← Chapters

အနေအထားစူးစမ်းခြင်း

Vol. 75 Ch. 1048

အနေအထားစူးစမ်းခြင်း

Vol. 75 Ch. 1048

အစီအစဉ်ချပြီးနောက် ထန်ရှုက အခြေအနေအား အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ထို့နောက် ထန်ဂိုဏ်း၏တပည့်များအား ရေအောက်စစ်သင်္ဘောပေါ်တက်ရန် အမိန့်ပေးလိုက်သည်။ ကျင်းမန်ကျွန်းဆိပ်ကမ်းသို့ ရောက်ရှိရန် ဆယ်မိနစ်သာ ကြာခဲ့၏။ သူတို့အား ရှန်းဟိုင်လေဆိပ်သို့ ပို့ပေးရန် ကားဒါဇင်ကျော်က အသင့်စောင့်နေပြီး အနောက်ပိုင်းသို့ ပို့ပေးရန် လေယာဉ်တစ်ခုအား ကြိုတင်ပြင်ဆင်ထားသည်။

သို့သော် ထန်ဂိုဏ်း၏ကျွမ်းကျင်သူများအပြင် ထန်ရှု၏တပည့်များလဲ ပါဝင်လာသည်။ လက်ရှိတွင် ကူးရင်က ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ သူမအား ဖန်လုံအိမ်ထဲမှပန်းတစ်ပွင့်လို မဖြစ်စေချင်။ သို့ကြောင့် သူမက သေခြင်းရှင်ခြင်းတိုက်ပွဲများအား တွေ့ကြုံခံစားရန် လိုအပ်သည်။

ယူဂလေ့။ လက်ရှိတွင် မြို့က ဖရိုဖရဲဖြစ်နေပြီး ဆိုးဆိုးဝါးဝါး ထိခိုက်ထားသည်။ ယာယီနေထိုင်ရာအဖြစ် ရွက်ဖျင်တဲများ တည်ဆောက်ထားကြသည်။ ပတ်ဝန်းကျင်ဒေသများမှ သွားလာရေးလမ်းကြောင်းများအားလုံးကို စစ်သားများက ပိတ်ဆို့ထားပြီး သာမန်လူများ ဝင်ရောက်ခြင်းမှ တားမြစ်ထား၏။

"ဒီလောက်များတဲ့သတင်းထောက်တွေ ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ"

ထန်ရှုက ရောက်ရှိလာချိန်တွင် သတင်းထောက်များက တားမြစ်စည်းအပြင်ဘက်၌ စုပြုံနေပြီး သူတို့၏ဦးခေါင်းများက အထဲသို့ ချောင်းငဲ့ကြည့်နေကြ၏။

ဟွန်း၊ ဟွန်း...

စစ်တပ်ကားဟွန်းသံများက သတင်းထောက်များအား မောင်းထုတ်လိုက်ကြသည်။ SUVကားများမောင်းနှင်လာသည့်စစ်သားများက စာရွက်စာတမ်းများအား ပြသပြီးနောက် ကားတန်းက အတွင်းပိုင်းသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့၏။

ထိုအချိန်တွင် သွမ်မုလင်နှင့်အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်သူအနည်းငယ်က စစ်တပ်တဲအရှေ့၌ စောင့်နေလေသည်။ တုတ်ခိုင်သန်မာသောအမျိုးသားနှင့်အမျိုးသမီးများက စစ်တပ်ကားဒါဇင်ကျော်မှ ဆင်းလာသည်ကို မြင်သောအခါ သူက ရုတ်တရက် အံ့အားသင့်သွား၏၊ အထူးသဖြင့် သူတို့သယ်ဆောင်ထားသည့်စစ်လွယ်အိတ်များကြောင့်ပင်။

ထန်ရှုက ရှေ့ထွက်လာကာ နှုတ်ဆက်ပြီး‌နောက် ပြောလိုက်သည်"စီနီယာသွမ်မုလင်၊ ငါ့ဂိုဏ်းရဲ့အဖွဲ့ဝင်အများစုကို ငါ ခေါ်လာခဲ့တယ်၊ စုစုပေါင်း၂၀၁ယောက်ရှိတယ်။ သူတို့နေထိုင်ဖို့ သီးသန့်နေရာတစ်ခုကို စီစဉ်ပေးဖို့ ငါ မျှော်လင့်တယ်၊ ပြီးတော့ သူတို့ကို အမိန့်ပေးနိုင်တဲ့စွမ်းအားကိုလဲ ငါ တောင်းခံချင်တယ်"

သွမ်မုလင်က ခဏနှုတ်ဆိတ်သွားပြီးနောက် သိလိုစိတ်နှင့် မေးလိုက်သည်"ငါ မင်းကို အရင်ဆုံး မေးချင်တာတစ်ခုရှိတယ်၊ ထန်ရှု။ သူတို့က စစ်သားတွေလားဒါမှမဟုတ်ကျင့်ကြံသူတွေလား။ သူတို့တွေမှာ သိပ်သည်းတဲ့စစ်သားအရှိန်အဝါနဲ့သတ်ဖြတ်ခြင်းဆန္ဒနှစ်ခုစလုံးရှိနေတယ်"

"ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောခွင့်ပြုပါ၊ စီနီယာသွမ်မုလင်"ထန်ရှုက ပြော၏"သူတို့အားလုံးက ငါ့တပည့်လေ့ကျင့်ပေးထားတဲ့ ကျင့်ကြံသူတွေပဲ။ သူတို့ ငယ်ငယ်ကတည်းက အရမ်းရက်စက်တဲ့ပတ်ဝန်းကျင်တွေဆီ ‌စေလွှတ်ထားခဲ့ပြီး သူတို့အများစုကို ကမ္ဘာတစ်ဝှမ်းက ဒုစရိုက်သမားတွေက လိုချင်နေကြတယ်။ ဒါပေမယ့် သူတို့က သေဖို့ထိုက်တန်တဲ့သူတွေကိုပဲ သတ်ဖြတ်ခဲ့တယ်ဆိုတာ ငါ အာမခံတယ်၊ ငါတို့တိုင်းပြည်မှာ ဥပဒေနဲ့မလွတ်ကင်းတာ ဘာတစ်ခုမှ သူတို့ မလုပ်ခဲ့ကြဘူး"

သွမ်မုလင်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်"မင်းအာမခံမှတော့ ငါ စိတ်ချပါတယ်။ ကောင်းပြီလေ၊ သူတို့နေထိုင်ဖို့အတွက် ငါ ချက်ချင်း စီစဉ်ခိုင်းလိုက်မယ်။ သူတို့က ရိက္ခာတွေနဲ့ပစ္စည်းတွေကိုလဲ လက်ခံရရှိလိမ့်မယ်။ ဒါပေမယ့် ငါ့မှာ နောက်ဆုံးမေးခွန်းတစ်ခု ရှိတယ်"

"ကျေးဇူးပြုပြီး မေးပါ..."ထန်ရှုက ခေါင်းညိတ်လိုက်သည်။

"သူတို့ရဲ့ခွန်အားနဲပတ်သက်ပြီးတော့ပဲ။ သူတို့က တားမြစ်စည်းကို တကယ် ထိန်းနိုင်လား"သွမ်မုလင်က မေးလိုက်သည်။

"သူတို့ရဲ့တာဝန်က တားမြစ်စည်းကို ထိန်းဖို့ မဟုတ်ဘူး၊ ဟိမဝန္တာတောတွင်းပိုင်းကို ဝင်ရောက်ပြီး နတ်ဆိုးသားရဲတွေကို အမဲလိုက်ဖို့ပဲ။ ဒါက သူတို့ကို အမိန့်ပေးကွပ်ကဲခွင့်ကို ကျုပ် တောင်းဆိုရတဲ့အဓိကအကြောင်းပြချက်လဲ ဖြစ်တယ်။ ဒါပေမယ့် ခင်ဗျား စိတ်ချပါ၊ သူတို့ထဲကအားအနည်းဆုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာ ရှိတယ်၊ ဒါကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းရှိပါတယ်"

အမူအရာပြောင်းလဲသွားလျက် သွမ်မုလင်က ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒါဆိုလဲ ကောင်းပါပြီ၊ မင်း ဆုံးဖြတ်ပြီဆိုမှတော့ ငါ ဘာမှ ထပ်မပြောတော့ဘူး။ ပြီးတော့ ထန်ရှု။ လွန်ခဲ့တဲ့နှစ်နာရီလောက်က နောက်ထပ်နတ်ဆိုးသားရဲလှိုင်းတစ်ခု ဖြစ်ခဲ့တယ်။ လူဒါဇင်ကျော် ကျရှုံးပြီး ဒါဇင်ကျော် ဒဏ်ရာရသွားခဲ့တယ်"

"နောက်ဆုံးလှိုင်းမှာ သူတို့အရေအတွက်ဘယ်လောက်ရှ်ိလဲ"

"စုစုပေါင်းနှစ်ရာ"သွမ်မုလင်က အားတင်းပြုံးလျက် ပြော၏"ဒါပေမယ့် သူတို့ထဲကအားအကောင်းဆုံးတစ်ကောင်က ထူးထူးခြားခြားအားကောင်းတယ်။ ကံကောင်းစွာနဲ့ မြောင်ဝမ်ထန်၊ ရှောက်မင်ကျန့်နဲ့တာအိုဆရာသခင်ကျီရီတို့ ပူးပေါင်းပြီး ဒီနတ်ဆိုးသားရဲကို တွန်းလှန်ပေးခဲ့တယ်"

ထန်ရှ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ နတ်ဆိုးသားရဲအား တွန်းလှန်ရန် သူတို့သုံးယောက် ပူးပေါင်းခဲ့ရသည့်အတွက် နတ်ဆိုးသားရဲက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သည်ဟု ဆိုလိုသည်။ ယခုကဲ့သို့ အားကောင်းသောသားရဲတစ်ကောင်က ဦးဆောင်လာသည့်အတွက် တောတွင်းပိုင်းထဲတွင် ကြောက်စရာကောင်းသောခွန်အားများပိုင်ဆိုင်သည့်နတ်ဆိုးသားရဲများစွာ ရှိနိုင်ချေများသည်ဟု ဆိုလို၏။

နာရီဝက်ကြာပြီးနောက် ယာယီတဲများအား ဆောက်လုပ်ခဲ့ပြီဖြစ်ပြီး အခြားသူများ၏နေရာများနှင့် သီးခြားထား၏။

"အားလုံးပဲ၊ စုဝေးကြ"

ထန်ရှုက အမိန့်ပေးလိုက်သည့်အခိုက်တွင် ထန်ဂိုဏ်း၏တပည့်၂၀၁ယောက်က သူ့အရှေ့တွင် ထွက်ပေါ်လာခဲ့ပြီး လျင်မြန်စွာ တန်းစီလိုက်ကြသည်။

“

"မိုအားဝူ၊ ကျင်းရှီ၊ ယဲ့ရှစ်စန်းနဲ့ ဟောင်လဲ့။ မင်းတို့လေးယောက်က လူလေးဆယ်ကို ဦးဆောင်ရမယ်"ထန်ရှုက နက်ရှိုင်းသောအသံဖြင့် အမိန့်ပေးလိုက်သည်"မင်းတို့လေးယောက်က ငါ့အမိန့်အတိုင်း လိုက်နာရမယ်၊ ကျန်တဲ့သူတွေက ငါ့နောက် လိုက်လာရမယ်။ ငါတို့တွေ ငါးဖွဲ့ခွဲမယ်၊ ငါတို့ရဲ့ရည်ရွယ်ချက်က နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ပြီး လေ့ကျင့်ဖို့‌ပဲ"

"သိပါပြီ..."

သူတို့လေးယောက်က ချက်ချင်း ပြန်ဖြေလိုက်သည်။

"စထွက်ကြရအောင်။ အတွင်းပိုင်းက အနေအထားကို ငါတို့ စုံစမ်းရမယ်။ မင်းတို့ယူလာတဲ့အဆင့်မြင့်လက်နက်တွေကိုလဲ တိုက်ပွဲထဲမှာ အသုံးပြုလို့ရတယ်"ထန်ရှုက ဆက်ပြောသည်"အထူးသဖြင့် နတ်ဆိုးသားရဲတွေရဲ့လှုပ်ရှားမှုကို ရှာဖွေဖို့ စောင့်ကြည့်ရေးကိရိယာတွေကို အချိန်ကိုက်အသုံးပြုမယ်ဆိုရင် တိုက်ပွဲအစီအစဉ်ကို ချက်ချင်း ဖော်ထုတ်ဖို့ ငါတို့ကို အကူအညီပေးနိုင်တယ်"

ညနက်ပိုင်းတွင် ထန်ရှုနှင့်ယဲ့ရှစ်စန်းတို့က ဟိမဝန္တာတောင်တွင်းပိုင်းထဲသို့ တစ္တေများပမာ ခိုးကြောင်ခိုးဝှက်ဝင်လာခဲ့သည်။ တောင်ထိပ်နှစ်ခုအား သူတို့ ဖြတ်သန်းပြီးသောအခါ သူတို့ပခုံးအား မမြင်နိုင်သောဖိအားတစ်ခုက ရုတ်တရက် ဖိနှိပ်လာသည်ကို ခံစားလိုက်ရ၏။

"ဒီနေရာက ဟင်းလင်းပြင်ကမ္ဘာ့ဆွဲအားနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်၊ ဂိုဏ်းချုပ်"ယဲ့ရှစ်စန်းက အသံဖိနှိပ်လျက် လေးနက်စွာ ပြောလိုက်သည်။

"မှန်တယ်။ ဒီနေရာရဲ့ကမ္ဘာဆွဲအားက အပြင်ကမ္ဘာထက် အနည်းဆုံးငါးဆပိုမြင့်တယ်လို့ ငါ အာရုံခံမိတယ်။ ဒီနေရာမှာ နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်မယ်ဆိုရင် ငါတို့ကို သက်ရောက်မှုရှိစေမှာ သံသယရှိစရာမလိုဘူး"ထန်ရှုက ပြန်ဖြေသည်"ယဲ့ရှစ်စန်း၊ မင်း အရင်ပြန်ဆုတ်သွား၊ အနေအထားကို စစ်ဆေးဖို့ ငါ အထဲကို ခိုးဝင်သွားမယ်။ နတ်ဆိုးသားရဲတစ်ကောင်ကောင်နဲ့ မင်း တွေ့ရင် အကြာကြီး မတိုက်ခိုက်နဲ့။ မင်း သတ်နိုင်ရင် သတ်၊ မသတ်နိုင်ရင် ချက်ချင်း ပြန်ဆုတ်"

"ငါ မင်းနဲ့အတူ သွားမယ်၊ ဂိုဏ်းချုပ်။ အန္တရာယ်ဖြစ်လာတဲ့အခါ ငါ မင်းကို ကာကွယ်ပေးနိုင်ပါတယ်"ယဲ့ရှစ်စန်းက စိုးရိမ်သောမျက်နှာနှင့် ပြန်‌ပြောလိုက်သည်။

"မလိုဘူး"ထန်ရှုက ခေါင်းခါလိုက်သည်။

"ဒါဆို ငါ အပြင်မှာ စောင့်နေပါ့မယ်"ယဲ့ရှစ်စန်းက ပြန်ပြောသည်။

စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ရင်း ထန်ရှုက တိတ်တဆိတ် ဝင်လာခဲ့သည်။ ကိုယ်ပျောက်အဆောင်ကို ယူထုတ်ကာ အသက်သွင်းပြီးနောက် ရှေ့သို့ ဆက်သွား၏။ လမ်းတစ်လျှောက် နတ်ဆိုးသားရဲလှိုင်းဒါဇင်ကျော်အား တွေ့ရှိခဲ့ရပြီး အချို့က ရွှေအမြုတေအဆင့်ရှိသည်ဟု ထန်ရှုက ဆုံးဖြတ်ခဲ့သည်။

"သူတို့ထဲမှာ အကောင်ကြီးက ဘယ်နေရာမှာ ရှိနိုင်မလဲ"

တောင်အတွင်းပိုင်းထဲသို့ ညဘက်ခိုးကြောင်ခိုးဝှက်ဝင်လာရခြင်းအတွက် ရည်ရွယ်ချက်နှစ်မျိုးရှိသည်။ ပထမတစ်ခုက နတ်ဆိုးသားရဲများ၏လှုပ်ရှားမှုများကို ရှာဖွေရန်ဖြစ်ပြီး ဒုတိယက အားအကောင်းဆုံးနတ်ဆိုးသားရဲနှစ်ကောင်လောက်ကို ရှာကာ သူတို့၏အစစ်အမှန်ခွန်အားအား ဖော်ထုတ်ရန်ဖြစ်၏။

"ဆိုးပါတယ်ကွာ"

ထန်ရှု၏ခန္ဓာကိုယ်က ရုတ်တရက် တင်းကျပ်သွားပြီး သူက နောက်သို့ ချက်ချင်း ပြန်ဆုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက မီတာတစ်ရာအထိ နောက်ဆုတ်ခဲ့ပြီး နှင်းတွင်းတစ်ခုထဲ၌ ပုန်းလိုက်၏။

ဟူး...ဟူး...

ကြီးမားသောအရှိန်အဝါများထုတ်ဖော်နေသောခြင်္သေ့နှင့်တူသည့်နတ်ဆိုးသားရဲနှစ်ကောင်က အနီးပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်၊ သူတို့၏မျက်လုံးများက ရှုပ်ထွေးသောအကြည့်တို့ ဖြစ်တည်နေလေ၏။ ခဏလှည့်ပတ်ကြည့်ရှုပြီးနောက် သူတို့က အကြည့်များဖလှယ်ကာ ခေါင်းခါယမ်းလိုက်ကြသည်။ ထူးခြားသောအရှိန်အဝါအတက်အကျတစ်ခုအား သူတို့ ခံစားခဲ့မိသော်လည်း ထိုထူးခြားသောအရှိန်အဝါအတက်အကျက ခဏအတွင်း ပြန်ပျောက်သွားခဲ့သည်။ အရိပ်တစ်ခုကိုပင် ပတ်ဝန်းကျင်၌ မမြင်တွေ့ခဲ့ရပေ။

မကြာမီ သူတို့က ထပ်လှည့်ပတ်ကြည့်လိုက်သော်လည်း အကြောင်းမထူးပေ။ ဘာတစ်ခုမှ မတွေ့ရသည့်အတွက် သူတို့က အဝေးသို့ တဖြည်းဖြည်းသို့ ပြန်ရွေ့သွားခဲ့ပြီး မကြာမီလျှင်ပင် ဤဧရိယာမှ ပျောက်ကွယ်သွားခဲ့သည်။

နှင်းတွင်းထဲတွင် သူ၏တည်ရှိမှုအရိပ်အမြွက်တစ်ခုတစ်လေမှ မထွက်ပေါ်စေရန် ထန်ရှုက ကန့်သတ်ထားခဲ့သည်။ ဤခြ‌င်္သေ့နှင့်တူသောသားရဲနှစ်ကောင်က သူ့အား ပြင်းထန်သောခြိမ်းခြောက်မှုခံစားချက်တစ်ခု ပေးစွမ်း၏။ သူတို့၏အရှိန်အဝါများမှတစ်ဆင့် သူတို့တစ်ကောင်ချင်းစီက ရွှေအမြုတေနှောင်းပိုင်းအဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်ဟု သူက ဆုံးဖြတ်နိုင်သည်။ သူတို့က ပူးပေါင်းခဲ့လျှင် သူတို့၏တိုက်ခိုက်ရေးခွန်အားက အနည်းဆုံးအခြေတည်စိတ်ဝိညာဉ်အဆင့်၌ ရှိပေလိမ့်မည်။

သူတို့က ဉာဏ်ရည်မြင့်မားပြီး အရမ်းလဲ သတိကြီးတာပဲ။ ဟမ့်။

မျက်စိတစ်မှိတ်အတွင်း မိနစ်နှစ်ဆယ်ကုန်ဆုံးသွားခဲ့သည်၊ သို့သော် ထန်ရှုက မူလနေရာမှ လုံးဝမရွေ့ပေ၊ သူ၏တည်ရှ်ိမှုနှင့်အရှိန်အဝါအား ထိန်းချုပ်လျက် တိတ်တဆိတ်စောင့်နေ၏။

ဟိန်းသံ...

အဝေးမှ အရိပ်လေးခုက လျှပ်စီးအလား ရွေ့လျားလာခဲ့သည်။ နှစ်ကောင်က လွန်ခဲ့သောမိနစ်နှစ်ဆယ်က ဤနေရာသို့ လာခဲ့သည့် ခြင်္သေ့တူနတ်ဆိုးသားရဲများဖြစ်ကြသည်။ ကျန်နှစ်ကောင်က နောက်ကျောတွင် ဆူးချွန်များနှင့် ထူးဆန်းသောသတ္တဝါများ ဖြစ်ကြ၏။

"ဖြူကောင်သားရဲတွေလား"

စိတ်ဝိညာဉ်အာရုံက ဧရိယာအား လွှမ်းခြုံသွားလျက် နောက်‌ဆုံးနတ်ဆိုးသားရဲနှစ်ကောင်၏အသွင်အပြင်အား ထန်ရှုက မြင်လိုက်ရသည်။ ဖြူကောင်သားရဲများအား သိရှိထားသဖြင့် သူ့နှလုံးသားက နစ်မြုပ်သွားခဲ့၏။ ထိုသားရဲများက နတ်ဆိုးသားရဲများ၏လက်အောက်ခံများကဲ့သို့ ဖြစ်ပြီး လှည့်ဖြားတတ်သောမြေခွေးများနှင့် ယှဉ်လျှင် ပို၍ဉာဏ်ကောင်းသည်။ သူတို့က နတ်ဆိုးသားရဲများအတွက် အကြံပေးပုဂ္ဂိုလ်များကဲ့သို့ပင်။

ထို့ပြင် ဤသားရဲမျိုးစိတ်များတွင် ထူးခြားသောအနံ့များအား ခံနိုင်သည့် စွမ်းရည်တစ်ခုရှိသည်။ နတ်ဆိုးသားရဲမဟုတ်သည့်ဘယ်သက်ရှိကိုမဆို သူတို့က အနံ့အာရုံခံနိုင်ပြီး ရန်သူ၏တည်နေရာအား ဆုံးဖြတ်နိုင်သည်။

"ကောင်းကင်ဘုံမြေကြီးချိတ်စည်း"

ထန်ရှုက အစီအရင်ချပ်ပြားနှစ်ခုထုတ်ကာ အစီအရင်ပုံစံကွက်တစ်ခုအား ရေးဆွဲလိုက်သည်။ ထို့နောက် အစီအရင်ချပ်ပြားနှစ်ခုအား အသုံးပြုကာ သူ့နားတစ်ဝိုက်၌ အစီအရင်ငယ်တစ်ခု တည်ဆောက်လိုက်သည်။

နာရီဝက်ကြာခဲ့ပြီး နတ်ဆိုးသားရဲလေးကောင်က လှည့်ပတ်ရှာကြည့်ခဲ့သော်လည်း ထူးခြားတာ ဘာတစ်ခုမှ မတွေ့ခဲ့ပေ၊ ထိုအခါတွင်မှ သူတို့က အပူအပင်မဲ့စွာ ထွက်ခွာသွားခဲ့သည်။ သူတို့၏အရိပ်အယောင်ပျောက်ကွယ်သွားပြီးနောက်မှသာ ထန်ရှုက နှင်းတွင်းထဲမှ သတိထားလျက် ထွက်လာ၏။ ထို့နောက် ကိုယ်ပျောက်အဆောင်၏အစွမ်းနှင့်အတူ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်။

ကျည်ကျည်ကျာကျာ...

ဟင်းလင်ပြင်ကမ္ဘာ့ဆွဲအားမှ ထွက်လာပြီးနောက် ဖိအားက ပေါ့ပါးသွားသလို ထန်ရှုက ခံစားလိုက်ရသည်၊ ထိုအချိန်တွင် ရုတ်တရက် အသံတစ်ခုအား သူ့စိတ်ထဲ၌ လက်ခံရရှိလာ၏။ ထို့နောက် ပုံမှန်လူသားဘာသာစကားက သူ့စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်:

"သူတို့က အလွန်အားကောင်းတဲ့နတ်ဆိုးသားရဲတွေပဲ။ ဒီကန့်သတ်ချက်ကို မဖျက်ဆီးဘဲနဲ့ သူတို့နဲ့ရင်ဆိုင်ဖို့က အတော်လေးခက်ခဲတယ်။ မင်း အခု ဘယ်မှာ ရောက်နေတာလဲ၊ ဆရာသခင်။ မင်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်အရ အဲဒီနတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်တာက မင်းအတွက် သေခြင်းသာ ဖြစ်လာလိမ့်မယ်"

ထန်ရှု၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အံ့အားသင့်စွာနှင့် ပြန်ပြောလိုက်၏"မင်းလဲ သူတို့ကို အာရုံခံမိတာလား၊ ကြယ်ဝါးမျိုအင်းဆက်"

"ဟုတ်တယ်။ ငါ သူတို့ကို အာရုံခံမိတယ်၊ သူတို့လဲ ငါ့ကို အာရုံခံမိလောက်ပြီ"ကြယ်ဝါးမျိုအင်းဆက်က ပြန်ဖြေသည်"ဒီနေရာကနေ ထွက်သွားကြရအောင်၊ ဆရာသခင်"

"မလောနဲ့၊ မလောနဲ့။ ဒီနေရာမှု ဘာဖြစ်နေလဲဆိုတာ မင်း အာရုံခံနိုင်လား။ ကမ္ဘာမြေပါ်မှာ နတ်ဆိုးသားရဲတွေ ဘယ်လိုလုပ် ရှိနေရတာလဲ"ထန်ရှုက မေးလိုက်သည်။

***

All Chapters