနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး "ဘာလို့..........ငါစိတ်ထဲမှာ တစ်စုံတစ်ယောက်က ငါ့တို့ချောင်းကြည့်နေသလို ခံစားနေရတာလဲ ၊ ဘာပဲဖြစ်ဖြစ် ငါအားလုံးကို သတိပေးထားရမယ် " ဟု ပြောကာ ထိုင်နေရာမှ ထသွားလေသည်။
ယန်အစီအရင်ဂိုဏ်းတွင် ဂိုဏ်းသားများ အားလုံးသည် တိုက်ခိုက်ရန်အပြင်းအထန် လေ့ကျင့်နေခဲ့၏။ အကြီးအကဲများသည် အဆင့်တက်ဖို့အတွက် ဂူအောင်းဖို့ ကျင့်ကြံနေကြသည်။ချောင်ဖုန်းသည် လေဟာနယ်အက်ကွဲကြောင်းမှ တဆင့် ယန်အစီအရင်ဂိုဏ်း၏ အစီအရင်အပြင်ဘက်ကို ရောက်ရှိလာခဲ့သည်။
ချောင်ဖုန်းသည် အစီအရင်ကို ကြည့်ကာ ပြုံးလိုက်ပြီး သူဆုရရှိထားသော စကြာဝဋ္ဌာအစီအရင်ရတနာကို ထုတ်လိုက်၏။ စကြာဝဋ္ဌာ အစီအရင်သည် သူ့မှာရှိသော ယန်အစီအရင်ရတနာကို ကျော်လွန်မှာ ကျိန်းသေနေလေသည်။
ချောင်ဖုန်းသည် စကြာဝဋ္ဌာ အစီအရင်ကို ထုတ်ပြီး သူ့သွေးဖြင့် အသက်သွင်းချိတ်ဆက်လိုက်၏။ ထို့နောက် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ စကြာဝဋ္ဌာ အစီအရင် ရတနာအတွင်းမှ အရောင်စုံလင်လှသော နေကြာပန်းပုံဏ္ဍာန် ကဲ့သို့ အရာများစွာ ထွက်လာခဲ့သည်။
ထို့နောက် နေကြာပန်းပွင့်လေးများသည် ယန်အစီအရင်ဂိုဏ်း၏ အကာအကွယ်အစီအရင်ပေါ်သို့ ကျရောက်သွားပြီး အကာအကွယ်အစီအရင်ရဲ့ စွမ်းအားများကို စုပ်ယူလိုက်၏။ ချောင်ဖုန်းသည် ထိုချိန်မှာပဲ အကာအကွယ်အစီအရင်အတွင်းသို့ ထိုးဖောက်ကာ ဝင်သွားလေသည်။
ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်းအတွင်းသို့ရောက်တာနဲ့ လက်ချောင်းများကို ပြန်လှုပ်ရှားလိုက်သည်။ ထိုအခါ နေကြာပန်းပွင့်လေးများသည် စုပ်ယူထားသော အကာအကွယ်အစီအရင်၏ စွမ်းအားများကို ပြန်လည်ဖြည့်တင်းပေးလိုက်ပြီး စကြာဝဋ္ဌာအစီအရင်ရတနာ အတွင်းသို့ ပျံသန်းဝင်လာကြ၏။
ချောင်ဖုန်းအထဲသို့ ရောက်လာတဲ့အခါ ယန်အစီအရင်ဂိုဏ်းတစ်ခုလုံးသည် ယုတ်ယုတ်သဲသဲ ဖြစ်ကုန်ကြ၏။ထိုအခါ တန်ချီနဲ့လုဝမ်အပြင် ယန်အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲများသည် လျင်မြန်သောအရှိန်များဖြင့် ကျင့်ကြံနေသော နေရာများ ထွက်ခွာလာကြသည်။
ထို့နောက် ချောင်ဖုန်းရဲ့ရှေ့သို့ ရင်းနှီးသော မျက်နှာများ ရောက်ရှိလာကြလေသည်။ထိုလူတွေကတော့ လုဝမ် ၊ တန်ချီ ၊ ရှုဟွမ်နဲ့ အကြီးအကဲ ဟုန်တို့ပင် ဖြစ်သည်။တောင်ထိပ်တစ်ခုပေါ်ရှိ လူတစ်ယောက်သည် သူရဲ့ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး "ဘယ်လိုလုပ်ပြီး အစီအရင်က မပျက်စီးဘဲ လူတစ်ယောက်က ဂိုဏ်းအတွင်းထဲကို ရောက်လာတာလဲ " ဟု စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
အကြီးအကဲဟုန်သည် သူရဲ့ နတ်နယ်ပယ်အလယ်အလတ်အဆင့် အရှိန်အဝါ စွမ်းအားကို ထုတ်လွှင့်လိုက်ပြီး "မင်းတို့ကဘယ်သူတွေလဲ........ယန်အစီအရင်ဂိုဏ်းကို ဖျက်စီးဖို့ဆိုရင်တော့ ဒီနေရာက ပြန်လှည့်ထွက်သွားတာ ပိုကောင်းလိမ့်မယ် " ဟု ဒေါသတကြီးဖြင့် ပြောလိုက်၏။
ထိုအခါ ကျန်ရှိသော အကြီးအကဲများကလဲ စွမ်းအားအရှိန်အဝါများကို ထုတ်လွင့် လိုက်ပြီး အကြီးအကဲဟုန်ရဲ့ စကားကို ထောက်ခံကြလိုက်သည်။
ထိုအချိန်မှာ မိုစီသည် ချက်ချင်း ရောက်ရှိလာပြီး "ဆရာတူညီလေးဟုန်......မင်းတို့က ကိုယ့်ဂိုဏ်းကို လာတဲ့ဧည်သည်တေံကို ခုလိုပဲ ကြိုဆိုရလား " ဟု အကြီးအကဲဟုန်လား ဆူဟောက်လိုက်သည်။
ထို့နောက် မိုစီသည် ဝတ်ရုံနက် ဝတ်ဆင်ထားသောချောင်ဖုန်းနဲ့ရီဟန်အား လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်၏။မိုစီသည် သူစွမ်းအားဖြင့် ချောင်ဖုန်းတို့ရဲ့ ကျင့်ကြံမှုကို စစ်ဆေးလို့မရတဲ့အခါ
ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူမှန်း သိရှိသွားခဲ့သည်။
မိုစီသည် အကြီးအကဲများသာ ကြားနိုင်သော အသံစွမ်းအင်လှိုင်းဖြင့် တိုက်ခိုက်ဖို့ ပြင်ဆင်ထားဖို့ အားလုံး အမိန့်ပေးလိုက်၏။ ထိုချိန်မှာ ချောင်ဖုန်းသည် သူ့ရဲ့ အနက်ရောင်အပေါ်ထပ်ဝတ်ရုံကို ချွတ်ချလိုက်ပြီး "ကျွန်တော် ရီချောင်ဖုန်း.......အကြီးအကဲတွေကို ဂါဝါရပြုပါတယ်" ဟု ပြောကာ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်သည်။
ထိုအခါ အကြီးအကဲများ အားလုံးသည် ကြောင်အသွားလေသည်။
သူတို့ဂိုဏ်းမှ ထူးချွန်သော ပါရမီရှင်လေးတစ်ယောက်က အချိန်အနည်းငယ်အတွင်းမှာ သူတို့အား ကျော်တက်သွားပြီး အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။