အစီအစဉ်
Vol. 75 Ch. 1047
နေဝင်ရီတရောအချိန်တွင် တိုက်လေယာဉ်သုံးစီးက ပစိဖိတ်သမုဒ္ဒရာအထက်၊ တိမ်စိုင်များကို ဖြတ်လျက် အမှတ်ကိုးစွန့်ပစ်ကျွန်းဆီသို့ လျင်မြန်စွာ ပျံသန်းလာနေသည်။
ထိုအချိန်တွင် ပစိဖိတ်သမုဒ္ဒရာထဲရှိ ကျင့်ကြံသူတစ်ရာကျော်နှင့်သင်္ဘောဒါဇင်ကျော်က ခေါင်းမော့ကာ တိုက်လေယာဉ်သုံးစီးအား အာရုံစိုက်လိုက်ကြသည်။ တိုက်လေယာဉ်ပေါ်တွင် ပြသထားသည့် အမှတ်အသားက တရုတ်နိုင်ငံမှ ပိုင်ဆိုင်သည်ဖြစ်သောကြောင့် သူတို့အားလုံးက သိလိုစိတ်တို့ ဖြစ်လာ၏။
သို့သော် ဤနေရာက တရုတ်နှင့် အလှမ်းဝေးသော်လည်း သူတို့၏တိုက်လေယာဉ်များက ဤနေရာအထိ ပျံသန်းလာခဲ့သည်။ အဘယ်ကြောင့် အခြားတိုင်းပြည်များက ထိုလေယာဉ်များအား မတားဆီးရသနည်း။ မည်သည့်အကြောင်းကြောင့် ထိုလေယာဉ်များက ဤနေရာသို့ ပျံသန်းလာရသနည်း။
တောက်၊ တောက်၊ တောက်...
သိပ်မကြာခင် တိုင်းပြည်အမျိုးမျိုးမှ ကျင့်ကြံသူအဖွဲ့များ၏ခေါင်းဆောင်များက စာတစ်စောင် တစ်ပြိုင်နက်တည်း ရရှိခဲ့သည်- "ပစိဖိတ်သမုဒ္ဒရာထဲမှာ မြှုပ်နှံထားတယ်ဆိုတဲ့ရတနာက လုပ်ကြံမှုတစ်ခုသာ ဖြစ်ပြီး ဒီကောလဟာလရဲ့တရားခံက ကောင်းကင်ဘုံမှော်ဆရာကလန်ပဲ၊ တရုတ်ရဲ့အထူးစွမ်းရည်ဗျူရိုနဲ့ တိုက်ခိုက်ပြီးနောက် ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့ကလန်သားတော်တော်များများက သေဆုံးဒဏ်ရာရသွားခဲ့တယ်။ တရုတ်အထူးစွမ်းရည်ဗျူရိုရဲ့ဌာနခွဲတစ်ခုဖြစ်တဲ့ကျွန်းကို တိုက်ခိုက်ဖို့အတွက် သူတို့က ကောလဟာလတစ်ခု ထုတ်လွှင့်ပြီး ကမ္ဘာတစ်ဝှမ်းက ကျင့်ကြံခြင်းအဖွဲ့တွေကို အသုံးပြုဖို့ ကြိုးစားခဲ့တာပဲ"
ငါတို့အားလုံး အကွက်ချခံရတာလား။ ရတနာနဲ့ပတ်သက်တဲ့သတင်းက အတုလို့ ဆိုလိုတာလား။
ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့တရုတ်ရဲ့အထူးစွမ်းရည်ဗျူရိုလား။
အဖွဲ့ခေါင်းဆောင်များက ဒေါသထွက်သွားကြပြီး သတင်းအချက်အလက်ချန်နယ်အမျိုးမျိုးကို အသုံးပြုလျက် ကြေငြာချက်၏နောက်ကွယ်မှ အမှန်တရားအား စုံစမ်းစစ်ဆေးခဲ့ကြသည်။ သို့သော် သူတို့အား အလွန်တရားအံ့အားသင့်သွားစေသည်၊ မယုံကြည်နိုင်ဖြစ်သွားစေသည်ကား ကောင်းကင်ဘုံမှော်ဆရာကလန်အား အမဲလိုက်ရန်အတွက် ဆုလာဒ်များ အမှန်တကယ် ရှိနေပြီး ပစိဖိတ်သမုဒ္ဒရာထဲ၌ ထိုကလန်သားများ ထွက်ပေါ်လာသည့်သတင်းက ထုတ်ပြန်ချက်အပေါ် သူတို့အား လက်ခံယုံကြည်သွားစေသည်။
ရတနာအတွက်ကတော့ ဤနေရာ၌ တကယ်သာ ရှိလျှင် သူတို့ထက် ပစိဖိတ်သမုဒ္ဒရာသို့ စောစောရောက်လာသော ကောင်းကင်ဘုံမှော်ဆရာကလန်က သူတို့ကလန်သားများအား အဘယ်ကြောင့် ပြန်ခေါ်ကာ သူတို့၏ပိုင်နက်မှ တစ်ယောက်မှ မထွက်လာရသနည်း။
နောက်ထပ်သတင်းတစ်ခုကလည်း အဖွဲ့ခေါင်းဆောင်များထံ လျင်မြန်စွာ ပျံ့နှံ့လာသည်- "အထူးစွမ်းရည်ဗျူရိုရဲ့လျှို့ဝှက်ဌာနခွဲပြောင်းရွှေ့ဖို့အတွက် တရုတ်အစိုးရကလဲ တရုတ်ကျင့်ကြံသူတွေကို စေလွှတ်လိုက်ပြီ"
တရုတ်ကျင့်ကြံသူများ၊ သူတို့အားလုံးက ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့ခေါင်းဆောင်များအတွက် တောင်တန်းကြီးများပမာ လေးလံသာ ဖိအားတို့ ယူဆောင်လာသည့် တည်ရှိမှုများ ဖြစ်ကြ၏။ ခရူးစိတ်စစ်ပွဲတွင် အဖွဲ့မျိုးစုံက တရုတ်ပြည်ကို ကျူးကျော်ခဲ့ပြီး နတ်ဆိုးတစ်ဖွဲ့ပင် ပါဝင်လာခဲ့သည်၊ သို့သော် သူတိူ့၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ကျန်ရစ်စေခဲ့သည့်အထိ အရှေ့တိုင်းရသေ့များက သူတို့အား မောင်းထုတ်ပစ်ခဲ့သည်။
****
အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်တွင်။
အနီးနားရှိ ရေပိုင်နက်တွင် သင်္ဘောနှစ်စီး ဖြည်းဖြည်းချင်း ရွက်လွှင့်နေစဉ် ထန်ရှုက တိုက်လေယာဉ်မှ ခုန်ချလိုက်သည်။ သင်္ဘောနှစ်စီးထဲမှ တစ်စီး၏ကုန်းပတ်ပေါ်တွင် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်ရပ်နေပြီး သူက ပိရမစ်အဖွဲ့အစည်းထဲ၌ အာဏာရှိသူတစ်ယောက် ဖြစ်ပုံရ၏။ သူက ကုလားထိုင်တစ်ခုပေါ်တွင် မှီရင်း အလှလေးနှစ်ယောာက်၏နှိပ်နယ်မှုအား အရသာခံနေသည်။ သူ့လက်ထဲတွင် ဝိုင်နီတစ်ပုလင်းကိုင်ထားလျက်ရှိ၏။
အနေအထားအသစ်တစ်ခုလား"
သူက ရုတ်ချည်းထရပ်ကာ အလှလေးနှစ်ယောက်အား ထွက်သွားရန် လက်ပြလိုက်သည်။ သူ့မျက်လုံးများက ကောင်းကင်ရှိတိုက်လေယာဉ်များထံ ရောက်ရှိသွား၏။ တိုက်လေယာဉ်မှ တစ်ကီလိုမီတာနီးပါးအမြင့်မှ တစ်ယောက်ယောက်က ခုန်ချနေသည်ကို သိမ်းငှက်နှင့်တူသောသူ့မျက်လုံးများက မြင်လိုက်ရ၏။
"တစ်ယောက်ယောက် သတ်သေဖို့ လုပ်နေတာလား"
သူ့ဘေးနားတွင် မျက်နှာတွင် အမာရွတ်နှင့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်ရှိ၏။ သူ့မျက်ခုံးများက ရုတ်တရက် ကျုံ့သွားပြီး နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။
သက်လတ်ပိုင်းလူက ဘာမှ မပြောပေ။ ကုလားထိုင်မှ ထရပ်ပြီးနောက် သူက လက်နောက်ပစ်လျက် ကောင်းကင်အား ကြည့်လိုက်သည်၊ ထိုလူက သတ်သေရန် ကြိုးစားနေသည်ဟု သူ့တွင် တူညီသောအတွေးရှိ၏။ တကယ်တော့ တစ်ကီလိုမီတာနီးပါးမြင့်မားသည့်လေထဲမှခုန်ချခြင်းက ပင်လယ်ရေအောက်သို့ ကျသွားလျှင်ပင် သေဆုံးခြင်းနှင့်သာ တွေ့ဆုံရပေလိမ့်မည်။
"မဖြစ်နိုင်ဘူး..."
မယုံကြည်နိုင်သောမျက်လုံးများနှင့်အတူ သက်လတ်ပိုင်းလူ၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ မူလက ထိုပုံရိပ်က တစ်ကီလိုမီတာအမြင့်မှ ခုန်ချလိုက်သော်လည်း ပင်လယ်ပြင်အထက် နှစ်ရာမီတာကျော်သို့ ရောက်သောအခါ သူက လေထဲ၌ ရပ်နေလေသည်။
ပိန်ပါးသောလူငယ်က ရုတ်တရက် အံ့အားသင့်စွာ ပြောလိုက်သည်"ဘုရားသခင်...သူ ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ ဒီလိုစွမ်းဆောင်နိုင်ဖို့ သူ ဘယ်လောက်တောင် အားကောင်းရတာလဲ"
ဤအချိန်တွင် သက်လတ်ပိုင်းအရွယ်ယောက်ျားက ထန်ရှု၏မျက်နှာအား မြင်လိုက်ရသည်။ ခဏနှနှုတ်ဆိတ်သွားပြီးနောက် သူ့အကြည့်က မနီးမဝေးရှိ ဝိုးတိုးဝါးတားပေါ်နေသောကျွန်းဆီသို့ ပြောင်းရွှေ့သွားခဲ့၏။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်သည်"လမ်းကြောင်းပြောင်းပြီး အဲဒီကျွန်းဆီ ရွက်လွှင့်လိုက်"
အစက ထန်ရှုက အမှတ်ကိုးကျွန်းသို့ ဝင်ရောက်ရန် ရည်ရွယ်ထားသည်။ သို့သော် တူညီသောဦးတည်ဘက်အတိုင်း လျင်မြန်စွာ ရွက်လွှင့်နေသည့် သင်္ဘောနှစ်စီးထွက်ပေါ်လာသည်ကို မြင်ပြီးနောက် သူက ရည်ရွယ်ချက်ပြောင်းလိုက်သည်။ သူတို့ကို မြင်ပြီး သူ့မျက်နှာပေါ်တွင် အေးစက်စက်အလင်းတစ်ခု လက်သွားလေ၏။
ဝှစ်...ဝှစ်...ဝှစ်...
အမှတ်ကိုးစွန့်ပစ်ကျွန်းမှ အရိပ်များက လျှပ်စီးအလား ရွေ့လျားလာခဲ့သည်။ ပင်လယ်ပြင်ပေါ်တွင် အလွယ်တကူ လမ်းလျှောက်လာသည့် မိုအားဝူနှင့်ထန်ဂိုဏ်း၏ကျွမ်းကျင်သူငါးယောက်တို့ပင်။
"ရပ်စမ်း..."
ပင်လယ်ပြင်အထက်တွင် ပျံသန်းလွင့်မျောနေရင်း ထန်ရှုက သင်္ဘောနှစ်စီး၏လမ်းကြောင်းအား တားဆီးပိတ်ဆို့လိုက်သည်။ ထိုအချိန်တွင် မိုအားဝူတို့ခြောက်ယောက်အဖွဲ့က ရောက်ရှိလာခဲ့ပြီး သူ့အနောက်၌ တလေးတစား ရပ်နေခဲ့၏။
သင်္ဘောကုန်းပတ်ပေါ်တွင် ပိရမစ်၏အမှုဆောင်ဖြစ်သည့်မိုဗီနိုင်းက ရပ်နေပြီး သင်္ဘောရပ်ရန် အချက်ပြလိုက်သည်။ သူက ထန်ရှုအား စိုက်ကြည့်ကာ မေး၏"မင်းတို့က တရုတ်ကလား"
"ဟုတ်တယ်"ထန်ရှုက သာမန်မျှစွာ ပြန်ဖြေသည်"မင်းတို့က ဘယ်သူတွေလဲ၊ ဘာလို့ မင်းတို့ ဒီနေရာကို လာကြတာလဲ"
"ငါက ပိရမစ်ရဲ့မိုဗီနိုင်းပါ။ ဘာလို့ ဒီနေရာကို ငါတို့ လာလို့မရနိုင်ရမှာလဲ။ ဒီနေရာက နိုင်ငံတကာရေပိုင်နက်ပဲလေ"မိုဗီနိုင်းက ပြန်ဖြေသည်"ဒါပေမယ့် အတော်လေးထူးဆန်းတယ်လို့ ငါ ခံစားမိတယ်။ မင်းတို့ရဲ့တိုင်းပြည်ရဲ့တိုက်လေယာဉ်တွေက ပစိဖိတ်သမုဒ္ဒရာပင်လယ်ပြင်ပေါ်မှာ ပျံသန်းပြီး ဒိီနေရာကို လာနိုင်တာဆိုတော့ ဘယ်အချိန်တုန်းက မင်းတို့ရဲ့တိုင်းပြည်မှာ ဒီလိုစွမ်းရည်တစ်ခု ရှိသွားရတာလဲ"
"ဒါ မင်းတို့ အလုပ်မဟုတ်ဘူး။ ဒါပေမယ့် အရှေ့ကကျွန်းကတော့ တရုတ်ရဲ့အထူးစွမ်းရည်ဗျူရိုရဲ့လျို့ဝှက်ဌာနဆိုတာတော့ ငါ မင်းတို့ကို ပြောနိုင်တယ်"ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြော၏"ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့ ရန်ငြိုးကို ဖြေရှင်းပြီးရင် အဲနေရာကနေ ပြောင်းရွှေ့ဖို့ ငါတို့ စီစဉ်ထားတယ်၊ ဒါကြောင့် မင်းတို့မှာ အခြားကိစ္စတွေ မရှိရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ မဟုတ်လို့ကတော့..."
"မဟုတ်လို့ကတော့ ဘာဖြစ်လဲ။ မင်းတို့က ငါတို့ကိုပါ တိုက်ခိုက်မှာလား"မိုဗီနိုင်းက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ဟမ့်၊ မင်းတို့လောက်နဲ့လား။ မင်းတို့က မထိုက်တန်ပါဘူး"ထန်ရှုက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်"ဒါပေမယ့် မင်းတို့က တကယ်ပဲ ငါတို့အထူးစွမ်းရည်ဗျူရိုကို လာချင်တယ်ဆိုရင်တော့ ငါတို့ကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့ပေါ့"
"မင်းတို့က ငါ့ရဲ့ပိရမစ်အဖွဲ့အစည်းကို ရန်သူတစ်ယောက်အဖြစ် ရင်ဆိုင်ရဲတာပေါ့လား"မိုဗီနိုင်းက အေးစက်စွာ ပြောလိုက်သည်။
"ပိရမစ်က တကယ်ပဲ အရမ်းသန်မာပါတယ်။ မင်းတို့ကို ကမ္ဘာ့အကြီးမားဆုံးအဖွဲ့အစည်းလို့ သတ်မှတ်လို့ရတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ငါ မင်းကို ပြောလိုက်အုံးမယ်၊ မင်းတို့ရဲ့အဖွဲ့အစည်းက ဘယ်လောက်ပဲ အားကောင်းပါစေ၊ တရုတ်ရဲ့အဖွဲ့အားလုံးကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ငါက ဒီနေရာက အထူးစွမ်းရည်ဗျူရိုရဲ့လူတွေကို ကူညီဖို့ သတ်မှတ်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ မင်းတို့ရဲ့ပိရစ်မစ်အဖွဲ့အစည်းက ကောင်းကင်ဘုံမှော်ဆရာကလန်နေရာမှာ အစားထိုးချင်တယ်ဆိုရင်လည်း မင်းတို့ လုပ်လို့ရပါတယ်"
"မင်းတို့က တကယ်ပဲ ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့ ပြဿနာတစ်ခု ရှိတာလား"မိုဗီနိုင်းက သိလိုစိတ်နှင့် မေးလိုက်သည်။
"ဒါက ရိုးရှင်းတဲ့ပြဿနာတစ်ခုမဟုတ်ဘူး"ထန်ရှုက ပြော၏"အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်သားတွေက သေသင့်တယ်။ သူတို့က ငါတို့ရဲ့အရေးကြီးပစ္စည်းတွေကို ခိုးယူဖို့ ကြိုးစားခဲ့တယ်၊ ငါတို့ရဲ့လူတွေများစွာကို သတ်ဖြတ်ခဲ့တယ်။ ဒီနေရာကို လွှတ်လိုက်တဲ့သူတို့ရဲ့လူတွေများစွာကို ငါတို့ သတ်ဖြတ်ခဲ့ပြီးနောက် ငါတို့ကို ကမ္ဘာတစ်ဝှမ်းကအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့စေဖို့အတွက် ပစိဖိတ်သမုဒ္ဒရာမှာ ရတနာအချို့ ရှိတယ်လို့ သူတို့က ကောလဟာလထုတ်လွှင့်ခဲ့ကြတယ်။ သူတို့က သူတို့ရဲ့ရည်ရွယ်ချက်ကို အောင်မြင်တယ်လို့ ပြောလို့ရပါတယ်"
မိုဗီနိုင်းက ခဏနှုတ်ဆိတ်သွားပြိးနောက် ထပ်မေးလိုက်သည်"ဒါဆို သူတို့အတွက် ကောင်းကင်အလားမြင့်မားတဲ့ဆုလာဒ်ကို ထုတ်ပြန်ခဲ့တာ မင်းတို့ပဲပေါ့"
"ငါတို့က ကျင့်ကြံသူတွေပဲ။ ပိုက်ဆံဆိုတာ ငါတို့အတွက် အများကြီးမလိုအပ်ဘူး"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"တရုတ်က တိုင်းပြည်တစ်ခုအနေနဲ့ ဒီလူတွေကို သတ်ဖြတ်ဖို့ ဝန်လေးနိုင်ပေမယ့် ငါတို့လို့ကျင့်ကြံသူတွေကတော့ သတ်ဖြတ်ရတာ ပြဿနာမရှိဘူး။ ဒါကြောင့် ကောင်းကင်ဘုံမှော်ဆရာကလန်အနေနဲ့ သူတို့ရဲ့ပျက်ဆီးမှုကို စောင့်မျှော်နေလို့ရတယ်၊ အနာဂတ်မှာ ငါက ဒီကလန်ကို အပြီးတိုင်ဖျက်ဆီးမှာမို့လိုပဲ"
"မင်းရဲ့လေသံအရ မင်းမှာ ထူးခြားတဲ့စွမ်းအားရှိတာဖြစ်မယ်၊ ဆရာ"မိုဗီနိုင်းက လက်မထောင်ကာ ချီးကျူးလိုက်သည်"ပိရမစ်က မင်းတို့တိုင်းပြည်ရဲ့အထူးစွမ်းရည်ဗျူရိုနဲ့ကျင့်ကြံသူတွေနဲ့ ရန်သူမဖြစ်ချင်ပါဘူး။ တစ်ဖက်မှာ ကောင်းကင်ဘုံမှော်ဆရာကလန်က ငါတိုနဲ့ နက်ရှိုင်းတဲ့ရန်ငြိုးရှိတဲ့ မဟူရာကလပ်ရဲ့လက်အောက်ခံပဲ။ ရန်သူရဲ့ရန်သူက မိတ်ဆွေလို့ မင်းတို့တိုင်းပြည်ရဲ့ဆိုရိုးရှိတယ်။ ဒါကြောင့် ငါတို့က ရန်သူတွေ မဟုတ်ဘူး၊ ဘုံရန်သူတွေ ရှိတာပဲ။ ဒါကြောင့် မင်းတို့က ကောင်းကင်ဘုံမှော်ဆရာကလန်ကို အပြီးပြတ်ဖျက်ဆီးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"
ထန်ရှုက လက်သီးဆုပ်ကာ ပြန်ပြောလိုက်သည်"မင်းတို့က ငါတို့နဲ့ ရန်သူမဖြစ်ချင်မှတော့ ငါကလဲ မင်းတို့ကို ထွက်သွားဖို့ မေးရမှာပေါ့။ မကြာခင်မှာ ကောင်းကင်ဘုံမှော်ဆရာကလန်က သူတို့ရဲ့အကြွေးကို ပေးဆပ်ရမှာပါ။ အချိန်ရောက်လာရင် ပြပွဲကို ကြည့်ဖို့ မင်းတို့ကို ဆက်သွယ်ရလို့လဲ ပြဿနာမရှိပါဘူး။ ဒါပေမယ့် မင်းတို့က ငါတို့နဲ့ ပူးပေါင်းပါဝင်အားထုတ်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့"
မိုဗီနိုင်းက ထန်ရှုနှင့်သူ့နောက်ရှိမိုအားဝူတို့ခြောက်ယောက်အဖွဲ့အား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ပိန်ပိန်ပါးပါးလူငယ်ထံ လှည့်ပြောကာ အမိန့်ပေးလိုက်၏"လမ်းကြောင်း ပြန်လှည့်လိုက်ပါ။ ငါတို့ ထွက်သွားကြမယ်"
"နားလည်ပါပြီ"ပိန်ပိန်ပါပါးလူငယ်က ချက်ချင်း ပြန်ဖြေလိုက်သည်။
သင်္ဘောနှစ်စီး ပျောက်ကွယ်သွားပြီးနောက် ထန်ရှုက မိုအားဝူဘက် လှည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်မှာရှိတဲ့အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နဲ့အထက်ကျွမ်းကျင်သူတွေအားလုံးကို နဂါးကိုးကောင်ကျွန်းဆီ ချက်ချင်း ပြန်လာဖို့ အသိပေးလိုက်ပါ။ မင်းတို့ရဲ့ခြေရာလက်ရာတွေကို ဖျောက်ဖျက်ဖို့ ဂရုစိုက်ပါ။ မင်းတို့ရဲ့အပြန်လမ်းမှာ ဘယ်သူ့ကိုပဲ တွေ့တွေ့၊ ညှာတာမနေဘဲ ချက်ချင်း သတ်ပစ်"
"နားလည်ပါပြီ"
ဘာဖြစ်နေသလဲဆိုသည်ကို မိုအားဝူက မသိသော်လည်း သူက တလေတစား ပြန်ဖြေလိုက်သည်။
များမကြာမီ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှင့်အထက်ကျွမ်းကျင်သူများက နဂါးကိုးကောင်ကျွန်းသို့ လျှို့ဝှက်စွာ ပြန်ရောက်လာခဲ့သည်။
နန်းတော်ကွက်လပ်တွင်။
လက်နောက်ပစ်လျက် သူ့ရှေ့ရှိ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့်အထက်ကျွမ်းကျင်သူနှစ်ရာနီးပါးကို ကြည့်ကာ ထန်ရှုက စတင်ပြောကြားလိုက်သည်"အားလုံးပဲ၊ လက်ရှိမှာ တရုတ်နိုင်ငံက ဟိမဝန္တာတောတွင်းပိုင်းက နတ်ဆိုးသားရဲတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ နတ်ဆိုးသားရဲက ဘယ်လိုသားရဲရိုင်းမျိုးစိတ်တွေထက်မဆို ကြောက်စရာကောင်းတယ်၊ နတ်ဆိုးသားရဲတစ်ကောင်က အဆင့်တူညီတဲ့သားရဲရိုင်းအနည်းငယ်နဲ့ ညီမျှတယ်။ ဒါပေမယ့် သာမန်လူတွေကို ကာကွယ်ဖို့အတွက် မင်းတို့တွေ ငါနဲ့အတူ တရုတ်ကို ပြန်သွားရမယ်။ ဒါပေမယ့် မင်းတို့က သေခြင်းရှင်ခြင်းကြိုးတန်းပေါ်မှာ လျှောက်ရတော့မယ်ဆိုတာကိုလဲ မျှော်မှန်းထားရမယ်"
ကူးရှောင်ရွှယ်က ရှေ့နှစ်လှမ်းတက်ကာ မေးလိုက်သည်"ဒါဆို ဒီနေရာကိုရော ဘယ်လိုလုပ်မလဲ၊ ဆရာအဘိုး"
"ယန်အာက ဒီနေရာကို စောင့်ကြပ်ပေးနေတာကြောင့် ငါ စိတ်ချလို့ရတယ်"ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"ပြီးတော့ ရှောင်ရွှယ်နဲ့ထန်အန်း၊ မင်းတို့နှစ်ယောက်က ဒီနေရာမှာ နေခဲ့ရမယ်။ နဂါးကိုးကောင်ကျွန်းကို ရှာဖွေလာတဲ့ဘယ်သူ့ကိုမဆို သတ်ပစ်"
***