← Chapters

chapter(162)

Vol. 12 Ch. 162

chapter(162)

Vol. 12 Ch. 162

အသန့်စင်ဆုံးစနစ်အခန်း (162)

ချောင်ဖုန်းသည် ဝူနန်းတော်မှ လူများအား ထခိုင်းလိုက်၏။ နန်းတော်အတွင်းမှ သာမန် ဝတ်စုံဖြင့် မိန်းကလေးတစ်ယောက်သည် ထွက်လာခဲ့သည် ။ ထိုမိန်းကလေးတော့ တခြားလူမဟုတ်ဘဲချူယွင်ပင် ဖြစ်သည်။

ချူယွင်သည် ဝူနန်းတော်၏ အခန်းတစ်ခန်းထဲတွင် ဖမ်းချုပ်ခံထားရသည်မှာ ရက်ပေါင်း အတော်ကြာနေပြီဖြစ်၏။ ယခုအခါမှတော့

သူအားဖမ်းချူပ်ထားသော စွမ်းအင်များမှာ ပယ်ပျက်သွားတဲ့အတွက် လွတ်မြောက်လာခြင်းဖြစ်သည်။

ချူယွင်သည် ချောင်ဖုန်းကို မြင်မြင်ချင်းမှာပဲ ဒူးထောက်ကာ သူ့အဖေအား ကယ်ဖို့ တောင်းဆိုလိုက်သည်။ဝူဘုရင်ဟောင်းသည် အသက်ရှင်နေအုံးမယ်လို့ ဘယ်သူထင်မထားပေ။ချောင်ဖုန်းသည် ချူယွင်အနားသို့ လျှပ်တစ်ပြက်သွားလိုက်ပြီး ဖြစ်ပျက်ခဲ့သော အရာများကို ရှင်းပြခိုင်းလိုက်၏။

ဝူဘုရင်ရဲ့ ကျန်းမာရေးသည် ဆိုးရွားနေသော်လည်း အသက်အန္တရာယ်နဲ့ ဝေးကွာသေးလှသည်။ ယွင်ချီသည် ဝူဘုရင်၏ မွေးနေ့ပွဲတွင် ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများကို ဝူနန်းတော်ထဲသို့ ခေါ်လာပြီး ဝူဘုရင်နဲ့အတူ လူတစ်ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုလူတွေထဲတွင် တိုင်းတစ်ပါးမှ မင်းသားမင်းသမီးများလဲ ပါဝင်သည်။ယွင်ချီသည် သေချာစီစဥ်ဆောင်ရွက်ထားသောကြောင့် ဘယ်သူမှ မသိရှိသေးပေ။ ထိုကိစ္စအတွက် တိုင်းတစ်ပါးမှ ရှင်ဘုရားများစွာလဲ ဝူတိုင်းပြည်ကို စုံစမ်းနေတုန်းပင် ဖြစ်၏။

ထို့နောက် ချူယွင်သည် သူ့ကိုလဲ ယနေ့တိုင်ထိ ချုပ်နှောင်ထားကြောင်း ပြောပြလိုက်၏။ ထိုအခါ ချောင်ဖုန်းသည် ဖမ်းဆီးခေါ်ဆောင်သွားသော နေရာအား မေးမြန်းလိုက်သည်။ချူယွင်သည် မှော်အဂ္ဂိရတ်အင်ပါယာဟု နားစွန်နားဖျားကြားမိကြောင်း ပြောလိုက်၏။

ချန်ပင်းရှောင်သည် မှော်အဂ္ဂိရတ်အင်ပါယာလို့ ကြားလိုက်တဲ့အခါ

ထိုအင်ပါယာအကြောင်းကို သူကြားဖူးသလောက် ချောင်ဖုန်းကို ပြောပြလိုက်၏။ မှော်အဂ္ဂိရတ်အင်ပါယာဆိုတာနဲ့ မှော်အဂ္ဂိရတ်ဆေးပညာနဲ့ သက်ဆိုင်မှာ ကျိန်းသေတာကို လူတိုင်းသိလှ၏။

ထိုမှော်အဂ္ဂိရတ်အင်ပါယာသည် တခြားသော အင်ပါယာတိုင်းပြည်များနဲ့ မတူညီပေ။ ထိုအင်ပါယာတိုင်းပြည်တွင် မှော်အဂ္ဂိတ်ဆေးပညာရှင်များသည် အမြဲလိုလိုပင် ပြိုင်ဆိုင်လေ့ရှိကြသည်။ထိုအင်ပါယာရှိ လူတိုင်းအားလုံးသည် သိုင်းကျင့်ကြံမှုထက် ဆေးလုံးဖော်စပ်ဖို့သာ စိတ်ဝင်စားကြ၏။

ထို့​ကြောင့် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်တွင် မှော်ဆေးပညာရှင်များ ဖွဲ့စည်းထားသော ဂိုဏ်းပေါင်းများစွာ ရှိသည်။ တခြားအင်ပါယာတိုင်းပြည်ရှိ လူများသည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်ကို ဝင်ရောက်မည်ဆိုရင် ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်း၏ သက်တော်စောင့် သို့မဟုတ် မှော်အဂ္ဂိရတ်ဆေးပညာရှင် တစ်ယောက်ဖြစ်ရမည်။

ထို့အပြင် ဝတ်ရုံနီဂိုဏ်း၏ အဖွဲ့ဝင်များသည် ထိုမှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်ထဲတွင် ရှိနိုင်သည်ဟု ကျင့်ကြံသူအများအပြားက ပြောဆိုလေ့ရှိသည်။ချောင်ဖုန်းသည် လျူချွန်ပြောတာကို သတိရသွားခဲ့ပြီး ဝတ်ရုံနီဂိုဏ်းအား မှော်အဂ္ဂိရတ်အင်ပါယာမြို့တော်တွင်

ရှာဖွေဖို့ ဆုံးဖြတ်လိုက်၏။

ချန်ပင်းရှောင်သည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်ကို သွားမယ့် မြေပုံရှိနေ၍ ချောင်ဖုန်းအား ထုတ်ပေးလိုက်သည်။ချောင်ဖုန်းသည် မြေပုံကို သိုလှောင်ကွင်းလက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။ သူ့အားစိတ်မပူဖို့ အားလုံးကို ပြောလိုက်ပြီး ရီဟန်နဲ့အတူ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲတွေသည်လည်း ချောင်ဖုန်းထွက်ခွာသွားခြင်းကို ရေခဲသူတော်စင်ဂိုဏ်းသို့ အမြန်သတင်းပို့ရန်

ထွက်ခွာသွားကြ၏။ချူယွင်ကတော့ ချောင်ဖုန်း အဆင်ပြေ​ပါစေလို့ မျှော်လင့်နေခဲ့သည်။

ချောင်ဖုန်းသည် ရီချုံနဲ့ရန်ယိုအပေါ်မှ မြေပုံစာလိပ်ကို ကြည့်ကာ ဝူတိုင်းပြည်မှ ထွက်ခွာလာခဲ့ပြီဖြစ်၏။ ရီချုံရဲ့ အရှိန်နှုန်းသည် အလွန်မြန်ဆန်လွန်းတာကြောင့် ပင်လယ်တစ်ခုကိုပင် ခဏလေးအတွင်းမှာ ကျော်ဖြတ်သွားလေသည်။

ချောင်ဖုန်းသည် လမ်းခုလတ်တွင် စနစ်ရဲ့ အချက်ပေးသံကို ကြားလိုက်ရ၍ ရီချုံအား ရပ်ခိုင်းကာ ကျွန်းတစ်ခုပေါ်သို့ ဆင်းသက်လာခဲ့၏။ထိုကျွန်းပေါ်တွင် လူအရိပ်အယောင်ဟု၍ လုံးဝမတွေ့ရှိပေ။

သို့သော် ထင်းမီးဖိုများသည် ပူနွေးနေဆဲဖြစ်၏။ လေးနှစ်အရွယ်ကလေးလေးတစ်ယောက်သည် ချောင်ဖုန်းရှိပြေးလာပြီး "ကိုကိုမှာ မုန့်ပါရင် မီးမီးကို မုန့်လေးနည်းနည်းလောက်ကျွေးပါလား ၊ မီးမီး ဘာမှမစားရတာ တစ်ရက် ပြည့်တော့မည် " ဟု ​သနားဖွယ်ရာ အသံလေးဖြင့် ပြောလိုက်သည်။

ချောင်ဖုန်းသည် ယန်နင်းပေးလိုက်သော မုန့်များကို ထုတ်ပေးလိုက်၏။ ထိုအခါ မိန်းကလေးငယ်လေးသည် ဝမ်းသာစွာဖြင့် ထိုင်စားနေလေသည်။ထိုချိန်မှာ လူတစ်ယောက်သည် မိန်းကလေးငယ်လေးအား အတင်း ပွေ့ချီသွားပြီး သူနောက်မှ အမျိုးသမီးတစ်ယောက်ကို ပေးလိုက်၏။

ထို့နောက် လူအများကြီးပေါ်လာကာ ချောင်ဖုန်းအား မကောင်းဆိုးဝါး မြင်နေရသကဲ့သို့ ကြည့်နေကြလေသည်။ထိုလူတွေရဲ့ ကျင့်ကြံရေးစွမ်းအားသည် ဘုရင်နယ်ပယ်အဆင့်ကျင့်ကြံမှုသာ ရှိကြသေး၏။

ချောင်ဖုန်းသည် သူကိုယ်သူ မိတ်ဆက်လိုက်၏။ ထိုအခါ အားလုံးရဲ့အကြည့်တွေမှာ ချက်ချင်းပြောင်းလဲသွားသည်။ သူသည် ခရီးသွားတစ်ဦး ဖြစ်ကြောင်း ပြောပြလိုက်၏။ ထိုအခါမှသာ လက်နက်တစိချို့ ကိုင်ဆောင်ထားသော သူများသည် သိုလှောင်အိတ်ထဲသို့ ပြန်သိမ်းလိုက်သည်။

ချောင်ဖုန်းသည် ကလေးငယ်များအားလုံးကို ကြည့်လိုက်တဲ့အခါ အစာငတ်နေသဖွယ် ဖြစ်နေသောကြောင့် မူမမှန်ခြင်းကို သိရှိလိုက်၏။ ချောင်ဖုန်းသည် သူ့မှာရှိသော မုန့်များအားလုံးကို ထိုလူများကို ပစ်ပေးလိုက်တဲ့အခါ ကလေးငယ်များသည် ဝမ်းသာသွားကြလေသည်။

မိန်းကလေးငယ်လေးကို ပွေ့ချီသွားသော လူတစ်ယောက်သည် ဒီနေရာမှ အမြန်ဆုံး ပြန်ထွက်ခွာသွားသင့်ကြောင်း ချောင်ဖုန်းအား သတိပေးလိုက်၏။ထိုချိန်မှာ အမဲရောင်အငွေ့လှိုင်းကြီး ရောက်ရှိလာသဖြင့် အားလုံးသည် တဲအိမ်လေးများထဲသို့ ပြေးဝင်သွားကြသည်။

အမဲရောင်အငွေ့လှိုင်းကြီးသည် ချောင်ဖုန်းအနားသို့ ရောက်တဲ့အခါ လူသဏ္ဍာန်ပြောင်းလဲသွားပြီး "မင်းကဘယ်သူလဲ.......ဒီချောက်တဲစုကျွန်းမှာ မင်းကို တစ်ခါမှ မမြင်ဖူးဘူး " ပြောလိုက်၏။ထိုလူရဲ့နာမည်ကတော့ တန်ကျူးအန်ပင် ဖြစ်ပြီး နတ်နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။

ချောက်တဲစုကျွန်းတွင် လူနေအိမ် ၄၀လောက်ပင် ရှိပြီး သာမန်ကျင့်ကြံသူလေးများသာ ဖြစ်သည်။တရက်သောနေ့မှာ တန်ကျူးအန်သည် ချောက်တဲစု ကျွန်းပေါ်မှ မိန်းကလေးကို ချစ်ကြိုက်မိ၏။ သို့သော် ထိုမိန်းကလေးမှာ သူ့အား အဖက်တောင်မလုပ်ပေ။

တန်ကျူးအန် ချစ်ကြိုက်သောမိန်းကလေးသည် ချောက်တဲစုကျွန်းမှ ထွက်ခွာသွားခဲ့ပြီး တခြားတစ်ယောက်နဲ့ လက်ထပ်သွားခဲ့၏။ တန်ကျူးအန်သည် စိတ်နာနာနဲ့ ချောက်တဲစုကျွန်းမှ ထွက်ခွာသွားခဲ့ပြီး ကျင့်ကြံရေးကို သာ အာရုံစိုက်ခဲ့သည်။

နှစ်အနည်းငယ်အကြာမှာတော့ တန်ကျူးအန်သည် သူရှိသောနေရာမှ ချောက်တဲစုကျွန်းကို မကြာခဏ ပြန်လာခဲ့ပြီး ကျွန်းပေါ်ရှိယောကျာ်းလေးများတွေ့ရင် ဖမ်းချုပ်ရိုက်နှက်ပြီး မိန်းကလေးများကို အနိုင်ကျင့်ကာ ဖမ်းဆီးမှုများ ရှိလာခဲ့၏။

အချိန်ကစပြီး ချောက်တဲစုကျွန်းပေါ်ရှိ လူများသည် စားသောက်ရှာဖွေဖို့ပင် ခက်ခဲလာခဲ့သည်။ချောင်ဖုန်းသည် ဘာမှပင်ဖြေကြားမနေဘဲ အနီရောင်စာသားဖြင့် ကျင်ကြံမှုအဆင့်ကို ဖော်ပြထားသော တန်ကျူးအန်အား ရီဟန်လက်ချက်ဖြင့် သတ်ပစ်ခိုင်း

လိုက်သည်။

{ဂုဏ်ယူပါတယ်.........စနစ်ရှင်သည် ချောက်တဲစုကျွန်းကို သန့်ရှင့်သော နယ်မြေအဖြစ် ပြောင်းလဲပြီးတဲ့အတွက် သန့်စင်ခြင်းဝတ်စုံကို ဆုလာဒ်ဆောင် ရရှိပါမည်}

ချောင်ဖုန်းသည် သိုလှောင်ကွင်းထဲသို့ ရောက်ရှိသော အကြည်ရောင်ဝတ်စုံကို ကြည့်ပြီး ဝမ်းသာသွားခဲ့၏။ ထို့နောက် ချောင်ဖုန်းသည် ရီဟန်နဲ့အတူ ထိုနေရာမှ ပျောက်ကွယ်သွားပါတော့သည်။

တဲအိမ်လေးများထဲမှ ပုန်းနေသော လူများသည် ထွက်ရှိလာပြီး တန်ကျူးအန်အလောင်းကိုကြည့်ကာ ဝမ်းသာသွားကြ၏။

ထို့နောက် ကျွန်းပေါ်ရှိလူများသည် ဒူးနှစ်ဖက်ထောက်ကာ ခေါင်းနဲ့မြေကြီးဆောင့်၍ ပျောက်ကွယ်သွားသော ချောင်ဖုန်းကို ဂါဝါရပြုနေကြပါတော့သည်။ချောင်ဖုန်းသည် သူဝတ်ဆင်ထားသော အနီရောင်ဝတ်ရုံအား ရီဟန်ကို ဝတ်ဆင်စေလိုက်ပြီး သန့်စင်ခြင်းဝတ်စုံကို ပြောင်းဝတ်လိုက်၏။

ထို့နောက် ရီချုံနဲ့ရန်ယို အပေါ်မှ ပျံသန်းကာ ခရီးဆက်လာခဲ့လေသည်။ရီချုံသည် "အကိုကြီး.......ကြည့်ရတာ ရှေ့မှာ ပြသာနာ တစ်ခုခုဖြစ်နေပြန်ပြီထင်တယ် "ဟု ရယ်မောကာ ပြောလိုက်သည်။

ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအားဖြင့် ရီချုံပြောသော နေရာအား စစ်ဆေးကြည့်လိုက်၏။ထိုနေရာတွင် မိန်းကလေးအဖွဲ့နဲ့ ယောကျာ်းလေး အဖွဲ့သည် စကားအချေအတင် ပြောနေတာကို ချောင်ဖုန်းတွေ့လိုက်ရသည်။

မှော်အင်ပါယာနဲ့ ဝေးကွာသေးသောနယ်မြေတွင် ဆေးအဂ္ဂိရတ်ပညာရှင်များသည် ဆေးအမယ်များကို ဂရုတစိုက်ပျိူးထောင်နေကြရင်း စကားများနေကြ၏။ ချောင်ဖုန်းသည် ရီဟန်နဲ့ ထိုနေရာကို လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ချောင်ဖုန်းတို့သည် ဆေးအမယ်များ စိုက်ပျိုးထားသော ခြံအကျယ်ကြီးတစ်ခုသို့ ဝင်လာခဲ့၏။ အန်ရန်ပင်းဟု ခေါ်သော တစ်ယောက်သည် ချောင်ဖုန်းနဲ့ရီဟန်တို့ ဝင်လာတာနဲ့ နှုတ်ဆက်ကြိုဆိုလိုက်သည်။

ကြိုဆိုပြီးတဲ့နောက် အန်ရန်ပင်းသည် "သခင်လေး.......ဘာဆေးအမယ်များ လိုချင်လို့ပါသလဲ ၊ ကျွန်တော်တို့ ဆေးအမယ်တွေက သက်တမ်းဆယ်ချီနေပြီဖြစ်တဲ့အတွက် သခင်လေးသဘောကျမိမှာ သေချာတယ် ၊ သခင်လေးလိုချင်တဲ့ ဆေးအမယ် ရှိရင်ပြောပါ ကျွန်တော်ချက်ချင်း ရှာခူးပေးမယ် " ဟု ဖော်ရွေစွာ ပြောလိုက်၏။

All Chapters