← Chapters

chapter(166)

Vol. 12 Ch. 166

chapter(166)

Vol. 12 Ch. 166

အသန့်စင်ဆုံးစနစ် (166)

ချောင်ဖုန်းကတော့ အေးအေးဆေးဆေးပင် ငါးမိနစ်ပြည့်တဲ့အချိနိထိ စောင့်ကြည့်နေခဲ့သည်။သို့သော် ချောင်ဖုန်းသည် ဆေးကျမ်းကို ဂရုစိုက်မကြည့်ဘဲ ဆေးမီးဖိုအိုးကိုသာ ကြည့်နေတဲ့အတွက် ကျိုးကျီမင်သည် သူ့ရဲ့စိတ်ဝိညဥ်စွမ်းအားဖြင့် ချောင်းဖုန်းအား ပညာပေးဖို့ တိုက်ခိုက်လိုက်၏။

သို့သော် ကျိုးကျီမင်သည် နောက်သို့ပင်လဲကျမလို ဖြစ်သွားတဲ့အခါ ဘေးမှ အကြီးအကဲနှစ်ယောက်သည် ထိန်းပေးလိုက်ကြရသည်။ကျိုးကျီမင်သည် ချောင်ဖုန်းရဲ့ စိတ်ဝိညဥ်စွမ်းအားက သူ့ထက် သာလွန်နေလိမ့်မည်လို့ မထင်ထားပေ။

ငါးမိနစ်ပြည့်သွားတဲ့အခါ ကျိုးကျစ်မင်သည် သူရဲ့ ဆေးကျမ်းစာလိပ်ကို ပြန်သိမ်းလိုက်၏ ။ထိုအခါ အားလုံးသည် မီးတောက်များထုတ်ကာ စတင်၍ ဆေးမီးဖိုအိုးများကို အပူပေးကြလေသည်။

ချောင်ဖုန်းသည် ဘာမှမလှုပ်ရှားဘဲ ငြိမ်သက်နေဆဲပင် ဖြစ်၏။

ကျိုးကျီမင်သည် ချောင်ဖုန်းတစ်ယောက်ထဲကို မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့၏။ ချောင်ဖုန်းသည် အဝေးမှ သူ့ကို လှမ်းကြည့်နေသော ကျိုးကျီမင်ကို စိတ်ဝိညဥ်စွမ်းအားဖြင့် ပြန်ကြည့်လိုက်သည်။

ကျိုးကျီမင်သည် ဒီတစ်ခါမှာတော့ နောက်သို့ လုံးဝပင် ပြုတ်ကျသွား၏။

ကျိုးကျစ်မင် ပြန်ထလိုက်ပြီး "အတော်ပြင်းတဲ့ စိတ်ဝိညဥ်စွမ်းအားပဲ ၊ ငါရန်စလို့ မဖြစ်ဘူး " လို့ ရေရွတ်လိုက်ပြီး ချောင်ဖုန်းအား မကြည့်ရဲတော့ပေ။ ခဏအကြာမှာတော့ ချောင်ဖုန်းသည် ဆေးမီးဖိုထဲသို့ ဆေးအမယ်များ အားလုံးထည့်ကာ သန့်စင်လိုက်သည်။

သုံးမိနစ်အတွင်း ချီပင်လယ်ဘုရင်ဆေးလုံးသည် ပေါ်ထွက်လာခဲ့၏။ခန်းမထဲရှိ လူတိုင်း၏ မျက်လုံးများသည် ချောင်ဖုန်းရဲ့ ဆေးမီးဖိုအိုးပေါ်ရှိ ပင်လယ်ရေအရောင်ကဲ့သို့ ရှိသော ဆေးလုံးကို ကျရောက်သွားခဲ့သည်။

ထိုထဲမှ လူများသည် "မဖြစ်နိုင်တာ.........ဒီအချိန်လေးအတွင်းမှာ ဘယ်သူက ချီပင်လယ်ဘုရင်ဆေးလုံးကို ဖော်စပ်နိုင်မှာလဲ " ဟု ပြောနေခဲ့ကြ၏။ အကြီးအကဲလေးယောက်ကိုယ်တိုင်ပင် ရူးခါသွားကြ၏။

သူတို့ကိုယ်တိုင်ပင် ထိုဆေးလုံးအား ဖော်စပ်ရန် အချိန်များစွာ ပေးဆပ်ခဲ့ရသည်။ ချောင်ဖုန်းသည် အဆင့်၇ အဂ္ဂိရတ်ပညာရှင်တစ်ယောက်မဟုတ်ဘဲ အဆင့်၇ထပ်ပင် ကျော်လွန်နိုင်သည်ဟု ကျိုးကျီမင်သည် ခန့်မှန်းလိုက်၏။

အချိန်သည် ​လေး ၊ ငါး ၊ ခြောက်နာရီ ကြာမြှင့်လာတဲ့အထိ စောင့်နေရတဲ့အခါ ချောင်ဖုန်းသည် ပျင်းရိလာခဲ့၏။ ကျိုးကျီမင်သည် ချောင်ဖုန်းရဲ့ အခြေအနေကိုကြည့်၍ အားလုံးကြားနိုင်အောင် အသံစွမ်းအင်လှိုင်းဖြင့် "အားလုံးပဲ မနက်ဖြန် မနက်မှာ အဖြေကို လာရောက်ကြည့်ရှု့နိုင်တဲ့အတွက် အရှုံးပေးတဲ့လူနဲ့ ဖော်စပ်ပြီးသော လူတွေက ခန်းမထဲကနေ ထွက်သွားလို့ရပါပြီ " ဟု ကြေညာလိုက်သည်။

ထိုအခါ ချောင်ဖုန်းနဲ့ တခြားလူများသည် ဆေးလုံးများကို အပ်နှံပြီး ခန်းမထဲမှ ထွက်လာခဲ့၏။အခန်းအပြင်သို့ ရောက်တဲ့အခါ အနက်ရောင်အင်္ကျီဝတ်ဆင်ထားသောလူသည် ချောင်ဖုန်းဘေးကို ရောက်လာပြီး "မင်းရဲ့ မသမာမှုအတွက် အင်ပါယာနတ်ဘုရားရဲတိုက်မှာ အဖမ်းမခံရဖို့ ငါဆုတောင်းပေးပါတယ် " လို့ ပြောကာ ထွက်ခွာသွားပါသည်။

ချောင်ဖုန်းသည် ထိုလူအား ဂရုစိုက်မနေဘဲ ယန်ကျီဟုန်ရဲ့ အခြေအနေအား စိတ်ဝိညဥ်စွမ်းအားဖြင့် ကြည့်လိုက်၏။ယန်ကျီဟုန်သည် ချောင်ဖုန်းသင်ပေးထားတဲ့နည်းလမ်းအတိုင်း ဖော်စပ်နေသဖြင့် အဆင်ပြေ ချောမွေ့နေလေသည်။

ချောင်ဖုန်းကြည့်နေတုန်းပ​ဲ ယန်ကျီဟုန်သည် ချီပင်လယ်ဘုရင်ဆေးကျမ်းကို အောင်မြင်စွာ ဖော်စပ်နိုင်သွား၏။ ထိုအခန်းထဲတွင် ယန်ကျီဟုန်သည် ပထမဆုံး အောင်မြင်စွာ ဖော်စပ်နိုင်တဲ့အခါ အဖွားအိုသည် အံ့အားသင့်နေခဲ့သည်။

အဆိပ်ပိုးကောင်ဂိုဏ်းတွင် ပါရမီရှင် ထွက်ပေါ်လာတဲ့အတွက် အဖွားအိုသည် မနာလိုစိတ်ဖြစ်နေခဲ့ပြီး မျက်နှာမဲ့ကာဖြင့် "အဆိပ်ပိုးကောင်ဂိုဏ်းမှာ ပုန်းကွယ်နေတဲ့ ပါရမီရှင်တွေ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး " ပြောလိုက်၏။

ယန်ကျီဟုန်သည် ဆေးဖော်စပ်သော ခန်းမထဲက ထွက်လာတာနဲ့ ချောင်ဖုန်း ရှိကို ဦးတည်လာလိုက်သည်။ယန်ကျီဟုန်သည် ချောင်ဖုန်းရှိကို သွား၍ စကားပြောနေတာကို လူတစ်ယောက်သည် နောက်မှ ကြည့်နေခဲ့၏။

ထိုလူသည် ချောင်ဖုန်းအား မကျေနပ်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ချောင်ဖုန်းသည် ထိုလူကို မြင်လျှင် မှတ်မိမှာ ကျိန်းသေလေသည်။

ချောင်ဖုန်းနဲ့ယန်ကျီဟုန်သည် ဝိညဥ်လှေတစ်စီးနဲ့အတူ

အင်ပါယာနတ်ဘုရားရဲတိုက်မှ ထွက်ခွာလာခဲ့၏။လမ်းခုလတ်ရောက်တဲ့အခါ မျက်နှာများဖုံးကွယ်ထားသော လူ၆ယောက်အဖွဲ့သည် ချောင်ဖုန်းတို့ သွားမယ့် လမ်းကို ကာဆီးလိုက်သည်။

ထိုအခါ သေးငယ်သောအသံလေးဖြင့် "ရက်စက်ကြမ်းကြုတ်သော သူများကို သတ်ဖြတ်ဖို့ စနစ်ရှင်မှ တာဝန်ရရှိပါသည် ၊ ထိုအတွက် နတ်ဘုရားဒိုင်းကာ ကို ဆုလာဒ်ဆောင် ရရှိပါမည်"ဟု စနစ်မှ တာဝန်ခံအပ်လိုက်သည်။

ယန်ကျီဟုန်သည် ရုတ်တရက်ဆိုတော့ ကြောက်လန့်၍ သွား၏။

ချောင်ဖုန်းတို့အား လုပ်ကြံသောသူများသည် နတ်နယ်ပယ်အဆင့် ကျင့်ကြံသူများသာ ဖြစ်သည်။

ယန်ကျီဟုန်သည် သူ့ရဲ့ ဓားကို ထုတ်လိုက်ပြီး "နင်တို့က ဘယ်သူတွေလဲ......ငါတို့သွားမယ့် လမ်းက ခုချက်ချင်း ဖယ်စမ်း" ဟု ပြောလိုက်၏။ယန်ကျီဟုန်သည် ခြေဖျားလက်ဖျားများ တုန်နေသော်လည်း အားတင်း၍ ပြောလိုက်ရသည်။

ထိုတစ်ဖွဲ့လုံးရဲ့ ဦးတည်ချက်သည် ယန်ကျီဟုန်မဟုတ်ဘဲ ချောင်ဖုန်းသာ ဖြစ်၏။ ထိုအဖွဲ့ထဲမှ လူတစ်ယောက်သည် ယန်ကျီဟုန်အား နောက်သို့ ပြန်လှည့်ပြန်ဖို့ ပြောလိုက်သည်။ ယန်ကျီဟုန်သည် သူ့ရဲ့ဓားအား ဝိညဥ်စွမ်းအင် အသက်သွင်းလိုက်ပြီး သူ့ဆရာကို တိုက်ခိုက်ချင်ရင် သူ့အလောင်းကို အရင်ကျော်သွားဖို့ ပြောလိုက်၏။

ထိုအခါ လုပ်ကြံမယ့် လူများသည် ချောင်ဖုန်းအား သေချာကြည့်ကာ "မင်က တကယ်ပဲ သူ့ဆရာလား......" လို့ မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် အေးစက်သော အသံဖြင့် "သေရတော့မယ့် လူတစ်ယောက်က အဲ့ဒါတွေသိဖို့ လိုအပ်လို့လား " ဟု ပြောလိုက်၏။

ချောင်ဖုန်းရဲ့ စကားဆုံးသွားတဲ့ ရီဟန်သည် ထိုအဖွဲ့ရဲ့ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး အားလုံးအား သတ်ဖြတ်လိုက်သည်။ထိုအခါ စနစ်မှ နတ်ဘုရားဒိုင်းကာအား ချောင်ဖုန်းကို ချီးမြှင့်လိုက်လေသည်။

ယန်ကျီဟုန်သည် ဝိညဥ်လှေပေါ်တွင် ထိုင်ချလိုက်ရသည်။ချောင်ဖုန်းသည် သေသွားသော လူများ၏ အလောင်းများကို စစ်​ဆေးကြည့်လိုက်ပြီး အလောက်းများကိုလက်စ ဖျောက်လိုက်၏။ ထို့နောက် ယန်ကျီဟုန်နဲ့ အတူ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။

ယန်ကျီဟုန်သည် သအဆင့်မြင့် တိုက်ခိုက်ရေးသမားတစ်ယောက်က သူ့ဆရာအားလသက်တော်စောင့်အဖြစ် လိုက်ကာကွယ်ပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ချောင်ဖုန်းသည် အိမ်သို့ ပြန်ရောက်တဲ့အခါ စိတ်ဝိညဥ်စွမ်းအားကို ကျင့်ကြံနေဖို့ ယန်ကျီဟုန်ကို စေခိုင်းလိုက်သည်။ချောင်ဖုန်းသည် သူ့လက်ထဲမှ တံဆိပ်ပြားတစ်ခုကို လှည့်ကာ ဆော့ကစားနေခဲ့၏။

ထိုတံဆိပ်ပြားကတော့ လုပ်ကြံသော သူများထံမှ ရရှိသော တံဆိပ်ပြားပင် ဖြစ်သည်။

ချောင်ဖုန်းသည် ထိုတံဆိပ်ပြားအား သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းထားလိုက်ပြီး ဆေးလုံးတစ်လုံးကို သောက်ကာ ကျင့်ကြံမှုစွမ်းအားများကို စုပ်ယူနေခဲ့၏။ ဒီလိုနဲ့ အချိန်သည် နောက်တစ်ရက်ကို ကူးသွားခဲ့ပြန်သည်။

ချောင်ဖုန်းမျက်လုံးမှိတ်၍ ကျင့်ကြံနေချိန်မှာ ယန်ကျီဟုန်သည် ခြေထောက်ကို ဖွဖွလေးနင်းကာ ချောင်ဖုန်းအနားကို ရောက်ရှိလာခဲ့၏။ ယန်ကျီဟုန်သည် ချောင်ဖုန်းပါးရှေ့မှာ ပျံနေသော ပိုးကောင်ကို သူ့လက်ဖြင့် ဖယ်ဖို့ လုပ်လိုက်သည်။

ထိုချိန်မှာ သူရဲ့လက်သည် ချောင်ဖုန်းရဲ့ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။ ယန်ကျီဟုန်သည် ရင်များပင်ခုန်ကာ လန့်ဖြန့်သွားသည်။ချောင်ဖုန်းသည် မျက်လုံးများ ပြန်ဖွင့်လာပြီး ယန်ကျီဟုန်၏ စိတ်ဝိညဥ်စွမ်းအားကို စစ်ဆေးလိုက်သည်။

ချောင်ဖုန်းသည် ယန်ကျီဟုန်ရဲ့ လက်အား ပြန်လွှတ်လိုက်ပြီး "မဆိုးဘူး......မင်းမှာ အရည်အချင်း ရှိသားပဲ" လို့ ဆိုလိုက်၏။ ယန်ကျီဟုန်သည် ပြုံးလိုက်ပြီး အဖြေ သွားကြည့် ရမယ့်အချိန် နီးကပ်လာပြီဖြစ်ကြောင်း ပြောလိုက်သည်။

ချောင်ဖုန်းနဲ့ယန်ကျီဟုန်သည် နေမင်းကြီးထွက်ပေါ်ချိန်တွင် ဝိညဥ်လှေစီးကာ အင်ပါယာနတ်ဘုရားရဲတိုက်ဆီသို့ ပျံသန်းလာခဲ့၏။ အင်ပါယာနတ်ဘုရားရဲတိုက်ရဲ့ အပြင်ဘက်တွင် လူများအုံခဲနေလေသည်။

အင်ပါယာနတ်ဘုရားရဲတိုက်၏ အပြင်ဘက်တွင် ရဲတိုက်အမြင့်ကို ယှဥ်နိုင်သော ဧရာမကျောက်တိုင် ဆယ်ခုသည် ပေါ်ထွက်နေခဲ့၏။

ထို့ကျောက်တိုင်များပေါ်တွင် အဖြူရောင်စွမ်းအင်အလင်းတန်းဖြင့် ရေးထိုးထားသော နာမည်များ ရှိနေ၏။

ချောင်ဖုန်းနဲ့ရွယ်ချင်းရောက်လာတဲ့အခါ အခန်းနံပါတ် ၇နဲ့ ၉ မှ ပြိုင်ပွဲဝင်များသည် ချောင်ဖုန်းတို့ကို တီးတိုးပြောဆိုနေကြလေသည်။ အင်ပါယာနတ်ဘုရားပြိုင်ပွဲ၏ အခန်းနံပါတ်၇ နဲ့ ၉ တွင် ချောင်ဖုန်းနဲ့ရွယ်ချင်းသည် အောင်မြင်သူ ဆယ်ယောက်ထဲတွင် ပါဝင်ပြီး အမှတ်အကောင်းဆုံးကို ရရှိထားကြ၏။

၁၀ခန်းလုံးရှိ အကောင်းဆုံး ၁၀ယောက်ကိုသာ ရွေးထုတ်တာကြောင့် ဆေးလုံးဖော်စပ်အောင်မြင်ရုံသာမက အရည်အသွေးပါ ကောင်းမွန်ရမည် ဖြစ်သည်။ ယန်ကျီဟုန်သည် အခန်းနံပါတ်၉တွင် သူ့နာမည်ပါနေတာ တွေ့တဲ့ အပျော်လွန်ပြီး ချောင်ဖုန်းကို ပြေးဖက်လိုက်မိ၏။

All Chapters