← Chapters

chapter(168)

Vol. 12 Ch. 168

chapter(168)

Vol. 12 Ch. 168

အသန့်စင်ဆုံးစနစ် (168)

ထို့နောက် အားလုံးသည် "အင်ပါယာနတ်ဘုရားရဲတိုက်၏ ခေါင်းဆောင်သစ်အား အရိုအသေပြုပါတယ်.........." ဟု ပြောလိုက်ကြပြီး ချောင်ဖုန်းအား ဂါဝါရပြုလိုက်ကြလေသည်။အင်ပါယာနတ်ဘုရားရဲတိုက်တွင် အဆင့်ရှစ် အဂ္ဂိရတ်ဘိုးဘေးနှစ်ယောက်ပင် ရှိ၏။

အင်ပါယာနတ်ဘုရားပြိုင်ပွဲရဲ့ စည်းကမ်းစည်းမျဥ်းများနဲ့ ဆေးကျမ်းစာလိပ်ကို ထုတ်ပေးသောသူမှာ အဆင့်၈အဂ္ဂိရတ်ပညာရှင်ဘိုးဘေးနှစ်ယောက်ပင်ဖြစ်သည်။ အဆင့်​၆ဆေးလုံးကို ဖော်စပ်နိုင်သူသည် အင်ပါယာနတ်ဘုရားရဲတိုက်၏ အကြီးအကဲ ရာထူးကို ရရှိမယ်ဖြစ်ပြီး အဆင့်၇ ဆေးလုံးကို ဖော်စပ်နိုင်သူကတော့ ဥက္ကဋ္ဌ ရာထူးကို ရရှိမည် ဖြစ်၏။

ရီချုံသည် "အကိုကြီး........ကြည့်ရတာ သူတို့အားလုံးက

မင်းကို အရိုအသေပေးနေတာ ထင်တယ် "လို့ ​ချောင်ဖုန်းအား ပြောလိုက်သည်။ချောင်ဖုန်းသည် အဆင့်၇ ဆေးလုံးတစ်လုံးက အင်ပါယာနတ်ဘုရားရဲတိုက်ရဲ့ ဥက္ကဋ္ဌ ရာထူးကို အဆုံး အဖြတ်ပေး မည်လို့ ထင်မထားခဲ့ချေ။

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါမှသာ အားလုံးသည် ဒူးထောက်ရာမှ ပြန်ထလာခဲ့၏။ယန်ကျီဟုန်တစ်ယောက်ကတော့ အင်မတန်ပင် ပျော်ရွင်၍ နေလေသည်။သူ့ဆရာက အင်ပါယာနတ်ဘုရားရဲတိုက်ရဲ့ ဥက္ကဋ္ဌ ရာထူးကို ရရှိသွားတဲ့အတွက် သူ့ရဲ့ အဆင့်အတန်းသည် အလိုအလျောက် တိုးတက်လာမည် ဖြစ်၏။

အကြီးအကဲများသည် ချောင်ဖုန်းအား ပြိုင်ပွဲခန်းမမှ အင်ပါယာနတ်ဘုရားရဲတိုက်၏ ဆွေးနွေးရာ နေရာဖြစ်သော အခန်းတစ်ခုကို ချက်ချင်းပင် ခေါ်ဆောင်သွားခဲ့သည်။အခန်းထဲသို့ ရောက်တဲ့အခါ ရှီးဝူးကျင်သည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ အနီရောင်ကျောက်စိမ်းတံဆိပ်တုံး တစ်ခုအား ချောင်ဖုန်းအား ပေးလိုက်၏။

ထိုအနီရောက်ကျောက်စိမ်းတုံးသည် ခေါင်းဆောင်ရာထူးရဲ့ အမှတ်တံဆိပ်တုံး တစ်ခုပင် ဖြစ်သည်။ ချောင်ဖုန်းသည် ထိုကျောက်စိမ်းတုံးအား သူ့သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းလိုက်၏။ထိုချိန်မှာ အခန်းထဲကို ဖူရှောင်တန်သည် အခန်းထဲကို ဝင်လာပြီး အားလုံးအား အရိုအသေပြုလိုက်သည်။

အင်ပါယာနတ်ဘုရားပြိုင်ပွဲ ပြီးဆုံးသွားပြီး ဖြစ်ကြောင်းနဲ့ အကြီးအကဲအသစ် ၇ယောက် ရရှိကြောင်း တင်ပြလိုက်၏။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ထိုလူတွေအား ခေါ်လိုက်ဖို့ ပြောလိုက်သည်။ ထိုအခါ ဖူရှောင်တန်သည် အကြီးအကဲအသစ် ၇ယောက်အား အခန်းထဲကို ခေါ်လိုက်၏။

ချောင်ဖုန်းသည် ခေါင်းဆောင်ထိုင်ခုံမှာ ထိုင်နေခဲ့ပြီး အကြီးအကဲအားလုံးသည် ချောင်ဖုန်းအမိန့်ပေးမှာကို ခေါင်းငုံကာ စောင့်ဆိုင်းနေကြသည်။ယန်ကျီဟုန်ကတော့ သူ့ဆရာအား ခိုးကြည့်ကာ ပြုံးစိစိဖြစ်နေလေသည်။ ချောင်ဖုန်းသည် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ခေါင်းဆောင်ရာထူးလိုနေရာမျိုးက သူ့အတွက် သာမာန်ပဲဆိုတာ အားလုံးသည် သိရှိထား၏။

ချောင်ဖုန်းသည် ဝေ့ဝိုက်မနေဘဲ မှော်အဂ္ဂိရတ်အင်ပါယာကို သူရောက်ရှိလာခြင်းသည် ဝတ်ရုံနီဂိုဏ်းကို ရှာဖွေဖို့ ရောက်ရှိလာကြောင်း ပြောလိုက်၏။ ထိုအခါ ရှီးဝူးကျင်သည် လက်နှစ်ဖက်ဆုပ်ကာ "ခေါင်းဆောင်........သတ်ဖြတ်ရေးနန်းတော်ကြောင့် အင်ပါယာကို ရောက်ရှိလာတာလား " ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် သတ်ဖြတ်ရေး နန်းတော်နဲ့ ဝတ်ရုံနီဂိုဏ်းက တစ်ခုပဲလားလို့ တွေးထင်မိသွားသည်။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ အားလုံးသည် ဝမ်းသာသွားကြ၏။စုန်ရှောင်လျိုသည် မျက်နှာမကောင်းစွာဖြင့် "ခေါင်းဆောင်.......ငါတို့မှာရှိတဲ့ ကာကွယ်ရေး တပ်ဖွဲ့အကြီးအကဲက အဲ့ကိစ္စကို သဘောတူမှာ မဟုတ်ဘူး" လို့ ပြောလိုက်သည်။

ထိုအခါ ရှီးဝူးကျင်သည်လည်း စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "ဟုတ်တယ်......သတ်ဖြတ်ရေးနန်းတော်က လူတွေသာ ငါတို့ရဲတိုက်ထဲမှာ သူလျိုအဖြစ်ရှိနေရင် သူတို့ရဲ့ လက်အောက်ကို ကျရောက်သွားလိမ့်မယ်လို့ " ဟု စိတ်ပျက်သော လေသံဖြင့် ပြောလိုက်သည်။

ချောင်ဖုန်းသည် စားပွဲခုံအား လက်ဖဝါး နှစ်ဖက်ဖြင့် ရိုက်ချလိုက်ပြီး "ဘာပဲဖြစ်ဖြစ်.......သတ်ဖြတ်ရေးနန်းတော်ကို တိုက်ခိုက်ဖို့ ငါဆုံးဖြတ်ချက် ချလိုက်ပြီ မင်းတို့ခုချက်ချင်း ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ကြ " လို့ ဒေါသထွက်စွာ လေသံဖြင့် အမိန့်ပေးလိုက်၏။

အားလုံးသည် ထွက်သွားဖို့ လုပ်ချိန်မှာ ချောင်ဖုန်းသည် ယန်ကျီဟုန် ၊ ရှီးဝူးကျင် ၊ စုန့်ရှောင်လျိုနဲ့ တခြားအကြီးအကဲ နှစ်ယောက်ကို ကျန်ခဲ့ခိုင်းလိုက်သည်။အကြီးအကဲ အယောက် ၂၀ နီးပါး ထွက်ခွာသွားတဲ့အချိန်မှာတော့ ရှီးဝူးကျင်တို့သည် သူတို့ကို တခြားစေခိုင်းစရာ ရှိလို့လား လို့ မေးမြန်းလိုက်သည်။

ချောင်ဖုန်းသည် သူရဲ့မီးတောက်ကို ထုတ်လိုက်ပြီး "မင်းတို့အမှား မင်းတို့သိတယ်ဆိုရင် ချက်ချင်းဝန်ခံပါ ၊ နောက်ကျသွားရင်တော့ ငါအဆိုးမဆိုနဲ့ " လို့ ခြိမ်းခြောက်လိုက်၏။ ထိုအခါ အကြီးအကဲနှစ်ယောက်သည် ချက်ချင်း ဒူးထောက်ကာ တောင်းပန်ပါတော့သည်။

ရှီးဝူးကျင်သည်နဲ့စုန်ရှောင်လျိုသည် သူတို့နဲ့ အမြဲတူတူ ကိစ္စများကို ဆောင်ရွက်နေသော လူနှစ်ယောက်သည် သတ်ဖြတ်ရေးနန်းတော်၏ သူလျှိူဟု မထင်ထားခဲ့ချေ။ သတ်ဖြတ်ခြင်းနန်းတော်သည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်တွင် နဂိုက အင်အားသေးငယ်သော ဂိုဏ်းလေးတစ်ခုပင် ဖြစ်သည်။

သို့သော် ထိုဂိုဏ်းရဲ့ လှုပ်ရှားမှုများသည် သိရှိရန် ခက်ခဲသောကြောင့် တဖြည်းဖြည်းနဲ့ အင်အားကြီးမားလာခဲ့သည်။နောက်ဆုံးမှာတော့ အင်ပါယာနတ်ဘုရားရဲတိုက်ကိုပါ အံတုနိုင်သော သတ်ဖြတ်ခြင်းနန်းတော်လို့ ခေါ်သည့် အဖွဲ့အစည်းကြီး တစ်ခု ​ဖြစ်တည်လာခဲ့၏။

ထိုသတ်ဖြတ်ခြင်းနန်းတော်သည် အဂ္ဂိရတ်ပညာရှင်များကို ဖမ်းဆီးကာ ဆေးလုံးများကို ဖော်စပ်ခိုင်းနေခြင်းဖြစ်သည်။ချောင်ဖုန်းသည် သူသိချင်တာများ သိရှိပြီးနောက် ထိုလူနှစ်ယောက်ကို သတ်ပစ်လိုက်၏။

ထိုအခါ ကျန်ရှိသော သုံးယောက်သည် ပြာမှုန့်တောင်မကျန်သော အကြီးအကဲနှစ်ယောက်ကို တွေးမိ၍ တံတွေးများပင် မျိချဖို့တောင် ကြောက်ရွံနေလေသည်။ထိုချိန်မှာ ကာကွယ်ရေးစစ်သည်တော် တစ်ယောက်သည် အင်ပါယာနတ်ဘုရားရဲတိုက်၏ အပြင်ဘက်တွင် လူများစွာ သေဆုံးနေတဲ့အကြောင်း တင်ပြလိုက်၏။

ထိုလူများသည် ရီဟန်ရဲ့ လက်ချက်အောက်မှာ သေဆုံးသွားသော

သတ်ဖြတ်ခြင်းနန်းတော်မှ လူများပင် ဖြစ်သည်။ကာကွယ်ရေးစစ်သည်တော်ထွက်ခွာ သွားပြီးနောက် လူတစ်ယောက်သည် ဒေါသထွက်စွာဖြင့် ချောင်ဖုန်းတို့ အခန်းထဲကို ဝင်လာခဲ့၏။

ထိုလူသည် အခန်းထဲရောက်လာတဲ့အခါ ဥက္ကဋ္ဌ ထိုင်ခုံမှာ ထိုင်နေသော ချောင်ဖုန်းအား "မင်းကခေါင်းဆောင် ဖြစ်တာနဲ့ လုပ်ချင်တာလုပ်လို့ ရမယ်ထင်နေတာလား " လို့ ကျယ်လောင်အော်ဟစ်စွာ ပြောလိုက်သည်။

ထိုလူကတော့ အင်ပါယာနတ်ဘုရားရဲတိုက်၏ အဆင့်၈ အဂ္ဂိရတ်ပညာရှင်ဘိုးဘေးဖြစ်သလို ကာကွယ်ရေးတပ်ဖွဲ့၏ အကြီးအကဲ တစ်ယောက်လဲဖြစ်သော ကျွီတန်ရှီပင် ဖြစ်၏။ကျွီတန်ရှီသည် ဘိုးဘေးနှစ်ယောက်ထဲတွင် အင်အားပို၍ ကြီးသည်။

ကျွီတန်ရှီသည် ချောင်ဖုန်းကို ပြောဆိုပြီးတဲ့နောက်မှာ သူ့ကိုယ်သူ ပါးရိုက်သလို ခံစားလိုက်ရ၏။ကျွီတန်ရှီသည် ချက်ချင်း မျက်နှာပျက်သွားကာ " မဖြစ်နိုင်တာ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ဟု ရေရွတ်လိုက်လေသည်။

အားလုံးသည် ကျောက်ရုပ်သဖွယ် ဖြစ်နေသော ကျွီတန်ရှီကို ကြည့်လိုက်ကြ၏။ကျွီတန်ရှီသည် ရုတ်တရက် ဒူးထောက်လိုက်ပြီး "ခေါင်းဆောင်.......ငါ့အမှားငါ သိပါပြီ " ဟု ​ပြော၍ ဂါဝါရပြုကာ တောင်းပန်လိုက်လေသည်။

ထိုအခါ ရှီးဝူးကျင်နဲ့စုန့်ရှောင်လျိုတိုသည် ထိုဖြစ်ရပ်ကို ကြည့်ကာ ဆွံ့အ၏ သွားကြ၏။ ကျွီတန်ရှီလို မောက်မာလွန်းလှသော ဘိုးဘေးအကြီးအကဲတစ်ယောက်က ချောင်ဖုန်းအား ဒူးထောက် တောင်းပန်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားပေ။

ချောင်ဖုန်းသည် ကျွီတန်ရှီကို ထူပေးလိုက်ပြီး "အကြီးအကဲက အားနာနေတာပဲ " ဟု ပြောလိုက်သည်။ချောင်ဖုန်းသည် သူ့ကို ခွင့်လွှတ်ပေးလိုက်တာကြောင့် ကျွီတန်ရှီသည် စိတ်အေးသွားရ၏။

အမှန်တကယ်တော့ ကျွီတန်ရှီသည် တခြားလူမဟုတ်ဘဲ မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဟောင်း တစ်ယောက်ပင်ဖြစ်သည်။

ကျွီတန်ရှီသည် ချောင်ဖုန်းကို အော်ဟစ်လိုက်သောချိန်တွင် သူ့ရဲ့အမိန့်တံဆိပ်ပြားသည် အလိုအလျောက် ကွဲကြေသွားခဲ့တာကို ခံစားလိုက်ရ၏။

ထို့ကြောင့် ချောင်ဖုန်းသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်း၏ ဥက္ကဋ္ဌအသစ်မှန်း သိရှိသွားခဲ့၍ ကျွီတန်ရှီသည် ဒူးထောက် တောင်းပန်လိုက်ခြင်း ဖြစ်သည်။

ချောင်ဖုန်းသည် သတ်ဖြတ်ခြင်းနန်းတော်နဲ့ ပက်သက်သော အကြောင်းအရာများကို ကျွီတန်ရှီအား ရှင်းပြခိုင်းလိုက်၏။ သတ်ဖြတ်ရေးနန်းတော်တွင် ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူ အများအပြား ရှိနေသဖြင့် တိုက်ခိုက်ဖို့ မလွယ်ကူ​သည့်အကြောင်း

ကျွီတန်ရှီသည် ချောင်ဖုန်းအား ရှင်းပြလိုက်သည်။

သတ်ဖြတ်ခြင်းနန်းတော်၏ ပထမခံတပ်တွင် ဝိညဥ်နယ်ပယ်အစောပိုင်းအဆင့် တိုက်ခိုက်ရေးသမား ၅ယောက်မှ ကာကွယ်ပေးထား၏။ ဒုတိယခံတပ်တွင် ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့်

တိုက်ခိုက်ရေးသမား ၁၀ယောက်သည် ကာကွယ်ပေးနေခဲ့ပြီး သတ်ဖြတ်ရေးနန်းတော်မှာတော့ မည်မျှရှိကြောင်း မခန့်မှန်းနိုင်ပေ။

ချောင်ဖုန်းသည် အနီရောင် ကျောက်စိမ်းတံဆိပ်တုံးအား ကျွီတန်ရှီကို ယာယီပေးလိုက်ပြီး ဒီညအတွင်း တိုက်ခိုက်ဖို့ စေခိုင်းလိုက်၏။

ကျွီတန်ရှီသည် တိုက်ခိုက်ရန် စိတ်မပါသော်လည်း ချောင်ဖုန်းရဲ့အမိန့်ကို မနာခံပဲ မနေရဲပေ။

အင်ပါယာနတ်ဘုရားရဲတိုက်မှ စစ်သည်တော်များသည် ညအမှောင်ယံအချိန်အတွင်း သတ်ဖြတ်ခြင်းနန်းတော်၏ ပထမခံတပ်ဆီသို့ ​အရှိန်မြင့်စွာ ပျံသန်းလာကြ၏။ထို့နောက် ပထမခံတပ် အနီးအနားသို့ ရောက်တဲ့အခါ အားလုံးသည် ကောင်းကင်ယံအထက်တွင် ရပ်တန့် ရပ်တန့်သွားကြသည်။

ကျွီတန်ရှီသည် လက်နှစ်ဖက်ဆုပ်ကာ "ခေါင်းဆောင်........ငါတို့ အင်ပါယာနတ်ဘုရားရဲတိုက်ရဲ့ အစီအရင်ဆရာတွေက အဲ့အကာအကွယ်အစီအရင်တွေကို ဖျက်စီးဖို့ ကြိုးစားခဲ့ကြဖူးတယ် ၊ ဒါပေမယ့် သူတို့အားလုံး မစွမ်းဆောင်နိုင်ကြဘူး " ဟု စိတ်ပျက်စွာ ဖြင့်ပြောလိုက်၏။

All Chapters