← Chapters

ကောင်မလေးအား ကယ်တင်ခြင်း

Vol. 75 Ch. 1039

ကောင်မလေးအား ကယ်တင်ခြင်း

Vol. 75 Ch. 1039

ပေကျင်း၊ သာမန်ပုံပေါက်သောအဆောက်အဦးတစ်ခုတွင်။

ရိုင်ဖယ်တပ်စစ်သားများက စောင့်ကြပ်နေသည်၊ လူများစွာက လေးနက်သောအမူအရာများနှင့်အတူ စာရွက်စာတမ်းများ ကိုင်လျက် ဝင်လိုက်ထွက်လိုက်လုပ်နေကြ၏။ အတွင်းပိုင်းအကျဆုံးအခန်းထဲတွင် LCDစခရင်နှစ်တန်းက ဒေတာအမျိုးမျိုးအား ပြသလျက်ရှိသည်၊ လူများက စာရိုက်ရင်း ရံဖန်ရံခါတွင် စကားပြောနေကြသည်။

ဝေ့ချန်ရှန်းက ထောင့်နားရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း  လက်ထဲရှိအချက်အလက်အား ဖတ်ရှုနေသည်။ သတင်းအချက်အလက်ဌာနခေါင်းဆောင်များထဲမှ တစ်ယောက်အနေနှင့် မကြာသေးခင်က အဖြစ်အပျက်က သူ့အား အတော်လေးခေါင်းကိုက်စေ၏။ လက်ရှိတွင် ဖန်မိသားစုဝင်အများစုအား ထိန်းချုပ်ထားသော်လည်း စစ်ဆေးမေးမြန်းခြင်းဖြစ်စဉ်က အလွန်ခက်ခဲသည်။

"ခေါင်းဆောင်"

သန်မာသောလူတစ်ယောက်က သူ့ထံ ခြေလှမ်းကျယ်လှမ်းလျက် လျှောက်လာသည်။ ဤလူ၏မျက်နှာက အကူအညီမဲ့‌သောအကြည့်တစ်ခု ရှိနေ၏။

"ဘယ်လိုလဲ"ဝေ့ချန်ရှန်က မော့ကြည့်ကာ မေးလိုက်သည်။

"အဲဒီမိန်းကလေးက တစ်နေ့လုံး ငိုနေပြီး အစားအစာတွေလဲ တစ်ခုမှ မထိဘူး။ သူမက အိပ်လဲ မအိပ်ဘူး"သန်မာ‌သောလူက အကူအညီမဲ့စွာ ပြောလိုက်သည်"ငါတို့ ဘာလုပ်ရမလဲ။ သူ့ကို လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့လို့ရမလား ဒါမှမဟုတ်..."

သူ၏တင်ပြချက်ကို ကြားပြီး ဝေ့ချန်ရှန်းက လက်ထဲရှိ စာရွက်စာတမ်းအား စားပွဲပေါ်သို့ အရှိန်နှင့် ပစ်ချပြီးနောက် အော်ပြောလိုက်သည်"ဒီမိန်းကလေးကြောင့်သာ မဟုတ်ရင် မြိုတော်ရဲ့ဖြစ်ရပ်က ဘယ်လိုလုပ်ပြီး ထုတ်ဖော်ခံလိုက်ရမှာလဲ။ ဘယ်လိုပဲ စဉ်းစားစဉ်းစား၊ ဒီလိုတိုက်ဆိုင်မှုတစ်ခု ကမ္ဘာပေါ်မှာ ဖြစ်လိမ့်မယ်လို့ ငါ မထင်ဘူး။ မြို့လယ်‌ခေါင်မှာ ဖန်ကလန်သားတွေ လူသတ်မှု ကျူးလွန်တဲ့အချိန်မှာ သူမက အဲဒီလိုနေရာကောင်းတစ်ခုမှာ ရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

"ငါတို့ အားလုံးကို စုံစမ်းပြီးပြီ။ သူမက သာမန်မိသားစုကပဲ၊ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်က ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပလက်ဖောင်းတစ်ခုရဲ့တင်ဆက်သူတစ်ယောက်ပဲ။ ငါတို့ရဲ့စစ်ဆေးရေးနည်းလမ်းတွေကို ခေါင်းဆောင်လဲ ရှင်းရှင်းလင်းလင်း သိပါတယ်။ သူမအနေနဲ့ လျှို့ဝှက်ချက်တစ်ခုခု ဖုံးကွယ်ထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"လူအိုကြီးက ပြောသည်"သူမက အဲနေရာ မတော်တဆရှိနေခဲ့တာ ဖြစ်ရမယ်"

"ဘာပဲဖြစ်ဖြစ်ကွာ"‌ဝေ့ချန်ရှန်းက ဒေါသတကြီး ပြောသည်"သူမက အဲနေရာကို မထင်မှတ်ဘဲ ရောက်သွားရင်တောင် ငါတို့က သူမကို ထိန်းသိမ်းထားရအုံးမှာပဲ။ သူမက ငါတို့ကို ဒုက္ခဘယ်လောက်ပေးခဲ့တယ်ဆိုတာ မင်း သိလား။ နောက်ကျရင် ငါတို့တွေ ရုပ်သံထုတ်လွှင့်ပလက်ဖောင်းတွေကို သေချာ စစ်ဆေးပြီး ဥပဒေချိုးဖောက်တာတွေရှိရင် ချက်ချင်း ပိတ်သိမ်းရမယ်"

"ဒါက..."

လူကြီးက တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် ခါးသီးစွာ ပြုံးလိုက်သည်။ ဤနေရာတွင် ခေါင်းဆောင်အမိန့်က ကောင်းကင်ဘုံထက် ပို၏။ သူက ဆုံးဖြတ်ထားပြီဖြစ်သဖြင့် သူနှင့် ငြင်းခုံခြင်းက အသုံးမဝင်ပေ။ တစ်ယောက်ယောက်အား အပြစ်တင်ချင်လျှင် သူမကိုယ်သူမ အပြစ်တင်ရပေမည်။ ရုပ်သံထုတ်လွှင့်ခြင်းက မမှားသော်လည်း ယခုကဲ့သို့အရေးကြီးသောကိစ္စရပ်တစ်ခုအား အင်တာနက်ပေါ်တွင် ဘာကြောင့် ထုတ်လွှင့်ရသနည်း။ အစိုးရက ဤကိစ္စနှင့် ပတ်သက်၍ သတင်းများအား ပိတ်ဆို့ထားသည်ကိုပင် သိရပေမည်။

ရုတ်တရက် လူကြီး၏လက်ထဲရှိ ဆက်သွယ်ရေးကိရိယာက အသံမြည်လာသည်။ ထို့နောက် စစ်သားတစ်ယောက်၏အသံအား ကြားလိုက်ရ၏။"ကတ်ပတိန်၊ ‌ခေါင်းဆောင်ဝေ့နဲ့ တွေ့ဖို့ တောင်းဆိုနေတဲ့ ရဲဘော်တစ်ယောက်ရှိတယ်"

သန်မာသောသူက အံ့အားသင့်သွားသည်။ သူက ဝေ့ချန်ရှန်းအား တစ်ချက် ကြည့်ကာ မေးလိုက်သည်"ဘယ်ရဲဘော်လဲ"

"ထန်ရှုလို့ သူ ပြောတယ်၊ သူ့မှာ ငါတို့လုံခြုံရေးဌာနရဲ့အထောက်အထားစာရွက်စာတမ်းတစ်ခု ရှိတယ်"

"ထန်ရှုလား"နာမည်က ရင်းနှီးသလို ဖြစ်သဖြင့် ထိုလူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဆိုဖာပေါ်တွင် ထိုင်နေသော ဝေ့ချန်ရှန်းက အံ့အားသင့်သွားပုံပေါ်သည်။ သူက ချက်ချင်း ထရပ်ကာ ပြောလိုက်၏"ငါတို့ရဲ့သူရဲကောင်းကြီးက ဒီနေရာကို ရောက်လာပြီပေါ့။ သူက ငါတို့ဌာနကပဲ၊ ဒါပေမယ့် ဒီကို လာတင်ပြတာ သူ့ရဲ့ပထမဆုံးအကြိမ်ပဲ။ သူ့ကို ဝင်ခွင့်ပေးလိုက်"

"နားလည်ပါပြီ"

ငါးမိနစ်ကြာပြီးနောက် ထန်ရှုက လေးထောင့်ပုံအဆောက်အဦးတစ်ခု၏နောက်ဖေးထဲသို့ ဝင်လာ၏။ ဝေ့ချန်ရှန်းက ပြုံးလျက် သူ့အား လက်တွဲနှုတ်ဆက်သည်ကို မြင်သောအခါ ထန်ရှုက ပြုံးကာ ပြောလိုက်သည်"မင်းက ခေါင်းဆောင်ဝေ့လား။ ထန်ရှုက မင်းကို တင်ပြစရာရှိလို့ပါ"

"ငါ မင်းအကြောင်း ကြားတာ ကြာပြီ၊ ထန်ရှု"ဝေ့ချန်ရှန်းက ရယ်ကာ ပြောလိုက်သည်"ငါတို့လုံခြုံရေးဌာနရဲ့အဖွဲ့ဝင်တွေအားလုံးကို ငါ သိတယ်၊ ဒါပေမယ့် မင်းတစ်ယောက်ပဲ ငါ မရင်းနှီးတာ"

"ဒီအတွက် ငါ့ကို ခွင့်လွှတ်ပေးပါ၊ ခေါင်းဆောင်ဝေ့"ထန်ရှုက ရယ်ကာ ပြောလိုက်သည်"လက်ထဲမှာ လုပ်စရာများလွန်းတော့၊ ဒါကြောင့် ငါ ဒီနေရာကို လာမတင်ပြဖြစ်တာ"

"မင်းလို ပါရမီနဲ့စွမ်းရည်ရှိသူတစ်ယောက်က အလုပ်များမှာ သဘာဝပဲလေ။ ဒီတစ်ခေါက် ဒီကို ရောက်လာတာတင် အရမ်းကောင်းနေပါပြီ"ဝေ့ချန်ရှန်းက ရယ်ကာ ထပ်ပြောလိုက်သည်"ဘာပဲပြောပြော ကိစ္စကြီး ဖြစ်နေတဲ့အချိန်မှာ မင်း ရှိတာ တကယ် ကံကောင်းတယ်။ အထက်က‌နေ ငါ ကြားခဲ့ရတယ်၊ မင်းရဲ့လူတွေကပဲ လူသတ်သမားတွေကို ရင်ဆိုင်ခဲ့တာဆို။ ဒါ အရမ်းကောင်းတယ်။ မင်းတို့အားလုံးက ငါတို့ဌာနရဲ့လူတွေဖြစ်ဖို့ ထိုက်တန်တယ်"

"ဒါ ချီးကျုးတာ များနေပါပြီ၊ ခေါင်းဆောင်ဝေ့။ ဒါက ငါ့ရဲ့တာဝန်နဲ့ဝတ္တရားပဲလေ"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

"ဟုတ်တာပေါ့"ဝေ့ချန်ရှန်းက ခေါင်းညိတ်ကာ ပြောသည်"ဒါနဲ့ ထန်ရှု။ ငါ့မှတ်ဉာဏ်အရဆိုရင် ဒီနေ့က အကြီးအကဲထန်ရဲ့ရှစ်ဆယ်နှစ်ပြည့်မွေးနေ့မလား။ ငါက လုပ်စရာတွေ များလွန်းတော့ စီနီယာကို လူကိုင်တိုင် မဂုဏ်ပြုနိုင်ဘူး။ ငါ့ရဲ့ဆုတောင်းစကားကို ငါ့လူတွေနဲ့ပဲ ပါးလိုက်ရတယ်။ ဟုတ်ပြီ၊ မင်း ဘာလို့ ဒီနေရာကို လာတာလဲ။ မင်း ပြောချင်တာ တစ်ခုခုများ ရှိလို့လား"

"ပွင့်ပွင့်လင်းလင်းပြောရရင် ငါ ဒီနေရာကို လာတာရည်ရွယ်ချက်နှစ်ခုရှိပါတယ်၊ ခေါင်းဆောင်ဝေ့"ထန်ရှုက ပြုံးကာ ပြောသည်။"ပထမ၊ မင်းကို နှုတ်ဆက်ရင်းနဲ့ သတင်းပို့ဖို့။ ဒုတိယကတော့ အဲဒီမိန်းကလေးနဲ့ ပတ်သက်ပြီးတော့။ မင်း သူမကို သက်ညှာပေးဖို့ ငါ မျှော်လင့်တယ်။ ငါ သူမကို ကောင်းကောင်း သင်ပြလိုက်ပါ့မယ်၊ နောက် ဒါမျိုး သူမ ထပ်မလုပ်စေရပါဘူး"

ဝေ့ချန်ရှန်းက ခဏသဘောမပေါက်ဖြစ်သွားပြီးနောက် ထန်ရှုလာသည့်ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။ သို့သော် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခု ရှိနေသေးပြီး သူက မေးမြန်းလိုက်သည်"မင်း ဒီထျန့်ရှောင်မုံ့ကို သိတာလား"

"ငါ့ရဲ့ကံဆိုးမှုအကြောင့် ပြောရရင် သူမနဲ့ ရင်းနှီးခဲ့တာပဲ"ထန်ရှုက အားတင်းပြုံးလျက် ဆို၏"အရင်က ငါ လုပ်ခဲ့တဲ့ကိစ္စအချို့ကို သူမက ‌ဖော်ထုတ်ခဲ့သူလေ။ မဟုတ်ရင် ငါက ဘယ်လိုလုပ် လူသိများနေပါ့မလဲ"

"ဟမ်"ဝေ့ချန်ရှန်းက အံ့အားသင့်ကာ ပြောလိုက်သည်"ဒါဆို မင်းက နာမည်မကျော်ကြားချင်ဘူးပေါ့"

"ဝက်တွေက ဝမှာ ကြောက်သလိုပဲ၊ ကျော်ကြားခြင်းက ငါ့အတွက် ဒုက္ခပဲ ဖြစ်စေမှာ"ထန်ရှုက အကူအညီမဲ့သောမျက်နှာနှင့် ပြောသည်"ငါက အမြဲ နိမ့်နိမ့်ချချတိုးတိုးတိတ်တိတ် နေလိုခဲ့တာ၊ ဒါပေမယ့် ဒီမိန်းကလေးက ငါ့ရဲ့ခွင့်ပြုချက်မပါဘဲ ငါနဲ့ပတ်သက်တဲ့သတင်းဦးတွေကို ဖော်ထုတ်ခဲ့မယ်လို့ ဘယ် ထင်ထားပါ့မလဲ။ သူမမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ မရှိဘူးဆိုတာ ငါ သိပါတယ်။ သူမ ထုတ်လွှင့်ခဲ့သမျှ အားလုံးက အပြုသဘောဆောင်တဲ့စွမ်းအင်ကို မြှင့်တင်ပေးခဲ့တာပါပဲ၊ ဒါကြောင့် ငါ့ဆန္ဒကို ဆန့်ကျင်သလို ဖြစ်ရင်တောင် ငါ သူမကို အပြစ်မတင်နိုင်ဘူး"

ဝေ့ချန်ရှန်းက ခေါင်းညိတ်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူက ပြောလိုက်၏"ငါ သူမကို သင်ခန်းစာတစ်ခုပေးမလို့၊ အနည်းဆုံး သူမကို လူငယ်လေ့ကျင့်ရေးစခန်းမှာ ဆယ့်ငါးရက်လောက် ပိတ်ထားမလို့၊ ဒီလိုမှ သူမ သင်ခန်းစာကောင်းကောင်းရမှာ။ ဒါပေမယ့် မင်းက သူမအတွက် ပြောပေး‌နေမှတော့ ငါ လက်လွှတ်ပေးပါ့မယ်။ မင်း သူမကို ခေါ်သွားလို့ရတယ်၊ ဒါပေမယ့် ဘာက ဖော်ထုတ်လို့ရတယ်၊ ဘာက ဖော်ထုတ်လို့မရဘူးဆိုတာ ကောင်းကောင်းသိအောင် သူမကို ပညာပေးထားပါ"

အာမခံကြောင်းမျက်နှာနှင့် ထန်ရှုက ဆိုလိုက်သည်"စိုးရိမ်စရာမလိုဘူး။ ငါ သူမကို ကောင်းကောင်း ပညာပေးထားပါ့မယ်။ ဟုတ်ပြီ၊ ခေါင်းဆောင်ဝေ့။ မင်း သောက်ချင်လား။ ငါ့မှာ ဝိုင်ကောင်းပါလာတယ်။ ငါ မင်းကို ဝိုင်ပုလင်းနှစ်လုံး ရောင်းပေးရမလား"

ခဏသဘောမပေါက်ဖြစ်သွားပြီးနောက် ဝေ့ချန်ရှန်းက ချက်ချင်း ပြုံးကာ ပြောလိုက်သည်"ဒါ နတ်ဘုရားဝတ်ရည်ဝိုင်လား"

ထန်ရှုက သိုလှောင်လက်စွပ်မှ နတ်ဘုရားဝတ်ရည်ဝိုင် ယူထုတ်ကာ ဝေ့ချန်ရှန်းထံ ကမ်းပေးလိုက်သည်"ဒါက ယွမ်နှစ်ယွမ် ကျပါတယ်။ ခေါင်းဆောင်ဝမ် စိတ်မရှိပါဘူးနော်"

"နှစ်ယွမ်လား။ ဒါ ရယ်ရတယ်"

ဝေ့ချန်ရှန်းက အားရပါးရ ပြုံးလိုက်သည်။ သူက အိတ်ကပ်ထဲသို့ လက်ထည့်လိုက်သည်။ အသေးဆုံးငွေကြေးပင် ငါးယွမ်ဖြစ်၏၊ ထို့ကြောင့် ထန်ရှုထံ ပေးကာ ပြောလိုက်သည်"ကောင်းပြီ၊ မင်းမှာ ရှိရင် နောက်ထပ်သုံးပုလင်းဝယ်ရလို့လဲ ပြဿနာမရှိဘူး။ ငါတို့လုံခြုံရေးဌာနမှာ ဝိုင်သောက်ရတာကို ကြိုက်တဲ့သူတွေ အများကြီးရှိတယ်"

ထန်ရှုက ပြန်ပြုံးပြလျက် သိုလှောင်လက်စွပ်မှ နတ်ဘုရားဝတ်ရည်ဝိုင်သုံးပုလင်း ယူထုတ်လိုက်သည်။ ထို့နောက် သူက ပြော၏"ဟုတ်ပါပြီ၊ ခေါင်းဆောင်ဝေ့နဲ့အခြားရဲဘော်တွေက နတ်ဘုရားဝတ်ရည်ကို ကြိုက်မှတော့ ခန်ရှကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။ ငါ သူမကို ကြိုပြောထားပါ့မယ်"

နတ်ဘုရားဝတ်ရည်အား လေထဲမှ ထန်ရှု ယူထုတ်‌နေသည်ကို ဝေ့ချန်ရှန်းက စောင်းငဲ့ကြည့်နေသည်။ သူက တစ်စုံတစ်ခုအား ရေးရေးလေး ခန့်မှန်းမိသည်။ သူ့ခန့်မှန်းချက်အား အတည်ပြုရန်အတွက် သူက တိုးတိုးလေး မေးလိုက်သည်"ဟေ့၊ ထန်ရှု။ မင်းက ကျင့်ကြံသူတစ်ယောက်လို့ သွမ်မုလင်က ပြောခဲ့တယ်။ ဒါကြောင့် နတ်ဘုရားဝတ်ရည်ကို သိမ်းဖို့ မင်း သုံးတဲ့အရာက မင်းလိုကျင့်ကြံသူတွေအတွက် အရမ်းထူးခြားတဲ့ပစ္စည်းတစ်ခုပဲ ဖြစ်ရမယ်"

"ဟုတ်တယ်၊ အဲဒါ သိုလှောင်လက်စွပ်တစ်ခုပဲ"ထန်ရှုက တုံ့ဆိုင်းခြင်းမရှိပြန်ဖြေသည်"နေရာလပ်က မဆိုးဘူး၊ နတ်ဘုရားဝတ်ရည်အချို့ကို သိုလှောင်နိုင်တယ်။ အထက်လူကြီး‌တွေကို တံစိုးလက်ဆောင်မပေးရဘူးလို့ တိုင်းပြည်က အမိန့်ထုတ်ထားတာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင် ငါက မင်းကို နတ်ဘုရားဝတ်ရည်ဝိုင်ဆယ်ဖာလောက် လက်ဆောင်ပေးလိုက်မှာ၊ ခေါင်းဆောင်ဝေ့"

"ဟားဟားဟား..."ဝေ့ချန်ရှန်းက ရယ်ကာ ပြောလိုက်သည်"ဆယ်ဖာမလိုပါဘူး။ တစ်ဖာနှစ်ဖာနဲ့တင် လုံလောက်ပါတယ်။ မင်းက အရမ်းတော်တယ်၊ ထန်ရှု။ ဒါက ငါတို့ရဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှုဆိုပေမယ့် ငါ မင်းကို သဘောကျတယ်၊ လူငယ်လေး။ မင်းရဲ့အရှေ့မှာ ကြီးကျယ်ခမ်းနားတဲ့အနာဂတ်ရှိလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

"မင်းရဲ့ကောင်းချီးပေးတဲ့စကားတွေအတိုင်း ငါ သေချာပေါက် ကြိုးစားမှာပါ"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ပြုံးကာ ခေါင်းညိတ်တုံ့ပြန်လျက် ဝေ့ချန်ရှန်းက ထပ်မေးလိုက်သည်"မင်း မိန်းကလေးကို အခုပဲ ခေါ်သွားမှာလား ဒါမှမဟုတ် ..."

"အဖိုးမွေးနေ့ကို ‌ဂုဏ်ပြုရမှာဖြစ်တဲ့အတွက် အခုပဲ သူမကို ခေါ်သွားမယ်"ထန်ရှုက ပြော၏။

"ကောင်းပါပြီ၊ ဟုတ်တာပေါ့၊ စီနီယာထန်ရဲ့မွေး‌‌နေ့ကို သူ့ရဲ့အချစ်ရဆုံးမြေးမရှိဘဲ ဘယ်ကျင်းပလို့ရပါ့မလဲ"ဝေ့ချန်ရှန်းက ပြုံးကာ ပြောလိုက်သည်။

"ဒါဆို သွားပါတော့မယ်"

ထန်ရှုက ပြန်ဖြေလိုက်သည်၊ ထို့နောက် အရှေ့ခြံဝင်းရှိ အခန်းတစ်ခုဆီသို့ သန်မာသောလူနောက်မှ လိုက်သွား၏။ တံခါးအား အပြင်ဘက်မှ တွန်းဖွင့်လိုက်သောအခါ အထဲမှရှိုက်ငိုသံကို ကြားရ၏။ ထန်ရှုက ပြုံးလျက် အထဲသို့ ဝင်လာသည်၊ ထောင့်နားလေးရှိအိမ်ရာပေါ်တွင် ငိုနေသော ထျန့်ရှောင်မုံ့အား မြင်လိုက်ရသည်။

"အခုတော့ မင်း သင်ခန်းစာ ရနေပြီးမလား၊ ကောင်မလေး"

ထျန့်ရှောင်မုံ့က မျက်ရည်စိုစွဲနေသောမျက်နှာနှင့် မော့ကြည့်လိုက်သည်။ ထန်ရှုကို မြင်ပြီး သူမက မှင်တက်သွား၏၊ မကျေနပ်ချက်အား ဖွင့်ဟသည့်အတိုင်း သူမက အော်ငိုပြန်၏။ တစ်ချိန်တည်းတွင် သူမက အိပ်ရာမှ ခုန်ဆင်းကာ ထန်ရှု၏လက်မောင်းထဲသို့ ပြေးဝင်လာခဲ့သည်။

သန်မာသောလူက တံခါးဝတွင် ရပ်ရင်း ထန်ရှုနှင့်ထျန့်ရှောင်မုံ့တို့အား ထူးဆန်းသောအမူအရာနှင့် ကြည့်နေသည်။ ဤအချိန်တွင် သူတို့နှစ်‌ယောက်ကြား နီးကပ်သောဆက်ဆံရေးကို မြင်ပြီးနောက် ထျန့်ရှောင်မုံ့က ထန်ရှု၏ချစ်သူဟု အထင်အမြင်လွဲမှားခဲ့သည်။

ထျန့်ရှောင်မုံ့၏ခံစားချက်တို့အား ထန်ရှုက နားလည်မိသည်။ သူမအား ပြန်ပွေ့ဖက်ကာ ကျောအား ပွတ်သပ်ပေးရင်း သူက ပြုံးလျက် ပြောလိုက်သည်"ဟေ့၊ မင်းက အရွယ်ရောက်နေပြီလေ။ ငို‌နေတာကို ရပ်လိုက်ပါတော့။ ဒီကိစ္စက ဘယ်လောက် လေးနက်တယ်ဆိုတာ မင်း မသိဘူးလို့ ငါ မင်းကို ပြောခဲ့တယ်မလား။ ဒါပေမယ့် မင်းက ဒီလိုမြင်ကွင်းမျိုးကို ရုပ်သံထုတ်လွှင့်ရဲတယ်"

ထျန့်ရှောင်မုံ့က အနည်းငယ် တုန်လှုပ်သွားသည်။ သူမက အတင်းအငိုရပ်ခဲ့ပြီး သူမမျက်နှာက သရဲလို ဖြူဖတ်နေ၏။ အသံထစ်ထစ်ငေါ့ငေါ့နှင့် သူမက မေးလိုက်သည်"ငါ...ငါ ထောင်ကျမှာလား"

စိတ်ထဲတွင်မူ ထန်ရှုက ရယ်ချင်မိသွားပြီး သူမနှာခေါင်းအား ဖိကာ ပြောလိုက်သည်"အစကတော့ မင်းကို ပြုပြင်ဖို့အတွက် နှစ်အနည်းငယ်လောက် ထောင်ထဲ ထည့်ဖို့ စီစဉ်ထားတာ။ ဒါပေမယ့် ငါ ဒီမှာ ရှိနေတော့ မင်းကို ကယ်နိုင်ခဲ့တယ်။ ဒါပေမယ့် အနာဂတ်ကျရင် အခုလို မစဉ်းစားဘဲနဲ့ ရုပ်သံထုတ်လွှင့်တာ‌တွေ မလုပ်နဲ့တော့။ အဲအခါကျရင် ငါလဲ မင်းကို ထပ်ကယ်နိုင်မှာ မဟုတ်တော့ဘူး"

ထျန့်ရှောင်မုံ့က ထန်ရှုဆိုလိုသည်အား နားလည်သည်၊ ကျေးဇူးတင်စွာနှင့် ခေါင်းညိတ်ပြ၏။ သို့သော် သူမမျက်လုံးများက မျက်ရည်များအား မတားဆီးနိုင်သေးပေ။

ထိုအချိန်တွင် ထျန့်ရှောင်မုံ့၏နှလုံးသားထဲတွင် ထန်ရှုက သူမ၏စံပြတစ်ယောက်ဖြစ်ရုံသာမက သူမအား လုံခြုံမှု ပေးနိုင်သည့် သူတော်စင်တစ်ယောက်လည်း ဖြစ်၏။

***

All Chapters