← Chapters

chapter(160)

Vol. 12 Ch. 160

chapter(160)

Vol. 12 Ch. 160

အသန့်စင်ဆုံးစနစ် အခန်း(160)

မိုစီသည် ချောင်ဖုန်းအနားကို ပျံသန်းသွားလိုက်ပြီး သေချာကြည့်လိုက်၏။ ထို့နောက် ချောင်ဖုန်းပုခုံးကို ပုတ်လိုက်ပြီး "လူငယ်လေး......မင်းကတကယ်ပဲ ငါ့တို့ အားလုံးကို အံ့အားသင့်အောင်လုပ်နိုင်တာပဲ " ဟု ပြောလိုက်သည်။

ထိုအခါ အကြီးအကဲအားလုံးသည် ချောင်ဖုန်းမှန်း သိရှိသွားတဲ့အခါ စိုးရိမ်ပူပန်စိတ်များ ပျောက်သွားပြီး ဝမ်းသာသွားကြ၏။ ယန်အစီအရင်ဂိုဏ်းမှာ ရှိနေသော ဂိုဏ်းသားများကတော့ ချောင်ဖုန်းအား ထူးဆန်းစွာ ကြည့်နေခဲ့ကြသည်။

ထိုချိန်မှာ ဂိုဏ်း၏ အကာအကွယ်အစီအရင်ရဲ့အပြင်ဘက်တွင် ငွေရောင်သံချပ်ကာများ ဝတ်ဆင်ထားသော စစ်တပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။ ထိုတပ်ဖွဲ့ကြီးထဲတွင် ဧကရာဇ်နယ်ပယ်အဆင့် ကျင့်ကြံသူများနဲ့ နတ်နယ်ပယ်အဆင့်ကျင့်ကြံသူများ ပါဝင်ပြီး လူဦးရေမှာ ၁၀၀ကျော်နီးပါးပင် ရှိသည်။

"နတ်ဘုရားသန့်စင်ခြင်းစနစ် စတင်အသက်ဝင်ပါပြီ ၊ မကောင်းဆိုးဝါးများကို ရှင်းလင်းပြီး သန့်စင်သောနယ်မြေအဖြစ်ပြောင်းလဲစေရန် စနစ်ရှင်အား တာဝန်ပေးအပ်လိုက်ပါပြီ "

ဝူနန်းတော်၏ စစ်တပ်ဖွဲ့ထဲမှ ဦးဆောင်သော တစ်ယောက်သည် အကာအကွယ်အစီအရင် အပြင်ဘက်ကပင် ကျယ်လောင်သောအသံစွမ်းအင်လှိုင်းဖြင့် "မိုစီ.......မင်းတို့ ယန်အစီအရင်ဂိုဏ်းက ဘုရင်မင်းမြတ်အမိန့်ကို နာမခံဘူးဆိုတော့ တော်လှန်ဖို့ ကြိုးစားနေတာလား " လို့ ပြောလိုက်၏။

မိုစီသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး " ကြည့်ရတာ ပြသာနာက ရှောင်လွဲလို့မရတော့ဘူးထင်တယ် " လို့ ရေရွတ်လိုက်သည်။

ထိုအခါ မိုစီသည် သူ့လက်ထဲမှ အမိန့်ပြားတစ်ခုအား ချေဖျက်လိုက်လေသည်။

ထိုအခါ လေဟာနယ်အက်ကွဲကြောင်းကြီးထဲမှ လူတစ်ယောက်သည် အကာအကွယ်အစီအရင် အပြင်ဘက်မှ ထွက်ပေါ်လာ၏။

ထိုသူရဲ့နာမည်ကတော့ ချန်ပင်းရှောင်လို့ ခေါ်ပြီး ဂူအောင်းကာ ကျင်ကြံနေသော ယန်အစီအရင်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လေသည်။

ချန်ပင်းရှောင်သည် ဝူးနန်းတော်စစ်တပ်ကြီး၏ ရှေ့တွင် တစ်ယောက်ထဲ ရပ်နေခဲ့ပြီး သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဝူဘုရင်ကို ပြန်ပြောလိုက်ပါ ၊ ငါမကြာခင်လာတွေ့ပါ့မယ် " လို့ ပြောလိုက်၏။

ယန်အစီအရင်ဂိုဏ်း၏ အကြီးအကဲများသည် ဂိုဏ်းထဲတွင် ဂိုဏ်းချုပ်ရှိသေးသည်ဟု တစ်ယောက်မှ မသိပေ။ ချန်ပင်းရှောင်သည် မိုစီတစ်ယောက်ထဲကိုပဲ တာဝန်များ ပေးအပ်ကာ ဆောင်ရွက်စေခဲ့၏။ ဂိုဏ်းရဲ့ မဖြစ်မနေ အန္တရာယ်ကျ ရောက်တဲ့အချိန်မှသာ ချေဖျက်ဖို့ အမိန့်ပြားတစ်ခုကို ပေးအပ်ခဲ့ပြီး ဂိုဏ်းအတွင်းထဲတွင် နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့သည်။

ဝူနန်းတော်၏ စစ်တပ်ကို ဦးဆောင်သော ထျန်းကျွင့်သည် "မင်းကဘယ်သူလဲ......ဘာမို့လို့ ငါက မင်းစကားကို နားထောင်ရမှာလဲ "လို့ ဒေါသထွက်စွာအသံဖြင့် ပြန်ပြောလိုက်၏။

ထျန်းကျွင့်သည် သူနဲ့ရွယ်တူ အရွယ်ရှိနေသော ချန်ပင်းရှောင်အား ယန်အစီအရင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေလိမ့်မယ်လို့ ထင်မထားပေ။

ချောင်ဖုန်းသည် အကာအကွယ်အစီအရင် အပြင်သို့ ထွက်ခွာလာပြီး ချန်ပင်းရှောင်ကို အရိုအသေပြုလိုက်၏။

ချောင်ဖုန်းသည် အရိုအသေပြုပြီးတာနဲ့ "မင်္ဂလာပါ.....ဂိုဏ်းချုပ် ၊ ဒီကောင်တွေကို ပြန်လွှတ်ပေးမယ့်အစား သတ်ပစ်လိုက်မယ်ဆိုရင် ဝူနန်းတော်ရဲ့ အင်အားက တစ်စိတ်တစ်ပိုင်းတော့ နည်းသွားမှာပဲ " လို့ ​ဆိုလိုက်သည်။

ချောင်ဖုန်းရဲ့ စကားကြောင့် ချန်ပင်းရှောင်သည် ဆွံ့အသွားသည်။

ချန်ပင်းရှောင်သည် သူ့အင်အားနဲ့ လက်ရှိစစ်တပ်ကို အနိုင်ယူနိုင်ပင်မယ့် ဝူနန်းတော်မှ ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူတွေ စေလွှတ်လိုက်မည်ဆိုရင် ဂိုဏ်းတစ်ခုလုံး အခက်တွေ့မည်ကို စိုးရိမ်နေခဲ့၏။

ချောင်ဖုန်းသည် အားလုံးကို သတ်ပစ်မယ်လို့ သူ့တို့ရှေ့တွင် ပေါ်တင်ပြောတဲ့အခါ ထျန်းကျွင့်သည် "မင်းကရောဘယ်သူလဲ......ဝူနန်းတော်ရဲ့ စစ်သည်တော်ကို သတ်ပစ်ဖို့ ပြောဆိုတဲ့အတွက် ငါ့ကိုယ်တိုင်မင်းကို အရင်ဆုံး သတ်ပစ်မယ် " လို့ ပြောလိုက်သည်။

ထျန်းကျွင့် သု့ရဲ့စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ လက်ဖဝါးမှ နွယ်ကြိုးအရှည်ကြီးအား မီးတောက်ဝိညဥ်စွမ်းအင် အသက်သွင်းကာ ချောင်ဖုန်းကို လှမ်းတိုက်ခိုက်လိုက်၏။ သို့သော် ထျန်းကျွင့်ရဲ့ အစိမ်းရောင်ဝိညဥ်စွမ်းအင်ရှိသော မီးနွယ်ကြိုးကြီးသည် တစ်ဝက်တစ်ပြက်နဲ့ပင် လေထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ယန်အစီအရင်ဂိုဏ်းမှ အကြီးအကဲများနဲ့ ဂိုဏ်းသားများသည် အံ့အားသင့်စွာဖြင့် ကြည့်နေလေ၏။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်မှာ မီးနွယ်ကြိုးပင် မဟုတ်ဘဲ ထျန်းကျွင့်ရဲ့ အသက်မဲ့သော ကိုယ်ခန္ဓာကြီးပါ ပြုတ်ကျသွားလို့ပင် ဖြစ်လေသည်။

ထို့နောက် အားလုံးသည် ချောင်ဖုန်းဘေးမှာ ပြန်ပေါ်လာသော ရီဟန်ကို တွေ့လိုက်ရသဖြင့် ထျန်းကျွင့်သည် ရီဟန်ရဲ့ သတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားတာကို သိလိုက်ကြရ၏။ စ ရီဟန်ရဲ့ စွမ်းအားသည် သူ့ထက်သာလွန်နေလိမ့်မယ်လို့ ချန်ပင်းရှောင်သည် လုံးဝမထင်ထားခဲ့ပေ။

ရီဟန်ရှိနေခြင်းကြောင့် ထိုသူတွေကို သတ်ပစ်ဖို့ ​ချောင်ဖုန်းသည် သူ့အား တိုက်တွန်းတယ်ဟု ထင်နေခဲ့သည်။ဝူနန်းတော်မှ ကျန်ရှိနေသော လူများသည် နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်ရှိသော သူတို့

ရဲ့ခေါင်းဆောင် ထျန်းကျွင့် သေဆုံးသွားခြင်းကြောင့် ဆုတ်ခွာဖို့ ပြင်ဆင်ကြလေသည်။

သို့သော သူတို့အားလုံးသည် တစ်ချိန်ထဲမှာပဲ ပြာမှုန့်မီးမှုန့်များအဖြစ် ပေါက်ကွဲကာ သေဆုံးသွားကြ၏။လူအယောက် တစ်ရာ နီးပါးသည် မီးရှုးမီးပန်းများ ပေါက်သလို ပေါက်ကွဲသွားသော အဖြစ်ပျက်ကို မြင်နေရသော ယန်အစီအရင်ဂိုဏ်းမှ လူများအားလုံးသည် တံတွေးများပင် မျိုချလိုက်ပြီး အမည်မသိသတ်ဖြတ်ရေး စွမ်းအားအရှိန်အဝါမှ လာရိုက်ခတ်သဖြင့် ကြောက်ကြောက်လန့်လန့် ဖြစ်သွားကြကုန်သည်။

ထိုကြောက်လန့်သော သူများအထဲပင် ချန်ပင်းရှောင် ကိုယ်တိုင်လဲ

ပါဝင်နေခဲ့၏။ ဝူနန်းတော်မှ လူများ သေဆုံးသွားတဲ့အခါ စနစ်မှ ချိုသာသော အသံလေးဖြင့် "စနစ်ရှင်ရောက်ရှိနေသော နယ်မြေကို သန့်စင်အောင် ဆောင်ရွက်ပြီးပြီ ဖြစ်တဲ့အတွက် ငါးရောင်ခြယ်သိုလှောင်ရတနာတစ်ခုရရှိပါမည် "ဟု အသံလေးကို ချောင်ဖုန်းသည် ကြားလိုက်ရသည်။

ချောင်ဖုန်းသည် ငါးရောင်ခြယ်သိုလှောင်ရတနာ၏ စွမ်းအား အရင်းအမြစ်ကို စစ်ဆေးကြည့်လိုက်၏။ ငါးရောင်ခြယ်သိုလှောင်ရတနာသည် ဆေးအမယ်များစွာကို နာရီနဲ့အညီ သက်တမ်းတိုးမြှင့်ပေးနိုင်သည့် ရတနာတစ်မျိုးပင်ဖြစ်သည်။

ချောင်ဖုန်းသည် ချက်ချင်းပင် သူ့သိုလှောင်ကွင်းထဲရှိ ကျန်ရှိသေးသော ဆေးအမယ်များ အားလုံးကို ငါးရောင်ခြယ်သိုလှောင်ခြင်းရတနာထဲသို့ ​ထည့်သွင်းထားလိုက်၏။

ထို့နောက် ချောင်ဖုန်းနဲ့ရီဟန်သည် ချန်ပင်းရှောင်ကို အရိုအသေပြုကာ မိုစီအနားကို ပြန်သွားကာ ဝူနန်းတော်ရဲ့ အင်အားကို မေးမြန်းလိုက်သည်။ဝူနန်းတော်၏ လက်ရှိအင်အား ဝိညဥ်နယ်ပယ် အစောပိုင်းအဆင့် တိုက်ခိုက်ရေးသမားသုံးယောက်ထက်ပင် ပိုရှိနိုင်မည်ဖြစ်ကြောင်း မိုစီသည် ပြောလိုက်၏။

ချောင်ဖုန်းသည် အကြီးအကဲအားလုံးကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုလိုက်ပြီး အားလုံးရဲ့ ရှေ့တွင် ပျောက်ကွယ်၍ သွားခဲ့သည်။ အကြီးအကဲအားလုံးသည် သူတို့ရဲ့ အင်အားဖြင့် ဘာမှမကူညီနိုင်တဲ့အတွက် စိတ်ညစ်နေချိန်မှာ ချန်ပင်းရှောင်သည် ဝူနန်းတော်ရဲ့ အခြေအနေကို စုံစမ်းဖို့ မိုစီအား အမိန့်ပေးလိုက်၏။

ထိုအခါ မိုစီသည် ဝူနန်းတော်ရဲ့ အခြေအနေကို စုံစမ်းဖို့ ထွက်ခွာသွားလေသည်။ချန်ပင်းရှောင်သည် လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်သွားပြီး "ကြည့်ရတာ ဝူနန်းတော်က အခြေအနေကောင်းမယ်မထင်ဘူး " ဟု ရေရွတ်လိုက်သည်။

ဝူနန်းတော်ရဲ့ လုံခြုံရေး အပြည့်အဝရှိသော နေရာတစ်ခုတွင် လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တစ်စုံတစ်ရာကို စောင့်မျှော်နေခဲ့၏။

ထိုလူကတော့ ဝူဘုရင်သစ်ဖြစ်သော ယွင်ချီပင်ဖြစ်သည်။

ထိုချိန်မှာပဲ လူတစ်ယောက်သည် ယွင်ချီရှိသော နေရာသို့ပြေးဝင်လာပြီး ဒူးထောက်လိုက်ကာ ခေါင်းငုံစွာဖြင့် "အရှင်မင်းကြီး.......ယန်အစီအရင်ဂိုဏ်းကို ဖျက်စီးဖို့ သွားတဲ့ ထျန်းကျွင့် တို့ အားလုံး အသတ်ခံလိုက်ရပါပြီ" ဟု ​​​ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။

ယွင်ချီသည် ထိုကိစ္စကို လုံးဝ မယုံနိုင်ပေ။ယန်အစီအရင်ဂိုဏ်း၏ အဓိက အကြီးအကဲ ဖြစ်သော မိုစီတောင် နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်စွမ်းအားကို ရောက်ရှိသေးတာ မကြာသေးသည်ဟု သတင်းရရှိထား၏။

နတ်နယ်ပယ်အစောပိုင်းအဆင့်ရောက်ရှိနေသော အကြီးအကဲများမှာလဲ ဆယ်ယောက်လောက်ပင် ရှိသောကြောင့် ယန်အစီအရင်ဂိုဏ်း၏ အင်အားဖြင့် ထျန်းကျွင့်တို့ အဖွဲ့အင်အားကို သတ်ဖြတ်ဖို့ဆိုတာ အလွန်ပင် ခဲယှဥ်းလှသည်။

ယွင်ချီသည် ယန်အစီအရင်ဂိုဏ်းမှ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းသို့ ရောက်ရှိသွားသော ချောင်ဖုန်းအား သတိရမိလိုက်၏။ ထိုချိန်မှာပဲ အပြင်ဘက်မှ နောက်တစ်ယောက် ရောက်လာပြီး ဝူနန်းတော်ဖို့ တိုက်ခိုက်ဖို့ လူနှစ်ယောက် ရောက်ရှိလာကြောင်း တင်ပြလိုက်သည်။

ယွင်ချီသည် ခေါင်းငြိမ့်ပြလိုက်ပြီး ထိုလူနှစ်ယောက်အား ထွက်သွားခိုင်းလိုက်၏။ ထိုလူနှစ်ယောက် ထွက်ခွာသွားတဲ့အခါ ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက်သည် "အရှင်မင်းကြီး....ဒီကိစ္စ ကျွန်တော်တို့ တာဝန်ထားလိုက်ပါ " ဟု ပြောလိုက်ပြီး ယွင်ချီအနားမှ ပျောက်ကွယ်သွားလေသည်။

ချောင်ဖုန်းနဲ့ ရီဟန်သည် ဝူနန်းတော်ကို ရောက်ရှိလာတာနဲ့ နတ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများစွာသည် ချောင်ဖုန်းရဲ့ ရှေ့သို့ အုပ်စုလိုက်ကြလာလေ၏။ ထိုအခါ စနစ်မှ "ဝူနန်းတော်နယ်မြေအား သန့်စင်သောနယ်မြေ အဖြစ် ဆောင်ရွက်ရန် စနစ်ရှင်အား တာဝန်ပေးအပ်လိုက်ပါပြီ"ဟု အသံသည် ချောင်ဖုန်းကြားလိုက်ရသည်။

All Chapters