chapter(161)
Vol. 12 Ch. 161
အသန့်စင်ဆုံးစနစ် အခန်း(161)
စနစ်မှ တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးတိုင်း ကျင့်ကြံမှုစွမ်းအားကို ရရှိတဲ့အတွက် ချောင်ဖုန်းသည် တာဝန်များများ ရဖို့ မျှော်လင့်နေ၏။ ယခု သူရှေ့မှာ ရှိနေသော လူများကို သတ်ဖြတ်ဖို့ သူ့အတွက် ချွေးထွက်စရာတောင်မလိုပေ။
ဝူနန်းတော်၏ ကောင်းကင်ယံတွင် ချောင်ဖုန်းနဲ့ရီဟန် ထွက်ပေါ်လာတာကို မြင်တာနဲ့ မိုစီသည် ချက်ချင်းပင် ချန်ပင်းရှောင်ထံသို့ အကြောင်းကြားလိုက်သည်။
ဝူနန်းတော်ရဲ့ စစ်သည်တော်များတွင် အများစု၏ ကျင့်ကြံခြင်းအဆင့်ကို အစိမ်းရောင်စကားလုံးဖြင့် ဖော်ပြထား၏။ ထိုလူတွေသည် ယွင်ချီရဲ့အမိန့်ဖြင့်သာ မဖြစ်မနေ ဆောင်ရွက်နေခြင်းပင်ဖြစ်ပေသည်။
ထိုစစ်တပ်ထဲတွင် လူတစ်ယောက်သည် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့၏။ ထိုလူကတော့ ဝူတိုင်းပြည်ရဲ့ စစ်သူကြီးဟုန်မူဂျီဖြစ်သည်။ ဟုန်မူဂျီနောက်မှ လီပင်းသည် "အဖေ.......ကျွန်တော်သေမယ်ဆိုရင်တောင် စစ်ပွဲထဲမှာပဲ သေချင်တယ် "ဟု ပြောလိုက်၏။
ဟုန်ပင်းကလဲ "လီပင်းပြောတာမှန်တယ်.......ဦးလေးဟုန် ၊ ကျွန်တော်တို့သေမယ်ဆိုရင် တိုက်ပွဲမှာပဲ ကျဆုံးသင့်တယ်" ဟု ခေါင်းငုံစွာဖြင့် ပြောလိုက်၏။
ဟုန်မူဂျီသည် ဒေါသထွက်စွာဖြင့် နှစ်ယောက်လုံးအားကြိမ်းမောင်းလိုက်သည်။ယွင်ချီရဲ့အမိန့်ကို ဆန့်ကျင့်မယ်ဆိုရင် သူတို့တင်မက မိသားစုတွေပါ သတ်ခံရမည် ဖြစ်၏။ ထို့ကြောင့် ဟုန်မူဂျီသည် မိုက်ရူးရဲဆန်သော အလုပ်ကို မလုပ်ရဲပေ။
ဟုန်မူဂျီသည် တွေဝေနေချိန်မှာ လေဟာနယ်အက်ကွဲကြောင်းထဲမှ လူနှစ်ယောက်ထွက်ရှိလာလေသည်။ထိုလူနှစ်ယောက်ထဲမှ ကောင်းမင်ယီလို့ ခေါ်သောသူသည် "မူဂျီ......မင်းက ဒီကောင်လေး နှစ်ယောက်ကို တိုက်ခိုက်ဖို့စွမ်းအားမရှိဘူးလား "ဟု ဆူဟောက်လိုက်၏။
ဟုန်မူဂျီသည် ခေါင်းသာငုံနေပြီး ဘာမှ ပြန်မပြောရဲပေ။ဂူမန်ချန်လို့ ခေါ်သော နောက်တစ်ယောက်သည် "အမှိုက်တွေ ဘာမှသုံးစားမရဘူး " လို့ ပြောကာ အားလုံးရှေ့ကို တက်သွားခဲ့၏။
ထိုချိန်မှာ ချောင်ဖုန်းသည် သူ့ရဲ့ဘေးရှိ လေဟာနယ်အက်ကွဲကြောင်းထဲမှ လူတစ်ယောက်သည် ထွက်ပေါ်လာခဲ့သည်။
သူကတော့ ယန်အစီအရင်ဂိုဏ်းချုပ် ချန်ပင်းရှောင်ဖြစ်၏။ ချန်ပင်းရှောင်သည် သူ့အင်္ကျီကို သေသပ်စွာ ဖိချလိုက်ရင်း "ကောင်လေး......မင်းဝူနန်းတော်ကို အနိုင်ရဖို့ ဘယ်လောက်ရာခိုင်နှုန်းသေချာလဲ" ဟု မေးလိုက်သည်။
ဂူမန်ချန်သည် ချန်ပင်းရှောင်ရဲ့စကားကို ကြားတဲ့အခါ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူရဲ့လက်ဖဝါးမှ လေဗွေစွမ်းအင်ကို ထုတ်လိုက်ကာ "မင်းတို့သုံးယောက်ထဲနဲ့ ဝူနန်းတော်ကို ဖျက်ဆီးလို့ ရမယ်လို့ ထင်နေတာလား....... သွားသေလိုက်တော့ " လို့ ပြောလိုက်၏။ ဂူမန်ချန်သည် ပြောပြီးတာနဲ့ သူရဲ့လေဗွေလှိုင်းကြီးဖြင့် ချောင်ဖုန်းတို့ သုံးယောက်ရှိ တိုက်ခိုက်လိုက်သည်။
လေဗွေလှိုင်းကြီးသည် သေးငယ်သောစွမ်းအင်လှိုင်းလေးမှ ဧရာမလေဗွေလှိုင်းကြီးအဖြစ်ပြောင်းလဲသွားပြီး ချောင်ဖုန်းတို့အနားကို ရောက်ရှိတဲ့အခါ ပေါက်ကွဲသွားခဲ့၏။ ကောင်မင်ယီသည် ပေါက်ကွဲသွားသည့် လေဗွေလှိုင်းစွမ်းအားကြီးကို ကြည့်နေရင်း "မန်ချန်......မင်းရဲ့ လေဗွေလှိုင်းစွမ်းအားက ပိုပြီး အင်အားကြီးလာပြီပဲ" ဟု ချီကျူးလိုက်သည်။
ဂူမန်ချန်သည် နောက်ပြန်လှည့်ကာ ကောင်းမင်ယီကို ပြုံးပြလိုက်ပြီး "ဆရာတူအကို.......ငါရဲ့လေဗွေလှိုင်းစွမ်းအားက မင်းရဲ့ မြေကြီးစွမ်းအင်အား ကို ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ " ဟု အချင်းချင်း ပြန်ချီးမြှောက်နေ၏။
ပေါက်ကွဲသွားသော လေဗွေလှိုင်းကြီးနေရာတွင် မြူမှုန်များ ပြန်ပျောက်ကွယ်သွားတဲ့အခါ လူသုံးယောက်သည် အကောင်းပကတိ အတိုင်းပင် ပြန်ပေါ်လာသည်။ ဂူမန်ချန်ရဲ့ လေဗွေလှိုင်းစွမ်းအားသည် ချောင်ဖုန်းတို့အား အနည်းငယ်တောင် ထိခိုက်မှု မရှိပေ။
ဂူမန်ချန်သည် သူ့ရဲ့ စွမ်းအားအမြင့်မားဆုံးကျင့်စဥ်နဲ့ တိုက်ခိုက်တာတောင် ချောင်ဖုန်းတို့မှာ ဘာမှ မဖြစ်သွားတဲ့အတွက် ရူးခါသွား၏။ ကောင်းမင်ယီသည် ချောင်ဖုန်းတို့ သုံးယောက်မှာ သူတို့ထက်သာလွန်နိုင်မည်ကို စိုးရိမ်သွားပြီး သူ့လက်ထဲမှ အစီအရင်စာရွက်အား အသက်သွင်းလိုက်၏။
ထိုအခါ သူတို့ရဲ့ဘေးနားရှိ လေဟာနယ် အက်ကွဲကြောင်းထဲမှာ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူ လေးယောက်ပင် ဆက်ထွက်လာခဲ့၏။ ဝူနန်းတော်ရှိ လက်ရှိအင်အားသည် နတ်နယ်ပင်အဆင့်ကျင့်ကြံသူ အများအပြားနဲ့ ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူ ခြောက်ယောက်ပင် ရှိနေခဲ့သည်။
ယန်အစီအရင်ဂိုဏ်းမှ အကြီးအကဲများလည်း ချောင်ဖုန်းတို့ နောက်ကို လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ ချန်ပင်းရှောင်သည် သူတို့ဘက်တွင် ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမား နှစ်ယောက်သာ ရှိသည်ဟု ထင်နေခဲ့သည်။
ချောင်ဖုန်းသည် တစ်ချက်သန်းလိုက်ပြီး "မင်းတို့ဝူနန်းတော်ရဲ့ အင်အားက ဒါအကုန်ပဲလား " ဟု ပြောလိုက်၏။ ထိုချိန်မှာ နန်းတော်အတွင်းမှ ယွင်ချီသည် ပျံသန်းလာရင်း "ဟားဟားဟားဟား......ခွေးကောင်စုတ် ၊ တကယ်ပဲ မင်းဖြစ်နေလိမ့်မယ်လို့ ငါလုံးဝမထင်ထားမိဘူး ၊ မင်းက ငါ့ကို တကယ်အမြင်ကျယ်စေတာပဲ " ဟု ပြောကာ ကောင်းကင်ယံသို့ ပြန်တက်လာလေသည်။
ထိုအခါမှသာ မူဟုန်ဂျီတို့သည် ချောင်ဖုန်းကို သေချာကြည့်လိုက်တဲ့အခါ မှတ်မိသွားကြလေသည်။လီပင်းနဲ့ဟုန်ပင်းသည် သူတို့လက်ထဲက ဓားကို ကြည့်လိုက်ပြီး စိတ်ပျက်စွာနဲ့ သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းလိုက်၏။
ဝူနန်းတော်မှ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမား ခြောက်ယောက်သည် "အရှင်မင်းကြီး.......ဒီနေရာက အန္တရာယ်ရှိနိုင်တဲ့အတွက် ဂရုတစိုက်နေသင့်ပါတယ် " ဟု ယွင်ချီကို အသိပေးလိုက်၏။ ယွင်ချီသည် ချောင်ဖုန်းသေတာကို မြင်တဲ့အတွက် ကျန်တာကို ဘာမှ ဂရုမစိုက်ပေ။
ယွင်ချီသည် သူ့လက်ချောင်းများကို ချိုးလိုက်ပြီး "ကောင်စုတ်လေး.......ငါတို့နှစ်ယောက်ရဲ့ ရန်ငြိုးဒီနေရာမှာ အဆုံးသတ်သင့်ပြီထင်တယ် ၊ မင်းဘယ်လိုသေချင်လဲ " ဟု ပြောလိုက်၏။ချန်ပင်းရှောင်သည် ချောင်ဖုန်းကို အထင်ကြီးမိတာ မှားသွားပြီလားဟု စိုးရိမ်နေခဲ့သည်။
ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားခြောက်ယောက်လုံးသည် ဝိညဥ်နယ်ပယ်အဆင့် စွမ်းအားအရှိန်အဝါများကို ထုတ်လိုက်ပြီး
"ဝူနန်းတော်ကို တော်လှန်ရဲတဲ့အတွက် မင်းတို့အားလုံး သွားသေလိုက်တော့ " လို့ အော်ဟစ်လိုက်ရင်း သူတို့ရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအင်များဖြင့် တိုက်ခိုက်လိုက်လေသည်။
ဝူနန်းတော်မှ အကြီးအကဲများ တိုက်ခိုက်လိုက်သော အရောင်စုံလင်လှသည့် ကိုယ်ပိုင်လက်သီးစွမ်းအား ခြောက်မျိုးသည် လမ်းတစ်ဝက်မှာပင် ပေါက်ကွဲထွက်သွားတဲ့အခါ အားလုံးသည် အံ့အားသင့်သွားကြ၏။
ထိုချိန်မှာပဲ ရေခဲသူတော်စင်ဂိုဏ်းမှ ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူ ဆယ်ယောက်သည် ချောင်ဖုန်းရှေ့တွင် လျှပ်တစ်ပြက်ပင် ပေါ်လာကာ ဒူးထောက်လိုက်ပြီး "သခင်ငယ်ကို အရိုအသေပြုပါတယ် " ဟု ချောင်ဖုန်းအား နှုတ်ဆက်လိုက်ကြသည်။
ယွင်ချီသည် မျက်နှာရှုံမဲ့သွားကာ "ဘယ်လိုဖြစ်နိုင်မှာလဲ.......ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူ ဆယ်ယောက်တောင်လား " ဟု ရေရွတ်လိုက်သည်။ထိုအခါ လူအများစုသည် မကြာခင်မှာ ဝူနန်းတော်ပျက်စီးမယ့်အရေးမှာ သေချာသလောက် ဖြစ်နေသည်ကို သိရှိသွား၏။
ချန်ပင်းရှောင်နဲ့ ယန်အစီအရင်ဂိုဏ်းမှ အကြီးအကဲများအားလုံးသည် ချောင်ဖုန်းရဲ့ နောက်ခံအင်အားသည် ခုလောက်ထိ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားပေ။ထို့ကြောင့် ချောင်ဖုန်းသည် ဝူနန်းတော်ကို ဖျက်စီးဖို့ ယုံကြည်ချက်ရှိနေတာ မထူးဆန်းတော့ပေ။
ချောင်ဖုန်းသည် ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲများကို ခေါင်းငြိမ့်ပြလိုက်တဲ့အခါ အကြီးအကဲ ဆယ်ယောက်သည် ချောင်ဖုန်းရဲ့ ဘေးမှာ နေရာယူလိုက်ကြ၏။ ဝူနန်းတော်ရှိ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားခြောက်ယောက်တွင် လေးယောက်သည် အသေခံတိုက်ခိုက်၍ အချိန်ဆွဲမယ်ဖြစ်ပြီး နှစ်ယောက်က ယွင်ချီကို အဝေးကို ခေါ်ဆောင်သွားဖို့ တိုင်ပင်လိုက်ကြသည်။
ဝူနန်းတော်မှ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားလေးယောက်သည် ချောင်ဖုန်းတို့အဖွဲ့ထံသို့ လျှပ်တစ်ပြက်ပြေးဝင်ပြီး သူ့တို့ ခန္ဓာကိုယ်အား ဖောက်ခွဲဖို့ ဆောက်ရွက်ကြ၏။
ထိုချိန်မှာ ချောင်ဖုန်းရဲ့နောက်တွင် ရွှေဝါရောင်စက်ဝိုင်း နှစ်ခုမှာ လည်ပတ်စွာ ထွက်ပေါ်လာခဲ့၏။ ချောင်ဖုန်းသည် "သွားသေလိုက်တော့ " လို့ ရေရွတ်လိုက်ပြီး နတ်ဘုရားပလ္လင်အလင်းတန်းစွမ်းအားကြီးကို သူ့အားသတ်ဖြတ်မယ့်လူအားလုံးရဲ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေလိုက်သည်။
ထိုအခါ ကျင့်ကြံမှုစွမ်းအားကို အနီရောင်စကားလုံးဖြင့် ဖော်ပြထားသော လူများအားလုံးသည် စက္ကန့်ပိုင်းအတွင်းမှာ ပေါက်ကွဲကြကုန်ကာ ပြာမှုန့်များအဖြစ် ပြောင်းလဲသွားကြ၏။
ထိုလူများသေဆုံးသွားတဲ့အခါ ဝူနန်းတော်ရဲ့ ကောင်းကင်ယံအထက်တွင် မီးရှုးမီးပန်းများ ဖောက်နေသော မြင်ကွင်းနဲ့ပင် တူနေလေသည်။ ဝူနန်းတော်မှ ကျန်ရှိသော သူများအားလုံးသည် သူ့တို့အသက်ကို ချမ်းသာပေးဖို့ ဒူးနှစ်ဖက်ပင်ထောက်ကာ တောင်းပန်နေလေ၏။
ချန်ပင်းရှောင်သည် တံတွေးများပင် မျိုချကာ ကြောက်လန့်နေခဲ့သော်လည်း ဟန်ဆောင်နေခဲ့၏။ ချောင်ဖုန်းသည် တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးတဲ့အခါမှာတော့ "ဂုဏ်ယူပါတယ်.....စနစ်ရှင်ပိုင်ဆိုင်ထားသော သဘာဝမီးတောက်နဲ့သဘာဝရေခဲ၏ စွမ်းအားကို အဆင်မြှင့်တင်ပြီးပါပြီ " ဟု စနစ်မှ ဆုချီးမြှင့်လိုက်သည်။
ချောင်ဖုန်းရဲ့ သဘာဝမီးတောက်သည် အပြာနုရောင်မီးတောက်မှ လိမ္မော်ရောင်မီးတောက်အဖြစ်သို့ အင်အားကြီးလာတဲ့အခါ ရီချုံသည် "အကိုကြီးရဲ့မီးတောက်စွမ်းအင်က ရီချုံရဲ့ မီးတောက်စွမ်းအင်ကို ယှဥ်နိုင်နေပြီထင်တယ် " လို့ပြောလိုက်၏။
ရန်ယိုကလဲ "ဟုတ်တယ်......ရန်ယိုရဲ့သန့်စင်ရေခဲစွမ်းအားနဲ့ သခင်ရဲ့သဘာဝရေခဲစွမ်းအားက တူညီသွားလောက်ပြီ" ဟု ပြောလိုက်သည်။