အပိုင်း(၅၀၃)
Vol. 34 Ch. 503
ရှန်းဟွေ့မြို့မှာ ထျန်းလျန်အင်ပါယာအတွင်း အကြီးမားဆုံးသောမြို့များထဲမှတစ်ခုဖြစ်သည်။ ရှန်းဟွေ့မြို့သိမ်းပိုက်ထားသောနယ်မြေက အကန့်သတ်မဲ့ပြီးကျယ်ပြောလှ၏။
မြို့က မြင့်မားသောအဆောင်အဦးများဖြင့် ထူထပ်သိပ်သည်းနေသည်။
ရှန်းဟွေ့မြို့၏အလယ်တွင် မျက်စိဖမ်းစားသော အမြင့်မားဆုံးနှင့် အကြီးမားဆုံးရွှေရောင်အဆောက်အဦးတစ်လုံးရှိသည်။ ဤအဆောက်အဦးက ရှန်းဟွေ့မြို့အရှင်သခင်ဖြစ်သူ၏ အိမ်တော်ဖြစ်၏။ ထျန်းလျန်အင်ပါယာအတွင်းအကြီးမားဆုံးသောမြို့များထဲမှတစ်ခုဖြစ်သည်နှင့်အညီ မြို့၏အရှင်သခင်ဖြစ်သူ ရှန်းအောင်ရှင်း၏အဆင့်အတန်းကလည်း အရေးပါထင်ရှားသည်ဖြစ်၏။ မြို့အရှင်သခင်၏ အိမ်တော်မှာ တော်ဝင်နန်းတော်တစ်ခုကဲ့သို့ ခမ်းနားလှ၏။
ကြီးကျယ်ခမ်းနားကြီးဇိမ်ခံပစ္စည်းများနှင့်ပြည့်စုံသော မြို့အရှင်အိမ်တော်၏ ခန်းမအတွင်း၌ မြို့အရှင်သခင်ဖြစ်သူ ရှန်းအောင်ရှင်းမှာ ရွှေရောင်ဝတ်စုံကိုဝတ်ဆင်လျှက် ပင်မထိုင်ခုံ၌ ထိုင်နေ၏။ သူ၏လှုပ်ရှားမှုနှင့်အပြုအမူတိုင်း၌ အုပ်ချုပ်သူတစ်ဦး၏ အရှိန်အဝါတို့ဖြင်ပြည့်နှက်နေသည်။ သူ၏လုံးများဓားသွားကဲ့သို့ထက်ရှလှ၏။
ရှန်းအောင်ရှင်း၏အဘိုးဖြစ်သူလက်ထက်ကတည်းက သူက ထျန်းလျန်အင်ပါယာ၏ ခုံရုံး၌ အမှုထမ်းခစားခဲ့သည်။ သူက ကြီးစွာသော အထောက်အကူများကိုပြုလုပ်ခဲ့ပြီး သူ့ကိုယ်သူအတွက်နမည်တစ်လုံးအားဆောက်တည်နိုင်ခဲ့၏။ သူ့အား ထျန်းလျန်အင်ပါဘာ၏ ကြီးမြတ်သောစစ်သူကြီး ကျောက်ယွမ်ဟူသောဘွဲ့ကို ပေးအပ်ခြင်းခံခဲ့ရသည်။
ရှန်းအောင်ရှင်း၏ဖခင်ဖြစ်သူ ရှန်းဝူမှာ သူ၏ဖခင်ထက်ပင် သူ၏ဖခင်ဖြစ်သူထက်ပင် ပို၍ ရဲ့ဝံ့သတ္တိရှိသူဖြစ်သည်။ သူအသက်ရှိစဉ်က ထျန်းလျန်အင်ပါယာအတွက်တိုက်ခိုက်ခဲ့ပြီး အင်ပါယာ၏နယ်မြေကိုချဲ့ထွင်ခဲ့သည်။ သူက အနိုင်မခံအရှုံးမပေးသောလူတစ်ယောက်ဖြစ်၏။သူကိုယ်တိုင်စစ်တပ်တစ်ခုကိုဦးဆောင်ပြီး အင်ပါယာအားအညံ့ခံခြင်းမရှိသည့် အခြားအင်ပါယာသုံးခုအား ဖျက်ဆီးပစ်ခဲ့သည်။
ရှန်းဝူအား ထျန်းလျန်အင်ပါယာမှ သိုင်းပါရဂူဟူသောဘွဲ့ကိုပေးအပ်ခဲ့သည်။
ရှန်းအောင်ရှင်းကတော့သူ၏ဖခင်ဖြစ်သူနှင့်နှိုင်းယှဉ်၍မရနိုင်သော်လည်း သူသည်လည်းလုပ်နိုင်ကိုင်နိုင်စွမ်း
ရှိသောသူတစ်ဦးဖြစ်သည်။အသက်ငယ်ငယ်ရွယ်ရွယ်နှင့်စစ်တပ်ထဲသို့ဝင်ခဲ့ပြီး အသစ်တစ်ဖန်စတင်ရန်အတွက် ဆန္ဒရှိခဲ့သည်။ တစ်ဆင့်ချင်းတစ်ဆင့် သတ်ဖြတ်ခြင်းအပေါ်တွင် မှီခိုအားပြုပြီး ရှန်းဟွေ့မြို့၏အရှင်ဟူသော နေရာကိုရောက်သည်အထိ သူ၏ကိုယ်ပိုင်အောင်မြင်မှုများအား
ရရှိအောင်မြှင့်တင်နိုင်ခဲ့သည်။
သူ၏ဖခင်ဖြစ်သူကြောင့် ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်က သူ့အား ရှန်းဟွေ့မြို့၏အရှင်သခင်ဟူသော
ရာထူးအားပေးထားသော်လည်း ရှန်းအောင်ရှင်း၏ တိုက်ပွဲအတွင်းအောင်မြင်မှုများနှင့် သူ၏စွမ်းရည်များကိုလည်း ၎င်းမှခွဲထုတ်ထား၍တော့မရချေ။
ရှန်းဟွေ့မြို့၏ အရှင်သခင်အဖြစ် ဆယ်နှစ်ကျော်ကြာစိုးစံခဲ့ပြီးနောက် ရှန်းအောင်ရှင်းမှာ မြို့အား အမြဲတမ်းကောင်းမွန်းစွာစီမံခန့်ခွဲ
နိုင်ခဲ့သည်ဖြစ်သည်။ လူဦးရေသိပ်သည်းမှု၊ စီးပွားရေး၊စိုက်ပျိုးမွေးမြူရေး၊ကုန်သွယ်မှုနှင့် စစ်တပ် စသည်တို့အတွင် သူကယခင်မြို့အရှင်သခင်များထက်သာလွန်ခဲ့သည်ဖြစ်သည်။
ရှန်းမိသားစု က လုပ်နိုင်ကိုင်နိုင်စွမ်းရှိသော မျိုးဆက်သုံးခုအား မွေးထုတ်ပေးနိုင်ခဲ့သည်ဟု လူများကပြောကြ၏။ မျိုးဆက်သုံးဆက်တည်းဟုပြောရသော
အကြောင်းပြချက်မှာ ရှန်းမိသားစု၏ လေးဆက်မြောက်မျိုးဆက်အဖြစ်မွေး
ထုတ်လိုက်သောသူက အမှိုက်ကောင် သခင်လေး ရှန်းယွမ်ဖြစ်နေသောကြောင့်ဖြစ်သည်။
ရှန်းမိသားစု က လုပ်နိုင်ကိုင်နိုင်စွမ်းရှိသော မျိုးဆက်သုံးခုအား မွေးထုတ်ပေးနိုင်ခဲ့သည့်အကြောင်းကို လူများကမကြာခဏဆိုသလိုပြောကြ၏။ မျိုးဆက်သုံးဆက်ပြီးနောက် တွင်တော့ ကျားလိုဖခင်နှင့်ခွေးလိုသား ဖြစ်လာသည်။ ဟုတ်ပါသည်။ ကျားလိုဖခင်က ရှန်းအောင်ရှင်းဖြစ်ပြီး ခွေးလိုသားကတော့ ရှန်းယွမ်ပင်ဖြစ်သည်။
အမှိုက်ကောင်ရှန်းယွမ်က အချဉ်းအနှီး အချောင်ခို၊ ပျင်းရိသောသူတစ်ယောက်ဖြစ်သည်။ သူ၏သိုင်းပါရမီကလည်း ဖခင်ဖြစ်သူနှင့်နှိုင်းယှဉ်၍မရပေ။ သူကလုံးဝကိုအမှိုက်ကောင်
တစ်ယောက်ဖြစ်သည်။
သူကကောင်းကင်ဘုံနှင့်လူများအားဒေါသထွက်စေ သည့် မရေတွက်နိုင်သော စက်ဆုပ်ဖွယ်ကောင်းသည့် ကိစ္စများကို ဖခင်ဖြစ်သူ၏ မြို့အရှင်သခင်ဟူသော အဆင့်အတန်းအပေါ် အမှီသဟဲပြု၍ ကျူးလွန်ခဲ့ပြီး ရှန်းဟွေ့မြို့အတွင်းနံပါတ်တစ် ဂြိုလ်ကောင်ဖြစ်လာသည်။
ရှန်းအောင်ရှင်း၌ များစွာသောမိန်းမများနှင့်ကိုယ်လုပ်တော်များ
ရှိသော်လည်း သူတွင့်သားကရှန်းယွမ်တစ်ယောက်တည်းသာရှိသည်ဖြစ်သည်။သားဖြစ်သူဘာလုပ်လုပ်သူက အမြင်ကန်းသူတစ်ယောက်အဖြစ်
ပြောင်းလဲသွားရုံမက ရံဖန်ရံခါတွင် သားဖြစ်သူအတွက် ထိုအရာများအားဖိနှိပ်ရန် သူကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်
တတ်သေးသည်ဖြစ်သည်။
သူက သူ၏သားဖြစ်သူ ရှန်းယွမ်အား အဆုံးမဲ တုန်နေအောင်ချစ်သည်ဖြစ်၏။
ရှန်းအောင်ရှင်းက မြို့အရှင်သခင်အိမ်တော်၏ ပင်မခန်းမဆောင်အတွင်းမှ အဓိကထိုင်ခုံပေါ်တွင်ထိုင်နေသည်။ ဤအချိန်တွင် တစ်ခေါင်းလုံးငွေရောင်ဆံပင်ရှိပြီး ဆိုးယုတ်သောမျက်နှာနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ခန်းမအတွင်းရှိဧည့်ထိုင်ခုံပေါ်၌ထိုင်နေ၏။ သူက သူ၏လက်အတွင်းလက်ဖက်ရည်ခွပ်
ကိုကို်ငထားပြီး မြို့အရှင်သခင်အိမ်တော်၏ အိမ်တော်အကူများမှ တည်ခင်းဧည့်ခံဆက်သသော လက်ဖက်ရည်အား ဇိမ်ဖြင့် အရာသခံနေသည်။
လက်ဖက်ရည်အားတစ်ငုံစာမျှ သောက်လိုက်ပြီးနောက် ဆိုးယုတ်သောမျက်နှာနှင့် လူက လက်ဖက်ရည်ခွက်အားသူ့ဘေးရှိ စားပွဲပေါ်၌ချထားလိုက်ပြီး ယစ်မူးသောမျက်နှာထားဖြင့် ပြောလိုက်သည်။
“အကိုရှန်း. ဒီမှာခင်ဗျားရဲ့ဘဝက ပိုပြီးတော့ကောင်းမွန်တာပဲ.. မြို့တစ်ခုရဲ့အရှင်သခင်အနေနဲ့ ခင်ဗျားရဲ့အမိန့်တွေကို ဘယ်သူကမှ မလိုက်နာပဲနေရဲမှာမဟုတ်ဖူး.. ခင်ဗျားက ဒေသခံအာဏာရှင်တစ်ယောက်နဲ့
တောင်ထပ်တူညီနေသေးတယ်”
ငွေရောင်ဆံပင်နှင့်လူ၏ စကားတို့အားကြားပြီးနောက် တည်ကြည်သောမျက်နှာထားနှင့်ရှိနေသာ ရှန်းအောင်ရှင်းမှာ ပေါ့ပါးသောအပြုံးတစ်ခုထွက်ပေါ်လာသည်။ သူက ထိုလူအားပြုံး၍ ပြောလိုက်သည်။
“အကို လမ့်.. ခင်ဗျားကနောက်နေတာပဲ.. ကျုပ်ရဲ့ ရှန်းဟွေ့မြို့အရှင်သခင်ဆိုတဲ့ အဆင့်အတန်းက ဘယ်လိုလုပ်ပြီးတော့ ခင်ဗျားရဲ့ ထျန်းခွန်းဂိုဏ်း လိပ်နက်ခန်းမအရှင်သခင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့နှိုင်းယှဉ်လို့ရမှာလဲ”
“ဟားဟား”
ရှန်းအောင်ရှင်း၏စကားတို့အားကြား
ပြီးနောက် ငွေရောင်ဆံပင်နှင့်လူက သူ၏ခေါင်းအားခါယမ်းလိုက်ပြီး ဘာမှပြောကြားခြင်းမရှိဘဲရယ်မောလိုက်သည်။
ဤလူမှာ မြင့်မြတ်ကုန်းမြေသုံးခုထဲကတစ်ခုဖြစ်သော ထျန်းခွန်းဂိုဏ်း ၏လိပ်နက်ခန်းမ အရှင်သခင်ဖြစ်သူ လမ့်ယန်ဖြစ်သည်။
ထျန်းခွန်းဂိုဏ်း၌ ခန်းမလေးခုရှိပြီး ၎င်းတို့က မိုးပြာနဂါး၊ ကျားဖြူ၊ ဟင်္သာပဒါးငှက်နှင့် လိပ်နက်တို့ဖြစ်သည်။ ခန်းမလေးခု၏အရှင်သခင်များအဆင့်အတန်းက အကြီးအကဲသုံးယောက်နှင့် ထျန်းခွန်းဂိုဏ်းခေါင်းဆောင်ပြီးလျှင် ဒုတိယဖြစ်သည်။ ပင်ကိုယ်အားဖြင့် ၎င်းတို့က ထျန်းခွန်းဂိုဏ်းတွင်ကြီးစွာသောအာဏာရှိသောသူများဖြစ်ကြ၏။
ဩဇာတိက္ကမလွှမ်းမိုးနိုင်စွမ်းနှင့်ခွန်အား
စွမ်းပကားအာဏာခြင်းယှဉ်လိုက်လျှင် မြင့်မြတ်ကုန်းမြေသုံးခုက အင်ပါယာကြီးသုံးခုထက်သာလွန်
သည်ဖြစ်သည်။ထို့ကြောင့်လမ့်ယန်၏ လိပ်နက်ခန်းမအရှင်သခင်ဟူသော
အဆင့်အတန်းက ရှန်းအောင်ရှင်းထက်တကယ့်ကိုမြင့်မားသည်ဖြစ်၏။
ဤအချိန်တွင် ရှန်းအောင်ရှင်းကပြုံး၍ မေးလိုက်သည်။
“ဘာလို့အကိုလမ့်က ကျုပ်ရဲ့ထျန်းလျန်အင်ပါယာကို ဒီတစ်ကြိမ်လာခဲ့ရသလဲဆိုတာကို ကျုပ်သိချင်မိတယ်.. ဖြစ်နိုင်တာ အကိုလမ့်ကလည်း ဆယ်ရက်နေပြီးရင်ကျင်းပမဲ့ ကျုပ်တို့ရဲ့မင်းသမီးလေး လင်လုံအတွက်သိုင်းပြိုင်ပွဲအတွက်လာ
ခဲ့တာလား. အကိုလမ့်ကလည်း အလှလေးကို အိမ်ကိုခေါ်သွားချင်နေတာများလား”
“ဟားဟား”
ရှန်းအောင်ရှင်း၏စကားတို့အားကြားပြီးနောက် လမ့်ယန်က သူ၏ခေါင်းအားခါယမ်းလိုက်ပြီး ထပ်မံရယ်မောလိုက်သည်။ သူကပြောလိုက်သည်။
“အကယ်၍ကျုပ်သာ အလှလေးကိုအိမ်ခေါ်သွားလို့ရမယ်ဆိုရင် ကျုပ်လည်းလုပ်ချင်တာပေါ့… ဒါပေမဲ့အဲ့တာက အတွေးပဲရှိတာ.. ဒီတစ်ကြိမ်က ပါရမီရှင်တွေသေချာပေါက်စုစည်းကြမှာ. မဟာသူတော်စင်နယ်ပယ်တွေတောင် ပေါ်လာနိုင်လောက်တယ်.. ဘယ်လိုလုပ်ပြီးတော ကျုပ်လမ့်ယန်မှာ အခွင့်အရေးရှိမှာတဲ့လဲ”
ထို့နောက်လမ့်ယန်၏အမူအယာကလေး
နက်သွားပြီး ရှန်းအောင်ရှင်းကိုမေးလိုက်သည်။
“အကို ခင်ဗျားလည်း မနေ့ကတုံးက ကျုပ်တို့ထျန်းခွန်းဂိုဏ်းရဲ့ အဂ္ဂရိတ်သန့်စင်ဆရာသခင် ဟော့ရွှင်း ပုလဲမြို့မှာအသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုရပြီးလောက်ပြီဆိုတာ ကျုပ်သေချာပြောရဲတယ်”
“တကယ်ပဲကျုပ်ရခဲ့တယ်”
လမ့်ယန်၏ စကားတို့အာကြားပြီးနောက် ရှန်းအောင်ရှင်းက ခေါင်းညိမ့်လိုက်သည်။ ဤအချိန်တွင် ထျန်းလျန်အင်ပါယာသို့လမ့်ယန်လာရသည့်ရည်ရွယ်ချက်အား သူနားလည်သွားသည်။
လမ့်ယန်ကလည်းအနည်းငယ်ခေါင်းညိမ့်ပြ၍ ပြောလိုက်သည်။
“ကျုပ်ထျန်းလျန်အင်ပါယာကိုလာခဲ့ရတာက ကျုပ်တို့ထျန်းခွန်းဂိုဏ်းက အဂ္ဂရိတ်ဆရာသခင်သေဆုံးသွားရတာကြောင့်ပဲ.. သူ့ကိုဘယ်ကနေလာမှန်းမသိတဲ့ အသက် ဆယ့်ငါး ဆယ့်ခြောက် လူငယ်တစ်ယောက်က သတ်သွားတာလို့ကျုပ်ကြားထားတယ်”
လမ့်ယန်က ဤကဲ့သို့ပြောလိုက်သောအခါတွင် ရှန်းအောင်ရှင်းက သူ၏အပြုံးကို ရုတ်သိမ်းလိုက်ပြီး ပြောလိုက်သည်။
“အခုကျုပ်တို့ ထျန်းလျန်အင်ပါယာက ပြိုင်ပွဲကွင်းတစ်ခုကိုပြင်ဆင်နေပြီး ကမ္ဘာပေါ်က ကျွမ်းကျင်သူတွေနဲ့ပါရမီရှင်တွေက ကျုပ်တို့ထျန်းလျန်အင်ပါယာကို အဆက်မပြတ်ဝင်လာနေတယ်.. အဲ့လူက အခြားဒေသကြီး တစ်ခုခုဒါမှမဟုတ် အင်အားကြီးအဖွဲ့အစည်းတစ်ခုခုကဖြစ်ဖို့
များတယ်.. သူက ယွဲ့ဟွာဂိုဏ်းဒါမှမဟုတ် နေလဂိုဏ်းကလည်းဖြစ်နိုင်တယ်လို့
ကောလဟာလတွေရှိတယ်”
“ဟမ့်..ဟမ့်”
ရှန်းအောင်ရှင်း၏ စကားများအားကြားပြီးနောက်တွင် လမ့်ယန်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“ကျုပ်ဂိုဏ်းခေါင်းဆောင်က အဲ့လူက ဘယ်အင်အားစုကလာသည်ဖြစ်စေ သူက ကျုပ်တို့ထျန်းခွန်းဂိုဏ်းက ကြီးမြတ်တဲ့အဂ္ဂရိတ်ဆရာသခင် ဟော့ရွှင်း ကိုသတ်သွားတာကြောင့် ကျုပ်တို့ထျန်းခွန်းဂိုဏ်းက ဘယ်တပည့်မဆို အဲ့လူငယ်ကိုတွေ့တာနဲ့ သနားညှာတာမှုမရှိသတ်ပစ်ရမယ်လို့အမိန့်ပေးထားတယ်”
နောက်ဆုံးစကားသုံးခွန်းအာ လမ့်ယန်ပြောချိန်တွင် အေးစက်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က သူ၏ကိုယ်မှထွက်ပေါ်လာသည်။ထို့နောက် သူသက ရှန်းဟွေ့မြို့အရှင်၏ အိမ်တော်၌ရှိနေသည်ကို သဘောပေါက်သွား၍လားမသိ သူ၏အေးစက်သောသတ်ဖြတ်ခြင်း
စိတ်ဆန္ဒတို့အား ရုတ်သိမ်းလိုက်သည်။
ထို့နောက် လမ့်ယန်က ပြုံး၍ ရှန်းအောင်ရှင်းအား တောင်းပန်စကားဆိုလိုက်သည်။
“တောင်ပန်းပါတယ်အကို.. ကျုပ် ဖောက်လွဲဖောက်ပြန်ကောင်ကြောင်း တွေးမိတဲ့အခါ စိတ်တွေလှုပ်ရှားသွားလို့ပါ”
“ရပါတယ်”
ရှန်းအောင်ရှင်းကခပ်ယဲ့ယဲ့ပြုံး၍
ပြောလိုက်သည်။ သူ၏စူးရှသောမျက်လုံးများမှ အေးစက်မှုတစ်ခုအမှုမဲ့အမှတ်မဲ့
ဖျက်ခနဲလင်းလက်သွား၏။
ထို့နောက် လမ့်ယန်က သူ၏ပါးစပ်အားထပ်မံဖွင့်ဟလိုက်ပြီး ရှန်းအောင်ရှင်းကိုပြောလိုက်သည်။
“အကို ဒီတစ်ကြိမ်ကျုပ်ထျန်းလျန်အင်ပါယာ
ကိုဝင်လာတဲအချိန်မှာ ကျုပ်နဲ့အတူ မီးပင်လယ်ကိုဖြစ်ဖြစ်အတူတူဖြတ်ကျော်ခဲ့တဲ့ ခင်ဗျားလိုညီအကိုကောင်းတစ်ယောက်
ရှိနေသေးတာကိုသတိရခဲ့တယ်..အဲ့တာကြောင့် ကျုပ်ကိုယ်တိုင် ခင်ဗျားကိုတွေ့ဖို့ ရှန်းဟွေ့မြို့ကိုလာခဲ့တာ… တစ်ချိန်တည်းမှာပဲ.. အကို ခင်ဗျားမှာက ထျန်းလျန်အင်ပါယာထဲမှာ အဆက်အသွယ်အများကြီးနဲ့သူလျှို
တွေရှိတယ်.. အဲ့ ဖောက်လွှဲဖောက်ပြန်ကောင်ရဲ့
လှုပ်ရှားမှုတွေကို မျက်စိဒေါက်ထောက်ကြည့်ပေးပြီး ကျုပ်ကိုကူညီစေချင်တယ်”
လမ့်ယန်၏စကားတို့အားကြားလိုက်ရသောအခါတွင် ရှန်းအောင်ရှင်း၏ မျက်နှာထက်၌ နောက်တစ်ကြိမ် ပေါ့ပါးသောအပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်သည်။
“အကိုလမ့် ..ကျုပ်တို့နှစ်ယောက်ကြားထဲမှာအကူအညီတွေ့ဘာတွေပြောနေဖို့မလိုပါဘူး.. အဲ့ကောင်ရဲ့လှုပ်ရှားမှုတွေကိုကျုပ်သိတာနဲ့ ခင်ဗျားကိုသတင်းပေးဖို့တစ်ယောက်ယောက်ကို ကျုပ်ချက်ချင်းလွှတ်ပေးမှာပါ”
“ဒီကိစ္စကို မျက်လုံးဒေါက်ထောက်ကြည့်ထားပေးဖို့ခင်ဗျားကိုပဲကျုပ်ဒုက္ခပေးရတော့မှာပဲ.. အဲ့ကောင်ကိုသာ ဖမ်းမိရင် ကျုပ်တို့ထျန်းခွန်းဂိုဏ်းက ခင်ဗျားကိုသေချာပေါက် ရက်ရက်ရောရောဆုလာဘ်တွေပေးမှာပါ”
လမ့်ယန်ကပြောလိုက်သည်။
ရှန်းအောင်ရှင်းက ခပ်ယဲ့ယဲ့ပြုံး၍ ဘာမှမပြောဘဲသူ၏ခေါင်းအားခါ
ယမ်းလိုက်သည်။သို့သော် ဤအချိန်တွင် အလျှင်လိုသောအသံနှင့်ခြေသံများ
ရုတ်တရက်ခန်းမအပြင်ဘက်မှ
ထွက်ပေါ်လာသည်။
“မကောင်း..မကောင်းတော့ဘူး. မြို့အရှင်သခင်.. မကောင်းတော့ဘူး. သခင်လေးမှာတစ်ခုခုဖြစ်နေပြီ”
(ဘာသာပြန်သူမျမေတ္တာရပ်ခံခြင်း- စာရှုသူများခင်ဗျား..ထျန်းလန်အင်ပါယာအား ရှေ့ပိုင်းတွင် ထျန်းလန်ဟုသုံး၍ ယခုနောက်ပိုင်းအခန်းများတွင် ထျန်းလျန်ဟု ဘာသာပြန်မိထားပါသည်။
ဘာသာပြန်သူထုတ်ပြီးသာစာအုပ်များတွင်ပါလိုက်ပါပြင်ရမည်ဖြစ်သောကြောင့် ထျန်းလျန်ဟုသာဆက်လက်သုံးနှုန်းသွားမည်ဖြစ်ပါသဖြင့် ရှေ့တွင်ဖတ်လာသောလန် ကယခုမှလျန်ဟုတွေ့ခဲ့ရလျှင် နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်။)
ဆက်ရန်……….
ဘာသာပြန်သူ-ARISE