← Chapters

ချီးကျူးမှုများ

Vol. 75 Ch. 1043

ချီးကျူးမှုများ

Vol. 75 Ch. 1043

ဧည့်သည်များနှင့် စကားပြောပြီးနောက် လုပ်စရာအချို့ ရှိသေးသဖြင့် ထန်ရှုက ထွက်လာခဲ့သည်။  တံခါးသို့ ရောက်လာချိန်တွင် ချင်လင် ဝင်လာ‌နေသည်ကို မြင်လိုက်ရသည်၊ တစ်ယောက်ယောက်ကို ရှာနေသည့်အလား သူ့မျက်လုံးများက ကျီးကန်းတောင်းမှောက်ကြည့်နေ၏။

"ဟေး။ မင်းက ဒီ‌နေရာမှာကိုး"ထန်ရှုကို မြင်ပြီး ချင်လင်၏မျက်လုံးများက လင်းလက်သွား၏၊ သူက အော်ခေါ်ကာ အသုတ်နှင်လာသည်။

"မင်း ငါ့ကို ရှာနေတာလား"ထန်ရှုက ပြုံးကာ မေးလိုက်သည်"တစ်ခုခုရှိလို့လား"

"အရေးမကြီးပါဘူး။ ဒီနေရာမှာ ရင်းနှီးတဲ့မျက်နှာအနည်းငယ်ကို မြင်ခဲ့ရလို့ပဲ"ချင်လင်က ပြုံးကာ ပြောလိုက်သည်"ငါတို့က ဆုံတွေ့ဖို့ ကံကြမ္မာပါတယ်လို့ ငါ ပြောခဲ့တယ်မလား။ ပြီးတော့ မင်းကို ငါ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်။ သူ့ကို မထင်မသေးပါနဲ့။ ငါ့သူငယ်ချင်းရဲ့အဆင့်အတန်းက အတော်လေးထူးခြားတယ်"

"ဒါဆို မင်းရဲ့အဲဒီသူငယ်ချင်းနာမည်ကို ပြောပါအုံး"ထန်ရှုက ပြုံးကာ မေးလိုက်သည်။

အနည်းငယ်ဂုဏ်ယူလျက် ချင်လင်က ထန်ရှုလက်ကို ဆွဲကာ ခြံဝင်းထဲသို့ ခေါ်သွားသည်။ ထို့နောက် သူ့မျက်လုံးများက ဘေးဘီဝဲယာ ကြည့်လိုက်သည်။ ထန်ဝေ့၏ပုံရိပ်ကို မြင်သောအခါ သူက အနည်းငယ်စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်"ငါက ထန်မိသားစုရဲ့မျိုးဆက်၊ ကျော်ကြားတဲ့သခင်လေးထန်ဝေ့ရဲ့သူငယ်ချင်းတစ်ယောက်ပဲ။ ပိုင်ဟူခရိုင်ကို သူ လာတုန်းက ငါ သူ့ကို ဧည့်ခံခဲ့တယ်"

"ဟုတ်လား၊ ငါလဲ သူ့ကို သိပါတယ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ချင်လင်က နားမလည်နိုင်စွာ စိုက်ကြည့်လိုက်သည်၊ သူ့အဟုန်က ရုတ်တရက် နှေးသွား၏၊ အံ့အားသင့်စွာနှင့် သူ မေးလိုက်သည်"မင်းလဲ သူ့ကို သိတာလား။ အာ၊ ဟုတ်တယ်။ ငါ မင်းကို မေးဖို့ မေ့နေတာ။ မင်းရဲ့မိသားစုက ဘာလုပ်တာလဲ"

"အချို့က အစိုးရအရာရှိတွေ၊ အချို့က စီးပွားရေးသမားတွေ"ထန်ရှုက ရယ်ကာ ပြောလိုက်သည်။

"ဒီ‌‌နေရာကို လာဖို့အတွက်ဆိုရင် မင်းရဲ့မိသားစုက အတော်လေးအားကောင်းတယ်လို့ ဆိုလိုတာပဲ"ချင်လင်က ခေါင်းညိတ်ကာ ပြော၏"ဒါ့အပြင် ငါ့ရဲ့အဲဒီညီအအကိုနဲ့ မင်းက ရုပ်တူတယ်လို့ ငါ ခံစားမိခဲ့တယ်။ ဒါပေမယ့် နောက်ကျရင် ငါတို့က မိတ်ဆွေတွေဖြစ်မှာဆိုတော့ ကိစ္စမရှိပါဘူး"

ထိုအချိန်တွင် ထန်ဝေ့ကလည်း ထန်ရှုနှင့်ချင်လင်တို့အား မြင်လိုက်ရသည်။ သူ့မျက်လုံးတွင် သိလိုစိတ်အနည်းငယ် ရှိလာသည်၊ သူတို့အား နှုတ်ဆက်ပြီးနောက် သူ မေးလိုက်၏"မင်းတို့နှစ်ယောက် ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အတူရှိနေတာလဲ။ အရင်ကတည်းက မင်းတို့ သိနေတာလား"

"သခင်လေးထန်၊ ဒီ‌‌နေ့ အပြင်ဘက်မှာ ညီအကိုထန်နဲ့ ငါ ‌တွေ့ခဲ့တာ"ချင်လင်က ကမန်းကတန်း ပြော၏"သူက လူကောင်းတစ်ယောက်လို့ ငါ ထင်တယ်၊ ဒါကြောင့် မင်းကို သူနဲ့ မိတ်ဆက်ပေးချင်တာ။ သူက မင်းကို သိ‌ပြီးသားလို့ ငါ မထင်ထားခဲ့ဘူး"

"...ဖူး...ဟီးဟီး..."ထန်ဝေ့က ရယ်လျက် ထန်ရှုအား လက်ညိုးထိုးကာ ပြုံးလျက် ပြောလိုက်သည်"ချင်လင်၊ သူ ဘယ်သူလဲဆိုတာ တကယ် မသိဘူးလို့ မင်း ငါ့ကို မပြောနဲ့နော်"

ချင်လင်က ခေါင်းခါယမ်းကာ ရှုပ်ထွေးသောမျက်နှာနှင့် ပြန်ဖြေသည်"သူ့မျက်နှာက အနည်းငယ် ရင်းနှီးသလို ရှိတယ်လို့တော့ ငါ ခံစားမိတယ်၊ ဒါပေမယ့် သူ ဘယ်သူလဲဆိုတာ ငါ တကယ်မသိတာ။ သခင်လေးထန်၊ မင်းက ..."

"ငါတို့ရဲ့အသက်အရဆိုရင် သူက ငါ့ညီလေးပဲ။ ဒါပေမယ့် စွမ်းရည်အရဆိုရင် သူက ငါ့အကိုပဲ"ထန်ဝေ့က ကြားဖြတ်ပြောလိုက်သည်"မင်းက ထန်မိသားစုရဲ့သခင်လေးထန်ရှုကို တစ်ခါမှ မကြားဖူးဆိုတာ ငါ မမျှော်လင့်ထားတာပဲ"

ထန်ရှုလား။ ထန်မိသားစုရဲ့ထန်ရှုလား။

ချင်လင်က အလွန်အံ့အားသင့်သွားခဲ့သည်။ သူ့မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့် ပြည့်နေ၏။ ထန်ရှုအား ယခင်က မြင်ခဲ့ဖူးသလို၊ သူ့မျက်နှာအား ရင်နှီးသလို အဘယ်ကြောင့် ခံစားနေရသည်ကို နောက်ဆုံး၌ နားလည်သွားသည်။ သူက ထန်မိသားစု၏ကျော်ကြားသောထန်ရှုပင်။ ဟုတ်ပေသည်။ သူက ကျော်ကြားသောနတ်ဆေးဆရာဝန်နှင့်ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုပိုင်ရှင်ထန်ရှုလဲ ဖြစ်၏။

အမ်...ငါ နတ်ဘုရားကို တွေ့ခဲ့တာပေါ့...

ချင်လင်က စိတ်ထဲ၌ ညည်းလိုက်သည်။ အစောင့်များက ထန်ရှု၏အထောက်အထားအား ဘာကြောင့်မစစ်ဆေးသလဲကို နောက်ဆုံး၌ သူ နားလည်သွား၏။ သူက ထန်မိသားစု၏အဖွဲ့ဝင်တစ်ယောက်ပင် မဟုတ်လော။ ဤအခါတွင် ရှက်ရွံ့မှုနှင့်ကသိကအောက်ဖြစ်မှုတို့ ခံစားရလျက် ချင်လင်က အပေါက်တစ်ခုထဲသို့ ပြေးဝင်ချင်နေမိတော့၏။

ချင်လင်၏ကိုးရိုးကားရားဖြစ်နေသောမျက်နှာကို ကြည့်ရင်း ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။  ချင်လင်ပခုံးအား ပုတ်ကာ သူက ပြောလိုက်၏"ဒါ ငါ့အမှားပါ၊ ဒါကြောင့် အကိုချင်လင်ကို နားလည်မှု လွဲသွားစေတာ။ အကိုဝေ့၊ မင်းက လူကောင်းတစ်ယောက်ကို ညီအကိုတော်ထားတာပဲ၊ ဒါကြောင့် အခု သူ ငါတို့အိမ်ကို လာလည်တဲ့အချိန်မှာ သူ့ကို ကောင်းကောင်းဆက်ဆံပါ။ ဧည့်သည်‌တွေကို နှုတ်ဆက်ဖို့ ပထမဦးလေးနဲ့ဦးလေးယွင်ချင်တို့က ငါ့ကို ခေါ်ထားလို့ ငါ အပြင်ကို သွားလိုက်အုံးမယ်"

"အေးပါ..."

ထန်ဝေ့က ပြုံးဖြဲဖြဲနှင့် ရယ်လိုက်သည်။ ထို့နောက် ချင်လင်၏ပခုံးကို ဆွဲကာ ‌အထဲသို့ ခေါ်သွားပြီးနောက် သူ ပြောလိုက်သည်"ဒါက အံ့ဩစရာကောင်းတဲ့လွဲမှားမှုတစ်ခုလို့ မင်း မထင်ဘူးလား။ ဒါပေမယ့် မင်းက တကယ် ကံကောင်းတာပဲ၊ ငါ့ကောင်။ ထန်ရှုရဲ့စွမ်းရည်အကြောင်း ငါ ပြောဖို့ မလိုလောက်ပါဘူး၊ အထူးသဖြင့် လူတွေအကြောင်း သူ ဖတ်တဲ့အချိန်မှာ သူ့ရဲ့အမြင်က လုံးဝတိကျတယ်။ မင်းက လူကောင်းတစ်ယောက်လို့ သူ ပြောခဲ့တယ်၊ ဒါကြောင့် ငါ မင်းကို ငါ့ရဲ့မိတ်ဆွေရင်းအဖြစ် သတ်မှတ်လိုက်ပြီ။ ဒီနားတစ်ဝိုက် လမ်းလျှောက်ရအောင်၊ ငါ မင်းကို မိတ်ဆွေအချို့နဲ့ မိတ်ဆက်ပေးမယ်"

သူ့စကားများကို ကြားပြီး ချင်လင်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဒီလိုမမျှော်လင့်ထားသောလွဲမှားမှုတစ်ခုက သူ့အား ထန်ရှုနှင့် ဆက်စပ်သွားစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူ့အား ထန်ဝေ့၏အသိအမှတ်ပြုခြင်းကိုပင် ရရှိစေသည်။ ထန်ဝေ့၏စရိုက်အား ရှင်းရှင်းလင်းလင်း သိသည်၊ သူ့မျက်လုံးများက ထိပ်တန်းပုဂ္ဂိုလ်များကိုသာ အာရုံစိုက်ပြီး ချဉ်းကပ်ရန် အတော်‌လေး ခက်ခဲ၏။ သူ၏အသိအမှတ်ပြုခြင်းကို ရရှိခြင်းက သူ့အတွက် အလွန်ကံကောင်းပေသည်။

မိနစ်အနည်းငယ်အကြာတွင် ထန်ရှုက ခြံဝင်း၏ဂိတ်အပြင်ဘက်၌ ထွက်ပေါ်လာခဲ့သည်၊ သူ့ပထမဦးလေးထန်ယွင်ဖမ်းနှင့်အခြားဦးလေးထန်ယွင်ချင်တို့က ဧည်သည့်များအား နှုတ်ဆက်နေသည်ကို တွေ့လိုက်ရ၏။ မရင်းနှီးသောဧည့်သည်များအား ခေါင်းညိတ်ပြပြီးနောက် သူတို့ထံ သူ သွားခဲ့သည်။

ဧည့်သည်များအား အိမ်ထဲသို့ ကြိုဆိုနေသော ထန်ယွင်ဖမ်းက ထန်ရှုအား အဓိပ္ပါယ်ပါသောအကြည့်နှင့် တစ်ချက်ကြည့်ကာ မေးလိုက်သည်"မင်း ခေါင်းဆောင်ဟောင်းနဲ့ တွေ့ဆုံခဲ့ပြီး စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စအချို့ကို ဆွေးနွေးပြီးသွားပြီလား"

ထန်ရှုက သူ ဆိုလိုချင်သည်ကို နားလည်၏၊ ခေါင်းညိတ်ကာ ပြောလိုက်သည်"ဟုတ်ပါတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ပြီးပြီ။ ထန်မိသားစုရဲ့ခေါင်းဆောင်က ခေါင်းဆောင်‌နေရာကို ယူလိမ့်မယ်၊ နောက်ကျရင် ဦးလေးထန်ဒုန့်က အရမ်းအလုပ်များတော့မှာပဲ။ ငွေကြေးပမဏအတွက်ကတော့ ကျွန်တော်က ယွမ်လေးဆယ်ဘီလီယံ ထောက်ပံ့ပေးမယ်၊ ဒါက အစောပိုင်းအဆင့်တွေအတွက် လုံလောက်မယ်ထင်တယ်"

ထန်ယွင်ဖမ်း၏မျက်လုံးများက လင်းလက်သွားပြီး သူက လက်မထောင်ကာ ချီးကျုးလိုက်သည်"ယွမ်လေးဆယ်ဘီလီယံကို ထုတ်‌ပေးနိုင်တာဆို‌တော့ မင်းက ကျိကျိတက် ချမ်းသာနေတာပဲ၊ တူလေး။ ကဲ၊ ဟုတ်ပြီ။ မင်းက ငါတို့မိသားစုအတွက် ကြီးကြိီးမားမားလုပ်ဆောင်ပေးခဲ့တာပဲ။ မင်း ဘာဆုလာဒ်တွေ လိုချင်လဲ။ ဦးလေးက ဖြစ်နိုင်သမျှ အရာအားလုံး မင်းအတွက် လုပ်ပေးမယ်"

"ဆုလာဒ်လား၊ မလိုပါဘူး၊ ဦးလေး"ထန်ရှုက ပြုံးကာ ပြန်ဖြေလိုက်သည်"ပြီးတော့ အဖိုးရဲ့မွေးနေ့ပြီးရင် မြို့တော်က‌နေ ကျွန်တော် ထွက်သွားတော့မယ်။ ကြယ်တာရာမြို့မှာ တစ်ချက် ဆင်းပြီး‌တာနဲ့ တစ်ခုခုကို ဖြေရှင်းဖို့အတွက် ပြည်ပကို သွားရမယ်"

"မကြာသေးခင်က မင်း ပြည်ပမှာ အလုပ်များနေတယ်ဆိုတာကို ငါ ကြားဖူးပါတယ်။ မင်း ဘာတွေများ အလုပ်များနေတာလဲ"ထန်ယွင်ဖမ်းက သိလိုစိတ်နှင့် မေးလိုက်သည်။

"ငါ့လူတွေက ပြည်ပကျင့်ကြံခြင်းအဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်၊ မကြာခင် ငါတို့ အသေအကျေတိုက်ခိုက်တော့မှာ"ထန်ရှုက ပြောသည်"ဒီတစ်ခါတော့ ငါတို့တွေ အောင်ပွဲ‌နဲ့ အဆုံးသတ်မှာပါ၊ အဲဒီကျင့်ကြံခြင်းအဖွဲ့တွေက ငါတို့ကို ဘယ်တော့မှ ထပ်ရန်စရဲမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ငါတို့သာ ရှုံးနိမ့်ရင် ကြီးစွာသောဆုံးရှုံးမှုကို ခံရလိမ့်မယ်"

ကျင့်ကြံခြင်းအဖွဲ့တွေလား။

ထန်ယွင်ဖမ်းနှင့်ထန်ယွင်ဖျင်တို့၏အမူအရာက ‌ပြောင်းလဲသွားပြီး ချက်ချင်း တည်ငြိမ်သွားကြ၏။

"ငါတို့လုပ်နိုင်တာ တစ်ခုခုများ ရှိမလား၊ ထန်ရှု"ထန်ယွင်ဖမ်းက နက်ရှ်ိုင်းသောအသံနှင့် မေးလိုက်သည်"ထန်မိသားစုမှာ ကိုယ်ပိုင်စစ်တပ်ရှိတယ်။ မသန်မာပေမယ့် ငါတို့မှာ အရေအတွက် အများကြီး ရှိပါတယ်။ မင်း လိုအပ်ရင် ငါတို့ကို ပြော။ ရန်သူတွေကို ရိတ်သိမ်းနိုင်သရွေ့ ငါတို့ရဲ့အသက်ကို ပေးဆပ်ရလို့လဲ ပြဿနာမရှိဘူး"

"ဒီကျင့်ကြံသူတွေရဲ့ခွန်အားက အရေအတွက်နဲ့ အနိုင်ယူလို့ရတာမျိုးမဟုတ်ဘူး၊ ဦးလေးတို့"ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ဒါပေမယ့် မစိုးရိမ်ပါနဲ့။ အနိုင်ရဖို့ မသေချာဘဲနဲ့ ငါ့လူတွေကို မလွှတ်ပါဘူး။ ဒါ့ထက် ဒီကျင့်ကြံခြင်းအဖွဲ့တွေရဲ့ကျွမ်းကျင်သူတွေကို အသုံးပြုပြီး ငါ့လူတွေကို လေ့ကျင့်ပေးဖို့ စီစဉ်ထားတာ"

ထန်ယွင်ဖမ်းနှင့်ထန်ယွင်ချင်တို့က အကြည့်များ ဖလှယ်လိုက်ကြသည်၊ ထူးဆန်းသောအကြည့်တစ်ခုက သူတို့မျက်နှာပေါ်တွင် ပေါ်နေလေ၏။ အချိန်အချို့ ကြာပြီး‌နောက် ထန်ယွင်ဖမ်းက ထပ်ပြောလိုက်သည်"မင်း အချိန်ရရင် မင်း လေ့ကျင့်ပေးနေတဲ့လူတွေကို ငါ မြင်ချင်တယ်၊ ရှုအာ"

"အဆင်ပြေပါတယ်၊ ဒါပေမယ့် လောလောဆယ်တော့ သွားလို့မရသေးဘူး"ထန်ရှုက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်"အဲနေရာက ကိစ္စတွေအားလုံး ပြီးစီးတဲ့အထိ စောင့်ပါ၊ အဲဒါဆိုရင် ဦးလေးတို့ အဲ‌နေရာကို သွားလို့ရပြီ"

"ငါ နားလည်ပါတယ်"ထန်ယွင်ဖမ်းက ခေါင်းညိတ်ကာ ပြောသည်"ပြီးတော့ ငါ့ရဲ့လက်ရှိအထောက်အထားအရ ပြည်ပကို သွားချင်ရင် အထက်ခေါင်းဆောင်တွေကို တင်ပြဖို့ လိုတယ်။ ပြည်ပကို ချက်ချင်း ထွက်သွားဖို့က အတော်လေး ခက်ခဲတယ်"

များမကြာမီ ထန်ရှုက ထန်ယွင်ဖမ်းနှင့်ထန်ယွင်ချင်တို့နှင့်အတူ ဧည့်သည်များကို ကြိုဆိုခဲ့၏။

‌နေ့လည်ရောက်လာသဖြင့် ထန်ယွင်ဖမ်းနှင့်ထန်ယွင်ဖျင်တို့က စံအိမ်အလယ်သို့ ပြန်သွားခဲ့ပြီး ထန်ရှုကမူ လက်ကို အိတ်ကပ်ထဲတွင် ထည့်ထားလျက် အပြင်ဘက်သို့ လျှောက်လာသည်။ ပြဿနာတစ်စုံတစ်ရာမရှိလျှင် အထဲသို့ သွားပြီး သူ့အဖိုး၏ဂုဏ်ပြုပွဲသို့ ပါဝင်ရန် စီစဉ်ထားသည်။ ယောင်များအား သူ ဖျက်ဆီးခဲ့သဖြင့် ရန်သူများဖြစ်လာနိုင်မည့် မိသားစုများရှိသည်ကို ရှင်းလင်းစွာ သိသည်။ ထန်မိသားစု၏အပေါ်ယံမြင်ကွင်းက လှပ‌နေသော်လည်း နောက်ကွယ်တွင် အန္တရယ်များ ဘယ်လောက်ထိ ဖုံးကွယ်နေသလဲ မသိနိုင်ပေ။

"ထူးခြားဝာာတာ တစ်ခုခု ဖြစ်ပျက်ခဲ့တာရှိလား"လုံခြုံရေးကိစ္စများအတွက် တာဝန်ရှိသော ထန်ဟူအား ကြည့်ရင်း ထန်ရှုက မေးလိုက်သည်။ ဤလူက ထန်ကောရှန်လေ့ကျင့်ပေးခဲ့သည့်ထူးချွန်သောပါရမီရှင် ဖြစ်၏။ သူ့ထံတွင် ထန်မိသားစု၏သွေး မရှိသော်လည်း ကလေးဘဝကတည်းက ထန်ကောရှန်နောက်သို့ လိုက်လာခဲ့သည်၊ ထန်အိမ်အပေါ် သူ၏သစ္စာရှိမှုက မေးခွန်းထုတ်စရာမလိုပေ။

ထန်ဟူက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ဘာမှ မရှိဘူး။ ဝင်ခွင့်စံမှတ်ကျောက်တွေနဲ့ ပြည့်စုံတဲ့ ဧည့်သည်တွေအားလုံး အထဲကို ဝင်သွားကြပြီ"

?”

"ဒီဝင်ခွင့်စံမှတ်ကျောက်က ဘာများလဲ"ထန်ရှုက ခေါင်းရှုပ်စွာ မေးလိုက်သည်"အဖိုးရဲ့မွေးနေ့ကို ဂုဏ်ပြုဖို့လာတဲ့သူတွေက ထူးခြားတဲ့အထောက်အထားတွေ ရှိတယ်လို့ ဆိုလိုတာလား"

"မှန်တယ်။ အဲဒီသူဖုန်းစားအိုက လွဲပြီပေါ့"ထန်ဟူက ပြောလိုက်သည်။

သူဖုန်းစားအိုတစ်ယောက်လား။ ထန်ရှု၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူက ထပ်‌မေးလိုက်သည်"သူ ဘယ်မှာလဲ"

ထန်ဟူက အဝေးရှိ လမ်းဝအား ညွှန်ပြကာ ပြောလိုက်သည်"လွန်ခဲ့တဲ့မိနစ်လေးဆယ်လောက်က အဲနေရာက ငါ ထွက်လာတာ။ အခုလောက်ဆို သူ ထွက်သွားလောက်ပြီ"

ခေါင်းညိတ်တုံ့ပြန်လျက် ထန်ရှုက လမ်းဝသို့ ခပ်သုတ်သုတ် လျှောက်သွား၏။ အဝေးရှိ မီတာဒါဇင်အကွာရှိ လမ်းသို့ ကြည့်လိုက်ချိန်တွင် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ အတ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် လူအိုကြီးတစ်ယောက်၊ သူ့ဘေးနားတွင် ငါးနှစ်ကျော်ကလေးမလေးတစ်ယောက်က ထိုင်နေလျက်ရှိသည်။

သူတို့ထံ လျှောက်လာပြီးနောက် ထန်ရှုက လူအိုကြီးနှင့် ကလေးမလေးတို့အား ကြည့်လိုက်သည်။ သူက ချက်ချင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်"အဖိုး၊ မွေးနေ့ပါတီအတွက် မင်းတို့ ဒီကို လာတာလား"

လူအိုကြီးက မော့ကြည့်ကာ ခါးသီးစွာ ခေါင်းညိတ်လိုက်သည်"ဟုတ်တယ်။ ငါ ဝင်လို့မရတာ ကံမကောင်းတာပဲ"

"ထန်မိသားစုရဲ့ဆွေမျိုးတွေကလွဲပြီး ပါတီကို တက်ရောက်နိုင်တဲ့သူတွေက ရာထူးဂုဏ်ဒြပ်ကြီးမားသူတွေနဲ့အဆင့်အတန်းအတော်လေးရှိတဲ့သူတွေပဲ။ အဖိုးက ထန်မိသားစုနှင့် ဆက်စပ်နေတာလား၊ ဒါမှမဟုတ် သူတို့ရဲ့ဆွေမျိုးလား၊ မိတ်ဆွေလား"

လူအိုကြီးက ခဏနှုတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ကလေးမလေးအား အနည်းငယ် ဝန်လေးစွာနှင့် လှည့်ကြည်ပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"ငါက ဆက်စပ်သလားဒါမှမဟုတ်မဆက်စပ်သလားတော့ မသိဘူး။ ဒါပေမယ့် ငါ့မှာ အကြောင်းပြချက်တစ်ခုရှိတယ်။ အဲဒါက ဒီကလေးအတွက်ရယ်၊ ပြီးတော့ သူ့ကို မြင်ချင်တဲ့ဆန္ဒလေးတစ်ခုရယ်။ ဒါပေမယ့် ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး..."

ထန်ရှု၏မျက်လုံးများက လူအိုကြီး၏လည်ပင်းပေါ်ရှိ အမာရွတ်အနည်းငယ်မှတစ်ဆင့် သူ့၏ဘယ်ဘက်ပါးပြင်ပေါ်သို့ တဖြည်းဖြည်း ရောက်ရှိသွား၏။ ဤအခါတွင်မှ လူအိုကြီးက ဘယ်ဘယ်နားရွက်ပြတ်‌နေသည်ကို သတိပြုမိလိုက်သည်။ ထို့ပြင် လူအိုကြီးက သေဆုံးခြင်းချီတစ်ခုကို ထုတ်လွှတ်နေပြီး သေဖို့များသည်ကိုလဲ သတိပြုမိသွားခဲ့သည်။

"မင်းရဲ့သရုပ်မှန်ကို ငါ့ကို ပြောနိုင်မလား၊ အကြီးအကဲ။ ငါ မင်းကို အထဲ ခေါ်သွားပေးနိုင်ပါတယ်"

***

All Chapters