← Chapters

chapter(170)

Vol. 12 Ch. 170

chapter(170)

Vol. 12 Ch. 170

အသန့်စင်ဆုံးစနစ် အခန်း(170)

ပထမခံတပ် ပျက်စီးသွားသည်ဟု သတင်းရရှိတာနဲ့ ဟောင်ထျန်းချွီသည် သူ့သားဟောက်မူဂျန်းအား သတ်ဖြတ်ခြင်းနန်းတော်မှ အဝေးတစ်နေရာကို ထွက်ခွာသွားဖို့ အကြီးအကဲများနဲ့ စေလွှတ်လိုက်၏။

သို့သော် ဟောက်မူဂျန်းသည် မထွက်သွားခဲ့ပေ။ ဟောက်ထျန်းချွီသည် စိတ်ပျက်စွာနဲ့ ခေါင်းခါလိုက်သည်။ချောင်ဖုန်းသည် တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တာနဲ့ အင်ပါယာနတ်ဘုရားရဲတိုက်၏ စစ်သည်တော်များသည် သူတို့ရဲ့ စွမ်းအားအရှိန်အဝါများကို စတင်တိုက်ခိုက်ပါတော့၏။

အားလုံးစတင်တိုက်ခိုက်တဲ့အခါ ကောင်းကင်ယံအထက်တွင် ချောင်ဖုန်းနဲ့ ဟောက်ထျန်းချွီတို့နှစ်ယောက်သာ ကျန်ခဲ့လေသည်။ ဟောက်ထျန်းချွီသည် ဝိညဥ်နယ်ပယ်အထွဋ်အထိပ် စွမ်းအားအရှိန်အဝါကို ထုတ်လိုက်ပြီး "ကောင်စုတ်လေး......ငါ့ရဲ့ သတ်ဖြတ်ခြင်းအဆိပ်စွမ်းအားကို ခံစားကြည့်လိုက်" လို့ ပြောလိုက်သည်။

ထိုအခါ ဟောက်ထျန်းချွီရဲ့ လက်ဖဝါးမှ အနီရောင်အဆိပ်အငွေ့တန်းကြီးသည် ချောင်ဖုန်းရှိသို့ လျှပ်စီးသဖွယ် အရှိန်နှုန်းဖြင့် ရောက်ရှိလာ၏။ ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ရီချုံနဲ့ရန်ယိုသည် လျှပ်တစ်ပြက် ထွက်လာပြီး အနီရောင်အဆိပ်ငွေ့စွမ်းအားကြီးကို ဖျက်ဆီးလိုက်၏။

ရီချုံနဲ့ရန်ယိုသည် ကြောက်စရာကောင်းသော အေးစက်သည့်အသံဖြင့် "မင်းရဲ့အဆင့်နဲ့ ငါ့တို့သခင်ကို တိုက်ခိုက်ဖို့ အရည်အချင်းမရှိသေးဘူး" ဟု ဟောက်ထျန်းချွီအား ပြောလိုက်သည်။ ဟောက်ထျန်းချွီသည် ကြောက်စရာကောင်းသော ဧရာမခေါင်းနှစ်လုံး နဂါးကို တွေ့တဲ့အခါ နှလုံးရပ်မတန့်ပင် ကြောက်လန့်သွား၏။

နေရာအနှံအပြားတိုက်ခိုက်နေသောသူများသည်လည်း ရုတ်တရက် ရပ်တန့်သွားကြသည်။ ရီချုံနဲ့ရန်ယိုဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်ရေးစွမ်းအားအရှိန်အဝါကြီးသည် သူတို့အား အရိုးများပင် အေးမတက်ခံစားနေရသည်။

ဟောက်ထျန်းချွီသည် ရီချုံတို့နှစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းစွမ်းအားအရှိန်အဝါ ခံစားနေရသဖြင့် တိုက်ခိုက်ဖို့ပင် အားများမရှိတော့ပေ။ဟောက်မူးဂျန်းကတော့ ဧရာမခေါင်းနှစ်လုံးနဂါးကို မြင်တဲ့အခါ တံတွေးများပင် နင်နေလေသည်။

ဟောက်ထျန်းချွီသည် သတ်ဖြတ်ခြင်းနန်းတော်ကို စွန့်လွှတ်ပြီး သူ့သားနဲ့အတူ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်၏။ သို့သော် ဟောက်ထျန်းချွီသည် သူရဲ့စွမ်းအင်များအားလုံးချိတ်ပိတ်ခံလိုက်ရကာ ခန္ဓာကိုယ်မှာ လှုပ်ရှား၍ မရတော့ပေ။

ဟောက်ထျန်းချွီသည် အကူအညီတောင်းရန် အားလုံးကို ကြည့်လိုက်ပင်မယ့် သူတစ်ယောက်ထဲ စွမ်းအင်များချိတ်ပိတ်ခံရတာမဟုတ်ဘဲ ၊ အားလုံးရပ်ဆိုင်းနေတာတွေ့သောကြောင့် သတ်ဖြတ်ခြင်းနန်းတော်သည် ချောင်ဖုန်းလက်အောက်မှာ ကျရှုံးသွားပြီဆိုတာကို သိရှိသွားခဲ့၏။

ရီချုံနဲ့ရန်ယိုသည် "အကိုကြီး........မင်းသူတို့အားလုံးရဲ့ ကျင့်ကြံမှုစွမ်းအင် အားလုံးကို အမြန်စုပ်ယူသင့်တယ် "ဟု အကြံပေးလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် အချိန်ဆွဲမနေဘဲ ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်ဖြင့် သတ်ဖြတ်ခြင်းနန်းတော်ရှိ လူများအားလုံးထံမှ ကျင့်ကြံမှု စွမ်းအားများကို စုပ်ယူလေ၏။

များစွာသော ကျင့်ကြံမှုစွမ်းအားအရှိန်အဝါများသည် ချောင်ဖုန်းရဲ့ယာယီ သိုလှောင်၍ ရသော သွေးကြောသစ်ထဲသို့ ရေတံခွန်မှ ဒလယောစီးကျသလို ရောက်ရှိလာကြလေသည်။နာရီဝက်ကြာပြီးတဲ့နောက် သတ်ဖြတ်ခြင်းနန်းတော်၏ ကောင်းကင်ယံအထက်မှ လူသေ အလောင်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြ၏။

ရီချုံနဲ့ရန်ယိုသည် သူတို့စွမ်းအင်များကို ရုတ်သိမ်းကာ ချောင်ဖုန်းခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစပ်လိုက်သည်။အင်ပါယာနတ်ဘုရားရဲတိုက်မှ စစ်သည်တော်အားလုံးသည် ချောင်ဖုန်းရဲ့ အင်အားကို သိရှိသွားပြီး

ချောင်ဖုန်းရဲ့ အမိန့်များကို မြေဝယ်မကျ နားထောင်ဖို့ ဆုံးဖြတ်လိုက်ကြ၏။

ချောင်ဖုန်းသည် အားလုံးကို သတ်ဖြတ်ခြင်းနန်းတော်ရှိ လူများအားလုံးကို သတ်ဖြတ်ပြီးတဲ့အခါ {ဂုဏ်ယူပါတယ်.......စနစ်ရှင်သည် သတ်ဖြတ်ခြင်းနန်းတော်ကို အဆုံးသတ်ပြီးပြီ ဖြစ်တဲ့အတွက် ဧကရာဇ်နယ်မြေအား စနစ်ရှင်အတွက် ဆု ချီးမြှင့်လိုက်ပါပြီ } ဟု စနစ်မှ အသိပေးသံလေး ထွက်ပေါ်လာခဲ့သည်။

ဧကရာဇ်နယ်မြေဟု ကြားတဲ့အခါ ချောင်ဖုန်းသည် ထူးဆန်း၍ သွားခဲ့၏။ထိုချိန်မှာ ဧကရာဇ်နယ်မြေကို သွားလို့ရသည့် ဒိုင်ဗားရှင်းလမ်းကြောင်း တစ်ခုသည် ချောင်ဖုန်းရဲ့ အသိဉာဏ်အတွေးထဲသို့ ဝင်လာခဲ့၏။

ချောင်ဖုန်းသည် နောက်မှ စမ်းသပ်ကြည့်ဖို့ တွေးလိုက်ပြီး သတ်ဖြတ်ခြင်းနန်းတော်အား စစ်ဆေးဖို့ အားလုံးကို စေခိုင်းလိုက်သည်။ သတ်ဖြတ်ခြင်း နန်းတော်ထဲတွင် မကောင်းသော အနံအသက် တစ်ခု ထွက်ပေါ်နေသေဖြင့် အားလုံးသည် ရှာဖွေလိုက်ကြသည်။

ထိုချိန်မှာ စစ်သည်တော် တစ်ယောက်သည် သတ်ဖြတ်ခြင်းနန်းတော်၏ လို့ဝှက်တံခါးပေါက်အတွင်းမှ မကောင်းသော အနံဆိုးကြီး ထွက်ပေါ်လာကြောင်း တွေ့ရှိသွားသဖြင့် အော်ဟစ်လိုက်၏။

ထိုအခါ ချောင်ဖုန်းသည် တံခါးကို ဖျက်ဆီးပြီး အထဲကို ဝင်ဖို့ အမိန့်ပေးလိုက်သည်။

ထိုအခါ စစ်သည်တော် သုံးယောက်သည် သူ့တို့ရဲ့ လက်နက်တွေအား ဝိညဥ်စွမ်းအင် အသက်သွင်းကာ တံခါးနံရံကို တိုက်ခိုက်လိုက်၏။ တံခါးနံရံကြီးသည် ပြိုကွဲ၍ ပျက်စီးသွားတာနဲ့ ရွံစရာ အနံဆိုးကြီးများသည် ဟောင်းခနဲ ထွက်ပေါ်လာလေသည်။

ထိုအနံကို ရှုရှိက်မိလိုက်သောသူအများစုသည် အော့အန်မတက် ဖြစ်သွားကြပြီး သူတို့ရဲ့ နှာခေါင်းအား အဝတ်စဖြင့် အမြန်ဖုံးဖိလိုက်ကြ၏။ ထို့နောက်အားလုံးသည် ဂူတစ်ဂူနဲ့ တူသော အခန်းတစ်ခုထဲသို့ ဝင်သွားကြလေသည်။

ချောင်ဖုန်းတို့သည် အထဲတွင် လူသေကောင် အလောင်းများစွာကို တွေ့လိုက်ရလေသည်။ချောင်ဖုန်းသည် ဂူအဆုံးမှာ တံခါးတစ်ခုကို ထပ်မံတွေ့လိုက်ရ၏။ ချောင်ဖုန်းတို့သည် ထိုတံခါးကို ဖျက်စီးပြီးတဲ့အခါမှာတော့ ဝိညဥ်စွမ်းအင်လုံးကြီးများထဲတွင် မေ့မြောနေသော လူပေါင်း ထောင်ကျော်ကို တွေ့ရှိလိုက်ရလေသည်။

ချောင်ဖုန်းသည် အခန်းအတွင်းတွင် ထူဆန်းသော ဧရာမဆေးမီးဖိုအိုကြီးတစ်လုံးလဲ ထပ်မံတွေ့ရှိလိုက်ရ၏။ ချောင်ဖုန်းသည် သူ့မှတ်ဉာဏ်အတွင်းရှိ အဂ္ဂိရတ်ပညာရပ်များကို ပြန်စစ်ဆေးကြည့်လိုက်တဲ့အခါ ​မှော်အဂ္ဂိရတ်ပညာရှင်များအတွက် သိုင်းကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်သော နည်းလမ်းတစ်ခုကို တွေ့ရှိသွားခဲ့သည်။

ထိုနည်းလမ်းကတော့ သိုင်းကျင့်ကြံသူများရဲ့ ကျင့်ကြံမှုစွမ်းအားများကို စုပ်ယူကာ ဆေးအမယ်များဖြင့် ရောစပ်၍ ဆေးလုံးဖော်စပ်ခြင်း ဖြစ်၏။ ထိုဆေးလုံးအား အကြိမ်များစွာ သောက်သုံးမယ်ဆိုရင် ကျင့်ကြံမှု စွမ်းအားသည် အလိုအလျောက်တိုးတက်လာမည် ဖြစ်သည်။

ချောင်ဖုန်းသည် ဝိညဥ်စွမ်းအင်လုံးများထဲတွင် မေ့မြောနေသော လူများအားလုံးကို အမြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်၏။ ထိုအခါ အားလုံးသည် သူတို့ရဲ့ စွမ်းအားများဖြင့် ဝိညဥ်စွမ်းအင်လုံးများကို တိုက်ခိုက်၍ ဖျက်ဆီး ပစ်နေကြလေသည်။

ထိုချိန်မှာ စစ်သည်တော် တစ်ယောက်သည် "ခေါင်းဆောင်.......ဂိုဏ်းအသီးသီးက ပျောက်ဆုံးနေတဲ့ အဂ္ဂိရတ်ပညာရှင်ကို ပြန်ရှာတွေ့ပါပြီ " ဟု ပြောလိုက်၏။

ချောင်ဖုန်းတို့သည် ထိုစစ်သည်တော်ရဲ့ နောက်ကို လိုက်တဲ့အခါ ဆေးလုံးဖော်စပ်သော အခန်းကျယ်ကြီးတစ်ခုတွင် လူအယောက်နှစ်ရာနီးပါးကို တွေ့ရှိလိုက်ရသည်။ထိုလူတွေသည် ဟောက်ထျန်းချွီရဲ့ အမိန့်ဖြင့် ဆေးလုံးများကို နေ့မနား ညမနား ဖော်စပ်နေကြရ၏။

ချောင်ဖုန်းသည် မေ့မြောနေသော သူများအားလုံးကို အင်ပါယာနတ်ဘုရားရဲတိုက်သို့ ခေါ်ဆောင်လာပြီး ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ကြဖို့ အမိန့်ပေးလိုက်သည်။ထိုအခါ အားလုံးသည် ကိုယ်စီတာဝန်များကို ဆောင်ရွက်၍ အင်ပါယာနတ်ဘုရားရဲတိုက်သို့ ပျံသန်း၍ ပြန်လာကြလေ၏။

အားလုံးထွက်ခွာလာပြီးနောက် ချောင်ဖုန်းသည် သတ်ဖြတ်ခြင်းနန်းတော်တစ်ခုလုံးအား မီးလောင်သိုက်သွင်းကာ ဖျက်ဆီးခဲ့လိုက်သည်။ ချောင်ဖုန်းတို့သည် အင်ပါယာနတ်ဘုရား ရဲတိုက်သို့ ပြန်ရောက်တဲ့အခါ မိုးစင်စင် လင်း၍ နေပြီဖြစ်၏။

အင်ပါယာနတ်ဘုရားရဲတိုက်မှ စစ်သည်တော်များအားလုံးသည်

သတ်ဖြတ်ခြင်းနန်းတော်မှ ရတနာများစွာကို ရရှိလာတဲ့အတွက် ဝမ်းသာ၍ နေလေသည်။

All Chapters