← Chapters

ကောင်းကင်စိတ်ဝိညာဉ် အပြောင်းအလဲ

Vol. 77 Ch. 1062

ကောင်းကင်စိတ်ဝိညာဉ် အပြောင်းအလဲ

Vol. 77 Ch. 1062

မိုဝူကျိက ထိုသူတော်စင်သည် အမြဲတမ်း ဉာဏ်များသော်လည်း သူ့စကားများကိုတော့ သံသယ မဖြစ်မိပေ။ သူ ရရှိထားသော သတင်းအချက်အလက်များအရ ထိုသူတော်စင်သည် ဖန်းကျဲ သေဆုံးမှု၌ အမှန်တကယ် မပါဝင်ခဲ့ပေ။

မိုဝူကျိက သတ်ဖြတ်ငွေ့ မထုတ်ဖော်သည်ကို သတိပြုမိပြီး ယန်တုက ကျေနပ်မိသွားသည်။ မိုဝူကျိက သူနှင့် လက်ရည်တူ ဖြစ်နေလျှင်ပင် သူ့ကို သတ်နိုင်မည် မဟုတ်ကြောင်း သိနေသော်လည်း ယန်တုက မိုဝူကျိနှင့် ရန်ငြိုးမဖွဲ့လိုပေ။ သူက တီးတိုးပြောရန် ရှေ့တိုးလာကာ

“ ကျေးဇူးရှင်မို … ဒီလူအိုကြီးက မင်းအတွက် အလွန်အရေးကြီးတဲ့သတင်း ရှိတယ်။ ကျေးဇူးရှင်မိုလည်း ဝမ်ချွမ်းတာအိုကျောင်းတော်ကို သိတယ်မလား။ ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ ပါရမီရှင်လေး … ”

အစပိုင်းတွင် နားထောင်နေသည့် မိုဝူကျိက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားကာ အက်ကြောင်းအဖျားဆီ ဦးတည်သွားလိုက်သည်။

နတ်ဘုရားဘုရင် ယန်တုက အံ့အားသင့်သွား၏။ သူက မိုဝူကျိအား ချူယို့သည် သူ့ကြောင့် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲသို့ တစ်ယောက်တည်း ဝင်သွားကြောင်း အသိပေးမလို့ ဖြစ်ပေသည်။ နတ်ဘုရားဘုရင် ယန်တုက မိုဝူကျိသည် သူ့စကားမဆုံးခင် ထွက်သွားလိမ့်မည်ဟု မထင်ထားပေ။

နတ်ဘုရားဘုရင် ယန်တုက မိုဝူကျိ ဦးတည်နေသည့်နေရာကို မြင်လိုက်သည့်အခါ မိုဝူကျိ၏ အပြုအမူကို သဘောပေါက်သွားတော့သည်။

နေရောင်ထက် တောက်ပသော မျက်စိစူးမတတ် ရွှေရောင်အလင်းတန်းက အက်ကြောင်းမှ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ သစ်ခေါက်နက် ဖြစ်ပုံ ပေါ်၏။ ထိုသစ်ခေါက်ပေါ်တွင် သူ့စိတ်စွမ်းအားဖြင့်ပင် အာရုံမခံနိုင်သည့် တစ်စုံတစ်ခု ရေးထွင်းထားလေ၏။ နတ်ဘုရားဘုရင် ယန်တု၏ အတွေ့အကြုံများအရ ထိုသစ်ခေါက်နက်သည် ထိပ်တန်း လျို့ဝှက်ပညာရပ် ဖြစ်ကြောင်း မည်သို့ မသိဘဲ နေမည်နည်း။

မိုဝူကျိက ထိုအရာအတွက် တိုက်မည်ဖြစ်ကြောင်း သိသာလှသည်။ နှမြောစရာကောင်းသည်က နတ်ဘုရားဘုရင် ယန်တုသည် နောက်ကျမှ မြင်မိလိုက်သည်။ မဟုတ်လျှင် သူလည်း ထိုအရာကို သွားယူလောက်မိ၏။

ထိုစဉ် နတ်ဘုရားဘုရင် ငါးယောက်နှင့် လောကနတ်ဘုရား ဆယ်ယောက်တို့သည်လည်း ထိုသစ်ခေါက်နက်ဆီ ဦးတည်နေကြသည်။

နတ်ဘုရားဘုရင် ယန်တု၏ စိတ်စွမ်းအားက ထိုသစ်ခေါက်နက်အပေါ်မှအရာကို ခွဲခြားနိုင်စွမ်း မရှိသော်လည်း မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

တောက်ပနေသော ရွှေရောင်စာလုံး သုံးလုံး ပါရှိပြီး “ ကောင်းကင် စိတ်ဝိညာဉ် ပြောင်းလဲရေး ” ဟူ၍ ဖြစ်သည်။

ကမ္ဘာမြေမှ လူတစ်ယောက်အနေနှင့် မိုဝူကျိက ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးနှင့် ရင်းနှီးပေသည်။ ထိုနာမည်အတိုင်း ကောင်းကင်စိတ်ဝိညာဉ် ၃၆ မျိုး ပြောင်းလဲရေး ပါဝင်နေပေ၏။ သူက မိုးလေ ဆင့်ခေါ်နည်းကို တတ်မြောက်သွားလျှင်ပင် ထိုအရာက ကောင်းကင်စိတ်ဝိညာဉ် ၃၆ မျိုးမှ တစ်ခုသာ ဖြစ်နေသေး၏။

“အနောက်ဖက်သို့ ခရီးသွားခြင်း” ဒဏ္ဍာရီ၌ မျောက်အဘုရင်သည် အသွင်ပြောင်းလဲရေး ၇၂ မျိုးကို သင်ယူခဲ့ပြီး ကျူးပါကျဲက ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ၃၆ မျိုးအကြောင်း သင်ယူခဲ့သည်။

မိုဝူကျိ၏ အမြင်အရ ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ၃၆ မျိုးသည် အစစ်အမှန် ပြောင်းလဲရေး လျို့ဝှက်ပညာရပ် ဖြစ်ပြီး အသွင်ပြောင်းလဲရေး ၇၂ မျိုးကား ထိုအရာ၏ အသေးစားပုံစံလေးသာ ဖြစ်ပေသည်။ တူညီလှစွာ မိုဝူကျိက ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးသည် ရုပ်ခန္ဓာ ပြောင်းလဲခြင်းကို ဆိုလိုရုံသာ မကကြောင်း ယုံကြည်မိသည်။ ကျူးပါကျဲက သူ့ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်သော်လည်း ထိုပညာရပ်အား အပြည့်အဝ အသုံးမချနိုင်ပေ။ ဆိုလိုသည်မှာ ကျူးပါကျဲက ကျင့်ကြံရေးအတွက် ပင်ကိုယ်အထုံ သိပ်မပါလာဘဲ ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ၃၆ မျိုးမှ အနည်းငယ်မျှသာ တတ်မြောက်ခဲ့သည်။

တစ်ဖက်တွင် မျောက်ဘုရင် စွန်းဝူခုန်းက အသွင်ပြောင်းလဲရေး ၇၂ မျိုးကို ကျွမ်းကျွမ်းတဝင် တတ်မြောက်ခဲ့ပြီး ကျူးပါကျဲကို ကျော်လွန်သွားခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် အသွင်ပြောင်းလဲရေး ၇၂ မျိုးက ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ၃၆ မျိုးထက် သာလွန်နေခြင်းတော့ မဟုတ်ပေ။

နမူနာအားဖြင့် ရွှေအလင်း မြင့်တက်ခြင်း၊ ပြောင်းလဲမှု ပညာရပ်၊ ယင်ယန် ဆန့်ကျင်ပညာရပ်၊ မိုးလေ ဆင့်ခေါ်ခြင်း၊ ပြောင်းပြန် ကောင်းကင်ဘုံ၊ မြစ်မှ ကုန်းမြေ ပြောင်းလဲရေး၊ ပဲစေ့မှ တပ်သား ပြောင်းလဲရေး အစရှိသဖြင့် ပါဝင်ပြီး ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ၃၆ မျိုး၏ ပညာရပ်များ ဖြစ်ကြသည်။ အသွင်ပြောင်းလဲရေး ၇၂ မျိုးရှိ ပညာရပ်များမှာ မည်သို့ ဖြစ်မည်နည်း။ သူတို့ကား တောင်သယ်ခြင်း၊ အဆုံးသတ်ရေ၊ ဝိညာဉ်လမ်းကြောင်း၊ လေဌားယူခြင်း၊ ကောင်းကင်ရှင်း ဆုတောင်း၊ မိုး ဆုတောင်း၊ နေအကာအကွယ်နှင့် တခြားသော အသေးစား ပညာရပ်များ ဖြစ်ကြသည်။

ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးတွင် မိုးနှင့်လေ ဆင့်ခေါ်ခြင်း ပညာရပ် ပါရှိပြီး အသွင်ပြောင်းလဲရေး ၇၂ မျိုးတွင် ကောင်းကင်ရှင်း ဆုတောင်းနှင့် မိုးဆုတောင်း စွမ်းအားသာ ရှိပေသည်။ သူတို့နှစ်ခုရှိ ခြားနားချက်မှာ တိုင်းတာ၍ပင် မရပေ။ ဒဏ္ဍာရီများက မှန်၊ မမှန်ကို မသိသော်လည်း ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးက အသွင်ပြောင်းလဲရေးထက် ပို၍ အားကောင်းပေသည်။

မိုဝူကျိ ကျင့်ကြံစဉ်မှစ၍ မြောက်များစွာသော ပညာရှင်များကို တွေ့ခဲ့ရသည်။ သို့သော်လည်း သူက သူ့ပုံစံအတိုင်း လိုက်ပြောင်းလဲနိုင်သည့် ကျင့်ကြံသူကိုတော့ မတွေ့ဖူးသေးပေ။ အများဆုံး မှော်ရတနာဖြင့် ဖြစ်စေ၊ ဆေးလုံး သို့မဟုတ် တခြားသော နည်းလမ်းဖြင့် ဖြစ်စေ သွင်ပြင်ကို ပြောင်းလဲထားခြင်းသာ ဖြစ်ကြ၏။

အကယ်၍ အစစ်အမှန် ပြောင်းလဲရေး ပညာရပ် ဖြစ်နေလျှင် အကောင်းဆုံး ထိပ်တန်းပညာရပ်ထဲမှ တစ်ခု ဖြစ်လိမ့်မည်။

ယခု ဤသို့ပညာရပ်မျိုး ပေါ်လာပြီ ဖြစ်ရာ မိုဝူကျိက သဟဇာတ နတ်ဘုရားနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် လက်လွှတ်ပေးမည် မဟုတ်ပေ။ နတ်ဘုရားဘုရင် ယန်တု ပြောနေသည့် ဝမ်ချွမ်းတာအိုကျောင်းတော် ကိစ္စကား သူနှင့် မဆိုင်ပေ။

မိုဝူကျိ၏ လေရွေ့ပြောင်းစွမ်းရည်ကို အားအပြည့် ထုတ်သုံးထားသော်လည်း ထိုသစ်ခေါက်နက်ကို ယူတော့မည့်ဆဲဆဲတွင် အလင်းတန်းက ရစ်ပတ်သွားလေ၏။

ထိုသူမှာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၂ ဖြစ်၏။ မိုဝူကျိက ညှာတာမနေဘဲ သူ့စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်ပြီး လက်ချောင်းဖြင့် ချိန်ရွယ်လိုက်သည်။

ဤသည်မှာ သတ္တကမ္ဘာ လက်ချောင်းပညာရပ်၏ တတိယမြောက်အကွက် ကံတရား ဖြစ်၏။

ခွန်းယွင်က မိုဝူကျိ၏ သတ္တကမ္ဘာ လက်ချောင်းပညာရပ်မှာ မှားယွင်းနေကြောင်း ထောက်ပြထားသော်လည်း မိုဝူကျိက လုံးဝ လျစ်လျူရှုထားလေသည်။ မိုဝူကျိ၏ အမြင်အရ သူ့လက်ချောင်းပညာရပ်သည် သူ့စည်းမျည်းများ အားကောင်းသည်နှင့် ကြီးထွားလာလေ၏။ အပြင်ဘက်ကမ္ဘာရှိ စည်းမျည်းများကို အသုံးပြုခြင်းက အားကောင်းစေသော်လည်း အလားအလာက ကန့်သတ်ချက် ရှိနေသည်။

လက်ရှိ မိုဝူကျိက လောကနတ်ဘုရား အဆင့် ၃ သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူက ထိုလက်ချောင်းဖြင့် ချိန်ရွယ်လိုက်သည့်အခါ ဆယ်ပေစက်ဝန်းအတွင်း နယ်ပယ်မှာ ချက်ချင်းဆိုသလို မီးပြင်းဖိုတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ထိုနေရာအတွင်းရှိ ကျင့်ကြံသူတိုင်းက မီးတောက်နှင့် တွေ့သွားသည့် ကြေးနီအလား အရည်ပျော်ကျလာသည်။

တကယ့် ခန္ဓာကိုယ်အစစ်က အရည်ပျော်ကျလာရုံသာမက သူတို့၏ တိုက်ကွက်များနှင့် စွမ်းအားစက်ကွင်း၏ စည်းမျည်းများလည်း အရည်ပျော်လာသည်။

ကျန်ရှိနေသော နတ်ဘုရားဘုရင်များက အဝေးမှာ ရှိနေကြသောကြောင့် မိုဝူကျိ၏ လက်ချောင်း နယ်နမိတ်အတွင်း မဝင်လိုက်ကြပေ။ သူတို့က မိုဝူကျိ မည်သည့်နေရာမှ ပေါ်လာသည်ကို မသိကြသလို မိုဝူကျိ မည်မျှ အားကောင်းသည်ကိုလည်း မသိကြပေ။ ယခု သူတို့က အာကာပြင် အပြောင်းအလဲကို အာရုံခံလိုက်မိပြီး အဆုံးသတ်ခြင်းစွမ်းအားတစ်မျိုးက အာကာပြင်ကို ဖြတ်၍ ဖြစ်ပေါ်လာသောကြောင့် အားလုံးက မသိမသာ နောက်ဆုတ်လိုက်ကြသည်။ သို့သော်လည်း မိုဝူကျိ၏ လွှမ်းမိုးမှုကို ခံထားရသည့် နတ်ဘုရားဘုရင် အဆင့် ၂ ကျင့်ကြံသူက ထိုမျှ ကံမကောင်းခဲ့ပေ။

သတ္တကမ္ဘာ လက်ချောင်း ပညာရပ် တတိယမြောက်တိုက်ကွက် ….

ထိုအရာက အရည်ကျိုသည့် စွမ်းအားတစ်မျိုး ထွက်ပေါ်လာသကဲ့သို့  သူ့စွမ်းအားစက်ကွင်းကို တစစီ စုတ်ဖြဲသွားလေသည်။ ဤနတ်ဘုရားဘုရင်က သူ့ကိုယ်ပိုင်စည်းမျည်းများ လေလွှင့်ပျောက်ကွယ်နေသည်ကို ကြည့်ကာ ထိုသစ်ခေါက်နက်အား ထပ်၍ မစဉ်းစားနိုင်တော့ပေ။ ယခု သူ့ခေါင်းထဲရှိသည့် တစ်ခုတည်းသော အရာမှာ လွတ်မြောက်ဖို့ရာသာ ဖြစ်၏။

ငွေရောင်မြစ်ကြီး ဆင်းသက်လာကာ ပုဆိန်လှံရှည် အလင်းတန်းက အာကာပြင်တစ်ခုလုံးကို ထပ်ခြမ်း ခြမ်းသွားပြီး နတ်ဘုရားဘုရင်၏ ထွက်ပြေးမည့် လမ်းကြောင်းအား ပိတ်ဆို့ထားလိုက်သည်။

“ ဝုန်း ” စွမ်းအားစက်ကွင်း အကူအညီ မပါရှိဘဲ ဤနတ်ဘုရားဘုရင်က ကြာပွတ်နီတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုကြာပွတ်နီသည်လည်း မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်ကြောင့် နှေးကျသွား၏။ ကြာပွတ်ရှည်က အဆုံးမဲ့ ကြာပွတ်ရှည် အရိပ်များကို ထုတ်ပေးရင်း လေဟုန်ဆန်မြစ်၏ ရိုက်ချက်အား ကာကွယ်ထားလိုက်သည်။

သဘာဝစွမ်းအားများ ပေါက်ကွဲမှုက မီးပန်းအလား ထွက်ပေါ်လာကာ လေးဖက်လေးတန် ပြန့်နှံ့သွားသည်။

မိုဝူကျိက သဘာဝစွမ်းအား တန်ပြန်အားကြောင့် ရင်ဘတ်တင်းကျပ်လာသလို ခံစားလာရပြီး သွေးတစ်ပွက် အန်လုမတတ် ဖြစ်သွားသည်။

“ အား ” လခြမ်းကွေး ပုဆိန်လှံရှည်က အပြည့်အဝ မဆင်းသက်ရသေးသော်လည်း သွေးမြူတစ်ခု ဖြစ်ပေါ်လာသည်။ နတ်ဘုရားဘုရင်၏ လက်တစ်ဖက်မှာ ပုဆိန်လှံရှည်ကြောင့် ပြတ်ကျသွားသည်။

နောက်အခိုက်အတန့်လေး၌ ဤနတ်ဘုရားဘုရင်က ထွက်မပြေးခင် ထိုလက်မောင်းပြတ်အား ဆွဲယူလိုက်သည်။ သစ်ခေါက်နက် ပညာရပ်ကိုတော့ သူက ကြည့်ဖို့ရာ စိတ်မပါတော့ပေ။

မိုဝူကျိက သူ့နောက်ကို လိုက်မဖမ်းပေ။ သူက သစ်ခေါက်နက် ပညာရပ်ကို လူသားကမ္ဘာဆီ တန်းပို့လိုက်သည်။ အကယ်၍ သူ့ကျင့်ကြံဆင့်က အနည်းငယ် မြင့်နေလျှင် သို့မဟုတ် လောကနတ်ဘုရား အဆင့် ၄ ဖြစ်နေခဲ့လျှင် ထိုနတ်ဘုရားဘုရင်က သူ့လက်မှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။

ကျင့်ကြံဆင့်က ယခု သူ့အားနည်းချက် ဖြစ်နေသည်။

မိုဝူကျိက မြေပြင်ပေါ် ရောက်လာသည်နှင့် စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းမှ အာကာပြင် မှော်သင်္ကေတများကို စတင် ရေးထွင်းထားလိုက်သည်။ အချိန်တိုလေးအတွင်း သူက သူ့ဘေးပတ်လည်၌ အဆင့် ၅ သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းပြီးသွားပြီ ဖြစ်၏။

အကယ်၍ ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးသည် သူ စိတ်ကူးထားသည်နှင့် ကွက်တိ ဖြစ်နေလျှင် အရမ်းကို အားကောင်းလိမ့်မည်။ မိုဝူကျိက မည်သူကမှ သူ့နောက်ကို လိုက်၍ တိုက်ခိုက်မည် မဟုတ်ကြောင်း အာမ မခံနိုင်ပေ။

“ ပစ္စည်းကို ပေးလိုက် … မဟုတ်ရင် ဒီနေ့က မင်းသေနေ့ ဖြစ်သွားမယ်” မှုန်မှိုင်းမှိုင်း အသံက ထွက်ပေါလာသည်။ မျက်နှာအနည်းငယ် စိမ်းနေသည့် လူလတ်အရွယ် အမျိုးသားက မိုဝူကျိရှေ့ ရောက်ရှိလာသည်။ သူက မိုဝူကျိ၏ သေမင်းထောင်ချောက်အတွင်း ကျရောက်သွားသည်ကို သတိမထားမိပေ။

မိုဝူကျိက စိတ်စွမ်းအားဖြင့် ထိုလူအား ခြုံငုံကြည့်လိုက်ပြီးနောက် ထိုသူသည် အနည်းဆုံး နတ်ဘုရားဘုရင် အဆင့် ၇ ဖြစ်နေကြောင်း သိလိုက်ရသည်။

အကယ်၍ တစ်ဦးချင်း တိုက်ပွဲ ဖြစ်နေလျှင် မိုဝူကျိက နတ်ဘုရားဘုရင် အဆင့် ၇ နှင့် ရင်ဆိုင်ရသည့်အခါ ယာယီ နောက်ဆုတ်မည်သာ ဖြစ်၏။ သူက ပို၍ အားကောင်းနေလျှင်ပင် နောက်ပိုင်းအဆင့် နတ်ဘုရားဘုရင် ပညာရှင်နှင့် မရင်ဆိုင်လိုပေ။ နတ်ဘုရားဘုရင် အဆင့် ၄ ဖြစ်သည့် နတ်ဘုရားဘုရင်  ယီမင်နှင့် ဤမျက်နှာစိမ်း နတ်ဘုရားဘုရင်ကြားရှိ ကွာခြားချက်မှာ ကျယ်ပြောလွန်းလှသည်။

ထိုမျက်နှာစိမ်း နတ်ဘုရားဘုရင်က ရှေ့တိုးလာသည်ကို မြင်၍  တခြားသော နတ်ဘုရားဘုရင်များက နောက်ဆုတ်လိုက်ကြသည်။ နတ်ဘုရားသိုက်မြုံအစွန်းရှိ လူများထဲ နတ်ဘုရားမျိုးနွယ်ဝင် လော့ဟွမ်စန်းကို မသိသည့်သူ နည်းပါးလှ၏။ ဤမျက်နှာစိမ်း ကျင့်ကြံသူမှာ အမှန်တကယ်ကို  နတ်ဘုရားမျိုးနွယ်ဝင် လော့ဟွမ်စန်း ဖြစ်၏။

ဤသူမှာ နတ်ဘုရားဘုရင် အဆင့် ၇ ဖြစ်သော်လည်း နတ်ဘုရားဘုရင် အဆင့် ၉ ပညာရှင်ကိုပင် မကြောက်ပေ။ တကယ်တော့ သူက တိုက်ပွဲအများစု၌ အနိုင်ရဖူးပေသည်။ ထို့အပြင် ဤလူတွင် မတိုက်ခင် ပြောလေ့ရှိသည့် အကျင့်တစ်ခု ရှိပေသည်  “ ဒီနေ့တော့ မင်း သေနေ့ စေ့ပြီ …”

အဆုံးသတ်၌ သူက အမြဲတမ်း မှန်ကန်ခဲ့သည်။ ချွင်းချက်မရှိ တစ်ဖက်လူ၏ သေဆုံးရစမြဲ ဖြစ်၏။

မိုဝူကျိက သေမင်းထောင်ချောက် အစီအရင်ကို ရေးထွင်းနေဆဲ ဖြစ်၏။ သူ့လက်ရှိအင်အားဖြင့် စန်းကျန့်ရှင်းလိုမျိုး ပညာရှင်သာ ရောက်မလာသရွေ့ မည်သူကမှ ထိုအာကာပြင် သင်္ကေတများကို ရှာတွေ့မည် မဟုတ်ပေ။

“ ဈေးကို ပြောလိုက် … မဟုတ်ရင် ထားလိုက်တော့ ” မိုဝူကျိက သူ့အာကာပြင် သင်္ကေတများကို ဆက်လက် ရေးထွင်းနေရင်း ပြန်ဖြေလိုက်သည်။ အဆင့် ၅ သေမင်းထောင်ချောက် အစီအရင်က အဆင့် ၆ အဖြစ် ပြောင်းလဲလာတော့မည် ဖြစ်၏။

လက်ရှိ သူက အချိန်ဆွဲနေခြင်းသာ ဖြစ်ပြီး တစ်ဖက်လူက သူ့အပြုအမူကို သိလျှင်ပင် သံသယဝင်မိမည် မဟုတ်ပေ။ သူ အချိန်ဆွဲဖို့ ခွင့်ပြုထားခြင်းမှာ သူက လောကနတ်ဘုရား ဖြစ်နေ၍ ဖြစ်သည်။ လောကနတ်ဘုရား၏ ပစ္စည်းများကို သူ့ကမ္ဘာအတွင်းသာ သိမ်းဆည်းထားလေ့ ရှိကြသည်။ လူတိုင်းက ခွန်းယွင်ကဲ့သို့ လောကနတ်ဘုရား၏ ကမ္ဘာကို ချိုးဖောက်နိုင်ကြမည် မဟုတ်ပေ။

“ ပစ္စည်းကို ပေးလိုက် … မင်းဘာသာ ဈေးပြော ” လော့ဟွမ်စန်းက ဒေါသကို ချိုးနှိမ်ထားကာ စကားတစ်လုံးချင်းစီ ဖိပြောလိုက်သည်။

“ ရွှေရောင်ဖျော့ဖျော့ လျို့ဝှက်ပညာရပ်တစ်ခုနဲ့ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ဆယ်ခု …. ငါ ပြောတာ တကယ့် ထိပ်တန်း နတ်ဝိညာဉ်သွေးကြောတွေ  …. အဆင့်မြင့် အတုတွေ မဟုတ်ဘူး။ အဆင့်မြင့် နတ်ဘုရားကျောက် သန်းတစ်သောင်း ….” မိုဝူကျိက သူ့အဆင့် ၆ သေမင်းထောင်ချောက် အစီအရင် ပြီးစီးသွားသည့်အတွက် စကားပြော ရပ်တန့်လိုက်သည်။

အဆင့် ၆ သေမင်းထောင်ချောက် အစီအရင်အောက်တွင် သူ့လက်ရှိအင်အားဖြင့် နတ်ဘုရားဘုရင် အဆင့် ၇ ပညာရှင်နှင့် ရင်ဆိုင်ရလျှင်ပင် ပြဿနာ မဟုတ်ပေ။

***

All Chapters