ကမောက်မက တိုက်ပွဲအစ
Vol. 76 Ch. 1060
မိုဝူကျိက ကံစမ်းကြည်ချင်သောကြောင့် သူ မိုးကြိုးချက်များကို တကယ် တောင့်မခံနိုင်တော့သည့်အချိန်မှ မှော်ရတနာကို ထုတ်ဖို့ ရည်ရွယ်ထားသည်။ သိပ်သည်းသော မိုးကြိုးချက်များ မိုဝူကျိ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့်အခါ သူတို့က မိုဝူကျိ၏ အရည်ပြားကို ဘာမှမဖြစ်စေပေ။ ထိုအခါမှ မိုဝူကျိက သူသည် ဝိဇ္ဇာရုပ်ခန္ဓာအဆင့်တွင် ရှိနေကြောင်း အမှတ်ရသွားလေ၏။
လောကနတ်ဘုရား မိုးကြိုးစမ်းသပ်ချက်က အားကောင်းသော်လည်း သူ့အတွက် မုန်တိုင်းကြား လမ်းလျှောက်နေရသလိုသာ ဖြစ်၏။ အန္တရာယ်ပေးနိုင်ဟန် ပေါ်သော်ငြား စိမ်ခေါ်မှုတော့ မဟုတ်ပေ။
နောက်ထပ် မိုးကြိုးချက်များ ကျရောက်လာသည့်အခါ မိုဝူကျိက လက်သီးချက်များ တစ်ချက်ပြီး တစ်ချက် ပစ်ခွင်းလိုက်သည်။ ဤသို့ မိုးကြိုးစမ်းသပ်ချက်မျိုးသည် သူ့ခန္ဓာအား လေ့ကျင့်ဖို့ရာ မလုံလောက်ပေ။ ထို့ကြောင့် သူက မိုးကြိုးချက်များ ပိုမို အားကောင်းလာစေဖို့ မိုးကြိုးစမ်းသပ်ချက်ကို လှုံ့ဆော်ပေးရမည် ဖြစ်၏။ ထိုအခါမှ သူ့အနေနှင့် လျှပ်စီးအဆီအနှစ်များကို အလျှင်အမြန် စုပ်ယူနိင်လိမ့်မည်။
မိုးကြိုးစမ်းသပ်ချက်က အမှန်တကယ် လှုံ့ဆော်ခံလိုက်၏။ မိုးမြေစည်းမျည်းအောက်ရှိ မိုးကြိုးစမ်းသပ်ချက်သည်လည်း သူတို့ကိုယ်ပိုင် ဂုဏ်ပုဒ်နှင့်သူ ရှိပေသည်။
အစပိုင်းတွင် မိုးကြိုးချက်များက အပြာရောင် ဖြစ်သော်လည်း ယခုအခါ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားက ယခင်ထက် အဆများစွာ ပိုတုတ်လာပြီး ပို၍ အန္တရာယ်ကြီးလာသည်။
မိုဝူကျိက လေအေးများ မှုတ်ထုတ်ကာ ကာကွယ်ရေး အစီအရင်အကူအညီဖြင့် ကောင်းကင်သို့ ထိုးတက်သွားလေ၏။ အကယ်၍ နိဗာန တိတ်ဆိတ်မှုပင်လယ်က သူ့အောက် ရှိနေလျှင်ပင် မိုဝူကျိအား ကောင်းကင်အထိ တက်သွားဖို့ မတားဆီးနိုင်ပေ။
သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အားကုန်လှည့်ပတ်ထားပြီး ခရမ်းရောင် မိုးကြိုးချက်များ သူ့ဆီ ကျရောက်လာသည့်အခါ သူ့ကျင့်ကြံဆင့်ရှိ အတားအဆီးများ ပွင့်ထွက်သွားသလို ခံစားမိလိုက်၏။ ချီသွေးကြောများနှင့် စွမ်းအင်ဗဟိုချက်အတွင်း ဖိနှိပ်ထားသော နတ်သဘာဝ စွမ်းအားများက တစ်ကိုယ်လုံးအနှံ့ ပြန့်လာသည်။
မိုဝူကျိ၏ ခန္ဓာကိုယ်ကို ကြီးကျယ်ခမ်းနားသော အရှိန်အဝါ လွှမ်းခြုံသွားပြီး နတ်ဝိညာဉ်စွမ်းအားများကို လက်သီးချက်ထဲ၌ ထည့်သုံးကာ နောက်လာမည့် ခရမ်းမိုးကြိုးချက်များကို ရင်ဆိုင်လိုက်သည်။
ထိုစဉ် မိုဝူကျိက ကြည်လင်ပြတ်သားသော ကမ္ဘာစည်းမျည်းကို ဖမ်းဆုပ်မိသွားသည်။ မိုဝူကျိက ထိုအရာသည် လောကနတ်ဘုရားအဆင့်လားဟု တွေးတောနေစဉ် သူ့လူသားကမ္ဘာက သူ့တာအိုအငွေ့အသက်များအားလုံးဖြင့် ရုတ်ချည်းဆိုသလို ပေါင်းစပ်သွားလေ၏။
လက်ရှိ မိုဝူကျိအောက်ရှိ နတ်ဝိညာဉ်သွေးကြောများက နေလုံးအပူချိန်ကြောင့် အပူဟပ်လာသလို စတင် အရည်ပျော်ကျလာသည်။ ထိုနတ်ဝိညာဉ်စွမ်းအားများကို မိုဝူကျိက အလဟသပ် မဖြစ်စေဘဲ စုပ်ယူထားသည်။ ဆက်တိုက်ဆိုသလို မိုဝူကျိ၏ ကျင့်ကြံဆင့်မှာလည်း မြင့်တက်နေလေ၏။
ဒီဟာက ….
မိုဝူကျိက မှင်တက်မိသွားသည်။ သူက လောကနတ်ဘုရားအဆင့် ရောက်သွားကြောင်း သိလိုက်ပြီး ထိုအဆင့်တက်လှမ်းပြီးနောက် ဘာလုပ်ရမည်ကိုလည်း နားလည်သဘောပေါက်လိုက်သည်။
ဤသည်က သူ့ကမ္ဘာအတွင်းသို့ စည်းမျည်းများ ပေါင်းစပ်ပေးပြီး သူ့ကိုယ်ပိုင်ကမ္ဘာ ဖွဲ့စည်းဖို့ ဖြစ်သည်။
လက်ရှိ သူ့လူသားကမ္ဘာ၏ စည်းမျည်းများသည် ဆက်တိုက် မြင့်တက်နေပြီး သူ့ဘာသာ ပြီးပြည့်စုံအောင် လုပ်နေသည်။ ထိုအခါမှ မိုဝူကျိက သူသည် အခြားသူများနှင့် ခြားနားနေကြောင်း သတိပြုမိလိုက်ခြင်း ဖြစ်၏။
လောကနတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် တခြားသူများ၏ ကမ္ဘာမှာ သားလောင်းသဏ္ဍာန်နှင့်သာ ရှိသေး၏။ တစ်ဖက်တွင် သူ့ကမ္ဘာက လွန်ခဲ့သည့်နှစ်များစွာကတည်းက ကောင်းကင်အင်မော်တယ်အဆင့် တက်လှမ်းစဉ် လောကလမ်းကြောင်းမှ ဖြစ်တည်လာနှင့်ပြီးသား ဖြစ်နေသည်။
ထိုကြောင့် သူက လောကနတ်ဘုရားအဆင့် တက်လှမ်းသည့်အခါ အတားအဆီး မကြုံတွေ့ရခြင်း ဖြစ်၏။ သူ့တွင် အရင်းအမြစ် လုံလုံလောက်လောက် ရှိပါက အားလုံးက ချောချောမွေ့မွေ့ ဖြစ်နေမည် ဖြစ်ကာ အဆင့်တက်လှမ်းနိုင်လိမ့်မည်။ ထိုမျှတင် မကသေးဘဲ သူ့မိုးကြိုးစမ်းသပ်ချက်၏ ဆုလာဘ်ဖြင့် သူက ကမ္ဘာဖွဲ့စည်းဖို့ ဒါမှမဟုတ် အတားအဆီးများကို ချိုးဖောက်ဖို့ သုံးမည့်အစား ကျင့်ကြံဆင့် တိုးတက်လာဖို့ အသုံးပြုနိုင်ပေ၏။
အကယ်၍ သူသာ လူသားကမ္ဘာကို မဖွဲ့စည်းရသေးလျှင် မိုးကြိုးစမ်းသပ်ချက် အဆုံးမသတ်ခင်အထိ သူ့ကမ္ဘာစည်းမျည်းများ ပြီးပြည့်စုံအောင် မလုပ်နိုင်ခင် လောကနတ်ဘုရား၏ အတားအဆီးများကို ကျော်ဖြတ်ဖို့ ကြိုးစားနေရလောက်သည်။
ယခု သူ လုပ်ဖို့လိုအပ်နေသည်ကား ကြိုးစား၍ ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ရာ ဖြစ်သည်။ တခြားသော နတ်ဘုရားအုပ်စိုးသူများနှင့် ယှဉ်လျှင် သူက လူသားကမ္ဘာကို ဖွဲ့တည်ထားပြီးသား ဖြစ်၏။
တကယ်တော့ မိုဝူကျိက လောကနတ်ဘုရားအကြောင်း သေချာမသိသေးပေ။ သူက တခြားသော လောကနတ်ဘုရားများလည်း သူ့လိုမျိုး ဖြစ်ကာ လောကနတ်ဘုရားအဆင့် တက်လှမ်းပြီးသည့်နောက်တွင် ကမ္ဘာတစ်ခု ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ အမှန်တရားကား လောကနတ်ဘုရားများ ဂုဏ်သတင်းကျော်ကြားနေခြင်းမှာ သူတို့ ထိုအဆင့် ရောက်ရှိပြီးသည်နှင့် သူတို့ကိုယ်ပိုင် တည်နေရာလေးကို ဖန်တီးနိုင်၍ ဖြစ်သည်။ ဤတည်နေရာလေးမှာ ကျင့်ကြံသူ၏ ကျင့်ကြံဆင့်နှင့် မပြီးပြည့်စုံခင် မိုးမြေစည်းမျည်းများအပေါ် နားလည်စွမ်းအရ တိုးမြင့်လာမည် ဖြစ်၏။
သေချာသည့် အနေအထားတစ်ခု ရောက်ရှိပြီးမှ သူတို့ ဖန်တီးထားသော ကမ္ဘာမှ လောကလမ်းကြောင်း ဖြစ်တည်လာကာ စည်းမျည်းများနှင့် တကယ့်ကမ္ဘာအစစ်အဖြစ် ဆင့်ကဲပြောင်းလဲလာမည် ဖြစ်၏။ စည်းမျည်းများနှင့် ကမ္ဘာအစစ်တစ်ခု မဖြစ်လာခင် လောကနတ်ဘုရား အမည်ရှိ “ လောက” သည်မှာ ရွေ့လျားနိုင်သော သိုလှောင်လက်စွပ်တစ်ကွင်းလိုသာ ဖြစ်ပေမည်။ သို့မဟုတ် စိတ်ဝိညာဉ် သားရဲတချို့ကို ထည့်ထားနိုင်စွမ်း ရှိသော်လည်း မိုဝူကျိ၏ လူသားကမ္ဘာလောက် စည်းမျည်းများ ပြီးပြည့်စုံနေမည် မဟုတ်ပေ။ မိုဝူကျိ၏ လူသားကမ္ဘာအတွင်း စည်းမျည်းများက ဆက်တိုက် ပြောင်းလဲနေသလို ဆေးပင်အမျိုးမျိုး စိုက်ပျိုး၍လည်း ရပေသည်။ နောက်ဆုံးအနေနှင့် ပြောရလျှင် တခြားသူများကိုပင် ကျင့်ကြံခွင့် ပြုနိုင်သေး၏။
“ ဝုန်း ” မိုဝူကျိ ခြေထောက်အောက်ရှိ နတ်ဝိညာဉ်သွေးကြောများက ပျက်စီးသွားကာ မိုဝူကျိ၏ ကျင့်ကြံဆင့်သည်လည်း လောကနတ်ဘုရား အဆင့် ၁ မှ အဆင့် ၃ သို့ မရောက်ခင်လေး အဆင့် ၂ မှာ ရပ်တန့်သွားတော့သည်။
မိုးကြိုးစမ်းသပ်ချက်က အားနည်းလာသောကြောင့် မိုဝူကျိက နတ်ဝိညာဉ်သွေးကြောများ ထပ်ထုတ်လျှင်ပင် သူ့ကျင့်ကြံဆင့်မှာ ထပ်၍ မြင့်တက်လာတော့မည် မဟုတ်ကြောင်း ကောင်းကောင်း နားလည်လိုက်၏။ အကြောင်းအရင်းမှာ သူ့ကမ္ဘာကား ဟိုးအချိန်ကတည်းက ဖွဲ့စည်းပြီးသား မဟုတ်ပါလော။
လောကနတ်ဘုရားအဆင့် ရောက်ရှိပြီး ကျင့်ကြံဆင့် အနည်းငယ် တိုးမြင့်လာခြင်းက မိုဝူကျိအား အလွန်ကျေနပ်သွားစေသည်။
သူက သူ့ လောကနတ်ဘုရား အဆင့် ၃ အင်အားသည် နတ်ဘုရားဘုရင်နှင့် မည်မျှ ကွာဟကြောင်း မသိသော်လည်း သူ သေချာသည့်အချက်တစ်ခု ရှိပေသည်။ အကယ်၍ သူသာ နတ်ဘုရားဘုရင်ဟု ခေါ်နေသော လူများနှင့် ကြုံတွေ့ခဲ့ရလျှင် သူ့အနေနှင့် နောက်ထပ် ထွက်ပြေးစရာ မလိုတော့ပေ။
လူသားဂိုဏ်းကို မိုဝူကျိ၏ ပုံစံအတိုင်း ခမ်းနားဖွယ် တည်ဆောက်ထားလေ၏။ သူက လူသားဂိုဏ်းသည် နတ်ဘုရားကမ္ဘာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာသည်နှင့် ပြောင်းလဲသွားနိုင်ကြောင်း သိထားသော်လည်း ဝေရုက လူသားဂိုဏ်း၏ ဘေးနံရံများမှအစ အားသွန်ခွန်စိုက် စိတ်ရောကိုယ်ပါ နှစ်၍ အသေးစိတ် တည်ဆောက်ပေးနေသည်။
လွန်ခဲ့သည့်ဆယ်နှစ်နှင့် ယှဉ်လိုက်လျှင် လက်ရှိ လူသားဂိုဏ်းသည် အဖွဲ့ဝင်အရေအတွက်မှလွဲ၍ ပုံပန်းသဏ္ဍာန်မှာ ထိပ်သီးဂိုဏ်းနှင့် မကွာခြားတော့ပေ။ ထို့အပြင် လူသားဂိုဏ်း အနောက်ဖက်တွင် နိဗာနတိတ်ဆိတ်မှုပင်လယ်ပြင် ရှိနေသောကြောင့် လူသားဂိုဏ်းက ပိုမို အဟန့်ကောင်းကာ ကြီးကျယ်ခမ်းနားနေသည်။
“ တာ့ရှီရှန်း လောကနတ်ဘုရားအဆင့် ရောက်သွားတာ ဂုဏ်ပြုပါတယ် ” မိုဝူကျိ လူသားဂိုဏ်းဆီ ပြန်ရောက်လာသည်နှင့် ဝေရုက ဂုဏ်ပြုစကားဆိုလိုက်၏။
မိုဝူကျိက ဝေရုအတွက် သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ပေးကာ “ ဒီထဲမှာ ကျင့်ကြံရေး နတ်ဆေးလုံးတွေ ပါတယ်။ မင်း စိတ်ကြိုက်သုံး … ဆေးအဆိပ်သင့်မှာကိုလည်း မစိုးရိမ်နဲ့။ အဲဒီအထဲမှာ အုပ်စိုးသူဖွဲ့စည်းရေး ဆေးလုံးလည်း ပါတယ် … ”
“ အုပ်စိုးသူဖွဲ့စည်းရေး ဆေးလုံးလား ” ဝေရုက ထိုစကားကို ကြားလိုက်သည့်အခါ လက်စွပ်ပင် လွတ်ကျလုမတတ် ဖြစ်သွားလေ၏။
နောက်တဆင့်ကို တက်လှမ်းဖို့ရာအတွက် ဆေးလုံးမသုံးသည့် ကျင့်ကြံသူများမှာ အတော်လေး ရှားပါးလှသည်။ ထိုအကြောင်းအရင်းကြောင့် ကောင်းကင်နတ်ဘုရားအဆင့်မှ နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းရာ၌ အသုံးပြုသော အုပ်စိုးသူ ဖွဲ့စည်းရေး ဆေးလုံးသည် အလွန်အဖိုးတန်နေခြင်း ဖြစ်၏။ နတ်ဘုရားနယ်မြေ၌ အုပ်စိုးသူ ဖွဲ့စည်းရေးဆေးလုံး ပေါ်လာလျှင် တိုက်ပွဲပင် ဖြစ်သွားနိုင်ပေသည်။ ထိုဆေးလုံးအဆင့်က အရေးမကြီးပေ။
မိုဝူကျိက ဝေရု ပခုံးအား ပုတ်ပေးကာ
“ အုပ်စိုးသူ ဖွဲ့စည်းရေး ဆေးလုံးအပြင် လောကတည်ဆေးလုံးနဲ့ နတ်ကျောက်စိမ်း ဆေးလုံးတွေလည်း ပါတယ်။ မင်းသာ တိုးတက်နေသရွေ့ နောင်ကျ သေချာပေါက်ကို နတ်ဘုရားဘုရင် ဖြစ်လာလိမ့်မယ် ”
မိုဝူကျိအတွက် အဖိုးတန်ဆုံးဆေးလုံးမှာ နတ်ကျောက်စိမ်း ဆေးလုံး ဖြစ်၏။ အုပ်စိုးသူဖွဲ့စည်းရေး ဆေးလုံးနှင့် လောကတည် ဆေးလုံးတို့ကား သူ့တွင် အပုံလိုက် ရှိပေသည်။ သို့သော်လည်း သူ့တွင် ချီပင်း ပေးထားသော ကြည်လင်ကျောက်စိမ်းပန်းဖြင့် နတ်ကျောက်စိမ်း တစ်သုတ်စာ ဖော်စပ်ရုံမျှသာ ကျန်ရှိတော့သည်။
ဝေရုက လောကတည်ဆေးလုံးနှင့် နတ်ကျောက်စိမ်း ဆေးလုံး ရှိနေကြောင်း ကြားလိုက်ရသည့်အခါ သိုလှောင်လက်စွပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း “တာ့ရှီရှုန်း …. ကျွန်တော် နတ်ဘုရားဘုရင်အဆင့်ကို သေချာပေါက် ရောက်စေရမယ် ”
နတ်ဘုရားနယ်မြေ၌ လူများစွာက လောက နတ်ဘုရားအဆင့် သို့မဟုတ် နတ်ဘုရားအုပ်စိုးသူအဆင့်၌ ရပ်တန့်သွားကြရသည်။ စည်းမျည်းများ လွှမ်းမိုးမှုကြောင့်အပြင် ပို၍ အရေးပါသည့် အချက်မှာ သူတို့ကျင့်ကြံဆင့်ကို ထောက်ကူပေးမည့် ဆေးလုံးများ မရှိ၍ ဖြစ်သည်။ ဝေရုက နှစ်များစွာ သွားလာနေခဲ့၍ ဤသဘောတရားကို ကောင်းစွာ နားလည်ထားသည်။ ယခု မိုဝူကျိက သူ့အတွက် လမ်းဖောက်ပေးနေလေရာ သူက ထိုလမ်းကြောင်းကို လျှောက်လှမ်းဖို့ မရွေးချယ်လျှင် အရမ်းအားပျော့နေပေလိမ့်မည်။
“ ကောင်းပြီ … ငါ လနည်းနည်းလောက် ဆက်လေ့ကျင့်လိုက်ဦးမယ်။ ပြီးတာနဲ့ နတ်ဘုရားသိုက်မြုံဆီ သွားကြတာပေါ့။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာတုန်း နတ်ဘုရားသိုက်မြုံက ငါတို့အခွင့်အရေးတွေ ကိန်းအောင်းနေတဲ့ နေရာတစ်ခုပဲ ” မိုဝူကျိက ရှင်းပြလိုက်၏။
သူက တံခါးပိတ် လေ့ကျင့်ဖို့ လိုအပ်နေခြင်းမှာ ဝေရုအတွက် တိုက်ခိုက်ရေး အစီအရင်ပြားနှင့် ကာကွယ်ရေး အဆောင်တချို့ ပြုလုပ်ပေးရန် ဖြစ်သည်။ ထို့အပြင် သူက အတားအဆီး အစီအရင်ပြားတချို့လည်း ပြုလုပ်ချင်သေး၏။
ခွန်းယွင်က တစ်ခါ ပြောခဲ့ဖူး၏။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည်နှင့် နတ်ဝိညာဉ်သွေးကြောများစွာ ကောင်းကင်မှ ကျလာလိမ့်မည်။ အကယ်၍ သူ့တွင် အတားအဆီး အစီအရင်ပြား ရှိထားလျှင် ထိုနတ်ဝိညာဉ်သွေးကြောများကို စုဆောင်းနိုင်လိမ့်မည်။
***
နတ်ဘုရားသိုက်မြုံ၏ စည်းမျည်းအက်ကြောင်းက လက်မရာချီ ကျယ်ဝန်းနေပြီ ဖြစ်ရာ ဆက်လက် ကျယ်ပြန့်နေဆဲ ဖြစ်၏။
ထိုစည်းမျည်း အက်ကြောင်းမှ အဆုံးမဲ့ စည်းမျည်းများလည်း ထွက်ပေါ်နေသောကြောင့် များပြားစွာသော ကျင့်ကြံသူတို့က ထိုစည်းမျည်းများကို အသုံးချရင်း အဆင့်ချိုးတက်ဖို့ ကြိုးစားနေကြသည်။
နတ်ဘုရားနယ်မြေ၊ နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားလောကရှိ ကျင့်ကြံသူတိုင်းက နတ်ဘုရားသိုက်မြုံဆီ အပြေးအလွှား လာနေကြသည်။ ဤနေရာမှာ ကျင့်ကြံရေး ထိပ်တန်း တော်ဝင်နယ်မြေတစ်ခုလို ဖြစ်လာလေ၏။
ထိုအချိန်၌ ရန်သူများပင် တစ်ယောက်နှင့် တစ်ယောက် တွေ့ကြလျှင်ပင် လက်စားချေဖို့ရာ စိတ်ကူးမရှိကြပေ။ အားလုံးက ကျင့်ကြံရေးကိုသာ အာရုံအပြည့်အဝ စိုက်ထားကြသည်။ ဤအခွင့်အရေးက မည်မျှ ကြာရှည်မည်ကို မသိနိုင်ပေ။
ထို့အပြင် မည်သူကမှ စည်းမျည်းအက်ကြောင်းထဲ ခုန်ဝင်မလိုကြပေ။ ထိုအထဲ ဝင်လိုက်ခြင်းက သေခြင်းတရားနှင့် အတူတူ ဖြစ်ကြောင်း သိနေကြ၏။
ပြင်းထန်သော ပေါက်ကွဲသံများကို စည်းမျညးအက်ကြောင်းမှ ဆက်တိုက် ကြားနေရပြီး ထိုအသံ ထွက်ပေါ်လာသည့်အခါတိုင်း နတ်ဘုရားလောကကို ဧရာမ တူကြီးနှင့် ထုရိုက်လိုက်သလို ဖြစ်လာသည်။ အားလုံးကလည်း သူတို့ခြေထောက်များ တုန်တုန်ယင်ယင် ဖြစ်လာသည်ကို ခံစားမိလာကြ၏။
ထိုအက်ကြောင်းမှ ရုတ်ချည်းဆိုသလို အလင်းနီတစ်ခု ပေါ်လာသည်။ ထိုအလင်းနီနှင့် နီးကပ်နေသည့် နတ်ဘုရားအုပ်စိုးသူက မြန်မြန် နောက်ဆုတ်လိုက်ရ၏။ ထိုနတ်ဘုရားအုပ်စိုးသူနောက်မှ ကောင်းကင်နတ်ဘုရားက ရှေ့တိုးလာကာ ထိုအလင်းနီအား လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ကောင်းကင်နတ်ဘုရားက ထိုအလင်းနီအား မထိန်းထားနိုင်ခင် တစ်ယောက်က အော်လိုက်သောကြောင့် ဘေးရှိ အားလုံးက မြင်လိုက်ကြသည်
“ မီးတောက်ပူ လျို့ဝှက်ပညာရပ်ပဲ …. ဒါက သဘာဝတာအို လျို့ဝှက်ပညာရပ်မျိုးပဲ ”
အများစုက ထိုအလင်းနီကို မြင်လိုက်ကြသည်။ ထိုအရာမှာ ရိုးရှင်းစင်းစင်း အခွံ့ကွေးတစ်ခု ဖြစ်ကာ သင်္ကေတတချို့နှင့် စာလုံးတချို့ကို ရေးထွင်းထားလေ၏။ အခွံ့ထိပ်ဘက်တွင် “ မီးတောက်ပူ” ဟူသော ရှေးဟောင်းစာလုံး နှစ်လုံး ပါရှိ၏။
တောက်လောင်နေသော မီးတောက်အပေါ် ဆီစင်သွားသည့်အလား ဤလျို့ဝှက်ပညာရပ်သည်လည်း ရယူရန် ကြိုးစားနေကြသော ကျင့်ကြံသူများကြား တိုက်ပွဲ ဖြစ်လာစေသည်။ အလင်းနီကို ဖမ်းဆုပ်နေသည့် ကောင်းကင်နတ်ဘုရားက မတုံ့ပြန်နိုင်ခင် သူ့ဆီမှ လုယူခံလိုကရသည်။ သူကား တစစီ ဖျက်စီးခံလိုက်ရ၏။
ကံကောင်းမှုကို လက်လွတ်လိုက်ရသည့် နတ်ဘုရားအုပ်စိုးသူက ကံမကောင်းသော်လည်း ကောင်းကင်နတ်ဘုရား၏ ကံတရားကိုလည်း ကောင်းလှသည်တော့ ဆို၍ မရပေ။
ရုတ်ရုတ်သည်းသည်း ဖြစ်လာသည်နှင့် ထိန်းချုပ်မှုအောက်တွင် မရှိကြတော့ပေ။ လူအများစုက မီးတောက်ပူ လျို့ဝှက်ပညာရပ်အတွက် တိုက်ခိုက်ကုန်ကြသည်။ အကြောင်းမှာ စည်းမျည်းအက်ကြောင်းမှ ထွက်လာသည့်အရာကို လိုချင်စိတ်အား မည်သို့ ချိုးနှိမ်ထားနိုင်ကြမည်နည်း။
ကမောက်ကမ တိုက်ပွဲ မစလာခင် အက်ကြောင်းမှ ခရမ်းအလင်းတစ်ခု ထွက်ပေါ်လာပြန်သည်။
ဤတစ်ကြိမ်၌ မည်သူကမှ နောက်မဆုတ်ကြတော့ဘဲ အားလုံးက ထိုခရမ်းအလင်းဆီ အပြေးအလွှား သွားလိုက်ကြ၏။
***