← Chapters

ညီအကိုတွေလို

Vol. 75 Ch. 1044

ညီအကိုတွေလို

Vol. 75 Ch. 1044

လူအိုကြီးက အံ့အားသင့်သွားပြီး ထန်ရှုအား ခဏလေ့လာလိုက်သည်။ ထို့နောက် အားတင်းပြုံးကာ သူက ပြော၏"ခေါင်းဆောင်ဟောင်းနောက်ကို ဆယ်နှစ်အရွယ်ကတည်းက ငါ လိုက်လာခဲ့တာ၊ ငါ့အသက်နှစ်ဆယ့်သုံးနှစ်မှာ အထူးအကြောင်းပြချက်တစ်ခုကြောင့် ထွက်သွားခဲ့တဲ့အထိပေါ့။ အခုဆိုရင် ငါ့အသက် ၇၃နှစ်ရှိပြီ၊ သူ့ကို မမြင်ရတာ နှစ်ငါးဆယ်လောက် ရှိပြီ။ ခေါင်းဆောင်ဟောင်းက ငါ့ကို သတိရသေးသလားကိုတောင် ငါ မသိတော့ပါဘူး"

"ဒီခေါင်းဆောင်ဟောင်းဆိုတာ ဒီနေ့မှာ သူ့ရဲ့မွေးနေ့ပွဲကို ကျင်းပနေတဲ့ ထန်မိသားစုမှ တစ်ယောက်ကို ပြောတာလား"ထန်ရှုက မေးလိုက်သည်။

လူအိုကြီးက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ သူ၏တုန်ယင်နေသောလက်က အိတ်ကပ်ထဲမှ စီးကရက်တစ်ပိုင်းအား ထုတ်ယူလိုက်သည်။ မီးညှိတော့မည့်ဆဲဆဲတွင် သူက တစ်ခုခုအား ရုတ်တရက် သတိရသွားပုံ၏၊ တိတ်တဆိတ် ခေါင်းခါလျက် စီးကရက်ကိုသာ ငေးကြည့်နေခဲ့သည်။

သူ့ပါးစပ်မှ စကားလုံးတစ်လုံးမှ မထွက်လာသော်လည်း သူက အတိတ်သို့ ပြန်ရောက်သွားနေပုံပင်။

"အဖိုး၊ ကျွန်တော်‌ တစ်ခုခု‌တော့ ခန့်မှန်းမိပါတယ် ဒါပေမယ့် အဖိုးရဲ့လက်ရှိအခြေအနေက သိပ်မကောင်းလှဘူး"ထန်ရှုက ‌ပြော၏။

လူအိုကြီးက သတိပြန်ဝင်လာပြီး ထန်ရှုအား မော့ကြည့်ကာ အကူအညီမဲ့စွာ ပြန်ဖြေသည်"ငါ့ရဲ့နောက်ဆုံးထွက်သက်ကို ရောက်ဖို့ သိပ်မကျန်တော့ဘူးဆိုတာ ငါ သိပါတယ်။ ဟုတ်တယ်၊ ကောင်လေး။ မင်း ငါ့ကို ကူညီနိုင်မယ်ဆိုရင် ငါ့ရဲ့စကားတွေကို ခေါင်းဆောင်ဟောင်းဆီ ပါးပေးပါ။ ဒီဘဝမှာ သူ့ကို ထပ်မမြင်နိုင်တော့တာ နောင်တရစရာပါပဲ၊ ဒါပေမယ့်..."

"ကျေးဇူးပြုပြီး ငါနဲ့ လိုက်လာပါ၊ အဖိုး။ အထဲကို ခေါ်သွားပေးပါ့မယ်"ထန်ရှုက ကြားဖြတ်ပြောလိုက်သည်။

လူအိုကြီးက မှင်တက်သွားသည်။ သူက ခက်ခက်ခဲခဲထရပ်ကာ မျှော်လင့်ချက်အပြည့်နှင့် မေးလိုက်၏"မင်း...မင်း တကယ်ပဲ ငါ့ကို အထဲ ခေါ်သွားနိုင်တာလား"

"သေချာတာပေါ့"ထန်ရှုက ပြန်ဖြေ၏။

မျက်ရည်များက လူအိုကြီး၏မျက်လုံးများမှ စီးကျလာသည်။ သူက ကမန်းကတန်း ခေါင်းညိတ်ကာ မိန်းကလေးအား ဆွဲထူလိုက်၏။ ထို့နောက် သူက ပြော၏"မင်း ကြားလိုက်လား။ အဖိုးရဲ့နောက်ဆုံးဆန္ဓနဲ့မျှော်လင့်ချက်က ရှိနေတုန်းပဲ"

အဖိုးကြီးအား တွဲကူရင်း ထန်ရှုက ဘာမှ မပြောတော့ဘဲ ခြံဝင်း၏အတွင်းပိုင်းသို့ ခေါ်ဆောင်လာခဲ့သည်။ များမကြာမီ အိမ်ရာ၏အတွင်းအကျဆုံးအပိုင်းသို့ ရောက်ရှိလာခဲ့၏၊ အဖိုးကြီး၏ဝတ်စုံကြောင့် လူများစွာ၏စပ်စုလိုသောမျက်လုံးများက စုပြုံကျရောက်နေလေ၏။

ထန်ယွင်ဖမ်းက အပြင်မှ ဝင်လာသည်ကို အခန်းထဲတွင် လူကြီးအချို့နှင့် စကားပြောနေရင်း ထန်ကောရှန်က မြင်လိုက်ရသည်။ သူက ပြုံးကာ မေးလိုက်သည်"အပြင်ဘက်မှာ ဘယ်လိုရှိလဲ၊ ယွင်ဖမ်း"

"ဧည့်သည်အများစုက ဝင်လာပြီ၊ အဖေ"ထန်ယွင်ဖမ်းက ပြန်ဖြေသည်"ဒါပေမယ့် ရှုအာက အဖိုးကြီးတစ်ယောက်နဲ့ကလေးတစ်ယောက်ကို အပြင်ကနေ ခေါ်လာတယ်။ ဒီအဖိုးကြီးက အဖေ့ကို တွေ့ချင်တယ်လို့ သူ ပြောတယ်"

"အဖိုးကြီးတစ်ယောက်နဲ့ကလေးတစ်ယောက်လား"ထန်ရှုက ခေါင်းရှုပ်စွာ မေးလိုက်သည်"ဒီအဖိုးကြီး ဘယ်သူလဲဆိုတာ မင်း သိလား"

"ငါ မသိဘူး။ သူ့အဝတ်အစားတွေအရ သာမန်အဖိုးကြီးတစ်ယောက်လိုပါပဲ"ထန်ယွင်ဖမ်းက ခေါင်းခါယမ်းလိုက်သည်။

ထန်ကောရှန်က စဉ်းစားပြီးနောက် ပြောလိုက်သည်"ရှုအာလုပ်သမျှအရာအားလုံးက မျက်လုံးနဲ့ မမြင်နိုင်တာတွေ ရှိတယ်။ မင်းလဲ သူ့ကို မသိဘူးဆိုတော့ တစ်ချက်သွားကြည့်ကြတာပေါ့"

တစ်မိနစ်ဝက်ကြာပြီးနောက် ထန်ကောရှန်က တံခါးကို ဖြတ်သွား၏၊ သူ့မျက်လုံးများက အဝေးမီတာအနည်းငယ်အကွာရှိ လူအိုကြီးအပေါ် ကျရောက်သွား၏။ သူ့မျက်လုံးများက ရုတ်တရက် စိုက်ကြည့်ရင်း အဖိုးကြီး၏မျက်နှာအသွင်အပြင်အား လေ့လာလိုက်သည်၊ ဤလူအား ရင်းနှီးသလို ရေးတေးတေးခံစားရ၏၊ သို့သော် ဘယ်သူလဲဆိုသည်ကို သူ မမှတ်မိနိုင်ပေ။

"မင်းက..."

ထန်ကောရှန်က အဖိုးကြီးထံ လျှောက်လာ၏။ အဖိုးကြီး၏စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေသောမျက်နှာ၊ တွန့်လိမ်နေသာပါးပြင်ပေါ်ရှိ မျက်ရည်စီးကြောင်းနှစ်ခုအား မြင်ပြီး သူက ရှုပ်ထွေးသလို ခံစားလိုက်ရ၏။

လူအိုကြီးက ထန်ရှု၏လက်အား လွှတ်လိုက်သည်။ ကလေးမလေး၏လက်ကိုလည်း လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး ရှေ့နှစ်လှမ်းတိုးလာကာ ထန်ကောရှန်အရှေ့၌ ဒူးထောက်ချလိုက်၏။

"ငါ ဒါကို လက်မခံနိုင်ဘူး"

အဖိုးကြီးအား မမှတ်မိသော်လည်း ထန်ကောရှန်က ပြေးလာကာ သူ့အား ဆွဲထူရန် ပြုလိုက်သည်။

အဖိုးကြီးက ထန်ကောရှန်၏လက်များအား ရှောင်တိမ်းလိုက်သည်၊ ဒူးထောက်လျက်သားနှင့် သူက ဆို့နင်စွာ ပြောလိုက်၏"အကိုတစ်ယောက်ဆိုတာ အဖေတစ်ယောက်လိုပဲ။ မသေခင် ခေါင်းဆောင်ဟောင်းကို မြင်တွေ့ခွင့်ရတဲ့အတွက် ကျီချန်က သေရင်တောင် နောင်တရစရာမရှိတော့ပါဘူး"

နှလုံးသားထဲရှ်ိ အနူးညံ့ဆုံးနေရာအား ထိတွေ့လိုက်သည့်အလား ထန်ကောရှန်၏နှလုံးက တဒုတ်ဒုတ်ခုန်သွား၏။ သူ့မျက်လုံးများက မယုံကြည်နိုင်မှုတို့နှင့်အတူ ဝိုင်းစက်လာသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်ကို ဤနေရာတွင် ရှိနေသူတိုင်းက မြင်နိုင်ပေ၏။

"မင်း...မင်းက ကျီချန်လား။ မင်းက ကျိုးကျီချန်လား"

အဖိုးကြီးက မျက်ရည်စိုရွှဲနေသောမျက်လုံးများနှင့် မော့ကြည့်ရင်း ရှိုက်ငိုလိုက်သည်"မင်း...မင်း ငါ့ကို သတိရနေသေးတာလား"

မျက်ရည်များ စီးကျလာရင်း ထန်ကောရှန်က ကြမ်းပြင်ပေါ်သို့ ထိုင်ချကာ အဖိုးကြီးအား ရုတ်တရက် ပွေ့ဖက်လိုက်သည်။ သူ့အသံက တုန်ယင်နေလျက် ‌ခေါ်လိုက်သည်"မင်း...မင်းက တကယ်ပဲ ကျီချန်လား။ မင်း၊ မင်း..."

"ဟုတ်ပါတယ်။ ငါပါပဲ"အဖိုးကြီးက ငိုသံနှင့် ပြောလိုက်ချေ၏။

ထန်ကောရှန်က အဖိုးကြီးအား ရုတ်တရက် လွှတ်လိုက်သည်။ သူက ချက်ချင်း နောက်ဆုတ်ကာ အဖိုးကြီးအား စိုက်ကြည့်ရင်း သူ့မျက်နှာအား ရိုက်ချလိုက်သည်။ ထို့နောက် သူက ဒေါသတကြီး ပြောဆိုလိုက်၏"ဒီနှစ်တွေမှာ မင်း ဘယ်သွားနေတာလဲ။ ပြော...ငါ့ကို ပြောစမ်း...မင်း ဘယ်ငရဲမှာ ရှိနေတာလဲ..."

"အနောက်ပိုင်း၊ ယူဂလေ့မှာ"လူအိုကြီးက ပြန်ဖြေသည်။

ထန်ကောရှန်၏မျက်နှာက စာရွက်တစ်ခုအလား ဖြူရော်သွား၏။ သူက လူအိုကြီးအား မယုံကြည်နိုင်စွာ ကြည့်ရင်း မျက်ရည်များက မထိန်းနိုင်တော့ပေ။ သူက ရှေ့တိုးကာ ပြန်ဖက်လိုက်ပြီး ရှိုက်ငိုလိုက်၏"မင်း...အရူးကောင်။ ဘယ်သူက အဲကို သွားဖို့ မင်းကို ပြောခဲ့တာလဲ။ ဒီအဖိုးကြီးအတွက် အဲနေရာမှာ စောင့်ကြပ်ဖို့ မင်းကို ဘယ်သူပြောခဲ့တာလဲ။ ဒီနှစ်တွေမှာ ငါ မင်းကို ဘယ်လောက် ကြိုးစားပမ်းစားရှာနေတယ်ဆိုတာရော မင်း သိရဲ့လား။ တောင်ကနေမြောက်၊ အရှေ့ကနေအနောက်ထိ၊ လူတွေ လွှတ်ပြီး ငါ မင်းကို လိုက်ရှာခိုင်းခဲ့တယ်၊ တရုတ်တစ်နိုင်လုံး တစ်နေရာမှ မကျန်ဘူး၊ ဒါပေမယ့် မင်းကို ရှာမတွေ့ခဲ့ဘူး"

လူအိုကြီး၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွား၏။ သွေးစီးကြောင်းတစ်ခုက သူ့ပါးစပ်ထောင့်မှ စီးကျလာသော်လည်း သူ သိပုံမရပေ။ သူက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ကျီချန်က မသန်မစွမ်းတစ်ယောက် ဖြစ်သွားပြီ၊ ခေါင်းဆောင်ကို ထပ်မကာကွယ်ပေးနိုင်တော့ဘူး။  ဒါပေမယ့် ယွင်သိရဲ့သွေးတွေ စွန်းထင်နေတဲ့ ယူဂလေ့ကုန်းမြေကိုတော့ ကျီချန်က သတိရနေပါသေးတယ်"

ယွင်သိလား။

ထိုအချိန်တွင် ခြံဝင်းထဲရှိ ထန်ကောရှော့၊ ထန်ကောရှင်း၊ ထန်ယွင်ဖမ်း၊ ထန်ယွင်သဲ၊ ထန်မင်နှင့် ထန်ဒုန့်၊ ထန်ယန်နှင့် ထန်ယွင်ချင်တို့ပင် အံ့အားသင့်သွားပုံပေါ်၏။ အခြားသူများက ဤနာမည်အား မသိသော်လည်း ယွင်သိက ဘယ်သူဖြစ်သည်ကို သူတို့က ရှင်းရှင်းလင်းလင်း သိသည်။ အထူးသဖြင့် ထန်ကောရှော့၊ ထန်ကောရှင်းနှင့် ထန်ယွင်ဖမ်းတို့ပင်၊ ဤအချိန်တွင် သူတို့က လက်သီး တင်းတင်းကြပ်ကြပ် ဆုပ်ထားမိလေသည်။

အတိအအကျ ပြောရလျှင် ထန်ယွင်ဖမ်းက ထန်ကောရှန်၏အကြီးဆုံးသားမဟုတ်ပေ။ ထန်ယွင်သဲပင် ဖြစ်၏။ သို့သော် ခုနှစ်နှစ်သာ ရှိသေးချိန်တွင် ထန်ယွင်သဲက အနောက်ပိုင်းရှိယူဂလေ့တိုက်ပွဲ၌ သေဆုံးသွားခဲ့ရသည်။

ထန်ကောရှန်နှင့်ကျိုးကျီချန်တို့က တစ်ယောက်ပခုံးပေါ် တစ်ယောက်ဖက်ရင်း ငို‌လေသည်။ အချိန်အတော်ကြာပြီးနောက် သူတို့က တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။ ကျိုးကျီချန်အား ထူပေးပြီးနောက် သူ့ပါးစပ်ရှိ သွေးကို မြင်လိုက်ရပြီး ထန်ကောရှန်၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ထန်ယွင်ဖမ်းအား လှည့်ကြည့်ကာ ပြောလိုက်၏"မင်း ဘာငေးကြည့်နေတာလဲ။ ဆရာဝန်တစ်ယောက် သွားရှာ။ ဆရာဝန်တွေအားလုံးကို ဒီနေရာကို မြန်မြန်ခေါ်လာခဲ့"

ကျိုးကျီချန်က ခေါင်းခါယမ်းကာ သူ့အား တားလိုက်သည်။ သူ့မျက်နှာအား အပြုံးတို့ တောက်ပနေရင်း ပြောလိုက်သည်"ဒီအဖိုးကြီးအတွက် ဆရာဝန်တွေကို ဒုက္ခမပေးပါနဲ့တော့၊ ခေါင်းဆောင်ဟောင်း။ ငါ့ရဲ့အခြေအနေကို ငါ ရှင်းရှင်းလင်းလင်း သိပါတယ်။ မြို့တော်ကို ပြန်လာပြီး ခေါင်းဆောင်ရဲ့အရှေ့မှာ ‌ရပ်ခွင့်ရနိုင်တာနဲ့တင် ငါ အရမ်းကျေနပ်ပါပြီ"

"မင်း...မင်း ဘယ်လို..."မျက်ခုံးများ ကျုံ့သွားလျက် ထန်ယွင်ဖမ်းက ကမန်းကတန်း မေးလိုက်သည်။

"ငါ့နှလုံးနဲ့အဆုတ်တွေက ဒဏ်ရာရထားတယ်"ကျိုးကျီချန်က ပြုံးကာ ပြောလိုက်သည်"ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်တစ်ယောက်တောင် ငါ့ကို မကယ်နိုင်ဘူး။ ဒီကလေးကြောင့်ပဲ ငါ အခုထိ တောင့်ခံနိုင်ခဲ့တာ။ နျိုနျို၊ အဖိုးထန်လို့ ခေါ်လိုက်စမ်း"

ကလေးမလေးက ခေါ်လိုက်သည်"အဖိုးထန်"

ထန်ကောရှန်က သူမအား ခေါင်းညိတ်ပြကာ မေးလိုက်သည်"ကျီချန်၊ ဒီ‌ကလေးက..."

"ယွင်သဲရဲ့ကစားဖော်ယင်ကျီကို မှတ်မိသေးလား၊ ခေါင်းဆောင်ဟောင်း။ သူမက ယင်ကျီရဲ့မြေးမလေးပဲ"ကျိုးကျီချန်က ပြော၏"သူမ နှစ်နှစ်သားလောက်မှာ သူမရဲ့မိဘတွေ ဆုံးပါးသွားခဲ့တယ်။ အဲကတည်းက ငါကပဲ သူ့ကို စောင့်ရှောက်လာခဲ့တာ။ ဒါပေမယ့် အခု ငါ သေရတော့မယ်၊ ဒီကလေးနဲ့ ပတ်သက်ပြီး ငါ စိတ်ပူတယ်။ ခေါင်းဆောင်၊ မင်း သူမကို စောင့်ရှောက်ပေးနိုင်မလား"

ယင်ကျီလေးနှင့်အတူ ပြေးလွှားခုန်ကစားနေသည့် သူ့သား၏ချောမောခန့်ညားသောမျက်နှာက ထန်ကောရှန်၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ နှစ်များစွာ ရှိခဲ့လေပြီ၊ သူမ၏မျိုးဆက်အား ယနေ့ မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ကျိုးကျီချန်၏အသနားခံသောမျက်နှာအား ကြည့်ရင်း သူက ခေါင်းခါယမ်းလိုက်သည်"ငါ ဒီကလေးကို ဂရုစိုက်ပေးလို့ရပါတယ်၊ ဒါပေမယ့် မင်းကို သေခွင့်မပေးနိုင်ဘူး။ ဟုတ်တယ်၊ ရှုအာ။ မင်းကို နတ်ဆေးဆရာထန်လို့ ခေါ်တယ်မလား။ သူ့ကို ကယ်ပေး၊ ငါ သူ့ကို အသက်ရှင်စေချင်တယ်"

စိတ်ထဲ၌ သက်ပြင်းချလျက် ထန်ရှုက ခေါင်းခါယမ်းကာ ပြန်ပြောလိုက်သည်"အဖိုး၊ အဖိုးကျိုးရဲ့အတွင်းအင်္ဂါငါးခုက ပျက်ဆီးနေပြိီ။ သူ့သွေးတစ်ဝက်နီးပါး ဆုံးရှုံးထားရပြီး အခုဆိုရင် သေခြင်းချီတစ်ခုက ဝန်းရံထားတယ်။ ငါ့မှာ အံ့ဖွယ်ကုသဆေးတစ်ခုရှိမယ်ဆိုရင်တောင် ငါ ဘာမှမတတ်နိုင်ဘူး။ အမှန်အတိုင်းပြောရရင် အကြီးအကဲက တားမြစ်ပညာရပ်တစ်ခုကို အသုံးပြုခဲ့တာ ဖြစ်ရမယ်၊ ဒါကြောင့် အခုထိ သူ တောင့်ခံနိုင်နေတာ"

ထန်ကောရှန်၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ့မျက်လုံးများက ကျိုးကျီချန်၏မျက်နှာပေါ်သို့ ‌ကျရောက်သွားပြီး သူက ကမန်းကတန်း မေးလိုက်သည်"မင်း အဲဒီအသက်အားတိုးပညာရပ်ကို အသုံးပြုခဲ့တာလား။ မင်း...အဲဒီစွမ်းအားကို အသုံးပြုပြီးတာနဲ့ အသက်ဆက်မရှင်နိုင်တော့ဘူးဆိုတာ မင်း မသိဘူးလား"

"ငါ မသုံးခဲ့ရင် အစောကတည်းက သေသွားပြီပေါ့"ကျိုးကျီချန်က ပြုံးကာ ပြောလိုက်သည်"ဘာပဲဖြစ်ဖြစ် ငါ ဒီကလေးကို မင်းဆီ လက်လွှဲပေးနိုင်တာရယ်၊ မင်းကို နှုတ်ဆက်နိုင်တာနဲ့တင် ထိုက်တန်ပါတယ်"

ပြောနေရင်း သွေးများက သူ့ပါးစပ်မှ ထပ်ယိုစီးကျလာပြန်သည်။ ဤလူအိုကြီးက သူ့အဖိုးအား မမြင်ခဲ့လျှင် သူ့ခံစားချက်တို့ လှုပ်ရှားသွားမည်မဟုတ်၊ သူက နောက်ထပ်ဆယ်ရက်လောက် အသက်ရှင်နိုင်ပါသေး၏။ သို့သော် သူ၏လက်ရှိစိတ်အခြေအနေက မတည်ငြိမ်သဖြင့် ခပ်ကြာကြာနေနိုင်တော့မည်မဟုတ်ပေ။

အပြင်ဘက်မှ အသံတို့ ကြားရသဖြင့် ချင်ချန်ယွဲ့ကက အခန်းထဲသို့ ရုတ်တရက် ဝင်လာသည်။ လူအိုကြီးက ကျိုးကျီချန်ဖြစ်သည်ကို သိလိုက်ရပြီးနောက် သူမက သူ့ပခုံးပေါ်၌ ငိုကြွေးလိုက်သည်။ သူမ၏နှလုံးသားထဲတွင် ကျိုးကျီချန်က သူမတို့၏ဆွေမျိုး၊ သွေးချင်းမောင်နှမ‌အဖြစ် သတ်မှတ်ထား၏။  ယခု ကျိုးကျီချန်၏အခြေအနေအား သိလိုက်ရသည်၊ သူက ယူဂလေ့၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်ကို သိလိုက်ရပြီး‌နောက် ဓားတစ်လက်က သူမနှလုံးသားအား မွှန်းနေသလို ခံစားရကာ ခါးသီးစွာ ငိုကြွေးမိလေသည်။

ကျိုးကျီချန်၏မျက်လုံးများက မျက်ရည်တို့ ပြည့်နေသော်လည်း မျက်နှာက အပြုံးတို့ တောက်ပနေလေ၏။ ထန်ကောရှန်နှင့်ချီချန်ယွဲ့တို့၏လက်အား လွှတ်ချစေပြီးနောက် နောက်ဆုတ်ကာ သူက ပြောလိုက်သည်"မင်းတို့ကို အကိုနဲ့ခယ်မလို့ ငါ့ကို ခေါ်ခွင့်ပြုပါ။ မင်းတို့ကို ထပ်မြင်တွေ့ရတဲ့အတွက် ကျိုးကျီချန်က ဘာမှ နောင်တမရတော့ဘူး၊ အကိုနဲ့ခယ်မ။ ဒါပေမယ့် ငါ အခု ထွက်သွားရမယ်။ ငါ ယူဂလေ့မှာ နေချင်တယ်။ ပြီးတော့ ကျေးဇူးပြုပြီး ငါ့ကို လိုက်မပို့ပါနဲ့။ နောက်ဘဝမှာ မင်းတို့နဲ့ ထပ်တွေ့ခွင့်ရပါစေလို့ မျှော်လင့်ပါတယ်"

ထိုသို့ပြောပြီးနောက် သူက အပြင်ဘက်သို့ ဒယိမ်းဒယိုင်းနှင့် တစ်လှမ်းချင်း လျှောက်သွားတော့၏။

ထန်ကောရှန်က သူ့နောက်လိုက်ကာ အော်လိုက်သည်"ကျီချန်"

ကျိုးကျီချန်က ပြန်လှည့်မကြည့်သလို ရပ်လဲမရပ်ခဲပေ။ အစားအစာဘာတစ်ခုမှ မထိဘဲ သူက တစ်လှမ်းချင်းလှမ်းရင်း ထွက်ခွာသွားခဲ့သည်။

ထန်ကောရှန်နှင့်ချင်ချန်ယွဲ့တို့နှစ်ယောက်က မျက်ရည်များအား မထိန်းနိုင်တော့ပေ။ သူတို့က ကျိုးကျီချန်အား တားဆီးချင်သော်လည်း သူ၏စိတ်ပိုင်းဖြတ်ထားမှုကိုလည်း ခံစားမိ၏။

ထိုအချိန်တွင် ထန်ရှုက ပြောလိုက်သည်"အဖိုး၊ အဖွား၊ မစိုးရိမ်ပါနဲ့။ ယူဂလေ့ကို သွားတဲ့လမ်းမှာ အကြီးအကဲကို ကာကွယ်ဖို့ ငါ လူအချို့ လွှတ်လိုက်မယ်။ သူ အဲကို ရောက်တဲ့အခါကျရင် အကြီးအကဲကို ကူညီဖို့ လူအချို့ကို တာဝန်ပေးထားလိုက်မယ်၊ ဒါမှ သူ့ရဲ့‌နောက်ဆုံးနေ့ရက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းနိုင်မှာ"

***

All Chapters