chapter(165)
Vol. 12 Ch. 165
အသန့်စင်ဆုံးစနစ် အခန်း(165)
စုန့်ရှောင်လျိုသည် သက်တမ်းကြာရင့် နေသော ဆေးအမယ်တွေကို တွေ့လိုက်ရတဲ့အခါ ချက်ချင်းပင် မေးမြန်းလိုက်ချင်ပင်မယ့်
သူ့စိတ်ကို လျော့ချလိုက်၏။ ထို့နောက် သူ့ရဲ့လူအနားကို ပြန်လှည့်၍ သွားခဲ့ပြီး ပြိုင်ပွဲဝင်များ အားလုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။
ချောင်ဖုန်းသည် မိနစ်ခဏလေးအတွင်းမှာပဲ ကြုံရာကျပန်း ရွေးထားသော ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်သွား၏။ ဆေးဖော်စပ်နေသော တခြားလူများသည် ချောင်ဖုန်းရဲ့ ဆေးမီးဖိုအိုးပေါ်တွင် တောက်ပနေသော အစိမ်းရောင်ဆေးလုံးလေးအား တွေ့လိုက်ရကြသည်။
ချောင်ဖုန်းသည် သူ့ဆေးလုံးအား လျင်မြန်စွာ ထည့်သိမ်းထားလိုက်၏။ယန်ကျီဟုန်မှ လွဲ၍ အားလုံးသည် ချောင်ဖုန်းဆေးလုံးဖော်စပ်ခြင်းကို လုံးဝ မယုံကြည်နိုင်ကြပေ။
ချောင်ဖုန်းသည် မသမာသောနည်းလမ်းကိုသာ အသုံးပြုသွားသည်ဟု ထင်နေကြ၏။ စုန့်ရှောင်လျိုနဲ့ အတူရှိသော ဖူရှောင်တန်သည်
ဆေးလုံးနဲ့ အတူ ချောင်ဖုန်းအား ရှေ့သို့ ထွက်လာခိုင်းလိုက်သည်။
ထို့နောက် ချောင်ဖုန်းရဲ့ ဆေးလုံးကို ဆေးလုံးရဲ့ အရည်အသွေးအားဖော်ပြပေးသည့် ဓားနဲ့တူသောအရာထဲသို့ ထည့်သွင်းလိုက်၏။
ထိုအခါ မှ အပြာရောင်စွမ်းအင်အလင်းတန်းကြီးသည် ဓားသွားနှစ်ဖက်မှ ထွက်ပေါ်လာတဲ့အခါ စုန်ရှောင်လျိူနဲ့ဖူရှောင်တန်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ဆေးလုံးအား ချောင်ဖုန်းကို ပြန်ပေးလိုက်သည်။
ဖူရှောင်တန်ရဲ့ ရတနာသည် ဆေးလုံးရဲ့ အရည်အသွေးတင်မကဘဲ ဖော်စပ်သောသူ၏ အဂ္ဂိရတ်အဆင့်ကိုပါ ခန့်မှန်းနိုင်သော ရတနာတစ်မျိုးပင်ဖြစ်၏။ ထိုရတနာ၏ ဓားသွားတစ်ဖက်စီတွင် အဖြူ ၊ အဝါ ၊ အပြာဆိုပြီး စွမ်းအင်သုံးမျိုး ထည့်သွင်းထားသည်။
ဓားသွားတစ်ဖက်၏ အဖြူရောင်စွမ်းအင်အလင်းတန်း ၊ အဝါရောင်စွမ်းအင်အလင်းနဲ့ အပြာရောင်စွမ်းအင်အလင်းတန်းသည် ဆေးလုံးရဲ့အရည်သွေးကို ဖော်ပြခြင်းဖြစ်ပြီး နောက်တစ်ဖက်ရဲ့ စွမ်းအင်အလင်းတန်းကတော့ ဖော်စပ်သူ၏ အဂ္ဂိရတ်အဆင့်ကို ဖော်ပြခြင်းဖြစ်၏။
သို့သော် ဖူရှောင်တန်ရဲ့ ရတနာသည် အဆင့်၆ အဂ္ဂိရတ်ပညာရှင်ကိုသာ အမြင့်ဆုံး ဖော်ပြခြင်းဖြစ်သည်။ ဖူရှောင်တန်နဲ့စုန့်ရှောင်လျိုသည် ချောင်ဖုန်းလို အဂ္ဂိရတ်ပညာရှင်ကြီး တစ်ယောက်က အဆိပ်ပိုးကောင်ဂိုဏ်းမှ ထွက်ပေါ်လာမည်လို့ မထင်ထားပေ။
နာရီအနည်းငယ်ကြာပြီးတဲ့နောက် နောက်ထပ်အဆင့်၄ ဆေးလုံးတစ်လုံးသည် ဆေးမီဖိုအိုးပေါ်တွင် ပေါ်ထွက်လာခဲ့၏။ထိုဆေးလုံးပိုင်ရှင်က ယန်ကျီဟုန်ပင် ဖြစ်သည်။အဆိပ်ပိုးကောင်ဂိုဏ်းမှ ဂိုဏ်းချုပ်နဲ့ အကြီးအကဲများသည် ကန်ချီယွင်ကို ကြည့်ကာ မယုံနိုင် ဖြစ်နေကြ၏။
အရင်နှစ်ပြိုင်ပွဲများတွင် ကန်ချီယွင်သည် အမှတ်တစ်မှတ်မှ မရရှိတာကြောင့် လစဥ် ဆေးအမယ်အရင်းအမြစ် အနည်းဆုံးသာ ရရှိနေကြခြင်းကြောင့် ဂိုဏ်း၏ အပယ်ခံ အကြီးအကဲတစ်ယောက်နဲ့မထူးခြားပေ။
ထိုလိုအပယ်ခံအကြီးအကဲတစ်ယောက်ရဲ့ ပညာသင်တပည့်နှစ်ယောက်သည် တခြားတပည့်များထက် ဆေးလုံးအား အောင်မြင်စွာ အရင်ဆုံးဖော်စပ် နိုင်သွားတဲ့အတွက် အဆိပ်ပိုးကောင်ဂိုဏ်းမှ တခြားအကြီးအကဲများသည် မနာလို ဖြစ်နေကြ၏။
ထို့နောက် ပါရမီရှင် ရွေးထုတ်ပွဲပြိုင်ပွဲ ပြီးဆုံးသွားတဲ့အခါ ဖူရှောင်တန်သည် ဆေးလုံးများအားလုံးကို ဒုတိယတစ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။ပြိုင်ပွဲဝင်အားလုံးသည် ချောင်ဖုန်းနဲ့ယန်ကျီဟုန်တို့သာ အနိုင်ရရှိမှာ သိသောကြောင့် မျှော်လင်းမနေတော့ပေ။
ချောင်ဖုန်းနဲ့ယန်ကျီဟုန်သည် အင်ပါယာနတ်ဘုရားရဲတိုက်၏ ပြိုင်ပွဲတွင် ယှဥ်ပြိုင်ဖို့ အမှန်တကယ်ပင် အခွင့်အရေးရရှိသွားကြ၏။ စုန့်ရှောင်လျိုသည် ထိုနေ့တွင် သူကိုယ်တိုင် လာခေါ်မည်ဖြစ်တဲ့အတွက် ဆေးအမယ်ကိစ္စအား နောက်မှ မေးမြန်းဖို့ တွေးလိုက်သည်။
ကန်ချီယွင်သည် သူလုံးဝ မထင်မှတ်ထားသောအရာ ဖြစ်ပေါ်လာတဲ့အခါ ဝမ်းသာနေခဲ့၏။ ကန်ချီယွင်သည် အဆိပ်ပိုးကောင်ဂိုဏ်းတွင် ယခုလို နာမည်ပြန်ရရှိလာလိမ့်မည်ဟု ထင်မထားပေ။ထို့အပြင် သူ့ရဲ့စိတ်ခွန်အားကို အသစ်တဖန် နိုးထစေခဲ့သည်။
အင်ပါယာနတ်ဘုရားပြိုင်ပွဲသည် ရက်အနည်းငယ်လိုအပ်သေးတဲ့အတွက် ချောင်ဖုန်းသည် ယန်ကျီဟုန်အား အဆင့်မြင့်ဆေးလုံးများ
ဖော်စပ်နည်းအား ကိုယ်တိုင် သင်ကြားပေးနေခဲ့၏။
ချောင်ဖုန်းသည် အားလပ်သော အချိန်များတွင် ရရှိထားသော ကျင့်ကြံမှုစွမ်းအားများကို စုပ်ယူနေခဲ့သည်။သုံးရက်ကြာပြီးတဲ့နောက် မှာတော့ အင်ပါယာနတ်ဘုရားပြိုင်ပွဲနေ့တော့ ရောက်ရှိ၍ လာပါတော့သည်။
စုန်ရှောင်လျိုသည် သံချပ်ကာဝတ်စုံများဝတ်ဆင်ထားသော ကျားပျံသားရဲစီးနင်းဖော်နဲ့ ချောင်ဖုန်းတို့ကို လာရောက်ခေါ်ဆောင်ခဲ့၏။
ကျားပျံသားရဲကြီးသည် နာရီဝက်အတွင်း ပျံသန်းလာပြီးတဲ့အခါ အင်ပါယာနတ်ဘုရားရဲတိုက်သို့ ရောက်ရှိလာခဲ့သည်။
အင်ပါယာနတ်ဘုရားရဲတိုက်၏ အပြင်ဘက်တွင် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်အတွင်းရှိ ဂိုဏ်းပေါင်းစုံများသည် အုပ်စုလိုက် ဖြတ်သွားဖြတ်လာများ လုပ်နေကြ၏။ အင်ပါယာနတ်ဘုရားရဲတိုက်၏ အပြင်ဘက်နဲ့အတွင်းဘက် တစ်လျှောက်လုံးတွင် ကာကွယ်ရေးအဖွဲ့စစ်သည်တော်များသည် စောင့်မတ်နေခဲ့သည်။
စုန့်ရှောင်လျိုနဲ့ ချောင်ဖုန်းတို့သည် ရဲတိုက်အတွင်းကို စတင်ဝင်ရောက်တဲ့အခါ စစ်သည်တော်တွေသည် စုန့်ရှောင်လျိုအား ခေါင်းငုံကာ အရိုအသေပြုနေခဲ့၏။ စုန့်ရှောင်လျိုသည် ရဲတိုက်အတွင်းရှိ စာရင်းတင်ရသည့် အခန်းသို့ ခေါ်သွားခဲ့သည်။
စားရင်းမှတ်တမ်း ပြုစုရသော အခန်းငယ်လေးတွင် မှင်စုတ်တံကိုင်နေသော အဖွားကြီးတစ်ယောက်သည် မိန်းမငယ်လေးများကို ဆူဟောက်နေခဲ့၏။ စုန့်ရှောင်လျိုသည် ထိုအခန်းသို့ ချောင်ဖုန်းတို့ကို ဝင်စေလိုက်သည်။
ချောင်ဖုန်းတို့ ဝင်လာတာနဲ့ အဖွားအိုသည် နာမည်နဲ့ဂိုဏ်းကို မေးမြန်းလိုက်၏။ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် ဖြေလိုက်တဲ့အခါ အဖွားအိုသည် စိတ်မရှည်သော ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
အဆိပ်ပိုးကောင်ဂိုဏ်းလို့ ပြောလိုက်တာနဲ့ စိတ်ပျက်သွားကြသည်မှာ မထူးဆန်းပေ။
အဆိပ်ပိုးကောင်ဂိုဏ်းသည် ပြိုင်ပွဲတွင် အမြဲနောက်ဆုံးရသော ဂိုဏ်းတစ်ခုပင် ဖြစ်၏။မိန်းမငယ်လေးထဲမှ တစ်ယောက်သည် နံပါတ် တံဆိပ်ပြားတစ်ခုစီ ချောင်ဖုန်းတို့ နှစ်ယောက်က်ု ထုတ်ပေးလိုက်သည်။
ချောင်ဖုန်းတို့ အခန်းအပြင်ကို ပြန်ထွက်သွားတာနဲ့ အဖွားအိုသည် "အလကားသက်သက်........အချိန်လာဖြုန်းနေတာပဲ" လို့ စိတ်မရှည်တဲ့လေသံဖြင့် ပြောလိုက်၏။
ချောင်ဖုန်းသည် အင်ပါယာနတ်ဘုရားပြိုင်ပွဲတွင် လူအယောက်၁၀၀၀ပင် ပြည့်မည်လို့ မထင်ထားခဲ့ချေ။ ထို့နောက် ချောင်ဖုန်းတို့သည် လူအယောက် ၁၀၀စီ အကန့်ခွဲထားသော ဆေးဖော်စပ်ခန်းမထဲ တစ်ခုသို့ ရောက်ရှိလာကြသည်။
ချောင်ဖုန်းနဲ့ ယန်ကျီဟုန်သည် ပြိုင်ပွဲစင် နံပါတ်ကြောင့် အခန်းကွဲသွား၏။ ချောင်ဖုန်းတို့၏ အခန်းထဲတွင် ပြိုင်ပွဲဝင် အယောက်၁၀၀ကျော်နဲ့ တံခါးအပေါက်ဝ နှစ်ဖက်မှာတော့ စစ်သည်တော် များသည် လှံများကို ကိုင်ထားကာ ကင်းစောင့်နေကြသည်။
ထိုချိန်မှာ အခန်းအတွင်းသို့ အင်ပါယာနတ်ဘုရားရဲတိုက် အဖွဲ့ဝင်ဝတ်စုံ ဝတ်ဆင်ထားသော လူလေးယောက်သည် အခန်းအတွင်းသို့ ဝင်လာခဲ့၏။ သူတို့လေးယောက်လုံးရဲ့ အသက်သည် ၅၀အောက် မကျပေ။
ထိုလေးယောက်လုံးသည် အင်ပါယာနတ်ဘုရားရဲတိုက်၏ အကြီးအကဲ လေးယောက်ပင်ဖြစ်သည်။ထိုလူလေးယောက်ထဲမှ ကျိုးကျီမင်ဟု ခေါ်သော အကြီးအကဲသည် ချီပင်လယ်ဘုရင်ဆေးကျမ်းကို သူ့ရဲ့စွမ်းအင်ဖြင့် ပုံဖော်ကာ အားလုံးကို မြင်တွေ့စေလိုက်၏။
ပြိုင်ပွဲဝင်များ အားလုံးသည် ကျိုးကျင်မင်တို့ ထိပ်ပေါ်ရှိ လေဟာနယ်တွင် ရေးသားထားသေား ဆေးလုံးကျမ်းကို ဂရုတစိုက်ဖတ်ကြည့်နေကြသည်။ အားလုံးသည် ငါးမိနစ်အတွင်းမှာ ဆေးလုံးကျမ်းကို မှတ်သားရမည် ဖြစ်၏။
ယန်ကျီဟုန်ရဲ့ အခြေအနေနဲ့ ငါးမိနစ် အချိန်အတွင်း ဆေးကျမ်းကို
မှတ်မိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအားဖြင့် ယန်ကျီဟုန်ရှိသော အခန်းကို လျင်မြန်စွာ လိုက်ရှာလိုက်သည်။
ယန်ကျီဟုန်ရဲ့ အဆင့်ရှစ်မီးတောက် ရှိနေသောကြောင့် ချောင်ဖုန်း
ရဲ့ စိတ်ဝိညဥ်ခန္ဓာကိုယ်ကြီးသည် လျင်မြန်စွာ ရှာတွေ့သွား၏။ ချောင်ဖုန်းသည် အချိန်ဆွဲမနေဘဲ ချီပင်လယ်ဘုရင်ဆေးကျမ်းကို ယန်ကျီဟုန်ရဲ့ အသိဉာဏ်အတွင်းသို့ ထည့်သွင်းပေးလိုက်သည်။
ယန်ကျီဟုန်သည် ဆေးလုံးကို ကျက်မှတ်နေချိန်အတွင်းမှာ သူအသိဉာဏ်ထဲအတွင်း ဆေးကျမ်းအစအဆုံးသည် ပေါ်လာတဲ့အခါ ဝမ်းသာသွားခဲ့၏။ ယန်ကျီဟုန်သည် "ကျေးဇူးတင်ပါတယ်......ဆရာ"လို့ ပြောလိုက်ရင်း လက်ဖဝါးနှစ်ဖက်မှ အဆင့်ရှစ်မီးတောက်ကို ထုတ်လိုက်သည်။
ယန်ကျီဟုန်သည် မီးတောက်ဖြင့် ဆေးမီးဖိုအိုးကို စတင် အပူပေးလိုက်တဲ့အခါ အံ့အားသင့်သွားကြလေသည်။ အင်ပါယာနတ်ဘုရားရဲတိုက်မှ အကြီးအကဲများသည် သူတို့ ဖော်စပ်ခိုင်းသော ချီဘုရင်ပင်လယ်ဆေးကျမ်းကို ကလေးမလေးတစ်ယောက်က သိရှိနေလိမ့်မယ်လို့ မထင်ထားချေ။
တခြားလူများသည် ငါးမိနစ်မပြည့်သေးတဲ့အတွက် ဆေးကျမ်းကို အငမ်းမရကြည့်ရှု မှတ်သားကြချိန်မှာ ယန်ကျီဟုန်သည် ဆေးအမယ်များကို စတင်သန့်စင်နေပြီ ဖြစ်သည်။ ယန်ကျီဟုန်အခန်းထဲမှာ စောင့်မတ်နေသော အကြီးအကဲလေးယောက်တွင် စားရင်းကိုင်သောအခန်းထဲတွင် ရှိသော အဖွားအိုလဲ ပါဝင်နေခဲ့၏။