← Chapters

chapter(169)

Vol. 12 Ch. 169

chapter(169)

Vol. 12 Ch. 169

အသန့်စင်ဆုံးစနစ် အခန်း(169)

ထိုအခါမှသာ ချောင်ဖုန်းသည် နားလည်သွားသည်။အင်ပါယာနတ်ဘုရားရဲတိုက်သည် တိုက်ခိုက်ရေးအင်အားနည်းလို့ မဟုတ်ဘဲ အစီအရင်ဘက်မှာ အင်အား နည်းနေသောကြောင့် သတ်ဖြတ်ရေးနန်းတော်ကို လွှတ်ထားပေးရကြောင်း သိရှိသွား၏။

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး စကြာဝဋ္ဌာအစီအရင် ရတနာကို ထုတ်လိုက်သည်။ထို့နောက် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ကြာပွင့်ကလေးများသည် ပျံသန်းသွားကြပြီး ပထမခံတပ်၏ အကာအကွယ်အစီအရင်ပေါ်သို့ ရောက်ရှိသွားကြ၏။

ပထမခံတပ်ရှိလူများသည် သူတို့ခံတပ်၏ ကောင်းကင်ယံအထက်တွင် အင်ပါယာနတ်ဘုရားရဲတိုက်၏ စစ်သည်တော်များစွာ ရောက်ရှိနေပင်မယ့် မကြောက်ရွံပေ။ ထိုလူများသည် သူတို့ရဲ့ အကာအကွယ်အစီအရင်သည် နဂိုကထပ်ပင် ခုခံနိုင်သည့်စွမ်းအား မြှင့်တင်ထားသဖြင့် ပေါ့ပေါ့ပါးပါးဖြင့်သာ နေကြလေသည်။

ထိုချိန်မှာ ချောင်ဖုန်းသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ကာ "ဖျက်ဆီး ပစ်လိုက်တော့......" လို့ ရေရွတ်လိုက်တဲ့အခါ ကြာပွင့်ကလေးများမှ ထွက်ပေါ်လာသော ဖောက်ခွဲရေးစွမ်းအင် အလင်းတန်းသည် ပထမခံတပ်၏ အကာအကွယ် အစီအရင်အား ဖျက်ဆီးပစ်လိုက်၏။

ပထမခံတပ်ထဲတွင် ရှိသော သတ်ဖြတ်ရေးနန်းတော်မှ တိုက်ခိုက်ရေးသမားများသည် အကာအကွယ်အစီအရင် ပျက်စီးသွားတဲ့အခါ

ဒုတိယခံတပ်အား အကူအညီများ လွှတ်ပေးဖို့ အမြန် သတင်းပို့လိုက်လေသည်။

အင်ပါယာနတ်ဘုရားရဲတိုက်၏ စစ်သည်တော်များသည် အကာအကွယ်အစီအရင် ပျက်စီးသွားတာနဲ့ အော်ဟစ်ကာ ဝင်တိုက်ခိုက်လိုက်၏။ ကျွီတန်ရှီကတော့ ချောင်ဖုန်းသည် အစီအရင်ပညာမှာလဲ ခန့်မှန်းလို့ မရနိုင်သော ဆရာကြီးတစ်ပါးဆိုတာ သိရှိသွား၏။

ဒုတိယခံတပ်၏ အကူအညီမရောက်သေးခင်မှာပဲ ပထမခံတပ်သည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ထိုအခါ ချောင်ဖုန်းတို့သည် ဒုတိယခံတပ်ဆီသို့ ထပ်မံလှမ်းလာခဲ့ချေ၏။

ဒုတိယခံတပ်တွင် ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမား အယောက်၂၀ကျော်နဲ့ နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများစွာသည် တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။ ထိုအခါ အင်ပါနတ်ဘုရားရဲတိုက်မှ စစ်သည်တော်များသည် တိုက်ခိုက်ဖို့ တုံဆိုင်းသွားခဲ့၏။

ထိုချိန်မှာ ချောင်ဖုန်းသည် လေဟာနယ်အက်ကွဲကြောင်းမှ တဆင့်ဒုတိယခံတပ်ကို ကာကွယ်နေသော အဖွဲ့ရှေ့မှ ပြန်ထွက်ပေါ်လာလေသည်။အင်ပါယာနတ်ဘုရားရဲတိုက်၏ စစ်သည်တော်များ အားလုံးသည် သူတို့ခေါင်းဆောင်သည်လည်း ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားလို့ လုံးဝမထင်ထားခဲ့ချေ။

ကျွီတန်ရှီသည် အဂ္ဂိရတ်ပညာ၊ အစီအရင်ပညာနဲ့ ကျင့်ကြံခြင်းစွမ်းအားတို့ကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာတစ်ဆူဖြစ်အောင် ကျင့်ကြံနိုင်သော ချောင်ဖုန်းအား လေးစား၍ သွားခဲ့၏။

ချောင်ဖုန်းသည် တစ်ယောက်ထဲဖြင့် ရှေ့တက်သွားသဖြင့် အားလုံးသည် "ခေါင်းဆောင်........သတိထား" ဟု အော်ဟစ်လိုက်ကြလေသည်။သတ်ဖြတ်ခြင်းနန်းတော်၏ ဒုတိယခံတပ်ကို ကာကွယ်နေသော ချန်လျန်းဟု အကြီးအကဲတစ်ယောက်သည် သူ့သံခမောက်ကို လှည့်လိုက်တဲ့အခါ ဓားဆူးချွန်များ ထွက်ပေါ်လာခဲ့၏။

ချန်လျန်းသည် "ကောင်စုတ်လေး.......ငါမင်းကို ဖမ်းပြီး သတ်ဖြတ်ခြင်းနန်းတော်ရဲ့ နှိပ်စပ်မှု အရသာကို ကောင်းကောင်းခံစားခိုင်းမယ် "လို့ ပြောကာ သံခမောက်ဖြင့် ချောင်ဖုန်းကို တိုက်ခိုက်လိုက်သည်။

သံဆူးချွန်များဖြင့် လည်ပတ်စွာရောက်ရှိလာသော သံခမောက်သည် ရီဟန်ရဲ့ တိုက်ခိုက်ခြင်းကြောင့် သံခမောက်သည် နောက်သို့ ပြန်ရောက်သွားပြီး ချန်လျန်းရဲ့ လက်ထဲသို့ ပြန်ရောက်သွား၏။

ချောင်ဖုန်းသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "ကံတရားကိုပဲ အပြစ်တင်လိုက်တော့ "ဟု ပြောကာ သူရဲ့စွမ်းအားများကို စုစုည်းပြီး နတ်ဘုရားပလ္လင်အလင်းတန်းဖြင့် အားလုံးကို တိုက်ခိုက်လိုက်လေသည်။

ဒုတိယခံတပ်၏ ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးသမားများနဲ့ နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည် ပြင်းထန်သော စွမ်းအား တစ်ခု၏ ဝါးမျိူခြင်းခံလိုက်ရပြီး လေပေါ်မှာတွင် ပြာမှုန့်ပါမကျန် ပျောက်ကွယ်သွားကြ၏။

ထိုအခါ အင်ပါယာနတ်ဘုရားရဲတိုက်၏ စစ်သည်တော်များမှာ ချောင်ဖုန်းရဲ့ စွမ်းအားအရှိန်အဝါရဲ့ ရိုက်ခတ်မှုကြောင့် ကျောချမ်းသလိုပင် ခံစားလိုက်ရသည်။ချောင်ဖုန်းသည် သတ်ဖြတ်ခြင်းနန်းတော်ကို ဆက်သွားဖို့ အားလုံးကို အမိန့်ပေးလိုက်၏။

ချောင်ဖုန်းရှိနေသဖြင် စစ်သည်တော်များသည် တိုက်ခိုက်ရန် အားများပို၍ တက်လာလေသည်။သတ်ဖြတ်ခြင်းနန်းတော်တွင် သံခမောက်ဆောင်းထားသော လူတစ်ယောက်သည် ပထမခံတပ်နဲ့ဒုတိယခံတပ်မှာ ဖျက်ဆီးခံလိုက်ရပြီးဖြစ်ကြောင်းနဲ့ အင်ပါယာနတ်ဘုရားရဲတိုက်ရဲ့ စစ်သည်တော်များသည် သူတို့ရှိကို ဆက်လက်ချီတက်လာနေပြီဖြစ်ကြောင်း သူတို့ရဲ့ခေါင်းဆောင်အား တင်ပြနေလေသည်။

သတ်ဖြတ်ခြင်းနန်းတော်၏ ခေါင်းဆောင် ဟောက်ထျန်းချွီသည် ဝိညဥ်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို မကြာသေးခင်မှ ရောက်ရှိထားသော လူတစ်ယောက်ဖြစ်၏။ဟောက်စန်းချွီသည် သူ့ရဲ့လက်ဖဝါးမှ အနီရောင်အဆိပ်ငွေ့များကို ထုတ်လိုက်ပြီး "သူတို့ကသေဖို့ မစောင့်နိုင်ဘူးဆိုမှတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့ " လို့ ပြောလိုက်၏။

ချောင်ဖုန်းတို့သည် မနက်မိုးလင်းခန်းနီးရောက်တဲ့အခါ သတ်ဖြတ်ခြင်းနန်းတော်၏ တည်နေရာကို ရောက်ရှိလာလေသည်။သတ်ဖြတ်ခြင်းနန်းတော်တွင် အနီရောင်အခိုးအငွေ့များသည် နန်းတော်တစ်ခုလုံးအား ကာဆီး၍ ထား၏။

ချောင်ဖုန်းသည် ​ပြုံးလိုက်ပြီး သဘာဝမီးတောက်ဖြင့် တိုက်ခိုက်လေသည်။လိမ္မော်ရောင်မီးတောက်ကြီးသည် အနီရောင်အခိုးအငွေ့များကို ထိတွေ့သွားတဲ့အခါမှာတော့ သတ်ဖြတ်ခြင်းနန်းတော်သည် ရှင်းရှင်းလင်းလင်းပေါ်ထွက်လာခဲ့၏။

ထိုအခါ ဟောက်ထျန်းချွီနဲ့အတူ ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူ အများအပြားသည် သတ်ဖြတ်ခြင်းနန်းတော်၏ ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာခဲ့သည်။ဟောက်ထျန်းချွီသည် ချောင်ဖုန်းကို ကြည့်လိုက်ပြီး "ငါမင်းကို အထင်သေးမိတာ တကယ်ပဲ နောင်တရမိတယ်" လို့ ပြုံးကာ ပြောလိုက်၏။

သတ်ဖြတ်ခြင်းနန်းတော်ရဲ့ ခေါင်းဆောင်သည် သူ့အားသိရှိနေလိမ့်မယ်လို့ ချောင်ဖုန်းသည် မထင်ထားခဲ့ပေ။ ရီချုံသည် "အကိုကြီး...... သူ့ရဲ့စွမ်းအားက ဝိညဥ်နယ်ပယ်အထွဋ်အထိပ်မှာ ရှိနေတဲ့ ရီချုံတို့ တာဝန်ကို ထားလိုက်တော့ " ဟု ပြောလိုက်သည်။

ဟောက်ထျန်းချွီသည် သူ့ရဲ့စွမ်းအားသည် ဝိညဥ်နယ်ပယ်အထွဋ်အထိပ်ကို ရောက်ရှိသွားခြင်းကြောင့် ချောင်ဖုန်းကို အနိုင်ရရှိဖို့ ယုံကြည်ချက်ရှိနေခဲ့၏။ ထိုချိန်မှာ ဟောက်ထျန်းချွီရဲ့ နောက်တွင် လူတစ်ယောက်ပေါ်လာခဲ့သည်။

ထိုအခါ ဟောက်ထျန်းချွီသည် "မင်းက ဘာလို့ ဒီနေရာမှ ရှိနေသေးတာလဲ " ဟု ဒေါသထွက်စွာ ပြောလိုက်၏။ ထိုလူကတော့ တခြားလူမဟုတ်ပေ ဟောက်ထျန်းချွီးရဲ့ သားဖြစ်သူ ဟောက်မူဂျန်းပင် ဖြစ်သည်။

ဟောက်မူဂျန်းသည် ဂိုဏ်းတစ်ခုခု၏ တပည့်သားအဖြစ် ဟန်ဆောင်ကာ အင်ပါယာနတ်ဘုရားပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့၏။ ဟောက်မူဂျန်းသည် အမှတ်မထင်ပဲ ယန်ကျီဟုန်ကို တွေ့ရှိ၍ ချစ်ကျွမ်းဝင်သွားခဲ့သည်။

ထိုချိန်မှာ ချောင်ဖုန်းသည် ရုတ်တရက် ယန်ကျီဟုန်ရဲ့ အနားကို ရောက်ရှိလာဖြင့် ဟောက်ထျန်းချွီသည် ချောင်ဖုန်းအား သတ်ဖြတ်ဖို့ စေခိုင်းခဲ့သည်။ သို့သော် သူ့လွှတ်လိုက်သော လူများမှာ သတင်းပြန်ပို့မလာသောကြောင့် ချောင်ဖုန်းလက်ချက်ဖြင့် သေဆုံးသွားတာကို သိရှိလိုက်ရ၏။

ဟောက်ထျန်းချွီသည် အကြီးအကဲများမှ တဆင့် ထိုသတင်းကို သိတဲ့အခါ သူ့သားအား သတ်ဖြတ်ခြင်းနန်းတော်မှာ နေဖို့ ပြန်ခေါ်ခိုင်းခဲ့သည်။တစ်ရက်အတွင်းမှာပဲ ချောင်ဖုန်းသည် အင်ပါယာနတ်ဘုရားရဲတိုက်ကို ဦးဆောင်ကာ သတ်ဖြတ်ခြင်းနန်းတော်ကို လာရောက်တိုက်ခိုက်လိမ့်မည်ဟု ဟောက်ထျန်းချွီသည် မထင်ထားခဲ့ပေ။

All Chapters