chapter(167)
Vol. 12 Ch. 167
အသန့်စင်ဆုံးစနစ် အခန်း(167)
လူအုပ်စုထဲတွင် ရှိနေသော လူတစ်ယောက်သည် သူ့ရဲ့ လက်သီးကို တဖြည်းဖြည်း ဆုတ်လိုက်ပြီး "ဘာလို့ အကြီးအကဲတွေက အဲ့ကောင်ရဲ့ ဆေးလုံးကို လက်ခံလိုက်ရတာလဲ " ဟု ဒေါသထွက်စွာအသံဖြင့် ရေရွတ်လိုက်သည်။
ချောင်ဖုန်းသည် ကျောက်တိုင်ပြင်ပေါ်မှ သူ့ရဲ့ နာမည်ကို ကြည့်၍ နေစဥ်မှာ စနစ်မှ လေးလေးနက်နက် သတိပေးတာကို ချက်ချင်း ကြားလိုက်ရ၏။
"စနစ်ရှင်သည် သတ်ဖြတ်ရေးနန်းတော်မှ လူများအားလုံးကို သတ်ဖြတ်ဖို့ တာဝန်ခံအပ်လိုက်ပါပြီ ၊ ထိုအတွက် အချိန်နှစ်ရက်ရရှိမယ် ဖြစ်ပြီး ဆန်းကြယ်သော အရာကို ပိုင်ဆိုင်မည် ဖြစ်သည်"
ချောင်ဖုန်းသည် သတ်ဖြတ်ရေးနန်းတော်လို့ ကြားတဲ့အခါ ကြောင်အသွား၏။ သတ်ဖြတ်ရေးနန်းတော်ဆိုတာ ကြားတောင်မကြားဖူးပေ။ ထိုချိန်မှာ လူအုပ်ကြီးထဲမှ အနီရောင်အမှတ်သား တံဆိပ်များ ထွက်ပေါ်လာခဲ့သည်။
ထိုလူများပေါင်းလျှင် အယောက်တစ်ရာတောင် မပြည့်သေးပေ။
ရုတ်တရက် အသံစွမ်းအင်လှိုင်းတစ်ခုကို အားလုံးသည် ကြားလိုက်ရ၏။ ထိုအသံစွမ်းအင်လှိုင်းကတော့ အောင်မြင်သွားသော အယောက်တစ်ရာသည် ဆက်လက်ယှဥ်ပြိုင်ရန် အင်ပါယာနတ်ဘုရားရဲတိုက်ထဲသို့ ဝင်လာရမည် ဖြစ်သည်။
ထိုအခါ လူအယောက်တစ်ရာသည် ရဲတိုက်အတွင်းသို့ လျင်မြန်စွာ ပျံသန်းသွားကြ၏။ ချောင်ဖုန်းသည် အထဲရောက်သွားတဲ့အခါ အံ့အားသင့်သွားသည်။ အင်ပါယာနတ်ဘုရားရဲတိုက်၏ အကြီးအကဲ ၂ယောက်တွင် အနီရောင်အမှတ်တံဆိပ်များ ရှိနေသောကြောင့်ပင် ဖြစ်သည်။
အင်ပါယာနတ်ဘုရားရဲတိုက်၏ ဥက္ကဋ္ဌ ဖြစ်သူသည် အကြီးအကဲများနှင့် အတူ ရှိနေခဲ့၏။ ထိုလူရဲ့ နာမည် ရှီးဝူးကျင်ဟု ခေါ်ပြီး အဆင့်ရှစ်အဂ္ဂိတ်ရတ်ပညာရှင်တစ်ယောက်ပင်ဖြစ်သည်။ ရှီးဝူးကျင်သည် အားလုံးကို ချီးကျူးလိုက်သည်။
ထိုခန်းမထဲတွင် လူအယောက်တစ်ရာအတွက် ဆေးဖော်စပ်ရန် နေရာများ ဖန်တီးထား၏။ ရှီးဝူးကျင်သည် အားလုံးကို နေရာ
ယူခိုင်းလိုက်သည်။ထိုအခါ ပြိုင်ပွဲဝင်များ အားလုံးသည် တစ်ယောက်တစ်နေစီ နေရာယူလိုက်၏။
ယခုပြိုင်ပွဲသည် အရေးကြီးတဲ့အတွက် အန္တရာယ်မဖြစ်နိုင်အောင်
တစ်ယောက်ချင်းစီ၏ ဖော်စပ်သော နေရာများတွင် အကာအကွယ်အစီအရင်များ ဖန်တီးပေးထားသည်။ထို့အပြင် ဆေးအမယ်များကိုလဲ ကြိုတင်ပြင်ဆင်ပေးထား၏။
ယခုပြိုင်ပွဲတွင် ဆေးဖော်စပ်ချိန်သည် ၁ပတ်ပင် အချိန်ပေးထားသည်။ပြိုင်ပွဲဝင်တိုင်းအတွက် ဆေးကျမ်းစာလိပ် သုံးလိပ်နဲ့အတူ ဆေးအမယ် ၉စုံစာ သည် ကျောက်စားပွဲလေးပေါ်တွင် ရှိနေပြီးသားဖြစ်၏။
ဆေးကျမ်းစာလိပ်သုံးမျိုးတွင် အဆင့်၆ဆေးလုံးဖော်စပ်နည်းဆေးကျမ်း ၂ခုနဲ့ အဆင့်၇ ဆေးလုံးဖော်စပ်နည်း ဆေးကျမ်းတစ်ခုပါဝင်သည်။သို့သော်ပြိုင်ပွဲဝင်တွေသည် ကြိုက်ရာတစ်ခုကိုသာ ရွေးခြယ်ဖော်စပ်နိုင်မှာ ဖြစ်၏။
ပြိုင်ပွဲဝင်များထဲတွင် အဆင့်ငါးအဂ္ဂိရတ်ရှင်များ ရှိနေသဖြင့် ထိုလူတွေသည် စိတ်ညစ်သွားကြသည်။ ယန်ကျီဟုန်လဲ အဆင့်ခြောက်ဆေးလုံးကို ဖော်စပ်နိုင်ဖို့ အရည်အချင်းမရှိသေးပေ။ ရှီးဝူးကျင်သည် ပြိုင်ပွဲစတင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်၏။
ထိုအခါ လူတစ်ယောက်သည် သူ့ရဲ့အစိမ်းရောင်မီးတောက်အား လက်ဖဝါးမှ ထုတ်လိုက်လေသည်။ ထိုလူသည် ချောင်ဖုန်းကိုကြည့်လိုက်ပြီး "ဒီနေ့မှာ မင်းလှည့်ကွက်တွေ သုံးနိုင်အုံးမှာလား ငါသိချင်သေးတယ်" လို့ ရေရွတ်လိုက်၏။
ခန်းမအတွင်းရှိ လူအများစုသည် ထိုလူရဲ့ သဘာဝမီးတောက်ကို တွေ့လိုက်ရတဲ့အခါ မျက်လုံးများတောက်ပစွာဖြင့် ငေးကြည့်နေကြလေသည်။
စုန့်ရှောင်လျိုသည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "ဂုဏ်ယူပါတယ်........ခေါင်းဆောင် ၊ သခင်လေးဇူးဖန်က
သဘာဝမီးတောက်ကို အောင်မြင်စွာ ထိန်းချုပ်သွားနိုင်ပြီပဲ " ဟု ရှီးဝူးကျင်ကို ပြောလိုက်၏။
ရှီးဝူးကျင် ခေါင်းတငြိမ်ငြိမ်ဖြင့် "အဲ့ကောင်လေးရဲ့ ကြိုးစားမှုနဲ့ စိတ်အားထက်သန်မှုက တချိန်ချိန်မှာ ဒီလူအိုကြီးကို ကျော်လွန်သွားနိုင်လောက်တယ်" ဟု သူ့ဘေးမှ အကြီးအကဲများ အားလုံးကို ပြောလိုက်သည်။
ထို့နောက် ရှီးဝူးကျင်သည် အဆိပ်ပိုးကောင်ဂိုဏ်းရဲ့ ပြိုင်ပွဲဝင်နှစ်ယောက်က ဘယ်သူတွေလဲဟု စုန့်ရှောင်လျိူကို မေးလိုက်၏။ ချောင်ဖုန်းနဲ့ယန်ကျီဟုန်သည် အဆိပ်ပိုးကောင်ဂိုဏ်းက ဆိုပေမယ့် တခြားဂိုဏ်းများထက် သာလွန်နေသောကြောင့် ရှီးဝူးကျင်သည် ဆေးလုံးအရည်အသွေး စစ်ဆေးသော အချိန်က အံ့အားသင့်ခဲ့ရသည်။
ချောင်ဖုန်းသည် ချီပင်လယ်ဘုရင်ဆေးလုံးကို ၃မိနစ်အတွင်း ဖော်စပ်တာကို ကျိုးကျီမင်သည် ဘယ်သူမှကို မပြောရသေးပေ။
အားလုံးသည် ဆေးအမယ်များ သန့်စင်နေချိန်မှာ ချောင်ဖုန်းသည် မျက်လုံးမှိတ်စွာ ငြိမ်သက်နေခဲ့၏။
ကျုးကျီမင်သည် ချောင်ဖုန်းလှုပ်ရှားမည့် အချိန်ကိုသာ စောင့်စားနေခဲ့သည်။အမှန်တကယ်တော့ ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအားဖြင့် သူ့တပည့်ယန်ကျီဟုန်ကို ဘေးမှ သင်ပေးနေခြင်းဖြစ်၏။ နှစ်ရက်မြောက်နေ့မှာ ယန်ကျီဟုန်သည် ဆေးမီးဖိုအိုး ပေါက်ကွဲသွားမှုကြောင့် စိတ်ဓာတ်ကျသွားလေသည်။
သို့သော် ချောင်ဖုန်းသည် နောက်ထပ်တစ်ကြိမ်တူညီသော အမှားမျိုးမဖြစ်အောင် သတိထခိုင်းကာ ဆက်လက် ဖော်စပ်ခိုင်းခဲ့၏။ ၅ရက်မြောက်နေ့ထိ ရောက်တာတောင် ချောင်ဖုန်းသည် လှုပ်ရှားခြင်း မရှိတာသောကြောင့် အများစုသည် ချောင်ဖုန်းကို သတိထားမိကြလာသည်။
ယန်ကျီဟုန်သည် ဆေးအမယ်မျိုး ၃၀နီးပါးသန့်စင်ပြီးပြီဖြစ်၍ တစ်ကိုယ်လုံးများချွေးများထွက်ကာ မျက်နှာမှာလဲ ပင်ပန်းစိတ်နဲ့ ညိုးငယ်နေပြီ ဖြစ်၏။ ချောင်ဖုန်းသည် ယန်ကျီဟုန်အား စိတ်ဝိညဥ်စွမ်းအားကို ထောက်ပံပေးနေခဲ့သည်။
ဒီလိုနဲ့ ၆ရက်မြောက်နေ့ ရောက်လာတဲ့အခါမှာတော့ အဆင့်ခြောက်ဆေးလုံးအလင်းတန်းစွမ်းအားကြီးသည် ကောင်းကင်ပေါ်သို့ ထောင်တက်သွားခဲ့၏။ ထိုဆေးလုံးကို ဖော်စပ်နိုင်သူကတော့ သဘာဝမီးတောက်ကို ပိုင်ဆိုင်ထားသော ရှီးဝူးကျင်ရဲ့ မြေးဖြစ်သူ
ရှီးဇူးဖန်ပင် ဖြစ်လေသည်။
ရှီးဇူးဖန်သည် သူရဲ့အဆင့်ခြောက်ဆေးလုံးကို ကြည့်ကာ ပျော်ရွင်စွာ ရယ်မောနေခဲ့ပြီး မျက်လုံးမှိတ်နေသော ချောင်ဖုန်းကို ကြည့်လိုက်ပြီး အရှုံးပေးသွားပြီးဟု ထင်နေခဲ့၏။ထို့နောက် အဆင့်ခြောက်ဆေးလုံး၏ စွမ်းအားအရှိန်အဝါ အလင်းတန်း ၁၀ခုသည် ကောင်းကင်ပေါ်သို့ ထပ်မံ ထိုးဖောက်သွားခဲ့လေသည်။
ထိုအလင်းတန်း၁၀ခုတွင် ယန်ကျီဟုန်ဖော်စပ်လိုက်သော အဆင့်ခြောက်ဆေးလုံး၏ စွမ်အားအရှိန်အဝါလဲ ပါဝင်နေခဲ့၏။ ယန်ကျီဟုန်သည် သူ့ရှေ့မှ ဆေးလုံးအား ကြည့်ကာ သူ့ကိုယ်သူ မယုံနိုင်စွာ ဖြစ်နေခဲ့ပြီး ခြေဖျားလက်ဖျားပင်တုန်နေခဲ့လေသည်။
ယန်ကျီဟုန်ဆေးလုံးအောင်မြင်စွာ ဖော်စပ်နိုင်သွားတဲ့အခါ ချောင်ဖုန်းရဲ့ မျက်လုံးတစ်စုံသည် ပြန်ပွင့်လာခဲ့၏။ ယန်ကျီဟုန်သည် သူ့ဆရာသည် သူ့ကို တချိန်လုံး ကူညီနေသောကြောင့် ကျန်ရှိသော အချိန်အတွင်းမှာ ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ပါ့မလားလို့ စိုးရိမ်သွားခဲ့၏။
ချောင်ဖုန်းရဲ့ မျက်လုံးပြန်ပွင့်ချိန်မှာတော့ ဆေးလုံးဖော်စပ်နေသူသည် အယောက် ၁၀၀ထဲတွင် ၁၀ဦးတောင် မပြည့်တော့ပေ။ အများစုမှာ လက်လျော့အရှုံးပေးသွားပြီ ဖြစ်သည်။ထို့ကြောင့် အားလုံးသည် ခုမှ မျက်လုံး ပြန်ပွင့်လာသော ချောင်ဖုန်းအား ကြည့်လိုက်ကြ၏။
ချောင်ဖုန်းသည် သူ့ရဲ့ လက်ဖဝါးမှ လိမ္မော်ရောင်မီးတောက်ကို ထုတ်လိုက်သည်။ထိုအခါ အားလုံးသည် နောက်ထပ်သဘာဝမီးတောက်ကို တွေ့တဲ့အခါ အံ့အားသင့်သွားကြ၏။ ချောင်ဖုန်းဆေးဖော်စပ်တာကို မြင်ဖူးထားသော ကျိုးကျီမင်နဲ့ စုန့်ရှောင်လျိူသည် မျက်လုံးများ ပြုးသွားလေသည်။
ချောင်ဖုန်းသည် သဘာဝမီးတောက်ကို လျိူထားမိဟု မထင်ထားခဲ့ချေ။ရှီးဇူးဖန်သည် ချောင်ဖုန်းရဲ့ သဘာဝမီးတောက်ကို တွေ့တဲ့အခါ "မဖြစ်နိုင်တာ.......သူ့မှာလဲ သဘာဝမီးတောက်ရှိနေတာလား " ဟု စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်လေ၏။
ချောင်ဖုန်းသည် အဆင့်၇ ဆေးအမယ် ၅၀နီးပါးကို ဆေးမီးအိုးထဲသို့ ထည့်သွင်းလိုက်လေသည်။ထိုအခါ ကြည့်နေသောသူများ အားလုံးသည် ဆွံ့အသွားကာ တံတွေးများပင် မျိုချလိုက်ရ၏။ ချောင်ဖုန်းအနားမှာ ရှိနေသော ပြိုင်ပွဲဝင်များသည် နောက်သို့ပင် ဆုတ်သွားကြလေသည်။
ဆေးမီးဖိုအိုးပေါက်ကွဲ၍ ချောင်ဖုန်းဒုက္ခရောက်မယ်လို့ အများစုသည် တွေးနေကြ၏။ ယန်ကျီဟုန်၏ သူ့ဆရာအောင်မြင်မည်ဟု ၁၀၀ရာခိုင်နှုန်း ယုံကြည်ချက်ပြည့်နေလေသည်။
တစ်နာရီကြာတဲ့နောက် မှာတော့ ချောင်ဖုန်း၏ ဆေးမီးဖိုအိုးထဲမှ ဆေးလုံးတစ်လုံးသည် ခုန်ထွက်လာခဲ့ပြီး လျှပ်စီးကြောင်း ရစ်နွယ်ထားသော ရွှေဝါရောင်အလင်းတန်းကြီးသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့၏။
ချောင်ဖုန်းသည် အဆင့်၇ ဆေးလုံးအား ဖော်စပ်နိုင်မည်လို့ ဘယ်သူမှ မထင်ထားခဲ့ချေ။မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်အတွင်းရှိ လူတိုင်းသည် ကောင်းကင်ပေါ်သို့ ထိုးဖောက်နေသော အဆင့်၇ဆေးလုံးကို မြင်တဲ့အခါ ရောက်ရှိနေသော နေရာများမှ အင်ပါယာနတ်ဘုရားရဲတိုက်ရှိသို့ ပြေးလွှားကြလေသည်။
အင်ပါယာနတ်ဘုရားရဲတိုက်အတွင်းနဲ့ အပြင်ဘက်တွင် ရှိသော လူများ အားလုံးသည် အဆင့်၇ ဆေးလုံး၏ စွမ်းအားအလင်းတန်းကို တွေ့တာနဲ့ ဒူးနှစ်ဖက်ကို မြေပေါ်တွင် ထောက်လိုက်ကြ၏။