← Chapters

အနိုင်ကျင့်ခံရတာလား။

Vol. 75 Ch. 1042

အနိုင်ကျင့်ခံရတာလား။

Vol. 75 Ch. 1042

ထန်ရှုက မုဝမ်ရင်၏ ပခုံးအား ဆွဲဖက်လိုက်သည်၊ သူတို့အနားရှိလူအများ၏မျက်လုံးများအား လစ်လျူရှုလျက် သူက မေးလိုက်သည်"လောလောဆယ် မင်း ဘာမှ လုပ်စရာမရှိဘူးမလား။ မင်း အားတယ်ဆိုရင် တစ်ယောက်ယောက်ကို ဂရုစိုက်ပေးဖို့  ငါ့ကို ကူညီနိုင်မလား။ သူမကို ထန်ဝေ့နဲ့ လွှတ်ထားရတာ အနည်းငယ် မလွယ်ကူဘူးလို့ ခံစားရတယ်"

"အာ"မုဝမ်ရင်က ခေါင်းရှုပ်စွာ မေးလိုက်သည်"ဒီလူက ဘယ်သူများလဲ"

"သူမက ဒုက္ခအရင်းအမြစ်တစ်ခုပဲ"ထန်ရှုက အကူအညီမဲ့သောမျက်နှာနှင့် ပြောသည်"သူမက ကြယ်တာရာမြို့ရဲ့ဒေသခံတစ်ယောက်ပဲ။ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှာ ငါ ဆေးကုသတုန်းက အဲဒီမိန်းကလေးက ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ခဲ့တာလေ၊ ငါ့မျက်နှာကို လူအများရှေ့မှာ ပြသခဲ့တာပေါ့။ ကြယ်တာရာမြို့လူမူဖူလုံရေးဂေဟာရဲ့အနေအထားကို တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ သူမကို အကူအညီတောင်းပြီးနောက် ငါတို့ သိကျွမ်းခဲ့တာပဲ။ အခုလဲ ဒီမိန်းကလေးက ပြဿနာကို မီးထွန်းရှာခဲ့တာလေ။ လွန်ခဲ့တဲ့နှစ်ရက်က မြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်း ကြားဖူးမှာပါ"

မုဝမ်ရင်က ပြုံးကာ ချက်ချင်း မေးလိုက်သည်"အာ၊ သူမ ဘယ်သူလဲဆိုတာ ငါ သိတယ်။ သူမက အဲဒီချစ်စရာကောင်းတဲ့တင်ဆက်သူမန့်မန့်မလား"

"သေချာတာပေါ့။ မင်းလဲ အဲဒီရုပ်သံထုတ်လွှင့်တာကို ကြည့်ရှုခဲ့တာပေါ့"ထန်ရှုက ရှုံ့မဲ့ပြုံးလျက် ပြောလိုက်သည်"သူမက အဲဒီလိုဖြစ်ရပ်ကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ရဲမယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး။ သူမ လုပ်နေတာကို ငါ သိတဲ့အချိန်မှာ နောက်ကျသွားပြီ။ ဒါကြောင့် သူမကို လုံခြုံရေးဌာနက ခေါ်သွားခဲ့တယ်၊ ငါ သူမကို ပြန်ခေါ်ထုတ်လာခဲ့တယ်။ ဒါပေမယ့် သူမက အရမ်း ထိတ်လန့်သွားခဲ့ပုံရတယ်၊ ကြယ်တာရာမြို့ကို သူမတစ်ယောက်တည်း မပြန်ချင်တော့ဘူး၊ ငါနဲ့အတူ လိုက်လာဖို့ တောင်းဆိုခဲ့တယ်၊ ဒါကြောင့် ငါ သူမကို ဒီကို ခေါ်လာခဲ့တာပဲ"

"အာ...ဒါဆို ဒါက သူရဲကောင်းတစ်ယောက်က စိတ်သောကရောက်နေတဲ့မိန်းမပျိုတစ်ယောက်ကို ကယ်ဆယ်တာပဲမလား"မုဝမ်ရင်က ထူးဆန်း‌သောအမူအရာနှင့် မှတ်ချက်ပြုလိုက်သည်"သူမက ရှင့်ကို ကြွေဆင်းသွားတာများလား"

"ငါ့မှာ အဲလိုဆွဲဆောင်မှုတစ်ခု ရှိခဲ့ရင် ငါက နတ်ဘုရားတစ်ယောက် ဖြစ်နေမှာပေါ့"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"သူမက အရမ်းငယ်တယ်၊ ဖြူစင်တဲ့စိတ်ပဲ ရှိတာ။ ငါ သူမကို အကြိမ်အနည်းငယ် တွေ့ဖူးတယ်၊ သူမ ငါ့ကို ကြွေဆင်းဖို့ဆိုတာ မေးစရာမလိုဘူး။ ကြယ်တာရာမြို့ရဲ့လူမူဖူလုံရေးဂေဟာနဲ့ပတ်သက်ပြီး ငါ့ကို ကူညီပေးခဲ့တာကြောင့်မဟုတ်ရင် ငါ သူမကို ကြယ်တာရာမြို့ဆီ မောင်းထုတ်လိုက်ပြီ"

မုဝမ်ရင်က ရယ်ကာ တုံ့ပြန်လိုက်သည်"ဟုတ်ပါပြီ၊ သူမ ဘယ်မှာလဲ။ ငါ သူမကို သွားရှာလိုက်မယ်"

"ငါ မင်းကို သူမဆီ ခေါ်သွားပေးမယ်၊ သူမက ထန်ဝေ့နဲ့ အတူရှိနေတယ်"ထန်ရှုက ပြော၏။

အခြားစံအိမ်တွင်။

စိုးရိမ်မှုနှင့်ဂနာမငြိမ်မှုတို့ ဖြစ်ပေါ်လျက် ထျန့်ရှောင်မုံ့က ထန်ဝေ့နောက် လိုက်သွား၏၊ သူမက လူအုပ်ကြီးအား ကြည့်ရှုနေသော ဝက်ဝံတစ်ကောင်နှင့် တူ၏။ သူမက ပတ်ဝန်းကျင်ရှိအမျိုးသား၊ အမျိုးသမီးများနှင့် အသက်အရွယ်တူသည်၊ အချို့က သူမထက် ငယ်သည်ကြီးသည်ဆိုသော်လည်း ထိုငယ်ရွယ်သောအမျိုးသမီးများ၊ အမျိုးသားများ ပိုင်ဆိုင်သည့် ထူးခြားသောအမူအရာတို့အား မြင်တွေ့ပြီးနောက် သူမက ထွက်ပြေးချင်စိတ်တို့ ပေါက်လာလေ၏။

ထို့ပြင် ထန်ဝေ့နှင့် ခဏတဖြုတ် စကားပြောပြီး‌နောက် ထန်ရှု၏အဖိုးက ယခင်နိုင်ငံ့ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်ထန်ကောရှန်ဆိုသည်ကို သိလိုက်ရသည်။ ထန်ရှု၏ဦးလေးများလည်း အဆင့်မြင့်အရာရှိများ၊ စစ်တပ်ထဲရှိပုဂ္ဂိုလ်များ ဖြစ်ကြသည်၊ ဤသည်ကား သူမအား အဆက်မပြတ်ဂနာမငြိမ်ဖြစ်စေသည်။

သို့သော် ထန်ရှု၏သရုပ်မှန်ကို သိပြီးနောက် သူမက သူ့အား ကြောက်ရွံသည့်ခံစားချက်များ မရှိသည်ကို သိလိုက်ရ၏။ သို့အစား သူမက ပိုတောင် လေးစားမိသည်။ ထန်ရှုက ဘာစွမ်းရည်မှမရှိ၊ အထဲတွင် ဗလာနတ္ထိဖြစ်နေသည့် ထိုမိသားစုများ၏မျိုးဆက်များနှင့် မတူပေ။ ထန်ရှုက ထိုလူများနှင့် ကမ္ဘာတစ်ခုအလား ခြားနားပေသည်။ သူက တရုတ်တိုင်းရင်းဆေးကို ကျွမ်းကျင်သည်၊ ‌ရှေးခေတ်နတ်ဆေးဆရာများဖြစ်ကြသည့်ပျောင်ချွယ်၊ ဟွားထို့တို့နှင့် ယှဉ်နိုင်သည်။ ထို့ပြင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအား သူကိုယ်တိုင် တည်ထောင်ခဲ့သည်။

"သခင်လေးထန်ရှုက မင်းကို ဒီနေရာ ခေါ်လာတာလား"မျက်နှာလုံးလုံးဝိုင်းဝိုင်းနှင့် ဆံထုံးထုံးထားသည့် ပွဲတက်ဂါဝန်ရှည်ဝတ်ထားသော မိန်းကလေးတစ်ယောက်က သူမအား မေးလိုက်သည်။

အလွန်ကြောက်ရွံ့သွားသော်လည်း ထျန့်ရှောင်မုံ့က ခေါင်းညိတ်ကာ ပြောလိုက်သည်"ဟုတ်ပါတယ်၊ ထန်ရှုက ငါ့ကို ဒီနေရာကို ခေါ်လာတာပါ"

မိန်းကလေးက အနည်းငယ်မနာလိုသွားပြိီး ပြောလိုက်သည်"ထန်ရှုက မင်းကို ဒီနေရာ ခေါ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါပေမယ့် သူနဲ့စေ့စပ်ထားသည့်မိန်းမက မုဝမ်ရင်ဆိုတာ ငါ ကြားပါတယ်။ ဒါပေမယ့်...ဘယ်လိုလုပ်ပြီး..."

ထန်ဝေ့က သူမအား စိုက်ကြည့်ကာ ပြောလိုက်သည်"အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့။ မုဝမ်ရင်က ထန်ရှုရဲ့ချစ်သူပဲ၊ ဒီမိန်းကလေးက သူ့ရဲ့သူငယ်ချင်းကောင်းတစ်ယောက်ပဲ။ မင်းတို့ ဒီအတွက် သတိထားစရာမလိုဘူး၊ မိန်းကလေးတို့။ ငါ့ညီအကိုကို လိုက်ဖို့ မင်းတို့ ဘယ်လိုပဲ ဆုတောင်း‌ဆုတောင်း၊ ဘယ်လို နည်းလမ်းတွေပဲ သုံးသုံး ရတယ်၊ ကမ္ဘာမှာ မဖယ်ရှားနိုင်တဲ့နံရံဆိုတာ မရှိသလို မင်းတို့အားလုံး မချိတ်နိုင်တဲ့ ကောင်လေးဆိုတာ မရှိဘူးလို့ ငါ ယုံတယ်"

"နင် အရိုက်ခံချင်နေတာလား၊ ကောင်စုတ်"ထန်‌ရင်က လက်သီးမြှောက်ပြလျက် အန္တရာယ်ပြုမည့်ဟန်ဖြင့် ပြောလိုက်သည်"ဝမ်ရင်က ငါ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းပဲ၊ သူမရဲ့ချစ်သူကို ဖြားယောင်းသွေးဆောင်ဖို့ နင်က လူတိုင်းကို လှုံ့ဆော်ရဲတာပေါ့လေ။ ငါ ဝမ်ရင်ကို အားလုံး ပြောပြပြီးတဲ့အထိ စောင့်နေစမ်းပါ၊ ဒါဆို နင် သူမကို မြင်တဲ့အချိန်တိုင်း သူမ နင့်ကို အမှတ်ရနေလိမ့်မယ်"

"အာ...မဟုတ်ဘူး...မဟုတ်ဘူး။ မလုပ်ပါနဲ့"သနားငဲ့ညှာရန် တောင်းဆိုသော မျက်နှာနှင့် ထန်ဝေ့က လက်သီးဆုပ်ကာ တောင်းပန်လိုက်သည်"ငါ ပြောခဲ့တာတွေကို မေ့လိုက်ပါ၊ အမ။ ဝမ်ရင်က ထန်ရှုနဲ့ တကယ် လက်ထပ်ပြီးတဲ့အခါကျရင် သူမက ငါ့ရဲ့မရီးတစ်ယောက်ဖြစ်လာမှာ။ သူမ ဒါကို မှတ်ထားမယ်ဆိုရင် ငါက သစ်သီးခါးခါးကို စားနေရသလို ဖြစ်လိမ့်မယ်"

ထန်ဝေ့နှင့်ထန်ရင်တို့၏စကားအပြောအဆိုကို နားထောင်ပြီး‌နောက် ထျန့်ရှောင်မုံ့က သိချင်စိတ်နှင့် မေးလိုက်သည်"ထန်ရှုက ချစ်သူတစ်ယောက်ရှိပြီးသားလို့ ရှင် ပြောခဲ့တာလား။ သူ့ရဲ့ချစ်သူက အရမ်းထူးချွန်တာလား"

လျှပ်တစ်ပြက်အတွင်း ဤနေရာတွင် ရှိနေသည့် အမျိုးသားနှင့်အမျိုးသမီးငယ်ဆယ်ယောက်လုံးက ထျန့်ရှောင်မုံ့အား စိုက်ကြည့်လိုက်ကြသည်။ နေရာတစ်ခုလုံးက ဆိတ်ငြိမ်သွားပြီး သူတို့မျက်လုံးများက မွန်းစတားတစ်ကောင်အား ကြည့်နေသည့်အလား ထျန့်ရှောင်မုံ့ထံ ကျရောက်သွားခဲ့၏။

ထူးချွန်လား.. ဘာဆိုလိုတာလဲ။

သူတို့အားလုံးက မြို့မျက်နှာဖုံးမိသားစုများ၏မျိုးဆက်များ ဖြစ်ကြသည်။ တစ်ယောက်ချင်းစီက သူတို့ကိုယ်သူတို့ ခပ်မြင့်မြင့်တွေးထားကြ၏။ သို့သော် မုဝမ်ရင်နှင့် ယှဉ်လျှင် သူမက သူတို့ထက် ပိုတော်သည်။ သူမ၏ပညာရေး၊ အသွင်အပြင်၊ အရပ်အမောင်း၊ အမူအရာစသဖြင့် ဘယ်အရာမဆို မုဝမ်ရင်က ပေကျင်း၏နံပါတ်တစ်မိန်းမလှလေးအဖြစ် ဂုဏ်ပြုခံရဖို့ ထိုက်တန်သည်။

ထျန့်ရှောင်မုံ့၏မျက်လုံးများက ပြူးကျယ်သွားသည်။ သူက ရှုပ်ထွေးသောအမူအရာနှင့် ရေရွတ်လိုက်သည်"ငါပြောတာ တစ်ခုခုများ မှားနေလို့လား။ ငါ့အတွက် ထန်ရှုက အရမ်းထူးချွန်တဲ့လူတစ်ယောက်ပဲ။ သူက ဘယ်လူငယ်လူရွယ်တွေထက်မဆို ပိုကောင်းတယ်၊ သူမက သူ့လောက် မတော်ရင် ဘယ်မိန်းကလေးကမှ သူနဲ့ မထိုက်တန်ဘူး"

"ရှောင်မန့်၊ ဒါဆို၊ မင်းက ထန်ရှုနဲ့ ထိုက်တန်တယ်လို့ မင်း ထင်လား"ထန်ဝေ့က ဟန်လုပ်ပြုံးလျက် မေးလိုက်သည်။

ရုတ်တရက် လူတိုင်းက ထူးဆန်းသောအပြုံးတို့ ဖြစ်သွားကြ၏။

စဉ်းတောင် မစဉ်းစားဘဲ ထျန့်ရှောင်မုံ့က ခေါင်းခါယမ်းလိုက်သည်"ငါက သူနဲ့ ထိုက်တန်မယ်လို့ တစ်ခါမှ မတွေးခဲ့ဘူး။ ထန်ရှုက နေတစ်စင်းဆိုရင် ငါက ကောင်းကင်က ကြယ်တစ်လုံးပဲ။ ကြယ်အလင်းရောင်က နေကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ ငါက သူနဲ့ ဘယ်လိုလုပ် ထိုက်တန်နိုင်မှာလဲ"

"အာ..."

လူတိုင်းက စိတ်သက်သာရာစွာ အသက်ရှုသွင်းလိုက်ကြသည်။ ဤမိန်းကလေးက ကိုယ့်ကိုယ်ကိုယ် မသိဟု အစက သူတို့ တွေးခဲ့မိပေ၏။

ထျန့်ရှောင်မုံ့၏ဖြူစင်ရိုးသားသောအမူအရာက ထန်ရင်အား အလွန်သဘောကျသွားစေသည်။ သူမက ရှေ့တိုးလျက် ထျန့်ရှောင်မုံ့လက်ကို ကိုင်ဆွဲကာ ပြောလိုက်သည်"မင်းက ငါ့မောင်လေးထန်ရှုရဲ့သူငယ်ချင်းဆိုတော့ မင်းက ငါ့ရဲ့သူငယ်ချင်းပဲ။ မင်းကို ဘယ်သူပဲ အနိုင်ကျင့်ကျင့် ငါ့ကို ပြော၊ အမရင်က သေချာပေါက် သူတို့ကို ဆုံးမပေးမယ်"

ထျန့်ရှောင်မုံ့က ထန်ရင်၏သရုပ်မှန်အား ယခု သိခဲ့ပြီ၊ သူမက အလွန်ဝမ်းသာသွားသည်။ ထန်ရင်က ယခုလို ဆက်ဆံလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အလျင်စလို ခေါင်းညိတ်ပြီး‌နောက် သူမက ပြောလိုက်သည်"ကျေးဇူးတင်ပါတယ်၊ အမရင်။ ရှင်က ထန်ရှုနဲ့ တူတယ်။ ရှင်တို့နှစ်ယောက်လုံးက လူကောင်းတွေပဲ"

"..ဖူး...ဟူး..."

ထန်ရင်က တခစ်ခစ်ရယ်လျက် ပြောလိုက်သည်"ကောင်းပါပြီ၊ ညီမလေးရှောင်မုံ့။ ငါ့ကို လူကောင်းတစ်ယောက်လို့ နာမည်မတပ်ပါနဲ့လား။ ဒါနဲ့ ထန်ရှုက ဘယ်သွားတာလဒ။ ငါ ဘာလို့ သူ့ကို ဒီမှာ မမြင်ရတာလဲ"

"အဖွားကို သွားတွေ့တာ၊ အမ"ထန်ဝေ့က အခွင့်အရေးကို အမိအရယူလျက် ကြားဖြတ်ပြောလိုက်သည်"သူတို့ဆွေးနွေးစရာတစ်ခုခုရှိနေပုံပဲ"

ခဏကြာပြီးနောက် ထန်ရှုက မုဝမ်ရင်နှင့်အတူ ရောက်ရှိလာသည်။ ထျန့်ရှောင်မုံ့အား ထန်ရင်နှင့်အတူ မြင်ပြီးနောက် သူက ပြုံးကာ လျှောက်လာ၏"မင်း ရှောင်မုံ့နဲ့ သိသွားပြီလား၊ အမရင်။ ဒီမိန်းကလေးက အတော်လေးကြောက်တတ်တယ်၊ ဒါကြောင့် သူ့ကို ဟာသမလုပ်ပါနဲ့"

"မစိုးရိမ်ပါနဲ့၊ ငါ ဘာလို့ သူ့ကို ခြိမ်းခြောက်ရမှာလဲ။ အခု ငါ သူ့ကို ကာကွယ်ပေးနေပါပြီ"ထန်ရင်က ပြုံးကာ ပြော၏"ဒါနဲ့ မင်းတို့နှစ်ယောက်က လက်ကိုင်ပြီး ဒီနေရာမှာ ဘာလုပ်နေတာလဲ။ မင်းတို့ရဲ့အချစ်ကို ထုတ်ပြနေတာလား"

"အာ...ဟီးဟီး..."ထန်ရှုက ခြောက်ကပ်ကပ်ရယ်ကာ တုံ့ပြန်လိုက်သည်။

ဤအချိန်တွင် ထျန့်ရှောင်မုံ့၏မျက်လုံးများက ပန်းကန်ပြားနှင့် တူသွားပြီး ထန်ရှုလက်အားဆွဲထားသည့်မုဝမ်ရင်အား ကြည့်လိုက်သည်။ ဤအခါတွင် သူမ ဘယ်လောက် တုံးအသလဲကို သဘောပေါက်သွားခဲ့၏။ ဤမိန်းကလေး၏ပါရမီနှင့်စွမ်းရည်ကို အသာထား၊ သူမ၏အသွင်အပြင်နှင့်အမူအရာကပင် လူတစ်ဘီလီယံတွင် တစ်ယောက်ဖြစ်၏။ သူမကဲ့သို့ တစ်ယောက်အား တစ်ခါမှ မမြင်ဖူးပေ၊ ဘယ်သူက သူမနှင့် ယှဉ်နိုင်မည်နည်း။

သူမက လှသည်- လှလွန်းသည်။

သူမကိုယ်တိုင်က မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမအား မုဝမ်ရင်က ဆွဲဆောင်ခဲ့သလို ခံစားမိသည်။ သူမ၏နှလုံးခုန်သံအား ပိုမြန်စေသည့် ခံစားချက်တစ်ခု ဖြစ်၏။

မုဝမ်ရင်က ထျန့်ရှောင်မုံ့ထံ လျှောက်လာပြီး သူမလက်ကို ဆွဲကာ ပြုံးလျက် ပြောလိုက်သည်"မင်္ဂလာပါ၊ ငါက မုဝမ်ရင်ပါ၊ ထန်ရှုရဲ့ချစ်သူပါ။ မင်းက ရှောင်မုံ့မလား။ မင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ထန်ရှုက ငါ့ကို ပြောခဲ့တယ်။ ဒါပေမယ့် မင်းက အဖိုးရဲ့ရှစ်ဆယ်နှစ်ပြည့်မွေးနေ့ကို တက်ရောက်လာတဲ့အတွက် ငါ ဝမ်းသာပါတယ်"

ပြန်ဖြေမည့်အစား ထျန့်ရှောင်မုံ့က တံတွေးမျိုချကာ ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်လေသည်"ရှင်က...မင်္ဂ...မင်္ဂလာပါ...ကျွန်...ကျွန်မက ထျန့်ရှောင်မုံ့ပါ။ ကျွန်မက...မဟုတ်ဘူး...အဖိုးရဲ့မွေးနေ့ကို တက်ရောက်ခွင့်ရတဲ့မတွက် ကျွန်မလဲ ဝမ်းသာပါတယ်။ မု...အာ...အမမုဝမ်ရင်၊ ရှင်က လှလွန်းတယ်၊ ကျက်သရေရှိလွန်းတယ်...ကျွန်မ မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ"

မုဝမ်ရင်၏မျက်လုံးများက ပျော်ရွှင်မှုတို့နှင့်အတူ ကွေးကောက်သွားလေ၏။ သူမက ထန်ရှုအား တစ်ချက်လှည့်ကြည့်ပြိီးနောက် ထျန့်ရှောင်မုံ့၏လက်ကို ကိုင်ဆွဲကာ ပြောလိုက်သည်"ငါလဲ မင်းကို သဘောကျပါတယ်။ မင်းက ထန်ရှုရဲ့သူငယ်ချင်းဆို‌မှတော့ ငါ့ရဲ့သူငယ်ချင်းပဲပေါ့။ နောက်ကျရင် မင်း ငါ့ကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ထျန့်ရှောင်မုံ့၏ခေါင်းသေးသေးလေးက ကြက်ဆိတ်နေသည့်အလား အကြိမ်ကြိမ်ခေါင်းညိတ်လိုက်သည်။ ထို့‌နောက် သူမက စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်"သေချာပေါက် အမကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ့မယ်"

"ငါ့ကိုပါ ထည့်တွက်လိုက်"ထန်ရင်က ပြုံးကာ ကြားဖြတ်ပြောလိုက်သည်။

ဘေးတွင် ရပ်ရင်း ထန်ရှုက မိန်းကလေးများး စကားပြောနေသည်ကို ကြည့်ရှုနေခဲ့သည်။ သူက ချက်ချင်း ပြုံးကာ ပြောလိုက်သည်"‌ဒါနဲ့၊ အမရင်၊ ဝမ်ရင်၊ အမတို့နှစ်ယောက် ဒီနေ့လည် အားကြလား"

မုဝမ်ရင်က ခေါင်းခါလိုက်သည်၊ ထန်ရင်က တန်းမေးလိုက်သည်"ငါ လုပ်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲ၊ မင်း ငါတို့ကို လုပ်ခိုင်းစရာတစ်ခုခု ရှိလို့လား"

"အမတို့နှစ်ယောက်လုံးအားမှတော့ ရှောင်မုံ့နဲ့အတူ ရုပ်သံထုတ်လွှင့်ဌာနကို လိုက်သွားပေးနိုင်မလား"ထန်ရှုက ပြုံးကာ မေးလိုက်သည်"ဒီနေ့လည်ကျရင် သူမက talk showတစ်ခု ရှိတယ်လေ"

"အာ...မလိုတော့ဘူး"ထျန့်ရှောင်မုံ့က ချက်ချင်း ပြောလိုက်သည်"မနေ့က အစီအစဉ်မန်နေဂျာက ငါ့ကို ဆက်သွယ်လို့မရခဲ့ဘူး၊ ဒါကြောင့် ဒီနေ့ ငါ ခေါ်လိုက်တဲ့အချိန်မှာ သူတို့က ပြောတယ်...သူက ငါ့ကို စာရင်းကနေ ထုတ်လိုက်ပြီးလို့ သူ ပြောတယ်"

ထန်ရင်က မျက်မှောင်ကြုတ်ကာ မခံချိမခံသာနှင့် ပြောသည်"ဒါ စိုးရိမ်စရာမလိုဘူး၊ ရှောင်မုံ့။ မင်းကို စာရင်းကနေ ထုတ်လိုက်ပြီလို့ ပြောခဲ့တာလား၊ ဟမ့်။ ဒီမှာပဲ စောင့်နေ၊ ငါ သူတို့ကို ဖုန်းခေါ်လိုက်မယ်။ သူတို့ရဲ့ဖုန်းနံပါတ်ပေး၊ မြန်မြန်"

နှုတ်ခမ်းတို့ တွန့်လိမ်သွားလျက် ထျန့်ရှောင်မုံ့က ထစ်ထစ်ငေါ့ငေါ့ ပြော၏"အာ...အမ...အမရင်၊ အဲဒီလို လုပ်ဖို့ မလိုအပ်ပါဘူး။ ပြီးတော့ ငါ မပါရလို့လဲ ကိစ္စမရှိပါဘူး။ ငါ..."

"ဒါကြောင့် မင်းက အလွယ်တကူ အနိုင်ကျင့်ခံရတာပဲ၊ ရှောင်မုံ့"ထန်ရင်က ဖြတ်ပြောလိုက်သည်"အင်တာဗျူးဖို့အတွက် ကြယ်တာရာမြို့ကနေ မြို့တော်ဆီ မင်း လာခဲ့ရတယ်လို့ ပြောတယ်နော်။ မနေ့က မင်းကို မဆက်သွယ်နိုင်ရုံနဲ့ သူတို့က မင်းကို ကန်ထုတ်ခဲ့တယ်။ ဒါက ငါ့ကို အနိုင်ကျင့်နေတာပဲ။ ငါ့ကို ယုံကြည်ပြီး ဖုန်းနံပါတ်ပေးစမ်းပါ"

ရှက်ကိုးရှက်ကန်းနှင့် ကိုးရိုးကားရားဖြစ်လျက် ထျန့်ရှောင်မုံ့က ထန်ရှုအား တစ်ချက်ကြည့်လိုက်သည်။

"အမရင်က မင်းအတွက် ရပ်တည်ပေးချင်မှတော့ သူမကို ဖုန်းနံပါတ်ပေးလိုက်ပါ"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ပြီးတော့ အဲဒါက မင်း ပါဝင်ချင်တဲ့ အစီအစဉ်မလား။ မင်းကို ဖိတ်ခေါ်ထားမှတော့ ပေကျင်းကို လာတဲ့ မင်းရဲ့ခရီးကို အလာဟဿမဖြစ်စေနဲ့။ ဒါပေမယ့် အဲနေရာမှာ စကားကို သတိလက်လွတ်မပြောဖို့ မမေ့နဲ့။ အထူးသဖြင့် လွန်ခဲ့တဲ့နှစ်ရက်က ဖြစ်ခဲ့တာတွေကိုပေါ့"

***

All Chapters