← Chapters

အံ့အားသင့်ဖွယ်ရာတွေ့ရှိမှု

Vol. 75 Ch. 1050

အံ့အားသင့်ဖွယ်ရာတွေ့ရှိမှု

Vol. 75 Ch. 1050

မျက်နှာပေါ်တွင် ခါးသီးသောအကြည့်နှင့် ရေမိန်းကလေးက အသံနှိမ့်လျက် ပြောလိုက်သည်"လက်ရှိစုဝေးနေတဲ့နတ်ဆိုးသားရဲတွေရဲ့အရေအတွက်က တစ်ထောင်ကျော်တယ်။ သူတို့အထဲမှာ ထူးခြားတဲ့နတ်ဆိုးသားရဲတွေကိုတော့ ငါတို့ မတွေ့သေးဘူး၊ ဒါပေမယ့် အချို့က အရမ်းသန်မာတယ်။ နတ်ဆိုးသားရဲတွေနဲ့ ပတ်သက်ပြီး ငါတို့ရဲ့တိုင်းတာမှုစံနှုန်းအရ သူတို့က အဆင့်Dလောက်ရှိမယ်"

သွမ်မုလင်က အံ့အားသင့်စွာ ပြောလိုက်သည်"ဒီနတ်ဆိုးသားရဲလှိုင်းမှာ ဒီလောက်များတဲ့အဆင့်Dသားရဲတွေရှ်ိမယ်ဆိုရင် ငါတို့ရဲ့တားမြစ်စည်းက ကျဆုံးသွားလိမ့်မယ်။ သူတို့က အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မယ်"

နတ်ဆိုးသားရဲများနှင့် တိုက်ပွဲများအပေါ် အခြေခံလျက် သွမ်မုလင်နှင့်ကျင့်ကြံသူများက နတ်ဆိုးသားရဲများအား အဆင့်ခွဲခြားထားသည်-

Fအဆင့်၊ သာမန်နတ်ဆိုးသားရဲ။

Eအဆင့်၊ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူနှင့်ယှဉ်နိုင်သောနတ်ဆိုးသားရဲ။

Dအဆင့်၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူနှင့်ယှဉ်နိုင်သောနတ်ဆိုးသားရဲ။

Cအဆင့်၊ ရွှေအမြုတေအဆင့်ကျင့်ကြံသူနှင့်ယှဉ်နိုင်သောနတ်ဆိုးသားရဲ။

Bအဆင့်၊ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှင့်ယှဉ်နိုင်သောနတ်ဆိုးသားရဲ။

Aအဆင့်၊ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှင့်ယှဉ်နိုင်သောနတ်ဆိုးသားရဲ။

နောက်ထပ်အဆင့်များက S၊ ‌SSနှင့် SSSတို့ ဖြစ်ကြသည်။

လက်ရှိတွင် ထွက်ပေါ်လာခဲ့သည့်အားအကောင်းဆုံးနတ်ဆိုးသားရဲက Bအဆင့်ရှိသည်ဟု တွက်ချက်ထားသည်။

သို့သော် ထိုကဲ့သို့ Bအဆင့်နတ်ဆိုးသားရဲများက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများဖြစ်ကြပြီး သွမ်မုလင်နှင့်အခြားတရုတ်ကျင့်ကြံသူများ၏နောက်ကျောအား ချမ်းစိမ့်စိမ့်ဖြစ်စေရန် လုံလောက်သည်။ သို့သော် ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ၊ နတ်ဆိုးသားရဲများအား ဖယ်ရှားနိုင်ရန်အတွက် သူတို့က အရာအားလုံး ပြုလုပ်ရပေမည်၊ သို့မဟုတ်လျှင် တိုင်းပြည်က ငရဲပြည်အလား ဝရုန်းသုန်းကားဖြစ်သွားပေလိမ့်မည်။

"ငါတို့အဖွဲ့တွေရဲ့အကဲဖြတ်မိတ္တူတစ်‌စောင်ကို ထန်ရှုဆီ ပို့ပေးလိုက်ပါ၊ ရေမိန်းကလေး"သွမ်မုလင်က ဓာတ်ပုံများအား ရေမိန်းကလေးထံ ပြန်ပေးလိုက်ပြီး လေးနက်သောမျက်နှာနှင့် အမိန့်ပေးလိုက်၏။

ရေမိန်းကလေးက ခေါင်းညိတ်ကာ ထန်ရှုထံ စာပို့လိုက်သည်။ ထို့နောက် သူမက လျင်မြန်စွာ မေးလိုက်၏"ငါတို့ နောက်ထပ်ဘာလုပ်ကြမလဲ၊ ခေါင်းဆောင်။ အဲဒီစုဝေးနေတဲ့နတ်ဆိုးသားရဲတစ်ထောင်ဒါမှမဟုတ်တစ်ထောင်ကျော်က တားမြစ်စည်းကို တိုက်ခိုက်လာရင် ငါတို့ ဘာဆက်လုပ်ကြမလဲ။ တားမြစ်စည်းကိုစောင့်ကြပ်နေတဲ့စစ်အင်အားက သူတို့ကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူး"

အေးစက်စက်အလင်းတစ်ခုက သွမ်မုလင်၏မျက်လုံးများအား ဖြတ်သွားပြီး သူက ပြန်မေးလိုက်သည်"ဗိုလ်ချုပ်ဝမ်ထောင်က မရောက်သေးဘူးလား"

"သူ ရောက်လာပြီ၊ အခု အစွန်အဖျားမှာ စစ်တပ်ခံစစ်အစီအစဉ်ကို လုပ်ဆောင်နေတယ်"ရေမိန်းကလေးက ခေါင်းညိတ်လိုက်သည်။

"သူနဲ့ အရင် သွားတွေ့ကြတာပေါ့"သွမ်မုလင်က ပြောလိုက်သည်"ရရှိနိုင်သမျှလက်နက်အားလုံးနဲ့ ယူဂလေ့မှာ ခုခံရေးလက်နက်စနစ်တစ်ခုကို ငါတို့ တည်ဆောက်ရမယ်။ အဆိုးဝါးဆုံးတွေ ဖြစ်လာရင် ငါတို့မှာ ဘာနည်းလမ်းမှ မကျန်တော့တဲ့အခါ စွမ်းအားကြီးမားတဲ့လက်နက်တွေကို အသုံးချရလိမ့်မယ်"

ဟိမဝန္တာတောင်တန်း။

ဂိုဏ်း၏ဂျူနီယာများအား ဦးဆောင်လျက် ထန်ရှက ပတ်ဝန်းကျင်အား ဂရုတစိုက် လေ့လာလိုက်သည်။ အေးစက်စက်လေက နှင်းဖုံးလွှမ်းသောတောင်တန်းများတစ်ဝိုက် ဝှီးခနဲဝှီးခနဲ ဖြတ်သွားနေပြီး အရိုးထိုးဖောက်မတတ်အ‌အေးဓာတ်အား လူတိုင်းက ခံစားမိနိုင်သည်။ ထန်၂၈တို့ငါးယောက်အဖွဲ့၏မြန်နှုန်းက သူတို့ထက် မနှေးသည့်အတွက် ထန်ဂိုဏ်း၏တပည့်၃၇ယောက်က အံ့အားသင့်မိလေ၏။

"တစ်နာရီထောင့်က ၁၃၀၀မီတာခန့်လောက်မှာ နတ်ဆိုးသားရဲဒါဇင်ပတ်လည်ရှိတယ်၊ အနားတစ်ဝိုက်မှာတော့ အခြားနတ်ဆိုးသားရဲတွေ မရှိဘူး၊ ဒါပေမယ့် အချို့က ပုန်းနေသလားကိုတော့ ကျွန်တော် မသေချာပါဘူး"

ထန်ရှုနောက်မှ ရွှယ်ရှက အမူအရာပြောင်းလဲသွားလျက် လျင်မြန်စွာ တင်ပြလိုက်သည်။

ထန်ရှုက သူ ညွှန်ပြရာ ဦးတည်ဘက်သို့ ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်၏"နတ်ဆိုးသားရဲဒါဇင်လောက်ပဲ ရှိမှတော့ ငါတို့ရဲ့စွမ်းရည်အချို့ကို ပြသကြတာပေါ့။ ကူးရင်၊ မင်းရဲ့စီနီယာအမပေးထားတဲ့အင်မော်တယ်ဓားကိုလဲ အသုံးပြုလို့ရတယ်"

"နတ်ဆိုးသားရဲအမြောက်အများကို ငါ သေချာပေါက် သတ်မှာပါ၊ ဆရာသခင်"ကူးရင်က ပြန်ဖြေလိုက်သည်။

"နတ်ဆိုးသားရဲတွေကို သတ်ဖို့က ဘယ်လောက်ပဲ အရေးကြီးကြီး၊ မင်းရဲ့ဘေးကင်းမှုက ဦးစားပေးဆိုတာ မမေ့ပါနဲ့"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"မင်း အသက်ရှင်နေသရွေ့ အခွင့်အလမ်းတွေ အများကြီး ရှိလာအုံးမှာ၊ မင်း အသက်ရှင်နေသရွေ့ နတ်ဆိုးသားရဲတွေကို ထပ်သတ်နိုင်ပါတယ်။ ရန်သူတွေက လူသားဖြစ်တယ်ဆိုရင်တောင်မှပေါ့..."

ထာဝရခန်းမမှ အဖွဲ့ဝင်များနှင့် အတူနေထိုင်လာသည်မှာ ကြာပြီးဖြစ်သောကြောင့် သူမက သူတို့အကြောင်းများစွာ သိထား၏၊ သူတို့က မစ်ရှင်များ ထမ်းဆောင်လေ့ရှိသည်ကို သိ၏။ ထို့ကြောင့် သူတို့၏ဘဝ‌နေထိုင်မှုပုံစံက သူမအား လွှမ်းမိုးထားခဲ့သည်။ ပြိုင်ဘက်က ရန်သူဖြစ်နေသရွေ့ သူမက မျက်တောင်ခတ်လိမ့်မည်မဟုတ်။

မကြာမီ သူတို့အဖွဲ့က ထိုနတ်ဆိုးသားရဲများထံ ချဉ်းကပ်လာခဲ့ပြီး နှစ်ရာမီတာအကွာသို့ ရောက်ရှိလာခဲ့သည်။ နောက်ဆုံးတွင် လူသားများချဉ်းကပ်လာသည်ကို နတ်ဆိုးသားရဲများက သတိပြုမိသွားကြ၏၊ သူတို့က ဟိန်းဟောက်လျက် တုံ့ဆိုင်းခြင်း ပြေးဝင်လာခဲ့သည်။

"သတ်..."

ထန်ရှုက နတ်ဘုရားဓားအစား အမည်းရောင်အရှိန်အဝါတစ်ခုထုတ်လွှတ်‌နေသည့် နှစ်မီတာရှည်သောဓားမော့တစ်လက်အား အသုံးပြုခဲ့သည်။ ဤဓားက သူယောင်မိစ္ဆာကလန်အား အကျဉ်းချထားသည့် ချန်ပုတောင်ရှိ ကမ္ဘာငယ်လေးထဲမှ သူ ရရှိခဲ့သည့် ဓားမော့ဖြစ်၏။ ထိုနေရာတွင် သူရရှိခဲ့သည့်နတ်ဘုရားပစ္စည်းဆယ်သန်းထဲမှတစ်ခုဖြစ်၏။

ဓားမော့ချီက သက်တံတစ်ခုအလား အလွန်တရာလွှမ်းမိုးထူးကဲသည့်အဟုန်တစ်ခုအား ထုတ်လွှတ်နေသည်။

ရှေ့ဆုံးရှိ ခန္ဓာကိုယ်ပေါ်တွင် ဆူးချွန်များ ပါရှိသော နတ်ဆိုးသားရဲနှစ်ကောင်အား ဓားမော့က ချက်ချင်း နှစ်ပိုင်းဖြတ်သွားခဲ့သည်။ ကြမ်းတမ်းပြင်းထန်သောဓားမော့ချီက ကျန်ရှိသည့်နတ်ဆိုးသားရဲများအား ကြောက်ရွံ့သွားစေပြီး အလူးအလဲ ရှောင်တိမ်းလိုက်ကြ၏။ ထိုအချိန်တွင် ထန်၂၈အပါအဝင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်သူလေးဆယ်က သတ်ဖြတ်မှုအား စတင်ခဲ့ကြသည်။

ဝှစ်...

ဓားမော့ချီအား ရှောင်တိမ်းရန် ကြိုးစား‌နေသည့် နတ်ဆိုးသားရဲတစ်ကောင်အား ကူးယန်အာ၏ဓားက ထိုးဖောက်သွားခဲ့သည်။ စွမ်းအားသုံးစွဲမှုများလွန်းသောကြောင့် သူမ၏အင်မော်တယ်ဓားက ၎င်း၏ဝမ်းဗိုက်အား ဆုတ်ဖြဲကာ ၎င်း၏အတွင်းအင်္ဂါများအား ဖျက်ဆီးပစ်ခဲ့၏။

"သတ်ရတာ လွယ်သားပဲ..."

ပထမဆုံးအကြိမ်သတ်ခြင်းဖြစ်သော်လည်း သူမက စိတ်မသက်မသာဖြစ်ခြင်းတို့ မရှိပေ။ ထိုအစား သူမက အနည်းငယ်တောင် စိတ်အားတက်ကြွလာသည်။ သူမက အားရကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သားရဲထံမှ အင်မော်တယ်ဓားအား ဆွဲယူလိုက်၏။

"သတိထား..."

ကူးရင်နောက် အမြဲလိုက်‌နေသည့် ရွှယ်ရှက မွစာကြဲနေသည့်နတ်ဆိုးသားရဲက မသေသေးသည်ကို သတိပြုမိသွား၏။ ကူးရင်အား ကုတ်ဖဲ့ရန် ၎င်း၏လက်သည်းများက လျှပ်စီးအလား ရွေ့လျားလာခဲ့သည်။ ‌အင်မော်တယ်ဓားတစ်လက်က လျင်မြန်စွာ ခုတ်ပိုင်းလာပြီး ၎င်း၏လက်သည်းများအား တိုက်ရိုက်ခုတ်ဖြတ်ခဲ့၏။ လက်သည်းများ ပြုတ်ကျသွားပြီးနောက် ဓားက ခေါင်းအား ဆက်ပိုင်းဖြတ်သွားကာ ကူးရင်အပေါ် ကျရောက်လာမည့်အန္တရာယ်အား ဖြေရှင်းပေးနိုင်ခဲ့သည်။

ဟူး...

အသက်ခြိမ်းခြောက်လုနီးပါးရုတ်တရက်ပေါ်လာသည့်အန္တရာယ်က ကူးရင်အား ကြောက်ရွံ့သွားစေသည်။ ဒီလောက်ဒဏ်ရာရထားသောသားရဲက ယခုကဲ့သို့ ဇွဲနပဲကြီးလိမ့်မည်ဟု သူမက မထင်ထားခဲ့ပေ။ ၎င်းက ချက်ချင်းမသေရုံသာမက ပြန်တောင် တိုက်ခိုက်လာခဲ့သည်။ သူမက သေမင်းလက်ထံ ကျရောက်ရန် ဆံချည်တစ်မျှင်စာသာ ဝေးကွာ‌တော့သည်ကို ခံစားမိနိုင်၏။ ရွှယ်ရှက အချိန်မီ မတုံ့ပြန်နိုင်ခဲ့လျှင် ယခုအချိန်တွင် သူမက သေလျှင်သေ၊ မသေလျှင်ဒုက္ခိတဖြစ်နေလောက်ပြီ။

"ဂရုစိုက်မှပေါ့..."

ရွှယ်ရှက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ထို့နောက် နတ်ဆိုးသားရဲခန္ဓာကိုယ်အား ကန်ထုတ်ကာ အော်ပြောလိုက်သည်။

ကူးရင်က ကမန်းကတန်း ခေါင်းညိတ်ကာ ရွှယ်ရှအား ကျေးဇူးတင်စွာ ကြည့်ရင်း ပြောလိုက်သည်"ကျေးဇူးတင်ပါတယ်၊ ဦးလေးရွှယ်ရှ။ ဦးလေးသာ အချိန်မီမကယ်ပေးရင် နတ်ဆိုးသားရဲလက်ချက်နဲ့ ငါ သေသွားလောက်ပြီ"

"ငါတို့က မိသားစုတွေပဲ၊ မင်းလဲ ဂိုဏ်းချုပ်ရဲ့တပည့်ပဲ။ ဒီတော့ ငါ့မှာ ကာကွယ်ဖို့ တာဝန်ရှိတာပေါ့"ရွှယ်ရှက ပြော၏"ဒါပေမယ့် စစ်မြေပြင်ရဲ့အနေအထားက အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ မင်း မှတ်ထားရမယ်။ ငါ မင်းကို ကယ်ဖို့ နောက်ကျသွားမှာကို ငါ စိတ်ပူတယ်။ ဒါကြောင့် မင်း တိုက်ခိုက်တဲ့အချိန်တိုင်း မင်းကိုယ်မင်း ဘေးကင်းအောင် အဓိကဦးစားပေးရမယ်။ ဂရုမစိုက်တာတွေ၊ ပေါ့ပေါ့တန်တန်တွေ မလုပ်ပါနဲ့"

"သိပါပြီ"ကူးရင်က လေးနက်သောအမူအရာနှင့် ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

နတ်ဆိုးသားရဲနှစ်ကောင်ကို သတ်ပြီးနောက် ထန်ရှုက ဆက်မတိုက်ခိုက်တော့ပေ၊ ယခုက ထန်ဂိုဏ်း၏တပည့်များအား သွေးရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်ဟု သူ တွေး၏။ သူက တပည့်အားလုံးအား တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝစေချင်သည်၊ သို့မှသာ အနာဂတ်တွင် သူတို့၏ရှင်သန်နိုင်ရန်အခွင့်အလမ်းက ပိုကောင်းပေလိမ့်မည်။

"ဟမ့်..."

ရုတ်တရက် သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ ရွှယ်ရှကန်ထုတ်လိုက်သည့်နတ်ဆိုးသားရဲအလောင်းက အနီးနားတွင် ကျသွားသောကြောင့်ပင်။ ၎င်း၏ဒဏ်ရာမှ အနက်ရောင်ပုံဆောင်ခဲတစ်ခု ထွက်လာနေသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။

"ဒါ ဘာလဲ"

ထန်ရှုက တွေးလိုက်ပြီး အနက်ရောင်ပုံဆောင်ခဲအား လက်ထဲသို့ ဆွဲယူလိုက်သည်။ ရုတ်တရက် သူ့မျက်ခုံးများက ကျုံ့သွားပြီး မယုံကြည်နိုင်မှုတို့က မျက်လုံးနှင့်မျက်နှာအနှံ့ ပြည့်သွား၏။

ဒီလိုအဆင့်နိမ့်နတ်ဆိုးသားရဲတစ်ကောင်မှာ ဘယ်လိုလုပ်ပြီး နတ်ဆိုးအမြုတေတစ်ခု ရှိနေရတာလဲ။

အတိတ်တွင် နတ်ဆိုးကမ္ဘာသို့ သူက အကြိမ်အနည်းငယ် ခရီးသွားခဲ့သည်၊ ထိုနေရာတွင် သန်းချီသောနတ်ဆိုးသားရဲများအား သတ်ဖြတ်ခဲ့၏။ ထိုကဲ့သို့သောနတ်ဆိုးအမြုတေများက အဆင့်မြင့်နတ်ဆိုးသားရဲများ၏ခန္ဓာကိုယ်တွင်သာ တည်ရှိပြီး ထိုအဆင့်မြင့်နတ်ဆိုးသားရဲများ၏အားအနည်းဆုံးကပင် အင်မော်တယ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ခွန်အား ရှိသည်။

များမကြာမီ သူက အနီးနားရှိအခြားနတ်ဆိုးသားရဲများအား လျင်မြန်စွာ ခွဲခြမ်းခဲ့ပြီး ၎င်းတို့အထဲမှ နတ်ဆိုးအမြုတေအချို့အား ရှာတွေ့ခဲ့သည်။ ထိုနတ်ဆိုးအမြုတေများအား ကိုင်ထားရင်း ၎င်းတို့အတွင်းရှိနတ်ဆိုးစွမ်းအင်အား စုပ်ယူရန် ကြိုးစားခဲ့သည်။ သူ့အား အံ့အားသင့်‌စေသည်ကား ၎င်းတို့ထဲရှိ နတ်ဆိုးစွမ်းအားအဆီအနှစ်က အထူးကြွယ်ဝခြင်းပင်။ နတ်ဆိုးကျောက်တုံးများမှနတ်ဆိုးစွမ်းအင်ပင် နတ်ဆိုးအမြု‌တေတစ်ခုလောက် မကြွယ်ဝပေ။

"ဒါ အရမ်းကောင်းတယ်..."

ပျော်ရွှင်မှုအပြည့်နှင့် ထန်ရှုက ပတ်ကြည့်လိုက်သည်၊ နတ်ဆိုးသားရဲလေးငါးကောင်သာ ကျန်တော့သည်ကို တွေ့ရှိခဲ့သည်။ သူ့ပုံရိပ်က လျင်မြန်စွာ လှုပ်ရှားသွားပြီး ဓားမော့က ဓားမော့အလင်းတစ်ခုပြောင်းလျက် ၎င်းတို့အား တိုက်ရိုက်သတ်ဖြတ်ခဲ့သည်။

"သူတို့ရဲ့ခန္ဓာကိုယ်ကို ခွဲခြမ်းပြီး အထဲမှာ နတ်ဆိုးအမြုတေတွေ ရှိသလားဆိုတာ ရှာကြည့်ကြ..."

သူ့အမိန်ကို ကြားပြိး ထန်ဂိုဏ်းတပည့်အချို့က နတ်ဆိုးသားရဲအလောင်းများအား ချက်ချင်း ခွဲခြမ်းလိုက်ကြသည်။ သူတို့သည်လည်း နတ်ဆိုးအမြုတေများအား အောင်မြင်စွာ တွေ့လိုက်ရ၏။

"နတ်ဆိုးသားရဲဆယ့်သုံးကောင်က နတ်ဆိုးအမြုတေဆယ့်သုံးခုကို ထုတ်ပေးတယ်။ နတ်ဆိုးသားရဲတိုင်းမှာ နတ်ဆိုးအမြုတေရှိတယ်လို့ ဆိုလိုတာပဲ။ ဒါက တကယ်ကို ကံကောင်းမှုတစ်ခုပဲ...။ ဒီတောင်တန်းမှာရှိတဲ့နတ်ဆိုးသားရဲတွေရဲ့အရေအတွက်က တစ်သောင်းလောက် ရှိရမယ်။ ငါသာ သူတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့နတ်ဆိုးအမြုတေအားလုံးကို ရနိုင်မယ်ဆိုရင် အင်မော်တယ်အဆင့်ရောက်တဲ့အထိ ငါ့အတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေ ကင်းမဲ့တော့မှာ မဟုတ်ဘူး"

ဤအချိန်တွင် ထန်ရှု၏မျက်လုံးများက ထူးထူးခြားခြား တောက်ပသွား၏။ သူ့မျက်လုံးများက နတ်ဆိုးသားရဲခန္ဓာကိုယ်များထံ ရိုက်ခတ်သွားပြီးနောက် သွမ်မုလင်အား ခေါ်ရန် ဆက်သွယ်ရေးကိရိယာအား ယူထုတ်လိုက်သည်။ စာရိုက်ပြီးနောက် မိုအားဝူ၊ ကျင်းရှီ၊ ယဲ့ရှစ်စန်းနှင့် ဟောင်လဲ့တို့အား စာပို့လိုက်၏'နတ်ဆိုးသားရဲတွေရဲ့ခန္ဓာကိုယ်ထဲမှာ အနက်ရောင်ပုံဆောင်ခဲတစ်ခုရှိတယ်။ နတ်ဆိုးအမြုတေတွေအားလုံးကို သူတို့ရဲ့ခန္ဓာကိုယ်မှ ယူထုတ်ကြ"

မကြာမီ သူက သွမ်မုလင်၏ဆက်သွယ်ရေးနံပါတ်အား ခေါ်လိုက်သည်။

"ဘာဖြစ်တာလဲ၊ ထန်ရှု"သွမ်မုလင်အသံက ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာသည်။

"ငါတို့တစ်ခုခု ဆွေးနွေးလို့ရမလား၊ စီနီယာသွမ်မုလင်"ထန်ရှုက ‌မေး၏။

"ရတာပေါ့၊ ဘာများလဲ"သွမ်မုလင်က သိလိုစိတ်နှင့် မေးလိုက်သည်။

"အခြားသူတွေ သတ်ဖြတ်ခဲ့တဲ့နတ်ဆိုးသားရဲခန္ဓာကိုယ်တွေအားလုံးကို ငါ့ကို ရောင်းပါ"ထန်ရှုက ပြော၏"အနာဂတ်မှာ ကျင့်ကြံခြင်းအတွက် ငါ အသုံးပြုဖို့လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းဖို့ နတ်ဆိုးသားရဲတွေရဲ့ခန္ဓာကိုယ်ကို လိုအပ်တာကြောင့် တန်ဖိုးနဲ့ ပတ်သက်ပြီး ငါ ဂရုမစိုက်ဘူး"

"ဒီနတ်ဆိုးသားရဲတွေရဲ့ခန္ဓာကိုယ်ထဲမှာ ကျင့်ကြံသူတွေအတွက် အသုံးဝင်တဲ့ ပစ္စည်းတွေရှိတာလား"သွမ်မုလင်က သိလိုစိတ်နှင့် မေးလိုက်သည်။

"သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ပစ္စည်းတွေက ငါကလွဲပြီး သာမန်ကျင့်ကြံသူတွေအတွက် အသုံးမဝင်ဘူး"ထန်ရှုက ဖြေလိုက်သည်"ငါသာ နတ်ဆိုးသားရဲအလောင်းတွေကို ရနိုင်ရင် ငါ့ရဲ့ကျင့်ကြံခြင်းက တိုးတက်မှုမြန်ဆန်လာလိမ့်မယ်"

***

All Chapters