chapter(163)
Vol. 12 Ch. 163
အသန့်စင်ဆုံးစနစ် အခန်း(163)
အန်ရန်ပင်းသည် ဆေးအမယ်ရောင်းတဲ့နေရာမှာ ဖော်ရွေတဲ့အတွက် လူအများသဘောကျကြ၏။ထိုချိန်မှာ ဘေးမှာ ရှိနေသောမိန်းကလေး "သခင်လေး.......ရှင်သူဆီမှာ ဝယ်မိရင်တော့ နောင်တအကြီးအကျယ်ရဖို့ ဖူရွယ် အာမခံတယ်" ဟု ပြောလိုက်သည်။
နှစ်ယောက်သားသည် ဆက်လက်စကားများရန်ဖြစ်နေကြ၏။ချောင်ဖုန်းသည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်နဲ့ ပက်သက်သော အကြောင်းအရာများအား ရှင်းပြပေးမည့် သူထံမှာ ဝယ်မည်ဟု ပြောလိုက်သည်။
အန်ရန်ပင်းနဲ့ ဖူရွယ်သည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်အတွင်းရှိ မီးပုလဲဂိုဏ်း၏ ဂိုဏ်းတူမောင်နှမဖြစ်သော်လည်း မတည့်ကြချေ။ ယခုအခါမှာလဲ ဂိုဏ်းတွင် ပြသာနာ ရှာထားသောကြောင့် နှစ်ယောက်လုံးသည် ဆေးအမယ်များကို ရောင်းရန် အပြစ်ပေးထံထားရခြင်း ဖြစ်၏။
မှော်အဂ္ဂိရတ်အင်ပါယာမြို့တော်တွင် မကြာခင်မှာ အင်ပါယာနတ်ဘုရားပြိုင်ပွဲကြီး မကြာခင် ကျင်းပတော့မည်ဖြစ်သည်။ထိုပြိုင်ပွဲကို
ဝင်ပြိုင်ဖို့အတွက် အင်ပါယာကို ကာကွယ်ပေးနေသော ဂိုဏ်းကြီးများရဲ့ တပည့်သားများကလွဲရင် တခြားလူများ ဝင်ပြိုင်ခွင့်မရှိပေ။
ထို့အပြင် ဂိုဏ်းတစ်ခု၌ လူနှစ်ယောက်သာ ယှဥ်ပြိုင်ခွင့်ရှိ၏။ ပထမရရှိသောဂိုဏ်းသည် မှော်အဂ္ဂိရတ်အင်ပါယာ၏ စီးပွားရေးနဲ့ ကာကွယ်ရေးကို ထိန်းချုပ်နိုင်သော အာဏာကို ရရှိမည်ဖြစ်သည်။
ချောင်ဖုန်းသည် ဝူဘုရင်တို့ကို ကယ်ထုတ်ဖို့နဲ့ ဝတ်ရုံနီဂိုဏ်းကို ရှာဖွေရန် နည်းလမ်းတွေ့သွားသည်။
ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းထဲမှ ရွှေဒင်္ဂါးများကို ထုတ်လိုက်တဲ့အခါ ဖူရွယ်နဲ့အန်ရန်ပင်းတို့သည် ပျော်ရွင်သွားကြ၏။ထိုရွှေဒင်္ဂါးအရေအတွက်နဲ့ဆို ဂိုဏ်းကို ပြန်ဖို့ဆို နှစ်ယောက်သား လုံလောက်ပြီဖြစ်သည်။
နှစ်ယောက်လုံးသည် ပြိုင်တူ ရှင်းပြတဲ့အတွက် ချောင်ဖုန်းသည် ရွှေဒင်္ဂါးများ ထုတ်ပေးကာ ဘာမှမယူတော့ဘဲ ထိုနေရာမှ ထွက်ခွာလာခဲ့၏။ဖူရွယ်နဲ့အန်ရန်ပင်းတို့သည် ခေါင်းများပင် ငုံကာ ချောင်ဖုန်းကို ကျေးဇူးတင်ကာ ကျန်နေခဲ့သည်။
ချောင်ဖုန်းသည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်ကို ခရီးဆက်လာခဲ့၏။ ချောင်ဖုန်းသည် နာရီအနည်းငယ်အတွင်းမှာ မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်သို့ ရောက်ရှိလာခဲ့သည်။မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်၏ အဝင်ဝတွင် စစ်ဆေးတားဆီးသူများမရှိပေ။
ချောင်ဖုန်းသည် အင်ပါယာထဲသို့ ဝင်ဝင်ချင်းမှာပဲ ဂိုဏ်းနာမည်များနဲ့ ရောင်းနေသော ဆိုင်တန်းများကို တွေ့လိုက်ရ၏။ ချောင်ဖုန်းနဲ့ ရီဟန်သည် လမ်းလျှောက်၍ ကြည့်နေစဥ်မှာ ဆေးမီးဖို ပေါက်ကွဲမှုအသံ တစ်ခုကို ကြားလိုက်ရ၏။
ထို့နောက် မိန်းကလေးတစ်ယောက်သည် မျက်နှာမှာ မဲတူးနေပြီး တစ်ကိုယ်လုံးပေကျံစွာဖြင့် ဆိုင်တစ်ခုထဲမှ ထွက်လာလေသည်။
ချောင်ဖုန်းသည် ထိုမိန်းကလေးကို တွေ့တဲ့အခါ အလိုလိုပင် ရယ်မိသွား၏။
ထိုအခါ ယန်ကျီဟုန်ဟု ခေါ်သော မျက်နှာမဲတူးနေသော မိန်းကလေးသည် " ရှင်က...... ဘာရီတာလဲ " ဟု ချောင်ဖုန်းအား ရန်တွေ့လိုက်သည်။
ချောင်ဖုန်းသည် ဂရုမစိုက်ဘဲ ရှေ့ဆက်သွားမယ့်ချိန်မှာ ထိုမိန်းကလေးသည် ချောင်ဖုန်းရှေ့ကို ပြေးဝင်လိုက်ပြီး ချောင်ဖုန်းနဲ့ရီဟန်ကို သေချာကြည့်လိုက်ပြီး "ရှင်တို့က အင်ပါယာတိုင်းပြည်က မဟုတ်ဘူးပဲ ၊ အင်ပါယာတိုင်းပြည်ရဲ့ စည်းကမ်းကို ရှင်မသိဘူးလား " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်သို့ ပထမဆုံးရောက်ဖူးတာကို ဝန်ခံလိုက်၏။ မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်အတွင်းတွင် ဝတ်စုံသုံးမျိူးသာ ရှိသည်။ ဂိုဏ်းသားဝတ်စုံ ၊ အင်ပါယာနတ်ဘုရားရဲတိုက်၏ ဝတ်စုံ နဲ့ ကာကွယ်စောင့်ရှောက်သော စစ်သည်တော်တို့၏ ဝတ်စုံပင် ဖြစ်သည်။
တခြားဝတ်စုံအား ဝတ်ဆင်ထားမယ်ဆိုရင် စစ်ဆေးမေးမြန်းခြင်း ခံရမည်။ချောင်ဖုန်းသည် ပထမဦးဆုံးရောက်ဖူးသည်ဖြစ်၍ ထိုကိစ္စကို မသိပေ။ ယန်ကျီဟုန်သည် သူ့ကိစ္စကို ဖြေရှင်းပြီးသား ဖြစ်သလို ချောင်ဖုန်းအား အဆင်ပြေမယ့် နည်းလမ်းကို ပြောပြလိုက်၏။
ယန်ကျီဟုန်သည် မှော်အဂ္ဂိရတ်အင်ပါယာအတွင်းရှိ ဂိုဏ်းတပည့်သား တစ်ယောက်ပင် ဖြစ်သည်။ အဆိပ်ပိုးကောင်ဂိုဏ်းတွင် ဂိုဏ်းသား အနည်းငယ်သာရှိပြီး မှော်အဂ္ဂိရတ်အင်ပါယာတွင် အနိမ့်ကျဆုံး ဂိုဏ်းတစ်ခုဖြစ်၏။
တခြားတိုင်းပြည်မှ လာသော အဂ္ဂိရတ်ပညာရှင်များသည် နိမ့်ကျသော အဆိပ်ပိုးကောင်ဂိုဏ်းကို မဝင်ကြပေ။ အင်ပါယာနတ်ဘုရားပြိုင်ပွဲကို ဝင်ပြိုင်ရန် အဆိပ်ပိုးကောင်ဂိုဏ်းမှ တပည့်သားများကို ရွေးချယ်နေတုန်းပင် ဖြစ်၏။
ထိုထဲတွင် ယန်ကျီဟုန်ရဲ့ အဖိုးသည် အဆိပ်ပိုးကောင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်၍ တပည့်နှစ်ယောက်ကို မွေးထုတ်ပေးရန် လိုအပ်သည်။ဒါပေမယ့် အဆိပ်ပိုးကောင်ဂိုဏ်း ဆိုတာနဲ့ လူအများက ရှောင်ထွက်သွားကြ၏။
ထို့ကြောင့် ယန်ကျီဟုန်သည် ချောင်ဖုန်းကို အဆိပ်ပိုးကောင် ဂိုဏ်းထဲဝင်ဖို့ ဖိတ်ကြားလိုက်သည်။ ချောင်ဖုန်းသည် သူ့အခြေအနေနဲ့ မည်သည့်ဂိုဏ်းမဆို ဝင်လို့ရပေမယ့် ယန်ကျီဟုန်ကို ခေါင်းငြိမ့်ပြကာ သဘောတူလိုက်၏။
ယန်ကျီဟုန်သည် ဝမ်းသာသွားပြီး ချောင်ဖုန်းအား သူနေသောအခန်းထဲသို့ အတင်းဆွဲခေါ်သွားသည်။အခန်းထဲရောက်တဲ့အခါ သိုလှောင်ကွင်းထဲမှ အဆိပ်ပိုးကောင်ဂိုဏ်း၏ ယောကျာ်းလေး ဝတ်စုံအား ထုတ်ပေးလိုက်သည်။
ယန်ကျီဟုန် ထိုဝတ်စုံကို ဝတ်ဆင်ပြီးရင် အပြင်ထွက်လာဖို့ ချောင်ဖုန်းအား ပြောလိုက်ပြီး အခန်းအပြင်မှ ထိုင်စောင့်နေ၏။ယန်ကျီဟုန်သည် အပြင်သို့ ရောက်တဲ့အခါ ရီဟန်က ချောင်ဖုန်းကို မစောင့်ဘဲ ထွက်ခွာသွားပြီလား လို့ ထင်လိုက်မိသည်။ ခဏအကြာမှာတော့ ချောင်ဖုန်း အခန်းထဲမှ ပြန်ထွက်လာတာနဲ့ ယန်ကျီဟုန်သည် ဝိညဥ်လှေတစ်စီးနဲ့အတူ နေရာတစ်ခုကို ခေါ်သွားခဲ့သည်။
ထိုနေရာကတော့ အဆိပ်ပိုးကောင်ဂိုဏ်း၏ ဌာနချုပ်ပင်ဖြစ်၏။အဆိပ်ပိုးကောင်ဂိုဏ်း၏ ဌာနချုပ်တွင် လူတစ်ယောက်သည် စားပွဲပေါ်မှာ ထိုင်နေသည်။ထိုသူကတော့ တခြားလူမဟုတ်ပေ။ယန်ကျီဟုန်ရဲ့ အဖိုး လီချီရန်ပင် ဖြစ်၏။
လီချီရန်သည် ချောင်ဖုန်းနဲ့ယန်ကျီဟုန်ကို မြင်တဲ့အခါ ထိုင်နေရာမှ မထဘဲ "ကျီဟုန်.......သူကဘယ်သူလဲ ၊ အဆိပ်ပိုးကောင်ဂိုဏ်းမှာ ငါသူ့ကို တခါမှ မမြင်ဖူးပါဘူး " လို့ မေးလိုက်သည်။ထိုအခါ ယန်ကျီဟုန်သည် ချောင်ဖုန်းနဲ့မိတ်ဆက်ပေးကာ ရှင်းပြလိုက်၏။
လီချီရန်သည် အမိန့်တံဆိပ်ပြားတစ်ခုအား ချောင်ဖုန်း ပစ်ပေးလိုက်ပြီး "ကျီဟုန်.....နင်ရော ချွမ်ရီဆေးလုံးကို ဖော်စပ်လို့ အောင်မြင်ပြီလား....."ဟု မေးလိုက်သည်။ ထိုအခါ ယန်ကျီဟုန်သည် ပြုံးစီစီနဲ့ ခေါင်းခါလိုက်၏။
လီချီရန်သည် ထိုကိစ္စကို သိပ်ခေါင်းထဲမထားပေ။အဆိပ်ပိုးကောင်ဂိုဏ်း၏ ပါရမီရှင်ဆိုသောသူသည် တခြားဂိုဏ်းများပါရမီရှင်များနှင့် ယှဥ်လျှင် အမြဲနောက်ဆုံးရနေခြင်းကြောင့်ဖြစ်၏။
ယန်ကျီဟုန်သည် ဆေးဖော်စပ်ဖို့ လေ့ကျင့်ချင်သေးတဲ့အတွက် လီချီရန်ကို အရိုအသေပြုကာ ချောင်ဖုန်းနဲ့အတူ သူ့ရဲ့အိမ်သို့ ပြန်လာခဲ့သည်။ယန်ကျီဟုန်သည် သူနေသော နေရာကို ပြန်ရောက်တာနဲ့ ဆေးဖော်စပ်သော အခန်းသို့ ချောင်ဖုန်းကို ခေါ်သွား၏။
ယန်ကျီဟုန်ပိုင်ဆိုင်သော ဆေးဖော်စပ်အခန်းထဲတွင် အရာအားလုံးသည် သေသေသပ်သပ် ပင်ရှိသည်။ယန်ကျီဟုန်သည် ဆေးမီဖိုအိုးကို ထုတ်လိုက်ပြီးသူနဲ့ ခပ်ဝေးဝေးမှ နေဖို့ ချောင်ဖုန်းအား သတိပေးလိုက်၏။
ထို့နောက်သူ့ရဲ့ နှစ်တစ်ထောင်ပင့်ကူမီးတောက်အား လက်ဖဝါးများမှ ထုတ်လိုက်ပြီး ဆေးမီးဖိုအား အပူပေးလိုက်သည်။ထို့နောက် ဆေးအမယ်များကို စတင်သန့်စင်ကာ ဖော်စပ်နေခဲ့၏။ ချောင်ဖုန်းသည် ယန်ကျီဟုန်ရဲ့ ဆေးဖော်စပ်ပုံကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
ခဏလေးအတွင်းမှာပဲ ဆေးမီးဖိုအိုး ထပ်မံပေါက်ကွဲကာ ယန်ကျီဟုန်ရဲ့မျက်နှာမှာ မဲတူးသွားပြန်၏။ချောင်ဖုန်းသည် ထပ်မံရယ်လိုက်တဲ့အခါ ယန်ကျီဟုန်သည် ရန်တွေ့ကာ ပြောဆိုလိုက်ပြီး ချောင်ဖုန်းအား ချွမ်ရီဆေးလုံးကို ဖော်စပ်ကြည့်ခိုင်းလိုက်၏။
ယန်ကျီဟုန်သည် ချွမ်ရီဆေးလုံးအား အကြိမ်ပေါင်းများစွာ ဖော်စပ်တာတောင် ယနေ့အချိန်ထိ အောင်မြင်အောင် မဖော်စပ်နိုင်သေးပေ။ ချွမ်ရီဆေးလုံးဖော်စပ်ရာတွင် အခက်အခဲများစွာ ရှိတဲ့အတွက် ချောင်ဖုန်းလဲ သိရှိသွားအောင် တမင် ဖော်စပ်ခိုင်းခြင်းပင်ဖြစ်သည်။
ယန်ကျီဟုန်သည် ဆေးမီးဖိုအိုးကြီး ပေါက်ကွဲ၍ ချောင်ဖုန်းရဲ့ မျက်နှာမဲတူးသွားမှာကို စိတ်ကူးထဲတွင်မြင်ယောင်ကာ စိတ်ထဲမှ ကြိတ်ရယ်နေခဲ့၏။ ချောင်ဖုန်းသည် ငါးရောင်ခြယ်သိုလှောင်ခြင်းရတနာထဲမှာ ဆေးအမယ်များကို ထုတ်လိုက်သည်။
ဆေးအမယ်များသည် သက်တမ်းထောင်ချီ သွားလိမ့်မယ်လို့ ချောင်ဖုန်းထင်မထားပေ။ ယန်ကျီဟုန်သည် ချောင်ဖုန်းလက်ထဲမှ သက်တမ်းထောင်ချီနေသော ဆေးအမယ်များကို တွေ့တဲ့အခါ လိုချင်စိတ်များ ဖြစ်ပေါ်လာခဲ့၏။
ချောင်ဖုန်းသည် လိမ္မော်ရောင်သဘာဝမီးတောက်အား သူလက်ဖဝါးမှ ထုတ်လိုက်တဲ့အခါ ယန်ကျီဟုန်သည် တံတွေးများပင် တီးသွားသည်။ထို့အပြင် ချောင်ဖုန်းသည် ဆေးမီးဖိုမလိုဘဲ အဆင့်လေးဆေးလုံးဖော်သော ချွမ်ရီဆေးလုံးကို ငါးမိနစ်အတွင်း ဖော်စပ်ပြတဲ့အခါ ယန်ကျီဟုန်သည် မတ်တပ်ရပ်နေရာမှ နောက်သို့ ထိုင်ချ သွားခဲ့၏။
ချောင်ဖုန်းသည် အဆင်မြင့် အဂ္ဂိရတ်ပညာရှင်ကြီးတစ်ယောက်ဖြစ်လိမ့်မည်ဟု ယန်ကျီဟုန်သည် ထင်မထားခဲ့ပေ။ဆေးမီးဖိုအိုး မလိုပဲ ဆေးလုံးဖော်စပ်သော မှော်အဂ္ဂိရတ်ပညာရှင်သည် ဒဏ္ဍာရီပုံပြင်ထဲမှာပဲ ရှိတော့သည်ဟု ယန်ကျီဟုန်သည် ကြားဖူး၏။