← Chapters

ထင်ရှားသော အဆင့်အတန်းတစ်ခု

Vol. 75 Ch. 1040

ထင်ရှားသော အဆင့်အတန်းတစ်ခု

Vol. 75 Ch. 1040

လမ်းမကြီးတွင် ကားများ ရှည်လျားစွာ စီတန်း‌စောင့်ဆိုင်း‌နေသည့်မြင်ကွင်းက နဂါးတစ်‌ကောင်ပမာ မြို့တော်၏ဖွံ့ဖြိုးတိုးတက်မှုအား သရုပ်ပြနေလျက်ရှိသည်။ BMWဆီဒင်ကားပေါ်တွင် စီးနင်းလိုက်ပါရင်း အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထင်ဟပ်နေသည်၊ ထျန့်ရှောင်မုံ့ကမူ ယာဉ်အကူထိုင်ခုံပေါ်တွင် ထိုင်နေ၏၊ သူမက ကြောက်ရွံ့မှုများ ရစ်ဝဲနေခြင်းမှ အပြီးတိုင် မလွတ်မြောက်သေးသလို အပြည့်အဝ မတည်ငြိမ်နိုင်သေးပေ။

"ငါ မင်းကို ဘယ်ပို့ပေးရမလဲ၊ လေဆိပ်လား ဒါမှမဟုတ် ဟိုတယ်လား"

အချိန်အတန်ကြာပြီးနောက် ထျန့်ရှောင်မုံ့၏မျက်နှာက အနည်းငယ် ပန်းရောင်သန်းလာသဖြင့် ထန်ရှုက ပြုံးကာ မေးလိုက်သည်။

"ရှင်က ဘယ်သွားမလို့လဲ"ထျန့်ရှောင်မုံ့က ကမန်းကတန်း မေးလိုက်သည်။

"ငါလား။ ငါက အိမ်ပြန်မလို့ပါ"ထန်ရှုက ပြန်ဖြေ၏။

"ရှင့်အိမ်က ကြယ်တာရာမြို့မှာ မဟုတ်ဘူးလား"ထျန့်ရှောင်မုံ့က ခေါင်းရှုပ်စွာ မေးလိုက်သည်။

"ငါ့မိသားစုက ကြယ်တာရာမြို့မှာ နေတယ်၊ ဒါပေမယ့် မြို့တော်မှာလဲ ငါ့ရဲ့အိမ်တစ်လုံးရှိတယ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ကြယ်တာရာမြို့မှာရောပေကျင်းမှာရော အိမ်တစ်လုံးစီ မရှိရဘူးလို့ တားမြစ်ထားတဲ့ဥပဒေတော့ မရှိဘူးမလား"

ထန်ရှု၏သရုပ်မှန်နှင့် ပိုက်ဆံရှာဖွေနိုင်သည့် သူ့စွမ်းရည်အား သတိရသွားသဖြင့် ထျန့်ရှောင်မုံ့က လျင်မြန်စွာ သဘောပေါက်သွားသည်။ မြို့တော်တွင် စံအိမ်တစ်လုံး ဝယ်ရန် အသာထား၊ စံအိမ်ကြီးအများအပြား ဝယ်ယူလျှင်ပင် သူ့အတွက် ပြဿနာမရှိနိုင်ပေ။ ဌာနက သူမအား တာဝန်ခံခိုင်းမည်ကို စိုးရိမ်နေသေးသည်၊ ထို့ကြောင့် သူမက ပြောလိုက်သည်"ရှင် ဘယ်သွားသွား ကျွန်မ လိုက်မယ်"

အဟွတ်၊ အဟွတ်...

သူမစကားကို ကြားပြီး ထန်ရှုက ငိုရမလား ရယ်ရမလား မသိတော့။ သူမအား ကြည့်ရင်း သူက ပြောလိုက်သည်"သူတို့က မင်းကို ထပ်ပြဿနာရှာကို မင်း စိတ်ပူတာလား"

"ရှင်နဲ့ အတူရှိရင် ကျွန်မ မကြောက်ဘူး" ထျန့်ရှောင်မုံ့က ပြောလိုက်သည်။

ထန်ရှုက အံ့အားသင့်သွားသည်။"အမ်၊ ဘာလို့ ဒီကောင်မလေးရဲ့လေသံက ငါ့ကို အားကိုးနေသလို ပုံပေါက်နေရတာလဲ"ဤသည်ကို စဉ်းစားပြီးနောက် ထန်ရှုက ကောင်းမွန်စွာ ပြန်ပြောလိုက်သည်"ထျန့်ရှောင်မုံ့၊ အဲဒီလူတွေက တိုင်းပြည်ရဲ့တည်ငြိမ်မှုအတွက် အထူးတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေပဲ။ ငါ မင်းကို ခေါ်ထုတ်လာတယ်၊ ဒါကြောင့် မင်း အဲဒီလိုသတင်းမျိုးတွေ ထပ်မတင်ဆက်တော့သရွေ့ သူတို့က မင်းကို လာရှာမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်း စိုးရိမ်တယ်ဆိုရင် ငါနဲ့အတူ ငါ့အိမ်ကို လိုက်လာခဲ့ပေါ့။ ကြယ်တာရာမြို့ကို ပြန်တဲ့အခါ မင်းကို ငါနဲ့အတူ ခေါ်သွားမယ်"

"ဒါဆို ကျွန်မ ရှင်နဲ့အတူ ရှင့်အိမ်ကို လိုက်သွားပါ့မယ်"ထျန့်ရှောင်မုံ့က စဉ်းတောင်မစဉ်းဘဲ ပြန်ဖြေလိုက်သည်။

စိတ်ထဲ၌ အကူအညီမဲ့သလို ခံစားရလျက် ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒါဆိုလဲ ကောင်းပြီလေ။ ဒီနေ့က ငါ့အဖိုးရဲ့ရှစ်ဆယ်နှစ်ပြည့်မွေးနေ့ပဲ၊ ဒါကြောင့် မင်း ငါနဲ့အတူ ပါတီကို လိုက်လာရမယ်။ ဒါပေမယ့် ဒီနှစ်ရက်အတွင်း မင်းကို ရုပ်သံထုတ်လွှင့်တာ တစ်ခုမှ လုပ်ခွင့်မပြုဘူး၊ ငါ့ရဲ့ကိုယ်ပိုင်သီးသန့်သတင်းတွေကိုလဲ ထုတ်ဖော်လို့မရဘူး"

"ငါ ကတိပေးပါတယ်၊ ငါ လုံးဝမလုပ်ပါဘူး"ထျန့်ရှောင်မုံ့က အာမခံသောအမူအရာနှင့် ပြန်ဖြေလိုက်သည်။

ထန်မိသားစုဘိုးဘေးအိမ်အနားတစ်ဝိုက်လမ်းများတွင် စစ်သားအချို့က စောင့်ကြပ်နေကြသည်၊ အချို့က ရိုးရိုးဝတ်စုံများနှင့် ပတ်ဝန်းကျင်တွင် ကင်းလှည့်နေကြသည်၊ ကြိုတင်မမြင်နိုင်သောအဖြစ်အပျက်တစ်ခု မပေါ်လာရန်၊ စီနီယာထန်၏ရှစ်ဆယ်နှစ်ပြည့်မွေးနေ့တွင် ဘယ်သူမှ ပြဿနာမရှာနိုင်စေရန် ကာကွယ်နေကြ၏၊

သို့သော် သူ့အား ဂုဏ်ပြုရန် တိုင်းပြည်တစ်ဝှမ်းရှိလူများစွာ လာရောက်နေကြသည်။ သူတို့အားလုံးက ဖိတ်ကြားလွှာများနှင့်အတူ လက်ဆောင်များအား ပြင်ဆင်လာခဲ့ကြသဖြင့် ပတ်ဝန်းကျင်လမ်းများက ပိုတောင် သက်ဝင်လှုပ်ရှားနေတော့သည်။ ကြီးကြီးမားမား ကျင်းပလိမ့်မည်မဟုတ်ဟု ပြောခဲ့သဖြင့် ထိုလက်ဆောင်များနှင့် ပတ်သက်၍ ထန်ကောရှန်က မစိုးရိမ်ပေ။ သူက ပြည်သူ့အရာရှိနေရာတစ်ခုမှ ယူထားခြင်း မရှိတော့သဖြင့် သူ့အား ထိခိုက်စေမည့်တစ်ခုခုနှင့် ပတ်သက်၍ စိုးရိမ်ရန်မလိုအပ်။ ထို့ပြင် ထန်မိသားစုက ပေကျင်းရှိ အသန်မာဆုံးမိသားစုဖြစ်လာခဲ့၏၊ ထို့ကြောင့် ဒီလိုအသေးအဖွဲကိစ္စတစ်ခုလောက်နှင့် တစ်ယောက်မှ သူ့ကို တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။

ဖြောက်...

အဖြူရောင်BMWဆီဒင်ကားက လမ်းအပြင်ဘက်၌ ရပ်သွား၏၊ ထန်ရှုက ထျန့်ရှောင်မုံ့ကို ခေါ်လျက် ကားပေါ်မှ ဆင်းလာသည်။

"ဒါ ရှင့်ရဲ့အိမ်လား၊ ထန်ရှု"

စပ်စုသောကလေးတစ်ယောက်ကဲ့သို့ ထျန့်ရှောင်မုံ့က လှည့်ပတ်ကြည့်ရှုလိုက်သည်၊ သူမအသံကို ဖိနှိပ်လျက် မေး၏။ လမ်းများ၏နှစ်ဘက်စလုံးတွင် စောင့်ကြပ်နေသော စစ်သားများ၊ သာမန်ဝတ်စုံများနှင့် ပတ်ဝန်းကျင်တွင် ကင်းလှည့်နေသူများအား သူမက မြင်လိုက်ရသည်။

"ဟုတ်တယ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

မျက်လုံးများစွာက သူမအပေါ်တွင် ရှိနေသည်ကို သတိပြုမိသွားလျက် ထျန့်ရှောင်မုံ့က ထန်ရှုအား ရုတ်တရက် ဆုပ်ကိုင်ကာ မေးလိုက်သည်"ရှင့်ရဲ့မိသားစုက ဘာလုပ်တာလဲ။ စစ်သားတွေက ဘာလို့ စောင့်ကြပ်ပေးနေတာလဲ။ ပြီးတော့ သူတို့ကို ကြည့်ရတာ ကျွန်မကို အရင်က ဖမ်းဆီးခဲ့တဲ့သူတွေနဲ့ တူတယ်..."

ထန်ရှုက ရယ်လိုက်သည်။ ဤမိန်းကလေးက လုံခြုံရေးဌာနမှလူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသဖြင့် စိတ်ဒဏ်ရာနှင့်အရိပ်အချို့ ကျန်နေပုံရ၏။

"မစိုးရိမ်ပါနဲ့၊ သူတို့အားလုံးက လူကောင်းတွေပဲ။ မင်း သိသွားမှာပါ"ထန်ရှုက ရေးရေးလေးပြုံးလျက် ပြန်ဖြေသည်။ ရုတ်တရက် သူက တစ်ခုခုအား သတိရသွားပြီး သိလိုစိတ်နှင့် မေးလိုက်၏"ဒါနဲ့ ဒါက ငါ့ကို တစ်ခုခု သတိပေးလိုက်တာပဲ။ ငါ မင်းကို မေ့နေတာ၊ မင်း ဘာလို့ မြို့တော်ကို လာခဲ့တာလဲ"

ထျန့်ရှောင်မုံ့က ခဏ နားမလည်ဖြစ်သွား၏၊ ထို့နောက် သူမက နဖူးပုတ်ကာ ဖြေလိုက်သည်"အာ၊ ငါတော့ သေပြီ။ ရုပ်သံထုတ်လွှင့်ဌာနတစ်ခုက သူတို့ရဲ့အစီအစဉ်မှာ ပါဝင်ဖို့အတွက် ပေကျင်းကို လာဖို့ ငါ့ကို ဖိတ်ခေါ်ထားခဲ့တယ်။ အစီအစဉ်က ဒီနေ့လည် စမှာ"

"အာ၊ ဘာအစီအစဉ်လဲ"ထန်ရှုက မေးလိုက်သည်။

"talk show တစ်ခုပါ"ထျန့်ရှောင်မုံ့က ပြန်ဖြေသည်။"မကြာ‌သေးခင်က ကျွန်မရဲ့subscriberအရေအတွက်က အမြောက်အများ တိုးလာတယ်လေ၊ ကျွန်မထုတ်လွှင့်တဲ့အချိန်တိုင်း ကြည့်ရှုသူသိန်းချီ ရခဲ့တယ်။ တစ်ခါတစ်လေဆို တစ်သန်းကိုတောင် ကျော်သွားတယ်၊ ဒါကြောင့် သူတို့က ကျွန်မကို ဖိတ်ခဲ့တာ"

"မင်းက ဒီလိုစတားတစ်ယောက် ဖြစ်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ဒါဆို ငါ့အဖိုးရဲ့‌မွေးနေ့ပွဲကို အရင် တက်ရောက်ကြတာပေါ့။ နေ့လည်ကျရင် ငါ မင်းကို လိုက်ပို့ပေးမယ်လေ၊ ဒါမှမဟုတ် ငါ အချိန်မရရင် တစ်ယောက်ယောက်နဲ့ လိုက်ပို့ခိုင်းလိုက်မယ်"

"ဒါပေမယ့် ကျွန်မ ရုပ်သံထုတ်လွှင့်ဌာနနဲ့ အရင်ဆက်သွယ်ရအုံးမယ်"ထျန့်ရှောင်မုံ့က အနည်းငယ်တုံ့ဆိုင်းလျက် မေးလိုက်သည်။

"အဆင်ပြေပါတယ်"

သူမနှင့် စကားပြောရင်း ထန်ရှုက လမ်းဆုံးသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ဧည်သည့်ဆယ်ယောက်အား လုံခြုံရေးများက စစ်ဆေးနေသည်၊ အများစုအား ထန်ရှု မရင်းနှီးပေ၊ သို့သော် အချို့မျက်နှာများအား ရုပ်သံထုတ်လွှင့်ဌာနမှ အစီအစဉ်များတွင် မြင်ဖူး၏။

"ဟေ့လူ။ မီးခြစ် တစ်ချက်လောက် ငှားပေးလို့ရမလား"

သူတို့နှစ်ယောက်က ထို‌လူများနောက်သို့ ရောက်ရှိလာသောအခါ အသက်၂၃ပတ်လည်ချောမောခန့်ညားသောလူငယ်တစ်ယောက်က သူ့အား နှုတ်ဆက်လာသည်၊ ထိုလူငယ်နှင့်အတူ အသက်လေးဆယ်တန်းသက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ပါရှိ၏။

"မင်းလဲ ‌ဆေးလိပ်သောက်ရတာကို စွဲလမ်းတာလား"ထန်ရှုက မီးခြစ်ထုတ်ပေးကာ ပြုံးလျက် မေးလိုက်သည်။

"ငါက ဆေးလိပ်သောက်တာကို စွဲလမ်းတာတော့ မဟုတ်ဘူး။ 'ပြဿနာမရှာနဲ့၊ ယဉ်ကျေးစမ်း'စသဖြင့် ငါ့ရဲ့အဖေက ငါ့ကို အမြဲတမ်း လက်ချာရိုက်တာကြောင့်လေ။ ဒါတွေက ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့အဖေက ငါ့ကို လာဖို့ ဖိအားပေးတာကြောင့်မဟုတ်ရင် ငါ ဒီကို လာမှာ မဟုတ်ဘူး"

"ငါ့အတွေးလဲ အတူတူပါပဲ"ထန်ရှုက ပြုံးကာ ပြော၏"ငါလဲ ဒီလိုပွဲတွေကို မကြိုက်ဘူး၊ ဒါပေမယ့် မလာလို့မရဘူးလေ"

လူငယ်က သဘောတူကြောင်း ခေါင်းညိတ်ကာ စီးကရက်တစ်လိပ် ကမ်းပေးလျက် မေးလိုက်သည်"မင်းနာမည် ဘယ်လိုခေါ်လဲ၊ ညီအကို။ ငါက ပိုင်ဟူခရိုင် ဝူမြို့မှ ချင်လင်ပါ။ အဲမှာ ငါ့အဖေက ဒုအုပ်ချုပ်သူလေ"

ပိုင်ဟူခရိုင်ရဲ့ဒုအုပ်ချုပ်သူလား။

ထန်ရှုက လျှပ်တစ်ပြက်အတွင်း နားလည်သွားသည်။ စီးကရက်မီးညှိမည့်အစား သူက ပြုံးကာ ပြောလိုက်သည်"ငါ့နာမည်က ထန်ရှု၊ ကြယ်တာမြို့ရဲ့ဒေသခံပဲ။ ဒါနဲ့ ငါတို့ ရှေ့ဆက်သွားတော့မယ်။ နောက်မှပဲ စကားဆက်ပြောကြတာပေါ့"

ချင်လင်က နားမလည်သလ််ို အမူအရာနှင့် စိုက်ကြည့်ပြီးနောက် ရယ်လိုက်၏"ဟားဟား၊ မင်း ငါ့ကို ဟာသလုပ်နေတာလား။ ငါ ဒီနေရာမှာ တန်းစီနေတာ မိနစ်အနည်းငယ် ရှိပြီ။ အထဲဝင်ဖို့ နောက်ထပ်ဆယ်မိနစ်တောင် ထပ်စောင့်ရအုံးမှာ။ မင်းက ငါတို့ထက် ‌နောက်ကျမှ လာပြီး အခုချက်ချင်း ဘယ်ဝင်လို့ရပါ့မလဲ။ ဒီမှာပဲ ဆေးလိပ်သောက်နေကြရအောင်။ ငါတို့အားလုံးက အသက်ရွယ်တူတွေပါပဲ။ ဒီအတိုင်းနေတာထက် စကားပြောကြရအောင်လေ"

"ငါ ဒီနေရာမှာ တကယ် အကြာကြီး မနေနိုင်ဘူး။ ဒါကြောင့် ငါ မင်းကို အထဲကပဲ စောင့်နေတော့မယ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ထျန့်ရှောင်မုံ့အား လုံခြုံရေးစစ်ဆေးနေသူများထံ ခေါ်သွား၏။ သူတို့အား ခေါင်းညိတ်ပြကာ အထဲသို့ တန်းဝင်သွား၏။

"...အာ...။ သူ ဒီလိုပဲ ဖြတ်သွားတာလား။ လုံခြုံရေးတွေကတောင် သူ့ကို မစစ်ဆေးဘူးလား"

ချင်လင်အပါအဝင် အနောက်တွင် တန်းစီနေသူများက မှင်တက်သွားကြပြီး မယုံကြည်နိင်မှုတို့ ဖြစ်သွားကြ၏။ ဤနေရာအား ထန်မိသားစု ပိုင်ဆိုင်သည်ကို လူတိုင်း သိကြသည်။ ပေကျင်း၏အလွန်အားကောင်းကာ အရေးပါသည့်မိသားစု...။ သို့သော် ထိုလူငယ်က သူ့အမျိုးသမီးအဖော်နှင့် အထဲသို့ အခုလို ဝင်သွားခဲ့သည်လား။

ဝင်လာပြီးနောက် ထန်မိသားစုနေအိမ်အပြင်ဘက်တွင် ရပ်နေသော ထန်ဝေအား ထန်ရှုက မြင်လိုက်ရသည်၊ သူ့ဦးလေးများဖြစ်သည့်ထန်ယွင်ဖမ်းနှင့်ထန်ယွင်ချင်တို့ကလည်း ဧည့်သည့်များ လက်ခံရန် အတူရှိနေကြသည်။

"မင်း ပြန်လာပြီပေါ့၊ ရှုအာ"

ဧည့်သည်အချို့အား နှုတ်ဆက်‌နေသော ထန်ယွင်ဖမ်းက ပြုံးရင်း ထန်ရှုအား အော်ခေါ်လိုက်သည်။ သို့သော် သူ့မျက်လုံးများက သိလိုစိတ်တို့ ဖြစ်‌နေပြီး ထျန့်ရှောင်မုံ့အား အကြိမ်အနည်းငယ် အကဲခတ်ကြည့်လိုက်၏။

"ငါ ကိစ္စအချို့ ဖြေရှင်း‌‌နေရလို့၊ ပြီးတာနဲ့ ငါ အမြန်ပြန်လာခဲ့တာ"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ဦးလေးကို ငါ့သူငယ်တစ်ယောက်နှင့် မိတ်ဆက်ပေးပါရစေ။ သူမက ထျန့်ရှောင်မုံ့ပါ။ ရှောင်မုံ့၊ ဒါက ဦးလေးယွင်ချင်ပါ၊ အဲကောင်လေးက ငါ့ရဲ့ညီအကိုထန်ဝေ့ပါ"

ထန်ယွင်ဖမ်းကို မြင်ပြီးနောက် ထျန့်ရှောင်မုံ့၏မျက်နှာပေါ်တွင် ကြောက်ရွံ့သောအကြည့်တစ်ခု ထွက်ပေါ်လာ၏။ ထန်ယွင်ဖမ်းအား သူမ သိထားသဖြင့် ထိတ်လန့်သွားရ၏။ သူ့အား သတင်းများထဲတွင် တစ်ကြိမ်မက သူမ မြင်ဖူးသည်။ ဤ...လူ...က တိုင်းပြည်ရှိပုံရိပ်ကြီးတစ်ခုပင်။

ထန်ဝေ့က လျှောက်လာ၏။ သူက မျက်လုံးတို့ စောင်းငဲ့ကြည့်လိုက်သည်၊ ထန်ရှုထံ သူ့အကြည့်တွင် အဓိပ္ပါယ်တစ်ခု ပါနေ၏။"ထန်ရှု၊ ဝမ်ရင်က မနက်အစောကြီး ရောက်လာတယ်၊ ပြီးနောက် သူမက အဖွားနဲ့အတူ စကားပြောနေတယ်"

"ကောင်းပြီလေ၊ ဒါဆို ငါ သူမနဲ့ကျန်တဲ့သူ‌တွေကို တွေ့ဖို့ အထဲဝင်သွားမယ်၊ ငါ အခုတလော အလုပ်များနေတော့ သူမကို မတွေ့ရတောင် အတော်ကြာပြီ"ထန်ရှုက ပြုံးကာ ပြန်ဖြေသည်"ဒါနဲ့ ပထမဦးလေး၊ ဦးလေးယွင်ချင်။ ငါ အရင် ထွက်သွားတော့မယ်"

"ဝင်သွားပါ၊ ကလေး။ ဒါပေမယ့် ဒီနေ့ ဧည့်သည်တော်တော်များများ ငါတို့ လက်ခံရမှာ၊ ဒါကြောင့် အဖွားနဲ့ဝမ်ရင်ကို တွေ့ပြီးရင် ဧည့်သည်တွေကို လာနှုတ်ဆက်ဖို့ မမေ့နဲ့အုံး"ထန်ယွင်ဖမ်းက ပြုံးကာ ပြောလိုက်သည်။

"ကောင်းပါပြီ..."

ထန်ရှုက ပြန်ဖြေပြီးနောက် ထျန့်ရှောင်မုံ့နှင့်အတူ ခြံဝင်း၏အရှေ့တံခါးထဲသို့ ဝင်သွားခဲ့သည်၊ သူမမျက်လုံးများက ကြောက်ရွံ့မှုတို့ သိသိသာသာ ပေါ်နေ၏။ တစ်ဖက်တွင် သူတို့နောက်မှ လိုက်လာသောထန်ဝေ့၏မျက်နှာက သိချင်စိတ်အပြည့်ဖြစ်‌‌နေသည်။

"ထန်ရှု၊ ဒါ ခယ်မအသစ်လား။ ငါ့ကို ပြောပါ၊ အခုလက်ရှိ မင်းမှာ ဇနီး ဘယ်‌နှစ်ယောက် ရှိနေပြီလဲ"ထန်ဝေ့က ပြုံးနေသည်၊ သူ့မျက်လုံးများက ထျန့်ရှောင်မုံ့အား ခိုးကြည့်လိုက်၏။

"မင်း အရိုက်ခံရတာ မကြာသေးဘူးမလား၊ ကောင်စုတ်။ မင်း ပြဿနာ ထပ်ရှာတာကို ငါ ကြားမိပါတယ်"ထန်ရှုက သူ့အား ဆူပူလိုက်၏"ငါ မင်းကို ပြောမယ်၊ ထျန့်ရှောင်မုံ့က ငါ့သူငယ်ချင်း၊ ရည်းစားမဟုတ်ဘူး။ မင်းရဲ့ပါးစပ်ကနေ အဓိပ္ပါယ်မရှိတဲ့စကားတွေ မထွက်လာအောင် ဂရုစိုက်ပါ၊ မဟုတ်ရင် ငါ ပိတ်ပေးရလိမ့်မယ်"

ထန်ဝေ့က တွန့်ရှုံ့သွားပြီး တင်ပါးအား ပွတ်လိုက်မိသည်။ ထို့နောက် သူက အားတင်းပြုံးကာ ပြောလိုက်သည်"အို...ဘယ်လိုတောင်။ သတင်းကောင်းတွေက ချိုင်းထောက်နဲ့ သွားပြီး သတင်းဆိုးတွေက တောင်ပံခတ်သွားတာပဲ။ မင်းလိုအလုပ်များတဲ့လူတစ်ယောက်တောင် ဒီအကြောင်းကို ကြားတယ်‌ပေါ့လေ။ ကောင်းပါပြီ၊ ကောင်းပါပြီ။ ဒါဆိုလဲ ချူရီနဲ့ကျန်တဲ့သူတွေကို ငါ သွားရှာပါတော့မယ်"

"ဟေး၊ စောင့်အုံး"ထန်ရှုက ခေါ်ကာ ပြောလိုက်သည်"မကြာခင် ငါ အလုပ်များနေတော့မှာ၊ ဒါကြောင့် ရှောင်မုံ့ကို မင်းနဲ့အတူ ခေါ်သွား။ သူမကို ‌သေချာဂရုစိုက်နော်"

ထန်ဝေ့က ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်"ကောင်းပါပြီ၊ ငါ့နောက် လိုက်ခဲ့ပါ၊ အလှလေး။ ငါ မင်းကို သူငယ်ချင်းအချို့နဲ့ မိတ်ဆက်ပေးမယ်"

ထျန့်ရှောင်မုံ့က ထန်ရှုထံ ကြောက်ရွံ့သောအကြည့်တစ်ခုနှင့် ‌တိုးတိုးပြောလိုက်သည်"ကျွန်မ...ကျွန်မ ရှင်နဲ့ သွားလို့မရဘူးလား။ ကျွန်မ...ကျွန်မ နည်းနည်း...ကြောက်တယ်..."

"မကြောက်ပါနဲ့၊ ဒီ‌နေရာက ငါ့အိမ်ပဲ၊ တစ်ယောက်မှ မင်းကို ဒီ‌နေရာမှာ အနိုင်မကျင့်ရဲဘူး"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ပြီးတော့ ဒီထန်ဝေ့ဆိုတဲ့အကောင်က ရက်စက်တဲ့သူရဲကောင်းတစ်ယောက်ပဲ၊ တစ်ယောက်မှ မင်းကို အနိုင်မကျင့်ရဲဘူးလို့ သူ အာမခံ‌ပေးလိမ့်မယ်။ ကိစ္စအချို့ လုပ်ပြီးရင် ငါ မင်းကို ရှာမယ်"

ထျန့်ရှောင်မုံ့က ခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

***

All Chapters