အပိုင်း(၅၀၄)
Vol. 34 Ch. 504
“မ…မကောင်းတော့ဘူး.. မြို့အရှင်သခင်.. မကောင်းတော့ဘူး.. သခင်လေးတစ်ခုခုဖြစ်နေပြီ”
အစေခံဖြစ်သူ၏တင်ပြချက်အား ကြားသိရသောအခါတွင် ရှန်းအောင်ရှင်းက၎င်းအား အလေးအနက်သိပ်မထားပေ။ တစ်ခုခုဖြစ်သည်တဲ့လား။ သူပိုင်သော ရှန်းဟွေ့မြို့၌ သူ့သားကဘာများဖြစ်နိုင်ပါမည်နည်း။
ခန်းမအတွင်းသို့အလျှင်အမြန်ပြေးလာသော အစေခံဖြစ်သူအားကြည့်၍ ရှန်းအောင်ရှင်းက အေးစက်စွာအော်လိုက်သည်။
“ငါအခု အရေးကြီးတဲ့ ဧည့်သည်ကို ဧည့်ခံနေတာ ..မင်းအမြင်ကန်းနေတာလား.. ဘာစည်းမျဉ်းစည်းကမ်းမှမရှိဘဲ ဝင်လာရအောင် ဒါက ဘယ်လိုမျိုး မကောင်းသတင်းမို့လဲ.. အစောင့်တွေ”
ရှန်းအောင်ရှင်းနောက်ဆုံးစကား
အားပြောပြီးသောအခါတွင် ချပ်ဝတ်တန်ဆာနှင့် အစောင့်နှစ်ယောက်က ခန်းမဝင်ပေါက်မှလျှောက်လှမ်းထွက်လာသည်။ သူတို့က ခန်းမအတွင်း လျှောက်လှမ်းဝင်လိုက်ပြီး အော်ပြောလိုက်သည်။
“ရှိကြောင်းပါ”
“ဒီကောင့်ကိုခေါ်သွားပြီးတော့ အချက်နှစ်ဆယ်ရိုက်လိုက်စမ်း”
ရှန်းအောင်ရှင်းက အေးစက်စွာပြောလိုက်သည်။
“ဟုတ်ကဲ့”
အစောင့်နှစ်ယောက်က ပြိုင်တူအော်လိုက်ပြီး ထိုလူထံသို့လျှောက်သွားလိုက်သည်။
ရှန်းအောင်ရှင်းကသူ့အား အပြစ်ပေးချင်သည်အားအစေခံကြား
လိုက်ရသောအခါတွင် ရုတ်တရက် ထိန်းမနိုင်သိမ်းမရဖြစ်အောင်ကြောက်စိတ်မွှန်သွားပြီး အလျှင်အမြန်ရှင်းပြလိုက်သည်။
“အဲ့လိုမဟုတ်ပါဘူး မြို့အရှင်သခင်.. မြို့အရှင်သခင်.. ဒီတစ်ကြိမ်က အရင်တုံးကနဲ့မတူပါဘူး.. သခင်လေးမှာတစ်ခုခုတကယ်ဖြစ်ခဲ့ပါတယ်. ဒီလူနှစ်ယောက်ကဘယ်ကလာလဲဆိုတာကိုကျွန်တော်မသိပေမဲ့. သူတို့က သခင်လေးကိုရိုက်နှက်ထားပြီးတော့ ကျွန်တော်တို့ရှန်းဟွေ့မြို့ရဲ့
ကောင်းကင်ထက်မှာ ဒူးထောက်ခိုင်းထားပါတယ်”
“ဘာကွ”
ဤအရာအားကြားလိုက်ရသောအခါတွင် ရှန်းအောင်ရှင်း၏မျက်နှာကပြောင်းလဲသွားပြီး ရုတ်တရက်ခုန်ပေါ်မှထရပ်လိုက်သည်။
“ဘယ်သူလဲကွ..အဲ့တာဘယ်သူလဲ.. သူတို့က ဘယ်လိုတောင်ရဲတင်းလွန်းတာလဲ.. ဘယ်လိုတောင်ရဲတင်းလွန်းတာလဲကွ…ငါ့သားကိုသူတို့ကရိုက်နှက်ရုံတင်မက ရှန်းဟွေ့မြို့ရဲ့ကောင်းကင်ထက်မှာ ဒူးထောက်ခိုင်းထားရဲသေးတယ်.. ဒါကငါ့ကိုသူတို့မျက်လုံးထဲလုံးဝ
ထည့်မထားတာပဲ”
“ငါမင်းတို့ကိုအပိုင်းပိုင်းစုတ်ဖြဲပစ်မယ်”
ရှန်းအောင်ရှင်းဒေါသတကြီး ကြုံးဝါးလိုက်သည်နှင့်အတူ မြို့အရှင်သခင်၏ ခန်းမတစ်ခုလုံးပြင်းထန်စွာလှုပ်ခါသွားသည်။ ထို့နောက် ရှန်းအောင်ရှင်း၏ပုံရိပ်လှုပ်ရှားသွားပြီး ခန်းမအပြင်ဘက်သို့ရွှတ်ခနဲထွက်သွားသည်။
ရှန်းအောင်ရှင်း၏ ပုံရိပ်က ခန်းမအတွင်းမှ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားသည်။ ခန်းမတစ်ခုလုံးသေလုအောင်တိတ်ကျသွား၏။
“ဟမ့်”
ဤချိန်တွင်နှမှုတ်သံတစ်ချက် ခန်းမအတွင်းထွက်ပေါ်လာသည်။ ၎င်းမှာ ဆိုးယုတ်သောမျက်နှာနှင့်ငွေရောင်ဆံပင်ရှိသောသူလမ့်ယန်ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ..အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..ဘယ်လိုဧည့်သည်မျိုးက ရှန်းဟွေ့မြို့အရှင်သခင်ရဲ့သားကိုရိုက်နှက်ရဲပြီး သို့ကိုမြို့အထက်လေထဲဒူးထောက်ခိုင်း
ထားရဲသလဲဆိုတာကိုငါမြင်ချင်သေးတယ်”
လမ့်ယန်ကစကားပြောရင်း ငွေရောင်အလင်းတန်းအဖြစ်ပြောင်းသွားပြီး ခန်းမအပြင်ဘက်သို့ငွေရောင်ဥက္ကာပျံကဲ့သို့ ရွှတ်ခနဲထွက်သွားသည်။မျက်စိတစ်မှိတ်အတွင်း မြို့အရှင်အိမ်တော်၏ ခန်းမအတွင်းမှပျောက်ကွယ်သွား၏။
ရှန်းဟွေ့မြို့၏ကောင်းကင်ထက်တွင်ဖြစ်သည်။
ရှစ်ဖုန့်ကကျားဖြူထက်၌ ဝင့်ကြွားစွာရပ်နေ၏။ကျိမို့ကရှစ်ဖုန့်၏
ဘေး၌ရပ်နေသည်။ ကျားဖြူ၏ရှေ့တွင် သူတောင်းစားတစ်ယောက်နှင့်တူသောပုံရိပ်က ဟင်းလင်းပြင်ထဲ၌ဒူးထောက်နေ၏။
ရှန်းယွမ်မှာ ဘုရင်နယ်ပယ်တွင်သာရှိပြီး ဟင်းလင်းပြင်အားထိုးခွင်းနိုင်သောစွမ်းအားကိုမပိုင်ဆိုင်ထားချေ။ အကယ်၍အနီးကပ်ကြည့်လိုက်မည်ဆိုလျှင် သူ၏ဒူးတို့အောက်၌ အဖြူရောင်အင်းစာလုံးနှစ်လုံးရှိနေသည်ကို မြင်ရလိမ့်မည်ဖြစ်သည်။
ရှန်းဟွေ့မြို့အောက်၌လူများစွာ စုရုံးနေကြ၏။ သူတို့ကကောင်းကင်ထဲ၌ဒူးထောက်
နေသောပုံရိပ်နှင့်ကျားဖြူပေါ်ရှိ ပုံရိပ်နှစ်ခုအားထိုးညွှန်ပြီး တက်တက်ကြွကြွဆွေးနွေးနေကြသည်။
“ဒါက .. ရှန်းဟွေ့မြို့အရှင်သခင် ရဲ့သား ရှန်းယွမ်မလား.. “
“သူပဲ. တကယ်သူပဲ. တစ်စုံတစ်ယောက်ကရှန်းဟွေ့မြို့အရှင်သခင်ရဲ့သားကိုတကယ်ပဲရိုက်နှက်ရဲတယ်..”
အချို့လူများက ဟင်းလင်းပြင်ထဲ၌ဒူးထောက်သော
ပုံရိပ်အားကြည့်လိုက်ချိန်တွင် ယင်းအနည်းငယ်ရုတ်ခြည်းဆန်သည်ဟုခံစားရသည်။ နောက်ဆုံးသူတို့တုန့်ပြန်နိုင်ချိန်၌ တုန်လှုပ်အံ့အားသင့်သွားကြရ၏။
“ဟစ်”
လူအချို့ ပင့်သက်ရှိုက်လိုက်ပြီး ပြောလိုက်သည်။
“ဒါကမဖြစ်နိုင်ဘူး. ဒီလူနှစ်ယောက်မှာ ဘယ်လိုနောက်ခံအင်အားမျိုးရှိနေတာလဲ.. ရှန်းယွမ်ကိုတောင်သူတို့ရိုက်နှက်ရဲတယ်. သူ့ကိုရှန်းဟွေ့မြို့အထက်ကောင်းကင်ထဲမှာ ဒူးထောက်ခိုင်းထားရဲတယ်.. ဒါက မြို့အရှင်သခင်ဖြစ်သူ ရှန်းအောင်ရှင်းရဲ့မျက်နှာ
ကိုဖြတ်ရိုက်လိုက်တာပဲ”
“ဝဋ်လည်တာပဲ.ဝဋ်လည်တာ”
ဟင်းလင်းပြင်ထဲသို့ကြည့်၍ လက်သီးများအားကျစ်နေအောင်
ဆုပ်ထားကြသောလူအချို့လည်းရှိသည်။ သူတို့၏ခန္ဓာကိုယ်များက စိတ်ခံစားချက်များကြောင့်တုန်ယင်နေ၏။
“ဒီသူတောင်းစား သူက မြို့အရှင်သခင်ရဲ့ သားဖြစ်တာနဲ့ပဲ. ငါ့ရဲ့ငယ်ချစ်ဦးဝမ်းကွဲလေးကို ခိုးယူခဲ့တယ်.. ဒီနေ့တော့ဝဋ်လည်ပြီ…
နောက်ဆုံးတော့ဒီသူတောင်းစားဒဏ်ခတ်ခံရပြီ”
“သူ့ကိုသတ်လိုက်ပါ သူရဲကောင်း”
“ဘယ်သူလဲကွ.ဘယ်ကောင်ကငါတို့သခင်လေးကို ရိုင်းပျရဲတာလဲ. မင်းကတော့သေချင်နေတာပဲ”
ဤအချိန်တွင် ရှန်းဟွေ့မြို့မှကျယ်လောင်သော
အော်သံတစ်ခုထွက်ပေါ်လာသည်။ ရွှေရောင်ကြေးတင်းပုတ်အားကိုင်
ဆောင်ထားသော ရွှေရောင်ချပ်ဝတ် စစ်သည်တစ်ဦးက ဟင်းလင်းပြင်ထဲသို့တစ်ဟုန်ထိုးပျံသန်းလာ၏။
ရွှေရောင်ချပ်ဝတ်စစ်သည်နောက်သို့လိုက်ပါ၍ ဧရာမ ကြေးတင်းပုတ်ရိပ်ကြီးက ရှစ်ဖုန့်နှင့်ကျိမို့၏အထက်၌ပေါ်လာသည်။ ၎င်းက ရှစ်ဖုန့်နှင့်ကျိမို့အားလွှမ်းခြုံသွားပြီး ရုတ်တရက်ခြေမွဖျက်ဆီးရန်ကျဆင်းလာသည်။
“ဟမ့်”
ရွှေရောင်တင်းပုတ်ရိပ်ကြီးအားကြည့်၍ ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်နှာမှုတ်လိုက်သည်။ သူ၏လက်တို့ကလက်သည်း
အဖြစ်ပြောင်းသွားပြီး ဧရာမကြေးတင်းပုတ်ကြီးအားဆုပ်ကိုင်လိုက်၏။သူက၎င်းအားမြှောက်လိုက်ပြီး တောင်ငယ်တစ်လုံးအား ပစ်လိုက်သကဲ့သို့၎င်းအားရွှေရောင်ချပ်ဝတ် စစ်သည်ထံသို့ပစ်လွှတ်လိုက်သည်။
“ဝုန်း”ဆိုသောအသံနှင့်အတူ ရွှေရောင်တင်းပုတ်ရိပ်ကြီးက ရွှေရောင်ချပ်ဝတ်စစ်သည်၏ခန္ဓာ
ကိုယ်အားထိမှန်သွားပြီး ကောင်းကင်ထဲ၌နာကျင်မှုအပြည့်ဖြင့်အော်သံထွက်ပေါ်လာသည်။
“အား”
ထို့နောက်ချက်ချင်း ကောင်းကင် က တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည်။
“အစောနကလူကရှန်းဟွေ့မြို့ရဲ့ ဗိုလ်ချုပ်ငါးဦးထဲဥတစ်ယောက်ဖြစ်တဲ့ ရွှေတင်းပုတ်စစ်သည် မိုတင်းထျန်းဖြစ်ပုံရတယ်..”
လူအုပ်ထဲမှတစ်ယောက်က ရွှေရောင်တင်းပုတ်အောက်၌ ပေါက်ကွဲသွားသော ရွှေရောင်ချပ်ဝတ်စစ်သည်၏ကိုယ်အားကြည့်၍ ဖြည်းညှင်းစွာပြောလိုက်သည်။
“ဟင့်အင်း..အဲ့တာက အမှန်ပဲ. တကယ်ကို ဗိုလ်ချုပ် မိုတင်းထျန်းပဲ ကောလဟာတွေအရ မိုတင်းထျန်းရဲ့ ကျင့်ကြံမှုက ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်တဲ့. သူက အဲ့လူငယ်ရဲသာမန်ကာလျှံကာ လောက်နဲ့ တကယ်ကြီးအသတ်ခံလိုက်ရတယ်..အခုလေးတင်သူလာတယ်..အခုပဲ ငါတို့ရှန်းဟွေ့မြို့ရဲ့သူတော်စင်နယ်ပယ် ဗိုလ်ချုပ်သုံးယောက်ကိုသတ်ပြီးသွားပြီ”
“သူက ရှန်းယွမ်ကိုရိုက်ရဲပြီး ရှန်းဟွေ့မြို့အထက်ကောင်းကင်ထဲမှာဒူးထောက်ခိုင်းရဲမှာတော့ သူက သာမန်မဟုတ်တဲ့ နောက်ခံကိုပိုင်ဆိုင်ထားတာပဲဖြစ်ရမယ်..သူ့မှာအဲလိုစွမ်းရည်သာရှိမနေရင် ဒီလိုမျိုးကိစ္စတစ်ခုကိုလုပ်ရဲမှာမဟုတ်ဖူး”
“ဒီလူကိုငါတို့မြို့ရဲ့ အရှင်သခင်ဖြစ်တဲ့ ရှန်းအောင်ရှင်းသာဖိနှိပ်နိုင်တာ
ဖြစ်ကောင်းဖြစ်နိုင်တယ်”
ဟင်းလင်းပြင်ထဲတွင် ရှစ်ဖုန့်ကဆူညံပွက်လောရိုက်နေ
သောရှန်းဟွေ့မြို့လူအုပ်အားကြည့်၍ ဝင့်ကြွားစွာပြောလိုက်သည်။
“အမှိုက်တွေ.မင်းတို့ကိုယ်မင်းတို့ဒီသခင်လေးဆီမှာသေခြင်းတရားလာရှာဖွေမနေနဲ့.. ရှန်းဟွေ့မြို့ရဲ့အရှင်သခင် ရှန်းအောင်ရှင်းဘယ်မှာလဲ.. ခင်ဗျားသားရဲ့ညစ်ညမ်းတဲ့ပါးစပ်က ဒီသခင်လေးမိတ်ဆွေကိုစော်ကားခဲ့တယ်.. ခင်ဗျားသားကိုအသက်ရှင်စေချင်ရင် ခင်ဗျားသားကျူးလွန်ခဲ့တဲ့အပြစ်
တွေပြေရာပြေကြောင်းအတွက် မဟာသူတော်စင်ယွမ်ဆေးလုံးကို ဒီသခင်လေးကိုပေးပါ.. မဟုတ်ရင် ဒီသခင်လေး သူ့လျှာကိုဖြတ်ပစ်ပြီးတော့ သူ့ရဲ့ညစ်ညမ်းတဲ့ပါးစပ်ကိုထာဝရ
ပိတ်ပေးလိုက်မယ်”
ရှစ်ဖုန့်၏ အသံကသိပ်မကျယ်သော်လည်း ယင်းက အောက်ရှိ မြို့သို့ဖြတ်သန်းပဲ့တင်ထပ်သွားသည်။
“ဒီလူ… သူကအရမ်းမောက်မာပြီး မာနကြီးတယ်..အရမ်း ကြီးစိုးလွန်းတယ်”
“ဒီရှန်းယွမ်ကအမြဲတမ်းသူတစ်ပါးကိုထိခိုက်နစ်နာအောင်လုပ်ခဲ့တာ..ဒီတစ်ကြိမ်တော့ သူ သံမဏိပြားကိုသွားကန်မိတာပဲ”
“ဒီရှစ်ဖုန့်လေးက တကယ်ကိုအကြေက်တရားမရှိတာပဲ”
ကျိမို့က သူ့ရှေ့ရှိပုံရိပ်အားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“ရဲတင်းလိုက်တာ..သူတောင်းစားလေး..
သွားသေလိုက်စမ်း”
ဤအချိန်တွင် မိုးချုန်းသံကဲ့သို့အော်ဟစ်သံက ရှန်းဟွေ့မြို့အတွင်းပဲ့တင်ထွက်ပေါ်လာသည်။ ယင်းမှာလျှပ်စီးမိုးကြိုးတန်းတစ်ခုက မြို့အတွင်းပေါက်ကွဲသကဲ့သို့ဖြစ်သည်။ ယင်းမှာမိုးကြိုးနတ်ဘုရားတစ်ပါး ထွက်ပေါ်လာသကဲ့သို့ဖြစ်ပြီး မြို့အတွင်းရှိနေသာလူများ၏နားအား တစီစီဖြင့်အူသွားစေသည်။
အသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏အကြည့်တို့ကအသံ၏အရင်းအမြစ်ဆီသို့လိုက်ပါကြည့်လိုက်သည်။ မြို့အတွင်းမှ ရွှေရောင်ပုံရိပ်တစ်ခုကတစ်ဟုန်ထိုးတက်လာပြီး ရွှေရောင်လျှပ်စီးများဝန်းရံနေသော လှံပုဆိန်အားကိုင်ဆောင်ထားသည်။
“ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်”
တစ်ချက်ကြည့်ရုံဖြင့် ရွှေရောင်ပုံရိပ်၏ကျင့်ကြံမှုအား ရှစ်ဖုန့်မြင်လိုက်သည်။ ၎င်းက အမှိုက်ကောင်၏ဖခင်ဖြစ်သူ ရှန်းဟွေ့မြို့ ၏အရှင်သခင် ရှန်းအောင်ရှင်းဖြစ်ရမည်ဖြစ်၏။
တစ်ချိန်တည်းမှာပင် ရှန်းအောင်ရှင်း၏လက်ထဲ၌ကိုင်ထားသော လှံပုဆိန်က အဆင့်ခုနှစ် သူတော်စင်နယ်ပယ် မိုးကြိုးလက်နက်တစ်ခုဖြစ်သည်ကို တွေ့လိုက်သည်။
“အဖေ..အဖေ. နောက်ဆုံးတော့အဖေဒီကိုရောက်လာပြီ..သားကိုကယ်ပါအုံးအဖေ”
ဟင်းလင်းပြင်ထဲ၌ဒူးထောက်
နေဆဲဖြစ်သောရှန်းယွမ်မှာလည်း ရှန်းအော်ရှင်းရောက်ရှိလာသည်ကိုမြင်ရပြီး သူ၏ညစ်နွမ်းနေသောမျက်နှာထက်၌ စိတ်ခံစားချက်အမူအယာများဖြစ်ပေါ်လာသည်။ သူကအမှားတစ်ခုအားလုပ်ပြီးနောက် ငိုဖို့ကိုသာသိသော ကလေးတစ်ယောက်ကဲ့သို့ဖြစ်နေ၏။
ဆက်ရန်………………………
ဘာသာပြန်သူ-ARISE