← Chapters

Chapter(164)

Vol. 12 Ch. 164

Chapter(164)

Vol. 12 Ch. 164

အသန့်စင်ဆုံးစနစ် အခန်း(164)

ယန်ကျီဟုန်သည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး "ကျီဟုန်.......သခင်လေးအပေါ် မလေးမစား လုပ်မိတာတွေ တောင်းပန်ပါတယ် " ဟု ပြောကာ မြေကြီးနဲ့ ခေါင်းကို ကပ်ထား၍ တောင်းပန်လေသည်။ချောင်ဖုန်းသည် ဒီကိစ္စကို လို့ဝှက်ထားဖို့နဲ့ သူ့အား ပုံမှန်အတိုင်း ဆက်ဆံဖို့သာ ပြောလိုက်ပြီး ယန်ကျီဟုန်အား ​ပြန်ထူလိုက်၏။

ဒီတစ်ခေါက် အင်ပါယာနတ်ဘုရားပြိုင်ပွဲသည် ချောင်ဖုန်းကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို ယုံကြည်လိုက်လေသည်။

ယန်ကျီဟုန်သည် ရုတ်တရက် အကြံတစ်ခုကို ရသွား၍ သူ့မျက်နှာမှာ ပြုံးရွင်လာလေ၏။

ယန်ကျီဟုန်သည် အသံမှာ ချက်ချင်းပင် နွဲ့နှောင်းသွားပြီး "သခင်လေး......ရှင်ကျွန်မကို တပည့်အဖြစ်လက်မခံချင်ဘူးလား " လို့ မေးလိုက်သည်။ ချောင်ဖုန်းသည် သောက်နေသော လက်ဖက်ကြမ်းများပင် တီးသွား၏။

ယန်ကျီဟုန်သည် အသံနဲ့မလိုက် ချွဲနွဲ၍ ပြောလိုက်ခြင်းကြောင့်ပင် ဖြစ်သည်။ချောင်ဖုန်းသည် ယန်ကျီဟုန်ရဲ့ အဂ္ဂိရတ်ပညာရှင်အဆင့်မှာလဲ အဆင့်သုံးနဲ့ အဆင့်လေးကြားသာ ရောက်ရှိသေး၍ သဘောတူလိုက်၏။

ချောင်ဖုန်းသည် အဆင့်ငါးအဂ္ဂိရတ်ပညာရှင်တစ်ယောက်ဆိုလျှင် တပည့်လက်ခံမည်မဟုတ်ပေ။ချောင်ဖုန်းသည် သူ့အား လက်ခံမည်လို့ ပြောလိုက်တဲ့အခါ ယန်ကျီဟုန်သည် ကခုန်လိုက်သည်။ ယန်ကျီဟုန်သည် "ဆရာ.......ကျီဟုန်က ဆရာရဲ့ပထမဆုံး တပည့်လား " ဟု မေးလိုက်၏။

ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး ပထမဆုံးတပည့်ဖြစ်သော စွေ့ရိုရှိသေးတဲ့အကြောင်း ပြောပြလိုက်သည်။ထိုအခါ ယန်ကျီဟုန်သည် ချောင်ဖုန်းရဲ့ ဇက်ကြောအားနှိပ်ပေးလိုက်ပြီး " ကျီဟုန်နဲ့ ဆရာတူအမစွေ့ရိုက ဆရာရှိမှာ တပည့်ဖြစ်ခွင့်ရတဲ့အတွက် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားနှစ်ယောက်ဖြစ်မယ် ထင်တယ်နော် ဆရာ " ဟု ပြုံးစိစိဖြင့် ပြောနေခဲ့၏။

ချောင်ဖုန်းသည် သူ့စကားသာ တသွေမသိမ်း နားထောင်မယ်ဆိုရင်

ဖြစ်ချင်တာတွေ အကုန်ဖြစ်လာစေရမယ်လို့ တည်ငြိမ်စွာ ပြောလိုက်သည်။ချောင်ဖုန်းသည် သူရဲ့ ဆေးဖော်စပ်နည်းတွေထဲမှ ယန်ကျီဟုန်နဲ့ လိုက်ဖက်သော ဆေးဖော်စပ်ခြင်းနည်းလမ်းအား ယန်ကျီဟုန်ရဲ့ အသိဥာဏ်အတွင်းသို့ ထည့်ပေးလိုက်၏။

ထို့နောက် ချောင်ဖုန်းသည် ကျန်ရှိသေးသော အချိန်တွင် သူပေးလိုက်သော ဆေးဖော်စပ်နည်းဖြင့် ဆေးလုံးတွေကို ဖော်စပ်စေခိုင်းလိုက်သည်။

ယန်ကျီဟုန်သည် ချောင်ဖုန်းပေးအပ်လိုက်သော ဆေးဖော်စပ်နည်းဖြင့် ဆေးဖော်စပ်ရာတွင် အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့သော ချွမ်ရီဆေးလုံးအား တစ်ကြိမ်ထဲနဲ့ပင် အောင်မြင်သွားတဲ့ အတွက် ပျော်ရွင်သွားခဲ့၏။

ထို့နောက် တစ်ညလုံး တစ်ခြားဆေးလုံးများကိုလဲ အောင်မြင်စွာ ဖော်စပ်နိုင်သွားခဲ့သည်။ယန်ကျီဟုန်သည် ဆေးလုံးများစွာကို အောင်မြင်စွာ ဖော်စပ်နိုင်တဲ့အတွက် ပျော်ရွင်နေချိန်မှာချောင်ဖုန်းသည် သူ့နားရောက်ရှိလာပြီး "ဒီလောက်ဆို လုံလောက်ပြီ" ဟု ပြောကာ ရပ်ခိုင်းလိုက်၏။

ယန်ကျီဟုန်သည် သူ့အားခိုင်းစရာရှိလို့လားလို့ မေးမြန်းလိုက်သည်။ချောင်ဖုန်းသည် ယန်ကျီဟုန်အား ထိုင်ခိုင်းလိုက်ပြီး သဘာဝမီးတောက်ရဲ့ ဖိအားစွမ်းအင်ဖြင့် ယန်ကျီဟုန် ခန္ဓာကိုယ်အတွင်းရှိ ပင့်ကူတစ်ထောင်မီးတောက်အား အပြင်သို့ ထွက်လာအောင် ဖိအားပေးလိုက်၏။

ယန်ကျီဟုန်သည် နာကျင်စွာ ခံစားလိုက်ရပြီး သူ့ရဲ့မီးတောက်သည် ခန္ဓာကိုယ်နဲ့ ချိတ်ဆက်ရာမှ ထွက်ခွာလာတဲ့အတွက် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

ပင့်ကူတစ်ထောင်မီးတောက်သည် အဆင့်ခြောက်သားရဲတစ်ကောင်ဆီမှ ရရှိထားသော မီးတောက်တစ်ခုဖြစ်၏။ ထိုမီးတောက်ကို ရယူဖို့အတွက် သူအဖိုးသည် တန်ဖိုးကြီးသော ရတနာများနဲ့ လဲလှယ်ပြီး သူမွေးနေ့တွင် ပေးအပ်ခဲ့တာကြောင့် ယန်ကျီဟုန်သည် တစ်စုံတစ်ခု ဖြစ်မှာကြောက်သွားသည်။

ယန်ကျီဟုန်သည် နာကျင်မှုများ ပျောက်သွားပြီး မျက်လုံးပြန်ဖွင့်တဲ့အခါ ပင့်ကူတစ်ထောင်မီးတောက်သည် ချောင်ဖုန်းလက်ထဲရောက်နေတာကို တွေ့လိုက်ရ၏။ ချောင်ဖုန်းသည် ပင့်ကူတစ်ထောင်မီးတောက်ကို သူရဲ့စွမ်းအင်တစ်မျိူးနဲ့ ချိတ်ပိတ်လိုက်ပြီး ယန်ကျီဟုန်ကို ပြန်ပေးလိုက်သည်။

ချောင်ဖုန်း ဘာတွေလုပ်နေလဲဆိုတာ ယန်ကျီဟုန်သည် နားမလည်တော့ပေ။ထိုချိန်မှာ ချောင်ဖုန်းသည် အဆင်ရှစ်​ခြင်္သေ့ဘုရင်မီးတောက်ကို ထုတ်လိုက်တဲ့အခါ ယန်ကျီဟုန်သည် လန့်ဖြန့်သွား၏။

ချောင်ဖုန်းသည် အဆင့်ရှစ်မီးတောက်အား ယန်ကျီဟုန်ကို ပေးလိုက်ပြီး စုပ်ယူခိုင်းလိုက်သည်။ယန်ကျီဟုန်သည် အဆင့်ရှစ်မီးတောက်မျိုးကိုတောင် မနှမြောဘဲ သူ့ကို ပေးလိမ့်မည်ဟု လုံးဝ မထင်ထားချေ။

ယန်ကျီဟုန်သည် ချောင်ဖုန်းကို တသွေမသိမ်းနားထောင်ဖို့ ဆုံးဖြတ်လိုက်ပြီး အဆင်ရှစ်မီးတောက်အား စုပ်ယူဖို့ ကြိုးစားလိုက်၏။ ချောင်ဖုန်းသည် သူ့ရဲ့စွမ်းအားဖြင့် ဘေးမှ ဖေးမ နေသောကြောင့် အချိန်ခဏလေးအတွင်းမှာပင် ယန်ကျီဟုန်နဲ့အဆင့်ရှစ်မီးတောက်သည် တစ်ထပ်ထဲ ကျသွားခဲ့သည်။

ထိုအခါ ချောင်ဖုန်းသည် မီးတောက်ရဲ့စွမ်းအားဖြင့် နေသားကျအောင် ဆေးလုံးများကို ထပ်မံဖော်စပ်ခိုင်းခဲ့၏။ နေမင်းကြီး၏ အလင်းရောင်သည် တဖြည်းဖြည်း လင်းထိန်လာတဲ့အခါ ချောင်ဖုန်းတို့သည် အဆိပ်ပိုးကောင်းဂိုဏ်းသို့ ထွက်ခွာလာခဲ့သည်။

အဆိပ်ပိုးကောင်းဂိုဏ်း၏ ခန်းမတစ်ခုထဲတွင် အကြီးအကဲ ၁၀ယောက်နဲ့အတူ ပြိုင်ပွဲဝင် ၁၈ ယောက်သည် ဆေးဖော်စပ်ရန် လူတချို့ကို စောင့်နေကြခြင်း ဖြစ်၏။

ထိုထဲမှ အကြီးအကဲ ချွန်းဖျီသည် ကန်ချီယွင်အား "ချီယွင်......ဒီတစ်ခေါက် ပါရမီရှင် ရွေးချယ်ပွဲမှာ မင်းက အကြီးအကဲတစ်ယောက်အနေနဲ့ ပညာသင် ဂိုဏ်းသားတောင် မွေးမထုတ်နိုင်တော့ဘူးလား ၊ ဟိုအသုံးမကျတဲ့ မင်းမြေးမလေးရော ပြေးပြီလား........" ဟု လေသံမာမာဖြင့် မေးလိုက်သည်။

ကန်ချီယွင်သည် ဒေါသထွက်ပြီး ချွန်းဖျီအား တိုက်ခိုက်တော့မယ့်ချိန်မှာ အဆိပ်ပိုးကောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ခဲ့ရှီကွမ်သည် ခန်းမထဲဝင်ကာ တားလိုက်၏။ ခဲ့ရှီကွမ် ရဲ့နောက်တွင် အသက်ကြီးကြီး လူနှစ်ယောက်သည် လိုက်ပါလာခဲ့သည်။

ထိုနှစ်ယောက်ကတော့ အင်ပါယာနတ်ဘုရားရဲတိုက်၏ အကြီးအကဲ နှစ်ယောက်ပင် ဖြစ်၏။ကန်ချီယွင်သည် ချောင်ဖုန်းတို့ကို အမြန်လာဖို့ မျှော်လင့်နေပင်မယ့် ပေါ်မလာသေးပေ။ခဲ့ရှီကွမ်သည် နေရာနှစ်ခု လွတ်နေသောကြောင့် မေးမြန်းမည့်ချိန်တွင် ချောင်ဖုန်းနဲ့ ယန်ကျီဟုန်သည် ခန်းမထဲသို့ ဝင်လာခဲ့၏။

ချောင်ဖုန်းကို မြင်တဲ့အခါ ခဲ့ရှီကွမ်သည် ကန်ချီယွင်အား မေးမြန်းလိုက်သည်။ချောင်ဖုန်းသည် အဆိပ်ပိုးကောင်ဂိုဏ်း၏ ဂိုဏ်းသားအသစ်ဟု၍ အားလုံးသိအောင် ပြောပြလိုက်၏။ အင်ပါယာနတ်ဘုရားရဲတိုက်၏ အကြီးအကဲ နှစ်ယောက်ကတော့ အဆိပ်ပိုးကောင် ဂိုဏ်း၏ ဂိုဏ်းသားအဖြစ်ကို ရွေးချယ်သောကြောင့် ချောင်ဖုန်းကို အရည်အချင်းမရှိဘူးလို့ ထင်နေခဲ့သည်။

အင်ပါယာနတ်ဘုရားရဲတိုက်၏ အကြီးအကဲတစ်ယောက်ဖြစ်သော စုန့်ရှောင်လျိုသည် သူ့သူ့သိုလှောင်ကွင်းထဲမှ စာလိပ် အလိပ်၂၀ကို ထုတ်လိုက်၏။ ထိုစာလိပ်သည် ဖော်စပ်ရမည့် ဆေးလုံး၏ အမယ်များနဲ့ ဆေးနာမည်ကိုသာ ရေးသားထားသော စာလိပ်သာ ဖြစ်သည်။ဖော်စပ်ရမည့်နည်းလမ်း မပါဝင်ချေ။

ထို့နောက် ထိုစာလိပ်တွေအား တစ်ယောက်တစ်လိပ် ထွက်ယူဖို့ အမိန့်ပေးလိုက်သည်။ထိုအခါ အားလုံးသည် အရောင်မတူသော စာလိပ်များကို ရွေးချယ်၍ သူတို့ ဖော်စပ်ရမည့် နေရာသို့ ကိုင်ဆောင်သွားကြ၏။

နောက်ဆုံးတွင် နှစ်ခုသာ ကျန်ရှိတဲ့ ယန်ကျီဟုန်သည် နှစ်ခုလုံးယူလိုက်ပြီး ချောင်ဖုန်းကို တစ်လိပ်ပေးလိုက်သည်။ ဆေးလုံးများဖော်စပ်ဖို့ အချိန်သည် ခြောက်နာရီဖြစ်၏။မသမာသော နည်းလမ်း ဖြင့် ဆေးဖော်စပ်မယ်ဆိုရင် အင်ပါယာနတ်ဘုရားရဲတိုက်တွင် အမေးအမြန်းမရှိ ထာဝရအဖမ်းခံရမည်။

ထို့ကြောင့် မဟုတ်မမှန်သော နည်းလမ်းကို အသုံးမပြုရဲကြပေ။

အင်ပါယာနတ်ဘုရားရဲတိုက်၏ အကြီးအကဲနှစ်ယောက်သည် စည်းကမ်းတွေ ပြောပြပြီးတဲ့နောက် ပြိုင်ပွဲကို စတင်ခိုင်းလိုက်၏။l

ထိုအခါ အားလုံးသည် ဆေးမီးဖိုများကို ထုတ်ကာ စတင်အပူပေးဖို့ ပြင်ဆင်ကြလေသည်။

သို့သော် တချို့ကတော့ မီးတောက်များကို ထုတ်ကာ ကြွားနေခဲ့ကြ၏။ ယန်ကျီဟုန်သည် သူရဲ့အဆင့်ရှစ်မီးတောက်အား ထုတ်လိုက်တဲ့အခါ လူအများစုရဲ့ မျက်လုံးများသည် ယန်ကျီဟုန်ရဲ့ အားကောင်းသော မီးတောက်အပေါ် ကျရောက်လာကြသည်။

ကန်ချီယွင်သည် ထိုမီးတောက်ထွက်ပေါ်လာခြင်းအတွက် အံ့အားသင့်သွားခဲ့၏။ ထိုချိန်မှာ ချောင်ဖုန်းဘေးမှ လူတစ်ယောက်သည် ချောင်ဖုန်းအား ကြည့်ကာ "အကြီးအကဲချီယွင်.......ဒီတစ်ယောက်ကို ဘယ်ကခေါ်လာတာလဲ ၊ သူ့မှာ အသေးစားမီးတောက်လေးတစ်ခုတောင် မရှိဘူးလား......" ဟု တည်ငြိမ်စွာဖြင့် ပြောကာ ကန်ချီယွင်အား အရှက်ခွဲလိုက်သည်။

အင်ပါယာနတ်ဘုရားရဲတိုက်မှ အကြီးအကဲနှစ်ယောက်လုံးသည် ဆေးဖော်စပ်နေချိန်အတွင်း အရေးကြီးကိစ္စမရှိဘဲ အသံမထွက်ဖို့ ပြောလိုက်တဲ့အခါ အသံများသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။

ချောင်ဖုန်းကတော့ ထိုလူအား ဂရုမစိုက်ဖြင့် ကိုယ်ပိုင်စွမ်းအားဖြင့် ဆေးမီးဖိုအိုးကို အပူပေးပြီး ဆေးအမယ်များကို သန့်စင်နေခဲ့သည်။ စုန့်ရှောင်လျိုသည် ချောင်ဖုန်းအသုံးပြုသော ဆေးအမယ်များမှာ သူတို့မှာ ရှိတာနဲ့ မတူညီသဖြင့် ချောင်ဖုန်းအနားကို ရောက်လာခဲ့၏။

All Chapters