တကယ် ချမ်းသာတာပဲ
Vol. 75 Ch. 1038
ဖန်ညီအကိုနှစ်ယောက် ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်ပြီး လူတိုင်း ပြုံးလိုက်ကြသည်။ ပိုက်ကွန်အား ချခင်းထားပြီးသား၊ ထွက်ပြေးရန် အခွင့်အရေးတစ်ခုမှ မပေး။ သူတို့က နှစ်ဆသန်မာလာလျှင်ပင် လွတ်မြောက်လိမ့်မည်မဟုတ်။
"နဂါးထောင်ချောက်..."
"လျှပ်စီးကွန်ရက်..."
အထူးစွမ်းရည်ဗျူရို၏စွမ်းရည်အသုံးပြုသူနှစ်ယောက်က အရိပ်များပမာ လှုပ်ရှားသွားသည်၊ အထူးစွမ်းရည်များကို ဖော်ထုတ်လျက် ဖန်ညီအကိုနှစ်ယောက်နောက် လိုက်သွား၏။ မြေပြင်က လွင့်ပျံဝဲတက်သွားပြီး မြေနဂါးနှစ်ကောင်အဖြစ် ပြောင်းလဲလျက် သူတို့၏ခြေထောက်များအား ရစ်ပတ်သွား၏၊ ကောင်းကင်မှ လျှပ်စီးပွားများ ထွက်ပေါ်လာပြီး ပိုက်ကွန်တစ်ခု တည်ဆောက်ကာ သူတို့အား လွှမ်းခြုံသွား၏။
ဖန်ကျင်းကျုံး၏မျက်လုံးများက ဒေါသတို့ လျှံထွက်လာသည်။ သူ့လက်မောင်းအား ရှေ့သို့ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းသည်၊ သူ့လက်ထဲရှိ ကြေးဓားက မီးခိုးဖျော့ရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာပြီး လျှပ်တစ်ပြက်အတွင်း မြေနဂါးများနှင့်လျှပ်စစ်ကွန်ရက်အား ဖြတ်တောက်သွား၏။ ဤသည်ကို အခွင့်ကောင်းယူလျက် ညီအကိုနှစ်ယောက်က သွေးရူးသွေးတန်း ထွက်ပြေးပြန်သည်။
သွမ်မုလင်၏အမူအရာက ပြောင်းလဲသွားပြီး သူက အေးစက်စွာ ပြောလိုက်သည်"သူတို့မှာ ဒီလိုမှော်လက်နက်တစ်ခု ရှိမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီနေ့ သူတို့ သေရမယ်"
"မဟုတ်ဘူး။ သူ့လက်ထဲကလက်နက်က မှော်လက်နက်တစ်ခုမဟုတ်ဘူး၊ တစ္ဆေလက်နက်တစ်ခုပဲ"ထန်ရှုက ခေါင်းခါယမ်းကာ ပြောသည်"ဒီဖန်ကလန်သားမှာ ဒီလိုရှားပါးတဲ့တစ္ဆေလက်နက်တစ်ခုကို ရရှိနိုင်တဲ့ စွမ်းရည်နည်းနည်းရှိတာပဲ"
"တစ္ဆေလက်နက်လား။ အဲဒါ ဘာလဲ"သွမ်မုလင်က ခေါင်းရှုပ်သွားလျက် မေးလိုက်သည်။
"အဲဒါက ဖုတ်ကောင်နဲ့ဖုတ်ကောင်တစ်ပိုင်းတွေ သန့်စင်ခဲ့တဲ့ လက်နက်တစ်ခုပဲ။ သူတို့ရဲ့သေခြင်းစွမ်းအင်နဲ့ အာဟာရဖြည့်သန့်စင်ထားတာပဲ"ထန်ရှုက ရှင်းပြ၏"ဒီဖန်ကလန်သားရဲ့ကျင့်ကြံခြင်းအဆင့်က ဒီလိုတစ္ဆေလက်နက်ကို သန့်စင်ဖို့ မလုံလောက်ဘူး၊ ဒါကြောင့် သူ့လက်ထဲက သံချေးတက်နေတဲ့ကြေးဓားက တစ်နေရာရာကနေ ရထားတာ ဖြစ်ရမယ်"
လူအိုကြီးက ကြားဖြတ်ပြောလိုက်သည်"ထန်ရှု ပြောတာ မှန်တယ်။ တစ္ဆေလက်နက်က ရှားပါးပေမယ့် အချို့နေရာတွေမှာ ရှိတယ်။ ဥပမာအားဖြင့် အနက်ရောင်ဈေးမှာပေါ့။ ဒါပေမယ့် ဒိီလိုလက်နက်မျိုးက အလွန်ဆိုးယုတ်ပြီး တစ္ဆေကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံတဲ့သူတွေကလွဲပြီး ဘယ်သူမှ ဝယ်မှာမဟုတ်ဘူး"
"အာ၊ တစ္ဆေလက်နက်တွေတောင် ရှိမှတော့ အနက်ရောင်ဈေးမှာ ပစ္စည်းကောင်းတွေ အမြောက်အများ ရှိပုံရတယ်"ထန်ရှုက အံ့အားသင့်စွာ ပြန်ပြောလိုက်သည်။
"အနက်ရောင်ဈေးမှာ မင်း စိတ်ကူးမထားတဲ့အရာတွေ တကယ်ပဲ ရှိတယ်၊ မင်း ရှာတွေ့ဖို့ ခက်ခဲတဲ့အရာတွေပေါ့"လူအိုကြီးက ပြုံးကာ ပြောလိုက်သည်"မင်းချမ်းသာသရွေ့ မင် လိုတာ ရနိုင်တယ်။ ဒါပေမယ့် မင်းသာ သန့်စင်ဒဏ်ရာပျောက်ဆေးကို ရောင်းမယ်ဆိုရင် အနက်ရောင်ဈေးတစ်ခုလုံး အရူးအမူးဖြစ်သွားကြမှာ။ တန်ဖိုးက ပိုမြင့်မားရင်တောင် လူအချို့က ဝယ်ကြလိမ့်မယ်"
"ဒါ အဓိပ္ပါယ်ရှိတယ်"ထန်ရှုက တွေးပြီးနောက် ခေါင်းညိတ်လိုက်သည်"အနာဂတ်မှာ ကျုပ်က အနက်ရောင်ဈေးကို သေချာပေါက် သွားလည်ကြည့်ရမှာပေါ့"
"မင်း လည်ဖို့ အစီအစဉ်ရှိရင် ငါတို့ အတူတူ သွားလို့ရတယ်၊ ထန်ရှု"လူအိုကြီး၏မျက်နှာက ပြောင်းလဲသွားလျက် သူက ပြုံးကာ ပြောလိုက်သည်"ဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ကို ဖြေရှင်းပြီးရင် အနက်ရောင်ဈေးကို သွားဖို့ စီစဉ်ထားတယ်။ ဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ကို ရောင်းဖို့အတွက် မဟုတ်ပေမယ့် ငါ့မှာ ရောင်းစရာဖုတ်ကောင်တစ်ပိုင်းအချို့ ရှိပါသေးတယ်"
ခဏစဉ်းစားပြီးနောက် ထန်ရှုက ခေါင်းခါယမ်းကာ ပြောသည်"တစ်ယောက်ဖုန်းနံပါတ်တစ်ယောက်ယူထားကြတာပေါ့၊ စီနီယာကျုံး။ မဝေးတော့တဲ့အနာဂတ်ကာလတစ်ခုမှာ လုပ်စရာကိစ္စအချို့ ရှိလို့ ကျုပ် ခင်ဗျားနဲ့ အတူတူ သွားနိုင်မယ်လို့ မထင်ဘူး။ ကျုပ် အားတဲ့အခါ ခင်ဗျားကို ဆက်သွယ်လိုက်မယ်၊ ခင်ဗျားအဆင်ပြေရင် အတူတူ သွားကြတာပေါ့"
"ငါ အဆင်ပြေပါတယ်"
လူအိုကြီးက ခေါင်းညိတ်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ဖန်ညီအကိုနှစ်ယောက်ထံ လျင်မြန်စွာ ရွေ့သွား၏။ သူ့အရှိန်က အလွန်မြန်သည်၊ သူ့လက်ချောင်းများမှ ငွေရောင်ဆူးချွန်အနည်းငယ် ပစ်လွှတ်လိုက်သည်၊ ၎င်းတို့က ဖန်ညီအကိုနှစ်ယောက်၏နောက်ကျောအား စက္ကန့်အနည်းငယ်အတွင်း ထိုးဖောက်သွားခဲ့သည်။
"နတ်ဆိုးသော့သံကြိုး..."
ရွှေရောင်ဆံပင်အမျိုးသား၏ပုံရိပ်က မြားတစ်ချောင်းအလား လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်း မြေပြင်ပေါ် လဲကျသွားသော ဖန်ညီအကိုနှစ်ယောက်အနောက်၌ ပေါ်ထွက်လာသည်။ သူက ညီအကိုနှစ်ယောက်အား အမည်းရောင်ချိန်ကြိုးတစ်ခုနှင့် ရစ်ပတ်လိုက်၏၊ နောက်အခိုက်တွင် လေခါးပတ်လေးခုက သူတို့၏ခြေလက်များအား ချည်နှောင်သွား၏။
"ချိုးဖြတ်စမ်း..."
ဖန်ညီအကိုနှစ်ယောက်က အော်ဟစ်သည်။ သူတို့အား ချည်နှောင်ထားသည့်အမည်းရောင်သံကြိုးနှင့်လေခါးပတ်လေးခုအား ဖျက်ဆီးပစ်တော့မည့်ဆဲဆဲတွင် လူအိုကြီးက သံမဏိကွင်းတစ်ကွင်းအား ထုတ်လျက် သူတို့၏လည်ပင်အား ရစ်ပတ်လိုက်သည်။
"သေကြစမ်း..."
.
မွန်းကျပ်စရာအရှိန်အဝါတစ်ခုက ဖန်ကျင်းရှင်းမှ ပေါက်ကွဲထွက်လာသည်၊ သံကြိုးနှင့်လေခါးပတ်တို့အား ဖျက်ဆီးပစ်ပြီး လူအိုကြီးဆီ ချက်ချင်း ပြေးသွား၏။ သူ့လက်ကောက်ဝတ်မှ ရွှေရောင်ချိတ်တစ်ခုပါရှိသည့်ကြိုးတစ်ချောင်း ထွက်လာပြီး လူအိုကြီး၏နဖူးပြင်ဆီသို့ ရိုက်ခတ်သွားလေ၏။
"မင်းက သေချင်နေတာပဲ"
လူအိုကြီးက အော်ရင်း ရွှေချိတ်အား ရှောင်တိမ်းသည်၊ အဝါရောင်ဓားတစ်လက်က သူ့နောက်ကျောရှိ ဓားအိမ်မှ ထွက်လာ၏။ သူက တန်ပြန်တိုက်ခိုက်ရန် အသင့်ပြင်ထားစဉ် ဖန်ကျီကျုံး၏လက်ချောင်းများက ဆတ်ခနဲ လှုပ်ရှားသွားကာ အပ်တစ်ချောင်းအား သူ့ထံ ပစ်လွှတ်လိုက်သည်။
"မင်းက ငါ့ကို လှည့်စားချင်တာလား၊ ဟမ်"
လူအိုကြီးက အနက်ရောင်အပ်ကို ဖယ်ရှားရန် ဓားကို ချက်ချင်း ဝှေ့ယမ်းသည်။ ထိုအချိန်တွင် ဖန်ကျင်းရှင်းက ကြိုးလှုပ်လိုက်သည်၊ ရွေရောင်ချိတ်က လျှပ်စိီးအလား လူအိုကြီး၏ဘယ်လက်မောင်းအား ချက်ချင်း ဆုတ်ဖြဲသွားခဲ့၏။
မနီးမဝေးမှ ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်၊ ဖန်ကျင်းရှင်းနှင့်ဖန်ကျင်းကျုံးတို့နှင့် ပတ်သက်၍ တစ်ခုခု မူမမှန်သည်ကို သူက ရေးရေးသတိထားမိသည်။ ဤလူနှစ်ယောက်က အရူးသဖွယ် တန်ပြန်တိုက်ခိုက်နေသော်လည်း သူတို့မျက်လုံးများက မီးခိုးဖျော့ရောင်ချီနှင့် ပြည့်နေ၏၊ သူတို့ထံမှ ထုတ်လွှတ်နေသည့် အမှောင်ထု၏ကြောက်စရာကောင်းသောအရှ်ိန်အဝါက ဆိုးယုတ်သောတစ်စုံတစ်ခု ထွက်လာမည်ဟု အချက်ပြနေသည်။
"ငါ သူတို့ကို သတ်ရမယ်"
ထန်ရှုက ရုတ်တရက် လှုပ်ရှားသည်၊ သူ့ခန္ဓာကိုယ်က ဖန်ညီအကိုနှစ်ယောက်ထံ အမြှောက်ကျည်ဆံတစ်ခုအလား ပြေးသွား၏။ နတ်ဘုရားဓားအား ထုတ်လွှတ်လိုက်ပြီး ဓားအလင်းလွှာများက ရှေ့သို့ လျှပ်တစ်ပြက်အတွင်း ရောက်သွား၏။
ဝှစ်၊ ဝှစ်၊ ဝှစ်...
ကြောက်ရွံ့သောအကြည့်တို့ မျက်နှာများပေါ်တွင် ထွက်ပေါ်လာလျက် ဖန်ကျင်းကျုံးနှင့်ဖန်ကျင်းရှင်းတို့က နာကျင်မှုကြောင့် အော်ဟစ်လိုက်ကြသည်။ သူတို့က အသည်းအသန်ခုခံနေသော်လည်း ဓားအလင်းလွှာများက သူတို့အား လွှမ်းခြုံနေလျက် ရှိပြီး သွေးထွက်ဒဏ်ရာများက ခန္ဓာကိုယ်တွင် အဆက်အပြတ် ထွက်ပေါ်လာ၏။
"သေစမ်း"
ထန်ရှုက လက်ကောက်ဝတ်အား ဆတ်ခနဲ လှုပ်လိုက်သည်၊ ဓားပုံရိပ်များက တစ်ခုတည်းအဖြစ် ရုတ်ချည်း သိပ်သည်းသွားခဲ့၏။ ပြင်းထန်သောအရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာပြီး လူနှစ်ယောက်အား ပိုင်းချခဲ့သည်။
မြင်ကွင်းတစ်ခုလုံးကို မြင်ပြီး သွမ်မုလင်က တုန်လှုပ်နေသည်၊ ဖန်ညီအကိုနှစ်ယောက်အား သတ်ချက်ရန်အတွက် တစ်ချက်သာ တိုက်ခိုက်ရန် လိုသည်အထိ ထန်ရှုက အားကောင်းလိမ့်မည်ဟု သူ ဘယ်တော့မှ မတွေးထား။ ထန်ရှုထုတ်လွှတ်သည့်အရှိန်အဝါနှင့်စွမ်းအားက သူနှင့်လက်ရှိထန်ရှုကြားကွာဟချက်တို့ ကြီးမားကြောင်းကို သဘောပေါက်သွားစေ၏။
လက်ရှိအချိန်တွင် သွမ်မုလင်တစ်ယောက်သာ ထိတ်လန့်သွားရသည်မဟုတ်၊ အထူးစွမ်းရည်ဗျူရိုမှဒြပ်စင်ပညာရှင်ဒါဇင်ကျော်တို့ပင် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ အထူးသဖြင့် လူအိုကြီးကျုံးက အံ့အားသင့်လျက် မယုံကြည်နိုင်သောမျက်လုံးအကြည့်တစ်ခုနှင့်အတူ မွန်းစတားတစ်ကောင်အား ကြည့်နေသည့်အလား ထန်ရှုအား စိုက်ကြည့်၏။
ဤအရာက တစ်ချက်တည်း သတ်ဖြတ်ခြင်းတစ်ခုပင်။
အားကောင်းသောဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်အား သတ်ဖြတ်ရန် ထန်ရှုက တိုက်ကွက်တစ်ခုသာ လိုအပ်ခဲ့သည်။ စိတ်ကူးယဉ်ရန် မဖြစ်နိုင်လောက်အောင်ပင်။ သူက အလွန်အားကောင်းသော်လည်း ဤဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်အား သတ်ဖြတ်ရန် အရာအားလုံးပုံအပ်ရမည်ကို ရှင်းလင်းစွာ သိ၏။
"သူက ကျင့်ကြံသူတစ်ယောက်ပဲ၊ ဒါပေမယ့် ဘယ်ကျင့်ကြံခြင်းအဆင့်ကို သူ ရောက်နေတာလဲ။ သူက ရွှေအမြုတေအဆင့်ကို ရောက်ရှိထားတာလား"
လူအိုကြီးက စွမ်းအားကို လေးစားသူဖြစ်ပြီး ဒီလိုအားကောင်းသောကျွမ်းကျင်သူတစ်ယောက်က သူ၏လေးစားမှုနှင့် ထိုက်တန်သည်။ ထန်ရှုက အသက်နှစ်ဆယ်လောက်သာ ရှိမည်ဖြစ်သော်ငြား ထုတ်ပြခဲ့သည့် ခွန်အားက လေးစားမှုရရန် ထိုက်တန်သည်။ သူက ဖန်ညီအကိုနှစ်ယောက်၏နောက်ကျောမှ ငွေရောင်ဆူးချွန် ဆွဲနှုတ်ပြီးနောက် ထန်ရှုအား ကြည့်ပြောလိုက်၏"မင်းက အရမ်းသန်မာတာပဲ၊ မစ္စတာထန်"
"သူတို့က အားနည်းလွန်းတာပါ"ထန်ရှုက တည်ငြိမ်စွာ ပြုံးလျက် ပြော၏"သူတို့က ပိုသန်မာရင် သတ်ဖို့ ဒီလို လွယ်ကူတော့မှာ မဟုတ်ဘူး"
"မဟုတ်တာ"လူအိုကြီးက ခေါင်းခါယမ်းကာ ပြော၏"သူတို့က ပိုသန်မာရင် ငါနဲ့ အဆင့်တူလောက် ဖြစ်သွားမယ်။ ငါသာ မင်းကို ရင်ဆိုင်ရရင် အကွက်အနည်းငယ်တောင် ခံနိုင်မှာမဟုတ်ဘူးလို့ ငါ ထင်တယ်။ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်မှာ ရှိတာလား"
"ရွှေအမြုတေအဆင့်"
ထန်ရှုက စိတ်ထဲ၌ ပြုံးလိုက်သည်။ သူ၏လက်ရှိခွန်အားက အခြေတည်စိတ်ဝိညာဉ်စဦးအဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်။ သူ့တွင် ရှိသော အဆုံးမရှိနည်းလမ်းများရ အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်နိုင်သည်။
သို့သော် သူ့ခွန်အားအား အလွန်အကျွံ မဖော်ပြလိုပေ၊ သူက ခေါင်းညိတ်ကာ ပြုံးလျက် ပြောလိုက်သည်"ဟုတ်တယ်၊ ကျုပ်က ရွှေအမြုတေအဆင့်မှာ"
လူအိုကြီးက လက်မထောင်ကာ ချီးကျူးလိုက်သည်။"မင်းသာ ကြေးစားတစ်ယောက်ဖြစ်လာရင် ငါတို့ ကြေးစားတွေအတွက် ထိုးနှက်မှုကြီးတစ်ခု ဖြစ်မှာ သေချာတယ်၊ မစ္စတာထန်။ မင်းက ငါတို့ကို အလုပ်ပျောက်သွားစေနိုင်တယ်"
"ဒါကိုတော့ မစိုးရိမ်ပါနဲ့၊ စီနီယာ"ထန်ရှုက ငိုရမလားရယ်ရမလား မသိတော့။"ကြေးစားလုပ်ဖို့ ငါ စိတ်မဝင်စားပါဘူး။ သာမန်လူတွေကို သတ်တဲ့ ဆိုးယုတ်တဲ့သတ္တဝါတွေကို လိုက်ဖမ်းရမှာ ပျင်းတယ်။ တကယ်တော့ ကျုပ်ရဲ့သရုပ်မှန်က ပိုက်ဆံရှာတဲ့စီးပွားရေးသမားတစ်ယောက်ပဲ"
"စီးပွားရေးသမားတစ်ယောက်လား"လူအိုကြီးက အံ့အားတကြီး မေးလိုက်သည်"မင်းရဲ့အလုပ်က ဘာလဲ၊ မစ္စတာထန်"
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံး၏၊ သူ့လက်ချောင်းများက ဆတ်ခနဲ လှုပ်သွားသည်။ နတ်ဘုရားဝတ်ရည်ဝိုင်တစ်ပုလင်းက သူ့လက်ထဲ၌ ထွက်ပေါ်လာ၏။ လူအိုကြီးအရှေ့သို့ ပို့ပြီးနောက် သူက ပြုံးလျက် ပြောလိုက်သည်"ဒါက ကျုပ်တို့ရဲ့ပထမဆုံးတွေ့ဆုံမှုပဲ၊ ဘုံရန်သူကိုလဲ ပူပေါင်းရင်ဆိုင်ခဲ့တယ်၊ ဒါကြောင့် ကျုပ်တို့က မိတ်ဆွေတွေလို့ ပြောလို့ရတယ်။ ဒါကြောင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုအတွက် ကျုပ်က ခင်ဗျားကို ဒီဝိုင်တစ်ပုလင်း ပေးချင်တယ်"
"နတ်ဘုရားဝတ်ရည်လား"လူအိုကြီးက မျက်လုံးတို့ လင်းလက်လျက် လည်ချောင်းက စိုဆွတ်လာတော့၏။
"ဟုတ်တယ်။ ဒါက ကျုပ်ကုမ္ပဏီက ထုတ်တဲ့ ဝိုင်လေ"ထန်ရှုက ပြုံးကာ ပြော၏"စီနီယာကျုံး ကြိုက်မယ်လို့ မျှော်လင့်ပါတယ်"
လူအိုကြီးက ရုတ်တရက် ခေါင်းမော့လိုက်ကာ မယုံကြည်နိုင်စွာ ပြောလေသည်"မင်းရဲ့ကုမ္ပဏီက..."
"ဟုတ်တယ်။ ကျုပ်က ခမ်နားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်လေ"ထန်ရှုက ခေါင်းညိတ်လိုက်သည်။
လူအိုကြီးက ထန်ရှုအား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သည်။ ထန်ရှုနှင့် အခုမှ သိကျွမ်းသော်လည်း သူ့အကြောင်း ပိုသိလာလေလေ၊ ပိုအံ့ဩတုန်လှုပ်ရလေပင်။ ပထမက ဆေးလုံးများသန့်စင်နိုင်သည့်ကျင့်ကြံသူ၊ ဒုတိယက ဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်အား သတ်ဖြတ်ခြင်း၊ ယခုတွင် သူက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ပိုင်ရှင်ဖြစ်သည်ကို သိလိုက်ရပြန်သည်။
"မျိုးဆက်သစ်က အဟောင်းကို အစားထိုးလာတာ အမှန်ပါပဲ၊ ပိုတောင် သန်မာလာတယ်..."
စိတ်ထဲ၌ သက်ပြင်းချက်လျက် လူအိုကြီးက ပထမဆုံးသောလေးနက်သည့်အမူအရာနှင့် ပြောလိုက်သည်"မစ္စတာထန်၊ ဒီအဖိုးကြီးကို ကျိုးကျစ်ချန်းလို့ ခေါ်တယ်။ ငါလဲ တရုတ်လူမျိုးတစ်ယောက်ပဲ၊ အခွင့်အရေးတစ်ခုရပြီး ကြေးစားတစ်ယောက်ဖြစ်တဲ့ငါ့ဆရာထံမှာ သင်ယူနိုင်ခဲ့တယ်။ ဒီတစ်ကြိမ် မင်းနဲ့ သိကျွမ်းခွင့်ရတာ ငါ့အတွက် ကောင်းချီးတစ်ခုပဲ၊ မစ္စတာထန်။ အနာဂတ်မှာ ငါတို့ ဒိီထက် ပိုပူးပေါင်းနိုင်မယ်လို့ ငါ မျှော်လင့်တယ်"
"ခင်ဗျားက ကျုပ်ကို အလွန်ချီးကျူးနေတာပဲ၊ စီနီယာကျုံး"ထန်ရှုက လက်သီးဆုပ်ကာ ပြော၏"နောက်ကျရင် ကျုပ်တို့တွေ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး ရှိလာအုံးမှာပါ။ အခု ဒီဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ကို ဖြေရှင်းပြီးဆိုတော့ ခင်ဗျားအကောင့်ထဲကို ဒေါ်လာဆယ်သန်း လွှဲပေးလိုက်ပါ့မယ်"
"မင်း ပေးဖို့ မလိုဘူး၊ ထန်ရှု"သွမ်မုလင်က ထန်ရှုအား တားကာ ပြောလိုက်သည်"ဖုတ်ကောင်တစ်ပိုင်းနှစ်ယောက်ကို သတ်ဖို့က အထူးစွမ်းရည်ဗျူရိုရဲ့တာဝန်ပဲ၊ တိုင်းပြည်ရဲ့ဝတ္တရားပဲ။ ဟေး၊ အဖိုးကြီးကျုံး၊ မင်းရဲ့အရင်အကောင့်က မပြောင်းသေးဘူးမလား။ အဲအကောင့်ထဲ ကျုပ် လွှဲလို့ရလား"
လူအိုကြီးကျုံးကျစ်ချန်က ခေါင်းညိတ်ကာ ပြောသည်"ရတာပေါ့။ အဲအကောင့်ပဲ"
ထန်ရှုက မငြင်းပေ။ သွမ်မုလင်က ပေးသည်ကို မြင်ပြီး သူက အလိုအလျောက် ပျော်ပေ၏၊ သူ့ပိုက်ဆံများက လေတိုက်တိုင်း ရလာသည့်အရာမဟုတ်ပေ။
***